alphabet
stringclasses 35
values | word
stringlengths 1
33
⌀ | phonetics
stringlengths 1
69
⌀ | meaning
stringlengths 2
602
| pos
stringclasses 98
values | origin
stringlengths 1
68
⌀ |
---|---|---|---|---|---|
အ | အာဂ | အာဂ | သာမန်မဟုတ်သော။ ထူးခြားသော။ “အာဂလူ။” | နာမဝိသေသန | ပါ၊ အာဂတ / အဂ္ဂ |
အ | အာဂမယုတ္တိ | အာဂမာ့ယုတ်တိ | ကျမ်းဂန် အထောက်အထား။ | နာမ် | ပါ၊ အာဂမ + ယုတ္တိ |
အ | အာဂန္တု | အာဂန်ဒု | ၁၊ ခေတ္တခဏရောက်ရှိလာသူ၊ ရောက်ရှိ လာသည့်အရာ။ “အာဂန္တု ဧည့်သည်။ အာဂန္တုအဖျား။”
၂၊ ခေတ္တ ခဏ လာရောက်နေထိုင်သော ရဟန်း။ | နာမ် | ပါ၊ အာဂန္တုက |
အ | အာဂန္တုကဘတ် | အာဂန်ဒုကာ့ဗတ် | ဧည့်သည်ရဟန်းတို့အား လှူသောဆွမ်း။ | နာမ် | ပါ၊ အာဂန္တုက + ဘတ္တ |
အ | အာဂုံ | အာဂုံ | အလွတ်ရခြင်း။ နှုတ်တက်ရခြင်း။ | နာမ် | ပါ၊ အာဂမ |
အ | အာဂွန် | အာဂွန် | လျှပ်စစ်မီးသီးတွင် ထည့်သွင်းအသုံးပြုရသော အရောင်အနံ့ ကင်းမဲ့သည့် ဓာတ်ငွေ့တစ်မျိုး။ | နာမ် | လိပ်၊ မေါသည |
အ | အာဃာတ | အာဃာတ | တစ်စုံတစ်ဦးအပေါ် မကျေနပ်သောကြောင့် အန္တရာယ် ပြုရန် စိတ်တွင် တေးမှတ်ထားခြင်း။ ရန်ငြိုး။ | နာမ် | ပါ၊ အာဃာတ |
အ | အာငွေ့ | အာငွေ့ | ခံတွင်းရှိ ပူနွေးသောအငွေ့။ | နာမ် | null |
အ | အာစရိယ | အာစရိယာ့ | သွန်သင်ဆုံးမ နည်းလမ်းပြသော ပုဂ္ဂိုလ်။ ပညာ ပို့ချသင်ကြားပေးသူ။ ဆရာ။ | နာမ် | ပါ၊ အာစရိယ |
အ | အာစလျှာစ | အာဇာ့ယှာဇာ့ | စကားပြောဆိုမှုစွမ်းရည်။ | နာမ် | null |
အ | အာစေး | အာဇေး၊ အာဇီး | ခံတွင်းရှိ ချွဲကျိသောအရည်။ | နာမ် | null |
အ | အာစေးထည့် | အာဇေး(အာဇီး)ထဲ့ | နှုတ်ကို မဖွင့်ဟနိုင်အောင် ဂါထာ မန္တန် စသည်ဖြင့် စီရင်သည်။ | ကြိယာ | null |
အ | အာစက်လျှာစက် | အာဇက်ယှာဇက် | လျှာစက်အာစက် နှင့် အတူတူ။ | နာမ် | null |
အ | အာစောက် | အာဇောက် | အာခေါင်နောက်ဘက် လည်ချောင်း တစ်ဝိုက်နေရာ။ | နာမ် | null |
အ | အာစပ် | အာဇတ် | ခံတွင်းဝ။ | နာမ် | null |
အ | အာဇာနည် | အာဇာနည် | ၁၊ အကြောင်း ဟုတ် မဟုတ်ကို ကောင်းစွာ သိသော သူ။
၂၊ သာမန်ထက် လက်ရုံးရည် နှလုံးရည် ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့် ကြိုးပမ်း ဆောင်ရွက်သူ။ | နာမ် | ပါ၊ အာဇာနေယျ |
အ | အာဇာနည်နေ့ | အာဇာနည်နေ့ | ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသည့် ၁၉၄ရ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ ကို အထိမ်းအမှတ်ပြု၍ နှစ်စဉ် ကျင်းပမြဲဖြစ်သောနေ့။ | နာမ် | null |
အ | အာဏာ | အာဏာ | ၁၊ ဘုန်းတန်ခိုးအရှိန်အဝါ။
၂၊ မြတ်စွာဘုရား၏ အဆုံး အမ။
၃၊ အုပ်ချုပ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ အမိန့်ပေးခြင်း စသည်တို့ကို ပြုလုပ်ပိုင်ခွင့်။ | နာမ် | ပါ၊ အာဏာ |
အ | အာဏာကုန် | အာနာဂုန် | စီမံခန့်ခွဲပြုလုပ်ပိုင်ခွင့် ရှိသမျှ။ | ကြိယာဝိသေသန | null |
အ | အာဏာခေတ် | အာနာခစ် | မြတ်စွာဘုရား၏ ဓမ္မစက် အာဏာတော် ပျံ့နှံ့ရာ စကြဝဠာကုဋေတစ်သိန်း။ | နာမ် | null |
အ | အာဏာစက် | အာနာဇက် | ဘုန်းတန်ခိုးအာဏာ။ အမိန့်အာဏာ။ | နာမ် | null |
အ | အာဏာတည် | အာဏာတည် | သတ်မှတ်ပြဋ္ဌာန်းသော ဥပဒေ၊ အမိန့် စသည် အခိုင်အမာ တည်တံ့သည်။ | ကြိယာ | null |
အ | အာဏာပိုင် | အာနာဗိုင် | စီမံခန့်ခွဲအုပ်ချုပ်ပိုင်ခွင့်ရှိသူ။ | နာမ် | null |
အ | အာဏာပြ | အာဏာပြ | ၁၊ အာဏာရှိကြောင်း သိသာထင်ရှားအောင် ပြုသည်။
၂၊ အာဏာဖြင့် မောက်မာစွာ စေစားသည်။ | ကြိယာ | null |
အ | အာဏာရူး | အာဏာရူး | အာဏာကို အလွန်အမင်း လိုချင်တပ်မက်သူ။ | နာမ် | null |
အ | အာဏာရှင် | အာဏာရှင် | စီမံခန့်ခွဲပြုလုပ်ပိုင်ခွင့် စသည့် အာဏာကို တစ်ဦးတည်း ချုပ်ကိုင် သုံးစွဲသူ။ | နာမ် | null |
အ | အာဏာသား | အာနာသှား | ပါးကွက်သား။ လက်မရွံ့။ | နာမ် | null |
အ | အာတာ | အာတာ | ထက်ဝက်။ ငှက်ပျောဖူးပုလင်း၏ ထက်ဝက် အရည် ပမာဏ။ | နာမ် | ဟိန္ဒီ၊ အာဓာ |
အ | အာတိတ် | အာတိတ် | ၁၊ အီကွေတာမှ မြောက်လတီ္တတွဒ် ၆၆ ၁/၂ဒီဂရီ အကွာ အဝေးရှိ အီကွေတာနှင့် အပြိုင်ဖြစ်သော စိတ်မှန်းမျဉ်း။
၂၊ မြောက် ဝင်ရိုးစွန်းမှ ယင်းစက်ဝိုင်းမျဉ်းအတွင်းရှိ ဒေသ။ | နာမ် | လိပ်၊ arctic |
အ | အာထဗ္ဗဏ | အာထဗ္ဗဏ | ဝေဒလေးပုံတွင် စတုတ္ထဖြစ်သော ဝေဒကျမ်း၏ အမည်။ | နာမ် | ပါ၊ အာထဗ္ဗဏ |
အ | အာဒါလွတ် | အာဒါလွတ် | ဝါးဥ နှင့် အတူတူ။ | နာမ် | လိပ်၊ arrow-root |
အ | အာဒိဝန် | အာဒိဝန် | စသည်ဟူသော စကားဖြင့် ကောက်ယူရသော အခြား အနက်များ။ | နာမ် | ပါ၊ အာဒိဝန္တ |
အ | အာနာပါန | အာနာပါန | ၁၊ ဝင်သက်ထွက်သက်။
၂၊ ထွက်သက် ဝင်သက်ကို ရှုမှတ်၍ စီးဖြန်းသော ကမ္မဋ္ဌာန်း။ | နာမ် | ပါ၊ အာနာပါန |
အ | အာနိသင် | အာနိသင် | အကျိုးသက်ရောက်မှု။ ဂုဏ်သတ္တိ။ | နာမ် | ပါ၊ အာနိသံသ |
အ | အာနီ | အာနီ | ပုလဲတစ်မျိုး။ | နာမ် | သီဟိုဠ်၊ ani |
အ | အာနုဘော် | အာနုဘော် | ဘုန်းတန်ခိုး။ အရှိန်အစော်။ | နာမ် | ပါ၊ အာနုဘာဝ |
အ | အာနန္တရိယကံ | အာနန်ဒရိယာ့ကန် | သေသည်၏အခြားမဲ့၌ အဝီစိ ငရဲလားစေသော အကုသိုလ်ကံကြီး။ (မာတုဃာတက- အမိကို သတ်ခြင်း၊ ပိတုဃာတက-အဖကိုသတ်ခြင်း၊ အရဟန္တဃာတက-ရဟန္တာကို သတ်ခြင်း၊ လောဟိတုပ္ပါဒက-ဘုရားရှင်၌ သွေးခြည် ဥအောင်ပြုခြင်း၊ သံဃဘေဒက-သံဃာ သင်းခွဲခြင်း ဟူ၍ ငါးပါး ရှိသည်။) | နာမ် | ပါ၊ အာနန္တရိယ + ကမ္မ |
အ | အာပဲ့ခြောက် | အာပဲ့ဂျောက် | ငါးနှပ်ကို အခြောက်လှန်းထားသော ငါးခြောက်။ | နာမ် | null |
အ | အာပေါ | အာဗော | ရေ၊ ရေဓာတ်။ | နာမ် | ပါ၊ အာပေါ |
အ | အာပေါင်အာရင်းသန် | အာဗောင်အာယင်းသန် | စကားကို တက်ကြွ ကျယ်လောင်စွာ ပြောဆိုသည်။ | ကြိယာ | null |
အ | အာပတ် | အာဗတ် | ရဟန်းတော်များ သိက္ခာပုဒ် ကျူးလွန်သောကြောင့် သင့်ရောက်သော အပြစ်။ | နာမ် [ ဝိနည်း ] | ပါ၊ အာပတ္တိ |
အ | အာပတ်ဖြေ | အာဗတ်ဖျေ | ရဟန်းက မိမိတွင် သင့်ရောက်သော အာပတ်ကို ရဟန်းတစ်ပါးပါးထံတွင် ဖွင့်ဟ ပြောကြားသည်။ ဒေသနာကြားသည်။ | ကြိယာ [ ဝိနည်း ] | null |
အ | အာပတ်လွတ် | အာဗတ်လွတ် | အပြစ်သင့်ရောက်မှုမှ ကင်းလွတ်သည်။ | ကြိယာ [ ဥပစာ ] | null |
အ | အာပုံ | အာပုံ | ဆန်မှုန့်ရည်ကို အိုးကင်းတွင် ထည့်၍ ကျက်အောင် လုပ်ထားသော အလယ်ဖောင်းပြီး အနားပါးသည့် မုန့်တစ်မျိုး။ | နာမ် | သ၊ အာပူပ |
အ | အာဘော် | အာဘော် | နှလုံးသွင်း။ ထင်မြင်ချက်။ | နာမ် | ပါ၊ အာဘောဂ |
အ | အာမခံ | အာမာ့ခန် | ၁၊ ဝန်ခံကတိပေးသည်။
၂၊ တရားခံက အချုပ်လွတ် ထုချေခွင့်ရရန် တစ်စုံတစ်ယောက်က ကတိဝန်ခံချက် ဖြင့် တာဝန်ယူသည်။ | ကြိယာ | null |
အ | အာမခံ | အာမာ့ဂန် | ၁၊ ကတိဝန်ခံချက်။
၂၊ ကတိဝန်ခံချက်ပေးသူ။ | နာမ် | ပါ၊ အာမ + မြန်၊ ခံ |
အ | အာမခံကြေး | အာမာ့ဂန်ဂျေး | အသက်အိုးအိမ် ပစ္စည်းစသည် ပျက်စီး ဆုံးရှုံးပါက သတ်မှတ်ထားသောငွေ ပေးလျော်စေရန် ကြိုတင် အရစ်ကျ သွင်းရသောငွေ။ | နာမ် | null |
အ | အာမခံစနစ် | အာမာ့ဂန်စနစ် | အသက်အိုးအိမ်၊ ပစ္စည်း စသည်တို့ အတွက် အာမခံကြေးပေးထားပါက ပျက်စီးဆုံးရှုံးခဲ့သော် စည်းကမ်းနှင့်အညီ အာမခံငွေကို ပေးလျော်သော စနစ်။ | နာမ် | null |
အ | အာမခံထား | အာမာ့ဂန်ထား | အာမခံစနစ်အရ အာမခံ အဖွဲ့အစည်း တစ်ခုခုနှင့် စာချုပ်သည်။ | ကြိယာ | null |
အ | အာမခံပေး | အာမာ့ဂန်ပေး | အချုပ်ကျသူအား အချုပ်လွတ် ထုချေနိုင်ရန် တစ်စုံတစ်ဦး၏ကတိဝန်ခံချက်ဖြင့် အချုပ်မှ ယာယီ လွတ်ငြိမ်းခွင့် ပြုသည်။ | ကြိယာ | null |
အ | အာမခံပစ္စည်း | အာမာ့ဂန်ပျစ်စီး | ယုံကြည်စိတ်ချမှုရှိစေရန် ကတိ ဝန်ခံချက် သဘောဖြင့် သက်ဆိုင်ရာသို့ အပ်နှံပေးသွင်းသော ပစ္စည်း။ | နာမ် | null |
အ | အာမခံသေတ္တာ | အာမာ့ဂန်သစ်တာ | အလွယ်တကူ ချိုးဖျက် ဖွင့်လှစ်နိုင်ခြင်း မရှိစေရန် အထူးစီမံ ပြုလုပ်ထားသော သံမဏိ သေတ္တာ။ | နာမ် | null |
အ | အာမဘန္တေခံ | အာမာ့ဗန်းဒေခန် | ကတိဝန်ခံချက်ပေးသည်။ | ကြိယာ | ပါ၊ အာမ+ဘန္တေ + မြန်၊ ခံ |
အ | အာမဝန္တံခံ | အာမာ့ဝန်ဒန်ခန် | လိုက်နာဆောင်ရွက်ပါမည်ဟု တာဝန်ယူ ကတိပြုသည်။ | ကြိယာ | ပါ၊ အာမ + မြန်၊ ဝန်တာခံ |
အ | အာမသာ | အာမသာ | စကားရုန့်ရင်းကြမ်းတမ်းသည်။ | ကြိယာ [ ရှေး ] | null |
အ | အာမေဍိတ် | အာမေဍိတ် | ထိတ်လန့်ခြင်း၊ ဝမ်းသာခြင်း၊ အံ့ဩခြင်း စသည့် တစ်စုံတစ်ခုသော အကြောင်းကြောင့် ပြင်းပြင်းထန်ထန် စိတ်လှုပ်ရှားကာ နှုတ်မှ ရုတ်တရက် ထွက်ပေါ်လာသောအသံ။ | နာမ် [ သဒ္ဒါ ] | ပါ၊ အာမေဍိတ |
အ | အာယု | အာယု | အသက်။ | နာမ် | ပါ၊ အာယု |
အ | အာယုကပ် | အာယုကပ် | သက်တမ်း။ | နာမ် | null |
အ | အာယုသင်္ခါရလွှတ် | အာယုသင်ခါယာ့လွှတ် | မြတ်စွာဘုရားသည် မိမိအသက်တော် ရှည်ရာရှည်ကြောင်း ပြုပြင်တတ်သော တန်ခိုး ဣဒ္ဓိပါဒ်ကို စွန့်လွှတ်လိုက်သည်။ | ကြိယာ | null |
အ | အာရုံ | အာရုံ | စိတ်၏မွေ့လျော်ရာ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ အတွေး။ | နာမ် | ပါ၊ အာရမ္မဏ |
အ | အာရုံကြော | အာယုန်ဂျော | အာရုံကို ထိတွေ့ခံစားနိုင်သောအကြော။ | နာမ် | null |
အ | အာရုံခံတန်ဆောင်း | အာယုန်ဂန်ဒဇောင်း | ဘုရားကို အာရုံပြု၍ ပူဇော်ကန်တော့ရန် ဘုရားပုထိုးအနီးတွင် ဆောက်ထားသော တန်ဆောင်း။ | နာမ် | null |
အ | အာရုံစိုက် | အာရုံစိုက် | စိတ်စူးစိုက်သည်။ စိတ်ဝင်စားသည်။ | ကြိယာ | null |
အ | အာရုံပြု | အာရုံပြု | စိတ်စူးစိုက်ဝင်စားသည်။ | ကြိယာ | null |
အ | အာရုံပြောင်း | အာရုံပြောင်း | စိတ်ဝင်စားရာ တစ်ခုမှ အခြားတစ်ခုသို့ ကူးပြောင်း သည်။ | ကြိယာ | null |
အ | အာရွှင် | အာရွှင် | စကားပြော သွက်လက်သည်။ နှုတ်သွက်သည်။ | ကြိယာ | null |
အ | အာလယ | အာလယ | တွယ်တာမှု။ | နာမ် | ပါ၊ အာလယ |
အ | အာလာပသလ္လာပ | အာလာပါ့သန်လာပါ့ | အပြန်အလှန် ဖွယ်ဖွယ် ရာရာ ပြောသောစကား။ | နာမ် | ပါ၊ အာလာပသလ္လာပ |
အ | အာလူး | အာလူး | ဥကိုစားရသော တစ်နှစ်ခံ အပင်ငယ်တစ်မျိုး။ | နာမ် | ဟိန္ဒီ၊ အာလူ |
အ | အာလုတ်ကျင်း | အာလုတ်ကျင်း | ပလုတ်ကျင်းသည်။ | ကြိယာ | null |
အ | အာလုပ် | အာလုပ် | ခေါ်ရာထူးရာတွင် သုံးသောစကား။ | နာမ် | ပါ၊ အာလပန |
အ | အာဝါသ | အာဝါသ | နေမြဲဖြစ်သောနေရာ။ | နာမ် | ပါ၊ အာဝါသ |
အ | အာဝါဟမင်္ဂလာ | အာဝါဟာ့မင်ဂလာ | သမီးဆောင်ယူခြင်း မင်္ဂလာ။ (ဝိဝါဟမင်္ဂလာ လည်းရှု) | နာမ် | ပါ၊ အာဝါဟ+ မဂင်္လ |
အ | အာဝါဟဝိဝါဟ | အာဝါဟာ့ဝိဝါဟာ့ | သမီးပေး သမီးယူ မင်္ဂလာ။ ထိမ်းမြား လက်ထပ်ခြင်းမင်္ဂလာ။ | နာမ် | ပါ၊ အာဝါဟ + ဝိဝါဟ |
အ | အာဝေဏိကဂုဏ် | အာဝေနိကာ့ဂုဏ် | မြတ်စွာဘုရား၌သာရှိသော ဂုဏ်တော်။ (အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်တို့ကို သိမြင်တော်မူသော ဉာဏ်တော်ရှိခြင်း၊ ကာယကံ၊ ဝစီကံ၊ မနောကံအမှုတို့၌ဉာဏ်တော် ရှေ့ဆောင်မှုရှိခြင်း စသော ၁၈ ပါးသော ဂုဏ်တော်။) | နာမ် | ပါ၊ အာဝေဏိက + ဂုဏ |
အ | အာဝေဏိကဒုက္ခ | အာဝေနိကာ့ဒုတ်ခါ့ | မိန်းမတို့သာ ခံစားရသော ဒုက္ခဆင်းရဲ။ (၁၊ ဥတုလာခြင်း
၂၊ လင်၏အိမ်သို့ လိုက်ရခြင်း
၃၊ ကိုယ်ဝန်ဆောင်ရခြင်း
၄၊ သားဖွားရခြင်း
၅၊ လင်ကို ပြုစုရခြင်း ဟူ၍ ငါးမျိုးရှိသည်။) | နာမ် | ပါ၊ အာဝေဏိက+ဒုက္ခ |
အ | အာဝဇ္ဇန်း | အာဝစ်ဇန်း | ၁၊ ဆင်ခြင်ခြင်း။ နှလုံးသွင်းခြင်း။
၂၊ စကားကိုစိတ်ဝင်စားဖွယ်ဖြစ်အောင် စီကာပတ်ကုံး ပြောနိုင်သော စွမ်းရည်။ | နာမ် | ပါ၊ အာဝဇ္ဇန |
အ | အာသဝေါတရား | အာသဝေါတရား | သတ္တဝါတို့၌ အစဉ်မပြတ် ဖြစ်လေ့ရှိသော ကိလေသာတရား။ (ကာမာသဝ-ကာမရာဂ၊ ဘဝါသဝ-ရူပ၊ အရူပ ရာဂ၊ ဒိဋ္ဌာသဝ-ဒိဋ္ဌိ၊ အဝိဇ္ဇာသဝ-မောဟဟူ၍ လေးပါးရှိသည်။) | နာမ် | ပါ၊ အာသဝ + မြန်၊ တရား |
အ | အာသဠှီ | အာသန်လီ | ပြုဗ္ဗာသာဠ်နှင့် ဥတ္တရာသာဠ် နက္ခတ် နှစ်ခု။ | နာမ် | သ၊ အာၑါဎါ |
အ | အာသာ | အာသာ | လိုချင်တောင့်တမှု။ | နာမ် | ပါ၊ အာသာ |
အ | အာသာငမ်းငမ်း | အာသာငမ်းငမ်း | အလွန်အမင်း လိုချင်တပ်မက်စွာ။ | ကြိယာဝိသေသန | null |
အ | အာသာဝတီ | အာသာဝဒီ | တာဝတိံသာနတ်ပြည် စိတ္တလတာ ဥယျာဉ်ရှိ အနှစ်တစ်ထောင်တွင်မှ တစ်ကြိမ်သာ သီးသည် ဆိုသော နွယ်ပင်။ | နာမ် | ပါ၊ အာသာဝတီ |
အ | အာသီသ | အာသီသ | လိုအင်ဆန္ဒ။ | နာမ် | ပါ၊ အာသီသ |
အ | အာသီး | အာသှီး | အာခေါင်၏နောက် တစ်ဖက်တစ်ချက်၌ စွန်းထွက်နေသော အသားစိုင်။ | နာမ် | null |
အ | အာသွက်လျှာသွက် | အာသွှက်ယှာသွှက် | စကားကို သွက်လက် ချက်ချာစွာ ပြောဆိုတတ်သူ။ | နာမ် | null |
အ | အာဟာရ | အာဟာရာ့၊ အဟာယာ့ | ၁၊ အစားအစာ။
၂၊ အသွေး အသား၊ အင်အား စသည်ဖြစ်စေသော ဩဇာဓာတ်။ | နာမ် | ပါ၊ အာဟာရ |
အ | အား၁ | အား | ၁၊ ခွန်အား။
၂၊ စွမ်းအင်။ | နာမ် | null |
အ | အား၁ | အား | ၁၊ နေရာလပ်ရှိသည်။ လစ်လပ်သည်။
၂၊ လုပ်ကိုင် ဆောင်ရွက်စရာ အလုပ်ကိစ္စ မရှိဖြစ်သည်။ | ကြိယာ | null |
အ | အား၁ | အား | ငဲ့ညှာ ထောက်ထားခြင်းမရှိသော သဘောကို ပြသည့် စကားလုံး။ | ပစ္စည်း | null |
အ | အား၂ | အား | လက်ခံသူကိုပြသော စကားလုံး။ | ဝိဘတ် | null |
အ | အားကစား | အားဂဇား | ပြေးခုန်ခြင်း၊ အလေးမခြင်း စသော ကိုယ်လက်လှုပ်ရှားမှု။ | နာမ် | null |
အ | အားကိုး | အားကိုး | မှီခိုသည်။ အားထားသည်။ | ကြိယာ | null |
အ | အားကောင်း | အားကောင်း | ခွန်အား၊ စွမ်းရည်၊ အရှိန်အဟုန်ကြီးမားသည်။ | ကြိယာ | null |
အ | အားကျ | အားကျ | သူတစ်ပါး၏အဖြစ်၊ စွမ်းဆောင်မှု စသည်ကို နှစ်သက် သဘောကျ၍ အလားတူ ဖြစ်လိုစိတ်ရှိသည်။ | ကြိယာ | null |
အ | အားကျမခံ | အားဂျာ့မခန် | တစ်စုံတစ်ဦး၏ အသာအကျော မခံဘဲ။ | ကြိယာဝိသေသန | null |
အ | အားကြီး | အားကြီး | အားကောင်းသည်။ | ကြိယာ | null |
အ | အားကြီး | အားဂျီး | အလွန်။ | ကြိယာဝိသေသန [ အပြော ] | null |
အ | အားကြိုးမာန်တက် | အားဂျိုးမန်ဒက် | စိတ်ရောကိုယ်ပါ ထက်သန်စွာ။ | ကြိယာဝိသေသန | null |
အ | အားခဲ | အားခဲ | ၁၊ စိတ်အားမလျှော့ဘဲ တင်းထားသည်။
၂၊ ကြိုးစား အားထုတ်သည်။ | ကြိယာ | null |
Subsets and Splits