alphabet
stringclasses
35 values
word
stringlengths
1
33
phonetics
stringlengths
1
69
meaning
stringlengths
2
602
pos
stringclasses
98 values
origin
stringlengths
1
68
အောက်ကျ
အောက်ကျ
အဆင့်အတန်း၊ အခြေအနေ စသည် နိမ့်ကျသည်။
ကြိယာ
null
အောက်ကျခံ
အောက်ကျခံ
မိမိကိုယ်ကိုနှိမ့်ချလျက် ပြောဆိုပြုမူသည်။
ကြိယာ
null
အောက်ကျနောက်ကျ
အောက်ကျနောက်ကျ
အဆင့်အတန်း အခြေအနေ စသည် နိမ့်ကျသိမ်ငယ်စွာ။
ကြိယာဝိသေသန
null
အောက်ကျို့
အောက်ကျို့
မိမိကိုယ်ကို နှိမ့်ချ၍ ကျိုးနွံစွာ ဆက်ဆံသည်။
ကြိယာ
null
အောက်ခံ
အောက်ခံ
တစ်စုံတစ်ခု၏ အောက်မှ ခံထားသောအရာ။
နာမ်
null
အောက်ချင်း
အောက်ချင်း
ကိုယ်ထည်ကြီးမား၍ အအုပ် အသင်းနှင့် နေတတ်သော ငှက်ကြီးတစ်မျိုး။
နာမ်
null
အောက်ချင်းစာ
အောက်ချင်းဇာ
ပင်စည် ဖြောင့်မတ်၍ ဖြူမွဲရောင် အသားရှိသော လွင်ပြင်သစ်တောပေါက် ပင်စောက်ကြီး တစ်မျိုး။
နာမ်
null
အောက်ခြေ
အောက်ခြေ
၁၊တစ်စုံတစ်ခုသော အရာဝတ္ထု၏ အောက်ပိုင်း နေရာ။ ၂၊ မူလအရင်းအမြစ်။ အခြေခံ။
နာမ်
null
အောက်ခြေလွတ်
အောက်ခြေလွတ်
ဘဝမှန်ကို မေ့လျော့လျက် မိမိကိုယ်ကို အထင်ကြီးကာ ဘဝင်မြင့်သည်။
ကြိယာ [ ဥပစာ ]
null
အောက်ခြေသိမ်း
အောက်ချေသှိန်း
အခြေအမြစ်မှစ၍ အသေး အဖွဲမကျန် အားလုံး။
ကြိယာဝိသေသန
null
အောက်စော်နံ
အောက်စော်နံ
သိုးသောအနံ့နံသည်။
ကြိယာ
null
အောက်ဆီဂျင်
အောက်ဆီဂျင်
သတ္တဝါနှင့် သစ်ပင်တို့ အသက်ရှင်နိုင်ရန် မရှိမဖြစ်သော အရောင်အဆင်း အနံ့အရသာ ကင်းမဲ့သည့် ဓာတ်ငွေ့တစ်မျိုး။
နာမ် [ ဓာတု ]
လိပ်၊ oxygen
အောက်တောကျိုက်
အောက်တောကျိုက်
ခါးတောင်းကျိုက်သည်။
ကြိယာ
null
အောက်တိုဘာ
အောက်တိုဘာ
အင်္ဂလိပ်ဆယ့်နှစ်လတွင် ဒသမလ။
နာမ်
လိပ်၊ October
အောက်တန်းကျ
အောက်တန်းကျ
အခြေအနေ အဆင့်အတန်း စိတ်ဓာတ် စသည် နိမ့်ကျသည်။
ကြိယာ
null
အောက်တန်းစား
အောက်တန်းဇား
အခြေအနေ အဆင့်အတန်း နိမ့်ကျသူ။
နာမ်
null
အောက်ထစ်
အောက်ထစ်
အနိမ့်ဆုံးအားဖြင့်။
ကြိယာဝိသေသန
null
အောက်ပိုးကျိုက်
အောက်ပိုးကျိုက်
ခါးတောင်းကျိုက်သည်။
ကြိယာ
null
အောက်ပြန်
အောက်ပြန်
လေးပေါက်သံဖြင့် မူတည်သည့် စောင်းသံစဉ်။
နာမ် [ ဂီတ ]
null
အောက်မေ့
အောက်မေ့၊ အောင်းမေ့
၁၊ သတိရသည်။ သတိရ လွမ်းဆွတ်သည်။ ၂၊ ထင်မြင်ယူဆသည်။
ကြိယာ
null
အောက်မြစ်
အောက်မြစ်
သံရှည်ကို မြစ်ရန် ဆိုင်ရာစာလုံး အောက်တွင် ရေးထိုးသော အစက်အပြောက်။ ့။
နာမ်
null
အောက်လက်ငယ်သား
အောက်လက်ငယ်သှား
လက်အောက် ငယ်သား နှင့် အတူတူ။
နာမ်
null
အောက်လင်းဓာတ်မီး
အောက်လင်းဓာတ်မီး
လောင်စာဆီအိုး အောက် ဘက်တွင်ဖန်ပြောင်းတပ်ဆင်ထားပြီး ရေနံဆီ၊ မီးစာ၊ လေအားတို့ဖြင့်ထွန်းညှိ၍ အမြင့်တွင် ချိတ်ဆွဲရသော မီးအိမ်။
နာမ်
null
အောက်လမ်း
အောက်လမ်း
ယုတ်နိမ့်သည့် အစီအရင် အမျိုးမျိုးဖြင့် စေစား ဖန်တီးသော လောကီ အတတ်ပညာ။
နာမ်
null
အောက်ဝါ
အောက်ဝါ
အဆောက်အအုံတွင် မြေပြင်က စ၍ ထုပ်လျောက်အထိ အပိုင်း။
နာမ်
null
အောက်သိုးသိုး
အောက်သိုးသှိုး
မကျေမနပ် စူပုပ်သော မျက်နှာ အမူအရာ ဖြစ်လျက်။
ကြိယာဝိသေသန
null
အောက်သိုးသိုး
အောက်သိုးသှိုး
ချဉ်သိုးသော အနံ့။
နာမ်
null
အောက်သက်ကျေ
အောက်သက်ကျေ
အခြေခံမှစ၍ ကျွမ်းကျင် နားလည်သည်။
ကြိယာ
null
အိုက်၁
အိုက်
၁၊ အပူဒဏ်ကို ခံစားရ၍ အနေရ အထိုင်ရ ခက်သည်။ ၂၊ (စိတ်၊ အကြံ) အကျပ်အတည်း တွေ့သည်။ အခက်အခဲ တွေ့ သည်။
ကြိယာ
null
အိုက်၂
အိုက်
မြစ်ချောင်း အင်းအိုင်တို့တွင် နိမ့်ရှိုင်းသော နေရာ။
နာမ်
null
အိုက်စပ်စပ်
အိုက်စပ်စပ်
မခံချိမခံသာ စိုပူသောအတွေ့ကို ခံစားရလျက်။
ကြိယာဝိသေသန
null
အဂ္ဂမဟာပဏ္ဍိတ
အက်ဂါ့မဟာပန်ဒိတာ့
ကြီးမြတ်သော ပညာရှိအဖြစ် နိုင်ငံတော်က ဆက်ကပ်အပ်နှင်းသည့် ဘွဲ့တံဆိပ်။
နာမ်
ပါ၊ အဂ္ဂ + မဟာ + ပဏ္ဍိတ
အဂ္ဂမဟေသီ
အက်ဂါ့မဟေသီ
မိဖုရားခေါင်ကြီး။
နာမ်
ပါ၊ အဂ္ဂ + မဟေသီ
အဂ္ဂသာဝက
အက်ဂါ့သာဝကာ့
မြတ်စွာဘုရား၏ လက်ယာရံ လက်ဝဲရံတို့တွင် အကြီးမြတ်ဆုံး တပည့်။ (ရှင်သာရိပုတ္တရာ၊ ရှင်မဟာမောဂ္ဂလ္လာန်)
နာမ်
ပါ၊ အဂ္ဂ + သာဝက
အဂ္ဂိရတ်
အက်ဂိယတ်
ပြဒါး၊ သံ စသည်တို့ကို သေအောင် ဖိုထိုးသောအတတ်။
နာမ်
သ၊ အဂ္နိ + ရတ္န
အင်၁
အင်
နီညိုရောင်အခေါက်နှင့် ကြီးမားပြန့်ကားသော အရွက် ရှိသည့် ပင်စောက်ကြီးတစ်မျိုး။
နာမ်
null
အင်၂
အင်
အင်တုံ။
နာမ်
null
အင်၃
အင်
အကြောင်း။ အခြင်းအရာ။ အခြေအနေ။ “မယ့်ဖြစ်အင်။”
နာမ်
null
အင်၄
အင်
အား။ စွမ်းအား။
နာမ်
null
အင်၅
အင်
အရေအတွက်။ အတိုင်းအရှည်။ ပမာဏ “ခရီးအင်။”
နာမ်
null
အင်၆
အင်
တစ်ဖက်သား၏ အလိုဆန္ဒကို ရုတ်တရက် မလိုက် လျောဘဲနေသည်။
ကြိယာ
null
အင်ကုပ်
အင်ဂုတ်
အနားကုပ်သော မြေအင်တုံ။
နာမ်
null
အင်္ကျီ
အင်းဂျီ
ခန္ဓာကိုယ်အထက်ပိုင်းတွင် ဝတ်ဆင်ရသော အထည်။
နာမ်
ဟိန္ဒီ၊ အံဂိယ
အင်ကြင်း
အင်ဂျင်း
နွေဦးတွင် ရိုးတံနီလေးများမှ အနံ့သင်းသော ပန်းပွင့်သည့် ပင်စောက်တစ်မျိုး။
နာမ်
null
အင်ကြင်းကျောက်
အင်ဂျင်းကျောက်
အင်ကြင်းပင်မှဖြစ်သော မာကျော သည့် ကျောက်တစ်မျိုး။
နာမ်
null
အင်ခြိုက်
အင်ခြိုက်
နှစ်သက်သည်။
ကြိယာ [ ရှေး ]
null
အင်ခွင်
အင်ဂွင်
၁၊ ပစ္စည်းဥစ္စာ။ ၂၊ အင်အား။
နာမ်
null
အင်္ဂတေ
အင်းဂဒေ
အုတ် ကျောက်တို့ တစ်ခုနှင့်တစ်ခု တွယ်ကပ် အောင် အသုံးပြုသော သရွတ်။
နာမ်
မွန်၊ အင်ကဒေ
အင်္ဂဝိဇ္ဇာ
အင်ဂါ့ဝိတ်ဇာ
ရုပ်လက္ခဏာ၊ အပြောအဆို စသည်ကို ကြည့်၍ ရှေ့ဖြစ်နောက်ဖြစ် စသည်ကို ဟောနိုင်သော အတတ်။
နာမ်
ပါ၊ အင်္ဂ + ဝိဇ္ဇာ
အင်္ဂသမဥစ္စာ
အင်ဂါ့သမာ့အုတ်စာ
ခြေလက်အင်္ဂါနှင့်အတူ တန်ဖိုး ထားရသော သားမယားစသည်။
နာမ်
ပါ၊ အင်္ဂ + သမ + ဥစ္စ၊
အင်္ဂါ၁
အင်္ဂါ
၁၊ ခြေလက်စသော ခန္ဓာကိုယ် အစိတ်အပိုင်း။ ၂၊ ခွဲခြား သတ်မှတ်ထားသော အချက်အလက် အမျိုးအစား အစိတ်အပိုင်း။ “စစ်အင်္ဂါ လေးပါး။” ၃၊ ပေစာ တစ်ဆယ့်နှစ်ချပ်အစု။
နာမ်
ပါ၊ အင်္ဂ
အင်္ဂါ၂
အင်္ဂါ
၁၊ [ ဗေဒင် ] ဂြိုဟ်ကြီးကိုးလုံးတွင် တတိယဂြိုဟ်။ ၂၊ နေ့ခုနစ်နေ့တွင် တတိယနေ့။ ၃၊ [ သိပ္ပံ ] ဂြိုဟ်ကြီး ကိုးလုံး တွင် နေရှိရာမှ အစဉ်အားဖြင့် လေးလုံးမြောက်ဖြစ်သော ဂြိုဟ်။
နာမ် [ ဗေဒင် ]
သ၊ အံဂါရ
အင်္ဂါဇာတ်
အင်္ဂါဇာတ်
အဖို၊ အမတို့၏လိင်။
နာမ်
null
အင်္ဂါထောင့်
အင်ဂါဒေါင့်
အရှေ့တောင်ထောင့်။
နာမ်
null
အင်္ဂါရုပ်
အင်ဂယုတ်
ရုပ်လက္ခဏာ အသွင်အပြင်။
နာမ်
null
အင်္ဂုတ္တိုရ်
အင်ဂုတ်တို
နိကာယ်ငါးပါးတွင် အင်္ဂုတ္တရ နိကာယ်၌ ပါဝင်သော ကျမ်း။ (မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်များကို တစ်မှတစ်ဆယ့်တစ်အထိ အင်္ဂါ အရေအတွက် တစ်ခုထက်တစ်ခုတိုး၍ တစ်ကန့်စီ စုပေါင်းထားသည်။)
နာမ်
ပါ၊ အင်္ဂုတ္တရ
အင်ဂျင်နီယာ
အင်ဂျင်နီယာ
၁၊ စက်မှုအတတ်ပညာရှင်။ ၂၊ စက်မှုအတတ်ပညာ။
နာမ်
လိပ်၊ engineer
အင်စောင်တုတ်
အင်ဇောင်ဒုတ်
အနားထူ မြေအင်တုံ။
နာမ်
null
အင်တိုက်အားတိုက်
အင်ဒိုက်အားဒိုက်
အင်အားကို အစွမ်းကုန် အသုံးပြုလျက်။ အားကြိုးမာန်တက်။
ကြိယာဝိသေသန
null
အင်တင်တင်
အင်တင်တင်
တစ်ဖက်သား၏ အလိုဆန္ဒကို အလွယ်တကူ လိုက်လျောလိုခြင်း မရှိသည့်ဟန်ဖြင့် ဆိုင်းငံ့လျက်။
ကြိယာဝိသေသန
null
အင်တိုင်း
အင်ဒိုင်း
၁၊ အင်ပင်များစွာ ပေါက်သောတော။ ၂၊ [ ရှေး ] တော။
နာမ် [ ရှေး ]
null
အင်တန်အင်မျှ
အင်တန်အင်မျှ
စွမ်းဆောင်နိုင်သည့် အင်အားနှင့် သင့်တင့် မျှတစွာ။
ကြိယာဝိသေသန
null
အင်တုံ
အင်ဒုန်
မြေစေးဖြင့် ပြုလုပ်သော အဝကျယ်၍ ဇောက် တိမ်သည့် ရေစသည် ထည့်စရာ။
နာမ်
null
အင်တွဲ၁
အင်ဒွဲ
လှေ၊ သင်္ဘောစသည် ဖာထေးရသည့် အင်ပင်၊ အင်ကြင်းပင်တို့မှထွက်သော အစေး။
နာမ်
null
အင်တွဲ၂
အင်တွဲ
ရေခပ်ရန် ကြိုးဖြင့်တွဲထားသော အိုး။
နာမ်
null
အင်ပါယာ
အင်ပါယာ
ဘုရင်တစ်ပါး သိမ်းပိုက် အုပ်ချုပ်ရာဖြစ်သော လက်အောက်ခံ နိုင်ငံစု။ (အင်ပိုင်ယာဟုလည်း အရေးရှိသည်။)
နာမ်
လိပ်၊ empire
အင်ပျဉ်
အင်ဗျင်
အရေပြားပေါ်တွင် အနီအပိမ့်များ အပျဉ်လိုက် ထွက်သော ယားနာတစ်မျိုး။
နာမ်
null
အင်ပြည့်
အင်ပြည့်
အားရနှစ်သက်သည်။
ကြိယာ [ ရှေး ]
null
အင်မတန်
အင်မတန်
အလွန်။
ကြိယာဝိသေသန
null
အင်ရွဲ
အင်ရွဲ
အားရနှစ်သက်သည်။
ကြိယာ [ ရှေး ]
null
အင်အား
အင်အား
၁၊ လှုပ်ရှားနိုင်၊ ထမ်းပိုး ပင့်မနိုင်သည့် ကာယစွမ်းအား။ ခွန်အား။ ၂၊ ခိုင်ခံ့များပြားသော အစုအဝေး၊ အထုအထည်၊ အရေ အတွက် ပမာဏ။ “လူ အင်အား။ ငွေ အင်အား။”
နာမ်
null
အင်ဥ
အင်ဥ
အင်ပင်အောက်တွင်ပေါက်သော ဟင်းချက်စားရသည့် မှိုဥတစ်မျိုး။
နာမ်
null
အင့်၁
အင့်
အစာပြည့်လွန်း၍ ဝမ်းဗိုက်တင်းကျပ်သည်။
ကြိယာ
null
အင့်၂
အင့်
တစ်စုံတစ်ဦးအား တစ်စုံတစ်ရာကို ပေးစဉ် အခါ၌ ပြောဆိုသော စကားလုံး။
ပစ္စည်း [ အပြော ]
null
အင်း၁
အင်း
အလိုအလျောက်ဖြစ်ပေါ်နေသည့် ကျယ်ပြန့်သောရေအိုင်ကြီး။
နာမ်
null
အင်း၂
အင်း
လောကီပညာအရ ဂဏန်း၊ အက္ခရာများကို ရေးသား စီရင်ထားသော ဇယားကွက်။
နာမ်
null
အင်း၃
အင်း
ဟုတ်မှန်ကြောင်း၊ သဘောတူကြောင်း ဖော်ပြလိုရာ၌ သုံးသော စကား။
ပစ္စည်း [ အပြော ]
null
အင်းကန်း
အင်းကန်း
အင်းအစီအရင် မအောင်မြင်ဖြစ်သည်။
ကြိယာ
null
အင်းကျား
အင်းကျား
သစ်တက်ကျား။
နာမ်
null
အင်းကျိုး
အင်းကျိုး
အင်းအစီအရင် ချွတ်ယွင်းသည်။ အင်းအစွမ်း ပျက်ပြယ် သည်။
ကြိယာ
null
အင်းချ
အင်းချ
လောကီပညာအရ ဂဏန်း၊ အက္ခရာများကို အင်းကွက် တွင် စီရင်ရေးသွင်းသည်။
ကြိယာ
null
အင်းဆက်ပိုး
အင်းဆက်ပိုး
ခြင်၊ ယင်၊ ပျား စသော ကျောရိုးမဲ့ ပိုးကောင်ငယ်မျိုး။
နာမ်
လိပ်၊ insect + မြန်၊ ပိုး
အင်းဆန်
အင်းဇန်
အင်းကွက်အတွင်း၌ ရေးသားသော ဂဏန်း၊ အက္ခရာ။
နာမ်
null
အင်းပျဉ်
အင်းဗျင်
ပျဉ်ချပ် ခင်းထားသော လဲလျောင်းစရာခုံနိမ့်။
နာမ်
null
အင်းမလှုပ်အဲမလှုပ်
အင်းမလှုပ်အဲမလှုပ်
တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မပြုဘဲ။
ကြိယာဝိသေသန
null
အင်းလိုက်
အင်းလိုက်
အင်း၊ အင်း ဟု ဆိုကာ ထောက်ခံ လိုက်လျောသည်။
ကြိယာ
null
အင်းသား
အင်းသှား
ရှမ်းပြည်နယ် အင်းလေးဒေသတွင် နေထိုင် သော မြန်မာတိုင်းရင်းသား တစ်မျိုး။
နာမ်
null
အင်းသူကြီး
အင်းသှဂျီး
အင်း အိုင် ချောင်း မြောင်းတွင် တရားဝင် ငါးဖမ်းခွင့်ရယူ၍ ဦးစီးလုပ်ကိုင်သူ။
နာမ်
null
အောင်
အောင်
၁၊ အနိုင်ရသည်။ ၂၊ ဆောင်ရွက်သည့် အမှုကိစ္စ အထ မြောက်သည်။ ၃၊ ဖွံ့ဖြိုးဖြစ်ထွန်းသည်။ ပြည့်မီသည်။ “သီးနှံအောင် သည်။ အသံအောင် သည်။”
ကြိယာ
null
အောင်
အောင်
အကျိုးတစ်စုံတစ်ရာ မျှော်လင့်ခြင်းအနက်ဖြင့် ဆက်စပ် ပေးသော စကားလုံး။ “အောင်မြင်အောင် လုပ်ပါ။”
သမ္ဗန္ဓ
null
အောင်
အောင်
၁ ၊ တရားအောင်သူက တရားအောင်သည့်အတွက် ရုံးတော်သို့ ပေးဆောင်ရသော ငွေကြေး။ ၂၊ အောင်သွယ်။
နာမ် [ ရှေး ]
null
အောင်ချက်
အောင်ဂျက်
၁၊ ရန်အပေါင်းကို အောင်မြင်ရာ အချက်အချာ နေရာ။ ၂၊ စာမေးပွဲ အောင်မြင်သည့် ဦးရေနှုန်း။
နာမ်
null
အောင်ချည်
အောင်ချည်
ဘေးအန္တရာယ်ကို ကာကွယ်တားဆီးရန် သိဒ္ဓိ တင်ထားသော ချည်။
နာမ်
null
အောင်စ
အောင်စ
တစ်ပေါင်၏ ဆယ့်ခြောက်ပုံတစ်ပုံရှိ ချိန်ဝန်။
နာမ်
လိပ်၊ ounce
အောင်ဇေယျတု
အောင်ဇေယတု
အောင်မြင်စေသတည်းဟု ဆုတောင်းသော စကား။
နာမ်
မြန်၊ အောင်+ ပါ၊ ဇယတု
အောင်ပန်း
အောင်ဗန်း
ကြိုးပမ်းဆောင်ရွက်မှုကြောင့် ရရှိသော အောင်မြင်မှု။
နာမ် [ ဥပစာ ]
null
အောင်ပွဲ
အောင်ဗွဲ
အောင်မြင်ခြင်း။ အောင်နိုင်ခြင်း။
နာမ်
null
အောင်ပွဲခံ
အောင်ဗွဲခန်
၁၊ အောင်ပွဲအထိမ်းအမှတ်အဖြစ် ပွဲသဘင် ကျင်းပသည်။ ၂၊ ကြိုးပမ်းဆောင်ရွက်ချက် အောင်မြင်သည်။ အနိုင် ရသည်။
ကြိယာ
null
အောင်မဲညို
အောင်မဲညို
ခရမ်းပြာရောင် အပွင့် ပွင့်သော၊ အရွက်ကို ဟင်းချို ချက်စားရသော နွယ်ပင်တစ်မျိုး။
နာမ်
null
အောင်မဲဖြူ
အောင်မဲဗျူ
အပွင့်ဖြူပွင့်သော ဆေးဖက်ဝင် နွယ်ပင် တစ်မျိုး။
နာမ်
null