text
stringlengths 6
9.41k
|
---|
ထန်းကုန်းရွာ (အင်္ဂလိပ်: Htankone)သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကျေးရွာအုပ်စု၌ တည်ရှိသည် |
၂၀၁၄ သန်းခေါင်စာရင်းအရ ကြာနီကန်ကျေးရွာအုပ်စုတွင် ကျား ၁၈၉၈ ဦး၊ မ ၂၀၃၁ ဦး၊ လူဦးရေ စုစုပေါင်း ၃၉၂၉ ဦးနေထိုင်သည် |
အရှင်ဥဒေနထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည် |
နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဥဒေနထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏ |
မေလ၊ (၁၂)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၁၃၂)ရက်မြောက် (ရက်ထပ်နှစ်ဖြစ်လျှင် (၁၃၃)ရက်မြောက်)) နေ့ရက် ဖြစ်သည် |
ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၂၃၃) ရက် ကျန်သေးသည် |
ညောင်ကိုင်းရွာ (အင်္ဂလိပ်: Nyaungkaing)သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ညောင်ကိုင်းကျေးရွာအုပ်စု၌ တည်ရှိသည် |
၂၀၁၄ သန်းခေါင်စာရင်းအရ ညောင်ကိုင်းကျေးရွာအုပ်စုတွင် ကျား ၁၅၁၉ ဦး၊ မ ၁၆၁၃ ဦး၊ လူဦးရေ စုစုပေါင်း ၃၁၃၂ ဦးနေထိုင်သည် |
အခြေခံဂျီဩမေတြီတွင် ဗဟုဂံ (ˈpɒlɪɡɒn) သည် ပြင်ညီသဏ္ဌာန်တစ်ခု ဖြစ်သည် |
ဗဟုဂံသည် မျဉ်းဖြောင့်အပိုင်းများ၏ သတ်မှတ်ထားသည့်ချိတ်ဆက်မှုတို့ဖြင့် ဖွဲ့စည်းထား၏ |
ထိုမျဉ်းဖြောင့်အပိုင်းများသည် အကွင်းပုံစံ ကပ်လျက် တည်ရှိကာ ပတ်လမ်း သို့မဟုတ် ဗဟုဂံချိတ်ဆက်မှု (polygonal chain) ကို ဖြစ်ပေါ်စေသည် |
မျဉ်းဖြောင့်အပိုင်းများကို အနားများဟု ခေါ်သည် |
အနားနှစ်ခုဆုံရာနေရာကို ထောင့်ဟု ခေါ်သည် |
ဗဟုဂံ၏ အတွင်းပိုင်းကို ကိုယ်ထည်(body) ဟု ခေါ်သည် |
အနားအရေအတွက် n ခု ရှိသည့် ဗဟုဂံကို n-gon ဟုခေါ်သည် |
3-gon - အနားသုံးနားရှိသည့် ဗဟုဂံကို တြိဂံ ဟု ခေါ်သည် |
ဇနီးချောများ ကွန်ရက် သည် ၂၀၁၈ ခုနှစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော ဇာတ်လမ်းတွဲ ဖြစ်သည် |
လွန်းထားထား (ဆေးတက္ကသိုလ်) ၏ ဝတ္ထုကို အောင်ပြည် ဖျော်ဖြေရေးအတွက် ဇော်မြင့်ဦး ဇာတ်ညွှန်းရေးပြီး အောင်ဩဘာ ရိုက်ကူးသည် |
နေယံ၊ ဖိုးသောကြာ၊ ဇေယျ၊ ကျော်ကျော်၊ စိုးပြည့်သဇင်၊ မြနှင်းရည်လွင်၊ ခင်သဇင်နှင့် မေဘရဏီသော် တို့ အဓိကပါဝင်ထားသည် |
ပထမဆုံး အပိုင်းကို ဇွန်လ ၁၃ ရက်တွင် ထုတ်လွှင့်သည် |
ဩဂုတ် ၂၃ တွင်ဇာတ်သိမ်းသည် |
မာယာ၊ အမရာမောင်၊ မဒီပျိုမေနှင့် သမ္ဘူခင်ဟူသော အိမ်ထောင်သည် (၄) ဦးမှာ ဇနီးချောများကွန်ရက် (Beautiful Wives' Club) အမည်နှင့် ဖေ့ဘွတ်ပေါ်၌ အဖွဲ့ဖွဲ့ကာ အခြားအမျိုးသမီးများ၏ အိမ်ထောင်ရေးပြဿနာများကို ဖြေရှင်းပေးနေသည် |
ကျော့ရှင်းကြွေ၊ ဇာမဏီမေ၊ သျှင်နှောင်း၊ ဖွေးလက်စင်ကြယ်၊ ပြာနုနှင်းဆီနှင့် ဆောင်းဆည်းဆာတို့၏ ပြဿနာတို့ကို ဖြေရှင်းပေးခဲ့သည် |
တစ်ခါသော် နန်းဆန်ဆန် အမည်နှင့် မိန်းကလေးက သူတို့ (၄) ဦးထဲမှတစ်ဦး၏ ခင်ပွန်းနှင့် ပတ်သက်မိကြောင်း ကိုယ်တွင် မင်ကြောင်ရှိသည်ကို သတိပြုမိကြောင်း ဆိုလာသည် |
လေးယောက်စလုံး ကိုယ့်ယောက်ျားကိုယ် တိတ်တဆိတ်ပြန်စစ်ရာ အားလုံးတွင်ပင် မင်ကြောင်ကို တွေ့ရသည် |
ဝေခွဲမရဖြစ်နေစဉ် အမျိုးသား (၄) ယောက်ထံမှ အသီးသီးထံ ဖုန်းခေါ်ကာ တိုင်ပင်၍ စနောက်ခြင်းဖြစ်ကြောင်း ရေးသားကာ နိဂုံးချုပ်ထားသည် |
မာယာ အဖြစ် ခင်သဇင်အမရာမောင် အဖြစ် မေဘရဏီသော်မဒီပျိုမေ အဖြစ် မြနှင်းရည်လွင်သမ္ဘူခင် အဖြစ် စိုးပြည့်သဇင် |
ဖတ်တီ (နမ့်ဖာတဲ)ရွာ (အင်္ဂလိပ်: Hpatti (Namhpartei))သည် ရှမ်းပြည်နယ် (မြောက်)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ ဒေါင်နောကျေးရွာအုပ်စု၌ တည်ရှိသည် |
၂၀၁၄ သန်းခေါင်စာရင်းအရ ဒေါင်နောကျေးရွာအုပ်စုတွင် ကျား ၆၄၈ ဦး၊ မ ၆၁၂ ဦး၊ လူဦးရေ စုစုပေါင်း ၁၂၆၀ ဦးနေထိုင်သည် |
မကျက်ကြီးရွာ (အင်္ဂလိပ်: Makyetgyi)သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ မကျက်ကြီးကျေးရွာအုပ်စု၌ တည်ရှိသည် |
၂၀၁၄ သန်းခေါင်စာရင်းအရ မကျက်ကြီးကျေးရွာအုပ်စုတွင် ကျား ၁၇၁၈ ဦး၊ မ ၁၉၀၈ ဦး၊ လူဦးရေ စုစုပေါင်း ၃၆၂၆ ဦးနေထိုင်သည် |
ပိုလန်နိုင်ငံ သမ္မတ လက်ချ်ကက်ဇင့်စကီ အပါအဝင် စစ်ဘက်အကြီးအကဲများ၊ အဆင့်မြင့်အရာရှိများ တင်ဆောင်လာသော ဆိုဗီယက်ခေတ်လုပ် တူပိုလက်ဂျက်လေယာဉ်သည် ရုရှားနိုင်ငံ၌ ပျက်ကျခဲ့ရာ ပိုလန်သမ္မတ အပါအဝင် လေယာဉ်ပေါ် ပါလာသူ ၉၆ ဦးစလုံး သေဆုံးခဲ့သည် |
ဟက်ရှ်တက်ခ် (အင်္ဂလိပ်: Hashtag) ဆိုသည်မှာ လူမှုကွန်ယက်များဖြစ်သည့် တွစ်တာ နှင့် အခြားဘလော့ဂ်များတွင် အလွယ်တကူရှာဖွေနိုင်ရန်ပြုလုပ်ထားသည့် အချက်အလက်များအကြောင်းကို မှတ်သားဖော်ပြသည့်အချက်အလက်ဖြစ်သည် |
ဤသုတ်၌ သီတင်းသုံးဖော်ရဟန်းတို့၏ ချစ်ခင်မြတ်နိုးလေးစားမှုကို မခံယူနိုင် သောမထေရ်နှင့် ခံယူနိုင်သောမထေရ်တို့၏ အင်္ဂါငါးမျိုးစီကို ဟောကြားတော်မူသည် |
မင်း၏အင်္ဂါအစိတ်အပိုင်း ဖြစ်သော်လည်း မင်းနှင့်မထိုက်တန်၊ မင်း၏အသုံး အဆောင် ဖြစ်ထိုက်မဖြစ်ထိုက်သော ဆင်နှင့် အာဟုနေယျ အစရှိသောသံဃာ့ဂုဏ်နှင့် ထိုက်မထိုက်သော ရဟန်းတို့ကို ခွဲခြား၍ အကျယ်ဟောကြားတော်မူသည့်သုတ် |
အက္ခမသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည် |
ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သီတင်းသုံးဖော်တို့၏ မချစ်အပ်သူ မမြတ်နိုးအပ်သူ အလေးအမြတ် မပြုအပ်သူ (နှလုံးကို) မပွားစေတတ်သူ မထေရ်ရဟန်း ပြည့်စုံသောတရားငါးမျိုးနှင့် သီတင်းသုံးဖာ်တို့၏ ချစ်အပ်သူ မြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွားစေတတ်သူ မထေရ်ရဟန်း ပြည့်စုံသောတရားငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည် |
ပင်လယ်ဖျံ (Pinniped or Seal) သည် ကမ္ဘာအနှံ့တွင် နေထိုင်သော အသားစားသတ္တဝါတမျိုးဖြစ်ပြီး ရေယက်ပါခြေထောက်များရှိသည် |
ကုန်းနေရေနေ ရေငန်နေ နို့တိုက်သတ္တဝါလည်း ဖြစ်သည် |
အစွယ်ရှည်ဖျံ၊ နားရွက်ရှည်ဖျံ၊ နားရွက်တိုဖျံဟူ၍ အသွင်အပြင်အရခွဲနိုင်သော မျိုးကွဲ ၃ ခု ရှိသည် |
အသေးစိတ်ထပ်ခွဲပါက ၃၃ မျိုးရှိပြီး ကျောက်ဖြစ်ရုပ်ကြွင်းများအရ အမျိုး ၅၀ အထိ ရှိခဲ့ဖူးသည် |
ဖျံတို့မှာ မူလမျိုးရင်း ၂ ခုမှ ကွဲပြားပေါက်ဖွားလာကြောင်း သမိုင်းစဉ်ဆက် ထင်မြင်ခဲ့ကြသော်လည်း မော်လီကျူးမှပြသော သက်သေတို့အရ အသားစား နို့တိုက်သတ္တဝါမျိုး မူစတယ်လွိုက်မှ ဆင်းသက်လာသည်ဟု သိရသည် |
ယင်းမျိုးစုမှ လွန်ခဲ့သော နှစ် သန်း ၅၀၀ ခန့်က ကွဲထွက်လာခြင်းတည်း |
ဖျံတို့သည် အလျား ၁ မီတာ (၃ ပေ ၃ လက်မ)၊ အလေးချိန် ၄၅ ကီလို (၉၉ ပေါင်) ရှိသော ဘိုင်ကယ်ဖျံတို့မှသည် အလျား ၅ မီတာ (၁၆ ပေ)၊ အလေးချိန် ၃၂၀၀ ကီလို (ပေါင် ၇၁၀၀) ရှိသည့် တောင်ပိုင်းဆင်ဖျံအထီးတို့အထိ အစားစားရှိ၏ |
ဖျံမျိုးစိတ်အားလုံး ဖိုမသဏ္ဌာန်ကွဲသည် |
ခပ်စင်းစင်းကိုယ်ရှိပြီး ခြေ ၄ ဘက်ဖြင့် အလျားလိုက်ကူးနိုင်အောင် ပြုပြင်ထားသည် |
ရေထဲတွင် လင်းပိုင်မျှ မမြန်သော်လည်း အတော်ပင် သက်လုံကောင်းကောင်းနှင့် ဖျတ်ဖျတ်လတ်လတ်ကူးနိုင်သည် |
နားရွက်ရှည်ဖျံတို့မှာ ရှေ့ခြေဖြင့် အဓိကယက်သည် |
ကျန် ၂ မျိုးတို့က နောက်ခြေကို အားပြုသည် |
အစွယ်ရှည်ဖျံနှင့် နားရွက်ရှည်ဖျံတို့သည် ကုန်းပေါ်တက်ပါက နောက်ခြေကို ကိုယ်အောက်၌ထည့်ကာ ကုန်းနေသတ္တဝါများ ခြေလှမ်းသကဲ့သို့ သွားတတ်သည် |
သို့ဖြစ်ရာ ယှဉ်ကြည့်ပါက နားရွက်တိုဖျံတို့ ကုန်း၌ လမ်းလျှောက်လျှင် ကြည့်ရဆိုးသည် |
နားရွက်ရှည်ဖျံတမျိုးသာ မြင်သာသောနားရွက်ရှိသည် |
ဖျံတို့သည် အာရုံခံကောင်းပြီး အမြင်အကြားအာရုံမှာ လေထဲတွင်ဖြစ်စေ ရေထဲတွင်ဖြစ်စေ စွမ်းသည် |
နှုတ်သီး၌ အဆင့်မြင့်သော အနံ့ခံစနစ် ပါသည် |
အချို့မျိုးစိတ်တို့မှာ ရေနက်ထဲနေနိုင်အောင် ပြုပြင်ယူထားသည် |
အဆီပြင်ထူထူ သို့ ဝမ်းရှေ့အဆီပြင်ဖြင့် ကိုယ်ကို နွေးစေရန် လုပ်တတ်၏ |
အစွယ်ရှည်ဖျံမှလွဲ၍ ကျန်ဖျံမျိုးစိတ်တို့မှာ သားမွှေးရှိသည် |
ထန်းကဲရွာ (အင်္ဂလိပ်: Htanke)သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ကြခတ်ကျေးရွာအုပ်စု၌ တည်ရှိသည် |
၂၀၁၄ သန်းခေါင်စာရင်းအရ ကြခတ်ကျေးရွာအုပ်စုတွင် ကျား ၈၄၈ ဦး၊ မ ၉၅၂ ဦး၊ လူဦးရေ စုစုပေါင်း ၁၈၀၀ ဦးနေထိုင်သည် |
မဟာဝင်၊ အာဒိကပ္ပကမ္ဘာဦးကျမ်းအစရှိသော မြန်မာကျမ်းဂန်များအရ၊ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာလောက သည် ဇမ္ဗူဒိပ်ကျွန်းဖြစ်သည် |
ဇမ္ဗူဒိပ်ကျွန်းသည် မြင့်မိုရ်တောင် ၏ တောင်ဘက် မျက်နှာတွင်ရှိသော ကျွန်းကြီးဖြစ်သည် |
ပါဠိ ဘာသာအားဖြင့် ဇမ္ဗူဒိပ်ကျွန်းဟု ခေါ်သည် |
ယင်းကို မြန်မာမှု ပြုသော် ဇမ္ဗူဒိပ်ကျွန်းဖြစ်၏ |
မြင့်မိုရ်တောင်ကို ဗဟိုပြု၍ အရှေ့ ဘက်တွင် ပုဗ္ဗဝိဒေဟကျွန်း၊ အနောက်ဘက်တွင် အပရဂေါယာ နကျွန်း၊ တောင်ဘက်တွင် ဇမ္ဗူဒီပကျွန်း၊ မြောက်ဘက်တွင် ဥတ္တရကုရုကျွန်းဟူ၍၊ ကျွန်းကြီးလေးကျွန်းနှင့် အရံကျွန်းငယ် ၂ဝဝဝ ရှိသည် |
ဇမ္ဗူဒိပ်ကျွန်းသားတို့သည် အခြားကျွန်းများသို့ မသွားရောက်နိုင်သကဲ့သို့ အခြားကျွန်းသားတို့သည်လည်း ဇမ္ဗူ ဒိပ်ကျွန်းသို့ မလာရောက်နိုင်ပေ |
ဘုရားရဟန္တာနှင့် စကြဝတေး မင်းတို့သာလျှင် ကြွသွားနိုင်သည်ဟု ဆို၏ |
ဇမ္ဗူဒိပ်ကျွန်း၏ ပမာဏမှာ အရှေ့မျက်နှာအပြင်သည် ယူဇနာနှစ်ထောင်၊ အနောက်မျက်နှာအပြင်သည် ယူဇနာနှစ် ထောင်၊ မြောက်မျက်နှာအပြင်လည် ယူဇနာနှစ်ထောင်၊ တောင် မျက်နှာအပြင်သည် ယူဇနာလေး ထောင်ကျယ်သည် |
ထောင့် ကြီးသုံးထောင့်၊ ထောင့်ငယ်သုံးထောင့်ရှိသည်ဖြစ်၍၊ လှည်းဦး နှိုက်ခင်းအပ်သော ကတ်သဏ္ဌာန်ကဲ့သို့ တည်သည် |
အချင်း အားဖြင့် ယူဇနာတသောင်း၊ အဝန်းအားဖြင့် ယူဇနာသုံးသောင်း ရှိသည်ဟု လောကပညာတ္တိကျမ်း၊ ဆဂတိဒီပနီကျမ်းတို့တွင် လာသည် |
တယူဇနာလျှင် ခုနစ်မိုင်ခန့်ရှိသည် |
ဇမ္ဗူဒိပ်ကျွန်းနှင့် အရံကျွန်းငယ် ၅ဝဝ တို့တွင် နေကြ သော ကျွန်းသားတို့၏ သက်တမ်းမှာ မတည်မမြဲချေ |
ရံခါ လည်း အသင်္ချေရှည်သည် |
ရံခါလည်း ဆယ်နှစ်သာရှည်သည် |
ပုဗ္ဗဝိဒေဟကျွန်းသားတို့၏ သက်တမ်းမှာ အနှစ်ခုနစ်ရာအမြဲ ရှည်၏ |
အပရဂေါယာနကျွန်းသားတို့၏ သက်တမ်းမှာ အနှစ် ငါးရာအမြဲ ရှည်၏ |
ဥတ္တရကုရုကျွန်းသားတို့၏ သက်တမ်းမှာ အနှစ်တထောင်အမြဲရှည်၏ |
ဤသို့ သံယုတ္တနိကာယ်အဋ္ဌကထာ တွင်ဆိုလေသည် |
ဇမ္ဗူဒိပ်ကျွန်းသားတို့၏ မျက်နှာမှာ ကျွန်း၏ပုံကိုလိုက်၍ သုံးထောင့်သဏ္ဌာန်ရှိသည်ဟု ဆိုကြ၏ |
အခြားကျွန်းသားတို့၏ မျက်နှာမှာလည်း ထိုအတူပင် ကျွန်းပုံကိုလိုက်၍ အသီးသီးရှိကြ သည် |
ဇမ္ဗူဒိပ်ကျွန်းသားတို့၏ အဆင်းသဏ္ဌာန်သည် အထူး ထူးအပြားပြားရှိကုန်၏ |
ဇမ္ဗူဒိပ်ကျွန်းတွင် ဟောပြောဆုံးမမည့် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသာဝက စသော သူတော်သူမြတ် တို့ ရံခါရှိတတ်သောကြောင့် ဤကျွန်းသူကျွန်းသားတို့ သည် သုဂတိနတ်ရွာ အမြိုက်နိဗ္ဗာန်ချမ်းသာတိုင်အောင် လားရကုန် သည် |
အခြားကျွန်းကြီး ၃ ကျွန်းတွင် ဟောပြောဆုံးမမည့်သူ မရှိသဖြင့် သံသရာဝဋ်ဆင်းရဲ၏ အကြောင်းသာများသည် |
ထို ကြောင့် ကျွန်းကြီးလေးကျွန်းတွင် ဇမ္ဗူဒိပ်ကျွန်းသည် နိဗ္ဗာန်သို့ ကူးရာဆိပ်ကမ်းနှင့် တူသောကြောင့် ဘုရားအစရှိသော သူတော် ကောင်းတို့သည် အထူးချီးမွှမ်းတော်မူကုန်သည် |
ဤကိုရည်၍ ရှင်မဟာသီလဝံသပုဂ္ဂိုလ်ကျော်က တံတားဦးတည်မော်ကွန်းတွင်၊ 'မိုးနတ်သိကြား၊ မြောက်ကျွန်းသားလည်း၊ တရားကုသိုလ်၊ နှိုင်း၍ဆိုမူ၊ မတူကြဘဲ၊ ရာဆကဲ၍၊ ဖြစ်ခဲစွာမှု၊ ဧဟိပြု၏၊ ဘိက္ခုသံဃာ၊ အရိယာသမိုက်၊ ရှင်တော်ရိုက်လျှင်၊ ဤ၌သီးခြား၊ တည်ထွန်းပွား၏၊ ဦးဖျားပေါပေါ၊ ဖိုလ်မဂ်ဇောဟု၊ သင်္ဘော ဗိမာန်၊ သည်ကခံမှ၊ နိဗ္ဗာန်တူရူ၊ ကူးမှတ်မူသား၊ ဇမ္ဗူ့လကျာ်၊ တို့ကျွန်းသာလျှင်၊ ဆိပ်ညာတဖြောင့် တန်းတန်းတည်း'ဟူ၍ စပ်ဆိုထားလေသည် |
ဇမ္ဗူဒိပ်ကျွန်းဦးတွင် ဇမ္ဗူ့သပြေပင်ရှိသည် |
ထိုဇမ္ဗူ့သပြေ ပင်မှ ဇမ္ဗူရာဇ်ရွှေကိုရရှိသည် |
ဇမ္ဗူဒိပ်ကျွန်းနှင့်တကွသော ကျွန်းကြီးကျွန်းငယ်တို့၏ ဗဟို ပြုရာ မြင့်မိုတောင်တွင် ရောင်ခြည် ၄ ပါးရှိ၏ |
အရှေ့ဘက် ပိုင်းသည် ငွေအတိပြီး၏ |
အနောက်ဘက်ပိုင်းသည် ဖလ်အတိ ပြီး၏ |
တောင်ဘက်ပိုင်းသည် ပတ္တမြားညိုအတိပြီး၏ |
မြောက် ပိုင်းသည် ရွှေအတိပြီး၏ |
ဤသို့ သာရတ္ထဒီပနီဋီကာတွင်ဆို၏ |
ထိုရတနာတို့၏ အရောင်သည် မျက်နှာမူရာ ကျွန်းကြီးကျွန်း ငယ်တို့သို့ ထွန်းပ လွှမ်းမိုးနေလေသည် |
ထိုကြောင့် အမြဲစိမ်း လန်းစိုပြည်နေသည်ဟု ဆိုသည် |
ဇမ္ဗူဒိပ်ကျွန်းနှင့် တကွသော ကျွန်းကြီးကျွန်း ငယ်တို့ကို အုပ်စိုးသောမင်းကို စကြဝတေးမင်း ဟု ခေါ်သည် |
ဇမ္ဗူဒိပ်ကျွန်းတွင် အချင်းယဇနာ ၃ဝဝဝ၊ အဝန်းယူဇနာ ၉ဝဝဝ၊ အမြင့်ယူဇနာ ၅ဝဝ ခန့်ရှိသော ဟိမဝန္တာတောင်နှင့် ၈၄ဝဝဝ မျှသော တောင်ငယ်တောင်ထွတ်တို့ရှိ၏ |
အချင်း ယူဇနာ ၅ဝ ခန့်၊ အဝန်း ယူဇနာ ၁၅ဝ ခန့်ရှိသော အနော တတ္တအိုင်၊ ဆဒ္ဒန္တအိုင်၊ ကုဏာလအိုင်၊ အန္ဒာကိနီအိုင်၊ သီဟပ္ပ ပါတအိုင်၊ ကဏ္ဏမုဏ္ဍအိုင်၊ ရထကာရအိုင်ဟူ၍ အိုင်ကြီး ၇ အိုင်တို့ရှိ၏ |
အနောတတ္တအိုင်ကိုရံလျက်၊ သုဒဿနတောင်၊ စိတ္တကူဋတောင်၊ ကာဠကူဋတောင်၊ ဂန္ဓမာဒနတောင်၊ ကေလာ သတောင်ဟူ၍ တောင် ၅ လုံးရှိသည် |
အနောတတ္တအိုင်၌ ပြွန် လေးသွယ်ရှိ၍ တောင်ဘက်ပြွန်မှ ဂင်္ဂါ၊ ယမုနာ၊ အစီရဝတီ၊ မဟီ၊ သရဘူဟူသော မြစ်ကြီး ငါးစင်တို့ဖြစ်ပေါ်လာသည်ဟု ဆိုသည် |
ဇမ္ဗူဒိပ်ကျွန်းတွင် မြို့သစ်ပေါင်း ပထမအကြိမ် ၆၃ဝဝဝ ဒုတိယအကြိမ် ၆၃ဝဝဝ၊ တတိယအကြိမ် ၆၃ဝဝဝ ပေါ်ထွန်းခဲ့ ၍၊ သီရိဓမ္မာသောကမင်းကြီးလက်ထက်တိုင်သော်၊ မြို့သစ် ၈၄ဝဝဝ တိုးပွားသည်ဟု ဆို၏ |