alphabet
stringclasses 35
values | word
stringlengths 1
33
⌀ | phonetics
stringlengths 1
69
⌀ | meaning
stringlengths 2
602
| pos
stringclasses 98
values | origin
stringlengths 1
68
⌀ |
---|---|---|---|---|---|
အ | အုန်းလက် | အုန်းလက် | ၁၊ အုန်းပင်၏ အရွက်တံ။
၂၊ အုန်းလက်သဏ္ဍာန် ဆင်ခြေလျှော ပြုလုပ်ထားသော ခေါင်မိုး အစိတ်အပိုင်း တစ်မျိုး။ | နာမ် | null |
အ | အုန်းလက်ချ | အုန်းလက်ချ | အုန်းလက်ခေါင်ပါသော အမိုးပြုလုပ်သည်။ | ကြိယာ | null |
အ | အုန်းအုန်းကျွက်ကျွက် | အုန်းအုန်းကျွက်ကျွက် | ဆူဆူညံညံ။ ကျယ်ကျယ်လောင်လောင်။ | ကြိယာဝိသေသန | null |
အ | အပ် | အပ် | ၁၊ ချုပ်စပ်ရာ၌သုံးသော အဖျား တစ်ဖက်ချွန်၍ တစ်ဖက် တွင် နားပေါက်ပါသော သေးသွယ်သော အချောင်းအတံ။
၂၊ ဇာ ထိုးရာ၌ သုံးသော အချောင်းအတံ။
၃၊ ဆေးထိုးရာ၌ အသုံးပြုသော ပြွန်ခေါင်းပါသော အဖျားချွန် သံမဏိချောင်း။ | နာမ် | null |
အ | အပ် | အပ် | ၁၊ မျက်နှာပြင်တစ်ခုနှင့်တစ်ခု ထိကပ်အောင်ပြုသည်။
၂၊ စောင့်ရှောက် ထိန်းသိမ်းရန် ပေးသည်၊ လွှဲသည်။
၃၊ ပစ္စည်း တစ်စုံတစ်ရာကို ပြင်ဆင်ပြုလုပ်ရန် ပေးသည်။
၄၊ သင့်လျော် လျောက်ပတ်သည်။ | ကြိယာ | null |
အ | အပ် | အပ် | ၁၊ သင့်တင့် လျောက်ပတ်ကြောင်း ပြသော စကားလုံး။ “ပြောအပ် သောစကား။”
၂၊ ရိုသေလေးစားခြင်း သဘောဖြင့် ကြိယာနောက်တွင် ဆက်သုံးသော စကားလုံး။ | ပစ္စည်း | null |
အ | အပ်ကျမပ်ကျ | အပ်ကျမပ်ကျ | တိတိကျကျ။ သေချာရေရာစွာ။ “သူ့ အကြောင်း အပ်ကျမပ်ကျ သိသည်။” | ကြိယာဝိသေသန | null |
အ | အပ်ကြောင်းထပ် | အပ်ကြောင်းထပ် | အကြောင်းအရာတစ်ခုတည်းကို ထပ်တလဲလဲ ပြောဆိုသည်။ | ကြိယာ [ ဥပစာ ] | null |
အ | အပ်ကွက် | အပ်ကွက် | စစ်တုရင်ကစားရာတွင် မင်းကြီးရွှေ့၍ မရနိုင်တော့သော အကွက်။ | နာမ် | null |
အ | အပ်ချည် | အပ်ချည် | အဝတ်အထည်ချုပ်ရန် ချည်မျှင်။ | နာမ် | null |
အ | အပ်ချုပ်ခုံ | အပ်ချုပ်ခုံ | အပ်၊ အပ်ချည်လုံး စသည်ထည့်ရန် သေတ္တာငယ် ပါသော လက်ချုပ်ချုပ်ရာတွင် အသုံးပြုသည့်ခုံ။ | နာမ် | null |
အ | အပ်ချုပ်စက် | အပ်ချုပ်စက် | အဝတ်အထည်ချုပ်ရသော စက်။ | နာမ် | null |
အ | အပ်စောင်းထိုး | အပ်စောင်းထိုး | အပ်ကို ခပ်စောင်းစောင်းထိုးကာ ချုပ်ရသော အပ်ချုပ်နည်း။ | နာမ် | null |
အ | အပ်စပ် | အပ်စပ် | သင့်တော် လျောက်ပတ်သည်။ | ကြိယာ | null |
အ | အပ်ထောက် | အပ်ထောက် | လက်ချုပ် ချုပ်ရာတွင် အပ်မစူးမိစေရန် လက်ထိပ်၌ စွပ်ရသော ပစ္စည်း။ | နာမ် | null |
အ | အပ်ပြန်ပေါက် | အပ်ပြန်ပေါက် | အထည်စချုပ်ရာတွင် နောက်သို့ တစ်ကျော့ တစ်ကျော့ ပြန်၍ ထိုးကော်ချုပ်သော အပ်ချုပ်နည်း။ | နာမ် | null |
အ | အိပ် | အိပ် | ၁၊ လဲလျောင်း၍ မျက်စိမှိတ်ရာတွင် အာရုံများ ကင်းပြတ် ခြင်းသို့ ရောက်သည်။
၂၊ လှုပ်ရှားမှုမရှိ ငြိမ်သက်သည်။ “ငွေအိပ်သည်။ ကျမ်းအိပ်သည်။” | ကြိယာ | null |
အ | အိပ်ချင်မူးတူး | အိတ်ချင်မူးဒူး | အိပ်ချင်စိတ် မပြေမပြယ် ဖြစ်လျက်။ | ကြိယာဝိသေသန | null |
အ | အိပ်ငိုက် | အိပ်ငိုက် | အိပ်ချင်လွန်း၍ မကြာခဏ ဦးခေါင်းညွတ်ကျသည်။ | ကြိယာ | null |
အ | အိပ်စက် | အိပ်စက် | အိပ်ပျော်သည်။ | ကြိယာ | null |
အ | အိပ်တန်းတက် | အိပ်တန်းတက် | ကြက်၊ ငှက်တို့ အိပ်နေကျနေရာသို့ အိပ်ရန် တက်သည်။ | ကြိယာ | null |
အ | အိပ်ပျော် | အိပ်ပျော် | နှစ်ခြိုက်စွာအိပ်သည်။ | ကြိယာ | null |
အ | အိပ်ဖန်စောင့် | အိတ်ဖန်ဇောင့် | မင်းမိဖုရားတို့ အိပ်စက်သည့်အခါ အလှည့်ကျစောင့်ရှောက်ပေးရသော မင်းမှုထမ်း။ | နာမ် | null |
အ | အိပ်မောကျ | အိပ်မောကျ | နှစ်ခြိုက်စွာအိပ်ပျော်နေသည်။ | ကြိယာ | null |
အ | အိပ်မက် | အိတ်မက်၊ အိန်မက် | အိပ်နေစဉ် စိတ်၌ ထင်ဟပ် လာသော အာရုံ။ | နာမ် | null |
အ | အိပ်မက်မက် | အိတ်မက်(အိန်မက်)မက် | အိပ်နေစဉ် စိတ်၌ အာရုံထင်ဟပ်သည်။ | ကြိယာ | null |
အ | အိပ်မွေ့ | အိပ်မွေ့ | ၁၊ ငရုတ်ကောင်းစေ့နှင့် တူသော ဆေးဖက်ဝင် အသီး ကလေးများ ရိုးတံတွင် စုပြုံသီးသည့် ပင်စောက် တစ်မျိုး။
၂၊ အခေါက် ဆေးဖက်ဝင် ချုံနွယ်ကြီးတစ်မျိုး။ | နာမ် | null |
အ | အိပ်မွေ့ချ | အိပ်မွေ့ချ | တစ်စုံတစ်ခုသောစွမ်းအားဖြင့် သူတစ်ပါး အိပ်ပျော် အောင် လုပ်သည်။ | ကြိယာ | null |
အ | အိပ်မှုန်စုံမွှား | အိပ်မှုန်စုံမွှား | အိပ်ချင်စိတ်မပြေဘဲ ဝိုးတိုးဝါးတား ဖြစ်လျက်။ | ကြိယာဝိသေသန | null |
အ | အိပ်ရာ | အိပ်ရာ | အိပ်ရန်ပြုလုပ်ထားသောနေရာ၊ အခင်းပြင်။ | နာမ် | null |
အ | အိပ်ရာထ | အိပ်ရာထ | အိပ်ရာမှနိုးသည်။ | ကြိယာ | null |
အ | အိပ်ရာထ | အိတ်ယာဒါ့၊ အိတ်ယထာ့ | အိပ်ရာမှနိုးသည့် နံနက်အချိန်။ | နာမ် | null |
အ | အိပ်ရာဝင် | အိပ်ရာဝင် | အိပ်ရန် အိပ်ရာသို့ သွားသည်။ | ကြိယာ | null |
အ | အိပ်ရာဝင် | အိပ်ရာဝင် | ညအိပ်ရာဝင်ချိန်။ | နာမ် | null |
အ | အိပ်ရေးပျက် | အိပ်ရေးပျက် | အိပ်ရေးမဝဖြစ်သည်။ | ကြိယာ | null |
အ | အိပ်ရေးဝ | အိပ်ရေးဝ | ကျေနပ်လောက်အောင် အိပ်ပျော်ခဲ့သည်။ | ကြိယာ | null |
အ | အုပ် | အုပ် | ၁၊ အပေါ်မှ ဖုံးလွှမ်းသည်။
၂၊ ကွပ်ကဲအုပ်ချုပ်သည်။ ထိန်းသိမ်း စောင့်ရှောက်သည်။
၃၊ ဟင်းအိုးချခါနီးတွင် နံနံ စသည်ကို ထည့်သည်။
၄၊ ရင့်သော သစ်သီးကို မှည့်စေရန် တစ်ခုခု ဖြင့် ဖုံးသည်။
၅၊ ဖုံးဖိလျှို့ဝှက်ထားသည်။
၆၊ [ ဗန်း ] တစ်ဖက် သားကို ထိခိုက်နစ်နာအောင် ပြုမူပြောဆိုသည်။ ဆော်သည်။
၇၊ [ ဗန်း ] အငမ်းမရစားသည်။ | ကြိယာ | null |
အ | အုပ် | အုပ် | ၁၊ နွားအုပ်၊ စာအုပ် စသည်ကို ရေတွက်ရာ၌ သုံးသော စကားလုံး။
၂၊ ဂါထာမန္တန်ရွတ်ဖတ်သည့်အကြိမ်ကို ရေတွက်ရာ၌ သုံးသောစကားလုံး။ | ပစ္စည်း | null |
အ | အုပ် | အုပ် | ၁၊ နှီးစသည်ဖြင့်လုပ်သော အဖုံးပါသည့် ထည့်စရာ တစ်မျိုး။
၂၊ တစုတရုံးတည်းရှိသောသက်ရှိသက်မဲ့။“ကျွဲအုပ်၊ သစ်ပင်အုပ်။” | နာမ် | null |
အ | အုပ်ချုပ် | အုပ်ချုပ် | ကြီးမှူးကွပ်ကဲသည်။ | ကြိယာ | null |
အ | အုပ်စီး | အုပ်စီး | ၁၊ ကြီးမှူးသည်။ အုပ်ချုပ်သည်။
၂၊ လွှမ်းမိုး ခြယ်လှယ် သည်။ | ကြိယာ | null |
အ | အုပ်စု | အုပ်စု | အစုအဖွဲ့။ | နာမ် | null |
အ | အုပ်စိုး | အုပ်စိုး | အုပ်ချုပ်ကွပ်ကဲသည်။ | ကြိယာ | null |
အ | အုပ်စည်းမပျက် | အုပ်စည်းမပျက် | (တပ်စသည့်လူစုလူဝေးတို့) ဖရိုဖရဲ တကွဲ တပြားမဖြစ်ဘဲ။ | ကြိယာဝိသေသန | null |
အ | အုပ်ဆေး | အုပ်ဆေး | ဖျားနာသော ကလေးအား အငွေ့ပေး၍ ကုသရသော သူငယ်နာဆေး။ | နာမ် | null |
အ | အုပ်ဆောင်း | အုပ်ဆောင်း | ၁၊ စားသောက်ဖွယ်တို့ကို ယင် စသည် မနားစေရန် အုပ်ထားရသည့် အဖုံးအကာ။
၂၊ မီးလုံး မီးအိမ် စသည်တွင် အလင်းရောင်ပြန့်မထွက်ရန် အုပ်ထားသော စလောင်း။
၃၊ [ ဥပစာ] အကြီးအချုပ်။ ဘုရင်။ | နာမ် | null |
အ | အုပ်ဆိုင်း | အုပ်ဆိုင်း | ၁၊ သစ်ပင်များ ထူထပ်စွာအုပ်မိုးသည်။
၂၊ ဖုံးဖိ လျှို့ဝှက် ထားသည်။ | ကြိယာ | null |
အ | အုပ်ထိန်း | အုပ်ထိန်း | ထိန်းသိမ်းစောင့်ရှောက်သည်။ | ကြိယာ | null |
အ | အုပ်ထွေ | အုပ်ထွေ | တစုတဝေး။ များပြားစွာ။ | ကြိယာဝိသေသန [ ရှေး ] | null |
အ | အုပ်ပေါင်း | အုပ်ပေါင်း | ဦးခေါင်းကို ပဝါအုပ်၍ ပေါင်းသော ခေါင်းပေါင်းနည်း။ | နာမ် | null |
အ | အုပ်မိ | အုပ်မိ | အလွတ်အကင်း၊ အပျံ့အနှံ့မရှိအောင် အချိန်မီ အုပ်ထိန်း နိုင်သည်။ | ကြိယာ | null |
အ | အဗ္ဘုတရသ | အတ်ဗုတာ့ရာ့သာ့ | အံ့ဩမှုရသ။ | နာမ် | ပါ၊ အဗ္ဘုတ + ရသ |
အ | အဗ္ဘန္တရသရက် | အတ်ဗန်တရာ့သယက် | ဟိမဝန္တာ၌ရှိသော အလွန်ချိုမြိန်ထူးမြတ်သည့် သရက်။ | နာမ် [ ကျမ်းဂန် ] | ပါ၊ အဗ္ဘန္တရ+ မြန်၊ သရက် |
အ | အမ္ဗုန် | အမ္ဗုန် | မိုးတိမ်မိုးသား။ | နာမ် | ပါ၊ အမ္ဗုန္ဓရ |
အ | အမ်း၁ | အမ်း | ၁၊ ကျသင့်ငွေထက် စွန်းပိုသောငွေကို ပြန်ပေးသည်။
၂၊ အများပိုင်ပစ္စည်းတစ်စုံတစ်ရာကို တစ်ဦးတည်း ပိုင်ဆိုင်လိုသူက သက်ဆိုင်သူများကို အတွက်ကျတန်ဖိုးငွေ ပေးချေသည်။
၃၊ ကတိ အတိုင်း မဖြစ်သောအခါ ယူထားသော အဖိုးအခကို ပြန်ပေးသည်။ | ကြိယာ | null |
အ | အမ်း၂ | အမ်း | မမျှော်လင့်သော အဖြစ်နှင့် ကြုံသောအခါ ရုတ်တရက် တုံ့ဆိုင်းသည်။ အံ့အားသင့်သည်။ | ကြိယာ | null |
အ | အမ်းချ | အမ်းချ | အားထုတ်သည်။ | ကြိယာ [ ရှေး ] | null |
အ | အိမ် | အိမ် | ၁၊ နေရန်ဆောက်လုပ်ထားသော အဆောက်အအုံ။
၂၊ တစ်စုံ တစ်ခုတည်နေစရာ။ “မျက်လုံးအိမ်။”
၃၊ ဖဲကစားရာတွင် သတ်မှတ် ထားသည့် ဦးရေ။ ယင်းဦးရေတွင် ပါဝင်သူ။ | နာမ် | null |
အ | အိမ်ကြီးရခိုင် | အိန်ဂျီးယခိုင် | ကြီးမားခိုင်ခံ့ထည်ဝါသော အိမ်။ | နာမ် | null |
အ | အိမ်ခြေ | အိန်ဂျေ | ၁၊ အခြေတကျဖြစ်သောအိမ်။
၂၊ အိမ်အရေအတွက်။ | နာမ် | null |
အ | အိမ်ခြေရာခြေ | အိန်ဂျေယာဂျေ | အခြေတကျနေထိုင်ရာအိမ်။ | နာမ် | null |
အ | အိမ်ခွဲ | အိမ်ခွဲ | အိမ်ထောင်ကျပြီးနောက် မိဘအိမ်တွင် မနေတော့ဘဲ တသီးတခြားနေသည်။ | ကြိယာ | null |
အ | အိမ်စာ | အိန်ဇာ | အိမ်တွင် လေ့ကျက်ဖြေဆိုခဲ့ရန် ပေးလိုက်သော ကျောင်းသင်ခန်းစာ။ | နာမ် | null |
အ | အိမ်စောင့်အစိုးရ | အိန်ဇောင့်အစိုးယာ့ | နိုင်ငံတော်၏ အုပ်ချုပ်ရေးကို ထိန်းသိမ်း စောင့်ရှောက်ပေးရန်အတွက် တာဝန်ပေးအပ်ခြင်း ခံရသည့် ယာယီအစိုးရအဖွဲ့။ | နာမ် | null |
အ | အိမ်တော်ပါ | အိန်ဒေါ်ဗာ | မင်းညီမင်းသားဘဝကတည်းက ခစား လာခဲ့သော လူယုံ။ | နာမ် | null |
အ | အိမ်တိုင်ရာရောက် | အိမ်ဒိုင်ယာယောက် | နေထိုင်သော အိမ်သို့ ရောက်သည်အထိ။ | ကြိယာဝိသေသန | null |
အ | အိမ်တစ်ဆောင်မီးတပြောင် | အိန်တဆောင်မီးဒဗျောင် | တသီးတခြား အိုးအိမ်ထူထောင်ခြင်း။ | နာမ် | null |
အ | အိမ်တွင်းနတ် | အိန်ဒွင်းနတ် | အိမ်တွင်း၌ အုန်းဆွဲ၍ ပူဇော်ကြသော မဟာဂီရိနတ်။ | နာမ် | null |
အ | အိမ်တွင်းပုန်း | အိန်ဒွင်းဗုန်း | ပြင်ပသို့ သွားလာခြင်း နည်းပြီး အိမ်တွင်း၌သာ နေလေ့ရှိသူ။ | နာမ် | null |
အ | အိမ်တွင်းမှု | အိန်ဒွင်းမှု | အချက်အပြုတ် အချုပ်အလုပ် စသော အိမ်မှုကိစ္စ။ | နာမ် | null |
အ | အိမ်တွင်းရေး | အိန်ဒွင်းယေး | မိသားစုအတွင်း ဖြစ်ပျက်သည့် အကြောင်းအရာ အမှုကိစ္စ။ | နာမ် | null |
အ | အိမ်ထောင် | အိမ်ထောင် | ထိမ်းမြားလက်ထပ်သည်။ | ကြိယာ | null |
အ | အိမ်ထောင် | အိန်ဒေါင် | ဇနီး သို့မဟုတ် ခင်ပွန်း။ | နာမ် | null |
အ | အိမ်ထောင်ကျ | အိန်ဒေါင်ကျာ့ | ဇနီး သို့မဟုတ် ခင်ပွန်းရသည်။ အိမ်ထောင်သည်အဖြစ်သို့ ရောက်သည်။ | ကြိယာ | null |
အ | အိမ်ထောင်ကြီး | အိန်ဒေါင်ဂျီး | ပထမအိမ်ထောင်။ | နာမ် | null |
အ | အိမ်ထောင်ကွဲ | အိန်ဒေါင်ဂွဲ | မိသားစုနှင့် စီးပွားခွဲ၍ မိမိ အိမ်ထောင်နှင့် မိမိ တသီးတခြားနေထိုင်သူ။ | နာမ် | null |
အ | အိမ်ထောင်ချ | အိန်ဒေါင်ချာ့ | ယောက်ျားပေးစားသည်။ မိန်းမပေးစားသည်။ | ကြိယာ | null |
အ | အိမ်ထောင်စု | အိန်ဒေါင်ဇု | စီးပွားမကွဲသော အတူနေမိသားစု။ | နာမ် | null |
အ | အိမ်ထောင်စုစာရင်း | အိန်ထောင်ဇုစယင်း | သန်ခေါင်စာရင်း-န၊
၂၊ နှင့်အတူတူ။ | နာမ် | null |
အ | အိမ်ထောင်ပရိဘောဂ | အိန်ဒေါင်ပရိဗောဂါ့ | စားပွဲ၊ ကုလားထိုင်၊ ဗီရို စသည့် အိမ်အသုံးအဆောင်ပစ္စည်း။ | နာမ် | null |
အ | အိမ်ထောင်ပျက် | အိန်ဒေါင်ပျက် | အိမ်ထောင်ဖက်နှင့် ကွဲကွာသည်။ | ကြိယာ | null |
အ | အိမ်ထောင်ပြု | အိန်ဒေါင်ပျု | လက်ထပ်သည်။ | ကြိယာ | null |
အ | အိမ်ထောင်ဖက် | အိန်ဒေါင်ဗက် | လက်ထပ်ထိမ်းမြားထားသော လင် သို့မဟုတ် မယား။ | နာမ် | null |
အ | အိမ်ထောင်ရက်သားကျ | အိန်ဒေါင်ယက်သားကျာ့ | လက်ထပ်ထိမ်းမြားပြီး အိမ်ထောင်သည်အဖြစ်သို့ ရောက်သည်။ | ကြိယာ | null |
အ | အိမ်ထောင်သားမွေး | အိန်ဒေါင်သားမွေး | အိမ်ထောင်ပြုခြင်း။ | နာမ် | null |
အ | အိမ်ထောင်သက် | အိန်ဒေါင်သှက် | လင်နှင့်မယား ပေါင်းသင်းနေထိုင် ခဲ့သည့် ကာလအပိုင်းအခြား။ | နာမ် | null |
အ | အိမ်ထောင်သည် | အိန်ဒေါင်သှယ် | ဇနီးရှိသူ။ လင်ရှိသူ။ အိမ်ထောင်ရှိသူ။ | နာမ် | null |
အ | အိမ်ထောင်ဦး | အိန်ဒေါင်အူး | အိမ်ထောင်ပြုပြီးစ အချိန်။ | နာမ် | null |
အ | အိမ်နီးချင်း | အိန်နီးဂျင်း | မိမိအိမ်၏ အနီးပတ်ဝန်းကျင် အိမ်များတွင် နေထိုင်သူများ။ | နာမ် | null |
အ | အိမ်နီးနားချင်း | အိန်နီးနားဂျင်း | အိမ်နီးချင်း။ | နာမ် | null |
အ | အိမ်နိမ့် | အိမ်နိမ့် | ၁၊ မင်းစည်းစိမ်မရမီ ဘဝ။
၂၊ မင်းမိဖုရား အဖြစ်မှ လျှောကျ နေရသော ဘဝ။ | နာမ် | null |
အ | အိမ်ပုဆစ်တုပ် | အိန်ပဆစ်တုတ် | ရှေ့နိမ့် နောက်မြင့် နှစ်ဆင့် ဆောက်ထားသော အိမ်။ | နာမ် | null |
အ | အိမ်ပေါက်စေ့ | အိန်ဗောက်စေ့ | အိမ်တိုင်းစေ့ အနှံ့။ | ကြိယာဝိသေသန | null |
အ | အိမ်ဖော် | အိန်ဗော် | သူတစ်ပါးအိမ်တွင် အိမ်မှုကိစ္စများကို လုပ်ကိုင် ပေးသူ။ | နာမ် | null |
အ | အိမ်ဖွဲ့ | အိမ်ဖွဲ့ | ၁၊ ခြ၊ ပျား၊ ပင့်ကူ စသည်တို့ အိမ်ပြုလုပ်သည်။
၂၊ နေ၊ လ ဝန်းကျင်၌ အရောင်ရစ်ပတ် စုဖွဲ့သည်။ | ကြိယာ | null |
အ | အိမ်မ | အိမ်မ | အိမ်တွင် အဓိကပင်မဖြစ်သော အဆောင်။ | နာမ် | null |
အ | အိမ်မြှောင် | အိမ်မြှောင် | ၁၊ အဆောက်အအုံများတွင် ကပ်မြှောင်နေတတ်ပြီး စုတ်ထိုးတတ်သည့် သတ္တဝါငယ်တစ်မျိုး။
၂၊ မြောက်အရပ်ကို အမြဲ ညွှန်ပြသည့် သံလိုက်အပ်ထည့်ထားသော ကိရိယာ။ | နာမ် | null |
အ | အိမ်ရာ | အိမ်ရာ | ၁၊ အိမ်နေရာမြေကွက်။
၂၊ အိမ်အဆောက်အအုံ။
၃၊ သူတစ်ပါး သားမယား။ | နာမ် | null |
အ | အိမ်ရာထောင် | အိမ်ရာထောင် | အိမ်ထောင်ပြုသည်။ | ကြိယာ | null |
အ | အိမ်ရာမှား | အိမ်ရာမှား | သူတစ်ပါး သားမယားကို ပြစ်မှားကျူးလွန်သည်။ | ကြိယာ | null |