title
stringlengths
1
96
text
stringlengths
4
719k
url
stringlengths
32
795
Zoom ( ဆော့ဖ်ဝဲ )
Zoom ၊ Zoom သို့မဟုတ် Zoom Meetings ကဲ့သို့ ပုံစံပြုထားသော Zoom သည် Zoom Video Communicationsမှ ဖန်တီးထားသော မူပိုင် ဗီဒီယိုတယ်လီဖုန်း ဆော့ဖ်ဝဲပရိုဂရမ်တစ်ခုဖြစ်သည်။ အခမဲ့အစီအစဉ်သည် မိနစ် ၄၀ အချိန်ကန့်သတ်ချက်ဖြင့်တစ်ပြိုင်တည်းပါဝင်သူ ၁၀၀ အထိ ခွင့်ပြုသည်။ အသုံးပြုသူများသည်အခပေးအစီအစဉ်ကိုစာရင်းသွင်းခြင်းဖြင့် အဆင့်မြှင့်ရန် ရွေးချယ်ခွင့်ရှိသည်။ အမြင့်ဆုံးအစီအစဉ်သည် နာရီ 30 အထိကြာသည့်အစည်းအဝေးများအတွက်တစ်ပြိုင်တည်းပါဝင်သူ 1,000 အထိ ပံ့ပိုးပေးသည်။
https://my.wikipedia.org/wiki/Zoom%20%28%20%E1%80%86%E1%80%B1%E1%80%AC%E1%80%B7%E1%80%96%E1%80%BA%E1%80%9D%E1%80%B2%20%29
ရန်ကုန်-ပြည် ရထားလမ်း
ရန်ကုန် - ပြည် ရထားလမ်း သည် မြန်မာနိုင်ငံ ရန်ကုန်မြို့ နှင့် ပဲခူးတိုင်း အနောက်ခြမ်းရှိ ပြည်မြို့ တို့ကို ဆက်သွယ်ထားသော မီတာဂေ့ချ် ရထားလမ်းဖြစ်ကာ မြန်မာ့မီးရထားက စီမံခန့်ခွဲသည်။ မြန်မာနိုင်ငံတွင် ပထမဆုံး ဖောက်လုပ်ခဲ့သော ရထားလမ်းဖြစ်သည်။ ရထားလမ်းကို ၁၈၇၄ခုနှစ် စက်တင်ဘာလတွင် စတင်ဖောက်လုပ်ပြီး ၁၈၇၇ခုနှစ် မေလ (၁)ရက်နေ့တွင် ရထားလမ်းဖွင့်လှစ်ခဲ့ပြီး မြန်မာပြည်၏ ပထမဆုံး ရထားလမ်းပြေးဆွဲခဲ့သည်။ ဒွေးလမ်းများကို ၁၈၈၉ခုနှစ် အောက်တိုဘာလတွင် စတင်ဖောက်လုပ်ခဲ့ကာ ၁၉၀၈ခုနှစ် ဖေဖော်ဝါရီလအထိ လမ်းပိုင်းများ အသီးသီး ဖွင့်လှစ်နိုင်ခဲ့သည်။ သမိုင်းကြောင်း ၁၈၅၂ ခုနှစ်၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး၌ ဗြိတိသျှတို့သည် အောက်မြန်မာနိုင်ငံကို သိမ်းယူပြီးနောက် အကျိုးအမြတ် ရရှိနိုင်ရန် ဆန်စပါး၊ ကျွန်းသစ်၊ ရာဘာနှင့် သယံဇာတ သတ္တုပစ္စည်းများကို တွင်တွင် ကျယ်ကျယ်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ခြင်း၊ ၎င်းတို့တိုင်းပြည်မှ သွင်းကုန်များကို တင်သွင်း၍ ရောင်းချခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။ ၁၈၇၂ ခုနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၄.၂ သိန်းထိ တင်ပို့ခဲ့ရာတွင် အရပ်ရပ်မှ ဆန်စပါးများ စုစည်းရာ၌ လမ်းပန်းဆက်သွယ်မှု ခက်ခဲပြီး၊ သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမားနေသဖြင့် ယင်းကိစ္စကို ဖြေရှင်းရန် စဉ်းစားခဲ့သည်။ တောင်ငူ၌ စပါးတင်း (၁၀၀) လျှင် ရူပီးငွေ (၃၅)ကျပ် ဈေးသာ ရှိနေချိန်တွင် ရန်ကုန်၌ စပါးတင်း (၁၀၀)လျှင် ရူပီးငွေ (၉၅)ကျပ်ရှိနေခဲ့ရာ သယ်ယူပို့ဆောင်ရေးစရိတ် သက်သာ စေရေးအတွက် လမ်းများကိုစတင်ဖောက်လုပ်ခဲ့သည်။ ၁၈၇၂ ခုနှစ်တွင် အောက်မြန်မာနိုင်ငံ၌ မြေလမ်း (၈၁၅)မိုင် ကို ဖောက်လုပ်ခဲ့ပြီး ယင်းအနက် ရာသီမရွေး သွားလာနိုင်သည့် ကျောက်ခင်းလမ်း (၂၉၂)မိုင် ပါဝင်ကြောင်း သိရသည်။ အကယ်၍ မီးရထားလမ်းဖောက်လုပ် သယ်ဆောင်နိုင်ပါက ကုန်ကျစရိတ်များစွာ သက်သာပြီး၊ သင်္ဘောတင်ရန် လုံလောက်သည့် ဆန်များကိုလည်း အချိန်တိုအတွင်း စုစည်းနိုင်မည်ဖြစ်ရာ ရထား လမ်းဖောက်လုပ်ရန် စဉ်းစားလာတော့သည်။ စီးပွားရေးရှုထောင့်အမြင်သာမက ရထားလမ်း ဖောက်လုပ်ပြေးဆွဲခြင်းဖြင့် ဗြိတိသျှအုပ်ချုပ်ရေးကို မြန်မာနိုင်ငံသားများ အထင်ကြီး အားကျလာစေရေး၊ သူ့ကျွန်မခံလိုသော တော်လှန်ရေး အင်အားစုများကို ပြည်သူတို့ထောက်ခံမှု ကျဆင်းစေရေး စသည့် နိုင်ငံရေးအမြင်ရှုထောင့်နှင့် အထက်မြန်မာနိုင်ငံမှ မြန်မာမင်းတို့က ဧရာဝတီမြစ်ကြောင်းမှ စုန်ဆင်းတိုက်နိုင်ပါက ပြည်မြို့သို့ လျင်မြန်စွာ ရောက်ရှိလာမည်ဖြစ်ရာ ယင်းတို့သော အခြေအနေကြုံတွေ့ရပါက ဗြိတိသျှတပ်များနှင့် စစ်လက်နက်၊ ရိက္ခာပစ္စည်းများကို ဖြည့်တင်းနိုင်ရေး ဟူသော စစ်ရေးအမြင် ရှိသည့်အတွက် ရန်ကုန်မှ ပြည်သို့ ရထားလမ်းဖောက်လုပ်ရန် စဉ်းစားတော့သည်။ ရထားလမ်း ဖောက်လုပ်ရန်အတွက် ၁၈၆၈ ခုနှစ်တွင် လမ်းအူကြောင်း ပုံစံနှင့် တကွ ကုန်ကျစရိတ်များကိုပါ တွက်ချက်၍ အောက်မြန်မာနိုင်ငံတော် မဟာမင်းကြီး Sir Ashley Eden က အိန္ဒိယအစိုးရထံ တင်ပြအဆိုပြုခဲ့ရာ ၁၈၇၄ ခုနှစ်တွင် အိန္ဒိယအစိုးရမှ လက်ခံသဖြင့် အထူးလုပ်ငန်းတစ်ရပ်အဖြစ် ချက်ချင်း စတင်အကောင် အထည်ဖော်ရန် ဆုံးဖြတ်ပြီး ကုန်ကျစရိတ်ကိုလည်း အထူးရန်ပုံငွေမှ ကျခံသုံးစွဲရန် ခွင့်ပြုခဲ့သည်။ ရန်ကုန်-ပြည် ရထားလမ်း စတင်ဖောက်လုပ်ရာတွင် မီတာဂေ့ချ် (သံလမ်းနှစ်ခုကြား တစ်မီတာအကျယ်ရှိ) ရထားလမ်းကို ဖောက်လုပ်ခဲ့သည်။ ရထားလမ်း ဖောက်လုပ်ရာတွင် အခကြေးငွေပေါပေါနှင့် လုပ်ကိုင်နိုင်ကြသော ကုလားလူမျိုးလုပ်သား အများအပြား အသုံးပြုခဲ့ပြီး သုံးနှစ်ကြာ ဖောက်လုပ်ခဲ့ပြီးနောက် ၁၈၇၇ ခုနှစ်တွင် ရထားလမ်းဖောက်လုပ်ပြီးစီးခဲ့သည်။ မြန်မာနိုင်ငံ၌ ပထမဆုံးဖောက်လုပ်ခဲ့သည့် ရန်ကုန်-ပြည် မီးရထားလမ်းကို ၁၈၇၇ ခုနှစ်၊ မေလ (၁) ရက် နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ရန်ကုန်နှင့် ဧရာဝတီမြစ်ဝှမ်း အစိုးရ ရထားလုပ်ငန်း (The Rangoon and Irrawaddy Valley State Railway) က ပိုင်ဆိုင်ပြေးဆွဲခဲ့သည်။ ရန်ကုန် - ပြည်ရထားလမ်း ဖောက်လုပ်ခြင်းအတွက် ကုန်ကျငွေမှာ တစ်မိုင်လျှင် ရုးပီးကျပ်ငွေ ၆၁၅၅၅ိ/- ဖြစ်သည်။ ပထမဆုံး ရထားပြေးဆွဲပုံ ၁၈၇၇ခုနှစ် မေလ (၁)ရက်နေ့ နံနက် ( ၆ ) နာရီတွင် ပထမဆုံး ရထား ရန်ကုန်ဘူတာကြီးမှစထွက်သည်။ ထိုရထားတွင် ပထမတန်းတွဲ တတွဲ၊ တတိယတန်းတွဲနှင့် ကုန်တွဲ များအပြင်၊ “ဘရိတ်ဗင်”တွဲ၊ စုစုပေါင်း ( ၁၂ ) တွဲ ပါသည်။ စက်ခေါင်းမှာ အေဇီးရိုးဝမ်း( A.01) ဖြစ်၍၊ အလေးချိန် ၁၇-တန်ခန့်ရှိပြီး၊ ဆွဲအား ၃၈၅၇-ပေါင်ရှိသည်။ ပထမတန်းတွဲတွင် မင်းကြီး “မစ္စတာရီဖါသွန်မဆင်” နှင့် အထူး ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စီးနင်း လိုက်ပါကြသည်။ ထိုပထမဆုံး ခုတ်မောင်း ပြေးဆွဲသည့် မီးရထားသည် အင်းစိန်သို့ အသွား၊ လမ်းတွင် ကြည့်မြင်တိုင်နှင့် သမိုင်း ဘူတာ တို့၌ ခေတ္တရပ်ပြီးနောက်၊ အင်းစိန်သို့ ဆက်လက် ခုတ် မောင်းသည်။အင်းစိန်တွင် စက်ခေါင်းပြင်အလုပ် ရုံကို ကြည့်ရှုစစ်ဆေးကြပြီးနောက်၊အပြန်ခရီးတွင် အရပ်အနားမရှိဘဲ ခုတ်မောင်း၍ ည (၈) နာရီ အချိန်တွင် ရန်ကုန်သို့ ချောမောစွာပြန်လည်ဆိုက် ရောက်လာခဲ့သည်။ ရန်ကုန်နှင့် ပြည်လမ်း၌ ပထမဆုံးရထားစတင် ပြေးဆွဲမှုနှင့်ပတ်သက်၍၊ ထိုခေတ်ထုတ် လောကိသုတပညာသတင်းစာများ၏ရေးသးချက်ကို အောက်၌ဖေါ်ပြလိုက် ပေသည်။ ဘူတာရုံများ (1) ရန်ကုန် ၀/၀ (2) ဘုရားလမ်း ၃/၄ (3) လမ်းမတော် ၁ (4) ပြည်လမ်း ၁ ၁/၂ (5) ရှမ်းလမ်း ၂ (6) အလုံလမ်း ၂ ၁/၂ (7) ပန်းလှိုင်လမ်း ၃ (8) ကြည့်မြင်တိုင် ၃ ၁/၂ (9) ဟံသာဝတီ ၄ ၁/၂ (10) လှည်းတန်း ၄ ၃/၄ (11) ကမာရွတ် ၅ ၃/၄ (12) သိရီမြိုင် ၆ ၃/၄ (13) အုတ်ကျင်း ၇ (14) သမိုင်း ၇ ၁/၄ (15) သမိုင်းမြို့သစ် ၇ ၃/၄ (16) ကြို့ကုန်း ၈ ၁/၄ (17) အင်းစိန် ၉ (18) ရွာမ ၁၀ ၁/၄ (19) ဖော့ကန် ၁၁ (20) အောင်ဆန်းမြို့ ၁၁ ၁/၂ (21) ဒညင်းကုန်း ၁၂ ၃/၄ (ရထားလမ်းဆုံ ပြည်သို့) (61) စက်မှုဇုန် (၂) ၁၃ ၁/၂ (62) ရွှေပြည်သာ  ၁၄ ၁/၄ (63) သာဓုကန် ၁၅ ၁/၄ (64) လှော်ကား ၁၇ ၁/၂   (ရထားလမ်းခွဲ ကွန်ပျူတာတက္ကသိုလ်သို့) (65) မိုးကြိုးပင် ၂၀ ၃/၄ (66) မှော်ဘီ ၂၄ ၃/၄ (67) အောက်ဝါးနက်ချောင်း ၂၇ ၃/၄ (68) ဝါးနက်ချောင်း ၂၉ ၃/၄ (69) လက်ပန်းတန်းစု ၃၂ ၃/၄ (70) ဖူးကြီး ၃၅ ၁/၂ (71) ပိတောက်တန်း ၃၈ ၁/၄ (72) တိုက်ကြီး ၄၁ ၁/၂ (73) သနပ်ချောင်း ၄၆ ၁/၂ (74) ဖလုံ ၅၁ ၁/၂ (75) ဥက္ကံ ၅၆ ၁/၂ (50) ငဖြူကလေး ၆၁ ၁/၂ (51) သုံးဆယ် ၆၅ ၃/၄ (52) သုံးဆယ်မြို့မ ၆၆ ၁/၄ (53) သာယာဝတီ ၆၈ ၃/၄ (54) အင်းရွာ ၇၃ (55) ခြင်္သေ့ကုန်း ၇၄ ၃/၄ (56) လက်ပံတန်း ၇၇ ၁/၄ (ရထားလမ်းဆုံ သရဝေါသို့ ၁၀၀ ၃/၄) (57) ဝက်လှကလေး ၈၁ ၁/၂ (58) ဝက်လှကလေးရွာမ ၈၃ (59) စစ်ကွင်း ၈၅ (60) ဆင်အိုင် ၈၈ ၃/၄ (61) မင်းလှ ၉၁ ၁/၄ (62) အိုးသည်ကုန်း ၉၅ ၁/၂ (63) အုတ်ဖိုမကျီးပင် ၉၉ (64) အုတ်ဖို ၁၀၁ ၁/၂ (65) သင်မန်းကုန်း ၁၀၄ (66) ကြို့ပင်ကောတ် ၁၀၉ (67) ခုနှစ်ရွာ ၁၁၁ ၁/၂ (68) ဇီးကုန်း ၁၁၆ (69) နတ်တလင်း ၁၂၄ (70) ပေါင်းတည် ၁၂၉ ၁/၂ (71) တောင်ဘို့လှ ၁၃၃ (72) လောင်းကြီး ၁၃၃ ၁/၄ (73) ပုတီးကုန်း ၁၃၆ (74) သဲချော် ၁၃၈ (75) သဲကုန်း ၁၄၁ ၁/၄ (76) အုတ်တွင်းကုန်း ၁၄၄ ၁/၂ (77) ဆင်မြီးဆွဲ ၁၄၉ ၁/၄ (78) တရွာကုန်း ၁၅၂ ၁/၄ (79) မှော်ဇာ ၁၅၅ ၃/၄ (ရထားလမ်းဆုံ အောင်လံ-တောင်တွင်းကြီး-နေပြည်တော်သို့) (80) ခေတ္တရာ ၁၅၈ ၁/၄ (81) ပြည်မြို့ ၁၆၁ ကိုးကား မြန်မာနိုင်ငံရှိ ရထားလမ်းများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%20%E1%80%9B%E1%80%91%E1%80%AC%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8
ရန်ကုန်-မော်လမြိုင် ရထားလမ်း
ရန်ကုန် - မော်လမြိုင် ရထားလမ်း သည် မြန်မာနိုင်ငံ ရန်ကုန်မြို့ နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ တို့ကို ပဲခူးတိုင်းမှတဆင့် ဖြတ်သန်းဆက်သွယ်ထားသော မီတာဂေ့ချ် ရထားလမ်းဖြစ်ကာ မြန်မာ့မီးရထားက စီမံခန့်ခွဲသည်။ သံလမ်းမိုင်: ၃၈၆.၇၅ မိုင် ရှည်လျားပြီး တံတားပေါင်း: ၈၃၂ စင်း နှင့် ဘူတာရုံပေါင်း: ၈၂ ခု ရှိသည်။ သမိုင်းကြောင်း ရန်ကုန် - တောင်ငူလမ်းပိုင်းကို ၁၈၈၅ခုနှစ် ဇူလှိုင်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ပေးခဲ့ပြီး စုစုပေါင်း ကုန်ကျငွေမှာ ရူးပီးငွေကျပ် (၁၃) သန်းဖြစ်သည်။ ထို့နောက် ပဲခူးမြို့မှ ညောင်ခါးရှည်လမ်းပိုင်း ၁၉၀၇ခုနှစ် ဧပြီလ (၁၀)ရက်နေ့တွင်လည်းကောင်း ၊ ညောင်ခါးရှည် - ကျိုက်ထိုလမ်းပိုင်းကို ၁၉၀၇ခုနှစ် ဇူလှိုင်လ(၁)ရက်နေ့တွင်လည်းကောင်း ၊ ကျိုက်ထို - ကော့ကဒွတ်လမ်းကို ၁၉၀၇ခုနှစ် စက်တင်ဘာလ(၁၄)ရက်တွေလည်းကောင်းနှင့် ၁၉၀၇ခုနှစ် စက်တင်ဘာခ(၂၅)ရက်တွေလည်းကောင်း အသီးသီး ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုချိန်က မော်လမြိုင်သို့ တိုက်ရိုက်ရထားလမ်း မရှိသေးဘဲ မော်လမြိုင်မြို့များသို့သွားရန်အတွက် မုတ္တမမြို့မှ ကူးတို့လှေ၊ သင်္ဘောများကို တဆင့်စီးရသည်။ သံလွင်တံတားကြီးကို ၂၀⁠၀၆ ခုနှစ် ဧပြီလတွင် ဖွင့်လှစ်ပေးခဲ့ပြီးနောက် ထိုတံတားကြီးမှ မီးရထားလမ်းဖြင့် မော်လမြိုင် ဘူတာသစ်သို့ ဆက်သွယ်ထားသည်။ ဘူတာရုံများ ရန်ကုန်-ပဲခူး-မော်လမြိုင်-ရေး-ထားဝယ် ရထားလမ်း စစ်တောင်းမြစ်ကူးတံတား၇၇/၁၉ (1) သိမ်ဇရပ် ၇၈ ၃/၄ (2) သထုံစု ၈၂ (3) မုပ္ပလင် ၈၄ ၁/၂ (4) Sut Pa Nu 88 (5) ကျိုက္ကသာ ၉၀ ၁/၂ (6) ဘို့ရားကြီး ၉၅ (7) ကျိုက်ထိုမြို့ ၉၈ ၃/၄ (8) မရမ်းကုန်း ၁၀၄ (9) တောင်စွန်း ၁၀၅ ၁/၂ (10) အနိုင်းပွန် ၁၁၃ ၃/၄ (11) နှင်းပုလဲ ၁၁၆ ၃/၄ --> ရထားလမ်းခွဲ Phaya Kwin (abandoned ?) နှင့် ဘီလင်းသိကြားစက်သို့ (12) ဒုံဝန်း ၁၂၁ ၁/၂ (13) သိမ်ဆိပ် ၁၂၆ ၃/၄ (14) နောင်ဘို ၁၂၉ ၁/၄ (15) နောင်ကုလား ၁၃၃ ၁/၄ (16) သထုံ ၁၃၈ (ရထားလမ်းဆုံ မြိုင်ကလေး၊ ဘားအံသို့) (17) အောင်ဆိုင်း ၁၄၁ ၃/၄ (18) ရင်းညိမ် ၁၄၆ ၁/၂ (19) ကတွန် ၁၅၀ ၃/၄ (20) ဇင်းကျိုက် ၁၅၄ ၁/၄ (21) ပေါင်၁၅၉ (22) ကျွဲခြံ ၁၆၁ ၃/၄ (23) မုတ္တမ ၁၇၂ ၃/၄ သံလွင်တံတား (မော်လမြိုင်) (24) မော်လမြိုင် (ဘူတာရုံဟောင်း) ၁၇၈ (25) မော်လမြိုင် ၁၈၂ ၁/၄ ကိုးကား မြန်မာနိုင်ငံရှိ ရထားလမ်းများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA-%E1%80%99%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%20%E1%80%9B%E1%80%91%E1%80%AC%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8
တင်မောင်ဝင်း (ဒုတိယဗိုလ်ချုပ်ကြီး)
ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းသည် တပ်မတော်မှ အငြိမ်းစားအရာရှိတစ်ဦးဖြစ်ပြီး လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ သူသည် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။ အလုပ်အကိုင် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းသည် တပ်မတော်တွင် လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် တပ်မတော်အရံအင်အားသို့ ပြောင်းရွှေ့ခံခဲ့ရသူများတွင် ပါဝင်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲအပြီး တပ်မတော်မှဖွဲ့စည်းခဲ့သော တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီတွင် အဖွဲ့ဝင်အဖြစ် လည်းကောင်း တာဝန်ယူခဲ့သည်။ အစိုးရအဖွဲ့ရာထူးများ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် တပ်မတော်မှ အငြိမ်းစားယူကာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခံခဲ့ရသည်။ မွေးဖွားခုနှစ် မသိရှိရသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ
https://my.wikipedia.org/wiki/%E1%80%90%E1%80%84%E1%80%BA%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9D%E1%80%84%E1%80%BA%E1%80%B8%20%28%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%29
ဂရေးဟောင်းဒ် (ရုပ်ရှင်)
ဂရေးဟောင်းဒ် () သည် ဒါရိုက်တာ Aaron Schneider မှ ရိုက်ကူးထားပြီး ဇာတ်ညွှန်းရေးသားသူ တွမ်ဟန့်ခ်မှ ပါဝင်သရုပ်ဆောင်ထားသည့် ၂၀၂၀ ခုနှစ်တွင် ထွက်ရှိခဲ့သော အမေရိကန် စစ်ပွဲ ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ ဒီဇာတ်ကားဟာ CS Foresterက 1955 ခုနှစ်ထုတ် The Good Shepherd ဝတ္ထုကို အခြေခံထားပြီး Stephen Graham၊Rob Morganနဲ့Elisabeth Shue တို့လည်း ပါဝင်ထားပါတယ်။ အဆိုပါဇာတ်ကားသည် ၁၉၄၂ ခုနှစ်အစောပိုင်းက အတ္တလန္တိတ်တိုက်ပွဲအတွင်း မဟာမိတ်တပ်များယာဉ်တန်းမှ သင်္ဘောသုံးဆယ်ခုနစ်စင်းပါသော မဟာမိတ်သင်္ဘောလေးဆယ်စီးပါဝင်သော နိုင်ငံစုံ အစောင့်အကြပ်ဖျက်သင်္ဘောတစ်ဖွဲ့ကို ပထမဆုံးတာဝန်ယူခဲ့သည့် အမေရိကန်ရေတပ်မှ တပ်မှူးတစ်ဦး၏တာဝန်ကို ဇာတ်လမ်းဆင်ထားသည်။ ဒုတိယကမ္ဘာစစ်သို့ တရားဝင်ဝင်ရောက်လာခဲ့သည်။ Greyhoundကို Sony Pictures Releasing မှ 2020 ခုနှစ် ဇွန်လ 12 ရက်နေ့တွင် အမေရိကန်တွင် ရုံတင်ပြသရန် စီစဉ်ထားသော်လည်း ယခင်က အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ပြီးနောက် COVID-19 ကူးစက်ရောဂါကြောင့် နောက်ဆုံးတွင် ဖျက်သိမ်းခံခဲ့ရသည်။ ထို့နောက် ဖြန့်ဖြူးခွင့်ကို 2020 ခုနှစ် ဇူလိုင်လ 10 ရက်နေ့တွင် ဒစ်ဂျစ်တယ်စနစ်ဖြင့်ဖြန့်ချိခဲ့သည့်Apple TV+သို့ ရောင်းချခဲ့သည်။ ၎င်းသည် လုပ်ဆောင်ချက် sequences များအတွက် ချီးကျူးမှုများနှင့် ၎င်း၏ မိနစ် 90 runtime ကို ထိရောက်စွာ အသုံးပြုခြင်းနှင့်အတူ ဝေဖန်သူများထံမှ အပြုသဘောဆောင်သော သုံးသပ်ချက်များကိုရရှိခဲ့သည်။ ၉၃ ကြိမ်မြောက် အော်စကာဆုပေးပွဲ၌ အဆိုပါဇာတ်ကားသည် အကောင်းဆုံးအသံအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့သည်။ ကိုးကား ၂၀၂၀ ရုပ်ရှင်ဇာတ်ကားများ အမေရိကန် စစ်ပွဲ ဒရာမာ ရုပ်ရှင်ဇာတ်ကားများ
https://my.wikipedia.org/wiki/%E1%80%82%E1%80%9B%E1%80%B1%E1%80%B8%E1%80%9F%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%BA%20%28%E1%80%9B%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%29
နိုင်ဝင်းသီ
နိုင်ဝင်းသီ (၁၉၅၇ မွေးဖွား) သည် မြန်မာနိုင်ငံသား အမျိုးသားစာပေဆုရ စာရေးဆရာတစ်ဦး ဖြစ်သည်။ အစောပိုင်းဘဝ နိုင်ဝင်းသီကို အဖဦးတင်လှိုင်နှင့် အမိဒေါ်အုန်းစိန်တို့မှ သန်လျင်မြို့၌ ၁၉၅၇ ခုနှစ်တွင် မွေးဖွားခဲ့သည်။ အမည်ရင်း ဦးနိုင်ဝင်း ဖြစ်ပြီး မွေးချင်းငါးယောက်အနက် ဒုတိယမြောက် သားဖြစ်သည်။ သန်လျင်မြို့ ၊ အထက(၄) ကွန်ဗင့်နှင့် အထက(၂) မက်သဒစ်ကျောင်းများတွင် ဒသမတန်းအထိ ပညာသင်ကြားခဲ့သည်။ သမဝါယမစာရေး၊ ရေတပ်သား၊ လမ်းဘေးဈေးသည်၊ သင်္ဘောကျင်းပညာသင်၊ စာအုပ်ဟောင်းရောင်းသူ စသည်ဖြင့် ဘဝမျိုးစုံ ကျင်လည်ခဲ့သည်။ စာပေရေးသားခြင်း မဟေသီ၊ ကလျာ၊ စတိုင်သစ်၊ ရတီ၊ ဖက်ရှင်၊ IDEA၊ သပြေ၊ ရုပ်ရှင်အောင်လံ၊ ရွှေအောင်လံ၊ ပေါ်ပြူလာ၊ သတင်းစုံ၊ မိုးမခ၊ FACES၊ YOUTH၊ IMAGE၊ ဂျီအီးစီ၊ ရင်စူးမြား၊ ရွှေပုစွန်၊ ရုပ်ရှင်သစ္စာ၊ ပိတောက်ပွင့်သစ်၊ နရီသစ်၊Beauty Max ၊ ပြစ်မှု၊ မြရည်သီတာ၊ ရတီ၊ Buyer Choice ၊ သောကြာ၊ ရယ်စရာ၊ ရယ်ရွှင်ဖွယ်အောင်လံ၊ ရုပ်ရှင်တေးကဗျာ၊ လင်းလွန်းခင်စာပေအနုပညာမဂ္ဂဇင်းများ၊ Moemaka ၊ သစ်ခက်သံလွင်၊ Freedom wave Online webpages များနှင့် မြန်မာတိုင်းမ်၊ The Voice နေ့စဉ်ထုတ်သတင်းစာများတွင် ဝတ္ထုတို၊အက်ဆေးနှင့် သရော်စာများရေးသားခဲ့သည်။ ရင်စူးမြား Online Magazine တွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ကိုပေသီးအုန်းပင်တက်နေသည်နှင့် အခြားဝတ္ထုတိုများ(၁၉၈၉ခုနှစ်)၊ ခရမ်းပြာကောင်းကင်(၂၀၀၂ ခုနှစ်) အကြွင်းမဲ့နှင်းဆီ(၂၀၀၂ ခုနှစ်)၊ နာရီတစ်လုံးရဲ့အလျား မဂ္ဂဇင်းဝတ္ထုတိုများ (၂၀၁၇ ခုနှစ်)၊ မြို့ကလေးရဲ့အော်ပရာ အက်ဆေးများ (၂၀၂၀ခုနှစ်) စသည့် စာအုပ်များကို ရေးသားခဲ့ပါသည်။ ရရှိခဲ့သော ဆုတံဆိပ်များ ကိုပေသီးအုန်းပင်တက်နေသည်နှင့် အခြားဝတ္ထုတိုများစာအုပ်သည် ၁၉၈၇ ခုနှစ် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ် ပထမဆု ရရှိခဲ့သည်။ မြို့ကလေးရဲ့အော်ပရာ အက်ဆေးစာအုပ်သည် ၂၀၂၀ ခုနှစ် အမျိုးသား စာပေဆု ရသစာတမ်း (အက်ဆေးဆု) ရရှိခဲ့သည်။ မိသားစု ဇနီးမှာ ဒေါ်သန်းနွယ်ဖြစ်ပြီး သားတစ်ယောက်ထွန်းကားခဲ့သည်။ သန်လျင်မြို့တွင် မိသားစုနှင့်အတူ နေထိုင်လျက်ရှိသည်။ ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ အမျိုးသားစာပေဆုရှင်များ
https://my.wikipedia.org/wiki/%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9D%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AE
ဦးစောမောင်အစိုးရ
ဦးစောမောင်အစိုးရသည် ရှစ်လေးလုံးအရေးအခင်း၌ တပ်မတော်မှ နိုင်ငံတော်အာဏာကိုသိမ်းပိုက်ပြီးနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) မှ ဖွဲ့စည်းခဲ့သောအစိုးရဖြစ်သည်။ အစိုးရအဖွဲ့ ၁၉၈၈ စက်တင်ဘာ ၂၀ တွင် ကြေညာချက် ၄/၈၈ ဖြင့် "အုပ်ချုပ်ရေးအစိုးရအဖွဲ့" ကို အောက်ပါအတိုင်းဖွဲ့စည်းခဲ့သည်။ ဆက်စပ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ရှစ်လေးလုံးအရေးအခင်း ကိုးကား ပြည်ထောင်စုအစိုးရအဖွဲ့
https://my.wikipedia.org/wiki/%E1%80%A6%E1%80%B8%E1%80%85%E1%80%B1%E1%80%AC%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B
ရွှေပန်းထိမ်
ရွှေပန်းထိမ်သည် ရွှေနှင့် အခြားတန်ဖိုးကြီး သတ္တုများဖြင့် လူ့အသုံးအဆောင်များ ပြုလုပ်သည့် ပန်းထိမ်အတတ် ဖြစ်သည်။ ယနေ့ခေတ်တွင် ကျောက်မျက်ရတနာ လက်ဝတ်လက်စား ပြုလုပ်ခြင်းကို အထူးအလေးပေးကြသော်လည်း သမိုင်းကြောင်းအရမူ ရွှေပန်းထိမ်သမားများက ငွေထည်ပစ္စည်း၊ ပန်းကန်များ၊ ခွက်များ၊ အလှဆင်မှုဆိုင်ရာနှင့် ဝန်ဆောင်မှုပေးနိုင်သော အသုံးအဆောင်ပစ္စည်းများ၊ ပွဲတော်များ သို့မဟုတ် ဘာသာရေးအခမ်းအနားနှင့်ဆိုင်သည့် ပစ္စည်းများကိုလည်း ပြုလုပ်ခဲ့ကြသည်။ ရွှေပန်းထိမ်သမားများသည် သတ္တုစပ်ခြင်း၊ soldering ဂဟေဆော်ခြင်း၊ ဖြတ်တောက်ခြင်း၊ ထုရိုက်ပုံဖော်ခြင်း၊ casting ပုံသွန်းလောင်းခြင်းနှင့် တိုက်ချွတ်ခြင်းတို့၌ ကျွမ်းကျင်တတ်မြောက်ရသည်။ ငွေထည်ပြုလုပ်ခြင်းစွမ်းရည်များအပြင် လက်ဝတ်ရတနာပြုလုပ်သော စွမ်းရည်များကိုပါ တတ်ကျွမ်းရ၏။ အစဉ်အဆက်အားဖြင့် ပညာသင်နေစဉ်ကာလပတ်လုံး ကျွမ်းကျင်မှုရှိရန် လေ့ကျင့်လုပ်ဆောင်ကျော်ဖြတ်လာခဲ့ကြသော်လည်း ရွှေပန်းထိမ်အတတ်ကို အထူးပြုသင်ကြားပေးသည့် အနုပညာသင်တန်းကျောင်းများက လက်ဝတ်ရတနာ ထီးခက်ဖြာအောက် ကျရောက်သော ဘာသာရပ်တို့၌ပါ တတ်မြောက်ကျွမ်းကျင်အောင်လေ့ကျင့်သင်ကြားပေးသည်။ များစွာသော တက္ကသိုလ်များနှင့် သက်တမ်းရှည်ကောလိပ်ကျောင်းများက ရွှေပန်းထိမ်၊ ငွေပန်းထိမ်နှင့် သတ္တုဖြင့်အနုပညာဖန်တီးပုံဖော်မှုအတတ်ကို ၎င်းတို့၏ သင်ရိုးညွန်တမ်းတစ်ခုအဖြစ် ထည့်သွင်းသင်ကြားပေးသည်။ ရွှေ အခြားသော သတ္တုများနှင့် နှိုင်းယှဉ်ပါက ရွှေသည် ပျော့ပျောင်းခြင်း၊ နန်းဆွဲဒဏ်ခံနိုင်ခြင်း၊ ရှားပါးခြင်းနှင့် အဝါရောင်အစိုင်အခဲဖြင့်ဖြစ်တည်နေသည့် သတ္တုဖြစ်ခြင်း စသည့်အင်္ဂါရပ်နှင့် ပြည့်စုံသည်။ ရွှေသည် အလွယ်တကူ အရည်ပျော်နိုင်၊ ပေါင်းစပ်နိုင်ခြင်း၊ အခြားသော သတ္တုများ ဥပမာ ကြေးညိုကဲ့သို့ အောက်ဆိုက်ဒ်နှင့် ဓာတ်ငွေ့ပြဿနာမရှိပဲ လွယ်ကူစွာ ပုံသွန်းလောင်းနိုင်သည်။ ၎င်းသည် ရွှံ့ဗွက်နှင့်အလားတူ သေးငယ်သော အပိုင်းနှစ်ပိုင်းကို ထိပ်စနှစ်ဖက်အား ဖိအားပေးအရည်ပျော်ဝင်စေခြင်းဖြင့် ပိုကြီးသည့်အစိတ်အပိုင်းတစ်ခုအဖြစ်သို့ အတန်အသင့် လွယ်ကူစွာ အတူတကွ ပေါင်းစပ်နိုင်စွမ်းသည်။ ဒြပ်စင်အများစုနှင့် ဓာတ်ပြုလေ့မရှိခြင်းကြောင့် ရွှေကို နိုဘယ်လ်ဒြပ်စင်တစ်ခုအဖြစ် အတန်းအစားသတ်မှတ်ထားသည်။ ၎င်းကို အများအားဖြင့် သဘာဝအတိုင်း တွေ့ရှိနိုင်ပြီး အရောင်ပျက်ပြယ်ခြင်း၊ ဓာတ်တိုးခြင်းမဖြစ်ပဲ သက်တမ်းရှည်ကြာ တည်နေနိုင်သည်။ သမိုင်းကြောင်း ဒေသအတွင်းထွက်ရှိ၍ဖြစ်စေ၊ တင်သွင်းလာခြင်းဖြင့်ဖြစ်စေ ယဉ်ကျေးမှုအရပ်ရပ်၌ လူသားတို့က ရွှေလုပ်ငန်းကို လုပ်ကိုင်လာနှင့်ခဲ့ပြီးဖြစ်ကာ ထိုလုပ်ဆောင်ချက်များ၏ သမိုင်းကြောင်းမှာ နေရာဒေသအနှံ့ ကျယ်ပြန့်သည်။ အာဖရိက၊ အာရှ၊ ဥရောပ၊ အိန္ဒိယ၊ မြောက်အမေရိက၊ အလယ်ပိုင်းအမေရိကနှင့် တောင်အမေရိကရှိ ကျက်သရေဆောင် ပြတိုက်များနှင့် ကမ္ဘာတလွှားတွင် အလွန်ကောင်းမွန်စွာ ပြုလုပ်ထားခဲ့သော ရှေးခေတ် ရွှေပန်းထိမ်လက်ရာများကို စုဆောင်းထားရှိသည်။ အချို့မှာ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိပြီး ယခုခေတ်ရွှေပန်းထိမ်သမားများ အသုံးချနေဆဲ များစွာသော နည်းစနစ်များကိုသုံးပြီး ပြုလုပ်ထားခဲ့ကြခြင်းဖြစ်သည်။ အဆိုပါနည်းစနစ်များကိုရှေ့ဆောင်ပြုလုပ်ခဲ့သည့် အချို့သော ရွှေပန်းထိမ်သမားများသည် ပညာအမွေဆက်ခံသူများလက်ထက်အရောက်တွင် တိမ်မြုပ်ပျောက်ကွယ်သွားသော ကျွမ်းကျင်မှုအဆင့်တစ်ခုအထိ ရောက်ရှိခဲ့ဖူးကြ၏။"ရှေးအခါက ထိုထက်ပိုမကောင်းနိုင်သော၊ ယခုခေတ်ကဲ့သို့လည်း လက်ရာမမြောက်လှသေးသော အနုပညာဆိုင်ရာ အရည်အသွေးကောင်းပစ္စည်းများကို ထုတ်လုပ်ခဲ့ကြသူ၊ မြင့်မားသော အဆင့်အတန်းသို့ ရောက်ခဲ့သည့် ထိုရှေးခေတ်အနုပညာရှင်များနှင့် လက်မှုပညာသည်များ"က အသုံးပြုခဲ့သော ဓာတုနည်းစနစ်များအား ဖော်ထုတ်နိုင်ရေး သုတေသနပညာရှင်များက ကြိုးပမ်းလျှက်ရှိသည်။ အလယ်ခေတ်တွင် ဥရောပရွှေပန်းထိမ်သမားများက အသင်းအဖွဲ့များ ဖွဲ့လာခဲ့ကြသည်။ ရွှေပန်းထိမ်အသင်းသည် အများအားဖြင့် မြို့ကြီးတစ်မြို့ရှိ အသင်းများထဲတွင် အချမ်းသာဆုံးနှင့် အရေးပါဆုံးသော အသင်းအဖွဲ့ဖြစ်သည်။ အသင်းက အဖွဲ့ဝင်များနှင့် ၎င်းအဖွဲ့ဝင်တို့၏ ထုတ်ကုန်ပစ္စည်းများ၌ အသုံးပြုသော အမှတ်အသား တံဆိပ်တုံးများကို မှတ်တမ်းတင် သိမ်းဆည်းထားရှိခဲ့သည်။ ထိုမှ မပျက်မဆီး ကျန်ရှိသည့် မှတ်တမ်းမှတ်ရာများမှာ သမိုင်းပညာရှင်များအတွက် အလွန်အသုံးဝင်၏။ တန်ဖိုးကို သိုလှောင်ပေးသည့် ရွှေကို ကိုင်တွယ်စီမံနေရခြင်းကြောင့် ရွှေပန်းထိမ်များမှာ ဘဏ်ပိုင်ရှင်များအဖြစ်ပါ လုပ်ကိုင်ခဲ့ကြသည်၊ ငွေတိုးချေးသည့်အလုပ်ကိုပါ လုပ်ကိုင်ကြခြင်းဖြစ်၏။ အလယ်ခေတ်က ရွှေပန်းထိမ်နှင့် ငွေပန်းထိမ်လုပ်ငန်းမှာ တွဲနေခဲ့သော်လည်း ကြေးဝါလုပ်သားများနှင့် အခြားတန်ဖိုးနိမ့် သတ္တုလုပ်သားများမှာ အခြားသော အဖွဲ့များ၏ အသင်းဝင်များသာ ဖြစ်ခဲ့ကြသည်။ လက်ဝတ်ရတနာလုပ်ငန်းအများမှာလည်း ရွှေပန်းထိမ်ပင်ဖြစ်သည်။ ၁၈၅၁ ခုနှစ် လန်ဒန်ပြပွဲကြီး၌ ခင်းကျင်းပြသခဲ့သည့် အလွန်လက်ရာမြောက်သော အနုပညာပစ္စည်းများ ပြုလုပ်ခဲ့ကြသူ ဆူနာဇာတ်ဝင်များမှာ အိန္ဒိယတွင် ရှေးအကျဆုံးသော ရွေပန်းထိမ်လုပ်သူ အသိုက်အဝန်းများထဲမှ တစ်အုပ်စုဖြစ်သည်။ ဒေဝနိယဘရာမင်၊ ဝိသဝါဘရာမင်တို့မှာ အိန္ဒိယနိုင်ငံ၌ ရွှေပန်းထိမ်လုပ်သည့် ဇာတ်ဝင်များဖြစ်၏။ ပန်းထုနည်းအတတ်ကို ၁၄၃၀ ဝန်းကျင်တွင် ဂျမနီပြည်၌ အဆိုပါနည်းစနစ်အား သတ္တုကိုယ်ထည်ပေါ် ကာလရှည်ကြာ အသုံးချလာခဲ့သူများက စတင်လုပ်ကိုင်ခဲ့သည်။ ၁၅ ရာစု၏ ထင်ရှားသော ပန်းထုပညာရှင် ရွှေပန်းထိမ်ဆရာများမှာ Master E.S. သို့မဟုတ် Martin Schongauer နှင့် Albrecht Dürer တို့ဖြစ်သည်။ ခေတ်ပြိုင်ရွှေပန်းထိမ်လုပ်ငန်းများ ရွှေပန်းထိမ်သမားတစ်ဦးသည် လက်ဝတ်လက်စားအထည်စုံ ပြုလုပ်ခြင်းအစွမ်းနှင့် ၎င်းတို့အား ရောင်းထုတ်ခြင်းအသိသညာကို သိထားရသည်။ သတ္တုအားလုံးထဲ၌ ပုံသွင်းရအလွယ်ကူဆုံးဖြစ်သည့် ရွှေမှာ လုပ်သားများအား တမူထူးသော အခွင့်အလမ်းများကို ပေးစွမ်းသည်။ ယနေ့ကမ္ဘာတွင် အခြားသော သတ္တုအမျိုးအစားများ၊ အထူးသဖြင့် ပလက်တီနမ်သတ္တုစပ်များကိုလည်း မကြာခဏ အသုံးပြုကြ၏။ ၂၄ ကာရက်ရွှေသည် သန့်စင်သောရွှေဖြစ်ပြီး သမိုင်းကြောင်းအရ ဇမ္ဗူရာဇ်ရွှေ၊ အခေါက်ရွှေဟု ခေါ်သည်။ ပျော့ပျောင်းခြင်းကြောင့် ၂၄ ကာရက်ရွှေကို ကျောက်ထည်၌ အသုံးနည်း၏။ ပိုမိုကြံ့ခိုင်ရန်နှင့် အမျိုးမျိုးသော အရောင်အသွေးများဖန်တီးရန် အများအားဖြင့် သတ္တုစပ်ခြင်းပြုရသည်။ သတ္တုစပ်ပြုလုပ်ရာတွင် သုံးသောသတ္တုအပေါ်မူတည်၍ အရောင်ပြောင်းနိုင်သည်။ ထို့နောက် သတ္တုစပ်ထားသော ရွှေကို ရောင်းတမ်းအတွက် သတ္တုစပ်၌ ရွှေပါဝင်မှုအချိုးအစားအား ကိုယ်စားပြုရန် ၇၂၅ အမှတ်အသားဖြင့် တံဆိပ်ရိုက်ရသည်။ ကျောက်မျက်ရတနာအထည်ဈေး ပိုသက်သာစေရန် အနည်းစုက ရွှေပါဝင်မှုနည်းသော သတ္တုစပ်များကိုသုံးပြီး ကျောက်ထည်အများစုမှာ ဤ ၇၂၅ အမှတ်အသား သတ္တုစပ်ဖြင့် ပြုလုပ်ထား၏။ ပြီးလျှင် ရွှေကို ပုံစံတစ်မျိုးမျိုးအဖြစ် ပုံသွန်းလောင်းမှု၊ အထူးသဖြင့် Lost-wax casting ခေါ်ဖယောင်းဖောက်မိုလောင်းခြင်း သို့မဟုတ် သတ္တုတွင် တိုက်ရိုက်ဖန်တီးခြင်း ပြုရသည်။ နောက်ပိုင်းအဆင့်တွင် ရွှေပန်းထိမ်သမားက သတ္တုကို ပြုလုပ်လိုသည့်ပုံစံရရန် rolling mill ကြိတ်စက်၊ နန်းပြင် နန်းပြင်၊ en:swage blocksမိုတုံးခေါ် ရိုက်မြောင်းနှင့် အချိုင့်ပုံ၊ ကြယ်ပုံ၊ ဘဲဥချိုင့်ပုံ၊ သစ်ခက်ပုံ စသည်တို့အား လိုအပ်သလို စီမံထွင်းထုထားသောပစ္စည်း၊ အခြားပုံဖော်ကိရိယာအပါအဝင် စက်ကိရိယာအမျိုးစုံကို သုံးရပါသည်။ ထို့နောက် အစိတ်အပိုင်းများအား ဂဟေဆက်တပ်ဆင်ခြင်းလုပ်ငန်းအဆင့်ဆင့်ကို လုပ်ကိုင်ဖန်တီးရသည်။ ဤသည်မှာ သမိုင်းသက်သေဖြစ်ပြီး အလွန့်အလွန်မြင့်မားသော ကျွမ်းကျင်မှုအဆင့်တစ်ခုဆီ အတတ်ပညာတော်လှန်ပြောင်းလဲရောက်ရှိခြင်းနှင့် အဆုံးစွန်စွမ်းရည်ဖြစ်သည်။ ရွှေပန်းထိမ်ဆရာကောင်းတစ်ယောက်သည် အသေးစိတ်တိကျလှသော စက်ကိရိယာကို အားမကိုးပဲ သူ၏မျက်လုံးနှင့် လက်စွဲတော်ကိရိယာများကိုသာ အထူးပိုမိုအားထားပြီး အလုပ်လုပ်နိုင်စွမ်းသည်။ ရွှေပန်းထိမ်အလုပ်တွင် ကျောက်မျက်ရတနာလုပ်ငန်းလုပ်သူဟု ဆိုကြသော ကျောက်မျက်ရတနာတပ်ဆင်ရသည့် အလုပ်လည်း မကြာခဏ ပါဝင်တတ်သည်။ သို့ရာတွင် ကျောက်မျက်ရတနာလုပ်ငန်းလုပ်သူဆိုသည်မှာ ကျောက်မျက်ရတနာ လက်ဝတ်လက်စား အရောင်းအဝယ်လုပ်သူကို အများဆုံးဆိုလိုခြင်းကြောင့် ရွှေပန်းထိမ်၊ ငွေပန်းထိမ်၊ ကျောက်မျက်ကျွမ်းကျင်သူ၊ စိန်သွေးသူ၊ စိန်တပ်ဆင်သူများနှင့် မရောထွေးရန် လိုသည်။ :en: Goldsmith ကိုးကား ရွှေ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%95%E1%80%94%E1%80%BA%E1%80%B8%E1%80%91%E1%80%AD%E1%80%99%E1%80%BA
မောင်ညိုပြာ
မောင်ညိုပြာ (၁၆ စက်တင်ဘာ ၁၉၄၅ မွေးဖွား) သည် မြန်မာ အမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။ ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်၊ စံဖရွာတွင် အဘ ဦးပု၊ အမိ ဒေါ်သန်းစိန်တို့မှ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်၊ တနင်္ဂနွေနေ့တွင် မွေးဖွားခဲ့ပြီး အမည်ရင်းမှာ မောင်စံအုန်း ဖြစ်သည်။ ၁၉၅၅တွင် ရန်ကုန်သို့ ရောက်ရှိပညာသင်ယူခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် ဆယ်တန်းအောင်ခဲ့သည်။ ရန်ကုန်ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်တွင် ၂ နှစ်တက်ရောက်သင်ယူပြီး ဥပစာသိပ္ပံ(က) အောင်ခဲ့သည်။ ကျောင်းမှထွက်ခဲ့ပြီး ကောက်ပဲသီးနှံရုံးလက်အောက်ရှိ ပိုးမွှားကာကွယ်ရေးဌာန(Pest Control)တွင် အင်စပက်တာ(Inspector)အဖြစ် ၂ နှစ်နီးပါးလုပ်ခဲ့သည်။ ထို့နောက် ရောဂါရှာဖွေရေးဓာတ်ခွဲမှူးသင်တန်း တက်ခဲ့ပြီး သင်တန်းအောင်မြင်ပြီးနောက် ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ခန့်အပ်ခြင်းခံရသည်။ မသွားသေးဘဲ ကူးသန်းရောင်းဝယ်ရေး စာရင်းစစ်ရုံး(Commercial Audit) ရုံးတွင် စာရင်းစစ်(Auditor) ၈ လခန့် ဝင်လုပ်ပြီးနောက် ပြည်မြို့ပြည်သူ့ဆေးရုံတွင် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းမှူး( Medical Lab Technician) အဖြစ် ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ပြည်မြို့မှာပင် အိမ်ထောင်ကျခဲ့သည်။ ထို့နောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ခဲ့ပြီး ၂၄ နှစ်ကြာအမှုထမ်းခဲ့ကာ အနှစ် ၃၀ လုပ်သက်ပင်စင်ယူခဲ့သည်။ ၁၉၆၉ ခုနှစ် မိုးဝေမဂ္ဂဇင်းတွင် "လေးစားပါတယ် ကိုဘိုးထွား"ကဗျာဖြင့် စာပေလောကသို့ ရောက်ခဲ့ပြီး "အမှတ်(၂)ကားပေါ်မှာ" ဝတ္ထုတို (မိုးဝေမဂ္ဂဇင်း)၊ "ပုတ်သင်ညိုမလေးရယ်" ဝတ္ထုတို ( အကယ်ဒမီစာစောင်)တို့သည် အစောဆုံး ဖော်ပြခံရသော စာမူများဖြစ်သည်။ ထို့နောက် ဝတ္ထုတိုများ ဆက်လက် ရေးသားခဲ့သည်။ ဝတ္ထုတိုနှင့်အက်ဆေးစာအုပ် စုစုပေါင်း ၁၅ အုပ် ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။ ယခုအခါ ဆရာမောင်ညိုပြာသည် မိသားစုနှင့်အတူ အင်းစိန်တွင် နေထိုင်လျက်ရှိပြီး စာပေများကို ဆက်လက်ရေးသားနေဆဲဖြစ်သည်။ ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%8A%E1%80%AD%E1%80%AF%E1%80%95%E1%80%BC%E1%80%AC
စိုးသိန်း (ဒုတိယဗိုလ်ချုပ်ကြီး)
ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းသည် တပ်မတော်မှ အငြိမ်းစားအရာရှိတစ်ဦးဖြစ်ပြီး လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ သူသည် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။ အလုပ်အကိုင် ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းသည် တပ်မတော်တွင် တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း၊ ရေ၊ လေ)အဖြစ် ၂၀၁၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တွင် အုပ်ချုပ်ရေးကဏ္ဍ၌ တာဝန်ပေးအပ်ခံခဲ့ရသည်။ အစိုးရအဖွဲ့ရာထူးများ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် တပ်မတော်မှ အငြိမ်းစားယူကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခံခဲ့ရသည်။ မွေးဖွားခုနှစ် မသိရှိရသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ စစ်ဖက်ဆိုင်ရာ လူပုဂ္ဂိုလ်များ
https://my.wikipedia.org/wiki/%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%20%28%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%29
ဒုတိယဗိုလ်ချုပ်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး (အင်္ဂလိပ်: Lieutenant General) ဆိုသည်မှာ စစ်ဖက်ဆိုင်ရာ အဆင့်မြင့်ရာထူးတစ်ခုဖြစ်ပြီး လက်နက်ကိုင်ဆောင်သည့်အဖွဲ့အစည်းများတွင် ခန့်အပ်သောရာထူး ဖြစ်သည်။ ယျေဘုယျအားဖြင့် တပ်မတော်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သည် ဗိုလ်ချုပ်ကြီး (General) အဆင့်အောက်တွင် ရှိပြီး ဗိုလ်ချုပ် (Major General) အဆင့်အထက်တွင် ရှိသည်။ မြန်မာ့တပ်မတော် မြန်မာ့တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးသည် စတုတ္ထမြောက် အမြင့်ဆုံးရာထူးဖြစ်သည်။ ယင်းရာထူးတွင် ခန့်အပ်ခံရသူများသည် စစ်ဆင်ရေး မဟာဗျူဟာရေးဆွဲသူများ၊ နေပြည်တော်အဆင့် စစ်ဘက်စီမံခန့်ခွဲသူများ၊ စစ်ဘက်ဆိုင်ရာအရာရှိချုပ်ရုံးများ၏ အကြီးအကဲများ ဖြစ်ကြပြီး နေပြည်တော်စစ်ရုံးတွင် ရုံးထိုင်ကြသည်။ ခန့်အပ်သည့် စစ်ဘက်ရာထူးများမှာ အောက်ပါအတိုင်းဖြစ်ကြသည်- စစ်ရေးချုပ် စစ်ထောက်ချုပ် စစ်ရာထူးခန့်ချုပ် စစ်ဦးစီးအရာရှိချုပ် စစ်ဥပဒေချုပ် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် စစ်ဆင်ရေးအထူးအဖွဲ့မှူးများ တပ်မတော်မှခန့်အပ်သော အစိုးရဝန်ကြီးဌာနများ၏ ပြည်ထောင်စုဝန်ကြီးများကိုလည်း ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထက် မနိမ့်သော အရာရှိကြီးများကိုသာ ခန့်အပ်လေ့ရှိသည်။ မြန်မာ့တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခံရသူများသည် ငါးနှစ်ကာလအတွင်း ရာထူးအတိုးအပြောင်းမရှိခဲ့လျှင် စစ်ဘက်တာဝန်မရှိသည့် အရန်အင်အားသို့ပို့ဆောင်ခြင်း ခံရသည်။ မြန်မာ့တပ်မတော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပြောင်းအလဲဖြစ်ခဲ့လျှင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လောင်း ဖြစ်ရန် အလားအလာရှိသည့် အနိမ့်ဆုံးစစ်ဘက်ရာထူးအဆင့် ဖြစ်သည်။
https://my.wikipedia.org/wiki/%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
ရန်ကုန်-မန္တလေး ရထားလမ်း
ရန်ကုန် - မန္တလေး ရထားလမ်း သည် မြန်မာနိုင်ငံ၏ မြို့ကြီးများဖြစ်သော ရန်ကုန်မြို့ ၊ နေပြည်တော်နှင့် မန္တလေးမြို့တို့ကို ဆက်သွယ်ထားသော မီတာဂေ့ချ် ရထားလမ်းဖြစ်ကာ မြန်မာ့မီးရထားက စီမံခန့်ခွဲသည်။ သံလမ်းမိုင်: ၃၈၅.၅ မိုင် ရှည်လျားသည်။ ရန်ကုန် - ပြည် ရထားလမ်းဖွင့်လှစ်ပြီးနောက် မြန်မာပြည်၏ ဒုတိယမြောက် ရထားလမ်းဖြစ်သည်။ သမိုင်းကြောင်း ဗြိတိသျှတို့မှ ရန်ကုန် - ပြည် ရထားလမ်းဖောက်လုပ်ပြီးတောင် ရန်ကုန် - တောင်ငူလမ်းပိုင်း ဆက်လက်ဖောက်လုပ်ရန် ၁၈၈၁ ခုနှစ်တွင် အောက်မြန်မာပြည် အစိုးရမှ ဆုံးဖြတ်ခဲ့သည်။ ကနေဦးအဖြစ် ရန်ကုန် - ညောင်လေးပင် လမ်းပိုင်းကို ၁၈၈၄ခုနှစ် ဖေဖော်ဝါရီ(၄)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ညောင်လေးပင် - တောင်ငူလမ်းကို ၁၈၈၅ခုနှစ် ဇူလှိုင်လ (၁)ရက်နေ့တွင် ဆက်လက်ဖွင့်လှစ်ခဲ့သည်။ ရန်ကုန် - တောင်ငူလမ်းပိုင်း အတွက် စုစုပေါင်းကုန်ကျငွေမှာ ရူးပီငွေကျပ် (၁၃)သန်းဖြစ်သည်။ ၁၈၈၅ခုနှစ် ဗြိတိသျှတို့မှ အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် အောက်ပါအတိုင်း လမ်းပိုင်းများကို အသီးသီး ဆက်လက် ဖောက်လုပ်ခဲ့သည်။ တောင်ငူ - မန္တလေး လမ်းပိုင်းအတွက် ကုန်ကျငွေစုစုပေါင်းမှာ ရူးပီးငွေကျပ် (၂၁)သန်းဖြစ်ကာ တမိုင်လျှင် ရူးပီးကျပ် ၉၄၇၇ဝိ/- ကုန်ကျခဲ့သည်။ ဘူတာရုံများ ရန်ကုန်-မန္တလေး ရထားလမ်း (1) ရန်ကုန် ၀/၀ (39) နှင်းဆီကုန်း ၄ (40) သင်္ကန်းကျွန်း ၄ ၁/၂ (41) ငမိုးရိပ် ၅ ၁/၄ (42) တိုးကြောင်ကလေး ၇ ၁/၄ (ရထားလမ်းဆုံ သီလဝါဆိပ်ကမ်းနှင့် ဒဂုံတက္ကသိုလ်) (43) ရွာသာကြီး ၁၂ ၃/၄ (44) လေးထောင့်ကန် ၁၆ (45) ဒါးပိန် ၂၂ ၁/၂ (ရထားလမ်းခွဲ လှော်ကားအင်းသို့ ၄၄) ထုံးကြီး ၃၀ ၁/၄ (တိုင်းအမှတ် (၆)) (3) ကျောက်တန်း ၃၄/၁ (4) တာဝ ၃၈ ၁/၄ (5) ဘုရားသုံးဆူ ၄၂ ၁/၂ (6) ပဲခူးမြို့  ၄၆ ၁/၂ (ရထားလမ်းဆုံး မော်လမြိုင်သို့၊ ရထားလမ်းခွဲ (၃၆) ဟံသာဝတီလေဆိပ်(တည်ဆောက်ဆဲ)သို့ (7) ရွှေလှေ ၅၁ ၃/၄ (8) ရွှေတန် ၅၃ ၁/၂ (9) ဘုရားကြီး ၅၇ (10) ဘုရားကလေး ၅၉ ၁/၄ (11) ဝမ်းဘဲအင်း - (12) ပျဉ်ပုံကြီး ၆၄ ၃/၄ (13) ကျိုက်စကော ၆၈ (14) ကဒုတ် ၇၁ (15) ဖောင်တော်သီ ၇၅ ၃/၄ (16) ဒိုက်ဦး ၈၁ ၁/၄ (17) ပြွန်တန်ဆာ ၈၇ ၃/၄ (18) ငါးထပ်ကြီး ၉၀ ၁/၄ (19) ညောင်လေးပင် ၉၂ ၃/၄ (ရထားလမ်းဆုံ မဒေါက်သို့ ၁၀၉) (20) တော်ဝီ ၉၇ ၁/၂ (21) ပိန်းဇလုပ် ၁၀၀ ၃/၄ (22) သူဌေးကုန်း ၁၀၆ (23) ကျောက်တံခါး ၁၀၈ ၃/၄ (24) ယင်းတိုက်ကုန်း ၁၁၁ ၁/၂ (25) ပဲနွယ်ကုန်း ၁၁၄ ၁/၄ (26) တောကျွဲအင်း ၁၁၉ (27) ကညွတ်ကွင်း ၁၂၃ ၃/၄ (28) ညောင်ပင်သာ ၁၂၈ ၁/၂ (29) ဖြူး ၁၃၄ ၁/၄ (30) ဇေယျဝတီ ၁၃၈ ၁/၄ (31) ညောင်ခြေထောက် ၁၄၃ ၁/၄ (32) ကျွဲပွဲ ၁၄၉ ၁/၄ (33) ဘန့်ဘွေးကုန်း ၁၅၂ ၃/၄ (34) အုတ်တွင်း ၁၅၈ ၁/၄ (35) သောင်းတိုင်ကုန်း ၁၆၁ ၃/၄ တောင်ငူမြို့ ၁၆၆ (တိုင်းအမှတ် (၅)) (33) တောင်ငူမြို့ ၁၆၆ (32) ကျေးတော ၁၇၁ ၁/၂ (31) ကျွန်းကုန်း ၁၇၅ ၁/၂ (30) ကေတုမတီ ၁၈၀ ၁/၂ (29) ရေတာရှည် ၁၈၃ ၁/၄ (28) ကုန်းကြီး ၁၈၇ ၁/၄ (27) ဆွာ ၁၉၁ ၁/၂ (26) သာဂရ ၁၉၅ ၁/၂ (25) သာယာကုန်း ၁၉၇/၂၃-၂၄ (24) မြို့လှ ၂၀၁ ၁/၄ (23) ရေနီ ၂၀၆ ၁/၂ (22) သာဝတ္တိ ၂၁၀ (21) ထိန်အင်း ၂၁၄ (20) ဧလာ ၂၁၆ ၃/၄ (19) ပြည်ဝင် ၂၁၉ ၁/၄ (18) ပျဉ်းမနားမြို့ ၂၂၅ (ရထားလမ်းဆုံ)  တောင်တွင်းကြီးမြို့သို့ (17) ရွာတော် ၂၃၀ (16) နေပြည်တော် ၂၃၃/၀ Inaugurated on 5 July 2009 (15) ကျည်တောင်ကန် ၂၃၅ ၁/၄ (14) ဖြုတ်ခွဲ ၂၄၀ ၁/၂ (13) ဆင်ဖြူကျွန်း ၂၄၃ ၁/၂ (12) ရွှေမြို့ ၂၄၆ ၃/၄ (11) ဆင်သေ ၂၅၁ (10) တပ်ကုန်းမြို့ ၂၅၃ ၁/၂ (9) မကျီးပင် ၂၅၇ ၁/၂ (8) ညောင်လွန်း ၂၆၁ ၁/၂ (7) ငှက်သိုက် ၂၆၈ (6) အင်ကုန်း ၂၇၀ ၃/၄ (5) ရမည်းသင်းမြို့ ၂၇၄ ၁/၂ (4) အင်းကြင်းကန် ၂၇၈ ၁/၂ (3) ရွှေဒါး ၂၈၂ ၁/၂ (2) ပျော်ဘွယ်မြို့ ၂၈၇ ၁/၂ (1) ရှမ်းရွာ ၂၉၂ ၃/၄ ဆက်လက်၍ ပျဉ်းမနားသို့ (တိုင်းအမှတ် (၅)) (17) ညောင်ရမ်း ၂၉၉ ၁/၄ (16) နွားထိုး ၃၀၂ ၁/၄ (12) သာစည်မြို့ ၃၀၆ ရွာပုလဲ ၃၁၀ ၁/၂ (တိုင်းအမှတ် (၃)) ၃၀၉/၉ သာစည်သို့ ၃၀၆ (တိုင်းအမှတ် (၄)) (23) ရွာပုလဲ ၃၁၀ ၁/၂ (22) ဟံဇား ၃၁၅ ၁/၂ (21) ဒဟတ်တော် ၃၁၈ ၁/၄ (20) သဲတော် ၃၂၂ ၁/၄ (19) ခင်ဘန်း ၃၂၅ ၃/၄ (18) စမုံ ၃၂၉ (17) အိုးထုတ်ကုန်း ၃၃၂ ၁/၄ (16) သပြေတောင်း ၃၃၆ ၁/၄ (15) ကူမဲ ၃၄၁ ၁/၂ (14) မြစ်သား ၃၄၇ (13) မြင်းစု ၃၅၂ ၁/၂ (12) ကျောက်ဆည်မြို့ ၃၅၉ ၁/၄ (11) ဘဲလင်း ၃၆၃ ၁/၂ (10) စဉ့်ကိုင် ၃၆၉ (9) ပလိပ် ၃၇၄ ၁/၄ (၄၄၄) (ရထားလမ်းဆုံ မြင်းခြံမြို့သို့) (8) မြစ်ငယ် ၃၇၇ ၁/၄ (7) တံခွန်တိုင် ၃၈၀ ၁/၂ (4) မြို့ဟောင်း ၃၈၂ ၃/၄ (ရထားလမ်းဆုံ လားရှိုးမြို့သို့) (5) ရှမ်းစု ၃၈၉ (6) မန္တလေးမြို့ ၃၉၀ ၁/၂ ကိုးကား မြန်မာနိုင်ငံရှိ ရထားလမ်းများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA-%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%20%E1%80%9B%E1%80%91%E1%80%AC%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်
မာရဝိဇယဗုဒ္ဓရုပ်ပွားတော် သည် ရှိသော ဘူမိဖဿမုဒြာ စကျင်ကျောက် ရုပ်ပွားတော်ဖြစ်ပြီး မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ရှိသည်။ ရုပ်ပွားတော်သည် စကျင်ကျောက်သားဖြင့် ထုလုပ်ပူဇော်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ စကျင်ကျောက်သားရုပ်ပွားတော်များထဲမှ ကမ္ဘာ့အမြင့်ဆုံး နှင့်အလေးချိန်အများဆုံး ရုပ်ပွားတော် တစ်ဆူဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်တောင်မှ ထွက်ရှိသော စကျင်ကျောက်ဖြင့် ထွင်းထုထားသော ရုပ်ပွားတော်အလေးချိန်မှာ ၁,၇၈၂ တန်နှင့် ပလ္လင်တော် အလေးချိန်မှာ ၃,၅၁၀တန်၊ စုစုပေါင်းအလေးချိန် ၅,၂၉၂ တန် ရှိသည်။ ရုပ်ပွားတော်၏ ဉာဏ်တော်အမြင့်မှာ ၆၃ ပေ ရှိပြီး ပလ္လင်တော်အမြင့်မှာ ၁၈ ပေရှိသည်။ ထိုအတိုင်းအတာ ပမာဏကိန်းများကို တစ်လုံးတည်းရအောင် ပေါင်းကြည့်ပါက ၉ ဂဏန်းရကြောင်း တွေ့ရသည်။ ရုပ်ပွားတော်သည် ကျောက်စာများ၊ စေတီငယ်များ၊ သာသနာအဆောက်အဦများနှင့် မုစလိန္နာအိုင်တို့ပါဝင်သော ၉၁ ဟက်တာကျယ်ဝန်းသည့် ပရိဂုဏ်အတွင်းတည်ရှိသည်။ သမိုင်းကြောင်း ရုပ်ပွားတော် တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၄ ရက်နေ့တွင် စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီး မကြာမီတွင် နိုင်ငံပိုင် သတင်းစာနှင့် မြန်မာ့ရုပ်မြင်သံကြားများတွင် ကြေညာခဲ့သည်။ ရုပ်ပွားတော်၏ ဘွဲ့အမည် မာရဝိဇယ ဆိုသည်မှာ "မာရ်နတ်ကို အောင်မြင်ခြင်း" ဟု အဓိပ္ပာယ်ရသည်။ အမေရိကန်ဒေါ်လာ ၂၇.၆ သန်းကျော်ကုန်ကျသည့် တည်ဆောက်ဆဲ လုပ်ငန်းခွင်အား အများပြည်သူမှ လှူဒါန်းမှုများ ပြုလုပ်နိုင်ရန်အတွက် နိုင်ငံပိုင်သတင်းစာများကို အသုံးချခဲ့သည်။ အဆိုပါရုပ်ပွားတော် တည်ဆောက်ခြင်းအတွက် စစ်ကောင်စီနှင့် နီးစပ်သော စီးပွားရေးသမားများအပါအဝင် အငြိမ်းစားစစ်ဖက်ဆိုင်ရာများက ကျပ်ငွေ ၃၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၀ သန်းခန့်)ကို ထည့်ဝင်လှူဒါန်းခဲ့သည်။ ၂၀၂၃ ခုနှစ် မတ်လတွင် ရုပ်ပွားတော်၏ မျက်လုံးအောက်တွင် အစင်းကြောင်းများပေါ်ကာ မျက်ရည်ကျသကဲ့သို့ ဖြစ်ပေါ်ခဲ့သဖြင့် အဝတ်များဖြင့် ကာရံကာ ပြန်လည်ပြုပြင်ခဲ့ရကာ ဘုရားဖူးခွင့်၊ ဓာတ်ပုံရိုက်ခွင့်များ ပိတ်ပင်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ ဒုတိယ ဝါဆိုလပြည့် ဓမ္မစကြာနေ့တွင် ရုပ်ပွားတော်အား ကမ္ဘာ့နိုင်ငံအသီးသီးမှ ဆရာတော်များ အပါအဝင် သံဃာတော် အပါး ၉၀၀ မှ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့သည်။ ရေစက်ချအခမ်းအနားတွင် ကျောက်မဲဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒနသာရက လက်သုံးချောင်းထောင်ကာ ဗုဒ္ဓ၏ အဆုံးအမသုံးချက်ကို ဟောပြောခဲ့သည်။ ထိုနေ့မှာပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကိုကိုအား ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ အနားယူခွင့်ပြုခဲ့သည်။ ကိုးကား နေပြည်တော်ရှိ အဆောက်အဦများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AC%E1%80%9B%E1%80%9D%E1%80%AD%E1%80%87%E1%80%9A%E1%80%97%E1%80%AF%E1%80%92%E1%80%B9%E1%80%93%E1%80%9B%E1%80%AF%E1%80%95%E1%80%BA%E1%80%95%E1%80%BD%E1%80%AC%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
သာဌေး
ဦးသာဌေး (၁၉၅၈ မွေးဖွား) သည် လက်ရှိ မြန်မာနိုင်ငံ၏ ပြည်ထောင်စုတရားသူကြီးချုပ်ဖြစ်သည်။ ၎င်းကို နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေကြေညာထားသည့်ကာလ ၂၀၂၃ ဩဂုတ် ၃ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခန့်အပ်ခဲ့ခြင်းဖြစ် သည်။ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပေါ်ပေါက်လာသည့် ဒုတိယမြောက် ပြည်ထောင်စုတရားသူကြီးချုပ် လည်းဖြစ်သည်။ ပညာသင်ဘဝ ၁၉၈၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေဘွဲ့ (LL.B) ကိုရရှိခဲ့သည်။ယင်းဘွဲ့ကို စာပေးစာယူသင်တန်းဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဝန်ထမ်းဘဝ ဥပဒေဘွဲ့ရရှိပြီးနောက် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်းမှ တဆင့် တပ်မတော်သို့ ဝင်ရောက်ခဲ့သည်။ယင်းနောက် စစ်ဥပဒေချုပ်ရုံးတွင် လက်ထောက်စစ်ဥပဒေချုပ်ရာထူးအထိ ဗိုလ်မှူးကြီးအဆင့်ဖြင့် ၂၄ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။သူသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ခုနှစ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်ဥပဒေချုပ်ရုံးမှ အငြိမ်းစားယူခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည်။ထိုတာဝန်ကို ၂၀၁၁ ခုနှစ် မတ်လ ၂၉ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ပြည်ထောင်စုလွှတ်တော် တွင် အဆိုတင်သွင်းခံရမှုအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဖြစ်လာသည်။ထိုတာဝန်ကို ၂၀၁၁ မတ်လ ၃၀ရက်မှ စစ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၂ မတ်လ ၁၄ ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခြင်းခံရသည်။ တရားသူကြီးချုပ်တာဝန် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့အထိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နောက်တစ်ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းကို ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ်ခန့်အပ်သည်။ မိသားစုဘဝ ဦးသာဌေး သည် အိမ်ထောင်သည်တစ်ဦး ဖြစ်သည်။၎င်း၏ အကိုမှာ  နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်ဟောင်းလည်းဖြစ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သည့် ဦးသာအေး ဖြစ်သည်။ ကိုးကား ၁၉၅၈ မွေးဖွားသူများ မြန်မာ စစ်ဖက်ဆိုင်ရာ လူပုဂ္ဂိုလ်များ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ တရားသူကြီးများ မြန်မာနိုင်ငံ၏ ပြည်ထောင်စုအဆင့် ရုံး၊ အဖွဲ့အစည်းများ၏ အကြီးအကဲများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AC%E1%80%8C%E1%80%B1%E1%80%B8
ထိန်လင်းဦး
ဒေါက်တာထိန်လင်းဦး(၁၈ မတ် ၁၉၇၂ဖွား) သည် ဥပဒေရေးရာဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး ဖြစ်သည်။ ယင်းအပြင် ဒုတိယရှေ့နေချုပ်လည်း ဖြစ်သည်။ယင်းမတိုင်ခင်က စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် စစ်ခုံရုံး ဥက္ကဋ္ဌ ဖြစ်သည်။ ဝန်ထမ်းဘဝ သူသည် တက္ကသိုလ်မှ ဥပဒေဘွဲ့ရ ကျောင်းသားတစ်ဦးဖြစ်သည်။ယင်းအပြင် ဥပဒေပညာဖြင့် ဒေါက်တာဘွဲ့ရထားသူလည်းဖြစ်သည်။ ဒေါက်တာထိန်လင်းဦးသည် ဥပဒေဘွဲ့ရကျောင်းသားဘဝမှတဆင့် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း၊ (ဗထူး) အမှတ်စဉ်(၉၉) သို့ တက်ရောက်ကာ တပ်မတော်ထဲ ဝင်ရောက်ခဲ့သူဖြစ်သည်။ထိုမှတဆင့် သူသည် စစ်ဥပဒေချုပ်ရုံး တွင် တာဝန်ထမ်းဆောင်သည်။မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရန်ကုန်လှိုင်သာယာမြို့နယ်စစ်ခုံရုံးတွင် သူသည် ဥက္ကဋ္ဌဖြစ်လာသည်။ဒေါက်တာထိန်လင်းဦးသည် ဒုတိယရှေ့နေချုပ်အဖြစ် မထမ်းဆောင်ခင် ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်ဥပဒေချုပ်ရုံးတွင် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည်။သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၃ ဩဂုတ် ၃ရက်တွင် ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ဒုတိယရှေ့နေချုပ် အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ မိသားစုဘဝ သူသည် အိမ်ထောင်သည်တစ်ဦးဖြစ်ကာ သမီးတစ်ဦးရှိသည်။ ကိုးကား ၁၉၇၂ မွေးဖွားသူများ မြန်မာ စစ်ဖက်ဆိုင်ရာ လူပုဂ္ဂိုလ်များ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးများ
https://my.wikipedia.org/wiki/%E1%80%91%E1%80%AD%E1%80%94%E1%80%BA%E1%80%9C%E1%80%84%E1%80%BA%E1%80%B8%E1%80%A6%E1%80%B8
အဲလ်ဖရက် ဝေဂေနာ
အလ်ဖရဲဒ် လိုသာ ဝေဂေနာ(; ၁၈၈၀ နိုဝင်ဘာ ၁ ~ ၁၉၃၀ နိုဝင်ဘာ ၂) သည် ဂျာမဏီလူမျိုး ရာသီဥတုဗေဒပညာရှင်၊ ဘူမိဗေဒပညာရှင်၊ ဘူမိရူပဗေဒပညာရှင်၊ မိုးလေဝသပညာရှင်နှင့် ဝင်ရိုးစွန်းသုတေသီ ဖြစ်သည်။ ၁၈၈၀ မွေးဖွားသူများ ၁၉၃၀ ကွယ်လွန်သူများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B2%E1%80%9C%E1%80%BA%E1%80%96%E1%80%9B%E1%80%80%E1%80%BA%20%E1%80%9D%E1%80%B1%E1%80%82%E1%80%B1%E1%80%94%E1%80%AC
တယ်လီဖုန်း နံပါတ်
တယ်လီဖုန်းနံပါတ် ဆိုသည်မှာ တယ်လီဖုန်းလိုင်းတစ်ခုနှင့် ဆက်သွယ်ထားသော ကြိုးဖုန်း၊ သို့မဟုတ် ရေဒီယိုတယ်လီဖုန်း သို့ မိုဘိုင်းဖုန်း သို့မဟုတ် public switched telephone network (PSTN) သို့ အခြားသော ပုဂ္ဂလိကနှင့် အများပိုင် ကွန်ရက်များမှ တဆင့် အချက်အလက် ပေးပို့သော အခြားကိရိယာများ စသည့် ကြိုးမဲ့ အီလက်ထရွန်းနစ် တယ်လီဖုန်းကိရိယာများ အတွက် သတ်မှတ်ပေးထားသည့် ကိန်းဂဏန်းနံပါတ်စဉ်တစ်ခု ဖြစ်သည်။ တယ်လီဖုန်း နံပါတ်များ
https://my.wikipedia.org/wiki/%E1%80%90%E1%80%9A%E1%80%BA%E1%80%9C%E1%80%AE%E1%80%96%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%20%E1%80%94%E1%80%B6%E1%80%95%E1%80%AB%E1%80%90%E1%80%BA
မြန်မာနိုင်ငံရှိ ရထားလမ်းများ စာရင်း
ဤကား မြန်မာနိုင်ငံရှိ ရထားလမ်းများ စာရင်းဖြစ်သည်။ တိုင်းအမှတ်(၁) မြစ်ကြီးနား မြို့ဟောင်း-မြစ်ကြီးနား လမ်းပိုင်း မန္တလေးမြို့နှင့် မြစ်ကြီးနားမြို့ကို ဆက်သွယ်ပေးထားသည့် ရထားလမ်းပိုင်းဖြစ်သည်။ ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် မြန်မာပြည် မြောက်ဘက်နှင့် မန္တလေးဘက်ခြမ်း စလုံးမှ စတင်ဖောက်လုပ်ခဲ့ခြင်း ဖြစ်ကာ Mu Valley State Railway မှ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ တည်ဆောက်ရေးအတွက် လိုအပ်သောပစ္စည်းများနှင့် တွဲဆိုင်းကို ဧရာဝတီမြစ်ကြောင်းမှ မြစ်ကြီးနားသို့ သယ်ယူခဲ့ခြင်းဖြစ်ကာ မြစ်ကြီးနားနှင့် မိုးကောင်းကြား လမ်းပိုင်းကို ၁၈၉၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၃၄ ခုနှစ်အထိ အမရပူရနှင့် စစ်ကိုင်းအကြား အင်းဝတံတား မရှိသေးဘဲ ကူးတို့သင်္ဘောဖြင့်သာ သွားလာအသုံးပြုခဲ့ရသည်။ ၁၉၃၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော အင်းဝတံတားသည် မြန်မာနိုင်ငံတွင် ပထမဆုံးသော ဧရာဝတီမြစ်ကို ဖြတ်ကူးခဲ့သော တံတားဖြစ်သည်။အဆိုပါတံတားသည် ဧရာဝတီမြစ်ကို ဖြတ်သန်းကာ မီးရထားလမ်းကွန်ရက်နှင့် အချိန်တိုအတွင်း ချိတ်ဆက်ထားသည်။ ဒုတိယကမ္ဘာစစ်အတွင်းက တံတားပျက်စီးခဲ့ပြီး တံတားကို ပြန်လည်မတည်ဆောက်မချင်း ကူးတို့သင်္ဘောကိုသာ ပြန်လည်အသုံးပြုခဲ့ပါသည်။ နဘား-ကသာ လမ်းပိုင်း မြစ်ကြီးနား-နမ့်ပေါင်လေယာဉ်ကွင်း လမ်းပိုင်း တိုင်းအမှတ်(၂) ရွာထောင် ရွာထောင်-ခင်ဦး လမ်းပိုင်း တိုင်းအမှတ် (၃) မန္တလေး မန္တလေး-မတ္တရာ လမ်းပိုင်း မတ္တရာမီးရထားမှ 2ft 6in/762mm gauge ဖြင့် စတင်တည်ဆောက်ခဲ့ပြီး ၁၉၁၂ ခုနှစ်တွင် တောင်ပြုံးသို့ စတင်လည်ပတ်ခဲ့သည်။ ငါးနှစ်အကြာတွင် မတ္တရာသို့ လမ်းပိုင်းအား ဆက်လက်တိုးချဲ့ခဲ့သည်။ သို့သော်လည်း ကုမ္ပဏီသည် ၁၉၁၉ ခုနှစ်တွင် ဆန္ဒအလျောက် ဖျက်သိမ်းခဲ့ပြီး ၁၉၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အစိုးရထံ လွှဲပြောင်းပေးခဲ့သည်။ အစိုးရမှာ မီတာဂေ့ချ်ဖြင့်သာ လည်ပတ်သည် ဖြစ်သောကြောင့် လမ်းပိုင်းအား မီတာဂေ့ချ်သို့ ပြင်ဆင်ခဲ့သည်။ ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီလတွင် ပိတ်ခဲ့ပြီး လအနည်းငယ်အကြာတွင် မန္တလေးဘူတာကြီးနှင့် ချိတ်ဆက်ကာ ဖွင့်လှစ်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် နန်းတွင်းမှတစဆင့် ဖြတ်သန်းဖောက်လုပ်ခဲ့သော လမ်းပိုင်းအား ပိတ်သိမ်းခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် မန္တလေးမြို့ပတ်လမ်းပိုင်း ဆောက်လုပ်ပြီးသည့်တိုင်အောင် လမ်းပိုင်းမှ မြို့ပတ်လိုင်းနှင့် ကွဲထွက်နေခဲ့သည်။ တိုင်းအမှတ်(၄) ကလော သာစည်-ရွှေညောင် လမ်းပိုင်း ဗြိတိသျှတို့၏ ပထမရည်ရွယ်ချက်မှာ သာစည်မှ တောင်ပေါ်မြို့ ကလောမြို့ကို ရထားလမ်းဖြင့် ချိတ်ဆက်ရန် ဖြစ်သည်။ သာစည်မှ တည်ဆောက်ရေးလုပ်ငန်းများကို ၁၉၁၂ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၁၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကလောမြို့သို့ ရောက်ရှိခဲ့သည်။ ပင်လယ်ပြင်မျက်နှာပြင်အထက် ၁၄၀၆ မီတာရှိ ကလောမြို့ကို တောင်ပေါ်လမ်းမှ ဖောက်လုပ်ရသည်ဖြစ်၍ လွန်းထိုးလေးခု နှင့် ဥမင်များ ဖြင့်တွင် တည်ဆောက်ခဲ့သည်။ အဆိုပါ ဥမင်လှိုင်ခေါင်းသည် ၁၉၁၃ခုနှစ်တွင်ပြီးစီးခဲ့သည်။ ထို့နောက် ကလောမှ ရွေညောင်သို့ ၁၉၂၁ခုနှစ်တွင် ဆက်လက်ဖောက်လုပ်ခဲ့ကာ ၁၉၂၁ ခုနှစ် မေလ ၂ ရက်နေ့တွင် ရွှေညောင်သို့ရောက်ရှိခဲ့သည်။ ဟဲဟိုးနှင့် ရွှေညောင်ကြား မိုင်တိုင်အမှတ် (၃၇၉/၇-၈)ရှိ ဘဝသံသရာတံတား မှာ ကျော်ကြားသည်။ ပျော်ဘွယ်-ဘုရားငါးဆူ လမ်းပိုင်း ၂၀၀၅ခုနှစ် နေပြည်တော်မြို့တည်ပြီးနောက် နေပြည်တော်ဘူတာကြီး မှနေ၍ ရွှေညောင်သို့ သာစည်မှ မဟုတ်ဘဲ တိုက်ရိုက်သွားရောက်နိုင်ရန် ဖောက်လုပ်ခဲ့သော လမ်းပိုင်းဖြစ်သည်။ အောင်ပန်း-လွိုင်ကော် လမ်းပိုင်း အောင်ပန်းဘူတာမှ တည်ဆောင်ရေးလုပ်ငန်းများကို ၁၉၉၀ခုနှစ် စတင်ခဲ့ပြီး အောင်ပန်း - ပင်လောင်း လမ်းပိုင်းအား ၁၉၉၃ခုနှစ် ဇန်နဝါရီလ ၇ရက်နေ့တွင်လည်းကောင်း ၊ ပင်လောင်း - လွိုင်ကော်လမ်းပိုင်းအား ၁၉၉၃ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့တွင်လည်းကောင်း အသီးသီး ဖွင့်လှစ်ခဲ့သည်။ တောင်ငူ နှင့် ပျဉ်းမနားမြို့များမှ လွိုင်ကော်မြို့သို့ ပင်လောင်းမြို့မှ တစ်ဆင့် တိုက်ရိုက်ရထားလမ်းသစ် ချိတ်ဆက်ဖောက်လုပ်ရန်လျာထားကာ ဆင်သေရထားလမ်းခွဲမှ တောင်ခြေအထိ လမ်းအူကြောင်း ဖောက်လုပ်ပြီး ဖြစ်သည်။ ရွေညောင်-ရပ်စောက် လမ်းပိုင်း ၁၉၃၆ ခုနှစ်တွင် ရွှေညောင်မှ သီပေါအထိ (မန္တလေးမှ လားရှိုးလမ်း) လမ်းပိုင်းနှင့် ချိတ်ဆက်ဖောက်လုပ်ရန် ဗြိတိသျှတို့မှ စီစဉ်ခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ်ဖြစ်ပေါ်လာ၍ အကောင်အထည်မဖော်ခဲ့ပေ။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် နဝတ အစိုးရသည် ရထားလမ်းအသစ်များကို တိုးချဲ့ဖောက်လုပ်ရန် ခဲ့သည်။ ယင်းတစ်စိတ်တစ်ပိုင်းအနေဖြင့် ရွှေညောင်မှ ရပ်စောက်အထိ ရထားလမ်းပိုင်းအသစ် ဖောက်လုပ်ခဲ့ပြီး မတ်လ ၂၇ ရက်နေ့ ၁၉၉၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ရွှေညောင်-တောင်ကြီး-ဘန်းယဉ်-နမ့်စန်-မိုးနဲလမ်းပိုင်း ၁၉၉၀ပြည်လွန်နှစ်များတွင် အစိုးရမှ သာစည်-ရွှေညောင် လမ်းပိုင်းနှင့် ရွှေညောင်-တောင်ကြီး၊ ဘန်ယဉ်-နမ့်ဆန်နှင့် နမ့်ဆန်-ကျိုင်းတုံ လမ်းပိုင်းများနှင့် ချိတ်ဆက်ဖောက်လုပ်ရန် အစီအစဉ်ရှိခဲ့သည်။ ရွှေညောင်အထိ ရထားလမ်းဖောက်လုပ်ပြီး ဖြစ်သော်လည်း မြင့်မားသောတောင်တန်းကြောင့် တည်ဆောက်ရေး မပြီးစီးသေးပေ။ နောက်ပိုင်း ၁၉၉၆ခုနှစ်နောက်ပိုင်း ပြန်လည် စတင်ခဲ့ပြီဂ ဖားပွန်း-ဘန်းယဉ် လမ်းပိုင်းအား ၁၉၉၆ခုနှစ် ဧပြီလ ၄ရက်နေ့တွင်လည်းကောင်း ၊ ဖားပွန်း-တောင်ကြီးလမ်းပိုင်းအား ၁၉၉၆ခုနှစ် ဇူလှိုင်လ ၂၇ရက်နေ့တွင်လည်းကောင်း ၊ ဘန်းယဉ်-နမ့်ဆန် လမ်းပိုင်းအား ၂၀၀၆ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့တွင်လည်းကောင်း ဖောက်လုပ်နိုင်ခဲ့သည်။ နောင်ကား-ပင်းပက် လမ်းပိုင်း ရှမ်းပြည်နယ်အတွင်း အရှည် ၂၁.၇၂ မိုင်ရှိသည့် ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပြီး တောင်ကြီး - ဆိုက်ခေါင် ရထားလမ်းပိုင်းအတွင်းရှိ နောင်ကားလမ်းခွဲဘူတာမှတစ်ဆင့် ဟိုပုံးမြို့အနီး ပင်းပက်အထိ အရှည် ၁၀.၇၈ မိုင်ရှိသည့် နောင်ကားလမ်းခွဲ-ပင်းပက်ရထားလမ်းပိုင်းသစ်ကို တိုးချဲ့ဖောက်လုပ် ခဲ့ခြင်းဖြစ်သည်။ လမ်းပိုင်းအတွင်း အဓိကကျသည့် ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်းသည် ၁၉၉၇ ခုနှစ် ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အကျိုးရှိစွာအသုံးမပြုနိုင်ခဲ့ခြင်းကြောင့် ရထားလမ်းကွေ့နှင့် ဆင်ခြေလျှောများ ပြေပြစ်၍ ပိုမိုကြံ့ခိုင်ပြီး ခရီး သည်နှင့် ကုန်စည်များ ဝန်ချိန်ပြည့်သယ်ယူပို့ဆောင်နိုင်ရန် အဆိုပါ ရထားလမ်း အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းနှင့် လမ်းပိုင်းအသစ် တည်ဆောက်ပြီးချိန်တွင် ပင်းပက်သံမဏိစက်ရုံမှ သံရိုင်းကုန်ကြမ်းများကို လိုရာအရောက် သယ်ယူပို့ဆောင်နိုင်မည်ဖြစ်သည်။ တိုင်းအမှတ် (၅) တောင်ငူ ပျဉ်းမနား-တောင်တွင်းကြီး-ကျောက်ပန်းတောင်း-ပုဂံ လမ်းပိုင်း တည်ဆောက်ရေးလုပ်ငန်းများကို ၁၉၂၂ ခုနှစ်တွင် စတင်ခဲ့သော်လည်း ပျဉ်းမနားနှင့် ဆက်သွားလမ်းပိုင်းသည် ပဲခူးရိုးမတောင်တန်းများကို ဖြတ်ကျော်ရသဖြင့် သုံးနှစ်အကြာမှ ပြီးစီးခဲ့သည်။ ထို့နောက် တောင်တွင်းကြီးမှ မြေပြန့်လွင်ပြင်များကိုဖြတ်၍ ၁၉၃၀ ခုနှစ်တွင် ကျောက်ပန်းတောင်းအထိဆက်လက် ဖောက်လုပ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ သိမ်းပိုက်စဉ်က တောင်တွင်းကြီးနှင့် ကျောက်ပန်းတောင်းကြား အပိုင်းကို ဗျူဟာမြောက် အရေးပါသောကြောင့် ရထားလမ်းများကို ဖယ်ရှားခဲ့သည်။ စစ်ပွဲအပြီးတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ခဲ့ပြီး နတ်မောက်လမ်းကို ၁၉၅၇ ခုနှစ်မတိုင်မီ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျန်အပိုင်းကို ကျောက်ပန်းတောင်းမြို့သို့ ၁၉၆၉ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် ခရီးသွားလှုပ်ရှားမှုကို စတင်ခဲ့ပြီး အဆိုပါလှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပုဂံရှိ မြန်မာနိုင်ငံ၏ ထိပ်တန်း ခရီးသွားနေရာ ၃ ခုမှာ ကျောက်ပန်းတောင်း - မြင်းခြံ - ညောင်ဦး မီးရထားလမ်းကွန်ရက်နှင့် ချိတ်ဆက် ဖောက်လုပ်သည်။ ပျဉ်းမနားနှင့် ဆက်သွား ကြားအပိုင်းသည် ပဲခူးရိုးမကိုဖြတ်ကာ ဖောက်လုပ်ထားခြင်းဖြစ်ကာ ကျန်လမ်းပိုင်းများသည် ပြန့်ပြူးသော မြေပြန့်လွင်ပြင်များမှတဆင့် ဖြတ်ကျော် ဖောက်လုပ်ထားသည်။ တိုင်းအမှတ် (၆) ရန်ကုန် ရန်ကုန်-ပြည် လမ်းပိုင်း မြန်မာနိုင်ငံတွင် ပထမဆုံး ဖောက်လုပ်ခဲ့သော ရထားလမ်းဖြစ်သည်။ ရထားလမ်းကို ၁၈၇၄ခုနှစ် စက်တင်ဘာလတွင် စတင်ဖောက်လုပ်ပြီး ၁၈၇၇ခုနှစ် မေလ (၁)ရက်နေ့တွင် ရထားလမ်းဖွင့်လှစ်ခဲ့ပြီး မြန်မာပြည်၏ ပထမဆုံး ရထားလမ်းပြေးဆွဲခဲ့သည်။ ဒွေးလမ်းများကို ၁၈၈၉ခုနှစ် အောက်တိုဘာလတွင် စတင်ဖောက်လုပ်ခဲ့ကာ ၁၉၀၈ခုနှစ် ဖေဖော်ဝါရီလအထိ လမ်းပိုင်းများ အသီးသီး ဖွင့်လှစ်နိုင်ခဲ့သည်။ ရန်ကုန်-မန္တလေး လမ်းပိုင်း ရန်ကုန် - ပြည် ရထားလမ်းဖွင့်လှစ်ပြီးနောက် မြန်မာပြည်၏ ဒုတိယမြောက် ရထားလမ်းဖြစ်သည်။ ညောင်လေးပင်-မဒေါက် လမ်းပိုင်း ရန်ကုန်-မန္တလေး လမ်းပိုင်းနှင့် စစ်တောင်းမြစ်ကမ်း မဒေါက်တို့ကို ချိတ်ဆက်ထားသော လမ်းပိုင်းဖြစ်သည်။ လမ်းပိုင်းကို ၁၉၂၉ခုနှစ် ဩဂုတ်လမှာဖွင့်လှစ်ခဲ့ပြီး ၂၀၀၆ခုနှစ်အထိ YD ရေနွေးငွေ့ရထားစက်ခေါင်းများဖြင်း ပြွန်တန်ဆာ နှင့် မဒေါက်ကြား ပြေးဆွဲခဲ့သည်။ နောက်ပိုင်း ဒီဇယ်စက်ခေါင်းများဖြင့် အစားထိုးပြေးဆွဲလာခဲ့ပြီး ၂၀၁၄ခုနှစ်တွင် လမ်းပိုင်းတွင် ပြေးဆွဲမှုအား ရပ်နားခဲ့သည်။ တိုင်းအမှတ် ၇ ရန်ကုန် (ဗဟို) နှစ်တရာ မီးရထား ၊ ၁၉၇၇ ၊ စာ ၁၉/၁၉၁-၁၉၆ မလွှကုန်း-တညင်းကုန်း လမ်းပိုင်း ရန်ကုန်မြို့ အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ချိတ်ဆက်ထားသည့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းဖြစ်ကာ ရန်ကုန်-ပြည် လမ်းပိုင်း နှင့် ရန်ကုန် - မန္တလေး လမ်းပိုင်းနှင့်ဆက်စပ်နေသည်။ ၁၉၁၁ ခုနှစ်တွင် တည်ဆောင်ခြင်းလုပ်ငန်းများ စတင်ခဲ့ပြီး ၁၉၅၉ ခုနှစ်တွင် ပြီးစီးခဲ့သည်။ တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် လမ်းပိုင်း ၂၀၀၅ခုနှစ် ဒဂုံတက္ကသိုလ်တည်ဆောက်ပြီးနောက် ရန်ကုန်မြို့ပတ်လမ်းပိုင်းနှင့် တိုးကြောင်းကလေးမှ ချိတ်ဆက်ဖောက်လုပ်ထားသော လမ်းပိုင်းဖြစ်သည်။ တိုးကြောင်ကလေး-သီလဝါ လမ်းပိုင်း ရန်ကုန်မြို့ ကမ်းနားလမ်းတလျှောက်ရှိ ဆိပ်ကမ်းဟောင်းသည် ရေနက်လုံလောက်မှု မရှိခြင်းကြောင့် သင်္ဘောကြီးများ ဆိပ်ကမ်းသို့ မရောက်နိုင်ခြင်းကြောင့် ရန်ကုန်အရှေ့တောင်ဘက် သီလဝါတွင် ရေနက်ဆိပ်ကမ်း အသစ်တစ်ခု တည်ဆောက်ခဲ့ပြီး ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ သို့သော်လည်း သီလဝါဆိပ်ကမ်းသည် မီးရထားလမ်းကွန်ရက်နှင့် ချိတ်ဆက်ပြီးချိန်အထိ ခြောက်နှစ်ကြာခဲ့သည်။ ပဲခူးမြစ်ကူးတံတားမပါဝင်ဘဲ ဆယ်နှစ်စောပြီး ၁၉၉၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် လမ်းပိုင်းကို စတင်ဖွင့်လှစ်ခဲ့သည်။ အုတ်ဖိုစု-သန်လျင်နည်းပညာတက္ကသိုလ် လမ်းပိုင်း တိုးကြောင်ကလေး-သီလဝါလမ်းပိုင်း မှ သန်လျင်နည်းပညာတက္ကသိုလ် ချိတ်ဆက်ဖောက်လုပ်ထားသော လမ်းပိုင်းတိုဖြစ်သည်။ ၂၀၀၄ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါလမ်းပိုင်းမှ သောင်ဝ သို့ဆက်လက်ဖောက်လုပ်ရန် စီစဉ်ထားသော်လည်း မဖောက်ဖြစ်ခဲ့ချေ။ လှော်ကား-ကွန်ပြုတာတက္ကသိုလ် လမ်းပိုင်း ဒါးပိန်း - လှော်ကားအင်း လမ်းပိုင်း တိုင်းအမှတ်(၈) မော်လမြိုင် ပဲခူး-မုတ္တမ-မော်လမြိုင် လမ်းပိုင်း အဗျား-ညောင်ခါးရှည်-မုပ္ပလင် လမ်းပိုင်း အိမ်ခြေလေးဆယ်-စစ်တောင်းကုန်း လမ်းပိုင်း ၂၀၀၅ ခုနှစ်တွင် မြို့တော် နေပြည်တော်နှင့် မြန်မာနိုင်ငံအောက်ပိုင်း (မော်လမြိုင်၊ ထားဝယ်) အကြား တိုက်ရိုက်ရထားများ ပြေးဆွဲနိုင်ရန် ပဲခူးမှ လမ်းကြောင်းပြောင်း၍ လမ်းပိုင်းခွဲ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သထုံ-မြိုင်ကလေး လမ်းပိုင်း ၁၈၈၅ခုနှစ် 762mm gauge ကို အသုံးပြု၍ သထုံနှင့် ဒူရင်းဆိပ်ကြား ပုဂ္ဂလိဂ မီးရထားကုမ္ပဏီမှ ရထားလမ်းကို တည်ဆောက်ခဲ့သည်။ ရထားလမ်းဖွင့်လှစ်ပြီး အနှစ် ၂၀ ခန့် ပိတ်ထားခဲ့ပြီး မန္တလေးမြို့ရှိ မတ္တရာ မီးရထားမှ ရောင်းချသည့် မီးရထားစက်ခေါင်များဖြင့် ပြေးဆွဲခဲ့သည်။ လမ်းပိုင်းအား ၁၉၂၇ ခုနှစ်တွင် ၁၀၀၀ မီလီမီတာသို့ ပြန်လည် ပြုပြင်ခဲ့သည်။ ၁၉၈၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သော ဒူးရင်းဆိပ်သို့ ရထားလမ်းသစ် ဖောက်လုပ်ရန် သထုံမြို့အနောက်ဘက်ရှိ ထုံးကျောက် အများအပြားကို တွေ့ရှိသဖြင့် မြိုင်ကလေးတွင် ရထားလမ်းကွန်ရက်နှင့် ချိတ်ဆက်ထားသည့် ဘိလပ်မြေစက်ရုံကို ၁၉၈၈ ခုနှစ်တွင် တိုးချဲ့တည်ဆောက်ခဲ့သည်။ မော်လမြိုင်-မြိတ် လမ်းပိုင်း တည်ဆောက်ရေးလုပ်ငန်းများသည် ၁၉၂၄ ခုနှစ် ဧပြီလတွင် မော်လမြိုင်တောင်ဘက်မှ သံဖြူဇရပ်သို့ ရောက်ရှိခဲ့ပြီး တစ်နှစ်အကြာတွင် ရေးမြို့သို့ ရောက်ရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက မော်လမြိုင်တောင်ဘက်နဲ့ သံဖြူဇရပ်ကြားလမ်းပိုင်းအား ဂျပန်စစ်တပ်က ဖြူတ်ယူခဲ့ကာ ဗျူဟာမြောက် အရေးအပါဆုံးဖြစ်ခဲ့သော “သေမင်းတမန်ရထားလမ်း” ဖောက်လုပ်ရာတွင် အသုံးပြုခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် ကမ်းလွန်သဘာဝဓာတ်ငွေ့တွင်းများမှ ဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန်အတွက် ထားဝယ်အနီးတွင် ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု တည်ဆောက်ခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန်အတွက် ရေးမြို့မှ ထားဝယ်အထိ ရထားလမ်းကို တိုးချဲ့ခဲ့သည်။ ပထမလမ်းပိုင်းမှာ ၁၉၉၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ထားဝယ်မှရေဖြူ လမ်းပိုင်းဖြစ်သည်။ တစ်နှစ်အကြာတွင် ရေး-ကလော့ကြီးလမ်းပိုင်းကို ဖွင့်လှစ်ခဲ့ပြီး နောက် ၂ နှစ်အကြာတွင် ကလော့ကြီးနှင့် ရေဖြူကြားလမ်းပိုင်းကို ဖွင့်လှစ်ခဲ့သည်။ ထားဝယ် မှ မြိတ်မြို့အထိ ရထားလမ်းဖောက်လုပ်ရန် လျာထားခဲ့ပြီး ထားဝယ် မှ သရက်ချောင်အထိ ဖောက်လုပ်ပြီး ဖြစ်သည်။ ထားဝယ်ရေနက်ဆိပ်ကမ်း နှင့် ထိုင်းနိုင်ငံနှင့်ရထားလမ်း ချိတ်ဆက် ဖောက်လုပ်ရန် လျာထားပြီး သေမင်းတမန်ရထားလမ်းပြီးရင် ထိုင်းနိုင်ငံနှင့် ချိတ်ဆက်သော ဒုတိယမြောက်ရထားလမ်းဖြစ်လာမည်ဖြစ်သည်။ တိုင်းအမှတ် (၉) ဟင်္သာတ ပုသိမ်-ဟင်္ဿတ-လက်ပံတန်း လမ်းပိုင်း လက်ပံတန်း-သာယာဝတီ လမ်းပိုင်း တိုင်းအမှတ်(၁၀) ပခုက္ကူ ပခုက္ကူ-ကလေး လမ်းပိုင်း ၁၉၉၀ ပြည့်လွန်နှစ်များတွင် အစိုးရမှ ရထားလမ်း တိုးချဲ့ရေး လုပ်ငန်းများလုပ်ဆောင်ခဲ့ပြီး ပခုက္ကူမြို့မှ ကလေးမြို့အထိ လမ်းပိုင်းအသစ် လည်းပါဝင်သည်။ ကီလိုမီတာ ၃၀၀ ကျော် ရှည်လျားပြီး ရထားလမ်းအသစ်ဖောက်လုပ်တွင် အရှည်ဆုံး လမ်းပိုင်းဖြစ်သည်။ပုံညာတောင် အရှေ့ဖက်ရှိ လမ်းပိုင်းများကို ၁၉၉၄ နှင့် ၁၉၉၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး နှစ်နှစ်အကြာတွင် ကျောသို့ ရောက်ရှိခဲ့သည်။ ပုံညာတောင် အနောက်ဖက်ရှိ လမ်းပိုင်းအပိုင်းများကို ၁၉၉၅ နှင့် ၁၉၉၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ရေမျက်နီသို့ ရောက်ရှိခဲ့သည်။ ပုသိမ်-ပခုက္ကူ လမ်းပိုင်း ပုသိမ်မြို့နှင့် ပခုက္ကူမြို့အား ဧရာဝတီမြစ် အနောက်ဖက်ခြမ်း တစ်လျှောက် ကြံခင်း ၊ မင်းဘူး တို့အား ဖြတ်သန်းဖောက်လုပ်ထားသော လမ်းပိုင်းဖြစ်သည်။ ပခုက္ကူ-သစ်တောင့် လမ်းပိုင်း ပခုက္ကူမြို့ မှ ဧရာဝတီမြစ်အားဖြတ်သန်း၍ မြင်းခြံ - ပုဂံလမ်းပိုင်းဖြင့် ချိတ်ဆက်ဖောက်လုပ်ထားသော လမ်းပိုင်းဖြစ်သည်။ ချောင်းဦး-ပခုက္ကူ လမ်းပိုင်း ရွာထောင် - ချောင်းဦး လမ်းပိုင်းမှ ချင်းတွင်းမြစ်အား ဖြတ်သန်းကာ ပခုက္ကူမြို့သို့ ချိတ်ဆက်ဖောက်လုပ်ထားသော လမ်းပိုင်းဖြစ်သည်။ မင်းဘူး-စစ်တွေ လမ်းပိုင်း မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းပြည်နယ်ဖြစ်သော ရခိုင်ပြည်နယ်သည် ၁၉၁၉ ခုနှစ်မှ ၁၉၂၆ ခုနှစ်အတွင်းသာ ပြေးဆွဲခဲ့သည့် ၇၆၂ မီလီမီတာ ရထားလမ်းမှလွှဲ၍ ရထားလမ်း မရှိသေးပေ။ ထို့နောက် နပတ အစိုးရလက်ထက်တွင် ရထားလမ်းချဲ့ထွင်မှုအနေဖြင့် ရခိုင်ပြည်နယ်ကို ကျန်ရှိ မြန်မာ့မီးရထားကွန်ရက်နှင့် ချိတ်ဆက်ရန် အစိုးရက ဆုံးဖြတ်ခဲ့သည်။ အဆိုပါ လမ်ပိုင်းသည် မင်းဘူးမြို့မှ ရခိုင်ပြည်နယ်ကို ပိုင်းခြားထားသည့် မြင့်မားသော ရခိုင်ရိုးမ တောင်တန်းကို ဖြတ်ကျော်ရမည်ဖြစ်ပြီး လမ်ပိုင်းတည်ဆောက်ရာတွင် ရာနှင့်ချီသော တံတားများနှင့် ဥမင်လိုဏ်ခေါင်းများ တည်ဆောက်ရန် လိုအပ်မည်ဖြစ်သည်။ ရထားလမ်းသစ်စီမံကိန်းတွေ ဖောက်လုပ်ရန် လွယ်ကူသော အပိုင်းများတွင် စတင်တည်ဆောက်နေပြီဖြစ်သည်။ ထို့ကြောင့် စစ်တွေပြည်တော်သာ - ရေချမ်းပြင် နှင့် ကွမ်းတောင် - ကျောက်တော် လမ်းပိုင်းများကို ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်တို့တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ကုလားတန်မြစ်အရှေ့ဘက်နှင့် အနောက်တောင်တန်းများ၏ အနောက်ဘက်တွင် မြောက်ဦးတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားပုံရသည်။ မင်းဘူးမှ ရထားလမ်းတည်ဆောက်ရေး လုပ်ငန်းသည် ရခိုင်ရိုးမတောင်တန်းတောင်ခြေအထိ ဖောက်လုပ်ပြီး ဖြစ်သည်။ တိုင်းအမှတ် (၁၁) ပုဂံ ပြည်-အောင်လံ-ဆက်သွား လမ်းပိုင်း တောင်တွင်းကြီး-မကွေး လမ်းပိုင်း ဧရာဝတီမြစ်ကမ်းနားရှိ မကွေးမြို့အား ပျဉ်းမနား-တောင်တွင်းကြီး-ကျောက်ပန်းတောင်း လမ်းပိုင်း နှင့် ချိတ်ဆက်ဖောက်လုပ်ထားသော လမ်းပိုင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီကပင် တည်ဆောက်လုပ်ငန်းများ ဆောင်ရွက်ခဲ့ဖြစ်ကာ မပြီးစီးခဲ့ပေ။ ၁၉၉၀ခုနှစ်နောက်ပိုင်းတွင် တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်စတင်ခဲ့ပြီး မကွေးမြို့အား မန္တလေးမြို့နှင့် ချိတ်ဆက်မည့် မကွေး-ပျော်ဘွယ် လမ်းပိုင်းအဖြစ်လည်းကောင်း ၊ ရန်ကုန်မြို့နှင့် ချိတ်ဆက်မည့်လမ်းပိုင်းများ အဖြစ်လည်းကောင်း လျာထားခဲ့သည်။ သို့သော် တောင်တွင်းကြီး-မကွေး လမ်းပိုင်းသာ ကနဦး ဖောက်လုပ်ခဲ့ပြီး ၁၉၉၀ခုနှစ် ဧပြီလ ၁၇ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ကျောက်ပန်းတောင်း-ချောက် လမ်းပိုင်း ဒုတိယကမ္ဘာစစ်အပြီးတွင် မြန်မာနိုင်ငံတွင် အသစ်ဖောက်လုပ်သော ပထမဆုံးလမ်းပိုင်းအသစ်ဖြစ်သည်။ အကြီးအကျယ်ဖျက်ဆီးခံရသည့်မီးရထားလမ်းကွန်ယက်ကို ၁၉၅၀ နှောင်းပိုင်းတွင် ပြန်တည်ဆောက်ပြီးမှသာ လမ်းပိုင်းအသစ်များဆောက်လုပ်ခြင်းစတင်ခဲ့သည်။ ပြည်တွင်းထွက်ကုန်များကို တွင်ကျယ်ထိရောက်စွာ သယ်ယူပို့ဆောင်ပေးနိုင်ရန်အတွက် ကျောက်ပန်းတောင်းမှ ၂၄.၅မိုင် ကွာဝေးသော ကြီးနီသို့ ရထားလမ်းပိုင်းအား ၁၉၆၄-၆၅ခုနှစ်များတွင် စတင် ဖောက်လုပ်ခဲ့သည်။ ထိုလမ်းပိုင်းအား ဖောက်လုပ်ရာတွင် ပထမအဆင့် ကျောက်ပန်းတောင်မှ ၉.၇၅မိုင် ကွာဝေးသော ဂွေးချိုသို့ ဖောက်လုပ်ခဲ့ရာ ၁၉၆၉ခုနှစ် မတ်လ ၁ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ တစ်ဖန် ဒုတိယအဆင့်အနေဖြင့် ဂွေးချိုမှ ၁၄.၇၅မိုင်ကွာဝေးသော ကြီးနီသို့ ဆက်လက်ဖောက်လုပ်ရာ ၁၉၇၀ခုနှစ် အောက်တိုဘာလ ၁၀ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ သာစည်-မိတ္ထီလာ-မြင်းခြံ လမ်းပိုင်း သာစည်မှ မြင်းခြံလမ်းပိုင်းသည် ရန်ကုန်-မန္တလေးလမ်းပိုင်းကို ဧရာဝတီမြစ်ကမ်းစပ် မြင်းခြံမြို့ကို ဆက်သွယ်တည်ဆောက်သော လမ်းပိုင်းဖြစ်သည်။ သာစည်မှ မိတ္ထီလာအထိ လမ်းပိုင်းကို ၁၈၉၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ခြောက်နှစ်အကြာ မြင်းခြံအထိ အပိုင်းလိုက် ဖွင့်လှစ်ခဲ့သည်။ ပြန့်ပြူးသောလွင်ပြင်များကိုဖြတ်သန်းဖောက်လုပ်ထားခြင်းဖြစ်ကာ မြစ်ကိုမူ ဖြတ်သန်းခြင်းမရှိပေ။ ပလိပ်-မြင်းခြံ လမ်းပိုင်း မန္တလေး၏ အနောက်တောင်ဘက်ခြမ်း ပလိပ်-မြင်းခြံအား မန္တလေးမြို့မှတစ်ဆင့် ရန်ကုန်-မန္တလေးလမ်းပိုင်းနှင့် ဆက်သွယ်ထားသော လမ်းပိုင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဂျပန်တို့သည် ပလိပ်မြို့မှ မြို့သာအထိ လမ်းပိုင်းကို ၁၉၃၀ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး တံတားဦးနှင့် မြို့သာအကြားရှိ လမ်းပိုင်းကို ဂျပန်မှ ဖယ်ရှားကာ မြန်မာနှင့် ထိုင်းအကြား သေမင်းတမန် ရထားလမ်းကဲ့သို့ အခြားသော မဟာဗျူဟာမြောက် အရေးပါသော လမ်းကြောင်းများ တည်ဆောက်ရန် သံလမ်းများကိုပြန်လည်အသုံးပြုခဲ့သည်။ အဆိုပါ လမ်းပိုင်းကို ပြန်လည်မွမ်းမံပြီးသည်အထိ နှစ်ပေါင်း ၅၀ နီးပါး အချိန်ယူခဲ့ရသည်။ အဆိုပါလမ်းပိုင်းသည် မန္တလေးမြို့နှင့် ညောင်ဦးမြို့အား မြင်းခြံမှတဆင့် ချိတ်ဆက်ထားသော လမ်းပိုင်းလည်းဖြစ်သည်။ လျာထားလမ်းပိုင်းသစ်များ ဒဂုံတက္ကသိုလ်-မိုးကြိုးပစ် လမ်းပိုင်း ရန်ကုန်-မန္တလေး လမ်းပိုင်းနှင့် ရန်ကုန်-ပြည်လမ်းပိုင်းအား ချိက်ဆက်ဖောက်လုပ်မည့် လမ်းပိုင်းဖြစ်သည်။ ပထမအဆင့် တိုးကြောင်းကလေး-ဒဂုံတက္ကသိုလ်လမ်းပိုင်းအား ၂၀၀၆ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီးနောက် စီမံကိန်းရပ်နားခဲ့သည်။ အုတ်ဖိုစု-သုံးခွ လမ်းပိုင်း သုံးခွမြို့သည် ဒုတိယကမ္ဘာစစ်မတိုင်မီက ပဲခူး-ထားဝယ်အင်းလမ်းပိုင်းနှင့် ရထားလမ်းချိတ်ဆက်ပြီးဖြစ်သည်။ စစ်အတွင်း ပျက်စီးခံခဲ့ရကာ စစ်ပြီးနောက်ပိုင်း အဓိကလမ်းပိုင်းများကိုသာ ပြင်ဆင်ခဲ့ရ၍ ပြန်လည် မတည်ဆောက်ခဲ့ပေ၊ နဝတအစိုးရလက်ထက်တွင် တိုးကြောင်းကလေး-သီလဝါလမ်းပိုင်းနှင့် ချိတ်ဆက်မည့် လမ်းပိုင်းတည်ဆောက်ရန် လျာထားခဲ့သည်။ မုံရွာ-ကလေး-တမူး လမ်းပိုင်း ပခုက္ကူ-ကလေး လမ်းပိုင်းကို ကလေးမြို့မြောက်ဘက် တမူးအထိ တိုးချဲ့ရန် အစိုးရက စီစဉ်ခဲ့သည်။ ယင်းက မြန်မာ့မီးရထားကွန်ရက်ကို အိန္ဒိယမီးရထားကွန်ရက်နှင့် ချိတ်ဆက်နိုင်စေမည်ဖြစ်ရာ တူရကီ၊ အီရန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်းနှင့် မလေးရှားတို့မှတစ်ဆင့် ဥရောပမှ စင်ကာပူသို့ ရထားလမ်း ချိတ်ဆက်နိုင်မည်ဖြစ်သည်။ ထို့အပြင် ကလေးမြို့နှင့် ပခုက္ကူကြားရှိ မတ်စောက်သောတောင်များနှင့် လွန်းထိုးတက်ရခြင်းမှ ကင်းဝေးစေရန် လက်ရှိ ရွာတောင်-ခင်ဦး လမ်းပိုင်းတွင် မုံရွာနှင့် ဒုတိယအကြိမ် ဆက်သွယ်မှု တည်ဆောက်ခြင်းဖြင့် ကလေးမြို့နှင့် ချိတ်ဆက်ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အဆိုပါလမ်းပိုင်းသည် မည်သည့်အခါမျှ ဆောက်လုပ်ခြင်းမပြုနိုင်ပေ။ တောင်ငူ-လွိုင်ကော် လမ်းပိုင်း ကယားပြည်နယ် မြို့တော် လွိုင်ကော်ကို ၁၉၉၃ ခုနှစ်တွင် သာစည်-အောင်ပန်းလမ်းပိုင်း နှင့် ချိတ်ဆက်ခဲ့ပြီး ယခုလမ်းပိုင်းသည် ရန်ကုန်-မန္တလေးလမ်းပိုင်း နှင့် လွိုင်ကော်မြို့ကို တိုက်ရိုက် ဆက်သွယ်ပေးမည် ဖြစ်သည်။ တပ်ကုန်း-ပင်လောင်း လမ်းပိုင်း ကယားပြည်နယ် မြို့တော် လွိုင်ကော်ကို ၁၉၉၃ ခုနှစ်တွင် သာစည်-အောင်ပန်းလမ်းပိုင်း နှင့် ချိတ်ဆက်ခဲ့ပြီး ယခုလမ်းပိုင်းသည် ရန်ကုန်-မန္တလေးလမ်းပိုင်းအား ပင်လောင်းမြို့မှတစ်ဆင့် တိုက်ရိုက် ဆက်သွယ်ပေးမည် ဖြစ်သည်။ ဆင်သေရထားလမ်းခွဲမှ တောင်ခြေအထိ တည်ဆောက်ရေး လုပ်ငန်းများ ရှိနေပြီ ဖြစ်သည်။ ကိုးကား မြန်မာနိုင်ငံရှိ ရထားလမ်းများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%9B%E1%80%BE%E1%80%AD%20%E1%80%9B%E1%80%91%E1%80%AC%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%20%E1%80%85%E1%80%AC%E1%80%9B%E1%80%84%E1%80%BA%E1%80%B8
စိုးဝင်း (ဒေါက်တာ)
ဒေါက်တာစိုးဝင်း သည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဖြစ်သည်။ ယခင်က အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးတို့၏ ဒုတိယဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုသို့မဆောင်ရွက်မီက တပ်မတော်ဆေးဝန်ထမ်းညွှန်ကြားရေးမှူးဖြစ်သည်။ သူသည် ဗိုလ်ချုပ်အဆင့်ဖြင့် အနားယူခဲ့ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကျန်းမာရေးကို အနီးကပ်တာဝန်ယူခဲ့သူဖြစ်သည်။ ကိုးကား မြန်မာနိုင်ငံ ဝန်ကြီးများ မြန်မာ စစ်ဖက်ဆိုင်ရာ လူပုဂ္ဂိုလ်များ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မွေးဖွားခုနှစ် မသိရှိရသူများ (သက်ရှိထင်ရှားပုဂ္ဂိုလ်များ)
https://my.wikipedia.org/wiki/%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9D%E1%80%84%E1%80%BA%E1%80%B8%20%28%E1%80%92%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%90%E1%80%AC%29
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌများ
အောက်ပါတို့သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး တွင် တာဝန်ထမ်းဆောင်ခဲ့သော ဥက္ကဋ္ဌများ စာရင်း ဖြစ်သည်။ ဆက်စပ်ကြည့်ရှုရန် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မြန်မာနိုင်ငံ၏ နိုင်ငံရေး မြန်မာနိုင်ငံအခြေခံဥပဒေ
https://my.wikipedia.org/wiki/%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%E1%80%95%E1%80%AF%E1%80%B6%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%E1%80%A5%E1%80%95%E1%80%92%E1%80%B1%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC%E1%80%81%E1%80%AF%E1%80%B6%E1%80%9B%E1%80%AF%E1%80%B6%E1%80%B8%20%E1%80%A5%E1%80%80%E1%80%B9%E1%80%80%E1%80%8B%E1%80%B9%E1%80%8C%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
ပြောင်းလဲနှုန်း
တိုင်းဖွယ် (quantity) အခြင်းအရာတစ်ခု၏ ပမာဏက အခြားတိုင်းဖွယ်တစ်ခုကို ပြောင်းလဲကိန်း (variable) အဖြစ် မှီခိုလျက်ရှိလျှင်၊ ထိုပြောင်းလဲကိန်း၏ အသေးနိုင်ဆုံးသော ပမာဏအပြောင်းအလဲ ပမာဏအတွက် မှီခိုသူအခြင်းအရာက မည်သို့မည်မျှ ပြောင်းလဲသွားခြင်းကို ဖော်ပြသည်မှာ ပြောင်းလဲနှုန်း (derivative) ဖြစ်သည်။ ဥပမာအားဖြင့် f(x)=2x ဟူသော ဖှန်ရှင် (function) တစ်ခုတွင် အမှီခိုခံ ပြောင်းလဲကိန်း x ၏ ၂ဆ အဖြစ် မှီခိုသူ ရလဒ်က ပေါ်ထွက်နေမည် ဖြစ်သည်။ ထို့ကြောင့် ပြောင်းလဲနှုန်းမှာ ကိန်းသေ 2 ဖြစ်နေမည်။ ဖှန်ရှင်များကို ဂရပ်ဖှ်ပုံ (graph) များ ဆွဲကြည့်လျှင် ထိုမျဉ်းကွေး၏ လျှောစောက် (slope) ပြောင်းတို့မှာ ထိုဖှန်ရှင်၏ ပြောင်းလဲနှုန်းများ ဖြစ်နေပေမည်။ ပြောင်းလဲနှုန်း = မှီခိုသူ၏ တမွတ်စိတ် ပြောင်းလဲမှု ÷ အမှီခိုခံ၏ တမွတ်စိတ် ပြောင်းလဲမှု ဆက်စပ် ကြည့်ရှုဖွယ် အလိုက်မြှောက်လဒ် (:en:intergral) တမွတ်စိတ်အပိုင်း (:en:infinitesimal)
https://my.wikipedia.org/wiki/%E1%80%95%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%B2%E1%80%94%E1%80%BE%E1%80%AF%E1%80%94%E1%80%BA%E1%80%B8
တိုင်းဖွယ်
တိုင်းဖွယ် (အင်္ဂလိပ်: quantity; ကွမ်တတီ) ဆိုသည်မှာ ရူပဗေဒအားဖြင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် တိုင်းတာနိုင်သော အခြင်းအရာများကို ဆိုလိုသည်။ ဥပမာအားဖြင့် အလျား ဟူသည်မှာ အရာဝတ္ထုက မည်မျှ ရှည်လျားသည်ကို တိုင်းတာဖော်ပြအပ်သော တိုင်းဖွယ်တစ်မျိုး၊ အချိန် ဟူသည်မှာ အခိုက်အတံ့တစ်ခုနှင့် အခိုကအတံ့တစ်ခု ဆက်တိုက်မဖြစ်လျှင် မည်မျှကြအောင် ခြားကြာပြီးမှ ဖြစ်ပျက်သည်ကို တိုင်းတာဖော်ပြအပ်သော တိုင်းဖွယ်တစ်မျိုး၊ အလျင် ဟူသည်မှာ အရာဝတ္ထုက မည်မျှသော အချိန်အတွင်း မည်မျှသော အလျားအကွာအဝေးသို့ ပြောင်းလဲရောက်ရှိသွားသည်ကို တိုင်းတာဖော်ပြအပ်သော တိုင်းဖွယ်တစ်မျိုး အသီးသီး ဖြစ်ကြသည်။ ဗှတ္တာတိုင်းဖွယ် နှင့် စကေလာတိုင်းဖွယ် ကွာခြားပုံ စကေလာ တိုင်းဖွယ် (scalar quantity) ဆိုသည်မှာ ပမာဏ (magnitude) သဘောသီးသန့်သာ ပါဝင်သော တိုင်းဖွယ်ဖြစ်ပြီး၊ ဗှတ္တာ တိုင်းဖွယ် (vector quantity) ဆိုသည်မှာ ပမာဏသဘောရော ဦးတည်ချက်သဘောပါ ပါဝင်နေသည့် တိုင်းဖွယ် ဖြစ်သည်။ ဥပမာအားဖြင့် အပူချိန် ဟူသည်မှာ သာမန်အားဖြင့် ဦးတည်ချက်သဘော ပါဝင်စရာ မရှိသဖြင့် ပမာဏသီးသန့်သာ ဖြစ်နေသော စကေလာတိုင်းဖွယ် ဖြစ်သည်။ အလျင် (velocity) သည် ဗှတ္တာတိုင်းဖွယ် ဖြစ်သဖြင့် မည်မျှသော m/s ဟု ဖော်ပြရုံဖြင့် မပြည့်စုံဘဲ "မည်သည့်ဘက်သို့ မည်မျှသော m/s သွားနှုန်းရှိနေခြင်း" ဟူသည်ကသာ အလျင် ဖြစ်မြောက်သည်။ အမြန်နှုန်း (speed) သည် အလျင်၏ ပမာဏ (magnitude) သီးသန့် ဖြစ်သဖြင့် ၎င်းက စကေလာတိုင်းဖွယ် (scalar quantity) ဖြစ်သည်။ ဥပမာအားဖြင့် ကား၏ အမြန်နှုန်းပြဒိုင်ခွက်သည် ကားမည်သည့်ဘက်သို့ ကွေ့သည်ကို မဖော်ပြဘဲ သွားနှုန်းပမာဏသီးသန့်ကို ဖော်ပြသဖြင့် အမြန်နှုန် (speed) ကို ပြနေခြင်း ဖြစ်သည်။ အရွေ့ (displacement) ဟူသည်မှာ ဗှတ္တာတိုင်းဖွယ်ဖြစ်သဖြင့် ဦးတည်ချက်ကို ဖော်ပြမှုပါ ပါဝင်သည်။ သွားခရီး (distance traveled) ကမူ ၎င်း၏ ပမာဏသီးသန့်ဖြစ်သည်။ ကားတစ်စီး၌ မည်မျှသော အကွာအဝေးမောင်းဖူးကြောင်း မိုင်တာကို မှတ်သားပြဆိုချက်သည် ရှေ့ဖြောင့်စွာသွားခြင်း ဟုတ်သဘော၊ ပြန်ကွေးထားခြင်း ရှိသလော စသည့် ဦးတည်ချက်သဘောတို့ မပါဝင်ဘဲ ပမာဏသီးသန့်အဖြစ်သာ သွားခရီးကို ဖော်ပြခြင်း ဖြစ်သည်။ အကိုးအကား ဋ၏ "အောက်သက်ကျေ ရူပဗေဒ"
https://my.wikipedia.org/wiki/%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%96%E1%80%BD%E1%80%9A%E1%80%BA
ဗက်တာ တိုင်းဖွယ်
အခြေခံရူပဗေဒအဆင့်၌ တိုင်းဖွယ် တစ်ခုက ပမာဏ(magnitude) သဘောတရားလည်း ပါဝင်သကဲ့သို့ ဦးတည်ချက်/လားရာ (direction) သဘောလည်း ပါဝင်နေလျှင် ၎င်းတိုင်းဖွယ်သည် ဗက်တာတိုင်းဖွယ် (vector quantity) ဖြစ်သည်။ ဤတွင် ၎င်းတို့ကို မြားပုံများဖြင့် ကိုယ်စားပြု ဆွဲပြနိုင်သည်။ သာမန်အားဖြင့် မြား၏ အတုတ်အရှည် အရွယ်အစားတို့ဖြင့် ပမာဏကို ကိုယ်စားပြု၌ မြားခေါင်း လှည့်ပုံအားဖြင့် ဦးတည်ချက်ကို ကိုယ်စားပြုကြသည်။ အဆိုပါ ဗက်တာ (vector) တို့ကို အပိုင်းခွဲ (component) များ ခွဲခြမ်းစိတ်ဖြာကြည့်လျှင် ကိုအောဒီးနိတ် ဝင်ရိုးများကိုယ်စီအတိုင်း အလျားဖြန့် တည်ရှိနေသော အပိုင်းခွဲများကို ရရှိပြီး၊ အပြန်အလှန်အားဖြင့် ထိုအပိုင်းခွဲများ အတူတကွ ပေါင်းစည်းသက်ရောက်ခြင်း ရလဒ်က ၎င်းဗက်တာကို ဖော်ဆောင်နေခြင်း ဖြစ်သည်။ ထဲထဲဝင်ဝင် ရူပဗေဒ၌ ဗက်တာ(vector) ဆိုသည်မှာ ဗက်တာ စပေ့စ် (vector space) အတွင်း ပါဝင်သော သင်္ချာဇာတ်ကောင် (mathematical object) များ ဖြစ်သည်။ ဤနားလည်မှုအဆင့်တွင် ဗက်တာ၏ အပိုင်းခွဲ(component) ကိန်းပမာဏတို့က မိမိရွေးချယ်ထားသော အမှတ်ချအိမ် (coordinate systme) ၏ ဖွဲ့စည်းပုံသဘာဝအလျောက် ထွက်ပေါ်နေမည် ဖြစ်သည်။ ဥပမာအားဖြင့် (x, y,) အမှတ်ချအိမ်ဖြင့် (3, 4) အဖြစ် ဖော်ပြအပ်သော ဗက်တာသည် (r, θ) အမှတ်ချအိမ်ဖြင့်မူ (5, 0.93) ဖြစ်မည်၊ 5 သည် အလျား ပမာဏကို ဖော်ပြလျက် 0.93 သည် ရေဒီယန် ယူနစ်ဖြင့် ထောင့် အနေအထားကို ဖော်ပြခြင်း ဖြစ်သည်။ စကေလာတိုင်းဖွယ်နှင့် ကွာခြားပုံဥပမာ ဥပမာအားဖြင့် အလျင် (velocity) သည် ဗက်တာတိုင်းဖွယ် ဖြစ်သဖြင့် မည်မျှသော m/s ဟု ဖော်ပြရုံဖြင့် မပြည့်စုံဘဲ "မည်သည့်ဘက်သို့ မည်မျှသော m/s သွားနှုန်းရှိနေခြင်း" ဟူသည်ကသာ အလျင် ဖြစ်မြောက်သည်။ အမြန်နှုန်း (speed) သည် အလျင်၏ ပမာဏ (magnitude) သီးသန့် ဖြစ်သဖြင့် ၎င်းက စကေလာ တိုင်းဖွယ် (scalar quantity) ဖြစ်သည်။ ဥပမာအားဖြင့် ကား၏ အမြန်နှုန်းပြဒိုင်ခွက်သည် ကားမည်သည့်ဘက်သို့ ကွေ့သည်ကို မဖော်ပြဘဲ သွားနှုန်းပမာဏသီးသန့်ကို ဖော်ပြသဖြင့် အမြန်နှုန် (speed) ကို ပြနေခြင်း ဖြစ်သည်။ အရွေ့ (displacement) ဟူသည်မှာ ဗက်တာတိုင်းဖွယ်ဖြစ်သဖြင့် ဦးတည်ချက်ကို ဖော်ပြမှုပါ ပါဝင်သည်။ သွားခရီး (distance traveled) ကမူ ၎င်း၏ ပမာဏသီးသန့်ဖြစ်သည်။ ကားတစ်စီး၌ မည်မျှသော အကွာအဝေးမောင်းဖူးကြောင်း မိုင်တာကို မှတ်သားပြဆိုချက်သည် ရှေ့ဖြောင့်စွာသွားခြင်း ဟုတ်သဘော၊ ပြန်ကွေးထားခြင်း ရှိသလော စသည့် ဦးတည်ချက်သဘောတို့ မပါဝင်ဘဲ ပမာဏသီးသန့်အဖြစ်သာ သွားခရီးကို ဖော်ပြခြင်း ဖြစ်သည်။ ကိုးကား
https://my.wikipedia.org/wiki/%E1%80%97%E1%80%80%E1%80%BA%E1%80%90%E1%80%AC%20%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%96%E1%80%BD%E1%80%9A%E1%80%BA
အမြန်နှုန်း
အမြန်နှုန်း () သည် အလျင် ၏ ပမာဏ (magnitude) သီးသန့်ကို ဖော်ပြနေသော စကေလာ တိုင်းဖွယ် ဖြစ်သည်။ ထို့ကြောင့် SI ယူနစ် သမားရိုးကျအားဖြင့် တစ်စက္ကန့်လျှင် မီတာမည်မျှနှုန်း (m/s) ဖြစ်သည်။ တစ်နာရီလျှင် မိုင်မည်မျှနှုန်း၊ တစ်နာရီ ကီလိုမီတာမည်မျှနှုန်း ဟူသော သွားနှုန်းတိုင်းတာပုံများသည်လည်း အမြန်နှုန်း၏ ယူနစ်များ ဖြစ်သည်။ ကိုးကား အလျင်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%94%E1%80%BE%E1%80%AF%E1%80%94%E1%80%BA%E1%80%B8
စကေလာ တိုင်းဖွယ်
ဦးတည်ချက် (direction) သဘောကို ထည့်သွင်းမစဉ်းစားဘဲ ပမာဏ (magnitude) သဘော သီးသန့်သာ ပါဝင်နေသည့် တိုင်းဖွယ်များသည် စကေလာတိုင်းဖွယ်များ ဖြစ်သည်။ ဥပမာအားဖြင့် အပူချိန် (temperature) ဒီဂရီမည်မျှ ဟူသည်တွင် ဦးတည်ချက်သဘော မလို၊ ပမာဏသီးသန့်သာ သဘောပါဝင်သော တိုင်းဖွယ် ဖြစ်နေသည်။ အလျင် (velocity)မှာမူ "မည်သည့်ဘက်သို့ မည်မျှသော အမြန်နှုန်းဖြင့် သွားနေခြင်း" ဖြစ်သဖြင့် စကေလာတိုင်းဖွယ် မဟုတ်ဘဲ ဗှတ္တာ တိုင်းဖွယ် ဖြစ်သည်။
https://my.wikipedia.org/wiki/%E1%80%85%E1%80%80%E1%80%B1%E1%80%9C%E1%80%AC%20%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%96%E1%80%BD%E1%80%9A%E1%80%BA
ကိန်းရှင်
တိုင်းဖွယ် (quanity) အခြင်းအရာတစ်ခုသည် အခြားသော တိုင်းဖွယ်တစ်ခုခုက မှီခိုနေလျှင် ထိုအမှီခိုခံ တိုင်းဖွယ်ကို ကိန်းရှင် () ဟု ခေါ်နိုင်ပြီး မှီခိုနေသူ တိုင်းဖွယ်ကို ဖန်ရှင် ဟု ခေါ်သည်။ ထိုအခြေအနေမျိုးတွင် အမှီခံကိန်းရှင်က အခြားတန်ဖိုး ဖြစ်ပါက မှီခိုသူ ဖန်ရှင်ကလည်း အခြားရလဒ်တစ်မျိုး ဖြစ်နေတတ်သည်။ ဥပမာအားဖြင့် စက်ဝိုင်းတစ်ခုသည် ၎င်း၏ အချင်းဝက် ရှည်လျားသည်နှင့်အမျှ လိုက်လံ ကျယ်ဝန်းနေမည်။ ထိုအခါ စက်ဝိုင်း၏ အကျယ်အဝန်း (ဧရိယာ) က ဖှန်ရှင်ဖြစ်နေပြီး အချင်းဝက်က ကိန်းရှင်ဖြစ်နေသည်ဟု ဆိုနိုင်သည်။ တစ်နည်းအားဖြင့် စက်ဝိုင်း အကျယ်အဝန်းပမာဏသည် "အချင်းဝက်၏ ဖန်ရှင် (အချင်းဝက်ကို မှီခိုသော ရလဒ်)" ဟု ဆိုနိုင်သည်။ ဆက်စပ် ကိန်းသေ အကိုးအကား ဋ၏ "အောက်သက်ကျေ ရူပဗေဒ"
https://my.wikipedia.org/wiki/%E1%80%80%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BE%E1%80%84%E1%80%BA
ဒြပ်ဆွဲမှု
နျူတန်ပျိုး ရူပဗေဒ တွင် ဒြပ်ဆွဲမှု(gravity)ဟူသည် ဒြပ်ဆွဲအား (gravitational force) ပင် ဖြစ်သည်။ နျူတန်၏ ဒြပ်ဆွဲမှုနိယာမအရ ဒြပ်(mass) ရှိသော အရာဝတ္ထုတိုင်းသည် အချင်းချင်း အပြန်အလှန် ဆွဲငင်နေသည့် အား(force)တို့ အစဉ် သက်ရောက်နေသည်။ ၎င်းအားသည် ဒြပ်ပမာဏ၂ခု၏ မြှောက်လဒ်နှင့် တိုက်ရိုက်အချိုးကျပြီး ကြားအကွာအဝေး၏ နှစ်ထပ်ကိန်းနှင့် ပြောင်းပြန်အချိုးကျသည်။ နှိုင်းရ ရူပဗေဒ တွင်မူ အထွေထွေနှိုင်းရသီအိုရီအရ ဒြပ်ဆွဲမှု(gravity)သည် အား(force) မဟုတ်တော့ပေ။ ဒြပ်-စွမ်းအင်တို့က အချိန်-အာကာသ (spactime) ၏ ကြမ္မာပြင်သား လမ်းကြောင်းတို့ကို ပုံယွင်းစေသဖြင့် ဝတ္ထုတို့က ထိုလမ်းကြောင်းအတိုင်း ရွေ့လျားဖြစ်မှုသည်ပင် ကျွန်ုပ်တို့ ဒြပ်ဆွဲမှုအဖြစ် နားလည်ထားသည့် သဘာဝ ဖြစ်နေသည်။ သို့ဖြင့် ဒြပ်ဆွဲအားဟူသည်မှာ ဒြပ်ဆွဲမှုကို ရှေးရိုးရူဗေဒအားဖြင့် တွက်ချက်ပုံ ထူးရှားအသွင် (specialized form) ဖြစ်ပြီး ဒြပ်ဆွဲမှု ဟူသည့် အသုံးအနှုန်းက ရူပဗေဒ၌ အထွေထွေခြုံညှိုမှု (generlizaton) ကျသော ပိုကျယ်ပြန့်သည် နားလည်မှုဖြစ်သည်။ ၎င်းက လျှပ်စစ်သံလိုက်ဓာတ်၊ နျူကလီးယား အပျော့စက်၊ နျူကလီးယား အပြင်းစက်တို့နှင့်တကွ အခြေခံ သက်ရောက်မှုကြီး၄ခု၌ တစ်ခုအပါအဝင် ဖြစ်သည်။ နျူတန်၏ လောကလုံးဆိုင်ရာ ဒြပ်ဆွဲမှုနိယာမ (Newton's Universal Law of Gravitation) F သည် အရာဝတ္ထုနှစ်ခုကြားရှိ သက်ရောက်နေသော ဒြပ်ဆွဲအား၊ m1 နှင့် m2 သည် အရာဝတ္ထု၏ ဒြပ်ပမာဏများဖြစ်ပြီး r သည် ထုထည်ဗဟိုနှစ်ခုကြားရှိ အကွာအဝေးဖြစ်ကာ G သည် ဒြပ်ဆွဲအား ကိန်းသေဖြစ်သည်။ အိုင်းစတိုင်းညီမျှခြင်းနှင့် ဒြပ်ဆွဲမှု အိုင်းစတိုင်း စက်ကွင်းညီမျှခြင်းကို အောက်ပါအတိုင်း ဖော်ပြသည်။ ဤတွင် က အိုင်းစတိုင်းတာအုံ (Einstein tensor)၊ က အတိုင်းဆတာအုံ (metric tensor)၊ က အားအချိုး-စွမ်းအင် တာအုံ (stress-energy tensor)၊ က လောကသရုပ် ကိန်းသေ (cosmological constant)၊ က အိုင်းစတိုင်း ဒြပ်ဆွဲမှု ကိန်းသေ (Einstein gravitational constant) ဖြစ်သည်။ နျူတန်နည်းတွင် ဒြပ်ဆွဲအား၏ အကြောင်းခံအရင်းအမြစ်မှာ ဒြပ်ထုသိပ်သည်းမှု (mass density) ဖြစ်ပြီး ရလဒ်မှာ ဟူသော ဒြပ်ဆွဲအား (gravitational force) က ဒြပ်ဆွဲစက်ကွင်း၏ ရှေ့ပြေးသင်္ချာပုံစံ စက်ကွင်းတစ်ခု (gravitational poential) ကို ပြောင်းလဲနှုန်း (derivative) ရှာတွက်ခြင်းဖြင့် ဖြစ်ပေါ်သည့်အရာ ဖြစ်ပြီး၊ ၎င်းနှင့် အပြိုင်သဘော၌ အိုင်းစတိုင်းညီမျှခြင်းတွင် အကြောင်းအရင်းခံက ဒြပ်-စွမ်းအင်တို့၏ ဖြန့်ကျက်တည်ရှိသွင် (stress-energy tensor) ဖြစ်ပြီး ရလဒ်ပုံထက်မှာ ဟူသော လောကဇာတ်ခုံပြင်သား (spacetime fabric) ၏ တာယွင်းမှု (curvature) ဖြစ်လေသည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%92%E1%80%BC%E1%80%95%E1%80%BA%E1%80%86%E1%80%BD%E1%80%B2%E1%80%99%E1%80%BE%E1%80%AF
နှိုင်းရ ရူပဗေဒ
နှိုင်းရသီအိုရီများ၏ အချိန် နှင့် အာကာသ တိုင်းကြောင်းများ (dimensions) တို့ကို ကိုင်တွယ်ပုံအတိုင်း တွက်ချက်သည့် ရူပဗေဒကဏ္ဍများကို နှိုင်းရ ရူပဗေဒ (relativistic physics) ဟု ခေါ်နိုင်သည်။ မြန်လွန်းသော အလျင်များနှင့် ကြီးလွန်းသော ဒြပ်များကို ကိုင်တွယ်လျက် နျူတန်ပျိုး ရူပဗေဒ ဖြင့် တွက်ချက်၍ အဖြေမှန်နှင့် မနီးစပ်နိုင်တော့သည့်အခါ ဤရူပဗေဒမျိုးကို အသုံးပြုကြသည်။
https://my.wikipedia.org/wiki/%E1%80%94%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%20%E1%80%9B%E1%80%B0%E1%80%95%E1%80%97%E1%80%B1%E1%80%92
မယ်စဲ့တိုက်ပွဲ
မယ်စဲ့တိုက်ပွဲ သည် ကယားပြည်နယ်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်စဲ့မြို့နယ်အား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းသည့် ဖြစ်စဉ်ဖြစ်ပြီး ၂၀၂၃ ပထမနှစ်ဝက်တွင် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲသည် ၂၀၂၁ မြန်မာ ပြည်တွင်းစစ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ တိုက်ပွဲ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကရင်နီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက တပ်သား ၃၀ ပါ စစ်ကြောင်းတစ်ခုဖြင့် မယ်စဲ့မြို့နယ်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် တပ်မတော် စစ်သား ခြောက်ဦး သေဆုံးပြီး၊ ငါးဦးကို ဖမ်းဆီးရမိကာ ၁၀ ဦးမှ ထွက်ပြေးသွားခဲ့သည်။ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ၂၀၂၃ ခုနှစ် မေလနှောင်းပိုင်းတွင် စစ်ကောင်စီတပ်သားများက မယ်စဲ့ရှိ အခြေစိုက်စခန်းများသို့ ရိက္ခာပစ္စည်းများ ပို့ဆောင်ရန် ကြိုးစားခဲ့ကြသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့၊ မနက် ၅ နာရီခန့်တွင် မယ်စဲ့ရဲစခန်းနှင့် အနီးနားရှိ စစ်စခန်းများကို စစ်ကောင်စီဆန့်ကျင်တပ်များက တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီအခြေစိုက်စခန်းများအား သိမ်းပိုက်ရရှိပြီးနောက် မြို့တွင်းသို့ ဆက်လက်ဝင်ရောက်ခဲ့ပြီး ရဲတပ်သား ၁၀ ဦးခန့်ရှိသည့် မြို့နယ်ရဲစခန်းကို ဆက်လက်တိုက်ခိုက်ခဲ့သည်။ တောင်လှရွာအနီးရှိ စခန်းတွင် ၁၂၀ မမ လက်နက်ကြီးနှစ်လက်ကို သိမ်းပိုက်ရရှိခဲ့သည်။ အခြားစခန်းနှစ်ခုမှာ မိုင်လနွယ်ရွာအနီးနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ မိုင်တိုင် ၁၄ အနီးတွင် ဖြစ်သည်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၏ ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ ရိုင်ဖယ်လက်နက် ၄၀ ခန့် သိမ်းဆည်းရရှိခဲ့သည်။ မြို့နယ်ရဲစခန်းမှူးမှာ တိုက်ပွဲတွင် သေဆုံးခဲ့သည်။ စစ်ကောင်စီမှ ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်နှင့် ဇွန်လ ၁၄ ရက်နေ့ မနက် ၁ နာရီခန့်တွင် လေကြောင်းပစ်ခတ်မှု ခြောက်ကြိမ်ပြုလုပ်ခဲ့သည်။ မယ်စဲ့နှင့် အနီးနားရှိ ဒုက္ခသည်စခန်းများမှ အရပ်သား ၃,၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။ စစ်ကောင်စီဆန့်ကျင်တပ်များမှ မြို့တွင်းမှ ပြန်လည်ဆုတ်ခွာခဲ့သော်လည်း တောင်ကုန်းများပေါ်တွင် ဆက်လက်တပ်စွဲထားဆဲ ဖြစ်သည်။ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၏ တပ်ဖွဲ့နှစ်ဖွဲ့သည် ယခင်က စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်အဖြစ် ရှိနေခဲ့သော်လည်း မယ်စဲ့တိုက်ပွဲတွင် စစ်ကောင်စီအား ပြန်လည် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်သား ခုနစ်ဦးမှာ ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးသွားခဲ့သည်။ ဇွန်လ ၁၅ ရက်နေ့အထိ လေကြောင်းမှ ဗုံးကြဲမှုများ ရှိနေဆဲဖြစ်သည်။ ဇွန်လ ၁၈ ရက်နေ့တွင် မယ်စဲ့မြို့အား ပြန်လည်သိမ်းပိုက်ရန်အတွက် ဒီးမော့ဆိုရှိ စစ်ကောင်စီတပ်သား ရာပေါင်းများစွာကို စေလွှတ်ခဲ့သည်။ ဇွန်လ ၂၃ ရက်နေ့တွင် ကရင်နီတပ်များအား မယ်စဲ့မြို့နယ်အတွင်းရှိ အခြားစစ်အခြေစိုက်စခန်းတစ်ခုကို ထပ်မံသိမ်းပိုက်ခဲ့သည်။ ကိုးကား မြန်မာနိုင်ငံ၏_ပြည်တွင်းပဋိပက္ခများ ကယားပြည်နယ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%9A%E1%80%BA%E1%80%85%E1%80%B2%E1%80%B7%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%95%E1%80%BD%E1%80%B2
360° Radar အမျိုးအစား
Type 360° သည် Yangzhou Marine Electronic Instruments Research Institute (扬州船用电子仪器研究所)/ အမှတ် 723 Institute မှ ထုတ်လုပ်သော ဝေဟင်/မြေပြင် ရှာဖွေရေး ရေဒါတစ်ခုဖြစ်ပြီး Selenia RAN-10S / SPS – 774 ကို အခြေခံထားကြောင်း သိရသည်။ ၎င်းကို Ma'anshan အတန်းအစား ဖရီးဂိတ်သင်္ဘောများကဲ့သို့သော PLAN အသစ်အများအပြားတွင် တပ်ဖြန့်ထားသည်။
https://my.wikipedia.org/wiki/360%C2%B0%20Radar%20%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%A1%E1%80%85%E1%80%AC%E1%80%B8
ကိုဩဒိနိတ်
အမှတ်ချအိမ် (coordinate system) ဆိုသည်မှာ ကိန်းတို့စုပေါင်းဖော်ပြချက်ဖြင့် အမှတ်တည်နေရာ အမျိုးမျိုးကို ကိုယ်စားပြုရန် ထွင်ထားသော သဘာဝပေတံစုကြီး သဖွယ် ဖြစ်သည်။ အဆိုပါ ကိန်းများကို ဖော်ပြရာတွင် အစဉ်လိုက် သတ်မှတ်မှုမှာ အရေးကြီးသည်။ ထိုသို့ဖြင့် X-ဝင်ရိုး၊ Y-ဝင်ရိုး တို့၏ တည်နေရာ အသီးသီးကို (x, y) ဟူသည်မျိုးဖြင့် အစဉ်လိုက် ဖော်ပြခြင်း ဖြစ်သည်။ အသုံးများသော အမှတ်ချအိမ် အချို့ ကိန်းမျဉ်း (Number Line) အရိုးရှင်းဆုံးသော အမှတ်ချအိမ် ပုံစံမှာ အမှတ်များကို အလျားလိုက်စုစည်းထားမှု ဖြစ်သည့် မျဉ်းတစ်ခု ဖြစ်ပေမည်။ ကာတက်စီးယန်း အမှတ်ချအိမ် ကျောင်းသားတို့နှင့် ရင်းနှီးသော X-ဝင်ရိုး၊ Y-ဝင်ရိုးတို့ချင်း ထောင့်မတ်ကျစွာ ဆွဲသားအမှတ်ချသော ပေတံစုအိမ်သဖွယ်မျိုးမှာ ကာတက်စီးယန်း အမှတ်ချအိမ် ဖြစ်သည်။ စက်ဝန်းအမှတ်ချအိမ် အောက်ဖော်ပြပါ ပုံကို ကြည့်နိုင်သည်။ External links Hexagonal Coordinate Systems Analytic geometry
https://my.wikipedia.org/wiki/%E1%80%80%E1%80%AD%E1%80%AF%E1%80%A9%E1%80%92%E1%80%AD%E1%80%94%E1%80%AD%E1%80%90%E1%80%BA
ဟထိုး
"ှ" ဟထိုး ဆိုသည်မှာ မြန်မာစာတွင် အခြား ဗျည်းတစ်ခု၌ ဟ-ဗျည်းသံ ပေါင်းထည့်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဟအတွက် ဟထိုးထည့်ရန် မထူးပေ။ အခြားဗျည်းတစ်ခုကို ဟထိုးထည့်လိုက်လျှင် ၎င်းမှာ ဗျည်းတွဲတစ်ခု ဖြစ်သွားသည်။ ဝဂ်ဗျည်းတို့အနက် ဟထိုးထည့်၍ အသံထွက် ပြောင်းလဲနိုင်သော ဗျည်းတို့မှာ င၊ ည၊ ဏ၊ န၊ မ တို့ ဖြစ်သည်။ အဝဂ်ဗျည်းတို့နှင့် ပတ်သက်လျှင်မူ အငြင်းပွားဖွယ် အချို့ ရှိသည်။ ရ၊ လ၊ ဝ တို့မှာမူ ဟထိုးထည့်၍ အသံထွက် ပြောင်းလဲသည်ဟု များသောအားဖြင့် သဘောတူကြသည်။ မြန်မာစာ
https://my.wikipedia.org/wiki/%E1%80%9F%E1%80%91%E1%80%AD%E1%80%AF%E1%80%B8
ဗျည်းတွဲ
မြန်မာစာတွင် ဗျည်းတခုခုကို ယ-သံ အဖြစ် ယပင့်၊ ရ-သံ အဖြစ် ရရစ်၊ ဝ-သံ အဖြစ် ဝဆွဲ၊ ဟ-သံ အဖြစ် ဟထိုး ပေါင်းစပ်တွဲထည့်ထားလျှင် ၎င်းတို့မှာ ဗျည်းတွဲများ ဖြစ်သွားသည်။ ဥပမာအားဖြင့် ပျ၊ မြ၊ တွ၊ နှ စသည့် အသံတို့သည် ဗျည်းတွဲအသံများ ဖြစ်သည်။ မြန်မာစာ
https://my.wikipedia.org/wiki/%E1%80%97%E1%80%BB%E1%80%8A%E1%80%BA%E1%80%B8%E1%80%90%E1%80%BD%E1%80%B2
ယပင့်
"ျ" ယပင့် ဆိုသည်မှာ မြန်မာစာတွင် အခြား ဗျည်းတစ်ခု၌ ယ-ဗျည်းသံ ပေါင်းထည့်ခြင်း ဖြစ်သည်။ ထို့ကြောင့် ယအတွက် ယပင့်ထည့်ရန် မထူးပေ။ အခြားဗျည်းတစ်ခုကို ယပင့်ထည့်လိုက်လျှင် ၎င်းမှာ ဗျည်းတွဲတစ်ခု ဖြစ်သွားသည်။ ဥပမာအားဖြင့် ပျ၊ မြ၊ တျ၊ ဒျ တို့မှာ ယပင့်ထည့်ထားသည့် ဗျဉ်းတွဲများ ဖြစ်ကြသည်။ မြန်မာစာ
https://my.wikipedia.org/wiki/%E1%80%9A%E1%80%95%E1%80%84%E1%80%B7%E1%80%BA
ရရစ်
"ြ" ရရစ် ဆိုသည်မှာ မြန်မာစာတွင် အခြား ဗျည်းတစ်ခု၌ ရ-ဗျည်းသံ ပေါင်းထည့်ခြင်း ဖြစ်သည်။ ထို့ကြောင့် ရအတွက် ရရစ်ထည့်ရန် မထူးပေ။ အခြားဗျည်းတစ်ခုကို ရရစ်ထည့်လိုက်လျှင် ၎င်းမှာ ဗျည်းတွဲတစ်ခု ဖြစ်သွားသည်။ ဥပမာအားဖြင့် ပြ၊ မြ စသည်တို့သည် ရရစ်ပါသော ဗျည်းတွဲများ ဖြစ်ကြသည်။ မြန်မာစာ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%9B%E1%80%85%E1%80%BA
ဝဆွဲ
"ွ" ဝဆွဲ ဆိုသည်မှာ မြန်မာစာတွင် အခြား ဗျည်းတစ်ခု၌ ဝ-ဗျည်းသံ ပေါင်းထည့်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဝအတွက် ဝဆွဲထည့်ရန် မထူးပေ။ အခြားဗျည်းတစ်ခုကို ဝဆွဲထည့်လိုက်လျှင် ၎င်းမှာ ဗျည်းတွဲတစ်ခု ဖြစ်သွားသည်။ ဥပမာအားဖြင့် ပွ၊ မွ၊ တွ၊ နွ စသည်တို့သည် ဝဆွဲပါသော ဗျည်းတွဲများ ဖြစ်ကြသည်။ မြန်မာစာ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%86%E1%80%BD%E1%80%B2
ပင်လယ်အိုင်ကွန်သင်္ဘောကြီး
ပင်လယ်အိုင်ကွန်သင်္ဘောကြီးသည်ကမ္ဘာပေါ်တွင် အကြီးဆုံး အပျော်စီးသင်္ဘောကြီးဖြစ်သည်။ဤသင်္ဘောကြီးသည်၂၀၂၄ခုနှစ်တွင်အမေရိကန်ပြည်ထောင်စု မိုင်ယာမီမြို့တွင်စတင်ထွက်ခွာမည်ဖြစ်သည်။ ကိုးကား သင်္ဘောများ'''
https://my.wikipedia.org/wiki/%E1%80%95%E1%80%84%E1%80%BA%E1%80%9C%E1%80%9A%E1%80%BA%E1%80%A1%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%9E%E1%80%84%E1%80%BA%E1%80%B9%E1%80%98%E1%80%B1%E1%80%AC%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
တက်ကျသံဘာသာစကား
တက်ကျသံ အမျိုးမျိုးက ကွဲပြားသော အနက်အဓိပ္ပါယ် အမျိုးမျိုးကို ဖော်ညွှန်းနေလျှင် အဆိုပါဘာသာစကားက တက်ကျသံဘာသာစကား (tonal language) ဖြစ်သည်။ ဥပမာအားဖြင့် မြန်မာဘာသာစကားသည် တက်ကျသံဘာသာစကား ဖြစ်သည်။ "စာ" ဟူလျှင် ရေးခြစ်မှတ်သားသော အရာ ဟူသည်မျိုး အဓိပ္ပါယ် ရောက်ပြီး "စား" ဖြစ်သွားလျှင် အစာကို ပါးစပ်ထဲသို့ သွတ်သွင်း ဝါးမျိုခြင်း အဓိပ္ပါယ် ဖြစ်သွားတော့သည်။ သို့ဖြင့် မြန်မာစကားသည် အာ့-အာ-အား ဟူသည်မျိုး အသံအနိမ့်အမြင့် ၃မျိုး ရှိသည့် တက်ကျသံဘာသာစကား ဖြစ်သည်။ တရုတ်ဘာသာစကားသည်မူ အသံအနိမ့်အမြင့် ၄မျိုးနှင့် ဖြစ်ပြီး၊ ထိုင်းဘာသာစကားသည်မူ အသံအနိမ့်အမြင့် ၅မျိုးနှင့် ဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားကမူ တက်ကျသံဘာသာစကား မဟုတ်ချေ၊ be ကို /ဘီ/ဆန်ဆန် အသံထွက်သည်ဖြစ်စေ /ဘီး/ဆန်ဆန် အသံထွက်သည်ဖြစ်စေ အင်္ဂလိပ်စကား၌ အနက် မပြောင်းပေ။
https://my.wikipedia.org/wiki/%E1%80%90%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%9E%E1%80%B6%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%85%E1%80%80%E1%80%AC%E1%80%B8
တက်ကျသံ
သရသံတစ်မျိုးတည်းကိုပင် နှုတ်ဖြင့် အသံအနိမ့်အမြင့် အဆွဲအပြတ် ကွဲပြားစွာ အသံပြုလျှင် ၎င်းမှာ တက်ကျသံ (tone) ကွဲပြားမှု ဖြစ်လေသည်။ ဥပမာအားဖြင့် အာ့၊ အာ၊ အား ဟူသော အသံ၃ခုသည် သရသံချင်း တူလျက် တက်ကျသံ ၃မျိုး ကွဲပြားသွားခြင်း ဖြစ်သည်။
https://my.wikipedia.org/wiki/%E1%80%90%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%9E%E1%80%B6
လှုံ့ဆော်ချက်
ဇီဝဗေဒတွင် လှုံဆော်ချက် () သည် သက်ရှိတို့အဖို့ တုံ့ပြန်ဖွယ်ရာသော ပတ်ဝန်းကျင်မှ သက်ရောက်မှုများ ဖြစ်သည်။ လိုလားအပ်သော လှုံဆော်ချက် ဖြစ်လျှင် ၎င်းထံသို့ သက်ရှိတို့ ချဉ်းကပ်ရန် အားထုတ်တတ်ပြီး မလိုလားအပ်သော လှုံဆော်ချက် ဖြစ်လျှင် ၎င်းထံမှ ခွါကျဉ်ရန်၊ ၎င်းကို ကာကွယ်ပယ်ဖျက်ရန် သက်ရှိတို့ အားထုတ်တတ်သည်။ အလင်းဟူသော စွမ်းအင်မှာ သက်ရှိတို့အဖို့ လှုံဆော်ချက်တစ်မျိုး ဖြစ်သည်။ ကိုယ်ပိုင်အလင်းထုတ် ဝတ္ထုများမှ လာသော၊ ကိုယ်ပိုင်အလင်းမထုတ် ဝတ္ထုများမှ ပြန်ဟပ်လာသော အလင်းတို့ကို လူတို့က မျက်လုံးဖြင့် ဖမ်းယူသိရှိလျက် ပတ်ဝန်းကျင်ကို မြင်ရခြင်း ဖြစ်သည်။ အပင်များသည်လည်း ၎င်းတို့၏ အလင်းမှီစုဖွဲ့ခြင်းအတွက် အလင်းရှိရာဘက်သို့ တိုးတက်ပေါက်ရောက်တတ်သည်။ အသံဟူသော ကြားခံဒြပ်သား၏ တုန်ခါမှုသည်လည်း လှုံဆော်ချက်တစ်မျိုး ဖြစ်သည်။ ဥပမာအားဖြင့် လူတို့၏ နားစည်က လေထု၏ တုန်ခါမှုကို ဆင့်ကဲခံစားရလျက် အမျိုးမျိုးသော ဖိအားတို့ကို အသံအတိုးအကျယ် အဖြစ်၊ အမျိုးမျိုးသော ကြိမ်နှုန်းတို့ကို အသံ စူးခြင်း-အောခြင်း အဖြစ် ခွဲခြားခံစားမိရသည်။ (ဤတွင် အလင်းများ နားစည်သို့သာ သီးသန့် ကျရောက်ပါက ပုံရိပ်မြင်ရခြင်း၊ အသံကြားရခြင်း မရှိကြောင်းနှင့် လေထုတုန်ခါချက်များ အမြင်လွှာသို့သာ သီးသန့် ကျရောက်ပါကလည်း ပုံရိပ်မြင်ရခြင်း၊ အသံကြားရခြင်း မရှိကြောင်း သတိပြုဖွယ် ဖြစ်သည်။) အနံ့နှင့် အရသာတို့သည်လည်း လှုံဆော်ချက်များ ဖြစ်သည်။ စားလိုက် ရှုလိုက်သော မော်လီကျူးတို့၏ ဖွဲ့စည်းပုံနှင့် လျှာ၊ နှာခေါင်းတို့ရှိ အာရုံခံဆဲလ်များ အပြန်အလှန် ဆက်သွယ်ပုံရလဒ်အဖြစ် ဦးနှောက်သို့ သတင်းပေးပို့ချက် အမျိုးမျိုး ထွက်ပေါ်ခြင်းသည် လူက အနံ့၊ အရသာ အမျိုးမျိုးကို ကြုံတွေ့မှုအဖြစ် ခံစားရခြင်း ဖြစ်တော့သည်။ တိရစ္ဆာန်တို့၏ အရေပြား၊ ကြွက်သားစသည်တို့ရှိ အခြားသော အာရုံခံဆဲလ်များက ခံစားမိသော ဖိအား(pressure) နှင့် အပူချိန် (temperature) တို့ကို "အထိအတွေ့"ဟု လှုံဆော်မှုတစ်မျိုးအဖြစ် စာရင်းသွင်းကြသည်။ အဘိဓမ္မာထဲတွင် မြန်မာပြည်တွင် လေ့လာကြသော အဘိဓမ္မာထဲရှိ အာရုံ ဟူသည်မှာ လှုံ့ဆော်ချက်(stimulus) ကိုပင် ဆိုလိုခြင်းဟု သိမှတ်နိုင်သည်။ ဇီဝဗေဒ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BE%E1%80%AF%E1%80%B6%E1%80%B7%E1%80%86%E1%80%B1%E1%80%AC%E1%80%BA%E1%80%81%E1%80%BB%E1%80%80%E1%80%BA
အနံ့
အချို့သော မော်လီကျူးနှင့် အိုင်းယွန်းတို့က တိရစ္ဆာန်အချို့၏ နှာခေါင်းနှင့် ခံတွင်းထဲရှိ အာရုံခံဆဲလ်များကို လှုံ့ဆော်မှုကြောင့် ဦးနှောက်သို့ ဆိုင်ရာသတင်း ပေးပို့သည့်အခါ ဖြစ်ပေါ်လာသော သိရှိခံစားချက်မှာ အနံ့ တို့ကို တွေ့ကြုံမိခြင်း ဖြစ်သည်။ အကိုးအကား ဋ၏ "အဘိဓမ္မာနှင့် နျူရိုစိုင်းယန့်စ်" အာရုံခံ စနစ်များ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%94%E1%80%B6%E1%80%B7
အမှုန်
ရုပ်ပိုင်းဆိုင်ရာ သဘာဝတွင် အမှုန် () ဆိုသည်မှာ ထုထည်၊ သိပ်သည်းဆ၊ ဒြပ်ထုစသည့် ရူပဗေဒရုပ်သတ္တိအားဖြင့်သော်လည်းကောင်း၊ သို့မဟုတ် ဓာတုဗေဒ ရုပ်သတ္တိအားဖြင့်သော်လည်းကောင်း အမျိုးမျိုးဖော်ပြနိုင်သည့် သေးငယ်သော အရာဝတ္ထုပစ္စည်းများ ဖြစ်သည်။ အမှုန်များသည် အီလက်ထရွန်ကဲ့သို့သော အက်တမ်အောက်အမှုန်များမှ အက်တမ်နှင့် မော်လီကျူးများကဲ့သို့သော မိုက်ခရိုစကုပ်ဖြင့် မြင်နိုင်သော အမှုန်များ စသည်ဖြင့် အရွယ်အစားနှင့် ပမာဏ အမျိုးမျိုး ကွဲပြားသည်။ ဒြပ်သားစုဖွဲ့ဖြစ်တည်မှု၊ အခြေခံ သက်ရောက်မှုကြီးများ ဖြစ်ပေါ်မှုတွင် ပါဝင်နေသော အစိတ်အပိုင်းများ ဖြစ်သည်။ အက်တမ် တစ်ခုချင်းကို ဖြစ်စေ၊ အက်တမ်တွဲများ ဖြစ်သော မော်လီကျူး တစ်ခုချင်းကို ဖြစ်စေ အမှုန် တစ်ခုဟု ခေါ်နိုင်သည်။ ၎င်းတို့ထက် သေးငယ်သော အမှုန်မှာ အက်တမ်အောက်အမှုန်များ ဖြစ်သည်။ အခြေခံအမှုန် အုပ်စုကြီး နှစ်ခု လူတို့၏ လက်ရှိ အသိသုတအရ ထပ်မံ ခွဲစိတ်မရတော့သော၊ အခြား (ပိုနုပ်မွှားသော) အမှုန်တို့ဖြင့် စုဖွဲ့ဖြစ်ပေါ်ထားမှုဟု မထင်ရသော အခြေခံအမှုန်များကို အုပ်စုကြီး ၂ ခုသို့ ခွဲနိုင်သည်။ တစ်မျိုးမှာ ဖာမီယွန် (fermion) ဖြစ်ပြီး ကွမ်တမ်သဘောယန္တရားအားဖြင့် လည်အင် (spin) ကိန်းဝက်ရှိသော အမှုန်များ ဖြစ်သည်။ အီလက်ထရွန်များနှင့် (ပရိုတွန်နှင့် နယူထရွန်ကို ဖွဲ့စည်းသော) ကွာ့ခ်များမှာ ဤအမှုန် အမျိုးအုပ်စုအတွင်း အကျုံးဝင်သည်။ ကျန်တစ်မျိုးမှာ ဘိုဇွန် (boson) ဖြစ်ပြီး လည်အင် ကိန်းပြည့်ရှိသော အမှုန်များဖြစ်သည်။ အလင်း၏ အစိတ်အပိုင်း ဖြစ်တည်မှု အနုပ်မွှားဆုံး ဖြစ်သည်ဆိုသော ဖိုတွန်တို့မှာ ဤအမှုန် အမျိုးအုပ်စုအတွင်း အကျုံးဝင်သည်။ ကိုးကား အမှုန်များ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%99%E1%80%BE%E1%80%AF%E1%80%94%E1%80%BA
နျူကလီယွန်
အက်တမ်၏ ဗဟိုဆံ နျူကလီးယပ်စ် အဖြစ် ပါဝင်စုဖွဲ့တတ်သော ပရိုတွန်နှင့် နျူထရွန် နှစ်မျိုးလုံးကို ခြုံငုံ၍ နျူကလီယွန် (nucleon) ဟု ခေါ်ကြသည်။
https://my.wikipedia.org/wiki/%E1%80%94%E1%80%BB%E1%80%B0%E1%80%80%E1%80%9C%E1%80%AE%E1%80%9A%E1%80%BD%E1%80%94%E1%80%BA
WALL-E
WALL-E (WALL·E ကဲ့သို့ အသွင်အပြင်ဖြင့် ပုံဖော်ထားသည်) သည် Pixar Animation Studios မှ ထုတ်လုပ်ပြီး Walt Disney Picturesမှ ထုတ်လုပ်သော 2008 ခုနှစ် အမေရိကန် ကွန်ပြူတာ- ကာတွန်း သိပ္ပံစိတ်ကူး ယဉ် အချစ်ဇာတ်လမ်း ဇာတ်ကား ဖြစ်သည်။ ဒီဇာတ်ကားကို Jim Morrisက ထုတ်လုပ်ပြီး Stanton နဲ့ Jim Reardon တို့က ဒါရိုက်တာ Andrew Stanton က ရိုက်ကူးခဲ့တာပါ။ Ben Burtt၊Elissa Knight ၊ Jeff Garlin ၊ John Ratzenberger ၊ Kathy Najimy ၊ Sigourney Weaver နှင့် Fred Willard တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ထားသည်။ 2805 ခုနှစ်တွင် ကမ္ဘာမြေကို စွန့်ခွာသွားခဲ့သော WALL-E အမည်ရှိ အထီးကျန်စက်ရုပ်ကို နောက်ဆက်တွဲ ရိုက်ကူးထားသည်။ သူ့ကို ကြယ်စင် Axiomမှ ပေးပို့သော EVE ဟုခေါ်သော စက်ရုပ်က ၎င်းအား ချစ်မြတ်နိုးပြီး နဂါးငွေ့တန်းကိုဖြတ်ကာ လိုက်ရှာသည်။ Finding Nemo ကို ဒါရိုက်တာလုပ်ပြီးနောက်၊Stanton သည် Pixar သည် ရေအောက် ရူပဗေဒဆိုင်ရာ မယုံနိုင်ဖွယ်ရာ သရုပ်ဖော်မှုများကို ဖန်တီးခဲ့ကြောင်း ခံစားခဲ့ရပြီး အာကာသထဲတွင် အများအပြားရိုက်ကူးရန် ဆန္ဒရှိနေသည်။ WALL-E သည် ၎င်း၏အစောပိုင်းအစီအစဉ်များတွင် အနည်းငယ်မျှသာ ဆွေးနွေးမှုရှိသည်။ ရုပ်ရှင်ထဲက ဇာတ်ကောင်တော်တော်များများမှာ အသံတွေမပါပေမယ့် Burtt က ဒီဇိုင်းထုတ်ထားတဲ့ ခန္ဓာကိုယ်ဘာသာစကားနဲ့ စက်ရုပ်အသံတွေနဲ့ ဆက်သွယ်ပြောဆိုပါတယ်။ ရုပ်ရှင်သည် စားသုံးသူဝါဒ ၊ ကော်ပိုရိတ်စနစ် ၊ လွမ်းဆွတ်မှု ၊ အမှိုက်စီမံခန့်ခွဲမှု ၊ လူ့ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုနှင့် စိုးရိမ်မှုများ ၊ အဝလွန်ခြင်း / အထိုင်များသော လူနေမှုပုံစံများ ၊ နှင့် ကမ္ဘာလုံးဆိုင်ရာကပ်ဘေး အန္တရာယ်များ အပါအဝင်ခေါင်းစဉ်အမျိုးမျိုးဖြင့် ပေါင်းစပ်ထားသည်။ တိုက်ရိုက်အက်ရှင်ဇာတ်ကောင်များပါဝင်သည့် အပိုင်းများပါရှိသော Pixar ၏ ပထမဆုံးကာတွန်းရုပ်ရှင်လည်းဖြစ်သည်။ Thomas Newman သည် ရုပ်ရှင်၏ဂီတရမှတ်ကို ရေးစပ်ခဲ့သည်။ ယင်းဇာတ်ကားကို ထုတ်လုပ်ရန်ကန်ဒေါ်လာ သန်း ၁၈၀ ကုန်ကျခဲ့ပြီး ထိုအချိန်က ကာတွန်းရုပ်ရှင်အတွက် စံချိန်ချိုးခဲ့သည်။ Pixar အစဉ်အလာအတိုင်း WALL-E သည် ၎င်း၏ ပြဇာတ်ရုံတွင်ရုံတင်ပြသရန်အတွက် Presto အမည်ရှိ ရုပ်ရှင်တိုတစ်ကားနှင့် တွဲဖက်ခဲ့သည်။ WALL-E ကို ၂၀၀၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် အမေရိကန်တွင်ဖြန့်ချိခဲ့သည်။ ရုပ်ရှင်သည် ၎င်း၏ ကာတွန်း၊ ဇာတ်လမ်း၊ အသံသရုပ်ဆောင်မှု၊ ဇာတ်ကောင်များ၊ ရုပ်ပုံများ၊ ရမှတ်၊ အသံဒီဇိုင်း၊ ဇာတ်ညွှန်း၊ဒိုင်ယာလော့အနည်းများကို အသုံးပြုမှုနှင့် အချစ်ဇာတ်လမ်းများအတွက် အရေးပါသော ချီးကျူးမှုကို ရရှိခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် ဝင်ငွေဒေါ်လာ ၅၂၁.၃ သန်းဖြင့်စီးပွားဖြစ်အောင်မြင်ခဲ့ပြီး ၂၀၀၈ ခုနှစ်၏ နဝမမြောက် ဝင်ငွေအကောင်းဆုံးဇာတ်ကား ဖြစ်လာခဲ့သည်။ အကောင်းဆုံး အန်နီမေးရှင်းဇာတ်ကားအတွက် 2008 ရွှေကမ္ဘာလုံးဆု ၊ အကောင်းဆုံး Long Form Dramatic Presentation အတွက် 2009 Hugo Award ၊ အကောင်းဆုံး Script အတွက် နောက်ဆုံး Nebula Award ၊ Saturn Award for Best Animated Film နှင့် Academy Award အတွက်နောက်ထပ် အော်စကာဆန်ခါတင်ငါးဆုနှင့်အတူ အကောင်းဆုံး ကာတွန်းရုပ်ရှင် ။ National Board of Review နှင့် American Film Institute အပါအဝင်ဝေဖန်သူများနှင့် အဖွဲ့အစည်းများ၏ ကျယ်ကျယ်ပြန့်ပြန့် အမည်ပေးခံရပြီး ၂၀၀၈ ခုနှစ်၏ အကောင်းဆုံးရုပ်ရှင်များထဲမှ တစ်ခုအဖြစ်၊ နှင့် ဖန်တီးထားသမျှ အကြီးကျယ်ဆုံး ကာတွန်းဇာတ်ကား များထဲတွင် ထည့်သွင်းစဉ်းစားခြင်းခံရသည်။ 2021 ခုနှစ်တွင် WALL-E သည် "ယဉ်ကျေးမှုအရ၊ သမိုင်း အရ၊ သို့မဟုတ် အလှတရားအရ အရေးပါသူ" အဖြစ် United States National Film Registry တွင် ထိန်းသိမ်းရန်အတွက် ရွေးချယ်ခံရသည့် ဒုတိယမြောက် Pixar ဇာတ်ကားဖြစ်လာခဲ့သည်။ 2022 ခုနှစ် စက်တင်ဘာလတွင်၊ Stanton ၏တောင်းဆိုချက်အရ Disney မှ WALL-E ကို The Criterion Collection သို့ အထူးထုတ်ဝေသည့် 4K Blu-Ray -standard Blu-Ray combo pack အဖြစ် နိုဝင်ဘာလ 22 ရက်၊ 2022 ရက်နေ့တွင် Disneyမှ လိုင်စင်ရထားပြီး၊ Pixar ဇာတ်ကားသည် ထိုကဲ့သို့ ဂုဏ်ပြုခံရဖူးသည်။
https://my.wikipedia.org/wiki/WALL-E
ကုဒ်အမှတ်
စာလုံး သိမ်းဆည်းပုံ ဝေါဟာရဗေဒတွင်၊ ကုဒ်အမှတ် သို့မဟုတ် ကုဒ်အနေအထား တစ်ခု (code point, codepoint သို့ code position) သည် စာအက္ခရာတစ်ခုအား သတ်မှတ်နေရာချပေးထားသည့် ဂဏန်းတန်ဖိုးတစ်ခု ဖြစ်သည်။ ကုဒ်အမှတ်သည် ယေဘုယျအားဖြင့် စာလုံး၊ ဂဏန်း၊ ပုဒ်ဖြတ်သင်္ကေတ သို့မဟုတ် ရံဖန်ရံခါတွင် သင်္ကေတများ ဖြစ်နိုင်သည်။ ကိုးကား ကွန်ပျူတာ အချက်အလက် ဒစ်ဂျစ်တယ် ပုံနှိပ်ပညာ
https://my.wikipedia.org/wiki/%E1%80%80%E1%80%AF%E1%80%92%E1%80%BA%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA
ဇူးကျော်
ဇူးကျော် သည် မြန်မာနိုင်ငံသား အမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။ အမည်ရင်း ဦးကျော်လင်း ဖြစ်ပြီး ရန်ကုန်မြို့ တာမွေမြို့နယ်၌ ညီအစ်ကိုမောင်နှမများနှင့်အတူ နေထိုင်လျက်ရှိသည်။ အစောပိုင်းဘဝ အဘ ဦးမြင့်အေး၊ အမိ ဒေါ်သိန်းကြည်တို့မှ ပဲခူးတိုင်း၊ တောင်ငူမြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ရှစ်ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ စာပေရေးသားခြင်း ပထမဦးဆုံး ပုံနှိပ်ဖော်ပြခံရသော စာမူမှာ၁၉၈၇ ခုနှစ် သောကြာစာစောင်တွင် ပါဝင်ခဲ့သည့် "ပျော်ခဲ့ရတဲ့ ယုဒသန်"ဝတ္ထုတို စာမူ ဖြစ်သည်။ သောကြာ ဦးမောင်ကလေး တည်းဖြတ်ထုတ်ဝေခဲ့သောစာစောင်ဖြစ်သည်။ ထိုစာမူဖော်ပြခံရစဉ်က ကလောင်အမည်မှာ ကိုကိုကျော် (သတ္တဗေဒ) ဖြစ်သည်။ စာရေးလာသည့် သက်တမ်းတလျှောက်တွင် ဝတ္ထုတိုပုဒ်ရေ ၁၀၀ ကျော် ရေးသားခဲ့ပြီး မျဉ်းပြိုင်လိပ်ပြာ တစ်ကိုယ်တော်ဝတ္ထုတိုပေါင်းချုပ်ကို ထုတ်ဝေခဲ့ဖူးသည်။ နိုင်ဇော်၊ ဂျူး၊ မင်းလူ ၊ ကြူးနှစ်၊ သန်းမြင့်အောင်၊ ဆောင်းဝင်းလတ်၊ နိုင်ဝင်းသီ ၊ ပန်းမောင် (မြန်မာစာ)တို့နှင့် ပူးတွဲ၍ ဝတ္ထုတိုစုစည်းမှု စာအုပ်များလည်း ထွက်ခဲ့ဖူးသည်။ မြစ်ကြီးနား အခြေစိုက် ဥတ္တရလမင်းမှ စီစဉ်ထုတ်ဝေသော ခံစားသူအကြိုက် ဝတ္ထုတို‌စာအုပ်တွင်လည်း ဇူးကျော်၏ ဝတ္ထုတိုစာမူကို ရွေးချယ်ဖော်ပြခဲ့သည်။ မိုးမိုးအင်းလျား ဝတ္ထုတိုပြိုင်ပွဲတွင် ဆု နှစ်ကြိမ် ရရှိခဲ့ဖူးသည်။ ဆုရဝတ္ထုနှစ်ပုဒ်အနက် တစ်ပုဒ်ကို ဘီဘီစီ အသံလွှင့်ဌာနမှ အသံလွှင့်ဇာတ်အဖြစ် ထုတ်လွှင့်ခဲ့ဖူးသည်။ ဇူးကျော်၏ မာစတာပိစ်ဟု စာပေလောကမှ သတ်မှတ်ထားကြသော " ဖဦးထုပ် " ဝတ္ထုတိုစာမူကိုလည်း မြန်မာ့အသံမှ ဇာတ်လမ်းပမာ နားဆင်စရာအဖြစ် အကြိမ်ကြိမ် ထုတ်လွှင့်ခဲ့သည်။ ရောင်ပြန်မဂ္ဂဇင်း၊ ပြစ်မှုမဂ္ဂဇင်း၊ မှုခင်းရေးရာသတင်းဂျာနယ်တို့တွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က မေတ္တာရှင် မောင်မဲခေါင်၊ ချစ်ဖွယ်(တောင်ငူ)၊ မောင်ရှင်းသန့်၊ ကိုအေးသား၊ ဇော်မင်း(တောင်ငူ)ဟူသော ကလောင်အမည်များဖြင့် ဝတ္ထုနှင့်ဆောင်းပါးများကို ရေးသားခဲ့သည်။ မေတ္တာရှင် မောင်မဲခေါင် ကလောင်အမည်ဖြင့် ဂမ္ဘီရ ဝတ္ထုတိုပုဒ်ရေ ငါးဆယ်ကျော်ခန့် ရေးသားခဲ့သည်။ ‌ဆရာမကြီး ဒေါ်ကလျာ (ဝိဇ္ဇာ/ သိပ္ပံ) စီစဉ်ထုတ်ဝေသော ကလျာ မဂ္ဂဇင်းတွင် မဂ္ဂဇင်းရပ်နားသွားချိန်အထိ အယ်ဒီတာအဖြစ် ကိုးနှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုအခါ လင်းလွန်းခင်စာပေတိုက်၌ စာတည်းအဖြစ် စာပေတာဝန်များကို ထမ်းဆောင်နေဆဲဖြစ်သည်။ ကိုးကား သက်ရှိထင်ရှားပုဂ္ဂိုလ်များ မွေးဖွားခုနှစ် မသိရှိရသူများ (သက်ရှိထင်ရှားပုဂ္ဂိုလ်များ) မြန်မာ အမျိုးသား စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%87%E1%80%B0%E1%80%B8%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA
လှိုင်းသရုပ်
ကွမ်တမ်ရူပဗေဒရှိ လှိုင်းသရုပ် (အင်္ဂလိပ်: wave function or wavefunction) ဆိုသည်မှာ သီးခြားကွဲထွက်နေသော ကွမ်တမ်စု၏ ကွမ်တမ်အခြေရပ်တို့ကို သင်္ချာနည်းဖြင့် ဖော်ညွှန်းသည့် သင်္ချာဆက်သွယ်ချက် ဖြစ်သည်။ သို့ဖြင့် အမှုန်၏ တည်ရှိမှုတို့ကို ရှေးရိုးရူပဗေဒကဲ့သို့ အတိအကျ ဖော်ပြခြင်း မဟုတ်တော့ဘဲ ၎င်းလှိုင်းသရုပ်မှ ဖြစ်တန်ချေတည်ရှိပုံ ကို တွက်ထုတ်ရတော့သည်။ လှိုင်းသရုပ် (wavefunction) ကို များသောအားဖြင့် ဂရိသင်္ကေတ အသေး— အကြီး— (စိုင်) နှင့် ဖော်ပြရိုးရှိသည်။ ရှေးရိုးရူပဗေဒ၌ ပါဝင်သော အလျင်၊ အား စသည်တို့က ယူကလစ်ဒ် စပေ့စ် (Euclidean space) အတွင်းရှိ သင်္ချာဇာတ်ကောင်များ (mathematical objects) ဟု တွေးကြည့်နိုင်လျှင် ကိန်းတေး (imaginarue number) ပါဝင်လာသော လှိုင်းသရုပ်တို့က ဟစ်လ်ဘရ်တ် စပေ့စ် (Hilbert space) ရှိ သင်္ချာဇာတ်ကောင်များဟု တွေးကြည့်နိုင်သည်။ သို့သော တူညီသေးသည့်အချက်မှာ အာနိသင်ထပ်ခြင်း နိယာမ (superposition principle) က လှိုင်းသရုပ်များအဖို့လည်း အကျုံးဝင်သည်။ လှိုင်းသရုပ်ချင်း လှိုင်း အာနိသင်ထပ်မှု (wave superposition) ပြုလုပ်နိုင်သည်။ ဆိုလိုသည်မှာ လှိုင်းသရုပ်၂ခု ပေါင်းလျက် ထွက်လာသော တတိယတစ်ခုသည်လည်း လှိုင်းသရုပ် မြောက်ပြန်သည်။ အလင်းအလျင်နှင့် မယှဉ်သာသေးသော အလျင်နိမ့် ရူပဗေဒအားဖြင့် လှိုင်းသရုပ် ၏ ပမာဏရင်းနှစ်ထပ်ကိန်း ကို တွက်ထုတ်လိုက်လျှင် ၎င်းသည် ဆိုင်ရာအမှုန်၏ ဖြစ်တန်ခြေ ဖြန့်ကျက်အချိုး (probablility density) ရရှိသည်။ ဤနည်းဖြင့်သာ ကွမ်တမ်အမှုန်တို့၏ တည်ရှိမှုကို တွက်ချက်ရသဖြင့် အက်တမ်တစ်ခုတွင် အီလက်ထရွန်က နျူကလိယဘေး၌ ဝဲခိုတည်ရှိရာတွင် ဂြိုဟ်က ကြယ်ကို ပတ်သကဲ့သို့ တိကျသော လမ်းကြောင်းဖြင့် လှည့်ပတ်ခြင်း မဟုတ်ဟု ဆိုကြခြင်းဖြစ်သည်။
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%9B%E1%80%AF%E1%80%95%E1%80%BA
ကိန်းတေး
သင်္ချာတွက်ချက်မှုအချို့အတွက် သုံးရမည် ဖြစ်သော်လည်း တကယ်တည်ရှိသော ကိန်းစစ်များ (real numbers)နှင့် အပေါင်းအနုတ် တိုက်ရိုက်မပြုနိုင်ဘဲ စိတ်ထဲတေးမှတ် တွက်ချက်ရသည့်နှယ် ဖြစ်နေ၍ ကိန်းတေး (imaginary number) ဟု အမည်ပေးနိုင်သည်။ ဟု ကိုယ်စားပြု ပြဆိုကြသည်။ ၎င်းသည် ဟူသော နှစ်ထပ်ကိန်း ညီမျှခြင်း၌ ၏ တန်ဖိုးဖြစ်နေမည်။ ဆိုလိုသည်မှာ -1 (အနုတ် 1) ၏ နှစ်ထပ်ကိန်းရင်းမှာ + သို့မဟုတ် - ဖြစ်အံ့။ a+b ဟူသော တစ်ခုလုံးကို ကိန်းထွေး (complex number) ဟု ခေါ်နိုင်သည်။ အကြောင်းမှာ a ဟူသော ကိန်းစစ်အပိုင်း (real part) နှင့် ဟူသော b ဟူသော ကိန်းတေးအပိုင်း (imaginary part) ကို ရောထွေးပေါင်းစပ်ထားခြင်းကြောင့် ဖြစ်သည်။ ကိန်းရောဟူသည်မှာမူ ကိန်းပြည့်များနှင့် အပိုင်းကိန်းများကို ရောနှောရေးသားထားခြင်း ဖြစ်၍ ကိန်းရောနှင့် ကိန်းထွေး အသုံးအနှုန်းတို့ကို သတိပြုသင့်သည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%80%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%90%E1%80%B1%E1%80%B8
ကိန်းအုံ
သင်္ချာရှိ ကိန်းအုံ (matrix) ဆိုသည်မှာ ကိန်းများ (သို့မဟုတ် အခြားသော တန်ဖိုးလုံးများ) ကို အတန်းလိုက် တိုင်လိုက် စီရီလျက် စုစည်းထားသော အစုအဝေး ဖြစ်သည်။ ထိုအစုအဝေးတစ်ခုလုံးကို ကိန်းအုံ(matrix) ဟု ခေါ်ပြီး တစ်ခုချင်းကို ကိန်းလုံး(element) ဟု ခေါ်နိုင်သည်။ တန်း(row)များမှာ အလျားလိုက် ဖြစ်ပြီး တိုင်(column)များမှာ ထောင်လိုက် ဖြစ်သည်။ ကိန်းအုံတစ်ခုသည် သင်္ချာတွင် အသုံးဝင်သော သင်္ချာဇာတ်ကောင်များ (mathematical objects) ဖြစ်သည်။ ဥပမာအားဖြင့် ဤသည်မှာ တန်း၂တန်း တိုင်၃တိုင်ဖြင့် စုဖွဲ့ထားသော ကိန်းအုံ ဖြစ်သည်။ ထို့ကြောင့် သည်တစ်ခုကို "၂×၃ ကိန်းအုံ" သို့မဟုတ် " ကိန်းအုံ" ဟု အရွယ်အစားကို ဖော်ပြခေါ်ဝေါ်နိုင်သည်။ (ရှေ့တွင် ထားပြောသည်မှာ တန်းနှင့်ဆိုင်ပြီး နောက်တွင် ထားပြောသည်မှာ တိုင်နှင့်ဆိုင်မြဲ ဖြစ်သည်ကို သတိပြုပါ။) ကိန်းအုံအချင်းချင်း ပေါင်းနုတ်မြှောက်စား ပြုလုပ်သည့်အခါ လိုက်နာရမည့် သင်္ချာနည်းစနည်များရှိပြီး ကိန်းတစ်လုံးချင်း ကိုင်တွယ်ရသည်ထက် အဆင့်အနည်းငယ် ပိုကဲသည်။ ကိန်းအုံ၏ အရွယ်အစား ကိန်းအုံ၌ အလျားလိုက် တန်း(row) မည်မျှ၊ ထောင်လိုက် တိုင်(column) မည်မျှ ပါဝင်နေသနည်း ဟူသည်က ၎င်း၏ အရွယ်အစား (size) ပင် ဖြစ်သည်။ တန်းအရေအတွက် m နှင့် တိုင်အရေအတွက် n ရှိသော ကိန်းအုံကို m×n ကိန်းအုံ တခု ဟု ‌ခေါ်သည်။ တန်းအရေအတွက်ကို အစဉ် ရှေ့၌ ထားရှိသုံးနှုန်းသည်။ m နှင့် n ကိုယ်စီကို တိုင်းကြောင်းအရေအတွက် ဟုလည်း နားလည်နိုင်သည်။ ဟူသော ကိန်းအုံကို ဥပမာပြရလျှင် ၎င်းက 3×2 ကိန်းအုံ တခု ဖြစ်ချေမည်။ တန်းအရေအတွက် ၁ သာ ဖြစ်လျက် တိုင်အရေအတွက် တခုမက ရှိနေသော ကိန်းအုံတို့ကို တန်းထီးကိန်းအုံ (row matrix or row vector) ဟု၊ တိုင်အရေအတွက် ၁ သာ ဖြစ်လျက် တန်းအရေအတွက် တခုမက ရှိနေသော ကိန်းအုံတို့ကို တိုင်ထီးကိန်းအုံ (column matrix or column vector) ဟု၊ (၁ခု မကစီ ဖြစ်လျက်) တိုင်အရေအတွက်နှင့် တန်းအရေအတွက် တူနေသော ကိန်းအုံတို့ကို ထောင့်စက် ကိန်းအုံ ဟု ခေါ်သည်။ အချို့တွက်ချက်သဘောတရားများ၌ တိုင်နှင့် တန်းအရေအတွက်တို့ သုညချည်းသာ ဖြစ်နေသော ကိန်းအုံများကိုလည်း လိုအပ်တတ်သည်။ ထိုသို့ ပါဝင်ကိန်းလုံး ကင်းမဲ့နေသော ကိန်းအုံတို့ကို ဗလာကိန်းအုံ (empty matrix) ဟု ခေါ်သည်။ အခြေခံ သင်္ချာလုပ်ဆောင်မှုများ ကိန်းအုံချင်း ပေါင်းခြင်း၊ ကိန်းထီးနှင့် မြှောက်ခြင်း၊ ကိန်းအုံကို အလှဲအထောင်ပြုခြင်း ကိန်းအုံချင်း ပေါင်းခြင်းသည် ပါဝင်ဇာတ်ကောင်တို့ကို ရှေ့နောက် အစီအစဉ် ဖလှယ်လျှင်လည်း ရလဒ်မပြောင်းသော၊ ဖလှယ်ရသတ္တိ ရှိသော သင်္ချာလုပ်ဆောင်ချက် ဖြစ်သည်။ A+B နှင့် B+A ဟူသော ကိန်းအုံချင်း ပေါင်းလဒ်၂မျိုးမှာ အတူတူသာ ဖြစ်အံ့။ ကိန်းအုံချင်း မြှောက်ခြင်း ကိန်းအုံချင်း မြှောက်ခြင်းမှာမူ ဖလှယ်ရသတ္တိမရှိသည့် သင်္ချာလုပ်ဆောင်ချက် ဖြစ်သည်။ ဥပမာအားဖြင့် AB နှင့် BA ဟူသော မြှောက်လဒ်၂မျိုးမှာ ယေဘုယျအားဖြင့် တူညီမှု မရှိ။ (တိုက်ဆိုင်မှုသတ်သတ်ကြောင့်သာ ရံဖန်ရံခါ တူနိုင်သည်။) အရွယ်အစား × ရှိသော ကိန်းအုံကို ရှေ့၌ထားရှိလျှင် အရွယ်အစား × ရှိသော ကိန်းအုံကို နောက်ဆက်၍သာ ကိန်းအုံချင်း မြှောက်နိုင်သည်။ (ရှေ့၌ ထားမြှောက်မည့် ကိန်းအုံ၏ တိုင်အရေအတွက်နှင့် နောက်၌ ထားမြှောက်မည့် ကိန်းအုံ၏ တန်းအရေအတွက်က တူညီနေမှ။) ထို့နောက်လျှင် မြှောက်လဒ်အဖြစ် ထွက်ပေါ်လာမည့် ကိန်းအုံ၏ အရွယ်အစားက × ဖြစ်နေမည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%80%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%A1%E1%80%AF%E1%80%B6
အခြေခံ သက်ရောက်မှုကြီး
ရူပဗေဒအရ လောက (Universe) တွင် အခြေခံ သက်ရောက်မှုကြီး (the Fundamental Interaction) ၄မျိုး ရှိသည်။ ဒြပ်ဆွဲမှု (Gravity) လျှပ်စစ်သံလိုက်ဓာတ် (Electromagentism) နျူကလီးယား အပျော့စက် (Weak Interaction) နျူကလီးယား အပြင်းစက် (Strong Interaction) (ဤတွင် ထည့်သုံးသော "စက်" မှာ machine ကို မဆိုလိုဘဲ mechanism ကို ဆိုလိုသည်။ မြန်မာစာပေ၏"အာဏာစက်"၊ "ဆောင်းစက်ရိပ်ခို ရေတွက်လို့ ဆိုတော့မည်" စသည်တို့၌ တွေ့ရသည်မျိုးကို မှီငြမ်း၏။) ရှင်းလင်းချက် ဖြစ်ပျက်သမျှသော သဘာဝအလုံးစုံ၏ အခြေခံ ဖြစ်သောကြောင့် အခြေခံ သက်ရောက်မှုကြီးများဟု ခေါ်သည်။ နေ့စဉ်ဘဝ၌ တွေ့ရသော ပစ္စည်းများ မြေပြင်သို့ ပြေးကပ်ခြင်းသည် ဒြပ်ဆွဲမှု(Gravity) ကြောင့် ဖြစ်ပေါ်သည်။ ပြုတ်မကျစေရန် ချိတ်ဆွဲမှုသည် ကြိုး၏ တင်းခံမှုကြောင့် အထမြောက်မည်တွင် ၎င်းတင်းခံမှုက ကြိုးအတွင်းရှိ အက်တမ်အောက်အမှုန်များ၏ အပြန်အလှန် သက်ရောက်မှုကြောင့် ဖြစ်ပြီး ၎င်းသက်ရောက်မှုတို့မှာ လျှပ်စစ်သံလိုက်ဓာတ် (Electromagnetism) ကြောင့် ဖြစ်ပေါ်သည်။ ဝိုင်ယာကြိုးထဲတွင် လျှပ်စီးဖြစ်ပေါ်ခြင်း၊ သံလိုက်တုံး အချင်းချင်း ဆွဲငင်ခြင်း၊ တွန်းကန်ခြင်း တို့ချည်းကသာ လျှပ်စစ်သံလိုက်ဓာတ် မဟုတ်ဘဲ ဘောလုံးတစ်လုံးက နံရံတစ်ခုကို ဖောက်မထွက်ဘဲ ပြန်ကန်ခြင်းသည်လည်း အမှုန်အချင်းချင်းကြား လျှပ်စစ်သံလိုက်ဓာတ်ဆိုင်ရာ သက်ရောက်မှုကြောင့် ဖြစ်သည်။ အက်တမ်အတွင်းရှိ နျူကလီယွန်များ ဖြစ်ပေါ်နိုင်မှုသည် နျူကလီးယား အပြင်းစက် (Nuclear Strong Interaction) ကြောင့် ဖြစ်သည်။ ထို့ကြောင့်သာ ကျွန်ုပ်တို့ သိသော ရေ၊ မြေ၊ လေ၊ ကြယ်၊ ဂြိုဟ် ဒြပ်အစုအဝေးတို့ ဖြစ်ပေါ်လာနိုင်သည်။ နျူကလီးယား အပျော့စက် (Nuclear Weak Interaction) ကြောင့် ကြယ်များအတွင်း၌ နျူကလီးယား ပေါင်းစည်းမှု ဖြစ်ပေါ်နိုင်က နေကလည်း စွမ်းအင်ဖြာထွက်လျက် ကမ္ဘာဂြိုဟ်ကို အပူနှင့် အလင်းတို့ ပေးနိုင်ခြင်း ဖြစ်သည်။ တစ်ဖန်၊ ထို အလင်းဆိုသည်မှာလည်း လျှပ်စစ်သံလိုက်ဓာတ်၏ စွမ်းအင်သီးသန့် (pure energy) ဒြပ်မဲ့ ရွေ့လျားမှု ဖြစ်ပြန်သည်။ အပြန်အလှန် ဆက်စပ်မှု လျှပ်စစ်ဓာတ် (electricity) နှင့် သံလိုက်ဓာတ် (magnetism) တို့ကို သီးခြားသတ္တိများသဖွယ် ရှေးလူတို့ ထင်မှတ်လေ့လာဖူးသော်လည်း ရူပဗေဒ ထွန်းကားလာသောအခါ ထို၂မျိုးလုံး၏ လျှပ်စစ်သံလိုက်ဓာတ်ဟူသော ဘုံသတ္တိ၏ အသွင်ကွဲများကို တလှည့်စီတွေ့နေရခြင်းသဖွယ် ဖြစ်ကြောင်း နားလည်လာရသည်။ လျှပ်စစ်သံလိုက်ဓာတ် (Electromagnetism) နှင့် နျူကလီးယား အပျော့စက် (Weak Interaction) ၏ ဆက်စပ်နိုင်မှုကိုမူ လျှပ်နျူပျော့ သက်ရောက်မှု (Electroweark Interaction) တွင် လေ့လာနိုင်သည်။ ၎င်းကို နျူကလီးယား အပြင်းစက် (Strong Interaction) နှင့် ပေါင်းစပ်ကြည့်ခြင်းကို အချီကြီးပေါင်းစည်း သီအိုရီ (Grand Unified Theory) ၌ လေ့လာနိုင်သည်။ အဆိုပါ သက်ရောက်မှုကြီး ၃မျိုးကိုမူ ကွမ်တမ်သဘောတရားတို့ဖြင့် ကောင်းမွန်စွာ ရှင်းပြနိုင်၊ ပေါင်းစည်းနိုင်သော်လည်း ဒြပ်ဆွဲမှု (Gravity) ကိုမူ ကွမ်တမ်ဖြင့် ရှင်းပြအောင်မြင်မှု မထွန်းပေါက်သေးဘဲ နှိုင်းရသီအိုရီများဖြင့်သာ ပိုမို ရှင်းပြနိုင်နေသည်။ အဆိုပါ သက်ရောက်မှုကြီး ၄မျိုးစလုံးကို ပေါင်းစည်းနိုင်မည့် ရှင်းလင်းချက်အစုကို အလုံးစုံသီအိုရီ (the Theory of Everything) အဖြစ် လျာထားလျက် ပညာရှင်များ ရှာဖွေကြဆဲ ဖြစ်သည်။ မြန်မာအသိုင်းအဝိုင်းနှင့် ပတ်သက်၍ ဝေါဟာရ သတိပြုဖွယ် အချို့စာအုပ်များတွင် "အခြေခံ အားကြီး ၄မျိုး" ဟူသည်မျိုး သုံးနှုန်းကြသည်။ သို့သော် အထွေထွေနှိုင်းရသီအိုရီတွင်မူ ဒြပ်ဆွဲမှုက နျူတန်ပျိုး ရူပဗေဒတွင်ကကဲ့သို့ အား(force) တစ်ခု မဟုတ်ဘဲ အာကာသ-အချိန် (spacetime)၏ ရလဒ်သာ ဖြစ်ကြောင်း တွေ့ကြရသည်။ ထို့ကြောင့် အဆင့်မြင့် ရူပဗေဒ စာပေတွင် သက်ရောက်မှု ဟူသည်ကို အစားထိုး အသုံးပြုကြသည်လည်း ရှိပေသည်။ ဓာတ်ကြီး၄မျိုးနှင့် ဆက်စပ်လျှင် မဟာဘူတရုပ် ၄ခုနှင့် အခြေခံသက်ရောက်မှုကြီး ၄ခုမှာ ထပ်တူမကျပေ။ အဘိဓမ္မာ၏ ပထဝီဓာတ် (pathavi) ဆိုသည်မှာ အရာဝတ္ထုတို့၏ မည်မျှပျော့ခြင်း မည်မျှမာခြင်း သတ္တိအခြင်းအရာ ဖြစ်လေရာ ရူပဗေဒ၏ သိပ်သည်းဆနှင့် ဆင်တူသည်။ သိပ်သည်းမှု (density) ဟူသည်မှာ ဒြပ်မကြီးလွန်းသော အရာများတွင် လျှပ်စစ်သံလိုက်ဓာတ်၏ အဆုံးအဖြတ် ဖြစ်ပြီး ဒြပ်ကြီးလွန်းသော အရာများတွင် ဒြပ်ဆွဲမှု၏ ပါဝင်ဆုံးဖြတ်မှုကို ခံရသည်။ အာပေါဓာတ် (apo) ဆိုသည်မှာ အရာဝတ္ထုတို့ မည်မျှ စေးခြင်း မည်မျှပျစ်ခြင်း သတ္တိအခြင်းအရာ ဖြစ်လေရာ ၎င်းက အက်တမ်တွင်းအမှုန်တို့၏ လျှပ်စစ်သံလိုက်ဓာတ်အရ အပြန်အလှန် သက်ရောက်ပုံ၏ ရလဒ် ဖြစ်ပေသည်။ ဝါယောဓာတ် (vayo) ဆိုသည်မှာ အရာဝတ္ထု၏ ဖိအားရွေ့ကူးစေမှု (pressure transmittance) ၏ အဆုံးအဖြတ် ဖြစ်လေရာ ၎င်းအခြင်းသတ္တိအဖို့ အကြောင်းမှာလည်း လျှပ်စစ်သံလိုက်ဓာတ် ဖြစ်ပြန်သည်။ တေဇောဓာတ် (tejo) ဆိုသည်မှာ ဒြပ်သားတို့၌ အစဉ်ခိုကပ်သော အပူစွမ်းအင်နှင့် ဆင်တူလေရာ ၎င်းအပူစွမ်းအင်၏ ဖြာထွက်စီးကူးမှုမှာလည်း လျှပ်စစ်သံလိုက်ဓာတ်နှင့် ဆိုင်ပြန်သည်။ နျူကလီးယား အပြင်းစက်၊ နျူကလီးယား အပျော့စက် တို့၏ မဟာဘူတရုပ် ၄မျိုးနှင့် ဆက်စပ်မှုကိုမူ မတွေ့ရချေ။ အကိုးအကား အမှုန်ရူပဗေဒ အား
https://my.wikipedia.org/wiki/%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%20%E1%80%9E%E1%80%80%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
လျှပ်ဓာတ်
လျှပ်ဓာတ် (electric charge) သည် ဒြပ်သားတခုခု၌ ရှိနေလျှင် ၎င်းနှင့် အခြားလျှပ်ဓာတ်ဆောင် ဒြပ်သားတခုခုကြား လျှပ်စစ်သံလိုက်ဓာတ်ဖြင့် အပြန်အလှန် သက်ရောက်မှု ဖြစ်ပေါ်စေသော တိုင်းဖွယ်သတ္တိ တစ်ခု ဖြစ်သည်။ လျှပ်ဓာတ် သုည ရှိနေသော အမှုန်ကို ဓာတ်ပြယ်(သို့)ဓာတ်မဲ့ အမှုန် (neutral particle) ဟု ခေါ်ပြီး သုညမဟုတ်သော တန်ဖိုး ရှိနေလျှင် ၎င်းကို လျှပ်ဓာတ်ဆောင် အမှုန် (charged particle) ဟု ခေါ်နိုင်သည်။ အမှုန်တစ်ခု၏ လျှပ်ဓာတ်သည် သုညမဟုတ်လျှင် လျှပ်စစ်စက်ကွင်းတစ်ခုကို အမြဲ ဖော်ဆောင်နေပြီး ထိုစက်ကွင်းအတွင်းရှိ အခြားသော လျှပ်ဓာတ်ဆောင် တစ်ခုကို အား(force) သက်ရောက်နေမည်။ လျှပ်ဓာတ် နှစ်မျိုးရှိပြီး မျိုးတူလျှင် တွန်းကန်အား၊ မျိုးမတူလျှင် ဆွဲငင်အား ဖြစ်ပေါ်သည်။ ထိုအခြင်းအရာကို လိုက်၍ အဆိုပါ လျှပ်ဓာတ် ၂မျိုးကို အမည်ပညတ် သမုတ်ထားကြသည်။ အီလက်ထရွန်တွင် ရှိသော လျှပ်ဓာတ်ကို၊ ၎င်းနှင့် အပြန်အလှန် တွန်းကန်သည့် အခြားအမှုန်များ၌ ရှိသော လျှပ်ဓာတ်ကို လျှပ်မဓာတ် သို့မဟုတ် အမဓာတ် (negative charge) ဟု သမုတ်သည်။ ပရိုတွန်တွင် ရှိသော လျှပ်ဓာတ်ကို၊ ၎င်းနှင့် အပြန်အလှန် တွန်းကန်သည့် အခြားအမှုန်များ၌ ရှိသော လျှပ်ဓာတ်ကို လျှပ်ဖိုဓာတ် သို့မဟုတ် အဖိုဓာတ် (positive charge) ဟု သမုတ်သည်။ လျှပ်ဓာတ်ရှိသော အမှုန်တို့က ရွေ့လျားနေလျှင် ၎င်းသည် လျှပ်စီး ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ လျှပ်စီးဖြစ်ပေါ်လျှင် သံလိုက်စက်ကွင်း တွဲလျက် ဖြစ်ပေါ်သည်။ ၎င်းသံလိုက်စက်ကွင်းထဲသော အခြားသော လျှပ်ဓာတ်များ အလျင်ရှိစွာ ဝင်ရောက်နေခြင်းက အား(force) ဖြစ်ပေါ်စေသည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BB%E1%80%BE%E1%80%95%E1%80%BA%E1%80%93%E1%80%AC%E1%80%90%E1%80%BA
နျူကလီးယား အပြင်းစက်
နျူကလီးယား အပြင်းစက် (သို့) နျူကလီးယား သက်ရောက်မှုအပြင်း (Nuclear Strong Interaction) (သို့မဟုတ်) နျူကလီးယား အားအပြင်း (Strong Nuclear Force) သည် အရောင်ဓာတ် (color charge) ရှိသည့် အခြေခံ အမှုန်လေးများကို အစုလိုက်ပေါင်းစည်းလျက် အမှုန်၁ခုတည်းသဖွယ် သွားလာလှုပ်ရှားအောင် ပြင်းထန်စွာ စုစည်းပေးသည့် သဘောတရားဖြစ်သည်။ လောက(Universe) တွင် အရောင်ဓာတ်ရှိသော အမှုန်များမှာ ကွာ့ခ်များ ဖြစ်သဖြင့် နျူကလီးယား အပြင်းစက်က ကွာ့ခ်များကို ဟဒ်ရွန်များ ဖြစ်အောင် စုစည်းပေးသည်။ အရေအတွက် မကိန်း ရှိသည့် ကွာ့ခ်များ စုစည်းမှုကြောင့် ဖြစ်ပေါ်သော ဖှာမီယွန်ဆန်သည့် ဟဒ်ရွန်များကို ဘက်ရီယွန် (baryon) ဟုလည်းကောင်း၊ အရေအတွက် စုံကိန်း ရှိသည့် ကွာ့ခ်များ စုစည်းမှုကြောင့် ဖြစ်ပေါ်သော ဘိုဇွန်ဆန်သည့် ဟဒ်ရွန်များကို မေဇွန် (meson) ဟုလည်းကောင်း ခွဲခြားခေါ်ဆိုသည်။ လူသိများဖွယ် ဥပမာမှာ ကွာ့ခ် ၃ခုစီဖြင့် စုဖွဲ့ထားသော ပရိုတွန်နှင့် နျူထရွန် ဟူသည့် နျူကလီယွန် ၂မျိုး ဖြစ်ပေမည်။ နျူကလီးယား အပြင်းစက်သည် လျှပ်စစ်သံလိုက်ဓာတ်၊ နျူကလီးယား အပျော့စက်နှင့် ဒြပ်ဆွဲမှုတို့နှင့်အတူ အခြေခံ သက်ရောက်မှုကြီး ၄ ခုထဲမှ တစ်ခုအပါဝင်ဖြစ်သည်။ ၁၀−၁၅ မီတာ အတိုင်းအတာ၌ ဤအပြင်းစက်သည် လျှပ်စစ်သံလိုက်ဓာတ်ထက် အဆပေါင်း ၁၃၇ နီးပါးခန့်၊ အားနည်းစွာ အချင်းချင်းသက်ရောက်မှုထက် အဆပေါင်း တစ်သိန်း၊ ဒြပ်ဆွဲငင်အားထက် အဆပေါင်း ၁၀၃၈ ပိုမိုများပြားသည်။ ကွာ့ခ်များကို စုစည်းလျက် နျူကလီယွန်များကို ဖြစ်ပေါ်စေသကဲ့သို့ ၎င်းနျူကလီယွန်များကို ထပ်မံစုစည်းလျက် အက်တမ့် ဗဟိုဆံ ဖြစ်ပေါ်စေသည်မှာလည်း ဤ နျူကလီးယား အပြင်းစက် ဟု ဆိုနိုင်သည်။ ဤ အခြေခံသက်ရောက်မှိုကို ဖော်ဆောင်သူ ဘိုဇွန် ၂မျိုး တွေ့ရသည်။ ၁ မှ ၃ ဖန်တိုမီတာခန့်မျှသော တိုင်းဝန်းတာ(scale) တွင် နျူကလီယွန်တို့ကို အက်တမ်ဗဟိုဆံအဖြစ် စုစည်းပေးနေသည်မှာ မေဇွန်များက ဖြစ်သည်။ (၎င်းမေဇွန် တစ်ခုချင်းမှာ ကွာ့ခ်၂ခု စုစည်းထားခြင်းဟု နားလည်နိုင်သည်။) ပိုသေးငယ်သည့် ၀.၈ ဖန်တိုမီတာခန့်သော တိုင်းဝန်းတာအတွင်း ကွာ့ခ်များကို ၃ခု၁စု စုစည်းလျက် နျူကလီယွန် ဖြစ်ပေါ်စေသည်မှာ ဖော်ဆောင်သူ ဂလူယွန် (gluon) အမှုန် ဖြစ်လေသည်။ ထို့ကြောင့် နျူကလီးယားအပြင်းစက်ကို အရင်းခံ ဖော်ဆောင်သူ ဘိုဇွန်မှာ ဂလူယွန်ပင် ဖြစ်သည်။ ၎င်း၏ သဘောတရားက အရောင်ဓာတ် (color charge) ရှိသော အရာများကို ပေါင်းစည်းပေးခြင်း ဖြစ်သဖြင့် ဤနျူကလီးယားအားအပြင်းကို အရောင်အား (color force) ဟုလည်း ခေါ်နိုင်သည်။ ကိုးကား ထပ်မံဖတ်ရန် အမှုန်ရူပဗေဒ နျူကလီးယားရူပဗေဒ
https://my.wikipedia.org/wiki/%E1%80%94%E1%80%BB%E1%80%B0%E1%80%80%E1%80%9C%E1%80%AE%E1%80%B8%E1%80%9A%E1%80%AC%E1%80%B8%20%E1%80%A1%E1%80%95%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%80%E1%80%BA
မေဇွန်
ကွာ့ခ်တို့ဖြင့် စုပေါင်းဖွဲ့စည်းထားသော အမှုန်များမှာ ဟဒ်ရွန်(hadron)များ ဖြစ်ပြီး၊ ၎င်း ဟဒ်ဒြွန်များအနက် စုံကိန်းရှိသော ကွာ့ခ်အရေအတွက်ဖြင့် ဖွဲ့စည်းထားသည်တို့မှာ မေဇွန်(meson)များ ဖြစ်လျက် ဘိုဇွန်သဘော ဆန်ကြသည်၊ သက်ရောက်မှုကို ကိုယ်စားပြုဖော်ဆောင်သော အက်တမ်တွင်း အမှုန်များ ဖြစ်ကြသည်။ ဖွဲ့စည်းပုံ နျူကလီးယား အပြင်းစက်က အရေအတွက်ချင်းတူသော ကွာ့ခ်(quark) နှင့် ဓာတ်ခြားကွာ့ခ်(antiquark) တို့ကို စုစည်းပေးလိုက်လျှင် မေဇွန် ဖြစ်ပေါ်သည်။ မေဇွန်တွင် ထိုသို့ အရေအတွက် တူရမည် ဖြစ်သဖြင့် ကွာ့ခ် တစ်ခု ပါလျှင် ဆန့်ကျင်ဘက် ဓာတ်ခြားကွာ့ခ် တစ်ခု ညီမျှစွာ ပါရှိရမည်၊ ထိုအခါ နျူကလီယွန်တို့ကို အက်တမ် ဗဟိုဆံ အဖြစ် စုစည်းပေးနေသော ပိုင်ယွန်အမှုန်မှာ မေဇွန်၏ ဥပမာတစ်ခု ဖြစ်သည်။
https://my.wikipedia.org/wiki/%E1%80%99%E1%80%B1%E1%80%87%E1%80%BD%E1%80%94%E1%80%BA
ဘက်ရီယွန်
ကွာ့ခ်တို့ဖြင့် စုပေါင်းဖွဲ့စည်းထားသော အမှုန်များမှာ ဟဒ်ရွန်(hadron)များ ဖြစ်ပြီး၊ ၎င်း ဟဒ်ဒြွန်များအနက် မကိန်းရှိသော ကွာ့ခ်အရေအတွက်ဖြင့် ဖွဲ့စည်းထားသည်တို့မှာ ဘက်ရီယွန်(baryon)များ ဖြစ်ကြသည်။ ထို့ကြောင့် ပရိုတွန် နှင့် နျူထရွန် တို့မှာ ဘက်ရီယွန်များထဲတွင် အကျုံးဝင်သည်။ ဖွဲ့စည်းပုံ ဘက်ရီယွန်တစ်ခုတွင် ကွာ့ခ်အရေအတွက်က မကိန်း ဖြစ်သည် ဆိုသော်လည်း ၁ မပါဝင်ချေ။ နျူကလီးယား အပြင်းစက်၏ အရောင်ဓာတ်ဆောင်များကို စုစည်းမှု သဘောအရ စုစည်းချက်ရလဒ်သည် အသားတင် အရောင်ဓာတ်က အရောင်မဲ့ ဖြစ်နေရမည်။ ထို့ကြောင့် အနီ တစ်ခု၊ အပြာ တစ်ခု၊ အစိမ်း တစ်ခု ဟူသော ၃မျိုးပေါင်းက အရေအတွက် အနည်းဆုံးနှင့် ဖြစ်နိုင်သော ဖွဲ့စည်းမှု ဖြစ်သည်။ အခြားသော ကွာ့ခ် ၅ခု၊ ၇ခု စုစည်း၍ ဘက်ရီယွန် ဖြစ်ပေါ်နိုင်သော်လည်း ၃ခုနှင့် စုဖွဲ့ခြင်းကသာ တည်မြဲကြာရှည်ခံသဖြင့် အက်တမ် ဗဟိုဆံများ၌ တွေ့ရသော နျူကလီယွန်တို့က ကွာ့ခ်၃ခု၁စုများ ဖြစ်နေခြင်း ဖြစ်သည်။ ကွာ့ခ်တစ်ခုစီက ကိန်းဝက် လည်အင် (half-interger spin) များ ရှိနေသဖြင့် မကိန်းအရေအတွက်ဖြင့် စုပေါင်းထားသော ဘက်ရီယွန်တစ်ခုစီ၏ အသားတင် လည်အင်ကလည်း ကိန်းဝက်ပင် ဖြစ်လေရာ ဖာမီယွန်ဆန်သော အမှုန်များ ဖြစ်နေမည်။ လောကကြီး၏ ဒြပ်ထု လောက (Universe) အတွင်း ကျွန်ုပ်တို့ ကောင်းစွာ လေ့လာနားလည်ထားသော ဒြပ်သားများကို ဘက်ရီယွန်စု ဒြပ်သား (baryonic matter; ဘက်ရီယောနစ် ဒြပ်သား) ဟု ခေါ်ကြသည်။ အကြောင်းမှာ အက်တမ်တစ်ခုချင်း၌လျှင် အီလက်ထရွန်၏ ဒြပ်ပမာဏမှာ မပြောပလောက်အောင်သာ ရှိ၍ ၉၉% မကသော ဒြပ်ထုပမာဏမှာ ပရိုတွန်နှင့် နျူထရွန်တို့ ဖြစ်လေရာ ၎င်းတို့က ဘက်ရီယွန်များ ဖြစ်နေခြင်းကြောင့် ထိုသို့ခေါ်ခြင်းတည်း။ ဘက်ရီယွန်စု ဒြပ်သား မဟုတ်သော လောက(Univere)အတွင်းရှိ အခြား ဒြပ်သားတစ်မျိုးမှာ ကိုယ်ပျောက်ဒြပ်ဆန်း (dark matter) ဖြစ်လေသည်။
https://my.wikipedia.org/wiki/%E1%80%98%E1%80%80%E1%80%BA%E1%80%9B%E1%80%AE%E1%80%9A%E1%80%BD%E1%80%94%E1%80%BA
လျှပ်စစ်သံလိုက်ဓာတ်
လျှပ်စစ်သံလိုက်ဓာတ် (Electromagnetism) ဆိုသည်မှာ လျှပ်ဓာတ်ဆောင်သော အမှုန်များက လျှပ်စစ်စက်ကွင်းနှင့် သံလိုက်စက်ကွင်းများကို ဖန်တီးလျက် အချင်းချင်း အပြန်အလှန် အား သက်ရောက်နိုင်မှု သဘောတရားကြီး ဖြစ်သည်။ ဤသဘောတရားသည် ဒြပ်ဆွဲမှု၊ နျူကလီးယား အပျော့စက်၊ နျူကလီးယား အပြင်းစက်တို့နှင့်တကွ လောက(Univere)ကြီးရှိ အခြေခံ သက်ရောက်မှုကြီး ၄မျိုး၌ တစ်မျိုးအပါအဝင် ဖြစ်သည်။ ဤစာမျက်နှာမှာ လျှပ်စစ်သံလိုက်ဓာတ်ဟူသော အခြေခံသက်ရောက်မှုအကြောင်း ဖြစ်ပြီး လျှပ်စစ်သံလိုက်ပညာဆိုသည်မှာ ဤသဘာဝကို လေ့လာသော ပညာရပ် ဖြစ်သည်။ လျှပ်စစ်သံလိုက်ဓာတ်၏ ရလဒ်အဖြစ် အလွယ်ရှင်းဆုံး ဥပမာမှာ လျှပ်ငြိမ်အား (electrostatic force) ဖြစ်သည်။ လျှပ်ဓာတ်ရှိလျှင် ၎င်းကြောင့် လျှပ်စစ်စက်ကွင်း ဖြစ်ပေါ်သည်။ ထိုစက်ကွင်းအတွင်း၌ အခြားသော လျှပ်ဓာတ်တဆောင် အမှုန်တစ်ခုက ငြိမ်နေသည် ဖြစ်စေ၊ ရွေ့လျားနေသည် ဖြစ်စေ အားတစ်ခု အပြန်အလှန် ဖြစ်ပေါ်နေကြောင်း ကူလုမ်ဘ် နိယာမ (Coulomb's Law) က ဖော်ပြသည်။ လျှပ်စစ်ဓာတ် (electricity) နှင့် သံလိုက်ဓာတ် (magnetism) တို့မှာ သီးခြားဖြစ်သော သဘာဝများ မဟုတ်ချေ။ လျှပ်ဓာတ်ဆောင် အမှုန်တို့က ရွေ့လျားနေလျှင် ၎င်းတို့၏ လျှပ်စစ်စက်ကွင်းက ပြောင်းလဲနေမည်။ ထိုပြောင်းလဲမှုကြောင့် သံလိုက်စက်ကွင်း ဖြစ်ပေါ်သည်။ သံလိုက်စက်ကွင်းအတွင်း၌ ရပ်နေသော လျှပ်ဓာတ်ဆောင် အမှုန်များအဖို့ အား မဖြစ်ပေါ်သည့် သဘော ရှိသော်လည်း လျှပ်ဓာတ်တစ်ခု သံလိုက်စက်ကွင်းအတွင်း အလျင်လည်း ရှိနေလျှင် အား(force) တစ်ခု ဖြစ်ပေါ်မည်သာ။ တစ်ဖန် သံလိုက်စက်ကွင်းက တည်ငြိမ်မြဲမနေဘဲ အတိုးအလျော့ အပြောင်းအလဲ ဖြစ်နေလျှင် ထိုပြောင်းလဲချက်ကြောင်း လျှပ်စစ်စက်ကွင်း ဖြစ်ပေါ်ပြန်သည်။ လျှပ်စစ်နှင့် သံလိုက်ကား ထိုသို့ အစဉ် အပြန်အလှန် ဆက်စပ်နေသည်။ လျှပ်စစ်သံလိုက်ဓာတ်နှင့် နေ့စဉ်ဘဝ အရာဝတ္ထုအမျိုးမျိုး၏ ဓာတုဓာတ်ပြုသဘာဝ အဖုံဖုံသည် ၎င်းတို့၏ အမှုန် ဖွဲ့စည်းပုံကြောင့် ဖြစ်ရသည်။ တစ်နည်းဆိုသော် ၎င်းတို့၏ အမှုန် ဖွဲ့စည်းပုံတို့က လျှပ်စစ်သံလိုက်ဓာတ် သဘာဝတို့ကို လိုက်နာလျက် ဓာတ်ပြုမှု အမျိုးမျိုးအပြင်၊ အခြားသတ္တုများကို ဖော်ဆောင်ကြသည်။ ဆိုလိုသည်မှာ သတ္တုများကို အက်ဆစ်များက တိုက်စားရခြင်း၊ ဆီ နှင့် ရေ မရောရခြင်း စသည့် အကြောင်းအမျိုးမျိုးကို အရင်းစစ်ကြည့်လျှင်လည်း လျှပ်စစ်သံလိုက်ဓာတ်က အဆုံးအဖြတ် ပေးနေခြင်း ဖြစ်သည်။ ထို့ပြင် ဒြပ်ဆွဲမှုမပြင်းထန်လွန်းသော သာမန်ကိစ္စများတွင် အရာဝတ္ထုများ၏ သိပ်သည်းမှု အမျိုးမျိုးကို (ဥပမာအားဖြင့် အဘယ်ကြောင့် သံက သစ်သားထက် သိပ်သည်းရသနည်း စသည့် အကျိုးဆက်တို့ကို) ဖြစ်ပေါ်စေသည့် အကြောင်းခံမှာလည်း လျှပ်စစ်သံလိုက်ဓာတ်ပင် ဖြစ်သည်။ လျှပ်စစ်သံလိုက်ဓာတ်၏ သင်္ချာ လျှပ်ငြိမ်အား ကူလုမ်ဘ် နိယာမ (Coulomb's Law) ဆိုသည်မှာ တည်ငြိမ်နေသော လျှပ်ဓာတ်ဆောင် အမှုန် ၂ခုအကြား အပြန်အလှန် သက်ရောက် ဖြစ်ပေါ်နေမည့် လျှပ်ငြိမ်အား (electrostatic force) ကို တွက်ထုတ်နည်းဖော်ပြသည့် စမ်းသပ်သိရှိ နိယာမ တစ်ခု ဖြစ်သည်။ သင်္ချာနည်းနှင့် ဖော်ပြရလျှင် ဤသို့ ဖြစ်သည်။ လျှပ်ဓာတ်ကြောင့် လျှပ်စစ်စက်ကွင်း ဖြစ်ပေါ်မှု လျှပ်စစ် ဂေါ့စ်နိယာမ (Gauss's Law) သည် လျှပ်ဓာတ် သိပ်သည်းမှု ကို မူတည်လျက် လျှပ်စစ်စက်ကွင်း ဖြာထွက် ဖြစ်ပေါ်ပုံ ကို ညွှန်းဆိုသည်။ သံလိုက် ဂေါ့စ်နိယာမ (Gauss's Law for Magnetism) မှာ ဤသို့ သဘောရှိသည်။ သင်္ကေတက ဗှတ္တာစက်ကွင်း၏ ဖြာတိုးနှုန်းကို ဆိုလိုသဖြင့် ဝင်ရိုးတစ်ခုတည်းနှင့် သံလိုက်စက်ကွင်း မရှိကြောင်းကို ဤသင်္ချာကြည့်ခြင်းဖြင့် သိနိုင်သည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BB%E1%80%BE%E1%80%95%E1%80%BA%E1%80%85%E1%80%85%E1%80%BA%E1%80%9E%E1%80%B6%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%93%E1%80%AC%E1%80%90%E1%80%BA
နျူကလီးယား အပျော့စက်
နျူကလီးယား အပျော့စက် (သို့) နျူကလီးယား သက်ရောက်မှုအပျော့ (Weak Interaction) (သို့မဟုတ်) နျူကလီးယား အားအပျော့ (Nuclear Weak Force) ဆိုသည်မှာ တစ်နည်းအားဖြင့် ကွာ့ခ်အမျိုးအစား (flavor of a quark) ပြောင်းလဲမှု သဘောတရား ဖြစ်သည်။ နျူကလီးယား အပျော့စက်၏ သက်ရောက်နိုင်မှု နေရာအတိုင်းအတာမှာ ပရိုတွန်၏ အချင်းအကျယ်ထက် တိုသည်။ နျူကလီးယား အပျော့စက်သည် ဒြပ်ဆွဲမှု၊ လျှပ်စစ်သံလိုက်ဓာတ်၊ နျူကလီးယား အပြင်းစက်တို့နှင့်အတူ အခြေခံ သက်ရောက်မှုကြီး ၄မျိုးတွင် တစ်ခု အပါအဝင် ဖြစ်သည်။ ဖြစ်စဉ် ဥပမာ Up quark (အထက် ကွာ့ခ်) Down quark (အောက် ကွာ့ခ်) Charm quark (ချားမ် ကွာ့ခ်) Strange quark (စထြဲန်းဂျ် ကွာ့ခ်) Top quark (တော့ပ် ကွာ့ခ်) Bottom quark (ဘော့တမ် ကွာ့ခ်) ဤသည်တို့မှာ ကွာ့ခ်အမျိုးအစား (flavor) ၆မျိုး ဖြစ်သည်။ နျူထရွန်တစ်ခု၏ ဖွဲ့စည်းမှုမှာ အောက်ကွာ့ခ်၂ခု နှင့် အထက်ကွာ့ခ် ၁ခု ဖြစ်ပြီး ပရိုတွန်တစ်ခု၏ ဖွဲ့စည်းမှုမှာ အောက်ကွာ့ခ်၁ခု နှင့် အထက်ကွာ့ခ် ၂ခု ဖြစ်သည်။ ထို့ကြောင့် နျူထရွန်၏ အောက်ကွာ့ခ်၂ခုအနက် တစ်ခုက အထက်ကွာ့ခ် အဖြစ်သို့ ပြောင်းလဲခဲ့သော် ဘက်ရီယွန်တစ်ခုလုံး အနေနှင့်မူ နျူထရွန်အဖြစ်မှ ပရိုတွန်အဖြစ်သို့ ပြောင်းလဲခြင်း ဖြစ်ပေမည်။ ဤတွင် လျှပ်ဓာတ်၏ တည်မြဲမှု သဘောတရားကို ထည့်တွက်ရမည်။ အောက်ကွာ့ခ်၏ လျှပ်ဓာတ်က -⅓ ဖြစ်သဖြင့် လျှပ်ဓာတ် +⅔ ရှိသော အထက်ကွာ့ခ် တစ်ခု ရှိလိုလျှင် ၎င်း -⅓ ကို 1 ပေါင်းရမည်။ တစ်နည်းအားဖြင့် ၎င်းထဲမှ -1 နုတ်ပယ်ရမည်။ -⅓-(-1)=-⅓+1=+⅔ ဖြစ်သည်။ ထို့ကြောင့် -1 ရှိသော လျှပ်ဓာတ် နုတ်ပယ်ခြင်းသည် အီလက်ထရွန် တစ်ခု နုတ်ထွက်ခြင်းဖြစ်ကြောင်း အထက်ဆုံး၌ ပြထားသည့် ပုံတွင်လည်း ကြည့်နိုင်သည်။ ဤသို့သော နျူကလီးယား အပျော့စက် ဖြစ်စဉ်အမျိုးမျိုးကို ဖော်ဆောင်ပေးသူ ဘိုဇွန်အမှုန်များမှာ ()၊ () နှင့် Z(ဇီး) ဘိုဇွန် ဟူသော ၃မျိုး ဖြစ်ပေသည်။ အမည်ပေးမှု နျူကလီယွန်တို့နှင့် ပတ်သက်သဖြင့် "နျူကလီးယား" အမည်ကို ရရှိသည်။ သို့သော် ကွာ့ခ်တို့၏ အရောင်ဓာတ် (color)နှင့် ဆိုင်သော တစ်မျိုးက ပြင်းအား ပိုသဖြင့် ၎င်းကို "အပြင်း" ဟု ခေါ်ပြီး ကွာ့ခ်အမျိုးအစား (flavor)နှင့် ဆိုင်သော ဤတစ်မျိုးကိုမူ "နျူကလီးယား အပျော့စက်" ဟု ခွဲခေါ်ကြသည်။ (ဤတွင် ထည့်သုံးသော "စက်" မှာ machine ကို မဆိုလိုဘဲ mechanism ကို ဆိုလိုသည်။ မြန်မာစာပေ၏"အာဏာစက်"၊ "ဆောင်းစက်ရိပ်ခို ရေတွက်လို့ ဆိုတော့မည်" စသည်တို့၌ တွေ့ရသည်မျိုးကို မှီငြမ်း၏။) အကိုးအကား
https://my.wikipedia.org/wiki/%E1%80%94%E1%80%BB%E1%80%B0%E1%80%80%E1%80%9C%E1%80%AE%E1%80%B8%E1%80%9A%E1%80%AC%E1%80%B8%20%E1%80%A1%E1%80%95%E1%80%BB%E1%80%B1%E1%80%AC%E1%80%B7%E1%80%85%E1%80%80%E1%80%BA
လျှပ်စစ်စက်ကွင်း
လျှပ်စစ်စက်ကွင်း () ဆိုသည်မှာ ၎င်းအဝန်းအဝိုင်းသို့ လျှပ်ဓာတ်ဆောင်သော အမှုန်များ ဝင်ရောက်နေလျှင် ထိုအမှုန်များ အားခံစားရမည့် လမ်းကြောင်းတို့ကို မျဉ်းများဆွဲသားပြနိုင်သော စက်ကွင်း ဖြစ်သည်။ လျှပ်စစ်စက်ကွင်း အချင်းချင်း အာနိသင်ထပ်မှု (superpostion) ပြုလုပ်နိုင်သည်။ လျှပ်စစ်စက်ကွင်း ဖြစ်ပေါ်စေနိုင်သော အရာများမှာ - လျှပ်ဓာတ်ဆောင်သော အမှုန် အခြားလျှပ်စစ်စက်ကွင်း ပြောင်းလဲနေမှုကြောင့် ဖြစ်ပေါ်ပြောင်းလဲနေသော သံလိုက်စက်ကွင်း - တို့ ဖြစ်လေသည်။ စက်ကွင်းဂယက်ထမှု လျှပ်စစ်စက်ကွင်းနှင့် သံလိုက်စက်ကွင်းတို့မှာ ဆက်နွယ်မှု ရှိကြောင်း လျှပ်စစ်သံလိုက်ဓာတ်ကို လေ့လာခြင်းဖြင့် သိနိုင်သည်။ အတိုးအလျော့ အပြောင်းအလဲ ရှိနေသော ၎င်းတို့ တစ်မျိုးတစ်စားက ကျန်တစ်မျိုးတစ်စားကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် လျှပ်ဓာတ်ဆောင် အမှုန်တစ်ခုက ကိန်းသေအလျင်နှင့် မသွားဘဲ အလျင်ပြောင်းနှုန်း (acceleration) ဖြစ်သွားလျှင် လျှပ်စစ်စက်ကွင်းအတွင်း ဂယက်ထမှုက သံလိုက်စက်ကွင်းအတွင်း ဂယက်ထမှုနှင့် အပြန်အလှန် သက်ရောက်ချက် ကမ်းဆင့်ကာ ဂယက်ထမှု ပျံ့နှံ့သွားသည်။ ၎င်းနှင့်အတူ စွမ်းအင်လည်း သယ်ဆောင်သွားသည်။ ဤသည်မှာ လျှပ်စစ်သံလိုက်လှိုင်း ဖြစ်ပေါ်မှု ဖြစ်သည်။ အကိုးအကား လျှပ်စစ်သံလိုက်
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BB%E1%80%BE%E1%80%95%E1%80%BA%E1%80%85%E1%80%85%E1%80%BA%E1%80%85%E1%80%80%E1%80%BA%E1%80%80%E1%80%BD%E1%80%84%E1%80%BA%E1%80%B8
DNS အရင်းအမြစ်ဇုန်
DNS အရင်းအမြစ်ဇုန် သည် အင်တာနက် ၏ ဒိုမိန်းအမည်စနစ် (DNS) ၏ hierarchical namespace ရှိ ထိပ်တန်းအဆင့် DNS ဇုန် ဖြစ်သည်။
https://my.wikipedia.org/wiki/DNS%20%E1%80%A1%E1%80%9B%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BC%E1%80%85%E1%80%BA%E1%80%87%E1%80%AF%E1%80%94%E1%80%BA
အရည်အသွေးပြည့်​သော ဒိုမိန်းအမည်
အရည်အချင်းပြည့်သော ဒိုမိန်းအမည် ( FQDN ) ကို တစ်ခါတစ်ရံ အကြွင်းမဲ့ ဒိုမိန်းအမည် အဖြစ် ရည်ညွှန်းသည်၊ သည် ဒိုမိန်းအမည် စနစ် (DNS) ၏ သစ်ပင်အဆင့်မှ ၎င်း၏တည်နေရာအတိအကျကို သတ်မှတ်ပေးသည့် ဒိုမိန်းအမည် တစ်ခုဖြစ်သည်။
https://my.wikipedia.org/wiki/%E1%80%A1%E1%80%9B%E1%80%8A%E1%80%BA%E1%80%A1%E1%80%9E%E1%80%BD%E1%80%B1%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%B7%E1%80%BA%E2%80%8B%E1%80%9E%E1%80%B1%E1%80%AC%20%E1%80%92%E1%80%AD%E1%80%AF%E1%80%99%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%8A%E1%80%BA
အောင်ဇော်သိန်း
ဦးအောင်ဇော်သိန်း (၁၉၅၇ ဖွား) သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၏ ဆဌမမြောက် ဥက္ကဋ္ဌ ဖြစ်သည်။တပ်မတော်သားဟောင်းတစ်ဦးဖြစ်ခဲ့သည့်အပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး အဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ငယ်ဘဝ သူသည် ရန်ကုန်တက္ကသိုလ် မှ B.A. (Law), LL.B (Rangoon University) ရရှိခဲ့သူဖြစ်သည်။ ဝန်ထမ်းဘဝ ဥပဒေဘွဲ့ ရရှိပြီးနောက် တပ်မတော်ဗိုလ်သင်တန်းကျောင်းမှတဆင့် စစ်မှုထမ်းသည်။ယင်းနောက် စစ်ဥပဒေချုပ်ရုံး တွင်တာဝန်ထမ်းဆောင်သည်။ ဗိုလ်မှူးကြီးအဆင့်ဖြင့် ယင်းရုံးတွင်ပင် လက်ထောက် စစ်ဥပဒေချုပ် ရာထူးတာဝန်ယူခဲ့သည်။ယင်းနောက် စာချုပ်စာတမ်းနှင့် စီမံကိန်းရေးရာ ဌာနခွဲ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း တွင် ဒု-အထွေထွေ မန်နေဂျာ အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ခြင်းလည်းရှိခဲ့သည်။ တရားသူကြီးဖြစ်လာပုံ ၂၀၁၁ ဖေဖော်ဝါရီ ၂၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က က၎င်းအား ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး တစ်ဦးအဖြစ် ခန့်ထားလိုကြောင်း ထည့်သွင်းကာ အဆိုတင်သွင်းသည်။ ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်ရန်မရှိ အတည်ပြုပေး၍ ၂၀၁၁ မတ်လ ၃၀ရက်ကစပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဖြစ်လာခဲ့သည်။ထိုတာဝန်ကို စစ်အာဏာသိမ်းပြီးသည့် ၂၀၂၁ နောက်ပိုင်း ၂၀၂၃ ဩဂုတ်လ ၃ရက်အထိ တစ်ဆက်တည်း ထမ်းဆောင်ခဲ့သည်။သူသည် တရားလွှတ်တော်ချုပ်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ဝန်ကြီးအချို့၏ အဂတိအမှုစွပ်စွဲချက်များအား ပယ်ဖျက်ပေးဖို့တောင်းဆိုချက်ကို  ပယ်ချခဲ့ရာတွင် အဓိကဦးဆောင်သူတစ်ဦးဖြစ်ခဲ့သည်။ ၂၀၂၃ ဩဂုတ် ၃ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအားတာဝန်ပေးခဲ့သည်။ ကိုးကား ၁၉၅၇ မွေးဖွားသူများ မြန်မာ စစ်ဖက်ဆိုင်ရာ လူပုဂ္ဂိုလ်များ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ တရားသူကြီးများ မြန်မာနိုင်ငံ၏ ပြည်ထောင်စုအဆင့် ရုံး၊ အဖွဲ့အစည်းများ၏ အကြီးအကဲများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%87%E1%80%B1%E1%80%AC%E1%80%BA%E1%80%9E%E1%80%AD%E1%80%94%E1%80%BA%E1%80%B8
မျိုးစေ့
ရုက္ခဗေဒ တွင်၊ မျိုးစေ့သည် မဖွံ့ဖြိုးသေးသော အပင် သန္ဓေသားလောင်းဖြစ်ပြီး အစားအစာအရန်အကာတစ်ခုဖြစ်သည့် အစေ့အကာ (testa) ဟုခေါ်သော အပြင်ဘက်အကာတွင် ဖုံးအုပ်ထားသည်။ ယေဘူယျအားဖြင့် “မျိုးစေ့” ဟူသော အသုံးအနှုန်းသည် မျိုးစေ့နှင့် စပါးခွံ သို့မဟုတ် ဥပါဝင်သော မျိုးစေ့ကို ကြဲနိုင်သည့် မည်သည့်အရာကိုမဆို ဆိုလိုသည်။ အစေ့များသည် ရင့်မှည့်သောမျိုးဥ၏ ထုတ်ကုန်ဖြစ်ပြီး၊သန္ဓေသားလောင်းအိတ်သည် ဝတ်မှုန်မှ သုတ်ပိုးဖြင့် မျိုးအောင်ပြီးနောက် ဇိုင်းဂေါ့ (zygote) ဖြစ်ပေါ်လာသည်။ မျိုးစေ့အတွင်းမှ သန္ဓေသားလောင်းသည် ဇီဂေါ့တ်မှ ပေါက်ဖွားလာပြီး သားဥပုံတစ်ဝိုက်တွင် အစေ့အဆံတစ်ခုအဖြစ် ကြီးထွားလာပြီး မိခင်အပင်အတွင်း ကြီးထွားမှုမရပ်တန့်မီအတိုင်းအတာတစ်ခုအထိ ကြီးထွားလာသည်။ မျိုးစေ့ဖွဲ့စည်းခြင်းသည် အစေ့အပင်များ ( spermatophytes )တွင် မျိုးပွားခြင်း လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အခြားအပင်များဖြစ်သည့် ဖမ်ဆီး၊ မော့စ် နှင့် အသည်းပုပ်များတွင် အစေ့များ မပါရှိဘဲ ရေကို မှီခိုသည့် နည်းလမ်းများကို အသုံးပြုကာ ၎င်းတို့ကိုယ်သူတို့ ပြန့်ပွားစေရန်အတွက်ဖြစ်သည်။ ယခုအခါ မျိုးစေ့အပင်များသည် ပူအိုက်အေးသော ရာသီဥတုတွင် သစ်တောများမှ မြက်ခင်းပြင်များအထိ ကုန်းမြေပေါ်တွင် ဇီဝဗေဒဆိုင်ရာ လမ်းကြောင်းများကို လွှမ်းမိုးထားသည်။ ပန်းပွင့်သောအပင်များတွင် မျိုးဥအိမ်သည် အစေ့များပါရှိသော အသီးအဖြစ်မှည့်လာပြီး ၎င်းကို ဖြန့်ဝေရန်အတွက် လုပ်ဆောင်သည်။ အစေ့အဆန်များဟု အများအားဖြင့် ရည်ညွှန်းသော ဖွဲ့စည်းပုံများစွာသည် အမှန်တကယ်ခြောက်သွေ့သော အသီးများဖြစ်သည်။ နေကြာစေ့များကို တစ်ခါတစ်ရံတွင် စီးပွားဖြစ်ရောင်းချလေ့ရှိပြီး အသီး၏မာကျောသောနံရံတွင်အလုံပိတ်နေကာ မျိုးစေ့ရောက်ရှိရန်ခွဲ၍ဖွင့်ရမည်ဖြစ်ပါသည်။ အပင်အုပ်စုအမျိုးမျိုးတွင် အခြားသော ပြုပြင်မွမ်းမံမှုများရှိပါသည်၊ကျောက်သစ်သီးများ (ဥပမာ မက်မွန်သီး ) ဟုခေါ်သော ခိုင်မာသောအသီးအလွှာ ( endocarp )သည် အမှန်တကယ်မျိုးစေ့နှင့် ပတ်ပတ်လည်တွင်ပေါင်းစပ်ထားသော မာကျောသောအသီးအလွှာတစ်ခုရှိသည်။ အခွံမာသီးများသည် သစ်သီးသို့မဟုတ် ဟေဇယ်နယ်ကဲ့သို့ မမွေးသေးသောအစေ့ပါရှိသော အပင်အချို့၏ အစေ့တစ်စေ့၊ အခွံမာသော အသီးဖြစ်သည်။ ကိုးကား အပင်မျိုးပွားခြင်း ရုက္ခဗေဒ အပင် လိင်အပြုအမူ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%85%E1%80%B1%E1%80%B7
လည်အင်
လည်အင် (အင်္ဂလိပ်: spin; စပင်န်) ဆိုသည်မှာ အခြေခံအမှုန်တို့၏ ကွမ်တမ် သဘောတရားဆိုင်ရာ လည်ဟုန်အသွင် တိုင်းဖွယ်တစ်မျိုး ဖြစ်၍ ၎င်းအမှုန်တို့၏ စုပေါင်းရလဒ် စုဖွဲ့အမှုန်များတွင်လည်း ရှိတတ်သော ပကတိသတ္တိတစ်မျိုး ဖြစ်သည်။ သို့သော် ၎င်းလည်အင်(spin) ဟူသည် အမှုန်တို့၏ တကယ့်ဒြပ်ထုက လည်မွတ်နေသည့် သဘောဟုမူ မမှတ်သင့်ပါ။ ကွမ်တမ်သဘောတရားဖြင့်သာ တွက်ဆရသည့် ဗှတ္တာ တိုင်းဖွယ် တမျိုး ဖြစ်သည်။ အီလက်ထရွန်၌ လည်အင်ဟူသော ကွမ်တမ်သတ္တိ ရှိနေကြောင်းကို စတရ်န်-ဂါးလာ့ချ် စမ်းသပ်ချက်မှ သိရှိကြရသည်။ အီလက်ထရွန် ပတ်လမ်းအားဖြင်း လည်ဟုန် မရှိသင့်သော ငွေအက်တမ်များကို စမ်းသပ်ခြင်း ဖြစ်ပေါ်လည်း တွေ့ရှိခဲ့ရသည့် လည်အင်သဘောသတ္တိ ဖြစ်သည်။ ထို့ကြောင့် သင်္ချာတွက်ချက်မှုများဖြင့် ချိန်ညှိသောအခါ ပါအူးလီ ကန့်ပယ်စည်းမျဉ်း (Pauli Exclusion Principle) အရလည်း အီလက်ထရွန်၌ ထိုလည်အင်သတ္တိ ရှိလိုက်ကြောင်း အဖြေထွက်ပြီး လက်ခံစဉ်းစားလာကြခြင်းလည်း ဖြစ်သည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%9C%E1%80%8A%E1%80%BA%E1%80%A1%E1%80%84%E1%80%BA
ဗှတ္တာ
သင်္ချာနှင့် ရူပဗေဒရှိ ဗှတ္တာ (အင်္ဂလိပ်: vector) ဆိုသည်မှာ ကိန်းလုံးတန်ဖိုး တစ်ခုမကဖြင့် တစ်စုတစည်းတည်း ဖော်ပြရသော သင်္ချာဇာတ်ကောင် (mathematical object) ဖြစ်သည်။ သင်္ချာစကားဖြင့် ဆိုရလျှင် ဗှတ္တာများသည် ဗှတ္တာ စပေ့စ်၌ ပါဝင်စုဖွဲ့သည့် သင်္ချာဝတ္ထုများ ဖြစ်သည်။ ပိုမိုရိုးရှင်းသော နယ်ပယ်များတွင် ဂျီဩမေတြီ ဗှတ္တာများ သည် သမားရိုးကျ ယူကလစ်ဒ် စပေ့စ်အတွင်း၌ ပမာဏ(magnitude) နှင့်တကွ ဦးတည်ချက်(direction) လည်း ရှိနေသော အရာများ ဖြစ်သည်။ ထို့ကြောင့် ကန်းအုံ(materix)၏ ကိန်းလုံး(element) တခုစီက ဆိုင်ရာ တိုင်းကြောင်း(dimension) အတွက် အပိုင်းခွဲတန်ဖိုးကို ဖော်ပြလျက် ပုံ၌ မြားပုံတစ်ခု တည်ဆောက်သကဲ့သို့ ဖြစ်မည်။ အဆင့်ပိုမြင့်သော တာအုံ (high-ranked tensor) တို့ကို ထောင့်စက် ကိန်းအုံဖြင့် ကိုယ်စားပြုလျှင် အဆင့်-2 သာ ရှိ၌ တိုင်ထီးကိန်းအုံ (column vector) ဖြင့် ဖော်ပြရသော တာအုံတို့မှာ ဗှတ္တာများ ဖြစ်တတ်ပေမည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%97%E1%80%BE%E1%80%90%E1%80%B9%E1%80%90%E1%80%AC
ထောင့်စက် ကိန်းအုံ
တန်း(row) အရေအတွက်နှင့် တိုင်(column) အရေအတွက် တူစွာ ရှိသော ကိန်းအုံသည် ထောင့်စက် ကိန်းအုံ (square matrix) ဖြစ်သည်။ ထောင့်စက်ကိန်းအုံများအဖို့သာ အခရာတန်ဖိုး (determinant) ရှာနိုင်သဖြင့် ပြောင်းပြန်ကိန်းအုံ (inverse matrix) လည်း တွက်ထုတ်ကောင်း တွက်ထုတ်နိုင်သည်။
https://my.wikipedia.org/wiki/%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%B7%E1%80%BA%E1%80%85%E1%80%80%E1%80%BA%20%E1%80%80%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%A1%E1%80%AF%E1%80%B6
အူစောင်းတိုင်
ကိန်းအုံ(matrix) တစ်ခု၏ အူစောင်းတိုင် (အင်္ဂလိပ်: main diagonal) ဆိုသည်မှာ ဖြစ်နေသော ကိန်းလုံး များ စုစောင်းတန်းလျက် ဖြစ်ပေါ်နေသည့် အူတိုင်စောင်းစောင်း ဖြစ်သည်။ အောက်ပါပုံတွင် အနီရောင်ကိန်းလုံးတို့ဖြင့် ပြထားည်။ ဤဥပမာများကဲ့သို့ အူစောင်းတိုင်မှ လွဲ၍ ကျန်ကိန်းလုံးများ သုညဖြစ်နေလျှင် ၎င်းကိန်းအုံမျိုးကို အူစောင်းထီး ကိန်းအုံ (diagonal matrix) ဟု ခေါ်ထိုက်သည်။
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B0%E1%80%85%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA
အတိုင်းအတာရှုထောင့်
တိုင်းကြောင်း သို့မဟုတ် ဒိုင်မန်းရှင်း ( ) ဆိုသည်မှာ စပေ့စ်ဟူသော နေရာသဘောတရား တစ်ခု၌ အမှတ် တို့၏ တည်နေရာကို ဖော်ပြရန် အနည်းဆုံးလိုအပ်သော အရေအတွက်ဖြင့် ရှိသည်။ ဥပမာအားဖြင့် သမားရိုးကျ ကာတက်စီးယန်း စပေစ့်အဖြစ် X-ဝင်ရိုးနှင့် Y-ဝင်ရိုးဟူသော ဝင်ရိုး ၂ ခုကို သုံးကာ ကိုဩဒိနိတ်စနစ် ဆွဲသားထားလျှင် ၎င်းအတွင်းရှိ ကိုဩဒိနိတ်တို့ကို (x, y) ဟူသော ကိန်း ၂ လုံး ဖြင့် ဖော်ပြရမည်။ ဤသည်မှာ တိုင်းကြောင်း ၂ ခု ရှိခြင်း ဖြစ်သည်။ (ရှုထောင့် ၂ခု ရှိခြင်း မဟုတ်၊ ဤသည်မှာ တိုင်းကြောင်း၂ခု ရှိခြင်း ဖြစ်ကြောင်းကို မရေမတွက်နိုင်သော ရှုထောင့်တို့ဖြင့် ကြည့်နိုင်သည်။) သို့တည်းမဟုတ် Z-ဝင်ရိုးကိုပါ ထောင့်မတ်ကျ ထပ်ပေါင်းထည့်လျက် ကိုဩဒိနိတ်တို့ကို (x, y, z) ဟု ကိန်း ၃ လုံးဖြင့် ဖော်ပြရလျှင် ၎င်း အာကာသ၊ ၎င်း နေရာအကျယ်အဝန်းသဘောမှာ တိုင်းကြောင်း ၃ခု ရှိသည်ဟု ဆိုရမည်။ ဤဥပမာတို့တွင် ဝင်ရိုး(axis) တစ်ခုစီက တိုင်းကြောင်း တစ်ခုစီ ဖြစ်ပေသည်။
https://my.wikipedia.org/wiki/%E1%80%A1%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%90%E1%80%AC%E1%80%9B%E1%80%BE%E1%80%AF%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%B7%E1%80%BA
အမှတ်
အမှတ် () ဆိုသည်မှာ အာကာသဟူသော နေရာသဘောတရား (စပေ့စ်) အတွင်း၌ အလျား၊ အကျယ်အဝန်း၊ ထုထည်ဟူသော အရွယ်အစားတို့ ရှိမနေဘဲ တစ်နေရာတည်းဟူသော သဘောသာ ရှိနေသည့် အရာလေးများ ဖြစ်သည်။ အမှတ်ချအိမ်တခုခု အတွင်း၌ အမှတ်တစ်ခုစီသည် ချအမှတ်ဟူသော တည်နေရာ တစ်ခုစီကို ကိုယ်စားပြုသည်။ အခြေခံ ဂျီဩမေတြီ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA
သင်္ချာဇာတ်ကောင်
သင်္ချာဇာတ်ကောင် (သို့) သင်္ချာဝတ္ထု (အင်္ဂလိပ်: mathematical object) ဆိုသည်မှာ ကိန်းများလည်း ဖြစ်နိုင်သည်။ ကိန်းအုံများလည်း ဖြစ်နိုင်သည်။ အစုများလည်း ဖြစ်နိုင်သည်။ ဖှန်ရှင်များလည်း ဖြစ်နိုင်သည်။ အမှတ်၊ မျဉ်း၊ စက်ဝိုင်း၊ ကုဗတုံး စသည့် ဂျီဩမေတြီဝတ္ထုများလည်း ဖြစ်နိုင်သည်။ ၎င်းဝတ္ထုများကို ရွှေ့ခြင်း၊ လှည့်ခြင်း လုပ်ဆောင်ချက်များလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် သင်္ချာ၏ နက်နဲကျယ်ပြန့်သော သဘောတရားဝတ္ထုများ ဖြစ်လေသည်။
https://my.wikipedia.org/wiki/%E1%80%9E%E1%80%84%E1%80%BA%E1%80%B9%E1%80%81%E1%80%BB%E1%80%AC%E1%80%87%E1%80%AC%E1%80%90%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
မျဉ်း
သင်္ချာ၌ မျဉ်းဆိုသည်မှာ အကျယ်သဘော၊ အထူသဘော၊ အတုတ်သဘော မရှိဘဲ အလျားသဘောရှိသောအရာ ဖြစ်သည်။ မရေမတွက်နိုင်သည့် အမှတ်များစွာ ဆက်တိုက်ဆက်တန်း ဖွဲ့စည်းထားခြင်းသဘောလည်း ရောက်၏။ ဂျီဩမေတြီ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BB%E1%80%89%E1%80%BA%E1%80%B8
အစု
သင်္ချာရှိ အစု () ဆိုသည်မှာ တစ်ခုမကတတ်သောအရာ များကို စုစည်းထားခြင်း သဘောဖြစ်ပြီး ထိုထဲ၌ ပါဝင်သော ဇာတ်ကောင်များကို အစုဝင်များ (elements) ဟု ခေါ်သည်။ အစုဝင်များမှာ ကိန်းများလည်း ဖြစ်နိုင်သကဲ့သို့ အခြားသော အရာများလည်း ဖြစ်နိုင်သည်၊ အခြားသော အစုများကိုပင် အစုဝင်များအဖြစ် စုစည်းထားခြင်းလည်း ဖြစ်နိုင်ပြန်သည်။ အစု ၂ ခု၏ အစုဝင်အားလုံး ထပ်တူကျနေလျှင် ထိုအစု ၂ ခုက ထပ်တူကျသည်ဟု သင်္ချာနည်းကျ ဆိုနိုင်သည်။ အစု A ၏ အစုဝင်တိုင်းက အစု B တွင် ပါဝင်သော်လည်း အစု B က ထို့ထက်ပို၍ အစုဝင်များ ပါဝင်နေသေးလျှင် အစု A က အစု B ၏ "အစုပိုင်း" (subset) ဖြစ်သည် ဟု ဆိုနိုင်သည်။ အရပ်စကားဖြင့်လျှင် အစု A က အစု B ၏ တစ်စိတ်တပိုင်းဟု ဆိုလိုသည်။ ဥပမာအားဖြင့်၊ "ခိုတိုင်းက ငှက်ဖြစ်သောလည်း ငှက်အလုံးစုံက ခိုမဟုတ်သဖြင့် ခိုများဟူသည့် အစုက ငှက်များဟူသည့် အစု၏ အစုပိုင်း ဖြစ်သည်"ဟု ဆိုရမည်မျိုး ဖြစ်သည်။ အစုဝင်တစ်ခုမျှ မရှိသောအစုကို "ဗလာစု" (empty set) ဟု ခေါ်သည်။ အကိုးအကား ယုတ္တိဗေဒဆိုင်ရာ အယူအဆများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%85%E1%80%AF
ကွန်ဖက်ဒရေးရှင်း
ကွန်ဖက်ဒရေးရှင်း ( confederacy သို့မဟုတ် လိဂ် ဟုလည်း ခေါ်သည်) သည် ဘုံလုပ်ဆောင်ချက်အတွက် ရည်ရွယ်၍ စည်းလုံးသော အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ နိုင်ငံရေးပြည်ထောင်စုတစ်ခုဖြစ်သည်။ အများအားဖြင့် ပဋိညာဉ် တစ်ခုဖြင့် ဖန်တီးထားသော ပြည်နယ်များ၏ ဖက်ဒရေးရှင်းများသည် ကာကွယ်ရေး၊ နိုင်ငံခြားဆက်ဆံရေး၊ ပြည်တွင်းကုန်သွယ်မှု သို့မဟုတ် ငွေကြေးစသည့် အရေးကြီးသောပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဗဟိုအစိုးရက ၎င်း၏အဖွဲ့ဝင်အားလုံးအတွက် ပံ့ပိုးပေးရန် လိုအပ်သဖြင့် ဗဟိုအစိုးရမှ ထူထောင်ထားလေ့ရှိသည်။ ဖက်ဒရယ်စနစ်သည် အချုပ်အခြာအာဏာပိုင် လွတ်လပ်မှု သို့မဟုတ် အစိုးရအပေါ် အခြေခံ၍ ဖြစ်ပေါ်သည့် နိုင်ငံတစ်ဝိုက်တွင် အပြန်အလှန်တုံ့ပြန်မှုပုံစံအဖြစ် သတ်မှတ်ထားသော ဖက်ဒရယ်စနစ် ၏ အဓိကပုံစံကို ကိုယ်စားပြုသည်။ ဖက်ဒရေးရှင်းများ ဖွဲ့စည်းထားသည့် အဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေး၏ သဘောသဘာဝသည် သိသိသာသာကွဲပြားသည်။ အလားတူပင်၊ အဖွဲ့ဝင်နိုင်ငံများနှင့် အထွေထွေအစိုးရတို့ကြား ဆက်ဆံရေးနှင့် ၎င်းတို့၏ အာဏာခွဲဝေမှု ကွဲပြားသည်။ အချို့သော ဖယ်ဒရေးရှင်းများသည် နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ဆင်တူသည်။ တင်းကျပ်သောစည်းမျဉ်းများပါရှိသော အခြားသော ဖက်ဒရေးရှင်းများသည် ဖက်ဒရယ်စနစ်များနှင့် ဆင်တူနိုင်သည်။ ဖက်ဒရေးရှင်းအဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းထားသောကြောင့် ၎င်းတို့တွင် သွယ်ဝိုက်သော ခွဲထွက်ခွင့် ရှိသည်။ နိုင်ငံရေးဒဿနပညာရှင် Emmerich de Vattel က “အချုပ်အခြာအာဏာပိုင်ပြီး လွတ်လပ်တဲ့နိုင်ငံအများအပြားဟာ အထူးသဖြင့် ပြီးပြည့်စုံတဲ့ပြည်နယ်တစ်ခုမဖြစ်မနေဘဲ ထာဝရကွန်ဖက်ဒရိတ်ကနေ သူတို့ကိုယ်သူတို့ ပေါင်းစည်းနိုင်တယ်။... တူညီသော ဆွေးနွေးမှုများသည် အဖွဲ့ဝင်တစ်ဦးစီ၏ အချုပ်အခြာအာဏာအား အကြမ်းဖက်မှုကို ပေးဆောင်မည်မဟုတ်ပါ။" ဟု ဆိုခဲ့သည်။ ဖက်ဒရေးရှင်းတစ်ခုအောက်တွင် ဖက်ဒရယ်ပြည်နယ် တစ်ခုနှင့် နှိုင်းယှဉ်ပါက ဗဟိုအာဏာသည် အတော်လေး အားနည်းသည်။ အဖွဲ့ဝင်နိုင်ငံများ၏ ကောင်စီတစ်ခုဖြစ်သည့် တစ်ခုတည်းသော ဥပဒေပြုလွှတ်တော်တွင် အထွေထွေအစိုးရမှ ပြုလုပ်သော ဆုံးဖြတ်ချက်များသည် အဖွဲ့ဝင်နိုင်ငံများ၏ နောက်ဆက်တွဲ အကောင်အထည်ဖော်မှု လိုအပ်သည်။ ၎င်းတို့သည် တစ်ဦးချင်းအပေါ် တိုက်ရိုက်သက်ရောက်သော ဥပဒေများမဟုတ်သော်လည်း နိုင်ငံအချင်းချင်း သဘောတူညီချက်များ၏ စရိုက်လက္ခဏာများ ပိုမိုရှိသည်။ ထို့အပြင် အထွေထွေအစိုးရတွင် ဆုံးဖြတ်ချက်ချခြင်းသည် အများအားဖြင့် အများအားဖြင့်မဟုတ်ဘဲ အများသဘောဆန္ဒ (unanimity) ဖြင့် လုပ်ဆောင်သည်။ သမိုင်းကြောင်းအရ ဤအင်္ဂါရပ်များသည် ပြည်ထောင်စု၏ ထိရောက်မှုကို ကန့်သတ်ထားသည်။ ထို့ကြောင့်၊ ဒေသတွင်းပေါင်းစည်းမှု ဆိုင်ရာ အမေရိကန်၊ ဆွဇ်နှင့် ဂျာမန်ကိစ္စများတွင်ကဲ့သို့ ဖက်ဒရယ်အစိုးရအသွင်ကူးပြောင်းမှုအတွက် နိုင်ငံရေးဖိအားများသည် အချိန်ကြာလာသည်နှင့်အမျှ တည်ဆောက်လေ့ရှိသည်။ ကိုးကား နိုင်ငံရေး စနစ်များ ဖက်ဒရယ်ပြည်ထောင်စုစနစ်
https://my.wikipedia.org/wiki/%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%96%E1%80%80%E1%80%BA%E1%80%92%E1%80%9B%E1%80%B1%E1%80%B8%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%B8
SCP ဖောင်ဒေးရှင်း
SCP ဖောင်ဒေးရှင်း သည် အမည်တူ ပူးပေါင်းရေးသားသော wiki ပရောဂျက်မှ မှတ်တမ်းတင်ထားသော စိတ်ကူးယဉ်လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဝဘ်ဆိုက်၏ မျှဝေထားသောစကြဝဠာအတွင်း၊ ဖောင်ဒေးရှင်းသည် သိပ္ပံပညာဖြင့်မရှင်းပြနိုင်သော ထူးခြားဆန်းကြယ်မှုများ၊ သဘာဝလွန် နှင့် အခြားလျှို့ဝှက်ဆန်းကြယ်သောဖြစ်ရပ်များကို ဖမ်းယူ၊ပါဝင်ခြင်းနှင့် လေ့လာခြင်းအတွက် ဖောင်ဒေးရှင်းတွင် တာဝန်ရှိပါသည်။ လူ့အသိုင်းအဝိုင်း၏ ပူးပေါင်းရေးသားခြင်းပရောဂျက်သည် wiki ကဲ့သို့သော ဝဘ်ဆိုက် SCP Wikiတွင် လုပ်ဆောင်နေပြီး ထိတ်လန့်ခြင်း၊သိပ္ပံစိတ်ကူးယဉ် နှင့် မြို့ပြစိတ်ကူးယဉ်များကဲ့သို့သော အမျိုးအစားများစွာ ပါဝင်ပါသည်။ SCP Wiki ရှိ အလုပ်အများစုတွင် SCP ဖိုင်ပေါင်း ထောင်ပေါင်းများစွာ ပါဝင်သည်- အမျိုးမျိုးသော SCPs များနှင့် ဆက်စပ်ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မှတ်တမ်းတင်သည့် လျှို့ဝှက် သိပ္ပံဆိုင်ရာ အစီရင်ခံစာများကိုအတုယူပါ။ ဝဘ်ဆိုက်တွင် SCP စကြဝဠာရှိ ဇာတ်ကောင်အမျိုးမျိုးနှင့် ဆက်တင်များပါဝင်သည့် "Foundation Tales"ဇာတ်လမ်းတိုများပါရှိသည်။ ဝီကီ၏ စာပေလက်ရာများသည် သိပ္ပံနည်းကျ တစ်ပိုင်းနှင့်ပညာရပ်ဆိုင်ရာ အရေးအသားပုံစံဖြင့် ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာများကို ဖော်ပြနိုင်စွမ်းရှိသည့်အပြင် ၎င်းတို့၏ အရည်အသွေး မြင့်မားသော စံနှုန်းများကြောင့်လည်း ဝီကီမှ ချီးကျူးခံရပါသည်။ SCP စကြဝဠာသည် ကျယ်ပြန့်သော မီဒီယာပုံစံများဖြင့် ပရိသတ်ပြုလုပ်သော လိုက်လျောညီထွေဖြစ်အောင် အများအပြားကို လှုံ့ဆော်ပေးထားသည်။ စာအုပ်များ၊ ရုပ်ပြများ၊ ဗီဒီယိုဂိမ်းများ၊ ကာတွန်းနှင့် တိုက်ရိုက်အက်ရှင်ဇာတ်လမ်းတိုများအပါအဝင်။
https://my.wikipedia.org/wiki/SCP%20%E1%80%96%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%92%E1%80%B1%E1%80%B8%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%B8
အောင်သော်
ဦးအောင်သော် (၂၃ အောက်တိုဘာ ၁၉၅၃ ဖွား) သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လက်ရှိ ဥက္ကဋ္ဌ ဖြစ်သည်။ ၎င်းသည် အငြိမ်းစားဗိုလ်မှူးချုပ်တစ်ဦးဖြစ်ပြီး ရုရှားနိုင်ငံဆိုင်ရာမြန်မာစစ်သံမှူး၊ ကာကွယ်ရေးဒုဝန်ကြီး တာဝန်များအပြင် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ၊ဟိုတယ်ခရီးဝန်ကြီး စသည့် တာဝန်များယူခဲ့ဖူးသူဖြစ်သည်။ အစောပိုင်းဘဝ သူသည် စစ်တက္ကသိုလ် အပါတ်စဉ်(၁၆)ဆင်း ဖြစ်သည်။ အလုပ်အကိုင် တပ်မတော်တွင် ဒုဗိုလ်အဆင့်မှ ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ရုရှားနိုင်ငံဆိုင်ရာမြန်မာစစ်သံမှူး အဖြစ်လည်း တာဝန်ပေးခံရသည်။ သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၁ တွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ရပြီး ထိုတာဝန်ကို ၂၀၁၄ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ နိုင်ငံရေး သူသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝင်ဖြစ်သည်။ အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် ကိုကိုးကျွန်းမဲဆန္ဒနယ် မှနေ၍ ရွေးကောက်ပွဲဝင်သည်။ ၎င်းသည် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း ၊ရုရှား-မြန်မာချစ်ကြည်ရေးအသင်း တွင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း တာဝန်ယူခဲ့သေးသည်။ ၂၀၂၁ နောက်ပိုင်းကာလများ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်တွင် ၎င်းအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်သည်။ ၆ လအကြာတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၏ ၁၃ ဦးမြောက် ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။ ကိုးကား မြန်မာနိုင်ငံ ဝန်ကြီးများ မြန်မာ စစ်ဖက်ဆိုင်ရာ လူပုဂ္ဂိုလ်များ မြန်မာနိုင်ငံ၏ ပြည်ထောင်စုအဆင့် ရုံး၊ အဖွဲ့အစည်းများ၏ အကြီးအကဲများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9E%E1%80%B1%E1%80%AC%E1%80%BA
Lingua Franca Nova
Lingua Franca Nova (“Elefen”) သည် နိုင်ငံတကာဆက်သွယ်ရေးအတွက် အထူးရိုးရှင်းသော၊ တသမတ်တည်းဖြစ်ပြီး သင်ယူရလွယ်ကူစေရန် ဒီဇိုင်းထုတ်ထားသော ဘာသာစကားတစ်ခုဖြစ်သည်။ ၎င်းတွင် ဖုန်းအရေအတွက် အကန့်အသတ်ရှိသည်။ ၎င်းသည် အီတလီ သို့မဟုတ် စပိန်အသံနှင့် ဆင်တူသည်။ ၎င်းကို အသံထွက်ဖြင့် စာလုံးပေါင်းပါသည်။ ဘယ်ကလေးကမှ မမှန်မကန် သင်ယူမှုကို နှစ်နဲ့ချီပြီး သင်ယူနေသင့်ပါတယ်။ ၎င်းတွင် ကမ္ဘာ၏ creoles များနှင့် ဆင်တူသော ပုံမှန်သဒ္ဒါတစ်ခု ရှိသည်။ ၎င်းတွင် လုပ်ရိုးလုပ်စဉ်စကားလုံးဆင်းသက်ခြင်းအတွက် အကျိုးဖြစ်ထွန်းစေသော ဆက်နွယ်မှုများ၏ အကန့်အသတ်နှင့် လုံးလုံးပုံမှန်အစုံပါရှိသည်။ ၎င်းတွင် အဓိကဘာသာစကားများစွာဖြင့် စကားလုံးအစီအစဉ်အတွက် ကောင်းစွာသတ်မှတ်ထားသော စည်းမျဉ်းများရှိသည်။ ၎င်း၏ ဝေါဟာရသည် ခေတ်သစ် Romance ဘာသာစကားများတွင် အခိုင်အမာ အမြစ်တွယ်နေသည်။ ဤဘာသာစကားများသည် သူတို့ကိုယ်သူတို့ ပျံ့နှံ့ပြီး ဩဇာညောင်းသည့်အပြင် ၎င်းတို့သည် အင်္ဂလိပ်ဝေါဟာရ၏ အဓိကအစိတ်အပိုင်းကို ပံ့ပိုးပေးခဲ့သည်။ ၎င်းသည် လက်တင်နှင့်ဂရိနည်းပညာပိုင်းဆိုင်ရာ neologisms၊ de facto “ကမ္ဘာ့စံ” ကို သဘာဝအတိုင်းလက်ခံရန် ဒီဇိုင်းထုတ်ထားသည်။ အခြားသူများ သင်ယူရန် ပိုမိုခက်ခဲခြင်းမရှိဘဲ Romance ဘာသာစကားများနှင့် ရင်းနှီးသောသူများအတွက် အတော်လေး “သဘာဝ” ဖြစ်အောင် ဖန်တီးထားပါသည်။.
https://my.wikipedia.org/wiki/Lingua%20Franca%20Nova
စိုးညွန့်ဝေ (လွိုင်ကော်)
စိုးညွန့်ဝေ (လွိုင်ကော်) (၁၉ ဧပြီ ၁၉၈၈ မွေးဖွား) သည် မြန်မာ အမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။ အစောပိုင်းဘဝနှင့် ပညာရေး စာရေးဆရာ စိုးညွန့်ဝေ (လွိုင်ကော်) ကို အဖ ဦးစိုးမြင့်အောင် နှင့် အမိ ဒေါ်ဝင်းဝင်းရီတို့မှ ၁၉၈၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် လွိုင်ကော်မြို့၌ ဖွားမြင်သည်။ အမည်ရင်းမှာ ဦးစိုးရာဇာဝင်းဖြစ်သည်။ အထက(၄)လွိုင်ကော်မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၂၀၀၉ ခုနှစ်တွင် လွိုင်ကော်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့(မြန်မာစာ)ရရှိခဲ့သည်။ စာပေရေးသားခြင်း ၂၀၀၂ ခုနှစ် (၈)တန်းကျောင်းသားဘဝမှစတင်ကာ ဆရာမင်းယုဝေ အယ်ဒီတာချုပ်လုပ်သော မြတ်မင်္ဂလာစာစောင်၊ မင်္ဂလာမောင်မယ်စာစောင်၌ ဆောင်းပါးများ၊ ကဗျာများ စတင်ရေးသားခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဗျည်းနွဲ့ကြားရင်ငိုသွားမယ်နှင့်သရော်ဆောင်းပါးများ စာအုပ်ကို ဆရာလေးကိုတင်၏ အမှာစာဖြင့် Pica Media Publishing House မှ ထုတ်ဝေဖြန့်ချိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ချောကလက် စာသင်ခန်းအတွေးရသစာအုပ်ကို ဆရာဦးဘုန်း(ဓာတု)၏ အမှာစာဖြင့်လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် လက်ဝဲသုန္ဒရ၊ ဒဂုန်တာရာနှင့် စိမ်းလန်းသောမဲဇာများ စာအုပ်ကို ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)၏ အမှာစာဖြင့်လည်းကောင်း လင်းလွန်းခင်စာပေတိုက်က ထုတ်ဝေဖြန့်ချိခဲ့သည်။ ရုပ်ရှင်အောင်လံ၊ မဟေသီ၊ ကလျာ၊ ရွှေအမြုတေ၊ ရုပ်ရှင်တေးကဗျာ၊ ခေတ်ရနံ့၊ စုံနံ့သာ၊ ပန်းအလင်္ကာ၊ ကျေးရွှေတမာ၊ မြဝတီ၊ ငွေတာရီ၊ အပျိုစင်၊ 7 Day News၊ အလင်းတန်း စသည့်မဂ္ဂဇင်း၊ ဂျာနယ်များတွင် တစ်မျက်နှာဝတ္ထု၊ ဝတ္ထုတို၊ အက်ဆေး၊ ဆောင်းပါးများရေးသားခဲ့သည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်ထိ ကယားပြည်နယ်နှစ်လည်မဂ္ဂဇင်း အယ်ဒီတာချုပ်၊ ကယားပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ဝေသော ကယားတိုင်းမ်ဂျာနယ် အယ်ဒီတာချုပ် အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သည်။ စိတ်ကူးချိုချို စာပေတိုက်ထုတ် မြန်မာအက်ဆေး (၁၀၁)စာအုပ်(၂၀၁၅ ခုနှစ်)၊ စိတ်ကူးချိုချိုမြန်မာဝတ္ထုတိုများစာအုပ်(၂၀၁၇)ခုနှစ်၊ ဥတ္တရလမင်းခံစားသူအကြိုက်ဝတ္ထုတိုများစာအုပ်(၂၀၁၉ခုနှစ်)၊ လင်းလွန်းခင်စိတ်ကြိုက်မဂ္ဂဇင်းဝတ္ထုတိုများ(၂၀၁၇၊ ၂၀၁၈ ခုနှစ်)တို့တွင် အက်ဆေးနှင့် ဝတ္ထုတိုများရွေးချယ်ဖော်ပြခြင်းခံရသည်။ ရရှိခဲ့သော ဆုတံဆိပ်များ ၂၀၁၇ ခုနှစ် မြဝတီမဂ္ဂဇင်း နှစ်ပတ်လည်အကောင်းဆုံးဆောင်းပါးဆုကို ဆိုင်းသမားရွာစားစိန်တင်ဟန် ဆောင်းပါးဖြင့် ရရှိခဲ့သည်။ တေးသီချင်းများလည်းရေးသားခဲ့ရာ "ပြည်ထောင်စုယျာဉ်နန်း" သီချင်းကို ၂၀၁၇ ခုနှစ် ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ပြဋ္ဌာန်းတေးသီချင်းအဖြစ် ရွေးချယ်ခံရသည်။ ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%8A%E1%80%BD%E1%80%94%E1%80%B7%E1%80%BA%E1%80%9D%E1%80%B1%20%28%E1%80%9C%E1%80%BD%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%BA%29
အာသာ ဟိုလ်မ်စ်
အာသာ ဟိုလ်မ်စ် (၁၄ ဇန်နဝါရီ ၁၈၉၀ ~၂၀ စက်တင်ဘာ ၁၉၆၅)သည် ဘူမိဗေဒကို နားလည်ရန် အဓိက ပံ့ပိုးကူညီမှု နှစ်ခုကို ပြုလုပ်ခဲ့သည့် အင်္ဂလိပ်လူမျိုး ဘူမိဗေဒပညာရှင် ဖြစ်သည်။ ကိုးကား ၁၈၉၀ မွေးဖွားသူများ ၁၉၆၅ ကွယ်လွန်သူများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AC%E1%80%9E%E1%80%AC%20%E1%80%9F%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%99%E1%80%BA%E1%80%85%E1%80%BA
အင်္ဂလိပ် ဿရဗေဒ
မည်သို့ပင်ဖြစ်စေ အခြားအင်္ဂလိပ်ဘာသာစကားများစွာကို ပြောဆိုကြသည်။ အထူးသဖြင့် ဒေသန္တရဘာသာစကားများမှ သီးခြားဖွံ့ဖြိုးလာကြသည်။
https://my.wikipedia.org/wiki/%E1%80%A1%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%9C%E1%80%AD%E1%80%95%E1%80%BA%20%E1%80%BF%E1%80%9B%E1%80%97%E1%80%B1%E1%80%92
အိုင်ဂန်ဖန်ရှင်
အိုင်ဂန်ဖှန်ရှင် (သို့) ဆပြောင်းဖှန်ရှင် (p-သံ မဟုတ်ဘဲ f-သံ အဖြစ်နှာမှုတ်သံ ပါကြောင်းကို ဟထိုးဖြင့် စနစ်တကျဖော်ပြလျက်) ( သို့မဟုတ် eingen function) ဆိုသည်မှာ ၎င်းအပေါ်ကို အချို့သော လုပ်ဆောင်ချက် (operator)တို့ သက်ရောက်လိုက်လျှင်လည်း ဖန်ရှင်အသစ်သဖွယ် မဖြစ်ဘဲ ပင်ကိုဖှန်ရှင်ကို စကေလာ (သို့) မြှောက်ဖော်ကိန်းထီး တစ်ခုဖြင့် မြှောက်ထားသကဲ့သို့သာ ရလဒ်ထွက်ပေါ်သော ဖှန်ရှင်မျိုး ဖြစ်သည်။ သင်္ချာဇာတ်ကောင်တစ်ခုကို ကိန်းထီးဖြင့် မြှောက်ခြင်းမှာ ဆပြောင်းခြင်းပင် ဖြစ်သည်။ (ဥပမာအားဖြင့် 2 နှင့် မြှောက်လိုက်ခြင်းသည် ၂ဆ ဖြစ်စေခြင်း၊ ½ နှင့် မြှောက်လိုက်ခြင်းသည် ဆဝက် ဖြစ်စေခြင်း၊ နှင့် မြှောက်လိုက်ခြင်းသည် ပင်ကို တစ်ဆအတိုင်းပင် ဆန့်ကျင်ဘက် လားရာ ရှိစေခြင်း ဖြစ်၏။) ထို့ကြောင့် အိုင်ဂန်ဖှန်ရှင်ကို ဘာသာပြန်လိုလျှင် ဆပြောင်းဖှန်ရှင် ဟု ပြန်ဆိုနိုင်သည်။ သင်္ချာစကားဖြင့်လျှင် D က တည့်တိုးဆက်သွယ်ချက် ရှိသော လုပ်ဆောင်ချက် (linear operator) ဖြစ်ပြီး က (သုည မဟုတ်သော) အိုင်ဂန်ဖှန်ရှင်တခု ဆိုအံ့၊ ၎င်းအိုင်ဂန်ဖှန်ရှင်အပေါ် ၎င်းလုပ်ဆောင်ချက် သက်ရောက်လိုက်လျှင် - ဤသို့ ထွက်ပေါ်မည်။ ဟု ပြထားသည်က အထက်တွင် ဆိုခဲ့သော မြှောက်ဖော်ကိန်း (သို့) ဆပြောင်းကိန်း (သို့) စကေလာ ဖြစ်ပြီး ဤဖြစ်စဉ်မျိုးတွင် အိုင်ဂန်တန်ဖိုး (eingenvalue) ဟု ခေါ်သည်။ ဥပမာ ကိန်းအုံများဖြင့် က (သုည မဟုတ်သော) ဗှတ္တာအဖြစ် တိုင်ထီးကိန်းအုံ (column vector) ဖြစ်ကာ က တည့်တိုးဆက်သွယ်ချက် ရှိသည့် လုပ်ဆောင်ချက်အဖြစ် ထောင့်စက် ကိန်းအုံ ဖြစ်လျှင် - ဟု ထွက်ပေါ်ကာ က အိုင်ဂန်တန်ဖိုးအဖြစ် ဆပြောင်းကိန်း (စကေလာ) ဖြစ်သည်။ ကွမ်တမ်သုံးသင်္ချာဖြင့် က ဟူသော လုပ်ဆောင်ချက်နှင့် တွဲလျှင် အိုင်ဂန်ဖှန်ရှင် တစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် - ဟု အိုင်ဂန်တန်ဖိုး (ဆပြောင်းကိန်း) မြှောက်ထားသည့် မူရင်း အဖြစ် ရလဒ်ထွက်သောကြောင့်ဖြစ်သည်။ ကွမ်တမ် သဘောယန္တရားတွင် လှိုင်းသရုပ် (wavefunction) များမှာ အိုင်ဂန်ဖှန်ရှင်ဖြစ်လျက် တန်ဖိုးအနန္တသို့ မချဉ်းကပ်သော (well-defined)၊ ခုချင်းအလွားကုန်သော (bijective) စသည့် သဘောသတ္တိတို့လည်း ရှိရသည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%82%E1%80%94%E1%80%BA%E1%80%96%E1%80%94%E1%80%BA%E1%80%9B%E1%80%BE%E1%80%84%E1%80%BA
စကေလာ
အခြေခံအဆင့် သင်္ချာ သို့မဟုတ် ရူပဗေဒ တွင် စကေလာ (ခေါ်) ကိန်းထီး (အင်္ဂလိပ်: scalar) က ဗှတ္တာနှင့် မတူစွာဖြင့် ကိန်းတစ်လုံးထီးတည်းဖြင့် ဖော်ပြနိုင်သော သင်္ချာအားဖြင့် သင်္ချာဇာတ်ကောင် သို့မဟုတ် ရူပဗေဒအားဖြင့် တိုင်းဖွယ် ဖြစ်သည်။ ထို့ပြင် စကေလာသည် ဗှတ္တာအဖို့ မြှောက်ဖော်ကိန်းဖြစ် သက်ရောက်လျက် ဗှတ္တာ၏ အတိုင်းအဆကို ပြောင်းလဲနိုင်သေးသဖြင့် စကေလာကို ဆပြောင်းကိန်း ဟုလည်း ခေါ်နိုင်သည်။ ဥပမာအားဖြင့် နှင့် မြှောက်လိုက်ခြင်းသည် ၂ဆ ဖြစ်စေခြင်း၊ ½ နှင့် မြှောက်လိုက်ခြင်းသည် ဆဝက် ဖြစ်စေခြင်း၊ နှင့် မြှောက်လိုက်ခြင်းသည် ပင်ကို တစ်ဆအတိုင်းပင် ဆန့်ကျင်ဘက် လားရာ ရှိစေခြင်း ဖြစ်သည်။ အဆင့်မြင့်သင်္ချာ ခွဲခြမ်းစိတ်ဖြာ ဗေဒတွင်မူ စကေလာ (ဆပြောင်းကိန်း)သည် စက် (field)အတွင်း ပါဝင်သော အရာများ ဖြစ်သည်။ တာအုံသဘောတရားဖြင့် အဆင့် 2 နှင့် အထက်ရှိသော တာအုံများကို "တာအုံ" ဟု သာခေါ်ရိုးရှိပြီး ထောင့်စက် ကိန်းအုံ ပုံစံဖြင့် ဖော်ပြနိုင်သည်။ အဆင့်-1 သာ ရှိသော တာအုံများမှာမူ ဗှတ္တာများ ဖြစ်ပြီး တိုင်ထီးကိန်းအုံ ပုံစံဖြင့် ဖော်ပြနိုင်သည်။ ဤအခါမျိုးတွင် စကေလာ (ကိန်းထီး) ဟူသည် အဆင့်-0 နှင့် တာအုံ ဖြစ်သဖြင့် ကိန်းတစ်လုံး ထီးတည်း ဖြစ်နေမည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%85%E1%80%80%E1%80%B1%E1%80%9C%E1%80%AC
တာအုံ
သင်္ချာနှင့် ရူပဗေဒရှိ တာအုံ (ခေါ်) တန်စာ (အင်္ဂလိပ်: tensor) ဆိုသည်မှာ တစ်ကြောင်းမကသော တည့်တိုးဆက်နွယ် ညီမျှခြင်းများကို တပြိုင်တည်း ကိုင်တွယ်ရန် အသုံးပြုသော သင်္ချာဇာတ်ကောင်များ ဖြစ်သည်။ မိမိ ကိုင်တွယ်စဉ်းစားနေသော ရပ်ဝန်း၏ သဘောအလျောက် ဤသို့ ကွဲပြားမှု ရှိနိုင်သည်။ အမှတ်ချအိမ်၏ တာသွားတန်ဖိုးများက နေရာအနှံ့ မပြောင်းမလဲ သဘာဝရှိနေလျှင် ၎င်းမှာ တပြန့်ညီသော ရပ်ဝန်း (flat space) ဖြစ်ပြီး သာမန် ယူကလစ်ဒ် စပေ့စ် (Eculidean space) ကို ကိုင်တွယ်နေခြင်း ဖြစ်သည်။ ထိုအခါ တာအုံတို့ကို ကိန်းအုံ (matrix) တို့ဖြင့် တိုက်ရိုက် ကိုယ်စားပြု တွက်ချက်နိုင်ပေမည်။ များစွာသော အင်ဂျင်နီယာအတတ် (engineering field) တို့၌ ထိုသို့ တွက်ချက်ရုံသာ ဖြစ်သည်။ အမှတ်ချအိမ်၏ တာသွားတန်ဖိုး (bases) တို့က နေရာအလိုက် ပြောင်းလဲမှု ရှိသွားလျှင်မူ ၎င်းမှာ တာယွင်းရပ်ဝန်းရှိသော (curved space) ဖြစ်သဖြင့် တာအုံကို တွဲစက်ပုံဖော်ပေးမည့် အတိုင်းဆတာအုံ (metric tensor)မှာ ဆရင်းကိန်းအုံ (identity matrix) မဟုတ်တော့ချေ။ အထွေထွေနှိုင်းရသီအိုရီ၌ ဤသဘောမျိုးနှင့် တွက်ချက်သည်။ ထို့ကြောင့် အထွေထွေခြုံညှိမှု (generalization) အားဖြင့် တာအုံသီးသန့်က ရုပ်ပိုင်းဆိုင်ရာတန်ဖိုးများကို ပြည့်စုံစွာ တိုက်ရိုက်ထုတ်မပေးဘဲ ဆိုင်ရာရပ်ဝန်း(space) ၏ သဘောသရုပ်ကို ကိုယ်စားပြုရာ အတိုင်းဆတာအုံ (metric tensor) နှင့် တွဲလျက်သာ အဓိပ္ပါယ်ပြည့်စုံသော တိုင်းဖွယ်တို့ကို ထုတ်ပေးသည်။ အမည်ပေးမှု တိုက်ရိုက်ဘာသာပြန်၍ တန်စာ ဟု သုံးနှုန်းနိုင်သည်။ တန်ဆာ ဟု သုံးနှုန်းခြင်းသည် မြန်မာစကားတွင် ရှိနှင့်ပြီးသော "အဆင်တန်ဆာ"နှင့် စာလုံးပေါင်း ရောမည်ကို ရှောင်ရှားလိုလျှင် စလုံးဖြင့် ရေးနိုင်သည်။ တာအုံ ဟူသည့် ဘာသာပြန်ချက်မှာ အထက်တွင် ဖော်ပြသည့်အတိုင်း ကိန်းအုံနှင့် တွဲဆက်ခြင်းအားဖြင့် အတိုင်းအတာ ပမာဏများကို ဖော်ပြရန် သုံးသော သင်္ချာဇတ်ကောင်ဖြစ်လျက် ကိန်းအုံအဖြစ်လည်း တစ်နည်းအားဖြင့် ဖော်ပြတန်သောကြောင့် ဖြစ်သည်။ ကိုယ်စားပြု ရေးသားပုံ ကိုယ်စားပြုရေးနည်းမှာ ကိန်းအုံရေးနည်းတို့နှင့် ဆင်တူသည်။ ဆိုလိုရင်းကို လိုက်၍ တာအုံ၏ ကိန်းလုံးများကို   ဟုလည်းကောင်း၊ ဟုလည်းကောင်း၊   ဟုလည်းကောင်း ရွေးနုတ်ဖော်ပြကြသည်။ နှင့် တို့မှာ ညွှန်းလုံး(index) များ ဖြစ်ပြီး မည်သည့် တိုင်းကြောင်း(dimension)နှင့် ဆိုင်သော ကိန်းလုံးကို ဆိုလိုကြောင်း ဖော်ပြသည်။ ထို့ကြောင့် မိမိကိုင်တွယ်နေသော ရပ်ဝန်း(အာကာသ)က တိုင်းကြောင်း ၂ခု ဖြစ်လျှင် ညွှန်းလုံးတန်ဖိုး 1 က X-တိုင်းကြောင်းကို ဆိုလိုပြီး 2 က Y-တိုင်းကြောင်းကို ဆိုလိုသည်မျိုး ဖြစ်သည်။ သို့ဖြင့် ညွှန်းလုံးတို့က နှင့် တွင်း ရှိသည်ဟု ဆိုရာတွင် က ကိုင်တွယ်ခံရပ်ဝန်း (space)၏ တိုင်းကြောင်း (dimension) အရေအတွက်ကို ဆိုလိုသည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%90%E1%80%AC%E1%80%A1%E1%80%AF%E1%80%B6
အတိုင်းဆ
ရပ်ဝန်း(space) တစ်ခု၏ အတိုင်းဆ /အတိုင်းဇာ့/ (ခေါ်) မတ်ထြစ် (အင်္ဂလိပ်: metric or distance fucntion) ဆိုသည်မှာ ၎င်းရပ်ဝန်း(စပေ့စ်)၏ အမှတ်၂ခုတိုင်း၏ ကြားအကွာအဝေး တွက်ထုတ်နည်းသဘာဝကို ဖော်ပြသော ဖှန်ရှင်၊ အကွာအဝေး တွက်ထုတ်နည်း ဖြစ်သည်။ ထို့ကြောင်း ရပ်ဝန်းတခုလုံး၏ ရုပ်ပိုင်းဆိုင်ရာ၊ သဘောပိုင်းဆိုင်ရာ သရုပ်သဘာဝကို ဖော်ပြသည့်အရာ ဖြစ်သည်။ ရပ်ဝန်းကို အစုသဘောဖြင့် တွေးခေါ်တွက်ချက်လျှင် သင်္ချာသဘောတရား၌ ၎င်းအစုဝင်များသီးသန့်ဖြင့်ချည်း ရပ်ဝန်း(စပေ့စ်)က ပုံပေါ်ခြင်း မရှိဘဲ ဤ အတိုင်းဆဖှန်ရှင်နှင့် အစဉ် ပူးတွဲဖော်ပြအပ်သည်။ အမည်ပေးမှု အင်္ဂလိပ်စာလုံး metric မှ ဘာသာပြန်ထားခြင်း ဖြစ်သည်။ ၎င်းအင်္ဂလိပ်စာလုံးမှာလည်း ရှေးဂရိဝေါဟာရ "metron" မှ ဆင်းသက်သည်။ ၎င်းက "တိုင်းထွာမှု၊ တိုင်းဆချက် (a measure)" ဖြစ်လေရာ မြန်မာစကားသို့ အတိုင်းဆ ဟု ဘာသာပြန်ခြင်း ဖြစ်သည်။ metric ကို တိုက်ရိုက်မွေးစား ပြောဆိုလျှင် မတ်ထရစ် ဟု ရေးနိုင်သကဲ့သို့ မြန်မာစာ၌ ရရစ်က "ရ"ဖြင့် ဗျည်းတွဲပြုကြောင်းကို အသုံးချခြင်းအားဖြင့် မတ်ထြစ် ဟုလည်း တူညီစွာ သဘောသက်ရောက်နိုင်၏။ သင်္ချာသဘောတရား ဥပမာ က ရပ်ဝန်းကို ကိုယ်စားပြုသည့် ရပ်ဝန်းပါအမှတ်များအစု ဖြစ်လျှင် နှင့် တို့က ဥပမာအမှတ် ၂ခု ဖြစ်မည်။ ဟု ဆိုခြင်းဖြစ်သည်။ သို့ဖြင့် က အတိုင်းဆကို ဆိုလိုလျက် ဟူသည်က နှင့် ကြား အကွာအဝေးကို ပုံသေနည်းဖြင့် တွက်ထုတ်ရမည်ဟု ဆိုလိုသည်။ ဤတွင် အတိုင်းဆက ပါဝင်အမှတ်တိုင်းအဖို့ တွက်နိုင်စေရမည်။ ယူကလစ်ဒ် စပေ့စ် သမားရိုးကျ တပြန့်ညီ ယူကလစ်ဒ် စပေ့စ် (flat Euclidean Space) ၏ အတိုင်းဆ တွက်ထုတ်နည်းမှာ ဤသို့ဖြစ်သည်။ ဤသည်မှာ ကျောင်းသားအများစုနှင့်လည်း ရင်းနှီးသော ပိုက်သာဂိုရပ်စ်နည်းဖြင့် ထောင့်ဖြတ်အလျား တွက်ထုတ်သည့်သဖွယ်ပင် ဖြစ်သည်။ တက္ကစီကား စပေ့စ် တက္ကစီကား စပေ့စ် (Taxicab Space) ၏ အတိုင်းဆ တွက်ထုတ်နည်းကို တွက်လျှင်မူ ဤသို့ ဖြစ်မည်။ ဖော်ပြပါပုံတွင် ပါရှိသည့်အတိုင်း ဤအတိုင်းဆ (ဤ ကြားအကွာအဝေး တွက်ထုတ်နည်း)မှာ လေးထောင့်ကျသော မြို့ပြလမ်းကွက်များ၌ တက္ကစီကား မောင်းလျှင် သွားရမည့်အတိုင်း အကွာအဝေးကို အဖြေထုတ်ပေးသည်။ မင်ခေါ့ဗ်ရှကီး စပေ့စ် မင်ခေါ့ဗ်ရှကီး စပေ့စ်(ဂျာမန်အမည် ဖြစ်၌ ဂျာမန်အသံထွက်ဖြင့်) (Minkowski space) ၌မူ အမှတ်၂ခုတိုင်းကြားရှိ အကွာအဝေးသဘောကို ရှာထုတ်နိုင်ခြင်း မရှိသော်လည်း အချိန်ခြား (time-like) ဆက်စပ်မှုရှိသော အမှတ်၂ခု၏ အကွာအဝေးသဘောကိုမူ ဤသို့တွက်ထုတ်ရမည်ဟု ၎င်း၏ အတိုင်းဆက ဖှော်မျူလာ ပေး၏။ ဆက်စပ် ကြည့်ရှုဖွယ် အတိုင်းဆတာအုံ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%A1%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%86
ဘလူအီ (၂၀၁၈ တီဗွီဇာတ်လမ်းတွဲ)
ဘလူအီ () သည် ဩစတြေးလျ အန်နီမေရှင်းရုပ်မြင်သံကြားစီးရီးဖြစ်သည်။ ၎င်းကို ၂၀၁၈ ခုနှစ်တွင် အေဘီစီ ကိဒစ် ရုပ်သံလိုင်း တွင် ထုတ်လွှင့် ပြသခဲ့သည်။ ဇာတ်ကောင်များ အဓိကဇာတ်ကောင်များ ဘလူအီ ဟီ‌လေရ () ဇာတ်လမ်းတွဲ၏အဓိကဇာတ်ကောင်၊ ဩစတြေးလျနွားခွေး နှင့်တူသော ၆ နှစ်သား (နောက်ပိုင်း ၇ နှစ်သား) အပြာရောင်ခွေးတစ်ကောင်။ ဘင်ဂို ဟီ‌လေရ () ဩစတြေးလျနွားခွေး နှင့်တူသော ၄ နှစ်သား (နောက်ပိုင်း ၅ နှစ်သား) အနီရောင်ခွေးတစ်ကောင်။ ဘာနဒိတ ဟီ‌လေရ (၊ ) ဩစတြေးလျနွားခွေး နှင့်တူသော အပြာရောင်ခွေးတစ်ကောင်။ သူမသည် ဘလူအီနှင့် ဘင်ဂို၏မိခင်ဖြစ်သည်။ ချီလီ ဟီ‌လေရ (၊ ) ဩစတြေးလျနွားခွေး နှင့်တူသော အနီရောင်ခွေးတစ်ကောင်။ သူသည် ဘလူအီနှင့် ဘင်ဂို၏ဖခင်ဖြစ်သည်။ ကိုးကား ပြင်ပလင့်ခ် အင်္ဂလိပ်ဘာသာ တီဗွီဇာတ်လမ်းတွဲ အစီစဉ် ကာတွန်းရုပ်သံဇာတ်လမ်းတွဲများ ဩစတြေးလျ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ
https://my.wikipedia.org/wiki/%E1%80%98%E1%80%9C%E1%80%B0%E1%80%A1%E1%80%AE%20%28%E1%81%82%E1%81%80%E1%81%81%E1%81%88%20%E1%80%90%E1%80%AE%E1%80%97%E1%80%BD%E1%80%AE%E1%80%87%E1%80%AC%E1%80%90%E1%80%BA%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%90%E1%80%BD%E1%80%B2%29
ဝင်ဆာအိမ်တော်
ဝိနဒသောရ မင်းဆက်()သည် ဗြိတိန် တော်ဝင်မင်းဆက်ဖြစ်ပြီး လက်ရှိတွင် ဗြိတိန်နှင့် ဓနသဟာယနိုင်ငံများကို အုပ်စိုးသော တော်ဝင်မိသားစု ဖြစ်သည်။
https://my.wikipedia.org/wiki/%E1%80%9D%E1%80%84%E1%80%BA%E1%80%86%E1%80%AC%E1%80%A1%E1%80%AD%E1%80%99%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
ခပ်သိမ်းလောက
ခပ်သိမ်းလောက (သို့) လောက () ဆိုသည်မှာ ခပ်သိမ်းသောရပ်ဝန်း၊ အချိန်တို့နှင့်တကွ ၎င်းတို့အတွင်း ပါဝင်သမျှ ဒြပ်-စွမ်းအင် (mass energy)တို့ကို ခြုံငုံအကျုံးဝင်သည့် အဝန်းအဝိုင်းပမာဏ တစ်ခုလုံး ဖြစ်သည်။ ရှေးအိန္ဒိယ နက္ခတ်ဗေဒမှ ဆင်းသက်လာသော စကြဝဠာ (Pāli: ; Thai: จักรวาล or จกฺกวาฬ) ဆိုသည်မှမူာ နေတစ်စင်း လတစ်စင်း၊ သမုဒ္ဒရာကြီး ၄ စင်း၊ ကျွန်းကြီး ၄ ကျွန်း ပါဝင်လျက် အချင်းအကျယ် ယူဇနာပေါင်း ၁,၂၀၃,၄၅၀ ရှိသည်။ တစ်ယူဇနာက အများဆုံးအားဖြင့် အထိသာ ဖြစ်နိုင်သည် ဟု အကိုးအကားယူလျှင် စကြဝဠာ၏ အကျယ်အလျားမှာ ကီလိုမီတာပေါင်း ၁၈ သန်းခန့် ဖြစ်သည်။ နေအဖွဲ့အစည်းအတွင်းရှိ နေနှင့် ကမ္ဘာဂြိုဟ်ကြားရှိ ပျမ်းမျှ အကွာအဝေးမှာ ကီလိုမီတာပေါင်း သန်း ၁၅၀ ခန့် ဖြစ်သည်။ ဖွဲ့စည်းပုံ အကြမ်းဖျင်း လောက(Universe) အတွင်း၌ ဂြိုဟ်အချို့က ကြယ် တစ်ခု၊ သို့မဟုတ် နှစ်ခုခန့်ကို ဗဟိုပြုလှည့်ခြင်းအားဖြင့် ဂြိုဟ်စု (planetary system) များ ပေါ်ပေါက်နေသည်။ နေအဖွဲ့အစည်း ဆိုသည့်မှာ ကျွန်ုပ်တို့၏ ကမ္ဘာဂြိုဟ်နှင့်တကွ အခြားဂြိုဟ် ၇လုံးကို နေကို ဗဟိုပြု လှည့်ပတ်နေသည့် ဂြိုဟ်စုတစ်ခု ဖြစ်သည်။ ဂြိုဟ်စုများ၊ ကြယ်များက တစ်ဖန် ဒြပ်ထုကြီးမားလှသော အရာကြီးတခုခု၊ များသောအားဖြင့် ဒြပ်ထုကြီးလှသော တွင်းနက်ကြီး တခုခုကို ဗဟိုပြုလျက် လှည့်ပတ်နေကြသေးသည်။ ထို (ဂြိုဟ်များလည် ပါဝင်သော) ကြယ်ဝဲဂယက်ကြီး တခုစီကို ကြယ်စု(galaxy)တစ်ခု ဟု ခေါ်သည်။ ကျွန်ုပ်တို့ ပါဝင်တည်ရှိရာ ကြယ်စု (ဂယ်လက်စီ) ကို မစ်လ်ကီဝေးကြယ်စု (Milky Way galaxy) ဟု အမည်ပေးထားသည်။ ရာနှင့် ထောင်နှင့် ချီသော ကြယ်စုကြီးများက တစ်ဖန် ပိုမိုနီးကပ်စွာ စုဝေးနေမှုလည်း လောက(Universe) အတွင်း ရှိသေးပေရာ ၎င်းတို့ကို ကြယ်စုထွေးကြီး (galaxy cluster) ဟု ခေါ်နိုင်သည်။ ၎င်းတို့ကလည်း ဒြပ်ဆွဲမှုကြောင့် နီးစပ်ရာ ဒြပ်ထုကြီးများ ပိုမို စုဝေးမိနေခြင်း ဖြစ်သည်။ သို့ဖြင့် လောက(Universe)ထဲတွင် အဓိက ပါဝင်နေကြသည်မှာ ဂြိုဟ်များ၊ ကြယ်များ၊ (တွင်းနက်၊ နျူထရွန်ကြယ်၊ ကြယ်ဖြူပုတို့ ဖြစ်နိုင်သည့်) ကြယ်ကြွင်းများ၊ ကိုယ်ပျောက်ဒြပ်ဆန်းများ၊ ကြယ်ကြား ဓာတ်ငွေ့များ (interstellar gases)၊ ကြယ်ကြား အမှုန့်အစများ (interstellar dusts)၊ နက်ဘျူလာ(nebula) ခေါ် အာကာသတိမ်တိုက်ကြီးများ စသည့် အရာများဖြစ်သည်။ ရှေးရိုးရူပဗေဒတွင် ဒြပ်(mass) နှင့် စွမ်းအင်(energy) တို့မှာ သီးခြားတိုင်းဖွယ်များ ဖြစ်သော်လည်း နှိုင်းရသီအိုရီများတွင် ၎င်းတို့က အာကာသ(ရပ်ဝန်း) နှင့် အချိန်၏ ဆက်စပ်သွားမှုအတိုင်း ဒြပ်စွမ်းအင်(mass-energy) ဟူသော ဘုံတိုင်းဖွယ်ကြီးသဖွယ် ဆက်စပ်သွားလေရာ လောက(Universe) အတွင်း ပါဝင်သမျှသော ဒြပ်-စွမ်းအင်တို့အနက် အချိုးအစားပမာဏ အများဆုံးမှာ လောကနှံ့စွမ်းအင် (dark energy) ဖြစ်ပြီး ရှိရှိသမျှ၏ 68% ခန့်အထိ ရှိလျက်၊ ကိုယ်ပျောက်ဒြပ်ဆန်း (dark energy) တို့က 26% ခန့်ကို၊ ကျွန်ုပ်တို့ ကောင်းစွာနားလည်သော သမားရိုကျ ဒြပ်သား တို့က 5% ခန့်ကို၊ အခြားသော လွင့်မျော ဖှိုတွန် နှင့် နျူထြီးနို အမှုန်များက ကျန်ရာ 1% ကို ဖွဲ့စည်းထားသည်ဟု ခန့်မှန်းတွက်ချက်ကြသည်။ အမည်မှည့်ခေါ်ခြင်း၊ အမည်တူများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ အင်္ဂလိပ် စကားလုံး Universe သည် ရှေးဟောင်း ပြင်သစ်စကားလုံး Univers မှ ဆင်းသက်လာပြီး ထိုစကားလုံးမှာ လက်တင်စကားလုံး universum မှ တဆင့် ဆင်းသက်လာခြင်း ဖြစ်သည်။ လက်တင်စကားလုံးကို စီဆာရိုက အသုံးပြုခဲ့ပြီး နောက်ပိုင်းကျသော လက်တင်စာရေးဆရာများမှာလည်း ခေတ်သစ် အင်္ဂလိပ်စကားလုံးနှင့် တူညီသော အဓိပ္ပာယ်ရှိသည့် အသုံးအနှုန်း အဖြစ် သုံးနှုန်းကြသည်။ လက်တင်စကားလုံးကို လူခရီတီးယတ်စ် (Lucretius) က De rerum natura ( အရာဝတ္ထုတို့၏ သဘာဝ) စာအုပ်အမှတ် ၄ စာကြောင်းရေအမှတ် ၂၆၂တွင် စတင်အသုံးပြုခဲ့ပြီး ကဗျာဆန်ဆန် စကားလုံးနှစ်လုံးကို ပေါင်းစပ်သုံးနှုန်းခဲ့ခြင်းဖြစ်သည်။ un, uni ဆိုသည်မှာ တစ်ခုတည်းဟု အဓိပ္ပာယ်ရပြီး vorsum, versum မှာ လည်ပတ်နေသော ပြောင်းလဲနေသော အရာတစ်ခု ဟု အဓိပ္ပာယ်ရသည်။ လူခရီတီးယတ်စ် သုံးနှုန်းခဲ့သော အဓိပ္ပာယ်မှာ အရာအားလုံးသည် တစ်ခုတည်းအဖြစ် လည်ပတ်ပေါင်းစည်းသွားသည် ဆိုသော အဓိပ္ပာယ် ဖြစ်သည်။ လောက(Universe)၏ သမိုင်းကြောင်းအစ ၂၀၁၅ ခုနှစ်၌ ထုတ်ပြန်သော သုတေသနတစ်ခုအရ လောက(Universe)ကြီး၏ စတင်မှုသည် လွန်ခဲ့သော နှစ်ပေါင်း 13,800,000,00 ခန့်က (မှန်းခြေနှင့် နှစ်ပေါင်း 21,000,000 ခန့်သာ အတိုးအလျော့ အမှားအယွင်းဖြစ်သည်ဟု ၆၈% သော ရေရာမှုဖြင့်) မှန်းရသည်။ ထိုအဖြစ်အပျက်ကို မဟာပေါက်ကွဲမှုကြီး (the Big Bang) ဟု အမည်ပေးကြသည်။ မဟာပေါက်ကွဲမှုကြီး ဟူသော အခိုက်အတံ့ ပြီးလျှင်ပြီးချင်း ဖြစ်ပေါ်သည်မှာ ပလန့်ခ်အခိုက်အတံ့ (:en:Planck Epoch) ဖြစ်သည်။ ၎င်း၏ ကြာချိန်မှာ 10-43 စက္ကန့်မျှသာ ဖြစ်ပြီး ထိုအခိုက်အတံ့၌ အရာရာက စွမ်းအင်မြင့်ဝှန် သိပ်သည်းလွန်းပြီး ဒြပ်ဆွဲမှုက ကျန် အခြေခံ သက်ရောက်မှုကြီး၃မျိုးနှင့်ပင် တစ်မျိုးတစ်ဘာသာစီ မကွဲသေးဘဲ ကျွန်ုပ်တို့ လက်ရှိနားမလည်သေးသော သဘာဝသဘောတရားမျိုးဖြင့် လောကြီး တည်ရှိလိုက်သေးသည်ဟု တွက်ဆကြသည်။ ထို့နောက် 10-36 စက္ကန့်မျှသာ ဖြစ်ပျက်သွားသော အချီကြီးပေါင်းစည်း အခိုက်အတံ့ (:en:Grand Unification Epoch) ဖြစ်ပေါ်ပြီး အချီကြီးပေါင်းစည်း သီအိုရီ (Grand Unified Theory) က မှန်းဆလေ့လာသော အခြေအနေမျိုးဖြင့် လောကကြီးက ရှိလိုက်သေးသည်ဟု မှန်းရသည်။ ထို့ကြောင့် ဂလူယွန်များ၊ ဖှိုတွန်များ စသည်တို့ ဖြစ်ပေါ်မှုပင် မပီပြင်သေးသော အခိုက်အတံ့ ဖြစ်သည်။ ထို့နောက် မဟာဆတိုး အခိုက်အတံ့ (:en:Inflation Epoch) ဖြစ်ပေါ်ပြီး 10-33 သို့မဟုတ် 10-32 စက္ကန့်မျှ အချိန်အတွင်း လောက(Universe)ကြီး၏ အလျားတိုင်းကြောင်းသဘောသည် အဆပေါင်း 1026 ဆခန့်၊ ထို့ကြောင့် ထုထည်မှာ 1078 ဆခန့် တိုးပြန့်သွားသော အခိုက်အတံ့ကြီး ဖြစ်သည်။ ဤအဖြစ်ကြောင့် စွမ်းအင်သိပ်သည်းမှုတို့ သိသိသာသာ လျော့ကျကာ ကျွန်ုပ်တို့ ပိုမိုရင်းနှီးသော ရူပဗေဒသဘောတရားများ ပေါ်ပေါက်လာနိုင်သည်။ သို့ဖြင့် 10-12 စက္ကန့်မျှ အချိန်ကြာသော လျှပ်နျူပျော့ အခိုက်အတံ့ (:en:Electroweak Epoch) က အပူချိန် 1015 K ခန့်ဖြင့် ဆက်လက်ဖြစ်ပေါ်နိုင်သည်။ လျှပ်နျူပျော့အခိုက်အတံ့ ပြီးဆုံးသည့်အခါ 10-5 စက္ကန့်မျှကြာသော ကွာ့ခ်မျောခိုက် (:en:Quark Epoch) ဖြစ်ပေါ်ကာ ဤတွင်မှု ကျွန်ုပ်တို့ ကောင်းစွာနားလည်သော ရူပဗေဒတို့ စတင်ဖြစ်ပေါ်သည်။ သို့သော် ပရိုတွန် နှင့် နျူထရွန်များ မဖြစ်ပေါ်နိုင်သေးလောက်အောင် စွမ်းအင် များဝှန်သိပ်သည်းလျက် ဂလူယွန်များနှင့် ကွာ့ခ်များ ရောထွေးပြွမ်းမျောသေးသည့် အခိုက်အတံ့ ဖြစ်သဖြင့် ကွာ့ခ်မျောခိုက် ဟု ခေါ်သည်။ ကွာ့ခ်မျောခိုက်၏ အဆုံး၊ လောက(Universe)၏ သက်တမ်း ၂၀ မိုက်ခိရိုစက္ကန့်မျှ ရှိချိန်တွင် ဟဒ်ဒြွန်ကာလ (:en:Hadron Epoch) စတင်သည်။ ဤကာလအတွင်း၌ ပရိုတွန် နှင့် နျူထရွန်များ စတင်ဖြစ်ပေါ်ပြီး ၎င်းတို့၏ ဓာတ်ခြားအမှုန် (anti-particle) များနှင့် အပြန်အလှန် ချေဖျက်မှု တစ်ဆင့်ချင်း ဖြစ်ပေါ်သည်။ ကြာချိန်အားဖြင့် ၁ စက္ကန့်မျှသာ ကြာသည်။ လောက(Universe)ကြီး၏ သက်တမ်း ပထမ ၁ စက္ကန့်မှ ၁၀ စက္ကန့် အတွင်းမှာမူ လက်ပ်တွန်ကာလ (:en:Lepton Epoch) ဖြစ်သည်။ ဤတွင်လည်း စွမ်းအင် များဝှန်သိပ်သည်းမှု များပြားသေးသဖြင့် အီလက်ထရွန် နှင့် ၎င်းတို့၏ ဓာတ်ခြားအမှုန် ပေါ့ဇစ်ထြွန်များ အပြန်အလှန် ချေဖျက်မှုက ရုတ်ချည်းမဟုတ်ဘဲ အချိန်ယူ ဖြစ်ပျက်ကြရသည်။ ထို့နောက် အလင်းထွေခေတ်ကြီး (:en:Photon Epoch) နှစ်ပေါင်း 370,000 ခန့် ဖြစ်ပျက်သည်။ ဤကာလအစတွင် အက်တမ်ဗဟိုဆံများ စတင်ဖြစ်ပေါ်သည်။ အဆိုပါ ပထမဆုံးဗဟိုဆံများ ဖြစ်ပေါ်မှု မိနစ်ပိုင်းကို နျူကလီးယပ်စ် ဖြစ်ပေါ်ကာလ (nucleosynthesis) ဟု ခေါ်သည်။ ဖှိုတွန်များ လှုပ်ရှားသွားလာနေသော်လည်း လောက(Universe) အနှံ့ စွမ်းအင် များဝှန်သိပ်သည်းနေသော ပလဲက်စ်မာတို့အကြား ဆက်တိုက် စုပ်ယူခြင်း၊ ထုတ်လွှတ်ခြင်း ခံနေရသဖြင့် ဖြစ်မြောက်လှသော အလင်းတန်း သွားလာမှု မရနိုင်သေးသဖြင့် အလင်းထွေခေတ် ဟု ခေါ်သည်။ ထို့နောက် လောက(Universe)၏ သက်တမ်း အနှစ် ၃သိန်း၇သောင်းခန့်မှ အနှစ် သန်း ၁၅၀ ခန့်အထိ ကာလမှာ ကြယ်ပျောက်ခေတ်ကြီး (:en:Dark Ages (cosmology)) ဖြစ်သည်။ ပထမဆုံးအက်တမ်များ ပေါ်ပေါက်လာသော်လည်း ကြယ်များအဖြစ် မစုဖွဲ့ကြသေးသော (နှစ်ပေါင်း ၁၅ကုဋေမျှ) ခေတ်ရှည်ကြီး ဖြစ်သည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%81%E1%80%95%E1%80%BA%E1%80%9E%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%B1%E1%80%AC%E1%80%80
BRICS
BRICS ဆိုတာ ဘရာဇီးလ်၊ ရုရှား၊ အန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကနိုင်ငံတွေ စုပေါင်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံရေး ဇတ်ခုံပေါ်မှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ပါဝါရှိပြီး နေရာယူထားမှုကို ယှဉ်ပြိုင်နိုင်ဖို့ ထူထောင်ထားကြတာပါ။ ၂၀၀၁ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းဖို့ ရည်ရွယ်ခဲ့ကြပြီး ၂၀၀၃ ခုနှစ်မှာ BRIC လို့ (၄) နိုင်ငံက စတင်ပေါင်းစည်းခဲ့ကြပါတယ်။ အဖွဲ့အစည်းအဖြစ် ၂၀၀၉ ခုနှစ် ဇွန်လ (၁၆) ရက်နေ့မှာ ဖွဲ့ခဲ့ပြီး တောင်အာဖရိက နိုင်ငံကတော့ ၂၀၁၀ ကျမှ စတင်ပါဝင်ခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံရေး ဩဇာ၊ စီးပွားရေး ဩဇာ လွှမ်းမိုးရာမှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို မှီခိုရတာ လျော့ချဖို့ရည်ရွယ်ပါတယ်။ BRICS အချင်းချင်း ရင်းနှီးမြှုပ်နှံရန်၊ ယဉ်ကျေးမှု ဖလှယ်ရန်၊ ကုန်သွယ်ရေးသဘောတူညီမှုတွေ ပြုလုပ်နိုင်ရန် ရည်းမှန်းပါတယ်။ BRICS ရုံးချုပ်ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ မှာ တည်ထောင်ထားပြီး အစည်းအဝေးကို နိုင်ငံအလှည့်ကျ ကျင်းပကြပါတယ်။ BRICS နိုင်ငံတွေရဲ့ ဂျီဒီပီ စုစုပေါင်းဟာ ကမ္ဘာ့ဂျီဒီပီရဲ့ (၃၁.၅)% အထိရှိနေပြီး ၂၀၃၀ မှာ (၅၀)% အထိ ရှိလာမည် ခန့်မှန်းပါတယ်။ BRICS နိုင်ငံတွေရဲ့ GDP အရ တရုတ် (၁၉.၃၇) ထရီလီယံ အိန္ဒိယ (၃.၇၄) ထရီလီယံ ရုရှား (၂.၀၆) ထရီလံယံ ဘရာဇီးလ် (၂.၀၈) ထရီလီယံ တောင်အာဖရိက (၃၉၉) ဘီလီယံ တောင်ရှိနေပါတယ်။ BRICS ရဲ့ လူဦးရေ စုစုပေါင်းဟာ (၃.၇) ဘီလီယံ ရှိပြီး ကမ္ဘာ့လူဦးရေ၏ (၄၁.၄၄)% အထိ တောင်ပါ။ BRICS နိုင်ငံ (၅) ခု၏ နယ်မြေအကျယ်အဝန်းဟာ ကမ္ဘာ့ကုန်မြေ စုစုပေါင်း၏ (၃၀)% အထိတောင် ရှိနေပါတယ်။ BRICS စတင် ဖြစ်ပေါ်လာရာခြင်း အကြောင်းကတော့ ကမ္ဘာ့ဘဏ်နှင့် IMF တို့လို နေရာမျိုးမှာ မဲအသာစီး မရလို့ပါ။ World bank ဆိုတာ နိုင်ငံတကာကို ငွေချေးပေးနေတာဖြစ်ပြီး၊ IMF ဆိုတာကတော့ ဖွဲ့ဖြိုးဆဲနိုင်ငံတွေကို ချေးငွေတွေ ပေးပါတယ်။ ဒီလိုငွေကြေးအဖွဲ့အစည်းဟာ နိုင်ငံတွေအပေါ် လွှမ်းမိုးမှုရှိပြီး အမေရိကန်နှင့် အနောက်နိုင်ငံတွေက မဲပေးမှု အသာစီး ရရှိထားပါတယ်။ ဒီအသာစီး ရရှိထားမှုကြောင့် အမေရိကန်နှင့် အနောက်နိုင်ငံတွေ သိပ်မကြည်တဲ့ အာဏာရှင်နိုင်ငံတွေ၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ နိုင်ငံတွေကို ချေးငွေမပေးနိုင်အောင် တာစီးထိန်းချုပ်ထားလေ့ရှိပါတယ်။ ဒါ့ကြောင့် တရုတ်လို နိုင်ငံတွေက မဟာမိတ် အာဏာရှင်တွေကို ချေးငွေပေးချင်ပေမယ့် မဲခွဲချိန်မှာ အရှုံးနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ အဲဒီမှာဘဲ စီးပွားရေးအားကောင်းလာတဲ့ (၅) နိုင်ငံက စုပေါင်းပြီး နိုင်ငံတကာသုံး ငွေကြေးစနစ်သစ်တခုကို ထူထောင်ချင်လာပါတယ်။ ကမ္ဘာ့ငွေကြေး သုံးစွဲမှုအပိုင်းမှာ အမေရိကန်ဒေါ်လာကို မှီခိနေရမှုနှင့် သုံးစွဲမှုတို့ကိ လျော့ချချင်လာကြပါတယ်။ BRICS နိုင်ငံအချင်းချင်းကုန်သွယ်ရင် ဒေါ်လာအစား ငွေကြေးအသစ်သုံးစွဲနိုင်ဖို့ ရည်မှန်းတာပါ။ နောက်ပိုင်းမှာ ကိုယ်ပိုင်ငွေကြေးအသစ် ဖန်တီးထုတ်လုပ်ပြီး ကုန်သွယ်ရေးတွေမှာ သုံးနိုင်ဖို့အထိ ရည်ရွယ်ထားပါတယ်။ လတ်တလော တရုတ် ယွမ်ငွေကို ဘုံငွေကြေးအဖြစ်သုံးဖို့ လျာထားပြီး အခြားနိုင်ငံတွေကလည်း သူတို့ငွေကြေးကို သုံးချင်ကြပါသေးတယ်။ အမေရိကန်လို ဒေါ်လာကို ပို့ကုန်တခုလို ထုတ်ဝေပြီး တကမ္ဘာလုံးမှာ စီးပွားရေး၊ နိုင်ငံရေးအရ အကျိုးအမြတ် ရှိတာမျိုးကို လိုချင်ကြတာပါ။ လက်ရှိကမ္ဘာမှာ The Society for Worldwide Interbank Financial Telecommunication (SWIFT) system ဆိုတဲ့ ငွေလွှဲစနစ်ကို သုံးပါတယ်။ SWIFT ကို နိုင်ငံအသီးသီးက ကုန်သွယ်ရေးနဲ့ ငွေလွှဲပြောင်းဖို့ သုံးနေကြပြီး အနောက်နိုင်ငံတွေက ထိန်းချုပ်ထားပါတယ်။ ဒါကို တရုတ်၊ ရုရှား အပါအဝင် နိုင်ငံတချို့က မသုံးချင်ကြဘဲ တခြားငွေကြေးလွှဲပြောင်းမှု စနစ်တခုကို ပြောင်းသုံးချင်ကြပါတယ်။ လက်ရှိ ယူကရိန်းကို ရုရှားက ကျူးကျော်တဲ့အတွက် SWIFT အသုံးပြုခွင့်ပိတ်လိုက်တော့ ရုရှားဒုက္ခရောက်သွားပါတယ်။ ဒါ့ကြောင့် BRICS နိုင်ငံတွေအနေနဲ့ ကိုယ်ပိုင်ငွေကြေးစနစ်ကို ဖန်တီးလိုပြီး အခုလို အရေးယူမှုတွေကနေ လွတ်မြောက်ချင်နေပါတယ်။ တရုတ်က the Cross-Border Inter-Bank Payments System (CIPS) အိန္ဒိယက Structured Financial Messaging System (SFMS) ဘရာဇီးလ်ကတော့ Pix စနစ်တို့ကို အကောင်အထည်ဖော်ထားပါတယ်။ ဒါ့အပြင် ငွေကြေးကဏ္ဍအတွက် New Development Bank ကို တည်ထောင်ကာ စီမံကိန်းတွေပြုလုပ် ချေးပေးနေပါတယ်။ ယခင်ကတော့ BRICS ကို လူသိနည်းခဲ့ပေမယ့် ၂၀၂၂ ခုနှစ် ရုရှားက ယူကရိန်းကို ကျူးကျော်မှုကြောင့် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ဒဏ်ခတ်အရေးယူမှုနဲ့အတူ လူစိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာပါတယ်။ အမေရိကန်နှင့် အနောက်နိုင်ငံတွေရဲ့ အရေးယူမှုကနေ လွတ်ကင်းဖို့ တရုတ်နဲ့ ရုရှားနိုင်ငံတွေက ပိုမိုဆော်ဩလာလို့ပါ။ ဒါ့ကြောင့် အမေရိကန်က အရေးယူမှာကြောက်ကြတဲ့ နိုင်ငံပေါင်း (၃၀)ကျော်က BRICS ကို စိတ်ဝင်စားလာကြပါတယ်။ အဖွဲ့ဝင်ဖြစ်ဖို့ လျောက်ထားလာပါတယ်။ ဒီအထဲမှာ စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဟာလည်း လျောက်ထားဖို့ ဆိုင်းပြင်နေပါတယ်။ BRICS ထဲဝင်ကာ အနောက်နိုင်ငံတွေ ထိန်းချုပ်ထားတဲ့ နိုင်ငံတကာ ငွေပေးစနစ်ကို ကျော်ခွချင်တာပါ။ ကမ္ဘာ့စီးပွားရေးအကောင်းဆုံးနိုင်ငံ ဖြစ်လာတဲ့ တရုတ်က ယွမ်ကို ဒေါ်လာလို ပြောင်းချင်တယ်။ အိန္ဒိယနဲ့ ဘရာဇီးလ်ကလည်း သူတို့ငွေကြေးကို ရှေ့တင်ချင်တယ်။ ဒါပေမယ့်လည်း အခုအချိန်အထိတော့ သုံးစွဲမှုနည်းပါးပြီး ဒေါ်လာကိုသာ မှီခိုနေကြရပါတယ်။ အဖွဲ့ဝင်ဖြစ်ခွင့်လျောက်ထားတဲ့ (၁၀) နိုင်ငံကိုလည်း လက်ရှိတော့ အဖွဲ့ဝင်ဖြစ်ခွင့် ပေးထားတာမျိုးတော့ မရှိသေးပါဘူး။ တရုတ်ကတော့ သူ့ကိုယ်ပိုင်ငွေကြေး ယွမ်ငွေနဲ့ CIPS စနစ်ကို အသုံးပြုဖို့ နိုင်ငံတွေကို လှည့်လည်စည်းရုံးနေပါတယ်။ ဥပမာ မြန်မာကျပ်ငွေကို ဒေါ်လာကြားမခံဘဲ တရုတ်ယွမ်နဲ့ တိုက်ရိုက်လဲလှယ်သုံးစွဲနိုင်အောင် သဘောတူညီထားသလိုမျိုးပါ။ BRICS ဆိုတာ အမေရိကန် ငွေကြေးစနစ်နဲ့ SWIFT စနစ်ကို စင်ပြိုင်နိုင်ဖို့ နိုင်ငံ(၅) နိုင်ငံပေါင်းစည်းထားကြတဲ့သဘောပါ။ ၂၀၂၂ ခုနှစ်ကစလို့ လူစိတ်ဝင်စားမှုမြင့်မားလာပေမယ့် အောင်မြင်ဖို့တော့ အကန့်အသတ်ရှိနေဆဲပါ။ တရုတ်ကိုယ်တိုင်တောင် အခုအချိန်ထိ ဒေါ်လာကို အရန်ငွေကြေးအဖြစ် ထရီလီယံချီပြီး ဝယ်လှောင်ထားနေတုန်းပါ။
https://my.wikipedia.org/wiki/BRICS
စိန်ဝင်းအောင်
ဦးစိန်ဝင်းအောင် သည် မန္တလေးမြို့၏ ဒုတိယ​မြောက်မြို့တော်ဝန် ၊ သံအမတ်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ သူသည် တပ်မတော်မှ ဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သူဖြစ်သည်။ ထို့အပြင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ မိသားစု ဦးစိန်ဝင်းအောင်ကို ဦးတင်အောင်၊ ဒေါ်ရင်ရင်တို့က မန္တလေးမြို့ မလွန်၊ ခဲလန်တန်းတွင် မွေးဖွားခဲ့သည်။ ဗမာလူမျိုးဖြစ်ကာ ဗုဒ္ဓဘာသာကိုးကွယ်သူဖြစ်သည်။ ဇနီးဖြစ်သူမှာ ဒေါ်ထွေးရည်ဖြစ်သည်။ ထမ်းဆောင်ခဲ့သောတာဝန်များ တပ်မတော် ခလရ(၆)၊ (၇၂)၊ (၉၄)၊ (၉၅)တို့တွင် တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်မှူးတာဝန်များ ထမ်းဆောင်ခဲ့သည်။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်ဦးစီးမှူး (တတိယတန်း)နှင့် စစ်ဦးစီးမှူး (ပထမတန်း)တာဝန်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေးအထူးအဖွဲ့ရုံးတွင် စစ်ဦးစီးမှူး(ဒုတိယတန်း) တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ခုနှစ်မှ ၁၉၉၅ခုနှစ်အထိ အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်တွင် ဗျူဟာမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ အစိုးရအဖွဲ့ ၁၉၉၅ခုနှစ်မှစ၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် အဖြစ်ဆောင်ရွက်ခဲ့ပြီး ၁၉၉၈ခုနှစ်အထိဖြစ်သည်။ ၁၉၉၈ခုနှစ်မှ ၂၀၀၃ခုနှစ်အထိ လာအိုနိုင်ငံ ၊ တရုတ်နိုင်ငံ နှင့် မွန်ဂိုလီးယားနိုင်ငံဆိုင်ရာမြန်မာသံအမတ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၀၄ခုနှစ်မှ ၂၀၀၅ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အကြံပေးပုဂ္ဂိုလ်၊ ၂၀၀၄ခုနှစ်မှ ၂၀၀၇ခုနှစ်အထိ အမျိုးသားညီလာခံကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းအလုပ်အကိုင် လူမှုရေးလုပ်ငန်းများအဖြစ် မန္တလေးတက္ကသိုလ်နှင့် အမျိုးသားအထက်တန်းကျောင်းတို့၏ အသင်းအဖွဲ့များတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း၏ဥက္ကဋ္ဌ ၊ ရွှေတိဂုံဘုရားဂေါပကအဖွဲ့ဝင်၊ ဦးသိန်းစိန်အစိုးရ၏ သာသနာရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ကိုးကား မန္တလေးမြို့တော်ဝန်များ မြန်မာ သံအမတ်ကြီးများ မြန်မာ စစ်ဖက်ဆိုင်ရာ လူပုဂ္ဂိုလ်များ မွေးဖွားခုနှစ် မသိရှိရသူများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%AD%E1%80%94%E1%80%BA%E1%80%9D%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
လောကနှံ့စွမ်းအင်
လောကနှံ့စွမ်းအင် (သို့) ဒါ့ခ် အန်နဂျီ (Dark Energy) ဆိုသည်မှာ နေရာအာကာသ၏ လောကကျယ်ဝန်းမှု အစိတ်အပိုင်းတိုင်းတွင်း ပျံ့နှံ့တည်ရှိနေသည့်ဖွယ် လောကလုံးဆိုင်ရာ (cosmological) နှိုင်းရရူဗေဒ (relativistic physics)၌ တွေ့ရသော စွမ်းအင်တမျိုးဖြစ်သည်။ အထွေထွေနှိုင်းရသီအိုရီ တွက်နည်းများအားဖြင့် ၎င်းသည် ချိုင့်ဖြန့်မှုဖိအား (negarive pressure) ကို ဖြစ်ပေါ်စေသော စွမ်းအင်ဖြစ်လေရာ ယခုလက်ရှိ အလျင်မြှင့်ပြန့်ကားနေသည်ဟု လောက(Universe) ကြီး ပြန့်ကားမှု အကြောင်းအရင်းသဖွယ် ဖြစ်လေသည်။ ကျွန်ုပ်တို့၏ နေ့စဉ်သဘာဝနှင့် ပတ်သက်သမျှသော အပူစွမ်းအင်၊ အလင်းစွမ်းအင်၊ အသံစွမ်းအင်၊ လျှပ်စစ်စွမ်းအင်၊ သမားရိုးကျ ဒြပ်သားတို့၏ တည်အောင်းစွမ်းအင်၊ အရွေ့စွမ်းအင် စသည်တို့မှာ လောကနှံ့စွမ်းအင်များ အတွင်း၌ အကျုံးမဝင်ပေ။ လောကနှံ့စွမ်းအင် (dark energy)သည် အာကာသ နေရာလွတ်အနှံ့၌ ပကတိရှိနေသော သဘောသတ္တိ ဖြစ်၍ လောကလုံးဆိုင်ရာ ကိန်းသေ (:en:cosmological constant)နှင့် သက်ဆိုင်သည်။ အမည်ပေးမှုနှင့် ဘာသာပြန်ဆိုမှု Dark Energy ကို တိုက်ရိုက်မွေးစားလျှင် ဒါ့ခ် အန်နဂျီ ဟု ရရှိနိုင်သည်။ တိုက်ရိုက်ဘာသာပြန်လျှင် "dark = မည်းမှောင်သော" ဖြစ်သော်လည်း ၎င်းစွမ်းအင်သည် လောကကြီးကို တိုက်ရိုက် မှောင်စေသော စွမ်းအင်မျိုး မဟုတ်၊ ၎င်းစွမ်းအင်ဖြင့် ဖယောင်းတိုင်မီးကို အုပ်ကာ မှိုင်းညှို့မှောင်စေခြင်းမျိုး မဖြစ်နိုင်၊ လျှပ်စစ်သံလိုက်လှိုင်းနှင့် အပြန်အလှန် သက်ရောက်မှု ပကတိ မရှိခြင်းကို အစွဲပြုလျက် အင်္ဂလိပ်လူမျိုးတို့ အမည်ပေးထားခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ဘာသာရပ်သိ ဘာသာပြန်မှုအားဖြင့် မြန်မာစာဖတ်သူအများ အရှိအတိုင်းနားလည်စေရန် လောကနှံ့စွမ်းအင် ဟု ဘာသာပြန်နိုင်သည်။ လောကကျယ်ဝန်းမှု နေရာတိုင်း၌ ပကတိပါဝင်တည်ရှိနေသည့် စွမ်းအင်ဖြစ်သောကြောင့် ဖြစ်ပါသည်။ ဆက်စပ် ကြည့်ရှုဖွယ် ကိုယ်ပျောက်ဒြပ်ဆန်း (dark matter) ("ဒြပ်မှောင်"ဟု ဘာသာပြန် မမှားရန်) အကိုးအကား
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B1%E1%80%AC%E1%80%80%E1%80%94%E1%80%BE%E1%80%B6%E1%80%B7%E1%80%85%E1%80%BD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%84%E1%80%BA
ကိုယ်ပျောက်ဒြပ်ဆန်း
ကိုယ်ပျောက်ဒြပ်ဆန်း (သို့) ဒြပ်ကွယ် (ခေါ်) ဒါ့ခ် မတ္တာ (အင်္ဂလိပ်: dark matter) ဆိုသည်မှာ အခြေခံ သက်ရောက်မှုကြီး ၄မျိုးအနက် ဒြပ်ဆွဲမှု(gravity) တစ်မျိုးတည်းဖြင့်သာ အားနည်းစွာ သက်ရောက်မှု ရှိသော ဒြပ်ဆန်းများ ဖြစ်သည်။ လောက (Universe) အတွင်းရှိ ကိုယ်ပျောက်ဒြပ်ဆန်းတို့၏ ပျမ်းမျှ သိပ်သည်းမှုမှာ 2.2×10-21 kg/m³ ခန့်သာ ဖြစ်သည်။ သို့သော် လောကအတွင်း ရှိသမျှသော ဒြပ်သားတို့၏ 85% ခန့်အထိ ဖြစ်သော ၎င်းတို့၏ ပမာဏများပြားမှုကြောင့် လောကအတွင်း ကြယ်စုကြီးများ ဖြစ်ပေါ်စုဝေးမှု သမိုင်းကြောင်းကို ဒြပ်ဆွဲမှု လွှမ်းမိုးချက်ဖြင့် ၎င်းက များစွာပုံဖော်ပေးထားခြင်း ဖြစ်သည်။ ဤအချိုးအစား ရာခိုင်နှုန်းမှာ ဒြပ်သားသဘောကို ဆိုလိုခြင်း ဖြစ်သည်။ ဒြပ်-စွမ်းအင်တို့ကို တိုင်းတာခန့်မှန်းလျှင် လောက(Universe)၏ 68% ဝန်းကျင်မှာ လောကနှံ့စွမ်းအင် (dark energy) များ ဖြစ်ပြီး 26% ဝန်းကျင်က ဤကိုယ်ပျောက်ဒြပ်ဆန်းများ ဖြစ်သည်။ ရူပဗေဒသဘောအလိုက် အမည်ပေးမှု အင်္ဂလိပ် အခေါ်ဝေါ်မှာ dark matter (ဒါ့ခ် မတ္တာ) ဖြစ်သော်လည်း တိုက်ရိုက်ဘာသာပြန်လျက် "မည်းမှောင်ဒြပ်သား" သို့မဟုတ် "ဒြပ်မှောင်" ဟု ရေးကြသည့်အခါ စာဖတ်သူအချို့ စိတ်ထဲတွင် ၎င်းတို့က မှောင်မည်းခြင်းသဘာဝ ရှိသော ဒြပ်သားများသဖွယ် အထင်လွဲတတ်သည်။ သို့သော် အလင်းရောင်ကို ၎င်းဒါ့ခ်မတ္တာတို့နှင့် အုပ်လွှမ်းလျှင်လည်း မှောင်ခြင်း၊ မှိန်ခြင်း အလျဉ်း မရှိ။ ၎င်းက လျှပ်စစ်သံလိုက်လှိုင်းတို့နှင့် သက်ရောက်ဆက်ဆံမှု အလျဉ်း မရှိသဖြင့် အလင်းကို ပိုစေခြင်း၊ အလင်းကို မှောင်စေခြင်း အလျဉ်းမရှိ၊ ကိုယ်ပျောက် သဖွယ်သာ ဖြစ်သည်။ ထို့နောက် ၎င်းကို ဖွဲ့စည်းသည့် အမှုန်တို့ကို စူးစမ်းဆဲဖြစ်လျက် ကျွန်ုပ်တို့ တွေ့နေကျ ဖှာမီယွန်၊ ဘိုဇွန်တို့ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်၊ ထို့ကြောင့် ဒြပ်ဆန်း ဟု သိမှတ်နိုင်သည်။ ကိုယ်ပျောက်ဒြပ်ဆန်း (dark matter) မှာ ဒြပ်ဆွဲမှု တစ်မျိုးတည်းဖြင့်သာ သက်ရောက်ချက်ရှိသည့် အရာများ ဖြစ်ပေသည်။ တည်ရှိမှုကို ကောက်ချက်ချပုံ ကြယ်စုအတွင်း ကြယ်များ၏ လှည်ပတ်မှု ကြယ်စု(ဂယ်လက်စီ) အတွင်း၌ အတွင်းပိုင်းကျသော ကြယ်များက ဗဟိုပြုရာ ဒြပ်စုကြီးနှင့် ပိုနီးကပ်သဖြင့် ဒြပ်ဆွဲအားပို ပြင်းစွာ ခံစားရမည်။ ထို့ကြောင့် ၎င်းတို့၏ ပတ်လမ်း တည်မြဲစေရန် ပိုမြန်မြန် လှည့်ပတ်တန်ရာ၏။ သို့ဖြင့် ကတ်ပ်လာ၏ ဒုတိယနိယာမ (Kepler's Second Law) အရ ခရုပတ်ပုံကြယ်စုတွင် အပြင်ပန်းကျသော ကြယ်များကမူ ပိုမိုလျော့နည်းသော အလျင် (velocity) ဖြင့် လည်ပတ် ဟန်ချက်ညီနေမည်ဟု မှန်းဆဖွယ်ရှိသည်။ သို့သော် လက်တွေ့၌ ထိုသို့ ဖြစ်မနေသည်ကို တွေ့ရသည်။ ထို့ကြောင့် ဖြစ်တန်ရာ ကောက်ချက်တစ်ခုသည် မည်သည့် လျှပ်စစ်သံလိုက်လှိုင်းအားဖြင့်မှ မမြင်ရသည့်တိုင် ဒြပ်ထုသဘောမူ ရှိသော အရာတို့က ကြယ်စုကို အုပ်လွှမ်းထားခြင်း ဖြစ်သည်။ ကြယ်များက ထို ကိုယ်ပျောက်ဒြပ်ဆန်းများ အတွင်း စုဝင်လျက် လည်ပတ်နေခြင်းကြောင့် ကြယ်များလှည့်ပတ်မှုက လက်တွေ့၌ ကြယ်စုအတွင်း ထိုသို့အလျင်တူနီးပါး ဖြစ်နေရခြင်းဟု ခန့်မှန်းကြသည်။ ဒြပ်ဆွဲမှုကြောင့် အလင်းလမ်းကြောင်း ကွေးညွတ်လျှင် သိသာစွာ အားကောင်းကြီးမားသော ဒြပ်ဆွဲစက်ကွင်းက ၎င်းအနီး ဖြတ်သွားသော အလင်းတန်းများကို လမ်းကြောင်း ကွေးညွတ်စေသဖြင့် ဒြပ်ဆွဲချက်မှန်ဘီလူး (gravitational lensing) ဖြစ်ပေါ်မှုအချို့သည် ကိုယ်ပျောက်ဒြပ်ဆန်း တည်ရှိကြောင်းကို ညွှန်ပြနေသည်ဟု ကောက်ချက်ချနိုင်သည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%BA%E1%80%95%E1%80%BB%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%92%E1%80%BC%E1%80%95%E1%80%BA%E1%80%86%E1%80%94%E1%80%BA%E1%80%B8
အတိုင်းဆတာအုံ
အတိုင်းဆတာအုံ (ခေါ်) မတ်ထြစ်တန်စာ (အင်္ဂလိပ်: metric tensor) ဆိုသည်မှာ ၎င်းတို့နှင့် တာအုံ(tensor)တို့ကို စုပေါင်းတွက်ချက်ခြင်းအားဖြင့် ဆိုင်ရာ အချိန်ကာသ(spacetime) အတွင်းရှိ တိုင်းဖွယ်များ တွက်ထုတ်နိုင်ရန် တီထွင်ထားသော သင်္ချာဇာတ်ကောင်ဖြစ်သည်။ နေရာသီးသန့်သဘောအဖို့ အတိုင်းဆဖြစ်ခဲ့သော အရာသည် (ကိန်းအုံတို့ဖြင့် ဖော်ညွှန်းတွက်ချက်မှု၌) အာကာသ-အချိန်အဖို့ အတိုင်းဆတာအုံ ဖြစ်သွားပုံမှာ သဘောသရုပ်ချင်း အပြိုင်ပင် ဖြစ်သည်။ တပြန့်ညီ လောရန့်ဇ် ထူးရှားနှိုင်းရသီအိုရီသုံး တပြန့်ညီ (flat) မင်ခေါ့ဗ်ရှကီး စပေ့စ်(ဂျာမန်အမည် ဖြစ်၍ ဂျာမန်အသံထွက်ဖြင့်)(Minkowski space) ၌ သုံးရန် အတိုင်းဆတာအုံမှာ ဤသို့ ရိုးစင်းစွာဖြစ်သည်။ ဤသည်မှာ ဒြပ်ဆွဲစက်ကွင်းတိုင်းနှင့် ဝေးရာ အာကာသလွင်တီးခေါင် (deep space) တနေရာတွင် လွတ်လပ်စွာနှင့် အလျင်ပြောင်းနှုန်း (acceleration) ကင်းမဲ့စွာ သွားလာနေခြင်း သဘောကို ဆိုလိုသည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%A1%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%90%E1%80%AC%E1%80%A1%E1%80%AF%E1%80%B6
ယူကလစ်ဒ် စပေ့စ်
စပေ့စ် (ခေါ်) နေရာရပ်ဝန်းသဘော တစ်ခု၏ အတိုင်းဆ (အကွာအဝေး တွက်ထုတ်မှု သဘောတရား)က ဤသို့ ဖြစ်ပြီး ပမာဏရင်း (norm) ရှာဖွေနည်းက ဤသို့ ဖြစ်နေလျှင် ၎င်းစပေ့စ်ကို ယူကလစ်ဒ် စပေ့စ် (အင်္ဂလိပ်: Euclidean space; ယူကလစ်ဒီးယန်း စပေ့စ်) ဟု ခေါ်သည်။ ၎င်းသည် ဂျီဩမေတြီ၌ အခြေခံကျလှသော အာကာသဖွဲ့စည်းပုံ ဖြစ်ပြီး (အချိန်မပါဘဲ) တပြန့်ညီ နေရာသဘောကို ဖော်ပြရာ၌ အသုံးဝင်သည်၊ အသုံးများသည်။ အကွာအဝေး ရှာလိုလျှင် ချအမှတ် (coordiante)ရှိ အလျားအပိုင်းခွဲများကို ပိုက်သာဂိုရပ်စ် သီအိုရမ်ဖြင့် တွက်ထုတ်ရသော ရိုးရှင်းသည့် စပေ့စ် (နေရာသဘော) ဖြစ်သည်။ ဟစ်လ်ဘာ့တ် စပေ့စ် (:en:Hilbert space) ကဲ့သို့ ကိန်းထွေးများ မပါဝင်ဘဲ ယူကလစ်ဒ် စပေ့စ်အတွက် ချအမှတ်(coordinate) အဖြစ် သုံးသော ကိန်းလုံးတခုချင်းစီတိုင်းမှာ ကိန်းစစ်များချည်း ဖြစ်သဖြင့် တစ်ခါတရံတွင် တိုင်းကြောင်းအရေအတွက် ရှိသော ယူကလစ်ဒ် စပေ့စ်ကို ဟု သင်္ကေတပြု ဖော်ညွှန်းသည်။ မည်သို့လျှင် ယူကလစ်ဒ်စပေ့စ် မဟုတ်တော့သနည်း (ဥပမာများ) တပြန့်ညီလျက် ယူကလစ်ဒ်မဟုတ်သော စပေ့စ် ထူးရှားနှိုင်းရသီအိုရီသုံး မင်ခေါ့ဗ်ရှကီး စပေ့စ်(ဂျာမန်အမည်ဖြစ်သဖြင့် ဂျာမန်အသံထွက်ကို ယူလျက်) (Minkowski space) သည် ယူကလစ်ဒ်စပေ့စ် ကဲ့သို့ပင် တပြန့်ညီမှု (flatness) ရှိသည်။ သို့သော် မင်ခေါ့ဗ်ရှကီးစပေ့စ်၏ အတိုင်းဆမှာ ကွဲပြားသည်။ ထို့ကြောင့် ၎င်းသည့် ယူကလစ်ဒ်စပေ့စ်မဟုတ် (non-Euclidean)။ ယူကလစ်ဒ်စပေ့စ်၌ တာသေဝန်း (ball) မှာ တိုင်းကြောင်း၃ခုတွင် စက်လုံး၊ တိုင်းကြောင်း၂ခုတွင် စက်ဝိုင်း ဖြစ်သည်။ မင်ခေါ့ဗ်ရှကီး စပေ့စ်၌မူ တိုင်းကြောင်း၂ခုတွင် တာသေဝန်းများက ဟိုက်ပါဘိုလာ (hyperbola)ပုံ ဖော်ဆောင်သည်။ တပြည့်ညီ မဟုတ်တော့လျှင် တပြန့်ညီမှု (flatness) မရှိတော့ဘဲ တာယွင်းမှု (curvature) ရှိသွားသည့် စပေ့စ် (နေရာသဘော)တိုင်းသည် ယူလစ်ဒ်စပေ့စ် မဟုတ် (non-Euclidean) ဟု ဆိုနိုင်သည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%9A%E1%80%B0%E1%80%80%E1%80%9C%E1%80%85%E1%80%BA%E1%80%92%E1%80%BA%20%E1%80%85%E1%80%95%E1%80%B1%E1%80%B7%E1%80%85%E1%80%BA
တပြန့်ညီမှု
အာကာသဟူသော နေရာရပ်ဝန်းသဘောတရား တစ်ခု သို့မဟုတ် အာကာသ-အချိန်၏ တပြန့်ညီမှု (အင်္ဂလိပ်: flatness) ဆိုသည်မှာ ၎င်းအမှတ်ချအိမ် (coordinate system) ၏ အခြေခံဗှတ္တာ (basis) များက မည်သည့်နေရာ၊ မည်သည့်အချိန် ပြောင်းသော်လည်း အသွင်မပြောင်းခြင်းကို ဆိုလိုသည်။ တနည်းအားဖြင့် တာယွင်းမှု (curvature) မရှိခြင်း၊ ယူကလစ်ဒ် စပေ့စ်ကဲ့သို့ ဖြစ်နေခြင်းကို ဆိုလိုသည်။ ဂျီဩမေတြီ သဘောတရားနှင့် အမည်ပေးပုံ သဘောတရားအားဖြင့် တိုင်းကြောင်း(dimension) အရေတွက် ရှိသော စပေ့စ်တိုင်းအတွင်း၌ တိုင်းကြောင်းအရေအတွက် 0 မှ အတွင်း ရှိလျက် တပြန့်ညီသော ဂျီဩမေတြီ ဝတ္ထုများ တည်ရှိနိုင်ကောင်း၏။ ဥပမာအားဖြင့် တိုင်းကြောင်း ၂ခု ရှိသော စပေ့စ် (2D space; မျက်နှာပြင်သဘော) တစ်ခုကို စိတ်ကူးကြည့်လျှင် ၎င်းအတွင်း၌ တိုင်းကြောင်း၁ခုဖြင့် ဖြောင့်သောမျဉ်းများ ရှိနိုင်သည်။ တိုင်းကြောင်း ၃ခု ရှိသော စပေ့စ် (3D space; ထုထည်သဘော) တစ်ခုကို စိတ်ကူးကြည့်လျှင် ဤအတွင်း၌ တိုင်းကြောင်း၁ခုဖြင့် ဖြောင့်သော မျဉ်းတို့အပြင် တိုင်းကြောင်း၂ခုဖြင့် ပြန့်ပြူးသော မျက်နှာပြင်များ ရှိနိုင်သည်။ ထို့ကြောင့် အင်္ဂလိပ်စာလုံး flat အဖို့ ဤသင်္ချာသဘောတို့ကို မြန်မာစကားသို့ ဘာသာပြန်ရာတွင် ဖြောင့်ခြင်း၊ ပြန့်ခြင်း၊ ညီညာခြင်း စသည့် စာလုံးများ ထွက်ပေါ်သည်။ ထို့ကြောင့် "ပြားသော" ဟု စိတ်စွဲမှားနိုင်သည့်စကားလုံးထက် ဂျီဩမေတြီသဘောတို့ ခြုံငုံမိသည့် တပြန့်ညီမှု ဟူသော စာလုံးကို အသုံးပြုနိုင်သည်။ လောကလုံးဗေဒ (Cosmology) တွင် လောကလုံးဗေဒ (Cosmology) တွင်မူ ကျယ်လွန်းလှသော တိုင်းဝန်းတာတို့အတွက် ပျမ်းမျှချကြည့်လျှင် လောက(Universe)ကြီး၏ ဒြပ်သိပ်သည်းမှုမှာ 9.9 × 10−30 g/cm3 ခန့်သာ ဖြစ်သဖြင့် လောက(Universe)ကြီး တစ်ခုလုံးစာ အာကာသစပေ့စ်၏ လောကလုံးဆိုင်ရာ ကိန်းသေ (cosmoloical constanct) တန်ဖိုးမှာ အကြမ်းဖျင်းအားဖြင့် Ω = 1.02 +/- 0.02 ခန့် ဖြစ်နေလျက် တပြန့်ညီသော အသွင် ရှိနေသည်ဟု တွက်ဆထိုက်ကြောင်း Wilkinson Microwave Anisotropy Probe အဖွဲ့က ထုတ်ပြန်ထားသည်။ ဤအပိုင်း၌ ပြောဆိုကြသော တပြန့်ညီမှုမှာ အချိန်-တိုင်းကြောင်း (temporal dimension) ကိုပါ ထည့်တွက်လျက် အကြမ်းဖျင်းသဘောဖြင့် ဒြပ်ထုများ စုလိုခြင်း၊ ခွဲခွာလိုခြင်း ထူးခြားလှစွာ မရှိမှုကို ဆိုလိုသည်။ နေရာသဘောချည်းပြောသကဲ့သို့ ပြားခြင်း၊ ပြားချပ်ခြင်းကို ဆိုလိုသည် မဟုတ်။ အထွေထွေနှိုင်းရသီအိုရီသုံး စကားဖြင့် ဆိုရလျှင် လောကဇာတ်ခုံ (spacetime) ၏ တပြန့်ညီမှုသည် - ဟု အိုင်းစတိုင်းတာအုံက သုည ဖြစ်နေမှုကို ဆိုလိုသည်။ ထိုသို့ ဖြစ်စေသည့် အကြောင်းအရင်းမှာ အမှတ်ချအိမ် (coordinate system) တို့၏ အခြေခံအလွှားစာလေးများ (bases) တို့က နေရာရွှေ့ကြည့်၊ လှမ်းကြည့်လျှင်လည်း ပုံယွင်းမှု မရှိခြင်း ဖြစ်သည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%90%E1%80%95%E1%80%BC%E1%80%94%E1%80%B7%E1%80%BA%E1%80%8A%E1%80%AE%E1%80%99%E1%80%BE%E1%80%AF
ထို့ကြောင့် သင်္ကေတ
ယုတ္တိတန်သော အငြင်းအခုံနှင့် သင်္ချာဆိုင်ရာ အထောက်အထားများတွင် ထို့ကြောင့် သင်္ကေတ ကို ယုတ္တိဗေဒ၏ နိဂုံးပိုင်းကဲ့သို့သော ယုတ္တိအကျိုးဆက် မတိုင်မီ ယေဘုယျအားဖြင့် အသုံးပြုသည်။ သင်္ကေတသည် တရားဝင်စာရေးရာတွင် ယေဘုယျအားဖြင့် အသုံးမပြုသော်လည်း ၎င်းကို သင်္ချာနှင့် အတိုကောက်များတွင် အသုံးပြုသည်။ သုံးစွဲပုံ နမူနာ တိယုတ္တိဆင်ခြေတွင် သုံးစွဲပုံ နတ်ဘုရားများ အားလုံးသည် ထာဝရရှင်သန်သူများ ဖြစ်သည်။ ဇုစ်သည် နတ်ဘုရားတစ်ပါး ဖြစ်သည်။ ∴ ဇုစ်သည် ထာဝရရှင်သန်သူ ဖြစ်သည်။ သင်္ချာတွင် အသုံးပြုပုံ အခြားသုံးစွဲမှုများ မိုးလေဝသပညာတွင် 'ထို့ကြောင့်' သင်္ကေတကို အသင့်အတင့် မိုးရွာသွန်းခြင်းကို ရည်ညွှန်းရာတွင် သုံးစွဲသည်။ ယူနီကုဒ် သင်္ကေတသည် ယူနီကုဒ် ကုဒ်ပွိုင့်တွင် နေရာတွင် ပါရှိသည်။ ဆင်တူသင်္ကေတများ ပြောင်းပြန်ပုံစံဖြစ်သော ကို အဘယ့်ကြောင့်ဆိုသော် သင်္ကေတ အဖြစ် သိရှိကြသည်။ တမီးလ်စာတွင် (ဝိစာဂ) သည် တမီးလ်ဘာသာစကားရှိ အထူးပြုအသံ āytam ကို ရည်ညွှန်းသည်။ ကို မိုးလေဝသပညာရပ်တွင် 'ဆီးနှင်း အသင့်အတင့်' ကို ရည်ညွှန်းသည်။ ဂရပ်ဖစ်ထပ်တူသင်္ကေတ သည် ဂျပန်မြေပုံသင်္ကေတတွင် လက်ဖက်စိုက်ခင်းကို ရည်ညွှန်းသည်။ အချို့သော မြေပုံများတွင် အထူပုံစံ ကို အမျိုးသားအထိမ်းအမှတ်၊ သမိုင်းဝင်နေရာ အဖြစ် ရည်ညွန်းပြီး ယင်းတွင် ကိုယ်ပိုင် ယူနီကုဒ် ကုဒ်ပွိုင့် ရှိသည်။ ကိုးကား မြေမျက်နှာသွင်ပြင်ပြ သင်္ကေတများ သင်္ချာ သင်္ကေတများ
https://my.wikipedia.org/wiki/%E1%80%91%E1%80%AD%E1%80%AF%E1%80%B7%E1%80%80%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%B7%E1%80%BA%20%E1%80%9E%E1%80%84%E1%80%BA%E1%80%B9%E1%80%80%E1%80%B1%E1%80%90
Midway ( 2019 ရုပ်ရှင် )
Midway သည် 2019 ခုနှစ် စစ်ပွဲရုပ်ရှင် ဖြစ်ပြီး Battle of Midway၊ပစိဖိတ် ကမ္ဘာစစ် ပြဇာတ်တွင် အချိုးအကွေ့တစ်ခုဖြစ်သည်။ II ဒီဇာတ်ကားကို ဒါရိုက်တာ Roland Emmerichက ရိုက်ကူးထားပြီး Harald Kloser နဲ့ Wes Tookeတို့က ရေးသားထားပါတယ်။ ဒီဇာတ်ကားမှာ Ed Skrein ၊ Patrick Wilson ၊ Luke Evans ၊ Aaron Eckhart ၊ Nick Jonas ၊ Mandy Moore ၊ Dennis Quaid ၊ Tadanobu Asano ၊ Darren Criss နဲ့ Woody Harrelsonတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ Emmerich ရဲ့ ဝါသနာပါရာ ပရောဂျက်တစ်ခုဖြစ်ပြီး နောက်ဆုံးမှာ လုံလောက်တဲ့ ရန်ပုံငွေမရှာမီနဲ့ဒီပရောဂျက်ကို တရားဝင်ကြေညာခြင်းမပြုမီမှာ သူဟာဒီဇာတ်ကားအတွက် ငွေကြေးထောက်ပံ့မှုရဖို့ အခက်အခဲရှိခဲ့ပါတယ်။ 2018 ခုနှစ်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး Hawaiiမှာ စတင်ရိုက်ကူးခဲ့ပါတယ်။ မွန်ထရီရယ်တွင် ရိုက်ကူးရေးအချို့လည်း ပြုလုပ်ခဲ့သည်။ ထုတ်လုပ်မှုဘတ်ဂျက် $100 ဖြင့်သန်းပေါင်းများစွာ၊၎င်းသည် ခေတ်ကာလတစ်လျှောက် ဈေးအကြီးဆုံး လွတ်လပ်သော ရုပ်ရှင်များထဲမှ တစ်ခုဖြစ်သည်။ Midway သည် အမေရိကန်ပြည်ထောင်စုရှိ Lionsgateနှင့်Summit Entertainmentမှ နိုဝင်ဘာလတွင် ရုံတင်ပြသခဲ့သည်။2019 တွင် မြင်ကွင်းများကို ချီးမွမ်းသော်လည်း ဇာတ်ညွှန်းကို ဝေဖန်သည့် ဝေဖန်သူများထံမှ ရောထွေးသော သုံးသပ်ချက်များကို လက်ခံရရှိခဲ့သည်။ ဒီဇာတ်ကားဟာ ဘတ်ဂျတ်ဒေါ်လာ သန်း ၁၀၀ နဲ့ယှဉ်ပြီး ကမ္ဘာတစ်ဝန်းမှာ ဒေါ်လာ ၁၂၆ သန်းသာအမြတ်ငွေ ရရှိခဲ့ပါတယ်။
https://my.wikipedia.org/wiki/Midway%20%28%202019%20%E1%80%9B%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%20%29
ကိန်းစစ်
သင်္ချာတွင် ကိန်းစစ် (အင်္ဂလိပ်: real number) ဆိုသည်မှာ ဥပမာအားဖြင့် အလျား၊ အချိန်၊ အပူချိန် စသည့် တိုင်းဖွယ်တို့ကို တစ်ခုတည်းသောတိုင်းကြောင်းသဖွယ် စဉ်းစားကြည့်လျက် မည်မျှသော ၎င်းတို့၏ ပမာဏကို မဆို ဖော်ပြနိုင်သော ကိန်းများဖြစ်သည်။ ကိန်းမျဉ်းဖြင့် ကိန်းတို့ကို ကိုယ်စားပြုလျှင် ၎င်းပေါ်ရှိ အမှတ်တိုင်းကို ကိန်းစစ်ဖြင့် ဖော်ပြနိုင်သည်။ မည်မျှ သေးငယ်သော ကိန်းကိုမဆိုလည်း ကိန်းစစ်ဖြင့် ဖော်ပြနိုင်၏။ သို့ဖြင့် ကိန်းမျဉ်းတစ်ခုပေါ်ရှိ ကိန်းပြည့်များနှင့် အပိုင်းကိန်းများ အားလုံး၊ ရာရှင်နယ်ကိန်း ခေါ် အတိပြကိန်း (rational number)များနှင့် အီရာရှင်နယ်ကိန်း ခေါ် အတိမပြကိန်း (:en:irrational number)များ အားလုံးမှာ ကိန်းစစ်များထဲ၌ အကျုံးဝင်သည်။ မည်သည့် ကိန်းစစ်အသီးသီးကိုမဆို အဆုံးမဲ့ဒသမကိန်းတို့ဖြင့် ဖော်ပြနိုင်သည်။ ဆက်စပ်ကြည့်ရှုဖွယ် ကိန်းစစ်မဟုတ်သော ကိန်းတေး အကိုးအကား အခြေခံ သင်္ချာ
https://my.wikipedia.org/wiki/%E1%80%80%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%85%E1%80%85%E1%80%BA
ရုရှားတွင်
ရုရှားတွင် — သည် ယူကရိန်းနိုင်ငံကို လွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်မပြုရန်နှင့် စာလုံးပေါင်းသတ်ပုံရှောင်ရန် ရုရှားမီဒီယာအများစု၏ တသမတ်တည်းဖြစ်သော မူဝါဒကြောင့် ဖြစ်ပေါ်လာသည့် ဘုံ meme ဖြစ်သည်။ ယူကရိန်းတွင် "နယ်မြေ" ဟူသော အဓိပ္ပာယ်ဖြင့် "ယူကရိန်းတွင်" ဖြင့် အစားထိုးသည်။ ယင်းသို့ ရှောင်ရှားခြင်း အလေ့အကျင့်သည် ရုရှားဝီကီပီးဒီးယားတွင် သက်ဆိုင်သော စံနှုန်းကို အသိအမှတ်ပြုခြင်းနှင့် အခြားပြည်နယ်များနှင့် ဆက်စပ်၍ ရေးသားထားသည့်အတိုင်း "ယူကရိန်းတွင်" ရေးသားရန် ကြိုးပမ်းမှုများကိုပင် ပိတ်ပင်ထားခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ "ရိုမေးနီးယားတွင်" စသည်ဖြင့်)။ ထို့ကြောင့်၊ ယူကရိန်းမီဒီယာနယ်ပယ်တွင် "ရုရှားတွင်" ပေါင်းစပ်မှုကို "ဆန့်ကျင်ဘက်မှသက်သေ" အဖြစ်လည်းကောင်း၊ meme ၏သမိုင်းမှ ရုရှားတွင် meme အသုံးပြုမှုအပေါ် အာရုံစိုက်သည့် ပထမဆုံးလုပ်ဆောင်မှုတစ်ခုမှာ မတ်လ 7 ရက်၊ 2014 ခုနှစ်တွင် ရေဒီယိုအသံလွှင့်ဌာန "Europa Plus" နှင့် ၎င်း၏အိမ်ရှင် Yuliya Burkovskaya: "ကျွန်ုပ်တို့၏ရုရှားညီအစ်ကိုများအားသဒ္ဒါစည်းမျဉ်းများဆီသို့ဆွဲဆောင်ရန်အတွက်၊ မတ်လ ၇ ရက်မှစ၍ သတင်းနှင့်ဖျော်ဖြေရေးအစီအစဉ်များထုတ်လွှင့်မှုတွင် "ရုရှားတွင်" အစား "ရုရှား၌" ဟူသောစကားလုံးကိုအသုံးပြုသည်။ ကျွန်ုပ်တို့၏ရုရှားလုပ်ဖော်ကိုင်ဖက်များစွာသည် "ယူကရိန်း" ဟူသောစကားလုံးနှင့် "in" ဟူသောဝိဘတ်အသုံးပြုမှုတွင် အခြေခံကွဲပြားမှုကို မတွေ့မြင်ရပြီး "ယူကရိန်းတွင်" သည် ခွဲခြမ်းထားသောနယ်မြေအတွက် သဒ္ဒါမှန်ကန်သောစကားစုဖြစ်ကြောင်း အာမခံသောကြောင့်၊ ရုရှားဖက်ဒရေးရှင်း၏ နယ်နိမိတ်သတ်မှတ်ထားသော နယ်မြေအတွက် "in Russia" ဟူသော စကားစု။ သုတ အဆိုပါအကြောင်းအရာသည် ဘာသာဗေဒပညာရှင်နှင့် လူမှုရေးစိတ်ပညာရှင်နှစ်ဦးစလုံး၏ သိပ္ပံဆိုင်ရာ သုတေသနပြုမှု၏ အရာဝတ္ထုတစ်ခု ဖြစ်လာခဲ့သည်။ အခြားသူများတွင် T. M. Andreeva (Kyiv Taras Shevchenko National University) မှ "အမည်ခံထားသော FB မှတ်ချက်များစနစ်တွင် "ရုရှား" အမည်ကို အစားထိုးသည့် "ရုရှား" ကဲ့သို့သော စာပေများ (Kyiv Taras Shevchenko National University)၊ စကားလုံးပုံစံ "ယူကရိန်းတွင်", "ယူကရိန်းတွင်" I. V. Magrytska နှင့် R. A. Khoma ([[Volodymyr Dalya ဟုခေါ်သော အရှေ့ယူကရိန်းအမျိုးသားတက္ကသိုလ် နှင့် [ [Ivano-Frankivsk National Technical University of Oil and Gas]]) (ကျမ်းကိုးစာရင်းကို အရင်းအမြစ်ကဏ္ဍတွင် အောက်တွင်ဖော်ပြထားသည်)။ မှတ်စုများ ကြည့်ပါ။ ထို့အတူ ဘာသာစကားစံနှုန်း အရင်းအမြစ်များ ကျွန်ုပ်တို့သည် "ရုရှားတွင်" ဟူသော စကားစုကို "ရုရှားတွင်" အစား "ရုရှားတွင်" သုံးသည် ။ https://gazeta.ua/ မတ် ၂၁၊ ၂၀၁၄။ ယူကရိန်းခံစားချက်များ။ ရုရှားမှာ။ Ukrainian Sensations  သည် ချန်နယ် 1+1 ၏ ဂျာနယ်လစ်စုံစမ်းရေး ပရောဂျက်တစ်ခုဖြစ်သည်။ Magrytska I. V., R. A. Khoma။ တစ်ဖန် "ယူကရိန်းတွင်", "ယူကရိန်း" ဟူသောစကားလုံးပုံစံများကိုအသုံးပြုခြင်း၏မှန်ကန်မှုအကြောင်းတစ်ဖန် // Prykarpatskyi visnyk NTSh ။ Slovo။ — 2015. — အမှတ် 2. — P. 130—135။ Andreeva T. M. FB အမည်ခံစနစ်တွင် "ရုရှား" ကို အစားထိုးခြင်း - မှတ်ချက်များ။ သိပ္ပံနှင့် ပညာရေးသည် ရှုထောင့်အသစ်ဖြစ်သည်။ လူသားပညာနှင့် လူမှုရေးသိပ္ပံ၊ VI(၂၈)၊ I.- ၁၆၉၊ ဇွန် ၂၀၁၈။ https://doi.org/10.31174/send-hs2018-169vi28-03 အမျိုးအစား-Memes အမျိုးအစား-ယူကရိန်း-ရုရှားဆက်ဆံရေး
https://my.wikipedia.org/wiki/%E1%80%9B%E1%80%AF%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%90%E1%80%BD%E1%80%84%E1%80%BA
ဖြာတိုးနှုန်း
ကာတက်စီးယန်း အမှတ်ချအိမ် (Cartesian coordinate system) အားဖြင့် ဖော်ပြရလျှင် ဟူသည်က သင့်လျော်သော ဗှတ္တာစက်ကွင်း တစ်ခုဖြစ်လျှင် ဟူသည်မှာ ၎င်းဗှတ္တာစက်ကွင်း၏ ဖြာတိုးနှုန်း (အင်္ဂလိပ်: divergence) ဖြစ်သည်။ ဒက်လ် လုပ်ဆောင်ချက် (del operator; ) နှင့် ဗှတ္တာတစ်ခုထံမှ အစက်ချမြှောက်လဒ် (:en:dot product) တွက်ထုတ်ထားခြင်း ဖြစ်၍ ဖြာတိုးနှုန်း (divergence) ဆိုသည်မှာ ကိန်းထီးရလဒ်ကို ဖော်ဆောင်နေမည် ဖြစ်၏။
https://my.wikipedia.org/wiki/%E1%80%96%E1%80%BC%E1%80%AC%E1%80%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%94%E1%80%BE%E1%80%AF%E1%80%94%E1%80%BA%E1%80%B8
ဒက်လ် လုပ်ဆောင်ချက်
အောက်စွယ် က ယူကလစ်ဒ် စပေ့စ်တစ်ခု၏ တိုင်းကြောင်း အရေအတွက်ကို ကိုယ်စားပြုလျှင် ဒက်လ် လုပ်ဆောင်ချက် (:en:del operator) ဆိုသည်မှာ ဖြစ်သည်။ ကိန်းအုံ ပုံစံဖြင့် ဖော်ပြတွက်ချက်လျှင် ၎င်းသည် ဗှတ္တာသဏ္ဌာန်သရုပ် ရှိပြီး တိုင်းကြောင်း ၃ခုအတွက် ဖော်ပြရလျှင် ဤသို့ ဖြစ်မည်။ ၎င်းသည် စကေလာစက်ကွင်း အပေါ်ရော၊ ဗှတ္တာစက်ကွင်း အပေါ်ပါ သက်ရောက်နိုင်သော လုပ်ဆောင်ချက် (opertator) တစ်မျိုး ဖြစ်သည်။ အသုံးပြုပုံ စကေလာစက်ကွင်း အပေါ်သို့ တိုက်ရိုက်သက်ရောက်လျှင် ဟူသော ပြောင်းနှုန်းပြ စက်ကွင်း (:en:gradient) ကို ဗှတ္တာစက်ကွင်းအဖြစ် ရရှိသည်။ ဗှတ္တာစက်ကွင်း အပေါ်သို့ အစက်ချမြှောက်လဒ် (:en:dot product) ဖြစ်ပေါ်အောင် သက်ရောက်လျှင် ဟူသော ဖြာတိုးနှုန်း (divergence) ကို ကိန်းထီးအဖြစ် ရရှိသည်။ ကြက်ခြေခတ်ပြ မြှောက်လဒ် (:en:cross product) ဖြစ်ပေါ်အောင် သက်ရောက်လျှင် ဟူသော လှည့်ဝှေ့ချက် (:en:curl (mathematics)) ကို ဗှတ္တာစက်ကွင်းအဖြစ် ရရှိသည်။
https://my.wikipedia.org/wiki/%E1%80%92%E1%80%80%E1%80%BA%E1%80%9C%E1%80%BA%20%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%81%E1%80%BB%E1%80%80%E1%80%BA
လှည့်ဝှေ့ချက်
ကာတက်စီးယန်း အမှတ်ချအိမ် (Cartesian coordinate system) အားဖြင့် ဖော်ပြရလျှင် ဗှတ္တာစက်ကွင်း ၏ လှည့်ဝှေ့ချက် (အင်္ဂလိပ်: curl) ဆိုသည်မှာ ဟူသည့်အတိုင်း တွက်ထုတ်လျက် ဖြစ်သည်။ ဒက်လ် လုပ်ဆောင်ချက် (del operator) နှင့် ဗှတ္တာစက်ကွင်းထံမှ ကြက်ခြေခတ်ပြ မြှောက်လဒ် (:en:cross product) တွက်ထုတ်ထားခြင်း ဖြစ်သည်။ သို့ဖြင့် လှည့်ဝှေ့ချက်၏ X1 အပိုင်းသည် X2-X3 ပြင်အတွင်း ဗှတ္တာ၏ စက်ဝိုင်းသဖွယ် လမ်းကြောင်း လှည့်ဝှေ့ချက်ကို ထောင့်မတ်ကျ ဖော်ညွှန်းနေမည် ဖြစ်သည်။
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BE%E1%80%8A%E1%80%B7%E1%80%BA%E1%80%9D%E1%80%BE%E1%80%B1%E1%80%B7%E1%80%81%E1%80%BB%E1%80%80%E1%80%BA
ရေချယ် ဆန်နော့
ရေချယ် အန်နီ ဆန်နော့ (, ၁၉၉၅ ၁၉ စက်တင်ဘာ တွင်မွေးဖွား) သည် အမေရိကန်သရုပ်ဆောင်နှင့် ဟာသသရုပ်ဆောင်တစ်ဦးဖြစ်သည်။ သူမသည် အီတလီ နှင့် အိုင်ယာလန် နွယ်ဖွားဖြစ်ပြီး ကက်သလစ်ဘာသာဝင်အဖြစ် ကြီးပြင်းလာခဲ့သည်။ သူမသည် တက္ကသိုလ်ကျောင်းသူလေးတစ်ဦးအဖြစ် ဟာသကို စိတ်ဝင်စားလာကာ မိုက်ခ်ဖွင့်သည့်ညတစ်ညတွင် ချိန်းတွေ့ခဲ့သည်။ လော့စ်အိန်ဂျယ်လိစ်မြို့ နှင့် နယူးယောက်မြို့ ကြားတွင် သူမ၏အချိန်ကို ပိုင်းခြားထားသည်။ ရိုက်ကူးရေး ရုပ်ရှင် ရုပ်မြင်သံကြား ကိုးကား ၁၉၉၅ မွေးဖွားသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ အမေရိကန် အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင်များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%B1%E1%80%81%E1%80%BB%E1%80%9A%E1%80%BA%20%E1%80%86%E1%80%94%E1%80%BA%E1%80%94%E1%80%B1%E1%80%AC%E1%80%B7
မတ္တရာမီးရထား
မတ္တရာမီးရထား (မနှင်းဆီရထား) သည် ကိုလိုနီခေတ် ၊ မြန်မာနိုင်ငံ မန္တလေးမြို့ တွင် သံလမ်းအကျယ် ၌ပြေးဆွဲခဲ့သောပုဂ္ဂလိက မီးရထားလိုင်းတစ်ခုဖြစ်သည်။ လူမျိုးခြားသူဌေး အိန္ဒိယအမျိုးသား မနန့်ဂျီ (Mr. Manetji)ပိုင်ဆိုင်ခဲ့သည်။ မနန့်ဂျီ ကို မြန်မာအသံထွက်ဖြင့် လွယ်လွယ်ကူကူ မနှင်းဆီရထားဟုလည်း ခေါ်ဝေါ်ခဲ့ကြသည်။ သမိုင်းကြောင်း သူရဲဈေးမှ အရှည် ၈ မိုင် ရှည်လျားသော တောင်ပြုံး သို့ ပထမလမ်းပိုင်းကို ၁၉၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ရထားလမ်းကို ၁၉၁၇ ခုနှစ်တွင် မတ္တရာ သို့ နောက်ထပ် ၈ မိုင် ဆက်လက်တိုးချဲ့ခဲ့သည်။ ၁၉၁၉ ခုနှစ်တွင် ကုမ္ပဏီမှ မိမိဆန္ဒအလျောက် ဖျက်သိမ်းခဲ့ပြီး ရထားလမ်းကို အစိုးရမှ လွှဲပြောင်းယူခဲ့သည်။ ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီလတွင် ရထားလမ်းအား ပိတ်သိမ်းကာ မီတာဂေ့ချ်ဖြင့် မန္တလေးဘူတာကြီးသို့ ပြန်လည်ဖောက်လုပ်ခဲ့သည်။ မတ္တရာမီးရထားမှ ပထမစက်ခေါင်းလေးလုံးအား Thaton-Duyinzaik Light Railway မှ ဆက်လက်အသုံးပြုခဲ့သည်။ မန္တလေးမြို့ ၂၅ လမ်းနှင့် ၂၆ လမ်းကြား ရွှေတစ်ချောင်းမြောင်း၏ အရှေ့ဘက်တွင် ယခု မန်းသီရီဈေးတည်ရှိသည်။ အဆိုပါနေရာသည် ယခင်က မန္တလေး၏ အထင်ကရနေရာ ဖြစ်ခဲ့ဖူးသည်။ ယခင်က ထိုနေရာသည် ဘူတာရုံတစ်ခု ရှိခဲ့သည်။ ဈေးချိုနှင့် မတ္တရာကို ပြေးဆွဲသော မီးရထားလမ်း၏ လမ်းစလမ်းဆုံး ဘူတာဖြစ်သည်။ အရေးပါပုံ မနှင်းဆီရထားသည် ရထား(၂)စင်းရှိခဲ့ပြီး ဈေးချိုဘူတာမှ နံနက် ၇ နာရီတွင်တစ်ကြိမ်၊ ညနေ ၃ နာရီတွင် တစ်ကြိမ် မတ္တရာသို့ ပြေးဆွဲခဲ့သည်။ မတ္တရာနယ်သည် ကွမ်းရွက်အပါအဝင် သစ်သီးဝလံများ၊ သစ်ဥသစ်ဖုများထွက်ရှိရာ နေရာဖြစ်သည့်အတွက် ဈေးချို လက္ကားဈေးကွက်ကြီးသို့ မတ္တရာကုန်များ လွယ်လင့်တကူ ရောက်ရှိရေးတွင် မနှင်းဆီရထားသည် အရေးပါခဲ့သည်။ ဘူတာကြီး၊ ဘူတာလေး ထိုစဉ်က မန္တလေးတွင်း မန္တလေး-ရန်ကုန်၊ မန္တလေး-မြစ်ကြီးနား၊ မန္တလေး-ပြင်ဦးလွင်-လာရှိုး၊ မန္တလေး-မုံရွာ-ရေဦး မီးရထားလမ်းအတွက် ရ၈ နှင့် ၇၉ လမ်းကြား၊ ၂၇ နှင့် ၃၄ လမ်းကြားတွင် ဘူတာရုံတစ်ရုံ ရှိသည်။ ထိုဘူတာရုံကို ဘူတာကြီး၊ မနှင်းဆီရထားဘူတာရုံကို ဘူတာလေးဟု သုံးစွဲခေါ်ဝေါ်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ဖြစ်မီ ၁၄-၁၅ နှစ်အလို၌ ဘူတာလေးသို့ သွားလာသော ရထာလမ်းများကို ဖြိုဖျက်ခဲ့ကြ၍ ဘူတာလေးဟုခေါ်ဆိုသော ဘူတာရုံလည်း မရှိတော့ပေ။ ထို့ကြောင့်ပင် မန္တလေးဘူတာကို မန္တလေးသားတို့က ဘူတာကြီးဟု အစဉ်အဆက် လက်ဆင့်ကမ်းခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်သည်။ ကိုးကား မန္တလေး မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေး
https://my.wikipedia.org/wiki/%E1%80%99%E1%80%90%E1%80%B9%E1%80%90%E1%80%9B%E1%80%AC%E1%80%99%E1%80%AE%E1%80%B8%E1%80%9B%E1%80%91%E1%80%AC%E1%80%B8