title
stringlengths
1
96
text
stringlengths
4
719k
url
stringlengths
32
795
ဘားမားမိုင်းမီးရထား
ဘားမားမိုင်းမီးရထား သည် သံလမ်းအကျယ် ဖြင့် မြန်မာနိုင်ငံရှိ ဒေသထွက် ငွေနှင့် ခဲ သတ္တုများကို နမ္မတူ တွင် အရည်ကျိုရန်အတွက် သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုခဲ့သော ရထားလိုင်းတစ်ခုဖြစ်သည်။ မြန်မာ့မီးရထားမှ စီမံခန့်ခဲ့ပြီး နမ်းယွန်း မှ နမ္မတူ နှင့် ဘောတွင်း အထိ အရှည်ရှိသည်။ သမိုင်းကြောင်း Burma Mines, Railway and Smelting Co Ltd ကို ၁၉၀၆ ခုနှစ် မတ်လတွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၀၇ ခုနှစ်တွင် မီးရထားလမ်းကို စတင်ဖောက်လုပ်ခဲ့သည်။ ၁၉၀၈ ခုနှစ်တွင် Tiger Camp သတ္တုတွင်းဧရိယာသို့ ရောက်ရှိရန် ကို ဘောတွင်းသတ္တုတွင်းသ အထိတိုးချဲ့ ဖောက်လုပ်ခဲ့သည်။ Tiger Camp မတိုင်မီလေးတွင် Wallah Gorge တွင် Z-ပြောင်းပြန်လမ်း တစ်ခုပါဝင်သည်။ နောက်ပိုင်းတွင် ခရုပတ်ပုံစံလမ်း ဖြင့်အစားထိုးခဲ့သည်။ ရုံးချုပ်နှင့် အလုပ်ရုံများကို နမ္မတူတွင် တည်ဆောက်ခဲ့သည်။ လက်ရှိကာလ ယနေ့ခေတ်တွင် ကျောက်မီးသွေး နှင့် အချောထည်ပစ္စည်းများကို ကုန်းလမ်းဖြင့် သယ်ယူကြသည်။ ဘောတွင်းမှ နမ္မတူသို့ သတ္တုရိုင်းများ သယ်ယူပို့ဆောင်ရေးကို ရထားဖြင့် ဆောင်ရွက်ခြင်း မရှိတော့ပေ။နမ့်ယောင်မြို့မှ နမ္မတူအထိ လမ်းကြောင်းအနည်းငယ်သာရှိသည်။ နမ္မတူသည် လုံခြုံရေးနယ်မြေတစ်ခုဖြစ်ပြီး တရားဝင်ခရီးစဉ်များမှလွဲ၍ မီးရထား၊ မိုင်းနှင့် အရောအနှောများကို လည်ပတ်ခွင့် ကန့်သတ်ထားသည်။ ကိုးကား ပြင်ပလင့်များ Namtu Mines Railways - A set on Flickr Burma Mines Railways - A set on Fotocommunity မြန်မာနိုင်ငံရှိ ရထားလမ်းများ
https://my.wikipedia.org/wiki/%E1%80%98%E1%80%AC%E1%80%B8%E1%80%99%E1%80%AC%E1%80%B8%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%AE%E1%80%B8%E1%80%9B%E1%80%91%E1%80%AC%E1%80%B8
အပိုင်းသဘော ရပ်ဝန်း
သင်္ချာတွင် အပိုင်းအစုသဘော (:en:closeness (mathematics)) ရှိခြင်းအားဖြင့် အာကာသ (ခေါ်) ရပ်ဝန်း (ခေါ်) စပေ့စ် အဖြစ် မြောက်သော်လည်း အတိုင်းဆဖော် ရပ်ဝန်းများ ကဲ့သို့ အကွာအဝေးသဘော တခုခု အတိအပ ရှိရန်မူ မလိုသေးသည့် စဉ်းစားတွေးခေါ်ပုံအားဖြင့် ရပ်ဝန်း(space)များသည် အပိုင်းသဘော ရပ်ဝန်း (အင်္ဂလိပ်: topological space) အဖြစ် အပိုင်းသဘော (:en:topology) ၌ ရှိပေသည်။ "တဝိုက်ငယ်" အားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုပုံ က အစုတစ်ခု ဖြစ်အံ့၊ ၎င်း ၏ အစုဝင်များက မည်သို့သော သင်္ချာဇာတ်ကောင်များ ဖြစ်နေစေကာမူ အမှတ်များ (points) ဟု ခေါ်ဆိုခြင်းခံနိုင်၏။ က အစု ၏ မည်သည့် အမှတ် ကိုမဆို ၏ အစုပိုင်းတခုခု ဖြစ်သည့် သက်ဆိုင်ရာ ထံသို့ ဆက်သွယ်ပေးသော ဆက်သွယ်ချက် ဆိုပါစို့။ ၎င်း သည် ( အားဖြင့် ဆက်သွယ်အပ်သော) ၏ တဝိုက်ငယ် () မည်၏။ ထိုအခါမျိုးတွင် ဆက်သွယ်ပုံ က အောက်ပါ မှတ်ရည်ချက်များ (axioms)နှင့် ကိုက်ညီရပေမည်။ ( ဟူသကဲ့သို့) က ၏ တဝိုက်ငယ် တစ်ခု ဖြစ်အံ့၊ ဟု ဖြစ်နေပြီးလတ္တံ့။ ဆိုလိုသည်မှာ အမှတ်တစ်ခုချင်းစီအတွက် တဝိုက်ငယ် အမျိုးမျိုး ဆွဲသားနိုင်သည်၊ ထိုတဝိုက်ငယ် တမျိုးချင်းစီတိုင်း၌ ထိုအမှတ် ပါဝင်နေ၍သာ ထိုအမှတ်၏ တဝိုက်ငယ်ဟု ခေါ်ထိုက်ခြင်း ဖြစ်နှင့်၏။ ၏ အစုပိုင်း (တစိတ်တပိုင်း) ဖြစ်ထသော တခုခုက ၏ တဝိုက်ငယ်မည်ရာ အပိုင်းတခုခုကို တစ်ခုလုံး အုပ်ငုံမိအံ့၊ ၎င်း ကိုယ်တိုင်သည်လည်း ၏ တဝိုင်ငယ်တစ်ခုပင် ဖြစ်လတ္တံ့။ ၏ တဝိုက်ငယ်တိုင်း၏ အရောစု (intersection) ရလဒ်သည်လည်း of two ၏ တဝိုက်ငယ် တစ်မျိုးတဖုံ ဖြစ်တုံ၏။ ဆိုလိုသည်မှာ နံပါတ်-၂ မှတ်ရည်ချက်ကဲ့သို့ တဝိုက်ငယ်ချင်း အမိအရ မအုပ်ငုံမိသည့် တဝိုင်ငယ်အစုများကို ပေါင်းစုစဉ်းစားခြင်း အစုသည်လည်း တဝိုက်ငယ် မြောက်ကြောင်းတည်း။ ၏ တဝိုင်ငယ် တိုင်း၏ အတွင်း၌ ၎င်းထက် ဝန်းနယ်သေးငယ်လျက်သော ၏ နောက်ထပ် တဝိုင်ငယ် ပါဝင်အုပ်ငုံမိလျက် ၎င်း ငယ်လေးအတွင်းရှိ အမှတ်တိုင်း၏ တဝိုက်ငယ်အဖြစ် က ရှိနေနိုင်သေးသည်ဟု ယူဆအံ့။ အထက်ပါ သဘောတရားများ ပါဝင်အောင် တိုင်းဝန်းတာ တို့ကို ဖော်ဆောင် ဆက်သွယ်ပေးနိုင်သော ဖှန်ရှင်ကို ဟု သင်္ကေတပြုလျက်၊ နှင့်တကွသော အစုရပ်ဝန်းကြီး ကို အပိုင်းသဘော ရပ်ဝန်း (topological space) ဟု ခေါ်ဆိုတန်၏။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%98%E1%80%B1%E1%80%AC%20%E1%80%9B%E1%80%95%E1%80%BA%E1%80%9D%E1%80%94%E1%80%BA%E1%80%B8
မှတ်ရည်ချက်
သဘာဝတ္ထဗေဒ (Philosophy)တွင် နောက်ထပ်ဆင့်ပွားသော ကောက်ချက်တခုခုကို တည်ဆောက်ရန် အောက်ခံသဘောအဖြစ် ဤသို့မူ ဟုတ်မှန်တန်သည်ဟု သတ်မှတ်လျက် အခြေခံအဖြစ် ရည်ရွယ်လိုက်သော အချက်တို့ကို မှတ်ရည်ချက် (axiom or postulate) ဟု ခေါ်၏။ သင်္ချာ (Mathematics) တွင် မည်သည့် သင်္ချာဇာတ်ကောင်က မည်သို့သော အခြင်းအရာများမူ ကျိန်းသေ ရှိနှင့်ရမည်ဟု သတ်မှတ် ရည်ညွှန်းလိုက်သော အခြင်းအရာ သတ္တိတို့ကို မှတ်ရည်ချက် (axiom) ဟု ခေါ်၏။ "သင့်လျော်သည်ဟု ရည်မှတ်အပ်သော" သို့မဟုတ် "မိမိကိုယ်ကိုပင် သက်သေခံအဖြစ် အမှီပြုသော" ဟု အနက်ရောက်သည့် ရှေးဂရိစကားလုံး မှ ဆင်းသက်လာ၍ အင်္ဂလိပ်စကား၌ "axiom" ဟု ခေါ်ခြင်း ဖြစ်သည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%99%E1%80%BE%E1%80%90%E1%80%BA%E1%80%9B%E1%80%8A%E1%80%BA%E1%80%81%E1%80%BB%E1%80%80%E1%80%BA
မိုးညိုဦးကိုကိုကြီး
မိုးညို ဦးကိုကိုကြီး ဦးကိုကိုကြီးသည် ဖက်ဆစ်ဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ်လပ်ရေးအစိုးရ(ဖဆပလ)လက်ထက်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရတွင် ပါလီမန်အတွင်းဝန်အဖြစ်တာဝန်ယူခဲ့သူဖြစ်သည်။ သူသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အိမ်ရာနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးတွင် တာဝန်ရှိခဲ့သည့်ကာလအ တွင်း ကျောင်း၊ ဆေးရုံ၊ လူနေတိုက်ခန်းအိမ်ယာများ ဆောက်လုပ်ခြင်းများတို့တွင် တာဝန်ယူခဲ့သူတစ် ဦးအနေဖြင့်၊ တက်ကြွစွာဦးဆောင်အကောင်အထည်ဖေါ်နိုင်ခဲ့သူတဦးအဖြစ် လူသိများခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ယခင်မြို့တော်ဟောင်း ရန်ကုန်မြို့၏ ဆင်ခြေဖုံးတွင် တည်ရှိသော ရန်ကင်းမြို့သည် သူကြီးကြပ်ကွပ်ကဲသည့် အကြီးဆုံးနှင့် အစောဆုံး မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စာအုပ်စုဆောင်းသူ အထင်ရှားဆုံးဝါသနာအိုးများထဲတွင် တစ်ဦးဖြစ်ခဲ့သည်ဟု လူအများကယုံကြည်ခဲ့ကြသည်။ သူ့ဘဝတစ်လျှောက်လုံးတွင် သွားလာခဲ့သောပြည်ပကိုယ်စားလှယ် အဖွဲ့ခရီးစဉ်များအတွင်း ရှားပါးစာအုပ်ထောင်ပေါင်းများစွာကို ၀ယ်ယူစုဆောင်းခဲ့သည်။ ထိုစုဆောင်း ထားသောရှားပါးစာအုပ်များကိုမကွယ်လွန်မှီတွင်ရန်ကုန်တက္ကသိုလ်များစာကြည့်တိုက်သို့ပေးပို့လှူ ဒါန်းခဲ့သည်။ ပြည်ပခရီးစဉ်အမျာဆုံးသွားခဲ့သူ ထင်ရှားသောနိုင်ငံရေးသမားများထဲတွင် တဦးအပါအ၀င်ဖြစ်ခဲ့သောကြောင့် နိုင်ငံတကာဗဟုသုတကြွယ်ဝသူတဦးအဖြစ် လက်ခံခဲ့ကြပါသည်။ သူ၏ ဘဝ အစပိုင်းသည် နိုင်ငံရေးနှင့် နိုင်ငံအရေးကြီးတာဝန်များစွာတို့ကိုထမ်းဆောင်ခဲ့သော်လည်း၊ အသက် အရွယ်ကြီးရင့်ပိုင်းတွင် ဇာတာနှင့်နက္ခတ်ဗေဒင်(ဝေဒ)ပညာကို လေးလေးနက်နက်လေ့လာသင်ယူပြီး၊ လက်ရေးစာမူများစွာတို့ကို ရေးသားခဲ့ပါသည်။ မိမိတတ်ကျွမ်းသောပညာဖြင့်လည်း၊ မိတ်ဆွေသင်္ဂဟ များကို ကူညီဖြည့်စွမ်းနိုင်ခဲ့ပါသည်။ ငယ်စဉ်ဘဝ ၁၉၁၂ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့တွင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မိုးညိုမြို့တွင် အဖ မိုးညို မြို့သူကြီးဦးသောင်းဖေ နှင့်အမိ ဒေါ်အုန်းတို့မှ မွေးဖွားသောမွေးချင်း၊ သားသမီး(၇)ဦးအနက် အကြီးဆုံးသားကြီးသြရဿဖြစ်ပါသည်။ ပညာရေး ၁၉၃၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ မိသားစုနှင့်ဝေးကွာသွား မည်ကိုစိုးရိမ်သော သူ၏မိဘများ၏ကြောင့်ကြမှုများကြောင့် ကောလိပ်ပညာပြီးဆုံနိုင်ခွင့်မရရှိခဲ့ပေ။ ထို့ပြင် ထိုစဉ်ကာလမြန်မာနိုင်ငံနှင့်ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝအတွင်း ပေါ်ပေါက်နေခဲ့သော နိုင်ငံရေးနှင့် အမျိုးသားရေး လှုပ်ရှားမှုများ မြင့်တက်လာခြင်းကြောင့် လည်းနိုင်ငံအရေးအရာကိစ္စများ တွင်စိတ်ဝင်စားလာမှုကြောင့်လည်း ဖြစ်နိုင်သည်ဟု ယုံကြည်ရသည်။ ဗြိတိသျှကိုလိုနီနှင့် ဂျပန်တို့၏ သိမ်းပိုက်မှုကို ဆန့်ကျင်သည့် တော်လှန်ရေးများတွင် ပါဝင်ပတ်သက်မှု ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)တွင် (၁၉၄၁-၄၂) တော်လှန်ရေးလှုပ်ရှားမှုများတွင် ပါ၀င်ခဲ့သည်။ ကိုလိုနီခေတ် နယ်ချဲ့ဗြိတိသျှအုပ်ချုပ်မှုနှင့် ဂျပန်တို့သိမ်းပိုက်မှုကို ဆန့်ကျင်ရာ တွင် တက်ကြွစွာပါဝင်ခဲ့သည်။ (ဘီအိုင်အေ) တွင် သူပါဝင်ပတ်သက်မှုမှာ ခေတ္တမျှသာဖြစ်ခဲ့သော်လည်း သာယာဝတီခရိုင် မြေအောက်တော်လှန်ရေးတွင်ဦးဆောင်တက်ကြွစွာပါ၀င်ခဲ့သည်။ သူ၏ ဇာတိမြို့ မိုးညိုတွင် "ဒို့ဗမာအစည်းအရုံး" အဖွဲ့ကြီး၏တက်ကြွသောအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ခဲ့သည်။ နိုင်ငံရေးပါဝင်မှုများ ဗမာနိုင်ငံလုံးဆိုင်ရာဝန်ထမ်းပေါင်းစုံသမဂ္ဂတွင် (၁၉၄၆-၄၈) တွင်အထွေထွေအတွင်းရေးမှူးအဖြစ်၎င်း၊ ရန်ကုန်ခရိုင် ဆိုရှယ်လစ်ပါတီတွင် (၁၉၅၀-၅၇) ခရိုင်ခေါင်းဆောင်အဖြစ်၎င်း၊ မြန်မာ အလုပ်သမား သမဂ္ဂကွန်ဂရက် (၁၉၅၀-၅၇) အတွင်းရေးမှူးအဖြစ်၎င်း၊ (၁၉၅၁) ခုနှစ်နှင့် (၁၉၅၆) ခုနှစ်များတွင် မိုးညိုမဲဆန္ဒနယ်မှ လွှတ်တော်သို့ (ဖဆပလ-တည်မြဲအမတ်) အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရ သည်။ (၁၉၅၂)ခုနှစ်တွင် ရန်ကုန်တိုင်း ဖဆပလ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ရပြီး၊ ထိုအဖွဲ့ကြီးတွင် (၁၉၅၀-၅၇)အထိတာဝန်ယူခဲ့သည်။ ထိုမှတဖန် ပဲခူးတိုင်းအဖွဲ့တွင်လည်း အတွင်းရေးမှုးအဖြစ် (၁၉၅၈) ခုနှစ်မှ (၁၉၆၁)ခုနှစ်တိုင်အောင်တာဝန်ယူခဲ့ပါသည်။။ သို့သော် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီမှ (၁၉၆၂) ခုနှစ် မတ်လတွင် နိုင်ငံအာဏာကိုသိမ်းယူသောအခါ နောက်ဆုံးနိုင်ငံရေးတာဝန်များမှအနားယူခဲ့ရပါသည်။ တော်လှန် ရေးကောင်စီအိမ်စောင့် အစိုးရလက်ထက်တွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ နိုင်ငံတော်ပြန်လည်ထူထောင် ရေးဆိုင်ရာလုပ်ငန်းရပ်အချို့တို့တွင် အကြံပေးတာဝန်ကို ထမ်းဆောင်ရန် ရံဖန်ရံခါ ဆင့်ခေါ်တာဝန်ပေး အပ်ခြင်းခံခဲ့ရပါသည်။ ထိုစဉ်တခုတည်းသောဦးဆောင်ပါတီကြီးဖြစ်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတွင် ပါတီဝင်အဖြစ်တခါဖူးမျှ မပါဝင်ဖူးသော်လည်း၊ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ပြည်သူ့ ကောင်စီ (တရားစီရင်ရေးကော်မတီဝင်) တွင် ကောင်စီဝင်အဖြစ် ရွေးချယ်တင်မြှောက်တာဝန်ပေးခြင်း ခံခဲ့ရသည်။  ထိုနောက် ကျောက်တံတားမြို့နယ်သမဝါယမအသင်းတွင် ဒုတိယဥက္ကဋ္ဌ တာဝန်ပေးအပ် ခြင်းခံရသည်။ ထိုစဉ်ဆိုရှယ်လစ်လမ်းစဉ်ခေတ်တွင် သမဝါယမအသင်းသည် နိုင်ငံစည်းပွားရေး၏ပင်မ ကျောရိုးဒေါက်တိုင်အဖြစ်၊ ပြည်သူစားသုံးကုန်ပစ္စည်းထုတ်ဝေဖြန့်ချိရာတွင်အခရာကျသော စီးပွားရေး အဖွဲ့အစည်းတခုဖြစ်ခဲ့ပါသည်။ ထိုမှ ဗဟိုသမဝါယမအသင်း၏ ကောင်စီဝင်ဝင်တစ်ဦးအဖြစ်လည်း ဆောင်ရွက်ခဲ့ပါသည်။ ပြည်သူ့ဝန်ထမ်းအဖြစ်ထမ်းဆောင်ခဲ့သောတာဝန်များ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဘုတ်အဖွဲ့၊ ဘုတ်အဖွဲ့ဝင် အဖြစ် (၁၉၅၄-၅၈)နှစ်များ၊ ဆိပ်ကမ်းစုစမ်းရေးကော်မရှင်အဖွဲ့ဝင်အဖြစ် (၁၉၅၁-၅၃)ခုနှစ်များ၊ အမျိုးသားမြို့ပြနှင့်နိုင်ငံ့အိမ်ယာ ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့တွင် ဒုတိယဥက္ကဋ္ဌအဖြစ် (၁၉၅၂-၅၇)ခုနှစ်များအတွင်း တာဝန်ယူထမ်းဆောင်ခဲ့ပါ သည်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းတာဝန်ယူပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အစိုးရ (ဝန်ကြီး ဗိုလ်မှူးကြီးသန်းစိန်လက်ထက် ၁၉၆၈ ခုနှစ်) တွင် သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနတွင် အထူးအရာရှိတာဝန် (OSD) ခေါ်ယူတာဝန်ပေးအပ်ခြင်းခံခဲ့ရပါသည်။ ထိုတာဝန်ယူစဉ် ကုန်လမ်းနှင့်ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့၊ ရေကြောင်းပို့ဆောင်ရေး၊ ရန်ကုန်မြူနီစီပယ်ကော်မီတီ၊ မြို့ပြလမ်းများဆိုင်ရာကော်မီတီများတွင် ညှိနှိုင်းအကြံပေးရေးတာဝန်များ ပေးအပ်ခြင်းခံခဲ့ရပါသည်။ ထိုတာဝန်ကို (၁၉၇၂)ခုနှစ်မှစ၍  သက်ပြည့်အငြိမ်းစားယူသည်အထိထမ်း ဆောင်ခဲ့သော်လည်း လစာအခွင့်အရေးတစုံတရာရယူခဲ့ခြင်းမရှိခဲ့ပါ။ ထင်ရှားသော နိုင်ငံတကာဆု ၁၉၅၆၊ အီသီယိုးပီးယားနိုင်ငံဘုရင်မင်းမြတ်မှချီးမြှင့်သော Mannelik II။ နိုင်ငံတကာ အတွေ့အကြုံများ ၁၉၄၈-၅၇ ခုနှစ်များအတွင်း အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံသို့ မြန်မာအစိုးရ၏တရားဝင်ကိုယ်စားလှယ် အဖြစ်၎င်း၊ နိုင်ငံရေးပါတီကိုယ်စားလှယ်အဖြစ်၎င်း၊ အဖွဲ့ဝင်အဖြစ်အကြိမ်ကြိမ်လိုက်ပါခဲ့ပါသည်။၊ (၁၉၅၁)ခုနှစ်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ ILO ညီလာခံသို့ တက်ရောက်ခဲ့ပါသည်။ (၁၉၅၁-၅၃) နှစ်များတွင် ထို ILO  အဖွဲ့ကြီး၏ အာရှဒေသဆိုင်ရာအကြံပေး ကော်မီတီကြီးတွင်၊ အဖွဲ့ဝင်အဖြစ်တာဝန်ပေးအပ်ခြင်းခံခဲ့ရပါသည်။ ထို့အပြင် တရုတ်၊ USSR၊ ပိုလန် နှင့် ချက်ကိုစလိုဗက်ကီးယား နိုင်ငံတို့သို့ ပါတီနိုင်ငံရေးခရီးစဉ်များနှင့်အစိုးရအဖွဲ့ ကိုယ်စားလှယ်အဖွဲ့ များတွင်လည်း အဖွဲ့ဝင် အဖြစ်ပါ၀င်သွားရောက်ခဲ့ရပါသည်။ အနောက်ဥရောပနိုင်ငံများနှင့် ဗြိတိန်နိုင်ငံ တို့သို့လည်း နိုင်ငံရေးကိုယ်စားလှယ်အဖွဲ့များတွင်လည်း၊ ထိုကာလများအတွင်း အဖွဲ့ဝင်အဖြစ်လိုက်ပါ ပြီးအရေးကြီးတာဝန်များထမ်းခဲ့ရပါသည်။ (၁၉၅၄)ခုနှစ်တွင် ထိုင်းနိုင်ငံဆိုင်ရာ အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နှင့်တရားဝင်တွေ့ဆုံရသောအစည်းအဝေးသို့ စေလွှတ်ရာတွင်၊ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့တွင် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူသွားရောက်ခဲ့ရပါသည်။ (၁၉၅၆)ခုနှစ်တွင် ဘုံဘေမြို့တွင်ကျင်းပသော အာရှဆိုရှယ်လစ်ညီလာခံသို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပါသေးသည်။ (၁၉၅၇)ခုနှစ်တွင်ကျင်းပခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ၏အဖွဲ့ဝင်အဖြစ်လည်းတက်ရောက်ခဲ့ပါသည်။ ပုံနှိပ်စာအုပ်ရေးသားထုတ်ဝေခဲ့မှုများ ၁၉၄၈ ခုနှစ်တွင် မြန်မာဘာသာဖြင့် "အိန္ဒိယယနေ့"၊ ၁၉၄၉ ခုနှစ် မြန်မာဘာသာဖြင့် "ဒီမိုကရေစီသစ်"။ အိမ်ထောင်နှင့် နေထိုင်ခဲ့သောနေရာများ ပထမအိမ်ထောင်မှာ ဒေါ်အမာကြည်ဖြစ်ပါသည်။ ဒေါ်အမာကြည်ကွယ်လွန်ပြီး နှစ်အနည်းငယ်အ ကြာတွင် ဒုတိယအိမ်ထောင်အဖြစ် ဒေါ်စိန်ရင်၊ B.Com., RA နှင့်အကြောင်းပါပြီး၊ စုစုပေါင်းသား (၅)ဦးထွန်းကားခဲ့ပါသည်။ ပထမဆုံးနေထိုင်ခဲ့သောနေအိမ်မှာ သရက်တောလမ်းသွယ်၊ သင်္ဃန်း ကျွန်းမြို့၊ ရန်ကုန် ဖြစ်ပါသည်။။ ယင်းနောက် ၃၉-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပါသည်။ ထိုမှတဖန် တောင်ဥက္ကလာပမြို့ (မြင်းသာစုပေါင်းအိမ်ယာ) နှင့် ပဲခူးတိုင်း၊ မင်းလှ မြို့တို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြန်သည်။ ယင်းနောက် သုဝဏ္ဏမြို့ (ရန်ကုန်) တွင်နောက်ဆုံးကွယ် လွန်ချိန်အထိနေထိုင်ခဲ့ပါသည်။ (ဖဆပလ)အစိုးရအဖွဲ့တွင် အိုးအိမ်ထူထောင်ရေးအဖွဲ့ကြီးတွင် ရာထူး အကြီးဆုံးထမ်းဆောင်ခဲ့သော်လည်း၊ အစိုးရအပြောင်းအလဲတွင်ရာထူးမှထွက်ရချိန် ကိုယ်ပိုင်နေအိမ် မရှိခဲ့ပါ။ ကိုးကားချက်များ Who's Who in Burma (2nd ed.). 546, Merchant Street, Rangoon, Burma: People's Literature Committee & House. August 1, 1961. pp. 37–38. ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ သမိုင်းသုတေသနဦးစီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန။ (၁၉၉၂ ခုနှစ်)။ ခေတ်ရေစီးကြောင်းထဲမှပုဂ္ဂိုလ်များ (in Burmese.) Yangon, Myanmar (စာမျက်နှာ (၂၉ )။
https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%8A%E1%80%AD%E1%80%AF%E1%80%A6%E1%80%B8%E1%80%80%E1%80%AD%E1%80%AF%E1%80%80%E1%80%AD%E1%80%AF%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
ပိုက်ပိုက်အေး
ဒေါ်ပိုက်ပိုက်အေး(၁၉၆၁ ဖွား) သည် မြန်မာအမျိုးသမီး တရားသူကြီးတစ်ဦး ဖြစ်သည်။ လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသည်။တရားလွှတ်တော်များထဲ ဒုတိယမြောက် အမျိုးသမီးတရားသူကြီးချုပ် အဖြစ် ခန့်အပ်ခံရသူလည်းဖြစ်သည်။ ပညာရေး သူမသည် ရန်ကုန်တက္ကသိုလ် မှနေ၍ ဥပဒေပညာအထူးပြု LL.B ဘွဲ့ ကို ၁၉၈၃ ခုနှစ်တွင် ရရှိခဲ့သည်။ ဝန်ထမ်းဘဝ ၁၉၈၄ ခုနှစ်က စပြီး မြန်မာ့တရားစီရင်ရေးတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ အဆင့်(၄) တရားရေးအရာရှိ အဖြစ် ဝန်ထမ်းဘ၀ စတင်ခဲ့ကာ တရားစီရင်ရေးမဏ္ဍိုင်အဆင့်အသီးသီးတွင် တရားသူကြီးအဖြစ် ၃၆ နှစ်ကြာ အမှုထမ်းခဲ့သည်။ တရားလွှတ်တော်တရားသူကြီးတာဝန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သူမကို ၂၀၁၈ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် တနင်္သာရီတိုင်းတရားလွှတ်တော် တရားသူကြီး အဖြစ် ခန့်အပ်သည်။၂၀၂၀ မေလ ၁၈ရက်တွင် ယင်းတရားလွှတ်တော်၏ တရားသူကြီးချုပ်တာဝန် ကို တိုးမြှင့်ခန့်အပ်ခဲ့သည်။ မိသားစုဘဝ သူမသည် အိမ်ထောင်သည်တစ်ဦး ဖြစ်သည်။ ကိုးကား ၁၉၆၁ မွေးဖွားသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ တရားသူကြီးများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%A1%E1%80%B1%E1%80%B8
ဝါဝါထွန်း
ဒေါ်ဝါဝါထွန်း(၁၉၅၈ဖွား) သည် တရားလွှတ်တော်များထဲ ပထမဦးဆုံး အမျိုးသမီးတရားသူကြီးချုပ်အဖြစ် ခန့်အပ်ခံရသူဖြစ်သည်။ သူမသည် ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ပြီး အသက်၆၅နှစ်ပြည့်သည့် ၂၀၂၃ တွင် သက်ပြည့်အငြိမ်းစားယူသည်။ ငယ်ဘဝ သူမသည် ရခိုင်ပြည်နယ် သံတွဲမြို့ တွင် မွေးဖွားသည်။ ၁၉၈၂ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ဥပဒေဘွဲ့ ရရှိသည်။ ဝန်ထမ်းဘဝ တရားရေးအရာရှိအဆင့်(၄)ဖြင့် တရားရေးဌာနတွင် ၁၉၈၅ ခုနှစ်ကစ၍ တာဝန်ထမ်းဆောင်သည်။ စစ်တွေခရိုင်တရားသူကြီးအဆင့်အထိ တရားရေးဌာနတွင် စုစုပေါင်းလုပ်သက်(၃၂)နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သည်။ တရားလွှတ်တော်တရားသူကြီးတာဝန် ဒေါ်ဝါဝါထွန်း သည် ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၈ နိုဝင်ဘာ၂၉ တွင် ခန့်အပ်ခံရသည်။ထိုတာဝန်ကို စစ်တွေခရိုင်တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးသည့်နောက် ၅လအကြာတွင် သမ္မတဦးဝင်းမြင့်က သူမအား ပြည်နယ်တရားလွှတ်တော်တရားသူကြီး အဖြစ် ရွေးချယ် ခန့်အပ်ခြင်းဖြစ်သည်။ ယင်းနောက် ၂၀၁၉ နိုဝင်ဘာ ၂၈ တွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဖြစ်လာသည်။အမျိုးသမီးတစ်ဦးအနေဖြင့် ပထမဦးဆုံး တရားလွှတ်တော်တရားသူကြီးချုပ် အဖြစ် ခန့်အပ်ခံရခြင်းလည်းဖြစ်သည်။ထိုတာဝန်ကို အသက်၆၅ နှစ် ပြည့်မြောက်သည်အထိ တစ်ဆက်တည်း ထမ်းဆောင်ကာ ၂၀၂၃ တွင်အငြိမ်းစားယူခဲ့သည်။ မိသားစုဘဝ သူမသည် အိမ်ထောင်မရှိသူတစ်ဦးဖြစ်သည်။ ကိုးကား ၁၉၅၈ မွေးဖွားသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ တရားသူကြီးများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%AB%E1%80%9D%E1%80%AB%E1%80%91%E1%80%BD%E1%80%94%E1%80%BA%E1%80%B8
ဝင်းမြင့် (တရားသူကြီး)
ဦးဝင်းမြင့်(တရားသူကြီး) သည် လက်ရှိ   ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ၎င်းကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ခန့်အပ်ခဲ့သည်။သူသည် အငြိမ်းစား တပ်မတော်သားဘဝမှ တရားသူကြီး ဖြစ်လာသူဖြစ်သည်။ ပညာရေးနှင့်တပ်မတော်သားဘဝ ဦးဝင်းမြင့်သည် တပ်မတော်တွင်  ၁၉၈၁ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ဥပဒေဘွဲ့ကို  ၁၉၈၅ ခုနှစ်တွင်ရရှိသည်။  ၁၉၉၉ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူကာ တရားရေးအရာရှိအဆင့်(၂)အဖြစ် တရားရေးဌာနသို့ ကူးပြောင်းလာသည်။၂၀၁၂ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။သူသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ နေပြည်တော်တွင် ညွှန်ကြားရေးမှူးအဖြစ် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သည်။ တရားလွှတ်တော်တရားသူကြီးဘဝ သူ့ကို သမ္မတဦး သိန်းစိန် က ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် အဆိုပြုခဲ့ပြီး ဧရာဝတီတိုင်းလွှတ်တော် ကလက်ခံသည့်အတွက် ၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင် ဧရာဝတီတိုင်းတရားလွှတ်တော်တရားသူကြီး တစ်ဦး ဖြစ်လာသည်။ တရားလွှတ်တော်တရားသူကြီးအဖြစ် ၁၀နှစ်ကျော် ထမ်းဆောင်ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအား ဧရာဝတီတိုင်းဒေသကြီးတရာလွှတ်တော် တရားသူကြီးချုပ် အဖြစ် ခန့်အပ်ခဲ့သည်။ မိသားစုဘဝ သူသည် အိမ်ထောင်သည် တစ်ဦး ဖြစ်သည်။ ကိုးကား ၁၉၆၁ မွေးဖွားသူများ မြန်မာ စစ်ဖက်ဆိုင်ရာ လူပုဂ္ဂိုလ်များ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ တရားသူကြီးများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%84%E1%80%B7%E1%80%BA%20%28%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%9E%E1%80%B0%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%29
သန်းဦးလွင်
ဦးသန်းဦးလွင်(၁၉၆၂ဖွား) သည် လက်ရှိ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ၎င်းကို ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာ(၅) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ခန့်အပ်ခဲ့သည်။သူသည် လက်ထောက်စစ်ဥပဒေချုပ် အဖြစ်မှ တရားသူကြီး ဖြစ်လာသူဖြစ်သည်။ ပညာရေးနှင့်တပ်မတော်သားဘဝ သူသည် စစ်တက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်သည်။ယင်းအပြင် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်(စာပေးစာယူသင်တန်း)ကိုလည်းတက်ရောက်သည်။ဦးသန်းဦးလွင်သည် ၁၉၈၄ ခုနှစ်တွင် ဥပဒေဘွဲ့(LL.B)ကို ရရှိသည်။သူသည် စစ်ဥပဒေချုပ်ရုံးတွင် လက်ထောက်စစ်ဥပဒေချုပ်ရာထူးအထိ (၃၁)နှစ်ကျော် တာဝန်ထမ်းဆောင်သည်။ တရားလွှတ်တော်တရားသူကြီးဘဝ သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ်၊ မတ်လ၌ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်သည်။ယင်းနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဆက်လက်ခန့်အပ်သည်။ မိသားစုဘဝ သူသည် အိမ်ထောင်သည် တစ်ဦး ဖြစ်သည်။ ကိုးကား ၁၉၆၂ မွေးဖွားသူများ မြန်မာ စစ်ဖက်ဆိုင်ရာ လူပုဂ္ဂိုလ်များ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ တရားသူကြီးများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%94%E1%80%BA%E1%80%B8%E1%80%A6%E1%80%B8%E1%80%9C%E1%80%BD%E1%80%84%E1%80%BA
တူးဂျာ
ဦးတူးဂျာ(၁၉၅၉ ဖွား) သည် ကချင်တိုင်းရင်းသားတရားသူကြီးတစ်ဦး ဖြစ်သည်။လက်ရှိ ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် တာဝန်ထမ်းဆောင်နေသည်။ သူသည် အငြိမ်းစားပြည်နယ်တရားသူကြီးလည်း ဖြစ်သည်။ ပညာရေးနှင့်ဝန်ထမ်းဘဝ ရန်ကုန်အဝေးသင်တက္ကသိုလ် မှနေ၍ ဥပဒေဘွဲ့ကို ၁၉၈၁ခုနှစ် တွင်ရရှိခဲ့သည်။၁၉၈၃ ခုနှစ်ကစပြီး တရားရေးဌာနသို့ တရားရေးအရာရှိအဆင့်(၄) ဖြင့် ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့သည်။ထိုမှတဆင့် ရာထူးအဆင့်ဆင့် တိုးပြီး ၂၀၀၇ ခုနှစ်တွင် ကချင်ပြည်နယ်တရားရုံး ပြည်နယ်တရားသူကြီးအဖြစ် တိုးမြှင့်ခြင်းခံရသည်။ထိုတာဝန်ကို သမ္မတဦးသိန်းစိန်လက်ထက် ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် ခန့်အပ်ခံရသည်အထိ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည်။ တရားလွှတ်တော်တရားသူကြီးဘဝ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပေဒေအရ တိုင်ဒေသကြီးနှင့်ပြည်နယ်အလိုက် တရားလွှတ်တော်များပေါ်ပေါက်လာချိန်တွင် ၎င်းသည် ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် သမ္မတ၏အဆိုပြုမှုကို ခံရသည်။ကချင်ပြည်နယ်လွှတ်တော် ကလည်း သဘောတူမကန့်ကွက်သည့်အတွက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တာဝန်ကို ၂၀၁၁ ခုနှစ် မတ်လ ၃၀ရက်က စပြီး ထမ်းဆောင်သည်။သူသည် သမ္မတဦး သိန်းစိန်လက်ထက်၊သမ္မတ ဦးထင်ကျော် လက်ထက်၊သမ္မတ ဦးဝင်းမြင့် လက်ထက် အပါအဝင် လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် အထိ ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် ရှိနေခဲ့သည်။ မိသားစုဘဝ အိမ်ထောင်သည် တစ်ဦး ဖြစ်ကာ သား ၃ဦး၊သမီး ၁ဦးရှိသည်။ ကိုးကား ၁၉၅၉ မွေးဖွားသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ တရားသူကြီးများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%B0%E1%80%B8%E1%80%82%E1%80%BB%E1%80%AC
သန်းသန်းအေး
ဒေါ်သန်းသန်းအေး (၁၉၅၈ ဖွား) သည် အငြိမ်းစားတရားလွှတ်တော်တရားသူကြီးချုပ်တစ်ဦးဖြစ်သည်။ သူမသည် ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့သည်။ ပညာရေး ရန်ကုန်တက္ကသိုလ် မှနေ၍ ဥပဒေ(LL.B)ဘွဲ့ကို ၁၉၈၂ ခုနှစ်တွင် ရရှိခဲ့သည်။ ဝန်ထမ်းဘဝ တရားရေးဝန်ထမ်းအဆင့်(၄)ရာထူးမှရန်ကုန်တိုင်းဒေသကြီးတွဲဖက်တိုင်းတရားသူကြီးရာထူးထိ တရားရေးဌာနတွင် (၂၆)နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သည်။ တရားလွှတ်တော်တရားသူကြီးဘဝ သူမကို သမ္မတဦးသိန်းစိန် က ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီး အဖြစ် ၂၀၁၁ မတ်လ ၃၀ တွင် ခန့်အပ်ခဲ့သည်။ထိုတာဝန်ကို ၁၀နှစ်ကျော်အထိ ဆက်တိုက်ထမ်းဆောင်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ၂၀၂၁ ခုနှစ် ဇူလိုင်လ တွင် ခန့်အပ်တာဝန်ပေးခဲ့သည်။ ၂၀၂၃ ခုနှစ် မတ်လ တွင် အသက် ၆၅ နှစ်ပြည့်၍ အငြိမ်းစားယူသည်။ မိသားစုဘဝ ၎င်းသည် အိမ်ထောင်မရှိပါ။ ကိုးကား ၁၉၅၈ မွေးဖွားသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ တရားသူကြီးများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%94%E1%80%BA%E1%80%B8%E1%80%9E%E1%80%94%E1%80%BA%E1%80%B8%E1%80%A1%E1%80%B1%E1%80%B8
ရှေ့နောက်ခါ လှိုင်း
ရှေ့နောက်ခါ လှိုင်း (အင်္ဂလိပ်: longitudinal wave) ဆိုသည်မှာ တုန်ခါမှုတို့၏ လှုပ်ယိမ်းချက်က လှိုင်းပျံ့နှံ့ရာ လမ်းကြောင်းနှင့် အပြိုင် ဖြစ်နေသည့် လှိုင်းမျိုးကို ခေါ်သည်။ ထို့ကြောင့် လှိုင်းသွားခြင်း ရှေ့သို့တွင် ကြားခံဒြပ်စု၏ အစိတ်အပိုင်းများ ရှေ့နှင့်နောက်သို့ ခါလွှဲခြင်းက ဤလှိုင်းများ ပျံ့နှံ့မှုကို ဖော်ဆောင်နေသည်မျိုး ဖြစ်သဖြင့် ရှေ့နောက်ခါ လှိုင်း ဟု ခေါ်သည်။ ဥပမာအားဖြင့် အသံသည် ဒြပ်သားတို့၏ ရှေ့နောက်ခါ လှိုင်း တုန်ခါမှုများ ဖြစ်ပြီး အလင်းသည် လျှပ်စစ်သံလိုက်စက်ကွင်းတို့၏ ထောင်လိုက်ခါ လှိုင်း တုန်ခါမှုများ ဖြစ်သည်။ ဆက်စပ် ကြည့်ရှုဖွယ် ထောင်လိုက်ခါ လှိုင်း (:en:transverse wave)
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%94%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%81%E1%80%AB%20%E1%80%9C%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8
ထွန်းထွန်းဦး (တရားသူကြီး)
ဦးထွန်းထွန်းဦး (တရားသူကြီး) (၁၉၆၃ ဖွား) သည် လက်ရှိ ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဖြစ်သည်။ ဝန်ထမ်းဘဝ ၁၉၈၄ ခုနှစ် တွင် LL.B ဥပဒေဘွဲ့ရပြီးနောက် ၃နှစ်အကြာ ဦးထွန်းထွန်းဦး သည် တရားရေးဌာန သို့ စတင်ဝင်ရောက်ခဲ့သည်။စတင်ဝင်ရောက်ချိန်သူသည် တရားရေးအရာရှိ အဆင့်(၄) ဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး တရားစီရင်ရေးကဏ္ဍအသီးသီးတွင် တရားသူကြီးအဖြစ် ၃၄ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည့် ရာထူးမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ညွှန်ကြားရေးမှူး ဖြစ်သည်။ တရားလွှတ်တော်တရားသူကြီးဘဝ ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီး အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဦးထွန်းထွန်းဦးကို ၂၀၂၁ ခုနှစ် ဇူလိုင်လ တွင်ခန့်အပ်သည်။ ပြည်နယ်တရားသူကြီးချုပ် ဒေါ် သန်းသန်းအေး ပင်စင် ယူသွား၍ ထိုနေရာသို့ အစားထိုးဝင်ရောက်သည်။ ၂၀၂၃ မတ်လ ၁၃ရက်တွင် ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် တရားဝင် တာဝန်ထမ်းဆောင်သည်။ မိသားစုဘဝ သူသည် အိမ်ထောင်သည် တစ်ဦး ဖြစ်သည်။ ကိုးကား ၁၉၆၃ မွေးဖွားသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ တရားသူကြီးများ
https://my.wikipedia.org/wiki/%E1%80%91%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%91%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%A6%E1%80%B8%20%28%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%9E%E1%80%B0%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%29
ဖိကျုံ့မှု တောင့်ခံနှုန်းထား
ဒြပ်သားစုတမျိုးမျိုး၏ ဖိကျုံ့မှု တောင့်ခံနှုန်းထား (သို့) အဖိအကျုံ့ တောင့်နှုန်း (အင်္ဂလိပ်: bulk modulus; or ) ဆိုသည်မှာ ၎င်း၏ မျက်နှာပြင်များထံသို့ ထောင့်မတ်ကျ သက်ရောက်လာသော ဖိအားတို့ကြောင့် ကျုံ့မဝင်သွားအောင် တောင့်ခံနိုင်မှု နှုန်းထား ဖြစ်သည်။ သင်္ချာနည်းဖြင့်လျှင် အရွယ်အစားတခု ပိုမိုကျုံ့ဝင်သွားအောင် သက်ရောက်ရမည့် တမွတ်စိတ် (:en:infinitesimal) အားစုအချိုးကို တည်ကိန်းပြုလျက် နဂိုထုထည်မှ လျော့သွားမှု တမွတ်စိတ်ပမာဏနှင့် စားထားခြင်း၊ အချိုးချထားခြင်း ဖြစ်သည်။ သင်္ချာ အဖိအကျုံ့ တောင့်နှုန်း ကို တွက်ထုတ်သည့် ညီမျှခြင်းမှာ ဤသို့ ဖြစ်သည်။ ဤတွင် က အားစုပြုံမှု အချိုး၊ က အရာဝတ္ထု၏ နဂိုထုထည်၊ ဟူသည်က ထုထည်အလိုက် အားအချိုး၏ ပြောင်းလဲနှုန်း(derivative) ဖြစ်သည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%96%E1%80%AD%E1%80%80%E1%80%BB%E1%80%AF%E1%80%B6%E1%80%B7%E1%80%99%E1%80%BE%E1%80%AF%20%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%B7%E1%80%BA%E1%80%81%E1%80%B6%E1%80%94%E1%80%BE%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%91%E1%80%AC%E1%80%B8
စန္ဒာသွယ်
ဒေါ်စန္ဒာသွယ် (၁၉၆၂ဖွား) သည် မြန်မာအမျိုးသမီးတရားသူကြီးတစ်ဦးဖြစ်သည်။၎င်းသည် လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် အဖြစ်တာဝန်ထမ်းဆောင်နေသည်။ထိုတာဝန်ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက် တွင် ပေးအပ်ခံရသည်။ ပညာရေး ရန်ကုန်က္ကသိုလ်မှ ဥပဒေဘွဲ့ကို ၁၉၈၃ ခုနှစ်တွင် ရရှိခဲ့သည်။ ဝန်ထမ်းဘဝနှင့်တရားလွှတ်တော်တရားသူကြီးဘဝ ၁၉၈၄ ခုနှစ်ကစပြီး တရားရေးဌာနသို့ ဝင်ရောက်သည်။စတင်ဝင်ရောက်ချိန်တွင် တရားရေးဝန်ထမ်း အဆင့် (၄) ဖြစ်သည်။သူမသည် ၂၀၁၁ မတ်လ ၃၀ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး တာဝန်ပေးအပ်ခံရသည်။ယင်းတာဝန်ကို ၁၀နှစ်ကျော် တစ်ဆက်တည်းတာဝန်ထမ်းဆောင်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သူမကို ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏ ၄ဦးမြောက် တရားသူကြီးချုပ်တာဝန် အပ်နှင်းသည်။ သူမ၏ တရားရေးလုပ်သက်မှာ (၃၈) နှစ်ကျော်သည်။ မိသားစုဘဝ ဒေါ်စန္ဒာသွယ်သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သမီးတစ်ဦးရှိသည်။ ကိုးကား ၁၉၆၂ မွေးဖွားသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ တရားသူကြီးများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%94%E1%80%B9%E1%80%92%E1%80%AC%E1%80%9E%E1%80%BD%E1%80%9A%E1%80%BA
သင်းသင်းနွဲ့
ဒေါ်သင်းသင်းနွဲ့(၁၉၅၉ ဖွား) သည် လက်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဖြစ်သည်။ သူမသည် ထိုတာဝန် မယူမီ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဖြစ်ခဲ့သည်။ ဝဏ္ဏကျော်ထင် ဘွဲ့ အပ်နှင်း ခံရသော အမျိုးသမီးတရားသူကြီးလည်းဖြစ်သည်။ ပညာရေး ၁၉၈၁ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်မှ ဥပဒေဘွဲ့ (LL.B) ကို ရရှိခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မဟာဥပဒေဘွဲ့ (LL.M) ကို ရရှိသည်။ ဝန်ထမ်းဘဝ ၁၉၈၃ ခုနှစ်တွင် တရားရေးဌာနသို့ တရားရေးဝန်ထမ်း အဆင့် (၄) အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး တရားရုံးချုပ် (ရန်ကုန်) ၌ တွဲဖက်ညွှန်ကြားရေးမှူး ရာထူးအထိ တာဝန်ထမ်းဆောင်သည်။ တရားရုံး အဆင့်ဆင့်တွင် တရားရေးလုပ်သက် (၂၈) နှစ်ကျော် ရှိခဲ့သည်။ တရားလွှတ်တော်တရားသူကြီးဘဝ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်ခံရသည်။ စစ်အာဏာသိမ်းပြီး တစ်ပတ်အကြာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၇) ရက်နေ့တွင် သူမကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ၌ တရားသူကြီးချုပ်အဖြစ် ခန့်အပ်သည်။ယင်းနောက်ဒေါ်သင်းသင်းနွဲ့သည် တိုင်းလွှတ်တော်တရားသူကြီးချုပ်အဖြစ်မှ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ၂၀၂၂ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့မှစ၍ ထပ်မံ ခန့်အပ်ခဲ့ရသည်။ မိသားစုဘဝ ဒေါ်သင်းသင်းနွဲ့သည် အိမ်ထောင်မရှိသူတစ်ဦး ဖြစ်သည်။ ကိုးကား ၁၉၅၉ မွေးဖွားသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ တရားသူကြီးများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%BD%E1%80%B2%E1%80%B7
လွင်လွင်အေးကျော်
ဒေါ်လွင်လွင်အေးကျော် (၁၉၆၂ ဖွား) သည် မြန်မာအမျိုးသမီးတရားသူကြီးဖြစ်သည်။သူမသည် လက်ရှိတွင် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် အဖြစ်တာဝန်ထမ်းဆောင်နေသည်။ ပညာရေး ရန်ကုန်တက္ကသိုလ် မှ ဥပဒေဘွဲ့ကို ၁၉၈၃ ခုနှစ်တွင် ရရှိသည်။၂၀၀၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဥပဒေဒီပလိုမာ အပြင် ၂၀၀၇ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဖွံ့ဖြိုးရေးပညာမဟာဘွဲ့ ရရှိသည်။ ဝန်ထမ်းဘဝ ၁၉၈၄ ခုနှစ်တွင် တရားရေးဌာနသို့ဝင်ရောက်ခဲ့ပြီး တရားရေးဝန်ထမ်းအဆင့်(၄)အဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့သည်။ သူမသည် ကလေးသူငယ်တရားသူကြီး ရာထူး အပါအဝင် တရားရုံးများတွင် အဆင့်ဆင့် ရာထူးတိုးမြှင့် ခန့်ထားခြင်းခံရသည်။ ထို့နောက် တရားရုံးချုပ်(ရန်ကုန်)တွင် တွဲဖက်ညွှန်ကြားရေးမှူး ၊ ရန်ကုန်တိုင်း ဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး၊ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ၊ ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားရေးဦးစီးမှူးအဖြစ် လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့သည်။ တရားလွှတ်တော်တရားသူကြီးဘဝ ဒေါ်လွင်လွင်အေးကျော်သည် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၆ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် စတင်တာဝန်ပေးအပ်ခံရသည်။ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဖြစ်လာသည်။ ကိုးကား ၁၉၆၂ မွေးဖွားသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ တရားသူကြီးများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BD%E1%80%84%E1%80%BA%E1%80%9C%E1%80%BD%E1%80%84%E1%80%BA%E1%80%A1%E1%80%B1%E1%80%B8%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA
ပါဠိကျမ်းဂန်လာ အဏုမြူ
ပါဠိကျမ်းဂန်လာ အဏုမြူဆိုသည်မှာ အလျားအတိုင်းအတာအားဖြင့် သန်းတစ်ကောင် အရွယ် (1mm = 10-3m)၏ ၃၂၆,၅၉၂ပုံ ၁ပုံ (အပုံ သုံးသိန်းကျော်ခန့် ပုံလျှင် တစ်ပုံ)ဖြစ်သဖြင့် 3.06×10-9 m ခန့် ရှိသည်ဟု ယူဆရသော ရုပ်ဝတ္ထုအတိုင်းအတာ ဖြစ်သည်။ ပရမာဏုမြူ ဟူသည်မှာကား အဏုမြူထက် သေးငယ်လျက် အက်တမ်၏ဗဟိုဆံ နျူကလီးယပ် (nucelus) ထက်မူ ကြီးမားသော အရွယ်အစားရှိသည်။ ကျမ်းဂန်လာ ဆက်စပ်ပုံ သန်းတစ်ကောင် (1mm = 10-3m)၏ ၇ပုံ၁ပုံသာ အရွယ်ရှိသည်မှာ လိက္ခာတစ်ကောင် (1.43×10-4 m ခန့် အရွယ်) ဖြစ်သည်။ လိက္ခာတစ်ကောင်၏ ၃၆ပုံ၁ပုံ အရွယ်ရှိသည်မှာ ရထရေဏုမြူ တစ်ခု (3.97×10-6 m ခန့် အရွယ်) ဖြစ်သည်။ ရထရေဏုမြူ၏ ၃၆ပုံ၁ပုံ အရွယ်ရှိသည်မှာ တဇ္ဇာရီမြူ တစ်ခု (1.10×10-7 m ခန့် အရွယ်) ဖြစ်သည်။ တဇ္ဇာရီမြူ၏ ၃၆ပုံ၁ပုံ အရွယ်ရှိသည်မှာ အဏုမြူ တစ်ခု (3.06×10-9 m ခန့် အရွယ်) ဖြစ်သည်။ အဏုမြူ၏ ၃၆ပုံ၁ပုံ အရွယ်ရှိသည်မှာ ပရမာဏုမြူ တစ်ခု (8.51×10-11 m ခန့် အရွယ်) ဖြစ်သည်။ သို့ဖြင့် ပဏ္ဍိတဝေဒနီယဒီပနီကျမ်းအရ ပရမာဏုမြူ၏ အရွယ်အစားသည် ရေမော်လီကျူး (H2O) တစ်ခု၏ အကြမ်းဖျင်းအလျား၏ ဆယ်ဆမျှ ဖြစ်သည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%95%E1%80%AB%E1%80%A0%E1%80%AD%E1%80%80%E1%80%BB%E1%80%99%E1%80%BA%E1%80%B8%E1%80%82%E1%80%94%E1%80%BA%E1%80%9C%E1%80%AC%20%E1%80%A1%E1%80%8F%E1%80%AF%E1%80%99%E1%80%BC%E1%80%B0
ခင်​ဆွေထွန်း
ဒေါ်ခင်ဆွေထွန်း သည် လက်ရှိ ကရင်ပြည်နယ်တရားလွှတ်တော် ၏ တရားသူကြီးချုပ်ဖြစ်သည်။ထို တာဝန်ကို ၂၀၂၂ ခုနှစ် မတ်လ ၂၃ရက်တွင် အပ်နှင်းခံရသည်။ ပညာရေး ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ (၁၉၈၁ ) ခုနှစ်တွင် LL.Bဘွဲ့ ရရှိသည်။ရန်ကုန်တက္ကသိုလ် ဥပဒေဌာနမှ Business Law Course (DBL) ကို (၂၀၀၄) ခုနှစ်တွင် ရရှိခဲ့သည်။ ဝန်ထမ်းဘဝ ဗဟိုတရားရုံးတွင် တရားရေးဝန်ထမ်းအဆင့် (၄)အဖြစ် ၁၉၈၃ ခုနှစ်မှ စတင်ပြီး တာဝန်ထမ်းဆောင်သည်။ လုပ်ငန်းဝင်သင်တန်းများ တက်ရောက်ပြီးနောက် တရားရေးဝန်ထမ်းအဆင့် (၄) ဝန်ထမ်းဘဝ မှတဆင့် တရားရေးဝန်ထမ်းအဆင့်(၁)အဖြစ် အဆင့်ဆင့်ရာထူးတိုးခံရသည်။ သူမသည် တရားရုံးချုပ် (ရန်ကုန်)၊ မော်လမြိုင်ခရိုင် တရားရုံး၊ မြောင်းမြခရိုင်တရားရုံး၊ တွဲဖက်ပြည်နယ်တရားသူကြီးအဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း) တရားရုံး၊ တွဲဖက်တိုင်းတရားသူကြီးအဖြစ် ရန်ကုန်တိုင်းတရားရုံးတို့တွင် (၂၀၁၁) ခုနှစ်၊ မတ်လအထိ တာဝန်ထမ်းဆောင်ခဲ့သည်။နောက်ဆုံးအနေဖြင့် တရားရုံးချုပ် (ရန်ကုန်) တွင် တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈(ခ)(၄) အရ ပေါ်ပေါက်လာသော ကရင်ပြည်နယ်တရားလွှတ်တော် တွင် တရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၁ ခုနှစ် မတ်လ ၃၀ရက်တွင် တာဝန်ပေးခံရသည်။ တရားလွှတ်တော်တရားသူကြီးဘဝ ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး တာဝန်ကို ၁၂နှစ် နီးပါး တစ်ဆက်တည်း ထမ်းဆောင်ပြီးနောက် သူမကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ၂၀၂၂ ခုနှစ် မတ်လ ၂၃ရက်တွင် ခန့်အပ်သည်။ ကိုးကား သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ တရားသူကြီးများ မွေးဖွားခုနှစ် မသိရှိရသူများ (သက်ရှိထင်ရှားပုဂ္ဂိုလ်များ)
https://my.wikipedia.org/wiki/%E1%80%81%E1%80%84%E1%80%BA%E2%80%8B%E1%80%86%E1%80%BD%E1%80%B1%E1%80%91%E1%80%BD%E1%80%94%E1%80%BA%E1%80%B8
နေစိုး
ဦးနေစိုး(၁၉၆၂ဖွား)သည် မြန်မာတရားသူကြီး ဖြစ်သည်။၎င်းသည် လက်ရှိတွင် ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသည်။ထိုတာဝန်ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် ခန့်အပ်တာဝန်ပေးအပ်ခြင်း ခံရသည်။ ငယ်ဘဝနှင့်ပညာရေး ဦးနေစိုးကို ၁၉၆၂ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ သာဝတ္ထိကျေးရွာတွင် မွေးဖွားခဲ့သည်။ ၎င်းသည် ဥပဒေဘွဲ့ကို ၁၉၈၅ ခုနှစ်တွင် တက္ကသိုလ်စာပေးစာယူသင်တန်း(ရန်ကုန်တက္ကသိုလ်)မှရရှိခဲ့သည်။ ဝန်ထမ်းဘဝ တရားရေး ဝန်ထမ်းအဆင့် (၄)အဖြစ် ၁၉၈၈ ခုနှစ်တွင် စတင်တာဝန် ထမ်းဆောင်ခဲ့ရင်း နောက်ဆုံး ချင်းပြည်နယ်တရားရေး ဦးစီးမှူးအဆင့်ထိ ရာထူးအဆင့်ဆင့်တိုးခံရသည်။သူ၏ တရားရေးဝန်ထမ်း လုပ်သက်မှာ ၃၃ နှစ် ရှိသည်။ တရားလွှတ်တော်တရားသူကြီးဘဝ ၎င်းသည် တရားသူကြီးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်းမခံရမီက ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တရားရေးဦးစီးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ မိသားစုဘဝ ၎င်းသည် အိမ်ထောင်ရှိသူဖြစ်ပြီး သား (၁) ဦးနှင့် သမီး (၁) ဦးရှိသည်။ ကိုးကား ၁၉၆၂ မွေးဖွားသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ တရားသူကြီးများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%B1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8
ရှပ်ပြေးယာဉ်
Air-cushion Vehicle သို့မဟုတ် ACV ဟုလည်း လူသိများသော ရှပ်ပြေးယာဉ် ( : hovercraft) သည် ကုန်း၊ ရေ၊ ရွှံ့၊ ရေခဲနှင့် အခြားမျက်နှာပြင်များပေါ်တွင် သွားလာနိုင်သော ကုန်းပြေးရေပြေးယာဉ်များ ဖြစ်သည်။ ရှပ်ပြေးယာဉ်အတွက် ပထမဆုံး လက်တွေ့ကျသော ဒီဇိုင်းကို ၁၉၅၀ ခုနှစ်များအတွင်း ဗြိတိသျှ တီထွင်မှုမှ ဆင်းသက်လာသည်။ ယခုအခါ ၎င်းတို့အား သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး၊ ကမ်းခြေစောင့်၊ စစ်ရေးနှင့် စစ်တမ်းအသုံးချမှုများအပြင် အားကစား သို့မဟုတ် ခရီးသည်ဝန်ဆောင်မှုအတွက် အထူးပြုသယ်ယူပို့ဆောင်ရေးများအဖြစ် ကမ္ဘာတစ်ဝန်းတွင် အသုံးပြုလျက်ရှိသည်။ အလွန်ကြီးမားသောရှပ်‌ပြေးယာဉ်များကို အင်္ဂလိပ်ရေလက်ကြား ကိုဖြတ်၍ လူနှင့်ယာဉ်များ ရာနှင့်ချီသယ်ယူရာတွင် အသုံးပြုထားပြီး အချို့မှာ တင့်ကားများ၊ စစ်သားများနှင့် ကြီးမားသောပစ္စည်းများကို ရန်လိုသောပတ်ဝန်းကျင်နှင့် မြေပြင်အနေအထားများတွင် သယ်ယူရာတွင် အသုံးပြုသည့် စစ်ဘက်ဆိုင်ရာအသုံးချသည်။ အင်္ဂလိပ် တီထွင်မှုများ ရေယာဉ်
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%95%E1%80%BA%E1%80%95%E1%80%BC%E1%80%B1%E1%80%B8%E1%80%9A%E1%80%AC%E1%80%89%E1%80%BA
နျူကလီးယား ပေါင်းစည်းမှု
အက်တမ်ဗဟိုဆံချင်း ပေါင်းစည်းမှု (သို့) နျူကလီးယား ပေါင်းစည်းမှု () ဆိုသည်မှာ ပြင်းထန်လှသော ဖိသိပ်မှုကြောင့် တခုထက်ပိုသော အက်တမ်ဗဟိုဆန်များက အချင်းချင်း ဖိသိပ်ပေါင်းစည်းလျက် ပရိုတွန်အရေအတွက် ပြောင်းလဲမှုကြောင့် အခြားဒြပ်စင် သဘောဆောင်သော ပိုကြီးမားလေးလံသည့် နျူကလိယတစ်ခု ဖြစ်ပေါ်လျက် စွမ်းအင်လည်း ဖြာထွက်သည့် ဖြစ်စဉ် ဖြစ်ပေသည်။ ဒြပ်သားအချို့က စွမ်းအင် အဖြစ်သို့ ပြောင်းလဲမှုများ ဆက်စပ်ပါဝင်တတ်သည်။ နျူကလီးယား ပေါင်းစည်းမှု အသွင်ကွဲအမျိုးမျိုး ရှိသေးသည်။ နေလုံးကြီးထံမှ ကမ္ဘာဂြိုဟ်ထံသို့ စွမ်းအင် ဖြာထွက်နေခြင်းမှာ နေ၏ အတွင်းဗဟို၌ နျူကလီးယားပေါင်းစည်းမှု တစ်မျိုး အစဉ်ဖြစ်ပျက်နေ၍ ဖြစ်သည်၊ ဟိုက်ဒြိုဂျင်ဗဟိုဆန် အချင်းချင်း ပေါင်းစည်းလျက် ဟီလီယမ်ဗဟိုဆန်များ အဖြစ်သို့ အစဉ် ဖိသိပ်ပေါင်း ပြောင်းလဲကာ လျှပ်စစ်သံလိုက်လှိုင်းအသွင်ဖြင့် စွမ်းအင် ဖြာထွက်နေခြင်း ဖြစ်သည်။ ကြယ်များအတွင်း ပေါင်းစည်းမှု ကြယ်များ တောက်လောင်နေမှု၊ စွမ်းအင်ထုတ်လုပ်မှုမှာ နျူကလီးယား ပေါင်းစည်းမှုတို့ကြောင့် ဖြစ်သည်။ နေထက် ဒြပ်ပမာဏ လျော့နည်းသော ကြယ်များနှင့် နေနှင့် ဒြပ်ပမာဏချင်း မတိမ်းမယိမ်း ရှိသော ကြယ်များ၏ အတွင်းပိုင်း၌ ဖြစ်ပျက်နေသည့် နျူကလီးယား ပေါင်းစည်းမှု အသွင်ကွဲမှာ ပရိုတွန်လုံးချင်း ပေါင်းစည်းမှု (proton-proton chain or p-p chain) ဖြစ်သည်။ တဆင့်ချင်းစီ၌ ပရိုတွန် အသစ်တလုံးချင်းသာ ပါဝင်လာသည့် ပေါင်းစည်းမှု ဖြစ်သည်။ နေဒြပ်ထု၏ ၁.၃ ဆနှင့် အထက် ရှိသွားသော ကြယ်ကြီးများ၏ အတွင်းပိုင်း၌ ပိုမို အဖြစ်များသွားသည့် နျူကလီးယား ပေါင်းစည်းမှု အသွင်ကွဲမှာ ကာ-နိုက်-အောက် သံသရာ (CNO cycle) ဖြစ်သည်။ ကာဗွန် (C)၊ နိုက်ထြိုဂျင် (N)၊ အောက်စီဂျင် (O) ဗဟိုဆန်များအဖြစ် ပြောင်းချည်ပြန်ချည် ဖြစ်ပျက်လျက် စွမ်းအင် ဖြာထွက်ခြင်း ဖြစ်သည်။ အကိုးအကား စွမ်းအင် ပြောင်းလဲခြင်း နျူကလီးယားဓာတုဗေဒ နျူကလီးယားရူပဗေဒ
https://my.wikipedia.org/wiki/%E1%80%94%E1%80%BB%E1%80%B0%E1%80%80%E1%80%9C%E1%80%AE%E1%80%B8%E1%80%9A%E1%80%AC%E1%80%B8%20%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%E1%80%99%E1%80%BE%E1%80%AF
ရေရှည်သက်တမ်းကာလ
ကြယ်တခု၏ ရေရှည်သက်တမ်းကာလ (main sequence) ဆိုသည်မှာ ထိုကြယ်၏ ဒြပ်ထုပမာဏကြောင့် ဖြစ်ပေါ်သော အတွင်းဗဟို(core)ထံသို့ ရှိသမျှအပြင်လွှာများ ဒြပ်ဆွဲမှုနှင့် ဖိသိပ်ကျဝင် အားနှင့် အတွင်းဗဟိုမှ နျူကလီးယား ပေါင်းစည်းမှုကြောင့် ပြန်ကန်ဖြာထွက်နေသော စွမ်းအင်၏ အား ဤ၂ခုက အကြမ်းဖျင်း ညီမျှနေလျက် ကြယ်က တည်ငြိမ်တောက်လောင်နေသည့် ကာလကြီး ဖြစ်သည်။ ဒြပ်ထု မကြီးလှသော ကြယ်များက ဤ ရေရှည်သက်တမ်းကာလမျိုး ပိုမို ရှည်ကြာကြာ ရှိတတ်သည်။ ဒြပ်ထု ကြီးလှသော ကြယ်များ၌မူ အဖြစ်အပျက်များမှာ ပြင်းထန်မြန်ဆန်လျက် ရေရှည်ကာလ သက်တမ်း ပိုတိုသည်။ ကြယ်၏ ရေရှည်သက်တမ်းကာလ ပြီးဆုံးလျှင် ကြယ်က ထုထည်အားဖြင့်လည်း မတည်ငြိမ်တော့ဘဲ ကြယ်ပွကြီး အဖြစ်သို့ စတင် ပြောင်းလဲသွားသည်။ ထို့နောက် အပြင်လွှာများ လွင့်စဉ်ကွာထွက်ကာ နျူကလီးယား ပေါင်းစည်းမှုလည်း ဆက်မရှိတော့ဘဲ ထိုနည်းဖြင့် စွမ်းအင်ဖြာထွက်ခြင်း (ကြယ်တခု၏ တောက်လောင်ခြင်း) ရပ်ဆိုင်းသွားသည်။ သို့ဖြင့် ကြယ်အဖြစ်မှာ ရပ်ဆိုင်းပြီး ကြယ်ကြွင်းအဖြစ်သို့ ရောက်ရှိသွားသည်။ ဆက်စပ် ကြည့်ရှုဖွယ် ကြယ်ပွကြီး ကြယ်ကြွင်း
https://my.wikipedia.org/wiki/%E1%80%9B%E1%80%B1%E1%80%9B%E1%80%BE%E1%80%8A%E1%80%BA%E1%80%9E%E1%80%80%E1%80%BA%E1%80%90%E1%80%99%E1%80%BA%E1%80%B8%E1%80%80%E1%80%AC%E1%80%9C
တမွတ်စိတ်အပိုင်း
သင်္ချာသဘောတရားရှိ တမွတ်စိတ်အပိုင်း (:en:infinitesimal) ဆိုသည်မှ ကိန်းမျဉ်းဖြင့် ကိုယ်စားပြုဖော်ပြရလျှင် အဆုံးတမွတ် သေးငယ်လှစွာ စိတ်ထားသော အပိုင်းလေးများ ဖြစ်ပြီး ဖော်ပြနိုင်သည့် မည်သည့် ကိန်းစစ်အပိုင်းကိန်းလေးထက် မဆို ပမာဏနည်း၍၊ သုညနီးပါး အဆုံးတမွတ် ချဉ်းကပ်၍ သုညအတိအကျမူ မဟုတ်ပြန်သော ကိန်းစစ်ပမာဏ သဘောတရားလေးများ ဖြစ်ပေသည်။
https://my.wikipedia.org/wiki/%E1%80%90%E1%80%99%E1%80%BD%E1%80%90%E1%80%BA%E1%80%85%E1%80%AD%E1%80%90%E1%80%BA%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8
ဇော်ထူး
ဦးဇော်ထူး(၁၉၆၄ဖွား) သည် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ပညာရေး ၁၉၈၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေဘွဲ့ကို ရရှိခဲ့သည်။ ဝန်ထမ်းဘဝ ၁၉၉၁ ခုနှစ်က စပြီး တရားရေးဌာနတွင်  တရားရေးအရာရှိ အဆင့်(၄) တာဝန် ဖြင့် စတင်ထမ်းဆောင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားရေးဦးစီးမှူးရာထူး အဆင့်တိုးမြင့်ခံရသည်။ တိုင်းဒေသကြီးတရားသူကြီးလည်း ဖြစ်ခဲ့သည်။ တိုင်းလွှတ်တော်တရားသူကြီးဘဝ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ခန့်အပ်ခြင်းခံရသည်။ ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် အဖြစ် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် စတင်တာဝန်ထမ်းဆောင်သည်။ ထင်ရှားမှု သူသည် NLD ပါတီ ဥပဒေအကြံပေး အဖွဲ့ဝင် ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ် ခံရမှုအပေါ် ခုံရုံးဖွဲ့ စစ်ဆေးရာတွင်  ခရိုင်တရားသူကြီး တစ်ဦး အနေဖြင့် ပါဝင်ခဲ့ဖူးသည်။ ကိုးကား ၁၉၆၄ မွေးဖွားသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ တရားသူကြီးများ
https://my.wikipedia.org/wiki/%E1%80%87%E1%80%B1%E1%80%AC%E1%80%BA%E1%80%91%E1%80%B0%E1%80%B8
စိန်ထွန်း (တရားသူကြီး)
ဦးစိန်ထွန်း (၁၉၅၈ ဖွား) သည် မြန်မာတရားသူကြီးတစ်ဦးဖြစ်သည်။သူသည် မကွေးတိုင်းဒေသကြီးလွှတ်တော် တရားသူကြီးချုပ်အဖြစ် ၂၀၁၁ မတ်လ ၃၀ရက်ကစပြီး ၁၂နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခင်က သူသည် မကွေးတိုင်းတွင် တိုင်းတရားသူကြီးဖြစ်ခဲ့သည်။ ပညာရေးနှင့်ဝန်ထမ်းဘဝ ၎င်းသည် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် မှနေ၍ ဝိဇ္ဇာ(ဥပဒေ) ဘွဲ့ကို ၁၉၇၉ ခုနှစ်တွင်လည်းကောင်း၊ ဥပဒေ ဘွဲ့ကို ၁၉၈၀ ခုနှစ်တွင် လည်းကောင်း အသီးသီးရရှိခဲ့သည်။တရားသူကြီးချုပ် ဦးစိန်ထွန်းသည် တရားရေးဝန်ထမ်း အဆင့်-၄ အဖြစ် ၁၉၈၃ ခုနှစ်မှ စတင်တာဝန်ထမ်းဆောင်ပြီး အဆင့်ဆင့် ရာထူးတိုးမြှင့်ခံရပြီးနောက် တနင်္သာရီတိုင်းဒေသကြီး တိုင်းတရားသူကြီး၊ မကွေးတိုင်းဒေသကြီး တိုင်းတရားသူကြီးအထိ တရားရေးဝန်ထမ်းလုပ်သက် (၃၃) နှစ်ကြာသည်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ တိုင်းလွှတ်တော်တရားသူကြီးဘဝ တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်းကို မကွေးတိုင်းဒေသကြီးလွှတ်တော် တရားသူကြီး ချုပ်အဖြစ် ၂၀၀၁ ခုနှစ်၊ မတ်လ ၃၀တွင် နိုင်ငံတော်သမ္မတ ဦး သိန်းစိန်က အဆိုပြု ခန့်အပ်တာဝန်ပေးသည်။သူသည် တိုင်းနှင့်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များထဲ ၁၂နှစ်ကျော် တစ်ဆက်တည်း တာဝန်ထမ်းဆောင်ခံရသည့် အနည်းငယ်သောတရားသူကြီးချုပ်များထဲ တစ်ဦးအဖြစ်ပါဝင်ခဲ့သည်။ထိုတာဝန်ကို စစ်အာဏာသိမ်းပြီး ၂နှစ်ကျော်ကြာသည်အထိ ထမ်းဆောင်ကာ အငြိမ်းစားယူသည်။ ကိုးကား ၁၉၅၈ မွေးဖွားသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ တရားသူကြီးများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%AD%E1%80%94%E1%80%BA%E1%80%91%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%20%28%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%9E%E1%80%B0%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%29
မြင့်သိန်း (တရားသူကြီး)
တရားသူကြီး ဦးမြင့်သိန်း (၁၉၅၈ ဖွား) သည် ဒုတိယမြောက် မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သူသည် ယခင်က တိုင်းဒေသကြီးလွှတ်တော် တရားသူကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ တိုင်းလွှတ်တော်တရားသူကြီးချုပ်အဖြစ် ၂၀၂၃ ဇွန်လ ၁၆ ရက်တွင် ခန့်အပ်ခံရပြီး ၂၀၂၃ အောက်တိုဘာ ၁၀ရက်တွင် သက်ပြည့် အငြိမ်းစားယူသည်။ ပညာရေး ၎င်းသည် ဥပဒေဘွဲ့ကို ၁၉၈၂ ခုနှစ်တွင်လည်းကောင်း၊ စီးပွားရေးဥပဒေပညာ ဒီပလိုမာဘွဲ့ကို ၂၀၀၆ ခုနှစ်တွင် လည်းကောင်း ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။ တရားသူကြီး ဦးမြင့်သိန်းသည် တရားရေးဝန်ထမ်း အဆင့် (၄) အဖြစ် ၁၉၈၄ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး အဆင့်ဆင့် ရာထူးတိုးမြှင့်ခံ ရပြီးနောက် တရားရုံးချုပ် (နေပြည်တော်) တွင် ညွှန်ကြားရေးမှူးအဆင့်အထိ တရားရေးဝန်ထမ်းလုပ်သက် (၃၄) နှစ်ကျော် ကြာသည်အထိ တာဝန်ထမ်းဆောင်သည်။ တရားလွှတ်တော်တရားသူကြီးဘဝ သူ့ကို ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀တွင် မကွေးတိုင်းတရားလွှတ်တော် တရားသူကြီး အဖြစ် နိုင်ငံတော်သမ္မတက အဆိုပြု ခန့်အပ်သည်။ထိုတာဝန်ကို ၂၀၂၃ ဇွန်လ ၁၆ ရက် တိုင်းလွှတ်တော်တရားသူကြီးချုပ် တာဝန်မထမ်းဆောင်မီအထိ တစ်ဆက်တည်း တာဝန်ယူခဲ့သည်။ မိသားစုဘဝ ၎င်းသည် အိမ်ထောင်ရှိသူတစ်ဦးဖြစ်သည်။ ကိုးကား ၁၉၅၈ မွေးဖွားသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ တရားသူကြီးများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%84%E1%80%B7%E1%80%BA%E1%80%9E%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%20%28%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%9E%E1%80%B0%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%29
ဆံချည်မျှင်
ဆံချည်မျှင်တစ်မျှင် ဟူသော အလျားသည် လူ့ဦးခေါင်းရှိ ဆံပင်မွှေး၏ အချင်းကို ဆိုလို၌ သေးငယ်လှသော အလျားပမာဏအဖြစ် သုံးနှုန်းဆိုလိုကြသည်။ စာပေကဏ္ဍအမျိုးမျိုးတွင် လူ့မျက်စေ့နှင့် မြင်ရသမျှအနက် အသေးဆုံးသော အလျားပမာဏတစ်ခုအဖြစ် သုံးနှုန်းဆိုလိုကြသည်။ ပျမ်းမျှအားဖြင့် ဆံချည် ၁မျှင်စာ ဟူသော အလျားပမာဏမှာ တစ်လက်မ၏ ၁၄၄ပုံလျှင် ၁ပုံမျှ၊ သို့မဟုတ် ~176 μm (မိုက်ခရိုမီတာ) မျှ ဖြစ်၍၊ 0.2 mm (သို့) 2×10-4 m ဝန်းကျင်ဟု အကြမ်းဖျင်း မှတ်သားနိုင်သည်။ အကိုးအကား အလျား၏ ယူနစ်များ လူသား ဆံပင်
https://my.wikipedia.org/wiki/%E1%80%86%E1%80%B6%E1%80%81%E1%80%BB%E1%80%8A%E1%80%BA%E1%80%99%E1%80%BB%E1%80%BE%E1%80%84%E1%80%BA
အတည်စွမ်းအင်
အတည်စွမ်းအင် (သို့) တည်အောင်းစွမ်းအင် () ဆိုသည်မှာ အခွင့်သာသည်နှင့် အရာတ္တု၏ အရွေ့စွမ်းအင်အဖြစ် ပြောင်းလဲရန်၊ တစ်ခါတရံတွင် အပူအဖြစ် ဖြာထွက်ရန် တည်အောင်းနေသည့် စွမ်းအင်အသွင်ကွဲတစ်မျိုး ဖြစ်သည်။ ထို့ကြောင့် ဖြင့် အတည်စွမ်းအင်ကို စကေလာ တိုင်းဖွယ်အဖြစ် ရိုးစင်းလွန်းစွာ ဖော်ပြလျှင် - ဟု အကြမ်းဖျင်းအားဖြင့် ဖြစ်မည်။ က ၎င်းအတည်စွမ်းအင် ကင်းစင်မည့်နေရာမှ ယခုရောက်ရှိနေရာသို့ အလျားအကွာအဝေး ဖြစ်သည်။ က ယခုရောက်ရှိရာနေရာ၌ ခံစားနေရမည့် အား ပမာဏ ဖြစ်သည်။ ထို့ကြောင့် စပရိန် (ဗူးနွယ်) ကို အရှိအတိုင်း မထားဘဲ ကျုံ့သိပ်ထားလျှင်၊ ဆွဲဆန့်ထားလျှင် ၎င်းမှာ အတည်စွမ်းအင် ရှိနေမည်။ ချုပ်ထိန်းထားမှုတို့ ဖြေလွှတ်လိုက်လျှင် ၎င်းအတည်စွမ်းအင်တို့က အရွေ့စွမ်းအင် အဖြစ်သို့ ပြောင်းလဲမည်၊ အရပ်စကားဖြင့်လျှင် စပရိန်က ပြန်ကန်ထွက်မည်။ ဒြပ်ဆွဲစက်ကွင်းအတွင်း၌ ဒြပ်သားတစ်ခု မရွေ့မလျား တောင့်တည်နေခြင်းမှာလည်း ၎င်း၌ အတည်စွမ်းအင် ရှိနေခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အညှာက ထိန်းထား၍ မကြွေကျသေးသည့် သစ်သီးတလုံးသည် အညှာ၏ ထိန်းထားမှု မရှိတော့လျှင် ၎င်း၏ အတည်စွမ်းအင်တို့က အရွေ့စွမ်းအင် အဖြစ်သို့ ပြောင်းလဲမည်၊ အရပ်စကားဖြင့်လျှင် ရွေ့လျားကြွေကျမည်။ ထိုသို့ဖြင့် သက်ရောက်အားက ကမ္ဘာမြေဆွဲအားဖြစ်လျှင် အတည်စွမ်းအင် ညီမျှခြင်းမှာ - ဟု ဖြစ်မည်။ က အရာတ္တု၏ (သစ်သီး၏) ဒြပ်ထုပမာဏ၊ က ကမ္ဘာမြေ၏ ဒြပ်ထုကြောင့် ဖြစ်ပေါ်သော အလျင်ပြောင်းနှုန်း (acceleration due to gravity of the earth) ဖြစ်ပြီး၊ က အရာဝတ္ထု ချိတ်ဆွဲထားရာ အမြင့် ဖြစ်မည်။ ကိုးကား စွမ်းအင်ပုံစံများ ဒြပ်ဆွဲအားသက်ရောက်ခြင်း
https://my.wikipedia.org/wiki/%E1%80%A1%E1%80%90%E1%80%8A%E1%80%BA%E1%80%85%E1%80%BD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%84%E1%80%BA
ကျောက်မဲဆရာတော်
နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ (အဂ္ဂမဟာပဏ္ဍိတ) ဖွားမြင်တော်မူခြင်း ဆရာတော်ကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာ၌ ခမည်းတော် ဦးဝန်ဘ+ မယ်တော် ဒေါ်သင်းကြိုင်တို့မှ ဖွားမြင်တော်မူခဲ့ပါသည်။ ရဟန်းအဖြစ်သို့ ရောက်တော်မူခြင်း ဆရာတော်သည် နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြုပြီး ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ အနုသာသနဆရာအဖြစ် ဆောင်ရွက်မှုကို ခံယူလျှက် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။ ပရိယတ္တိစာပေ သင်ယူလေ့လာဆည်းပူးတော်မူခြင်း ဆရာတော်သည် စကျင်ရွာ၊ မဟာသိမ်ဆရာတော် ဘဒ္ဒန္တတိဿ၊ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ သက်တော်ရှည်ကျောင်းဆရာတော် (စံကင်းဆရာတော်ကြီး) ဘဒ္ဒန္တစန္ဒာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု)၊ ဇယမေဒနီဝါဆိုဆရာတော် ဒေါက်တာဘဒ္ဒန္တအဂ္ဃိယ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)၊ စစ်ကိုင်းမြို့၊ မဟာသုဗောဓါရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာရဒ (အဘိဓဇမဟာရဋ္ဌဂုရု)၊ ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) စသော ဆရာတော်များထံတွင် ပရိယတ္တိစာပေများကို သင်ယူလေ့လာဆည်းပူးတော်မူခဲ့ပါသည်။ အောင်မြင်ခဲ့သော စာမေးပွဲများ သာသနဓဇဓမ္မာစရိယ ဝိနယဓရ B.A (Myanmar) M.A (Sri Lanka) Ph.D (Punea University, India) သာသနာရေး အားပေးဆောင်ရွက်ခြင်း ဆရာတော်သည် ကျောက်မဲမြို့၊ သီဟိုဠ်ပရိယတ္တိစာသင်တိုက်၊ ပြင်ဦးလွင်မြို့၊ ဇယမေဒနီအောင်မြေကျောင်းတိုက်တို့၌ ပရိယတ္တိစာပေများ သင်ကြားပို့ချတော်မူခြင်း၊ ဘာသာရေးဆိုင်ရာ ကျမ်းဂန်စာပေများ၊ ဆောင်းပါးများ ရေးသားခဲ့ခြင်း၊ သံဃာအဖွဲ့အစည်းအဆင့်ဆင့်တို့၌ ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင်နာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်၊ တွဲဘက်အကျိုးတော်ဆောင် တာဝန်တို့ကို ထမ်းဆောင်ခဲ့ပြီး ယခုအခါ နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။ ဘွဲ့တံဆိပ်တော်အလှူခံရရှိတော်မူခြင်း အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် (၂၀၂၁) အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် (၂၀၂၂) မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မွေးဖွားခုနှစ် မသိရှိရသူများ (သက်ရှိထင်ရှားပုဂ္ဂိုလ်များ)
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%99%E1%80%B2%E1%80%86%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
အရွေ့စွမ်းအင်
အရွေ့စွမ်းအင် () ဆိုသည်မှာ အရာဝတ္ထု၏ ရွေ့လျားနေမှုကြောင့် ၎င်း၌ ရှိနေသော် စွမ်းအင်အသွင်ကွဲ ဖြစ်သည်။ =½² ဟု ဖော်ပြလျှင် က အရွေ့စွမ်းအင်၊ က ဒြပ်ထု၊ က အလျင် ဖြစ်သည်။ အဟုန် ဖြင့် ဖော်ပြလျှင် - ဟု ဖြစ်မည်။ အကိုးအကား စွမ်းအင်ပုံစံများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%9B%E1%80%BD%E1%80%B1%E1%80%B7%E1%80%85%E1%80%BD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%84%E1%80%BA
လောကလုံးဆိုင်ရာ ကိန်းသေ
(labmda; လမ်ဘ်ဒါ) ဟု သင်္ကေတပြရိုးရှိသော လောကလုံးဆိုင်ရာ ကိန်းသေ (သို့) လောကသရုပ် ကိန်းသေ (ခေါ်) အာကာသအဇ္ဈိတ ကိန်းသေ (အင်္ဂလိပ်: cosmological constant or Einstein's cosmological constant) ဆိုသည်မှာ အထွေထွေနှိုင်းရသီအိုရီ တွက်ချက်ရာတွင် အိုင်းစတိုင်းက သူ၏ လောကဇာတ်ခုံ ညီမျှခြင်း၌ ကိန်းသေ မြှောက်ဖော်ကိန်းတခုအဖြစ် ယာယီသဘော ထည့်သွင်းရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့နောက် ကွမ်တမ်သဘောယန္တရားအရလည်း ဒြပ်အလုံးစုံ ကင်းမဲ့နေသော လေဟာနယ်နေရာ၌ပင် စွမ်းအင် တစ်ခု ရှိသင့်ကြောင်း ပေါ်ထွက်လာသေးရာ၊ နေရာလွတ် ကိုယ်တိုင်အတွင်း၌ ရှိနေသော စွမ်းအင်ဖြန့်ကျက်မှု အသွင်တမျိုးအနေနှင့် လောကလုံးဆိုင်ရာ ကိန်းသေ (သို့) လောကသရုပ် ကိန်းသေ ကို ပြန်လည် အသုံးပြုလာကသည်။ ၎င်းက လောကနှံ့စွမ်းအင်ကို ဖော်ပြသည့် သင်္ချာသဘောတမျိုးလည်း ဖြစ်နေသည်။ သမိုင်းကြောင်း ၁၉၁၅ ခုနှစ်တွင်, အိုင်းစတိုင်းက လောကသရုပ်ကိန်းသေ မပါရှိဘဲ သူ၏ အထွေထွေနှိုင်းရသီအိုရီ ညီမျှခြင်းကို ဦးစွာ ထုတ်ပြန်သည်။ ထို့နောက် သူတင်ပြလိုက်သည့် သင်္ချာသဘောတရားတို့က အချိန်နှင့်မျှ အစဉ် ကျုံ့ဝင်နေသော အာကာသအဖြစ် လောကကြီးကို သရုပ်ဖော်ရာ ကျနေသည်ဟု သတိပြုမိသဖြင့် ၁၉၁၇ တွင် လောကသရုပ်ကိန်းသေ ကို ထည့်သွင်းကာ ဒြပ်ဆွဲမှုတို့သာ များဝှန်လျက် အစဉ်ကျုံ့ဝင်မနေသော၊ အရွယ်ငြိမ်နေသော လောက(universe) သရုပ်ကို သင်္ချာဖြင့် ဖော်ပြလိုက်သည်။ ထို့နောက် ပါဝင်နေသည့် အိုင်းစ်တိုင်းညီမျှခြင်းက အရွယ်အစား ပြောင်းလဲနေသော လောက(universe) ကိုသည်း ဖော်ညွှန်းနေနိုင်ကြေင်း ရုရှားလူမျိုး ရူပဗေဒရှင် အလက်ဇန်းဒါး ဖှရီးဒ်မန်းက ၁၉၂၂ တွင် သင်္ချာနည်းဖြင့် ထုတ်ပြန်ပြသည်။ လက်တွေ့ အသစ်တွေ့ရှိရမှုများနှင့် အထွေထွေနှိုင်းရသီအိုရီကို ဆီလျော်စွာ ပေါင်းစပ်ပြလျက်လည်း လောက(universe)ကြီးက စင်စစ်အားဖြင့် ကျယ်ကျယ်လာနေကြောင်း ဘယ်လ်ဂျီယန် နက္ခတ်ဗေဒပညာရှင်တဦးက ၁၉၂၇ တွင် ပြောကြားသည်။ လောက(universe)ကြီး ကျယ်ပြန့်နေမှု သီအိုရီကို ၁၉၃၁ တွင် အိုင်းစ်တိုင်း လိုက်လံလက်ခံ၍ ၁၉၃၂ တွင် ဒတ်ချ်လူမျိုး ရူပဗေဒရှင်တဦးနှင့် ပူးပေါင်းကာ လောကသရုပ်ကိန်းသေ သုညဖြစ်လျက် ကျယ်ပြန့်နေသည့် လောက(universe)ကြီး သင်္ချာဖော်ညွှန်းချက်ကို တါက်ထုတ်ခဲ့ကြသည်၊ အိုင်းရှ်တိုင်း-ဒီစစ်တာရ် အချိန်ကာသ ဖြစ်သည်။ လောက(universe)ကြီးက တသမတ်တည်းသော နှုန်းထားဖြင့်သာ ပြန့်ကားနေခြင်း မဟုတ်ဘဲ အချိန်နှင့်အမျှ နှုန်းထားတိုးမြင့်လျက်ပင် ပို၍တိုး၍ ကျယ်ကျယ်နေကြောင်း ၁၉၉၈ တွင် နက္ခတ်ဗေဒပညာရှင် အဖွဲ့နှစ်ဖွဲ့က ထုတ်ပြန်လိုက်သည်။ ထို့ကြောင့် လောက(universe)ကြီး၏ အချိန်-အာကာသကို (လောကဇာတ်ခုံကို) သင်္ချာနည်းဖြင့် ဖော်ပြလိုက်လျှင် လောကသရုပ် ကိန်းသေ ပါဝင်လျက် ၎င်း၏တန်ဖိုးက အပေါင်းကိန်း ဖြစ်နေရမည်ဟု သဘောသက်ရောက်လာသည်။ တနည်းအားဖြင့်ဆိုသော် လောကနှံ့စွမ်းအင် ဟူသော အခြင်းအရာတခု ရှိနေပြီး ဒြပ်ဆွဲမှုက ဆွဲစုဆုံမှုကို တွန်းအားပေးလျှင် ၎င်းလောကနှံ့စွမ်းအင်က တွန်းဖြာခွဲမှုများကို ဖြစ်စေနေရမည်ဟု သီအိုရီတို့ ထွက်ပေါ်လာသည်။ အိုင်းစတိုင်းညီမျှခြင်းအတွင်း၌ အိုင်းစတိုင်း စက်ကွင်းညီမျှခြင်းကို အောက်ပါအတိုင်း ဖော်ပြသည်။ ဤတွင် က အိုင်းစတိုင်းတာအုံ (Einstein tensor)၊ က အတိုင်းဆတာအုံ (metric tensor)၊ က အားအချိုး-စွမ်းအင် တာအုံ (stress-energy tensor)၊ က လောကသရုပ် ကိန်းသေ (cosmological constant)၊ က အိုင်းစတိုင်း ဒြပ်ဆွဲမှု ကိန်းသေ (Einstein gravitational constant) ဖြစ်သည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B1%E1%80%AC%E1%80%80%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC%20%E1%80%80%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%9E%E1%80%B1
လူရွှင်တော်
လူရွှင်‌တော် ( သို့မဟုတ် comic) ဆိုသည်မှာ ပရိသတ်အား ရယ်မောစေခြင်းဖြင့် ဖျော်ဖြေသော ပုဂ္ဂိုလ် ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ဖြင့် ဟာသ နှင့် အနုပညာကို ပေါင်းစပ်ပြီး ရယ်စရာဟာသပြက်လုံးများနှင့် ရိုးရာစံနှုန်းများကို သရုပ်ဖော်တင်ဆက်သော အနုပညာတစ်ရပ်ဖြစ်သည်။ ကိုးကား ဖျော်ဖြေရေး အလုပ်အကိုင်များ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B0%E1%80%9B%E1%80%BD%E1%80%BE%E1%80%84%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
မင်ခေါ့ဗ်ရှကီး စပေ့စ်
[[File:World line.svg|250px|thumb|right|မင်ခေါ့ဗ်ရှကီး အချိန်ကာသကို အလင်း ကန်တော့ချွန်၊''အန္တိမ အနာဂတ်၊ အန္တိမ အတိတ်၊ ဖြစ်အင်ခြား ဟူသော အစုပိုင်း၄ခုအဖြစ် ပိုင်းခြားပြပုံ။]]မင်ခေါ့ဗ်ရှကီး စပေ့စ် (သို့) မင်ခေါ့ဗ်ရှကီး ရပ်ဝန်း (ခေါ်) မင်ခေါ့ဗ်ရှကီး အချိန်ကာသ (သို့) မင်ခေါ့ဗ်ရှကီး လောကဇာတ်ခုံ (အင်္ဂလိပ်: Minkowski space or Minkowski spacetime) ဆိုသည်မှာ ထူးရှားနှိုင်းရသီအိုရီ၌ အာသာကလွင်တီးခေါင်၏ အဖြစ်သနစ်ကို အာကာသ (ခေါ်) နေရာရပ်ဝန်းနှင့် အချိန်တို့ ပေါင်းစည်းဖော်ပြသည့် အချိန်ကာသ (လောကဇာတ်ခုံ)တမျိုး ဖြစ်ပြီး ဟူသော အတိုင်းဆ ရှိသည်။ ထို့ကြောင့် အာကာသ (နေရာသဘောချည်း) စဉ်းစားသည့်အခါမျိုး၌ အကွာအဝေး (distance) အဖြစ် ရှိခဲ့သည့် သဘောသဘာဝသည် မင်ခေါ့ဗ်ရှကီး အချိန်ကာသ၌မူ အချိန်နှင့် နေရာ ကွာဟမှု (spacetime interval) အဖြစ် ရှိမည်။ အချိန်-နေရာ ကွာဟမှု ၃မျိုး ၌... ဖြစ်နေလျှင် ထိုသို့ တါက်ထုတ်နိုင်သော အချိန်-နေရာ ကွာဟမှု (spaetime interval) က အချိန်ခြား ကွာဟမှု (timelike interval) ဟု ဆိုရမည်။ အလင်းအလျင်ထက် လျော့နည်းသော သွားနှုန်းဖြင့် ထိုအမှတ် (ထိုဖြစ်အင်) ၂ခုကို ဆက်စပ်ဆွဲသားကြည့်နိုင်သဖြင့် အရာဝတ္ထုတစ်ခုတည်း၏ သွားလာတည်ရှိမှု ဖြစ်နိုင်သော အချိန်ကာသ(လောကဇာတ်ခုံ) လမ်းကြောင်းမျိုး ဖြစ်သည်။ သို့ဖြင့် အလင်း ကန်တော့ချွန် အဝန်းအဝိုင်းအတွင်း တည်ရှိနေမည်။ မင်ခေါ့ဗ်ရှကီး ပုံဆွဲနည်း (Minkowski diagram) ၌ ၄၅ ဒီဂရီထက် မတ်စောက်နေသည့် မျဉ်းကြောင်းများ ဖြစ်မည်။ ဖြစ်နေလျှင် ထိုအမှတ် (ထိုဖြစ်အင်) ၂ခု၏ အချိန်-နေရာ ကွာဟမှု (spaetime interval) က နေရာခြား ကွာဟမှု (spacelike interval) ဟု ဆိုရမည်။ မည်သည့် ဒြပ်ထုကမှ အချိန်ကာသ (လောကဇာတ်ခုံ)အတွင်း၌ အလင်းအလျင်ထက် ကျော်လွန်ရွေ့လျားနိုင်ခြင်း မရှိသဖြင့် ဤကွာဟမှုမျိုးသည် အရာဝတ္ထုတခုတည်း၏ သွားလာမှု လမ်းကြောင်း မဖြစ်နိုင်။ မတူသော အရာဝတ္ထုများကို အစကတည်းက နေရာခွဲခြားချထားလျက် ဖြစ်ပျက်စေသည့် အဖြစ်သနစ် ကွာဟမှုများသာ ဖြစ်နိုင်သည်။ မင်ခေါ့ဗ်ရှကီး ပုံဆွဲနည်း (Minkowski diagram) ၌ ၄၅ ဒီဂရီထက် ပြေစောင်းကျနေသည့် မျဉ်းကြောင်းများ ဖြစ်မည်။ ဖြစ်နေလျှင်မူ ထိုအဖြစ်အပျက်၂ခု၏ အချိန်-နေရာ ကွာဟမှု (spaetime interval) က အလင်းသွား ကွာဟမှု (lightlike''' interval) သို့မဟုတ် သက်ရောက်ချက် ကွာဟမှု (null interval) ဖြစ်သည်။ အလင်း၏ လောကဇာတ်ခုံတွင်း လမ်းကြောင်း၊ သို့မဟုတ် လျှပ်စစ်သံလိုက်ဓာတ်၊ ဒြပ်ဆွဲမှုတို့၏ သက်ရောက်ချက်ကိုယ်တိုင်တို့၏ လောကဇာတ်ခုံတွင်း သွားလမ်းကြောင်း ဖြစ်ချေမည်။ မင်ခေါ့ဗ်ရှကီး ပုံဆွဲနည်း (Minkowski diagram) ၌ ၄၅ ဒီဂရီကွက်တိ ရှိစောင်းနေသည့် မျဉ်းကြောင်းများ ဖြစ်မည်။
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%B7%E1%80%97%E1%80%BA%E1%80%9B%E1%80%BE%E1%80%80%E1%80%AE%E1%80%B8%20%E1%80%85%E1%80%95%E1%80%B1%E1%80%B7%E1%80%85%E1%80%BA
လောရန့်ဇ် ရှုထောင့်ပြောင်းကြည့်နည်း
လောရန့်ဇ် ရှုထောင့်ပြောင်းကြည့်နည်း (အင်္ဂလိပ်: Lorentz transformation) ဆိုသည်မှာ ရှုထောင့် (အမှတ်ချအိမ်; coordinate system) တစ်ခုမှ ၎င်းနှင့်နှိုင်းစာလျှင် ကိန်းသေအလျင်တခုနှင့် ရွေ့လျားနေသည့် အခြား ရှုထောင့် (အမှတ်ချအိမ်) အဖြစ်သို့ ချအမှတ် (coordinate)ဟူသော တည်နေရာနှင့် အချိန်များ ပြောင်းလဲကြည့်ရှုသည့်အနေဖြင့် တွက်ထုတ်နည်း ဖြစ်သည်။ ဒုတယ ရှုထောင့်(အမှတ်ချအိမ်)က ပထမ ရှုထောင့် (အမှတ်ချအိမ်)နှင့် နှိုင်းစာသော် ==0 ဟူသည့် ကနဦးအစ၌ ထပ်တူကျလျက် ထို့နောက်တွင် -ဦးတည်ရာသို့ ကိန်းသေအလျင် ဖြင့် အစဉ်ရွေ့လျားနေလျှင် ဤသို့ တွက်ထုတ်ခြင်းက လောရန့်ဇ် ရှုထောင့် ပြောင်းကြည့်နည်း ဖြစ်မည်။ က ကနဦး ရှုထောင့် (အမှတ်ချအိမ်) အတွင်း၌ ရှိနေမည့် ကျပန်း ချအမှတ် (coordinate)တို့ကို ကိုယ်စားပြုပြီး က အသစ်အဖြစ် ရွှေ့ပြောင်းကြည့်မည့် ဒုတိယ ရှုထောင့် (အမှတ်ချအိမ်)၏ ချအမှတ် (coordinate) အသစ်ရလဒ်များကို ဆိုလိုသည်။ ပါဝင်နေသည့် က အလင်းအလျင်ဖြစ်၍ ဂမ္မာ သင်္ကေတဖြင့် က လောရန့်ဇ် မြှောက်ဖော်ကိန်း ဖြစ်သည်၊ ၎င်းမြှောက်ဖော်ကိန်းက အချိန် တိုင်းကြောင်း နှင့် နှိုင်းရအလျင် ရှိနေသော အာကာသ တိုင်းကြောင်းတို့၌ ပါဝင်နေမည်ကို သတိပြုမိနိုင်သည်။ သို့ဖြင့် ဟူသော ကိန်းအုံအသွင်ပုံစံဖြင့်‌ အထွေထွေခြုံညှိမိအောင် ဖော်ပြရလျှင် အပြည့်အစုံအားဖြင့် အသို့ ဖြစ်မည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B1%E1%80%AC%E1%80%9B%E1%80%94%E1%80%B7%E1%80%BA%E1%80%87%E1%80%BA%20%E1%80%9B%E1%80%BE%E1%80%AF%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%B7%E1%80%BA%E1%80%95%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BC%E1%80%8A%E1%80%B7%E1%80%BA%E1%80%94%E1%80%8A%E1%80%BA%E1%80%B8
ညီညီစိုး
ဦးညီညီစိုး(၁၉၆၀ ဖွား) သည် လက်ရှိ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဖြစ်သည်။သူ့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ် မတ်လမှစ၍ ခန့်အပ်ခဲ့သည်။ထိုရာထူးမတိုင်မီ ဦးညီညီစိုးသည် မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ပညာရေး ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ၁၉၈၂ ခုနှစ်တွင် ရရှိသည်။ ဦးညီညီစိုးသည် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ကို ၁၉၉၈ ခုနှစ်တွင် ရရှိခဲ့သည်။ ဝန်ထမ်းဘဝ ၁၉၈၄ ခုနှစ်တွင် တရားရေးအရာရှိ အဆင့် - ၄ အဖြစ် တရားရေးဌာနတွင် စတင်တာဝန် ထမ်းဆောင်ခဲ့သည်။ တရားရေးရာထူး အဆင့်ဆင့်ကို ၂၆ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ခရိုင်တရားသူကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ယင်းနောက် မန္တလေးခရိုင်တရားရုံး၏ခရိုင်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။ တရားလွှတ်တော်တရားသူကြီးဘဝ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခန့်အပ်သည်။ထိုတာဝန်ကို ၂၀၂၁ မတ်လ ၃ရက်နေ့အထိ ထမ်းဆောင်သည်။ ၂၀၂၁ မတ်လ ၃ရက်နေ့တွင် တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခန့်အပ်ခဲ့၍ ဒုတိယမြောက် မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဖြစ်လာသည်။ ကိုးကား ၁၉၆၀ မွေးဖွားသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ တရားသူကြီးများ
https://my.wikipedia.org/wiki/%E1%80%8A%E1%80%AE%E1%80%8A%E1%80%AE%E1%80%85%E1%80%AD%E1%80%AF%E1%80%B8
ခင်သင်းဝေ
ဒေါ်ခင်သင်းဝေ(၁၉၆၀ ဖွား)သည် မြန်မာအမျိုးသမီးတရားသူကြီးဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် ခန့်အပ်ခံရသည်။ သူသည် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် ၏ တတိယမြောက်တရားသူကြီးချုပ်ဖြစ်သည်။ ပညာရေး ၁၉၈၂ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့သည်။ ဝန်ထမ်းဘဝ ဒေါ်ခင်သင်းဝေသည် ၁၉၈၄ခုနှစ်တွင် တရားရေးအရာရှိအဆင့် (၄)အဖြစ် တရားရေးဌာနတွင် စတင်ဝင်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူးအဆင့်နှင့် ညီမျှသော ‌တွဲဖက်တိုင်းတရားသူကြီးအဆင့်အထိ စုစုပေါင်း လုပ်သက် (၂၇)နှစ်ကျော် တရားရုံးအဆင့်ဆင့်တွင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။တွဲဖက်တိုင်းတရားသူကြီးအဖြစ် ၂၀၀၇ခုနှစ်တွင် ခန့်အပ်ခံရသည်။ တရားလွှတ်တော်တရားသူကြီးဘဝ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၁ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ခန့်အပ်ခံခဲ့ရကာ ထိုတာဝန်ကို ၁၀နှစ်နီးပါး ထမ်းဆောင်သည်။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဖြစ်လာခဲ့သည်။ မိသားစုဘဝ ဒေါ်ခင်သင်းဝေသည် အိမ်ထောင်မရှိသူ တစ်ဦးဖြစ်သည်။ ကိုးကား ၁၉၆၀ မွေးဖွားသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ တရားသူကြီးများ
https://my.wikipedia.org/wiki/%E1%80%81%E1%80%84%E1%80%BA%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%9D%E1%80%B1
ဟိုက်ဒရိုကာဘွန်
ဟိုက်ဒရိုကာဘွန် () ဆိုသည်မှာ ဟိုက်ဒရိုဂျင် နှင့် အောက်စီဂျင် ဟူသော ဒြပ်စင် နှစ်မျိုးတည်းဖြင့် ပုံစံအမျိုးမျိုး ဖွဲ့စည်းထားသည့် ဇီဝပြုမော်လီကျူးများကို ဆိုလိုသည်။ ကိုးကား
https://my.wikipedia.org/wiki/%E1%80%9F%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%92%E1%80%9B%E1%80%AD%E1%80%AF%E1%80%80%E1%80%AC%E1%80%98%E1%80%BD%E1%80%94%E1%80%BA
လုံးချင်းလျှပ်ဓာတ်
အစ်လက်ထြွန်တခု၏ (သို့မဟုတ်) ပရိုတွန်တခု၏ လျှပ်ဓာတ်ပမာဏ ဖြစ်သည့် 1.602×10-19 C မျှကို လုံးချင်းလျှပ်ဓာတ် ဟူသော ယူနစ်တခုအဖြစ် စံသတ်မှတ်ထားကြသည်။ လျှပ်မဓာတ်ရှိသော အစ်လက်ထြွန်၏ လျှပ်ဓာတ်ကို −1 ဟု ဖော်ညွှန်းလျက် လျှပ်ဖိုဓာတ်ရှိသော ပရိုတွန်၏ လျှပ်ဓာတ်ကို +1 ဟု ဖော်ညွှန်းရိုး ရှိသည်။
https://my.wikipedia.org/wiki/%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%BB%E1%80%BE%E1%80%95%E1%80%BA%E1%80%93%E1%80%AC%E1%80%90%E1%80%BA
ဆီလန်နိုင်ငံ
ဆီလန်နယ် (; ) သည် အင်္ဂလန်နိုင်ငံ၊ ဆာ့ဖစ်ကမ်းရိုးတန်းမှ အကွာခန့်၊ မြောက်ပင်လယ်အတွင်းတည်ရှိသော အသိအမှတ်မပြုထားသည့်၊ နိုင်ငံဟု ကိုယ်တိုင်ထုတ်ဖော်ကြေညာထားသည့် (Roughs Tower ဟု သိကြသော) HM Fort Roughs ကမ်းလွန်ပလက်ဖောင်းတစ်ခုဖြစ်သည်။ Roughs Tower သည် ဒုတိယကမ္ဘာစစ်အတွင်းက အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်တွင် ဗြိတိသျှတို့ တည်ဆောက်ခဲ့သော ပင်လယ်ခံတပ်တစ်ခု ဖြစ်သည်။ ၁၉၆၇ ခုနှစ်မှစ၍ အသုံးမပြုတော့သော Roughs Tower အား ပတ်ဒီ ရွိုင် ဘိတ် နှင့် မိသားစုတို့က ဝင်ရောက်နေထိုင်ကာ အချုပ်အခြာပိုင် နိုင်ငံအဖြစ် ကြေညာခဲ့သည်။ ဘိတ်သည် ၁၉၆၇ ခုနှစ်တွင် လိုင်စင်မဲ့ ရေဒီယိုထုတ်လွှင့်သည့် အုပ်စုတစ်ခုထံမှ Roughs Tower ကို သိမ်းပိုက်ခဲ့ကာ ကိုယ်ပိုင်စခန်းအဖြစ် အသုံးချရန် ကြံစည်ခဲ့သည်။ ဆီလန်အား ၁၉၇၈ ခုနှစ်တွင် ကြေးစားစစ်သားများက ကျူးကျော်ခဲ့သော်လည်း တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့သည်။ ယူနိုက်တက်ကင်းဒမ်းသည် ယင်း၏ ရေပိုက်နက်ကို ရေမိုင် ၁၂ မိုင်အထိ တိုးချဲ့ခဲ့သည့် ၁၉၈၇ ခုနှစ်မှစ၍ အဆိုပါပလက်ဖောင်းသည် ဗြိတိသျှပိုင်နက်အတွင်း ကျရောက်ခဲ့သည်။ တရားဝင်မှု အခြေအနေ ၁၉၈၇ ခုနှစ်တွင် ယူနိုက်တက်ကင်းဒမ်းသည် ၎င်း၏ ရေပိုင်နက်ကို တိုးချဲ့သည့်အချိန်မှစ၍ ဆီလန်သည် ဗြိတိသျှရေပိုက်နက်တွင် ကျရောက်ခဲ့သည်။ ဥပဒေကျွမ်းကျင်သူ ဂျွန်ဂစ်ဘ်ဆင်၏ အမြင်အရ ဆီလန်သည် လူလုပ်အဆောက်အဦတစ်ခုဖြစ်သည့်အတွက် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုရန် မဖြစ်နိုင်ဟု ဆိုသည်။ ဆီလန်သည် "နိုင်ငံအဖြစ် ကြေညာသည့် အသေးဆုံး ဧရိယာ" ဟူသော ဂင်းနက် ကမ္ဘာ့စံချိန်ကို ရရှိထားသည်။ အသိအမှတ်ပြုမှု ဩစတြေးလျန်း သတင်းစာနှင့် Red Bull တို့က ဆီလန်အား ကမ္ဘာ့အသေးဆုံးနိုင်ငံအဖြစ် ဖော်ပြခဲ့သော်လည်း ဆီလန်အား မည်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံကမှ တရားဝင်အသိအမှတ်ပြုခြင်း မရှိပေ။ သို့သော်လည်း ဆီလန်အစိုးရကမူ ယင်းထံသို့ သံတမန်တစ်ကြိမ် စေလွှတ်ခဲ့ခြင်းကြောင့် ယူနိုက်တက်ကင်းဒမ်းနှင့် ဂျာမနီနိုင်ငံတို့မှ အသိအမှတ်ပြုသည်ဟု ထုတ်ဖော်ကြေညာခဲ့သည်။ ကိုးကား အင်္ဂလန်နိုင်ငံ၏ ပထဝီဝင် အင်္ဂလန်နိုင်ငံရှိ ကျွန်းများ မြောက်ပင်လယ်
https://my.wikipedia.org/wiki/%E1%80%86%E1%80%AE%E1%80%9C%E1%80%94%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
ပခုက္ကူ-ကလေး ရထားလမ်း
ပခုက္ကူ-ကလေး ရထားလမ်းသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ပြေးဆွဲခဲ့သော မီးရထားလမ်းပိုင်းဖြစ်သည်။ အဆိုပါရထားလမ်းပိုင်းသည် ဧရာဝတီမြစ် အနောက်ဘက်ခြမ်း ပခုက္ကူမြို့နှင့် မြိုင်မြို့၊ ဂန့်ဂေါမြို့ ၊ ကလေးမြို့ စသည့်မြို့များကို ဆက်သွယ်ဖောက်လုပ်ထားခြင်းဖြစ်သည်။ ခရီးမိုင်ပေါင်း ၂၄၀.၄၇ မိုင် နှင့် သံလမ်းမိုင်: ၂၇၄.၀၄ မိုင် ရှိကာ ဘူတာစုစုပေါင်: ၆၅ ခု ရှိသည်။ သမိုင်းကြောင်း ၁၉၉၀ ပြည့်လွန်နှစ်များတွင် အစိုးရမှ ရထားလမ်း တိုးချဲ့ရေး လုပ်ငန်းများလုပ်ဆောင်ခဲ့ပြီး ပခုက္ကူမြို့မှ ကလေးမြို့အထိ လမ်းပိုင်းအသစ် လည်းပါဝင်သည်။ ကီလိုမီတာ ၃၀၀ ကျော် ရှည်လျားပြီး ရထားလမ်းအသစ်ဖောက်လုပ်တွင် အရှည်ဆုံး လမ်းပိုင်းဖြစ်သည်။ပုံညာတောင် အရှေ့ဖက်ရှိ လမ်းပိုင်းများကို ၁၉၉၄ နှင့် ၁၉၉၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး နှစ်နှစ်အကြာတွင် ကျောသို့ ရောက်ရှိခဲ့သည်။ ပုံညာတောင် အနောက်ဖက်ရှိ လမ်းပိုင်းအပိုင်းများကို ၁၉၉၅ နှင့် ၁၉၉၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ရေမျက်နီသို့ ရောက်ရှိခဲ့သည်။ ပုံညာတောင် အရှေ့ဖက်ရှိ ကျောရွာနှင့် အနောက်ဖက်ရှိ ရေမျက်နီရွာ တို့ကို ဆက်သွယ်ရန် ရှည်လမ်းသော တောင်ပေါ်လမ်း အစား ပုံညာတောင်ကို အရှေ့မှ အနောက်သို့ အတည့် ဖြတ်ထွက်သည့် ရထားဥမင်ကို ဖောက်လုပ်ရန် စီစဉ်ခဲ့သည်။ တောင်ပေါ်လမ်းသည် ၆၀ ကီလိုမီတာခန့် ရှိပြီး ပုံညာတောင် ဥမင်သည် ၁.၇ ကီလိုမီတာသာ ရှိသည်။ ထို့ကြောင့် ပုံညာတောင်အား ဖြတ်သန်းဖောက်လုပ်ရန် ၁.၇ ကီလိုမီတာကျော်ရှိသည့် ပုံညာတောင်ဥမင်လိုဏ်ခေါင်းတစ်ခု တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ပြီး မြန်မာနိုင်ငံတွင် အရှည်ဆုံး ဥမင်လိုဏ်ခေါင်း ဖြစ်လာခဲ့သည်။ ပုံညာတောင်ဥမင်၏ အရှေကဖက် ဝင်ပေါက်နှင့် အတွင်းပိုင်း (၅၀) မီတာ၊ အနောက်ဖက် ဝင်ပေါက်နှင့် အတွင်းပိုင်း (၃၀) မီတာခန့်ကို ၁၉၉၆-၉၇ တွင် မြန်မာ့မီးရထားနှင့် မြန်မာ့ သတ္တုတွင်း အင်ဂျင်နီယာအဖွဲ့ R.E.D.E. အဖွဲ့တို့ ပူးပေါင်း၍ တူးဖေါ်ခဲ့ကြသည်။ ဥမင်လိုဏ်ခေါင်းကို ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ကျော နှင့် ရေမျက်နီကြား လမ်းပိုင်းတည်ဆောက်မှုဖြင့် ပခုက္ကူ-ကလေးလမ်းပိုင်း တည်ဆောက်ပြီးစီးခဲ့သည်။ နယ်စပ်ရှိ တမူးမြို့ မှတစ်ဆင့် အိန္ဒိယသို့ လမ်းပိုင်းတိုးချဲ့ရန် အစီအစဉ်များ လျာထားခဲ့သည်။ အဆိုပါ လမ်းပိုင်းဖြင့် မြန်မာ့မီးရထားကွန်ရက်ကို အိန္ဒိယမီးရထားကွန်ရက်မှတစ်ဆင့် တူရကီ၊ အီရန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်းနှင့် မလေးရှားတို့မှ တစ်ဆင့် စင်ကာပူသို့ ဖြတ်သွားသော ရထားလမ်းပိုင်းများဖြင့် ချိတ်ဆက်နိုင်မည်ဖြစ်သည်။ လမ်းပိုင်းဖွင့်လှစ်ပြီး သုံးနှစ်ခွဲအကြာတွင် မိုးသည်းထန်ပြီး ဂီရိမုန်တိုင်းကျရောက်ချိန်တွင် ရထားလမ်းပိုင်းအတွင်း မြေသား နိမ့်ကျခြင်း၊ မြေပြိုခြင်းများကြောင့် ဂန့်ဂေါမြို့နယ် ကျော-ရေမျက်နီ လမ်းပိုင်းများ ပျက်စီးခဲ့ကာ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က စတင် ဖွင့်လှစ် ပြေးဆွဲခဲ့သော ရထားခရီးစဉ်အား ၂၀၁၀ ဇူလိုင် ၅ ရက်နေ့မှစ၍ ပိတ်ခဲ့ရသည်။ နောက်ပိုင်းတွင် ဂန့်ဂေါ - ဟံသာဝတီ(ချင်း) နှင့် ပခုက္ကူ - ကျော လမ်းပိုင်းမျာတွင်သာ အစုန်အဆန် ပြေးဆွဲနိုင်ခဲ့သည်။ ပုံညာတောင် ဥမင်အနီးတွင် ငလျင် ပြတ်ရွေ့ကြောများ ရှိခြင်း၊ ပြင်ဆင်ရန် ကုန်ကျစရိတ် များပြားခြင်းတို့ကြောင့် ဂန့်ဂေါမြို့နယ် ကျော-ရေမျက်နီ လမ်းပိုင်းအားပြင်ဆင်ပြေးဆွဲရန် အစီအစဉ် မရှိကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးမှ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။ ဘူတာရုံများ ပခုက္ကူ - ကလေး ရထားလမ်း (1) အောက်အို ၄၅၇ ရထားလမ်းခွဲ  မင်းရွာ ၄၅၅/၂၃ (3) မအူ 460 1/2 (4) ဝါယာ 76-Ywa 462 (5) ရေစကြိုမြို့ 467 (6) တောင်အို 471 1/2 (7) ပခန်းကြီး 474 3/4 (8) စည်သာ ၄၇၇ ၁/၂ (9) ကျောက်လှေခါး၄၈၂ (10) ပန်းတိုင်းခြုံ ၄၈၄ (11) ကြီးရွာ ၄၈၆ (12) ပခုက္ကူမြို့ ၄၈၉ ရထားလမ်းခွဲ ရွှေတန့်တစ် (၁၃) (14) ဖုန်းကန် ၄၉၂ ၁/၄ (15) ကျောက်ဖူး ၄၉၉ ၁/၄ (16) ဝါးကန် ၅၀၂ ၁/၂ (17) ပိုက်သင် ၅၀၇ (18) ဒေါင်အို ၅၁၃ ၃/၄ (19) မြိုင်မြို့ ၅၁၆ ၁/၅ (20) မြို့စိုး ၅၂၃ ၁/၂ (21) တောင်ရိုး ၅၂၆ ၃/၄ (22) တဲကြီး ၅၃၀ ၁/၄ (23) ကန်သစ် ၅၃၃ (24) ဖလန်ကိုင်း ၅၃၆ ၃/၄ (25) သစ်ကြီးတော ၅၃၉ ၁/၄ (26) ဝန်တင် ၅၄၄ ၁/၂ (27) ဓာတ်တော် ၅၄၇ (28) ညောင်ရင်း ၅၄၉ ၁/၄ (29) ဇီးပြား ၅၅၁ (30) မင်းကိုင်း ၅၅၃ (31) ခေါင်းပေါင်း ၅၆၀ (32) ကျောက်မဆင် ၅၆၂/၂၁ (33) ကျောသာ ၅၆၅ ၁/၂ (34) သရက်ချဉ်လွန်ထိုး ၅၇၀ ၁/၂ (35) ဝါးပင်  ၅၇၆ ၁/၄ (36) ကြက်ရိုး ၅၇၈ ၁/၂ (37) ဇံမွှေး ၅၈၀ ၁/၂ (38) ကျော ၅၈၂ ၁/၂ ပုံညာတောင်ဥမင်လိုဏ်ခေါင်း (39) ရေမျက်နီ ၅၉၅ ၃/၄ (40) ညောင်လယ် ၅၉၉ (41) ကောင်းတုံ ၆၀၃ (42) မဲ ၆၀၇ ၃/၄ (43) လယ်မ ၆၁၂ ၃/၄ (44) ပြည့်ဝ ၆၁၄ ၃/၄ (45) ဂန့်ဂေါ ၆၁၈ ၁/၄ (46) လာပို့ ၆၂၃ (47) မြင်းဇာ ၆၂၇ (48) လက်ပံ ၆၃၂ (49) ကန် ၆၃၉ ၁/၄ (50) မွေ့လယ် ၆၄၄ ၃/၄ (51) ရဲလှ - (52) နှမ်းခါး ၆၅၀ ၁/၂ (53) တောင်ခင်ရမ်း ၆၅၅ ၁/၄ (54) မြောက်ခင်ရမ်း ၆၅၈ ၁/၂ (55) ကုက္ကား - (56) ဟံသာဝတီ (ချင်း) ၆၆၃ ၁/၄ (57) မှန်တော ၆၆၈ ၃/၄ (58) ဆည်တော ၆၇၄ ၁/၄ (59) ဆည်းဟောင်း ၆၇၈ ၁/၄ (60) သံဘို ၆၈၀ ၁/၂ (61) ဟဲလုပ် ၆၈၃ ၃/၄ (62) နတ်ချောင်း ၆၈၇ ၃/၄ (63) ထောက်ကြန့် ၆၉၃ ၁/၂ (64) ထိုမာ ၆၉၅ ၁/၂ (65) သာစည်လေး ၆၉၇ ၁/၂ (66) ကလေးမြို့ ၇၀၁ ၁/၂ ကိုးကား မြန်မာနိုင်ငံရှိ ရထားလမ်းများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%81%E1%80%AF%E1%80%80%E1%80%B9%E1%80%80%E1%80%B0-%E1%80%80%E1%80%9C%E1%80%B1%E1%80%B8%20%E1%80%9B%E1%80%91%E1%80%AC%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8
စက်လုံး
စက်လုံး (အင်္ဂလိပ်: sphere) ဆိုသည်မှာ တိုင်းကြောင်း ၃ခု ရှိသော (3-dimensional) တာသေဝန်း (:en:ball (mathematics)) ဖြစ်သဖြင့်၊ အမှတ်တခုကို စက်လုံး၏ ဗဟိုဟု သတ်မှတ်ရလျှင် ၎င်းနေရာအမှတ်မှ အကွာအဝေး ချည်း ရှိသော အမှတ်များအားလုံးက ဖော်ဆောင်နေသည့်မျက်နှာပြင်မှာ စက်လုံး၏ မျက်နှာပြင် ဖြစ်မည်။ ထိုအခါ အလျားက စက်လုံး၏ အချင်းဝက် ဖြစ်ပြီး၊ ဟူသည့်အတိုင်း အချင်းမျဉ်း၊ အချင်းအလျား၏ ၂ဆသော မျဉ်း၊ ၂ဆသော အတိုင်းတာက စက်လုံး၏ အချင်း ဖြစ်မည်။ သို့ဖြင့် ကာတက်စီးယန်း ယူကလစ်ဒ် စပေ့စ်အားဖြင့် ဖော်ပြရလျှင် ဟူသည့် ညီမျှခြင်းကို အတူတကွ ပြေလည်စေသမျှသော ၊ ၊ တန်ဖိုးတို့ကို (, , ) ဟူသော ချအမှတ်(coordinate)များအဖြစ် ကိုယ်စီ ချလိုက်လျှင် ထွက်ပေါ်လာမည်မှာ စက်လုံး၏ မျက်နှာပြင် ဖြစ်တော့သည်။ ဆက်စပ်ကြည့်ရှုဖွယ် စက်ဝိုင်း အကိုးအကား စက်လုံးများ အခြေခံ ပုံသဏ္ဌာန်များ မျက်နှာပြင်များ အခြေခံ ဂျီဩမေတြီ
https://my.wikipedia.org/wiki/%E1%80%85%E1%80%80%E1%80%BA%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8
ဗဟို
ဗဟို (သို့) ဗဟိုမှတ် (ဗြိတိသျှ အင်္ဂလိပ် centre သို့မဟုတ် အမေရိကန် အင်္ဂလိပ် center) ဆိုသည်မှာ (ထုသည်အားဖြင့်၊ သို့မဟုတ် ဧရိယာအားဖြင့်) အရာဝတ္ထု၊ သို့မဟုတ် ပုံသဏ္ဌာန် တခုခု၏ အလယ်ခေါင် အကျဆုံး အမှတ်ကို ခေါ်ဆိုသည်။ ကိုးကား အခြေခံ ဂျီဩမေတြီ
https://my.wikipedia.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF
စူရတွလ်မာအေ့ဒဟ်
စူရတွလ်မာအေ့ဒဟ် (အင်္ဂလိပ်: Al-Maidah)သည် အလ္လာဟ်အရှင်မြတ်၏ ချပေးထားသော လူသားတို့ဖတ်ရွတ်ရမည့် ကုရ်အာန်ကျမ်းတော်မြတ်၏ (အဓိပ္ပါယ် မှာ - ခဲဘွယ်ဘောဇဉ်ကဏ္ဍ) ဖြစ်တော်မှုသည်။ ဤ စူရာဟ်တွင် မုက္ခပတ်တော်ပေါင်း (၁၂၀) ပါးပါဝင်ပြီး မဒီနာမြို့တွင် ကျရောက်ခဲ့တော်မှုသည်။ မြန်မာဘာသာပြန် 5|1| အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် (မိမိတို့ထားရှိကြလေသော) ပဋိညာဉ်ကတိဝန်ခံချက်များအတိုင်း လိုက်နာဆောင်ရွက်ကြလေကုန်။ (လာလတ္တံ့သော မုက္ခပါဌ်တော်၌ ) အသင်တို့အား ကြားနာစေအံ့သော အရာများမှအပ (ကုလားအုတ်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်ကဲ့သို့သော) ခြေလေးချောင်းရှိသောတိရစ္ဆာန်တို့သည်ကား အသင်တို့အဖို့ (ဟလာလ်ဟူ၍ စားသုံး) ခွင့်ပြုထားပြီးဖြစ်ချေ သတည်း။ သို့ရာတွင် အသင်တို့သည် (ဟဂျ်ပြုရန်အတွက်) ‘အိဟ်ရာမ်’ ဝတ်ရုံကို ဝတ်ဆင်ပြီးဖြစ်နေကြစဉ် အမဲလိုက်ခြင်းကို (ဟလာလ်) ခွင့်ပြုပြီးဖြစ်သည်ဟူ၍ မထင်မှတ်မယူဆ ကြရပေ။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိရာကိုသာ အမိန့်ပေးတော်မူပေသတည်း။ 5|2| အို- ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြသူ မုအ်မင်န်အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ (သာသနာတော်၏) ထူးခြားထင်ရှားသော အထိမ်းအမှတ်တို့ကိုလည်းကောင်း၊ ထူးမြတ်သောလများကိုလည်းကောင်း၊ ဟရမ်ဟူ၍ သတ်မှတ်ထားသောနယ်နိမိတ်အတွင်း ပြုလုပ်မည်ဖြစ်သော ကုရ်ဗာနီသားကောင်ကိုလည်းကောင်း၊ ကုရ်ဗာနီပြုလုပ်ရန်အတွက် လည်ပင်းတွင် လည်ဆွဲ၊ ပန်းကုံး၊ အမှတ်အသားတစ်ခုခုဆွဲထားသော ကုရ်ဗာနီသားကောင်များကိုလည်းကောင်း၊ မိမိတို့အား မွေးမြူတော်မူသောအရှင်မြတ်၏ ကျေးဇူးတော်နှင့် နှစ်သက်မှုကို ရှာဖွေဆည်းပူးခြင်းအားဖြင့် ‘အလ်ဗိုက်သွလ်ဟရာမ်’ ထူးမြတ်သောအိမ်တော် (ဝါ) ကအ်ဗဟ်ကျောင်းတော်သို့သွားရောက်ရန် ရည်စူးကြကုန်သော သူတို့ကိုလည်းကောင်း၊ မရိုမသေမလေးမခန့် မပြုကြကုန်လင့်။ ၎င်းနောက် အသင်တို့သည် (မိမိတို့) အိဟ်ရာမ်ဝတ်ရုံကို ချွတ်ပြီးကြလေသောအခါ အမဲလိုက်ခြင်းကို (ပြုလိုက) ပြုကြလေကုန်။ ၎င်းပြင် အသင်တို့သည် အကြင်လူမျိုးတစ်မျိုးကို မုန်းတီးခြင်းသည် အသင်တို့အား (တရာစည်းမျဉ်းကို) ကျူးလွန်ဖောက်ဖျက်ရန် လှုံ့ဆော်ရန်သည် မရှိစေရ။ ထိုလူမျိုးသည် (ဟုဒိုင်ဗီယဟ်တွင် စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုသောနှစ်တွင်) အသင်တို့အား ကအ်ဗဟ်ကျောင်းတော်သို့ (သွားရောက်ခြင်း) မှ ပိတ်ပင်တားဆီးခဲ့ကြလေသည်။ ထို့ပြင်တဝ အသင်တို့သည် ကောင်းမှုကုသိုလ်ပြုရာ၌လည်းကောင်း၊ မကောင်းမှုဒုစရိုက်မှ ကြဉ်ရှောင်ရာ၌ လည်းကောင်း၊ အချင်းချင်း ကူညီယိုင်းပင်းကြလေကုန်။ သို့ရာတွင် ပြစ်မှုဒုစရိုက်ကို ပြုကျင့်ရာတွင်လည်းကောင်း၊ ကျူးကျော်စော်ကားရာတွင်လည်းကောင်း၊ အချင်းချင်း ယိုင်းပင်းကူညီ ခြင်းကို မပြုကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် မလွဲဧကန် ပြင်းထန်စွာအပြစ်ပေးတော်မူသော အရှင်မြတ်ပင်တည်း။ 5|3| အလိုအလျောက်သေသော တိရစ္ဆာန်သည်လည်းကောင်း၊ သွေးသည်လည်းကောင်း၊ ဝက်တိရစ္ဆာန်၏ အသားသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုရည်စူးထားသော တိရစ္ဆာန်သည်လည်းကောင်း၊ လည်မျို (ညှစ်၍ဖြစ်စေ၊ လိမ်၍ဖြစ်စေ) သေရသော တိရစ္ဆာန်သည်လည်းကောင်း၊ ရိုက်နှက်၍ဖြစ်စေ၊ ထိခိုက်၍ဖြစ်စေ သေသောတိရစ္ဆာန်သည်လည်းကောင်း၊ မြင့်ရာမှကျ၍သေသော တိရစ္ဆာန်သည်လည်းကောင်း၊ ဦးချိုဖြင့်ဝှေ့ခတ်ခြင်းခံရ၍သေသော တိရစ္ဆာန်သည်လည်းကောင်း၊ (အသက်မထွက်မီ တရားတော်နှင့်အညီ) အသင်တို့ ‘ဇဗဟ်’လှီးဖြတ်နိုင်ခဲ့သော တိရစ္ဆာန်များမှအပ သားရဲတိရစ္ဆာန်များ ကိုက်ခဲသတ်ဖြတ်ထားသော တိရစ္ဆာန်သည်လည်းကောင်း၊ အသင်တို့အပေါ်၌ ဟရာမ်ဟူ၍ တားမြစ်ထားပြီးဖြစ်လေပြီ။ ရုပ်ပွားဆင်းတုများထားရှိရာဌာနများတွင် ပူဇော်သက္ကာပြုရန် လှီးဖြတ်ထားသော တိရစ္ဆာန်များသည်လည်းကောင်း၊ မဲမြှားတို့ဖြင့် အသင်တို့ ဝေစုဝေပုံခွဲခြင်းသည်လည်းကောင်း၊ အသင်တို့အဖို့ (စားသုံးခြင်းမပြုကြရန်) ‘ဟရာမ်’ တားမြစ်ထားပြီး ဖြစ်ချေသည်။ ဤသည်တို့ကား ပြစ်မှုဒုစရိုက်များပင်တည်း။ ယနေ့အဖို့မှာကား ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့သည် အသင်တို့၏သာသနာကို (ဖျက်ဆီးနိုင်ခြင်း) မှ မျှော်လင့်ချက်ကင်းမဲ့ကြပြီးဖြစ်ရာ အသင်တို့သည် ထိုသူတို့ကို စိုးရိမ်ကြောက်ရွံ့ခြင်းမရှိကြဘဲ ငါအရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလေကုန်။ ယနေ့သော်ကား ငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ‘ဒီန်’ သာသနာကို ပြည့်စုံစေတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် မိမိ၏ကျေးဇူးတော်များကို အသင်တို့အဖို့ အပြည့်အစုံ ချီးမြှင့်ပေးသနားတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် အစ္စလာမ်သာသနာကို အသင်တို့အဖို့ ‘ဒီန်’သာသနာတော်အဖြစ် သဘောတူနှစ်မြို့တော်မူခဲ့လေပြီ။ သို့ရာတွင် (အထက်တွင်မြစ်တားထားခဲ့သော အရာများနှင့်စပ်လျဉ်း၍ သိအပ်သောအချက်တစ်ရပ်မှာ) မည်သူမဆို အပြင်းအထန် ဆာလောင်မွတ်သိပ်၍ မလွှဲမရှောင်သာသည့်အခြေသို့ ဆိုက်ရောက်ခဲ့သဖြင့် ထိုသူသည် ပြစ်မှုကို နှစ်သက်လိုလားခြင်းမရှိဘဲ (မြစ်တားထားသောအရာများကို စားသုံးမိပါက) မချွတ်ဧကန် အလ္လာဟ် အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာ ကြင်နာသနားတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ 5|4| (အို- နဗီတမန်တော်) ထိုသူတို့သည် မိမိတို့ (စားသုံးခြင်း) အလို့ငှာ မည်သည့် (တိရစ္ဆာန်များ) ကို ‘ဟလာလ်’ခွင့်ပြုထားပြီးဖြစ်ပါသနည်းဟု အသင့်အား (လာရောက်) မေးမြန်းကြကုန်၏။ အသင်သည် (၎င်းတို့အား ဤသို့) ဖြေကြားပါလေ။ “(အို- အချင်းတို့) ၊ အသင်တို့ (စားသုံးရန်) အလို့ငှာ စင်ကြယ်သန့်ရှင်းသော (တိရစ္ဆာန်) ဟူသရွေ့တို့သည်‘ဟလာလ်’ ခွင့်ပြုပြီးဖြစ်ကုန်၏။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် သင်ကြားပြသတော်မူသော နည်းနိသျှည်းအတိုင်း မိမိတို့၏ အမဲလိုက်တိရစ္ဆာန်များကို (အမဲလိုက်ရန် စည်းကမ်းများကို တတ်သိလိမ်မာအောင်) သင်ကြားပြီး လွှတ်လိုက်၍ အသင်တို့အဖို့ ဖမ်းဆီးခဲ့သော အမဲကိုလည်း အသင်တို့သည် စားသုံးကြလေကုန်။ သို့ရာတွင် အသင်တို့သည် (ထိုအမဲလိုက်တိရစ္ဆာန်ကို အမဲလိုက်ရန်အလို့ငှာ လွှတ်လိုက်သောအခါ) အလ္လာဟ်အရှင်မြတ်၏နာမံတော်ကို တသကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေးစောကြောတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ 5|5| (အို- မွတ်စ်လင်မ်အပေါင်းတို့) ယနေ့ စင်ကြယ်သန့်ပြန့်သောအရာဟူသမျှတို့သည် အသင်တို့အဖို့ စားသုံးခွင့်ပြုပြီးဖြစ်လေသည်။ ၎င်းပြင် (ရှေးအထက်) ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသောသူတို့၏ စားသုံးဖွယ်ရာများသည်လည်း အသင်တို့အဖို့ (စားသုံး) ခွင့်ပြုပြီးဖြစ်ချေသည်။ ထိုနည်းတူစွာ အသင်တို့၏ စားသုံးဖွယ်ရာများသည်လည်း အသင်တို့အဖို့ (စားသုံး) ခွင့်ပြုပြီးဖြစ်၏။ ၎င်းပြင် သိက္ခာကိုစောင့်ထိန်းသော မွတ်စ်လင်မ် အမျိုးသမီးတို့သည်လည်းကောင်း၊ အသင်တို့အလျင် ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခြင်းခံကြရသော သူတို့အနက်မှ ကာအိန္ဒြေကိုစောင့်ထိန်းသော အမျိုးသမီးတို့သည်လည်းကောင်း၊ အကယ်၍ အသင်တို့သည် ထိုအမျိုးသမီးတို့အား ၎င်းတို့၏ ‘မဟရ်’ထိမ်းမြားကြေးများကိုပေးဆပ်၍ ထင်ထင်ပေါ်ပေါ် ကာမဂုဏ်လိုက်စားခြင်းနှင့် တိတ်တိတ်ပုန်း အမြှောင်မယားထားခြင်းမပြုဘဲ မိမိတို့၏သိက္ခာကို စောင့်ထိန်းခြင်းအားဖြင့်သာ ထိမ်းမြားကြပါမူ။ (ထိမ်းမြားခွင့်ပြုပြီး ဖြစ်လေသည်) ။ စင်စစ်သော်ကား မည်သူမဆို ‘အီမာန်’ ယုံကြည်မှုကိုပယ်ရှားပါလျှင် ထိုသူ၏ (ပြုခဲ့သမျှသော) ကောင်းမှုသည် မလွဲဧကန် အလဟဿ အချည်းနှီးပင်ဖြစ်အံ့။ ၎င်းပြင် ထိုသူသည် နောင်တမလွန်ဘဝ၌လည်း ကျိုးယုတ်ပျက်စီးသောသူတို့တွင် အပါအဝင်ဖြစ်လတ္တံ့။ (ရကူ-5) 5|6| အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် ‘ဆွလာသ်’ ဝတ်ပြုရန်ထကြသောအခါ မိမိတို့၏မျက်နှာများကိုလည်းကောင်း၊ လက်များကို တံတောင်ဆစ်ပါလည်းကောင်း၊ ဆေးကြောကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏ခြေများကိုလည်း ခြေမျက်စိများပါ (ဆေးကြောကြလေကုန်) ။ သို့ရာတွင် အကယ်၍ အသင်တို့သည် ‘ဂျနုဗ်’ခန္ဓာကိုယ် မသန့်သောသူများဖြစ်၍ (ရေသုံးသပ်ရန် ထိုက်နေကြပါလျှင် တစ်ကိုယ်လုံးကို) သန့်စင်အောင်ပြုကြလေကုန်။ ၎င်းပြင် အကယ်၍ အသင်တို့သည် ဝေဒနာရှင်များ ဖြစ်နေကြသော်လည်းကောင်း၊ ခရီးသည်များ ဖြစ်နေကြသော်လည်းကောင်း၊ သို့တည်းမဟုတ် အသင်တို့အနက် တစ်စုံတစ်ယောက်သောသူသည် ကျင်ကြီးကျင်ငယ်စွန့်ရာမှ ပြန်ခဲ့သည်ရှိသော်လည်းကောင်း၊ သို့မဟုတ် အသင်တို့သည် (မိမိတို့၏) ဇနီးမိန်းမများနှင့် မေထုန်သံဝါသပြုခဲ့ကြသည်ရှိသော်လည်းကောင်း၊ ပြီးနောက် အသင်တို့သည် ရေကိုမရရှိခဲ့ကြပါလျှင် စင်ကြယ်သန့်ပြန့်သောမြေကြီးဖြင့် သယမ်မွမ် ပြုကြလေကုန်။ ထို (ကဲ့သို့သယမ်မွမ် ပြုသော) အခါ အသင်တို့သည် (လက်ဝါးနှစ်ဖက်ဖြင့် မြေကြီးကိုရိုက်ပုတ်၍) မိမိတို့၏ မျက်နှာနှင့်လက်များကို ထိုမြေကြီးဖြင့် ပွတ်သပ်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်၌ ကျဉ်းကြပ်မှုကို ပြုလုပ်ရန် ရည်ရွယ်တော်မူသည်မဟုတ်။ သို့ရာတွင် ထိုအရှင်မြတ်သည် အသင်တို့အား သန့်ရှင်းစင်ကြယ်အောင်ပြုလုပ်ရန်နှင့် မိမိကျေးဇူးတော်ကို အသင်တို့အဖို့ အပြည့်အစုံပေးသနားတော်မူရန်သာ ရည်စူးတော်မူလေသည်။ သို့မှသာလျှင် အသင်တို့သည် ကျေးဇူးတော်ကိုသိတတ်သူများ ဖြစ်တန်ကြရာလေသတည်း။ 5|7| တစ်ဖန် အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ်အရှင်မြတ်ကပြုတော်မူသော ကျေးဇူးတော်ကိုလည်းကောင်း၊ အသင်တို့က “ကျွန်တော်မျိုးတို့သည် (အမိန့်တော်များကို) နာခံကြပါပြီ။ ထို့ပြင် ကျွန်တော်မျိုးတို့သည် (ယင်းအမိန့်တော်များအတိုင်း) လိုက်နာကြပါပြီ” ဟု ပြောဆိုကြသောအချိန်တွင် ထိုအရှင်မြတ်သည် အသင်တို့နှင့် မြဲမြံခိုင်ခံ့စွာဖွဲ့တော်မူသော ထိုအရှင်မြတ်၏ ပဋိညာဉ်တော် ကိုလည်းကောင်း၊ ပြန်လည်အောက်မေ့သတိရကြလေကုန်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား (အမြဲတစေ) ကြောက်ရွံ့ကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (လူတို့၏) စိတ်နှလုံးများတွင်ရှိသည်တို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ 5|8| အို-‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ် (၏ နှစ်သက်မှုရယူရန်) အလို့ငှာ ဖြောင့်မတ်တည်ကြည်သောသူများ၊ (သက်သေခံရာတွင်) တရားမျှတစွာ သက်သေခံသူများ ဖြစ်ကြလေကုန်။ ၎င်းပြင် မည်သည့်လူမျိုးတစ်မျိုးကိုမဆို မုန်းတီးခြင်းသည် အသင်တို့အား တရားမျှတမှုကိုမပြုဘဲနေကြရန် လှုံ့ဆော်သည်မရှိစေရ။ အသင်တို့သည် (မည်သည့်ကိစ္စမျိုး၌မဆို) တရားမျှတကြလေကုန်။ ယင်းတရားမျှတမှုသည်ကား ပြစ်မှုဒုစရိုက်တို့မှကြဉ်ရှောင်ခြင်းနှင့် အနီးစပ်ဆုံးပင်တည်း။ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။ 5|9| အလ္လာဟ်အရှင်မြတ်သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိ၍ ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည်ကြကုန်သောသူတို့အား၊ ၎င်းတို့အဖို့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်လှစွာသော အကျိုးဆုလဒ်သည် ရှိပေသည်ဟူ၍ ဝန်ခံကတိ ထားရှိတော်မူခဲ့ချေပြီ။ 5|10| သို့ရာတွင် သွေဖည်ငြင်းပယ်သည့်ပြင် ငါအရှင်မြတ်၏ တန်ခိုးပြာဋီဟာ သက်သေသာဓက လက္ခဏာများကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းဆိုသောသူတို့မူကား ငရဲဘုံသားများပင် ဖြစ်ကြကုန်သတည်း။ 5|11| အို-‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် မိမိတို့အပေါ်၌ (ရှိသော) အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို အောက်မေ့သတိရ ရှိကြလေကုန်။ တစ်ရံရောအခါ လူမျိုးတစ်မျိုးသည် မိမိတို့၏လက်များကို အသင်တို့ဘက်သို့လှမ်း (၍ အသင်တို့ကိုသတ်ဖြတ်) ကြရန် ကြံရွယ်ခဲ့ကြလေသည်။ ထိုအခါ ထိုအရှင်မြတ်သည် ၎င်းတို့၏လက်များကို အသင်တို့ (အား သတ်ဖြတ်ခြင်း) မှ တားဆီးတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။ အမှန်သော်ကား ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချ အားထားကြရပေမည်။ (ရကူ-6) 5|12|  ၎င်းနောက်မှ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (မိမိအမိန့်တော်များကို လိုက်နာရန်) အစ္စရာအီလီလူမျိုးတို့ထံမှ (လည်း) ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုသူတို့အနက်မှ၊ ဦးစီးနာယက အကြီးအကဲဆယ့်နှစ်ဦး ခန့်အပ်တော်မူခဲ့လေသည်။ ထိုနောက် အလ္လာဟ်အရှင်မြတ်သည် မိန့်ကြားတော်မူခဲ့လေသည်။ ဧကန်စင်စစ် ငါအရှင်မြတ် (၏ ကူညီရိုင်းပင်းမှု) သည် အသင်တို့နှင့်အတူရှိအံ့။ အကယ်၍သာ အသင်တို့သည် ‘ဆွလာသ်’ ဝတ်ပြုမှုကိုလည်း အမြဲ ဆောက်တည်ကြကုန်အံ့။ ၎င်းပြင် အသင်တို့သည် ‘ဇကာသ်’ တရားဝင်ဒါနကြေးကိုလည်း ပေးဆောင်ကြကုန်အံ့။ ၎င်းပြင် အသင်တို့သည် ငါအရှင်မြတ်၏ ရစူလ်တမန်တော်တို့အားလည်း သက်ဝင်ယုံကြည်၍ ထိုရစူလ်တမန်တော်များအား ရိုင်းပင်းကူညီကြကုန်အံ့။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မွန်မြတ်လှစွာသော ကြွေးမြီချေးငှားခြင်းကိုလည်း ပြုကြအံ့၊ ယင်းသို့ဖြစ်လျှင် ငါအရှင်မြတ်သည် အသင်တို့၏ပြစ်မှုဒုစရိုက်များကို မုချ ပပျောက်စေတော်မူအံ့။ ၎င်းပြင် အသင်တို့အား အကြင်ဥယျာဉ်များ၌လည်း မုချ ဝင်ရောက်စေတော်မူအံ့။ ထိုဥယျာဉ်များအောက်၌ ရေချောင်းများသည် စီးဆင်းလျက်ရှိကြလတ္တံ့။ သို့ရာတွင်မူကား အသင်တို့အနက်မှ မည်သူမဆို ယင်း (ကဲ့သို့ ပဋိညာဉ်ထားရှိပြီး) နောက် သွေဖည်ငြင်းပယ်ခဲ့ပါမူ ထိုသူသည် ဖြောင့်မှန်သော (တရား) လမ်းမှ မုချ ဝေးကွာသွားခဲ့ချေပြီ။ 5|13| ထိုနောက် ၎င်း (အစ္စရာအီလီမျိုးနွယ်) တို့သည် မိမိတို့ပဋိညာဉ်ကို ဖောက်ဖျက်ခြင်းကြောင့် ငါအရှင်မြတ်သည် ၎င်းတို့အား (မိမိ၏) ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့၏။ ထိုပြင် ၎င်းတို့၏ စိတ်နှလုံးများကိုလည်း ခက်ထန်မာကျောအောင် ပြုလုပ်တော်မူခဲ့၏။ ထိုသူတို့သည် မုက္ခပါဌ်တော်များကို ၎င်းတို့၏မူရင်းနေရာမှများမှ ရွေ့ပြောင်းကြသည်။ ၎င်းပြင် ထိုသူတို့သည် မိမိတို့အား ဆုံးမထားသော အဆုံးအမဩဝါဒများအနက်မှ (ကြီးကျယ် သော) အစိတ်အပိုင်းတစ်ခုကိုလည်း မေ့ပစ်ခဲ့ကြလေသည်။ အမှန်သော်ကား အသင်သည် ၎င်းတို့အနက်မှ တချို့သောသူတို့မှတစ်ပါး ကျန်လူများ၏ သစ္စာဖောက်မှုတစ်ခုခုကို အမြဲပင် ကြားသိလျက်ရှိနေပေမည်။ သို့ရာတွင် အသင်သည် ၎င်းတို့အား ခွင့်လွှတ်ပါလေ။ ထို့ပြင် (၎င်းတို့ဘက်မှ) မျက်နှာလွှဲရှောင်ပါလေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုပြုသောသူတို့အား ချစ်မြတ်နိုးတော်မူလေသတည်း။ 5|14| ထိုနည်းတူစွာ ငါအရှင်မြတ်သည် (မိမိတို့ကိုယ်ကို) “အကျွန်ုပ်တို့သည် ‘နဆွာရာ’ ခရစ်ယာန်များဖြစ်ကြသည်” ဟု ပြောဆိုကြကုန်သောသူတို့ထံမှလည်း (ငါအရှင်မြတ်၏အမိန့်တော်များကို လိုက်နာကြရန်) ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့လေသည်။ သို့ပါလျက် ယင်းသူတို့သည် ဆိုဆုံးမခဲ့ပြီးဖြစ်သော ဆုံးမဩဝါဒတို့အနက်မှ (အကြီးအကျယ်ဆုံး) အစိတ်အပိုင်းကို မေ့လျော့ပစ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့တွင် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တိုင်အောင် ရန်ငြိုးထားမှုနှင့် မုန်းတီးမှုတို့ကို ထည့်သွင်းပေးတော်မူခဲ့လေသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့ ပြုလုပ်လေ့ရှိခဲ့ကြသောအရာများကို မကြာမြင့်မီ သိမြင်စေတော်မူအံ့။ 5|15| အို-‘ကိတာဗီ’ ရှေးအထက်ကျမ်းဂန်ရရှိသူအပေါင်းတို့၊ ငါအရှင်မြတ်၏ ရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့ထံသို့ မုချဧကန် ရောက်ရှိလာခဲ့ချေပြီ။ ထိုရစူလ်တမန်တော်သည် (တောင်ရာတ်နှင့်အိန်ဂျီလ်) ကျမ်းထဲမှ အသင်တို့ ထိန်ချန်လျှို့ဝှက် ဖုံးအုပ်ထားခဲ့သောအရာများအနက် များစွာသောအရာတို့ကို အသင်တို့အား ရှင်းလင်းထင်ရှားစွာ ဖော်ပြလေသည်။ ၎င်းပြင် များစွာသောအချက် တို့ကိုမူ အပြစ်မယူဘဲ ခွင့်လွှတ်လေသည်။ အသင်တို့ထံသို့ အလ္လာဟ်အရှင်မြတ်အထံတော်မှ (ထွန်းလင်းတောက်ပသော) ရောင်ခြည်တော် (ဝါ) နဗီတမန်တော် (မုဟမ္မဒ်) နှင့်တကွ ထင်ရှားလှစွာသော (ကုရ်အာန်) ကျမ်းတော်မြတ်သည် စင်စစ်ဧကန် ရောက်ရှိလာခဲ့ချေပြီ။ (တစ်နည်း) အသင်တို့ထံသို့ အလ္လာဟ်အရှင်မြတ်အထံတော်မှ ရောင်ခြည်တော်တည်းဟူသော ထင်ရှားသော (ကုရ်အာန်) ကျမ်းတော်မြတ်သည် စင်စစ်ဧကန် ရောက်ရှိလာခဲ့ချေပြီ။ 5|16| အလ္လာဟ်အရှင်မြတ်သည် ထို (ကုရ်အာန်) ကျမ်းတော်မြတ်ဖြင့် မိမိ၏နှစ်သက်မှုကို လိုက်နာသောသူတို့အား ငြိမ်းချမ်းသာယာခြင်း၏လမ်းများကို ပြသတော်မူ၏။ ၎င်းပြင် ယင်းသူတို့အား မိမိအမိန့် တော်နှင့် (ဝါ) မိမိသတ်မှတ်ပြဋ္ဌာန်းထားတော်မူသော ဥပဒေစည်းမျဉ်းအတိုင်း ‘ကုဖ်ရ်’ တည်းဟူသော အမှောင်ထုကြီးအတွင်းမှ (အစ္စလာမ်တည်းဟူသော) အလင်းရောင်သို့ ထုတ်ယူပို့ဆောင်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုသူတို့အား ဖြောင့်မတ်မှန်ကန်သော တရားလမ်းကိုလည်း ပြသတော်မူ၏။ 5|17| အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ မရ်ယမ်၏ သားတော် မစီဟ် (အီစာ) ပင်ဖြစ်သည်ဟူ၍ ပြောဆိုကြကုန်သောသူတို့ကား ဧကန်စင်စစ် သွေဖည်ငြင်းပယ်သူများ ဖြစ်ခဲ့ကြချေပြီ။ (အို- နဗီတမန်တော်) အသင်သည် (ထိုသူတို့အား ဤသို့ချေပ) ပြောဆိုပါလေ။ “(ဟယ်-အချင်းတို့) သို့ဖြစ်လျှင် အကယ်၍သာ ထိုအလ္လာဟ်အရှင်မြတ်သည် ‘မရ်ယမ်’ ၏သားတော် ‘မစီဟ်’ကိုလည်းကောင်း၊ ထို‘မစီဟ်’၏ မယ်တော်ကိုလည်းကောင်း၊ ကမ္ဘာမြေပြင်ဝယ် ရှိရှိသမျှအားလုံးတို့ကို ဖျက်ဆီးလိုတော်မူပါလျှင် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်၌ တစ်စုံတစ်ရာ ဝင်ရောက်စွက်ဖက် ကန့်ကွက်နိုင်သူကား မည်သူရှိသနည်း။ အမှန်စင်စစ်သော်ကား မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကြီးကိုလည်းကောင်း၊ မိုးနှင့်မြေကြားရှိ အရာဝတ္ထုအားလုံးတို့ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သာလျှင် စိုးပိုင်တော်မူ၏။ ထိုအရှင်မြတ်သည် မိမိအလိုတော်ရှိရာကို ဖန်ဆင်းတော်မူ၏။ စင်စစ်သော် ကားအလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။ 5|18| ၎င်းပြင် ယဟူဒီတို့သည်လည်းကောင်း၊ ခရစ်ယာန်တို့သည်လည်းကောင်း ငါတို့သည် အလ္လာဟ်အရှင်မြတ်၏ သားတော်များလည်းဖြစ်ကြသည်။ ထိုအရှင်မြတ်၏ အချစ်တော်များလည်းဖြစ်ကြသည်ဟူ၍ ပြောဆိုကြ၏။ (အို- နဗီတမန်တော် အသင်သည် ၎င်းတို့အား ဤသို့) မေးမြန်းပါလေ။ (အချင်းတို့) သို့ဖြစ်လျှင် ထိုအရှင်မြတ်သည် အဘယ်ကြောင့် အသင်တို့အား အသင်တို့၏အပြစ်များကြောင့် ပြစ်ဒဏ်စီရင်တော်မူပါသနည်း။ အမှန်မှာ အသင်တို့သည်လည်း ထိုအရှင်မြတ်ဖန်ဆင်းတော်မူသည့် (လူသားများ) အနက်မှ လူသာမန်များပင်ဖြစ်ကြပေသည်။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူ၍ မိမိအလိုရှိတော်မူသောသူကို ပြစ်ဒဏ်ပေးတော်မူ၏။ အမှန်မှာ မိုးများနှင့် ကမ္ဘာမြေကြီးကိုလည်းကောင်း၊ ထိုမိုးနှင့်မြေ၏စပ်ကြားတွင် ရှိရှိသမျှသော အရာများကိုလည်းကောင်း အလ္လာဟ်အရှင်မြတ်သာလျှင် စိုးပိုင်တော်မူသည်။ ၎င်းပြင် (လူခပ်သိမ်းတို့သည်) ထိုအရှင်မြတ်ဘက်တော်သို့သာလျှင် ပြန်လည်ရောက်ကြရမည်သာတည်း။ 5|19| အို- (ရှေးအထက်) ကျမ်းဂန်ရရှိသူ (ယဟူဒီ၊ ခရစ်ယာန်) အပေါင်းတို့၊ အသင်တို့သည် (‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင်) “ကျွန်တော်မျိုးတို့ထံ (မှန်ကန်သော တရားဓမ္မနှင့်စပ်လျဉ်း၍) ဝမ်းမြောက်ဖွယ်ရာသတင်း ပြောကြားသူဟူ၍လည်းကောင်း၊ (လမ်းမှားသို့မရောက်စေရန်) သတိပေးနှိုးဆော်သူဟူ၍လည်းကောင်း၊ တစ်ဦးတစ်ယောက်မျှပင် ရောက်ရှိလာခဲ့သည်မရှိပါ” ဟု မပြောဆိုနိုင်ကြရန် ရစူလ်တမန်တော်များ အဆက်ပြတ်နေသောအချိန်ကာလ၌ အရှင်မြတ်၏ရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ ထိုရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့အား (မှန်ကန်သော တရားဓမ္မ၊ အမိန့်၊ ပညတ်တို့ကို) ပွင့်လင်းထင်ရှားစွာ ဟောညွှန်လျက်ရှိပေသည်။ သို့ဖြစ်ပေရာ ယခုသော်ကား အသင်တို့ထံ ဝမ်းမြောက်ဖွယ်ရာသတင်းပြောကြားသူ၊ သတိပေးနှိုးဆော်သူ (နဗီတမန်တော်မုဟမ္မဒ်) သည် ဧကန်မလွဲ ရောက်ရှိလာခဲ့ချေပြီ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ 5|20| ထို့ပြင်တဝ (ပြန်လည်အောက်မေ့ သတိရရှိကြလေကုန်) အခါတစ်ပါး၌ (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့အား (ဤသို့) ပြောကြားခဲ့လေသည်။ “အို- ငါ၏အမျိုးသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အပေါ်၌တင်ရှိသော အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို ပြန်လည်အောက်မေ့ သတိရကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့၌ နဗီတမန်တော်များကို ပွင့်စေတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့အား ဘုရင်မင်းများ (အဖြစ်) လည်း မြှောက်စားတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့အား စကြဝဠာတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချီးမြှင့်တော်မမူခဲ့သော ကျေးဇူးတော်များကိုလည်း ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။” 5|21| “အို- ကျွန်ုပ်၏အမျိုးသားအပေါင်းတို့ အသင်တို့သည် မိမိတို့အဖို့ အလ္လာဟ်အရှင်မြတ်က (သတ်မှတ်) ရေးသားတော်မူပြီးဖြစ်သော ထွတ်မြတ်သည့် (နယ်) အတွင်းသို့ ဝင်ရောက်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏နောက်ဘက်သို့လှည့်၍ ပြန်မသွားကြကုန်လင့်။ သို့ပြန်လှည့်သွားကြပါမူ အသင်တို့သည် ဆုံးရှုံးပျက်စီးသူများ ဖြစ်သွားကြရပေမည်။” 5 |22| ၎င်း (အမျိုးသား) တို့ကမူ (ဤသို့) ဖြေကြားခဲ့ကြလေသည်။ “အို- မူစာ၊ မုချဧကန် ထို (နယ်) မြေ၌ လုံးရပ်အင်အားကြီးမားသော လူမျိုးတစ်မျိုးသည် ရှိနေကြကုန်၏။ ထိုလူမျိုးတို့သည် ၎င်း (နယ်) မြေအတွင်းမှ ထွက်ခွာ၍မသွားသမျှကာလပတ်လုံး ကျွန်ုပ်တို့သည် ယင်း (နယ်) မြေအတွင်းသို့ အလျင်းဝင်ရောက်ကြမည်မဟုတ်ပေ။ အကယ်၍ ထိုလူမျိုးတို့သည် ၎င်း (နယ်) မြေအတွင်းမှ ထွက်ခွာသွားကြပါမူ၊ ကျွန်ုပ်တို့သည် ဧကန်စင်စစ် (ထိုနယ်မြေအတွင်းသို့) ဝင်ရောက်ကြလတ္တံ့။” 5|23| (ထိုအခါ) အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်သောသူတို့အနက်မှ အလ္လာဟ်အရှင်မြတ် ကျေးဇူးပြုတော်မူသော လူနှစ်ယောက်သည် (ဤသို့) ပြောဆိုကြလေသည်။ “(ဟယ်- အချင်းတို့) အသင်တို့သည် ၎င်းတို့ အားတိုက်ခိုက်ရင်း တံခါးဝအတွင်းသို့ ဝင်ရောက်ကြလေကုန်။ အကယ်၍သာ အသင်တို့သည် ယင်းတံခါးဝအတွင်းသို့ ဝင်ရောက်ခဲ့ကြပါလျှင် အသင်တို့သည်သာလျှင် (စစ်ရေး) အောင်မြင်သူများ ဖြစ်ကြလတ္တံ့။ ၎င်းပြင် အသင်တို့သည် အကယ်၍‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချ အားထားကြလေကုန်။” 5|24| ထိုအခါ အမျိုးသားတို့က အို- မူစာ ၎င်းတို့သည် ထို (နယ်) မြေအတွင်း ရှိနေသမျှကာလပတ်လုံး မုချဧကန် ကျွန်ုပ်တို့သည် ယင်း (နယ်) မြေအတွင်းသို့ မည်သည့်အခါမျှ အလျင်း ဝင်ရောက်ကြမည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်ကိုယ်တိုင် မိမိအရှင်မြတ်နှင့်တကွ သွားရောက်ပြီး အသင်တို့နှစ်ဦးသာလျှင် တိုက်ခိုက်ကြလေကုန်။ ကျွန်ုပ်တို့မူကား ဤနေရာ၌ပင် ထိုင်၍နေကြကုန်အံ့” ဟု ပြောဆိုကြကုန်သတည်း။ 5|25| ထိုရောအခါဝယ် (နဗီတမန်တော်) မူစာက “အို- ကျွန်တော်မျိုး၏အရှင်မြတ်၊ ကျွန်တော်မျိုးသည် မိမိကိုယ်နှင့် မိမိ၏နောင်တော် (နဗီတမန်ဟာရွန်) မှတစ်ပါး အခြား မည်သူ့အပေါ်၌မျှ အခွင့်အာဏာ ပိုင်ဆိုင်သည်မရှိပါ။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်တော်မျိုးနှင့် (ဤ) စည်းကမ်းဖောက်ဖျက် သွေဖည်ငြင်းဆန်သော လူမျိုးတို့၏စပ်ကြားတွင် အဆုံးအဖြတ်ပေးတော်မူပါ”ဟု လျှောက်ထားပန်ကြားခဲ့လေသည်။ 5|26| ထိုအခါဝယ် (အလ္လာဟ်အရှင်မြတ်ကမူ) “သို့ဖြစ်လျှင် ဧကန်စင်စစ် ထို (နယ်) မြေသည် ၎င်းတို့အဖို့ နှစ်ပေါင်းလေးဆယ်တိုင်တိုင် ‘ဟရာမ်’ မြစ်တားထားပြီးဖြစ်ချေပြီ။ ၎င်းတို့သည် (ဤ သိနကျွန်းစွယ်၏ နယ်) မြေ၌ပင် တဝဲလည်လည် ဖြစ်ကြလတ္တံ့။ သို့ဖြစ်ပေရာ အသင် (နဗီတမန်တော်မူစာ) သည် (ဤ) စည်းကမ်းဖောက်ဖျက် အမိန့်တော်ကိုသွေဖည်ငြင်းဆန်သော လူမျိုးနှင့်ပတ်သက်၍ (လုံးဝ) ပူဆွေးဝမ်းနည်းခြင်း မရှိပါလေနှင့်” ဟု မိန့်ကြားတော်မူခဲ့လေသတည်း။ 5|27| ၎င်းပြင် (အို -နဗီတမန်တော်) အသင်သည် ထိုသူတို့အား အာဒမ်၏ သားတော်နှစ်ဦး၏အကြောင်း မှန်ကန်စွာပြောပြပါလေ။ တစ်ရံရော အခါ ထိုသားတော်နှစ်ဦးသည် (အလ္လာဟ်အရှင်မြတ်အားရည်စူး၍) တစ်စုံတစ်ရာအလှူဝတ္ထုကို ပူဇော်သက္ကာရပြုကြလေရာ ၎င်းတို့နှစ်ဦးအနက် တစ်ဦး (ဖြစ်သော ညီတော်ဟာဗီလ်) ၏ ပူဇော်သက္ကာရ ဝတ္ထုပစ္စည်းသည် (အလ္လာဟ်အရှင်မြတ်) ၏ သဘောတူတော်မူခြင်းခံရပြီး အခြားတစ်ဦး (ဖြစ်သောနောင်တော် ကာဗီလ်) ၏ ပူဇော်သက္ကာရ ဝတ္ထုပစ္စည်းမှာမူ (အလ္လာဟ်အရှင်မြတ်၏) သဘောတူတော်မူခြင်းကို ခံခဲ့ရသည်မရှိချေ။ (သို့ဖြစ်ပေရာ ကာဗီလ်က ဟာဗီလ်အား) ‘ငါသည် အသင့်ကို မုချသတ်မည်” ဟုပြောဆိုခဲ့၏။ (ဟာဗီလ်က) “အလ္လာဟ်အရှင်မြတ်သည် သူတော်စင်များ၏ထံမှသာလျှင် (ပူဇော်သက္ကာရများကို) သဘောတူလက်ခံတော်မူပေသည်” ဟု ပြောကြားလေသည်။ 5|28| အသင်သည် အကယ်၍ ကျွန်ုပ်အားသတ်ဖြတ်ရန် မိမိလက်ကိုလှမ်းခဲ့အံ့ငြားလည်း ကျွန်ုပ်သည် အသင့်အားသတ်ဖြတ်ရန် အသင့်ဘက်သို့ ကျွန်ုပ်၏လက်ကို လှမ်းမည်မဟုတ်ပေ။ ဧကန်စင်စစ် ကျွန်ုပ်သည် စကြဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သောကြောင့်ပင်တည်း။” 5|29| “ဧကန်စင်စစ် ကျွန်ုပ် (အားသတ်ဖြတ်ခြင်း) ၏အပြစ်ကိုလည်းကောင်း၊ အသင်၏ (ယခင်) အပြစ်ကိုလည်းကောင်း အသင်သာလျှင် (မိမိပခုံးဖြင့်) ထမ်းဆောင်၍ ပြန်သွားရန် ကျွန်ုပ်ရည်စူး၏။ ထို့နောက် အသင်သည် ငရဲသားတို့တွင် အပါအဝင်ဖြစ်ချေမည်။ အမှန်စင်စစ် ဤသည်သာလျှင် မတော်မတရားပြုမူသောသူတို့၏ အကျိုးတည်း။” 5|30| ထို့နောက် ထို (ကာဗီလ်) ၏ စိတ်သည် ၎င်းအား မိမိညီတော် (ဟာဗီလ်) ကို သတ်ဖြတ်ရန် တိုက်တွန်းခဲ့ပေရာ ယင်း (ကာဗီလ်) သည် မိမိညီတော် (ဟာဗီလ်) ကို သတ်ဖြတ်ခဲ့လေသည်။ သို့ဖြစ်ပေရာ ၎င်းသည် ကျိုးယုတ်ပျက်ပြားသူတို့အနက် အပါအဝင်ဖြစ်သွားခဲ့လေသတည်း။ 5|31| ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ကျီးကန်းတစ်ကောင်ကို စေလွှတ်တော်မူခဲ့လေ၏။ ထိုကျီးကန်းသည် ၎င်း (ကာဗီလ်) အား မိမိညီတော် (ဟာဗီလ်) ၏ ရုပ်ကလာပ်ကို မည်သို့မည်ပုံ (မြှုပ်နှံ) ဖုံးအုပ် လျှို့ဝှက်ရမည်ကို ပြသရန်အလို့ငှာ မြေကြီးကို ကုတ်ခြစ်တူးဆွလေသည်။ ထိုအခါ ယင်း (ကာဗီလ်) က “ဪ ငါသည် ဤကျီးကန်းကဲ့သို့ပင် မဖြစ်နိုင်သည်မှာ ဝမ်းနည်းဖွယ်ကောင်းလေစွတကား။ အကယ်၍သာ (ယင်းကျီးကန်းကဲ့သို့) ဖြစ်နိုင်ခဲ့မူ ငါသည် မိမိညီတော် (ဟာဗီလ်) အား (မြေကြီးတူး၍မြှုပ်နှံ) ဖုံးအုပ် လျှို့ဝှက်နိုင်မည်သာဖြစ်ချေသည်” ဟု ပြောဆို (ညည်းညူမြီတမ်း) ခဲ့လေသည်။ ထို့နောက် ၎င်း (ကာဗီလ်) သည် နောင်တရသူတို့တွင် အပါအဝင်ဖြစ်လေသတည်း။ 5|32| ထို့အတွက်ကြောင့်ပင် ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်တို့အပေါ်၌ (ဤသို့) အမိန့်ပြဋ္ဌာန်းတော်မူခဲ့လေသည်။ ဧကန်စင်စစ် မည်သူမဆို အကြင်သူတစ်ဦးတစ်ယောက်အား အသက်တစ်ချောင်း၏ အစားလည်းမဟုတ်ဘဲ တိုင်းပြည်၌ ဆူပူသောင်းကျန်း (မှုကို ပြုလုပ်) ခြင်းကြောင့်လည်းမဟုတ်ဘဲ (မတရားသက်သက်) သတ်ဖြတ်ခဲ့ပါလျှင် ထိုသူသည် လူခပ်သိမ်းတို့ကို သတ်ဖြတ်ဘိသကဲ့သို့ပင်ဖြစ်၏။ ထိုနည်းတူစွာ မည်သူမဆို လူတဦးတစ်ယောက်ကို (အသက်ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်းအားဖြင့်) အသက်ရှင်စေခဲ့ပါမူ ထိုသူသည် လူအပေါင်းတို့အား အသက်ရှင်စေဘိသကဲ့သို့ပင်ဖြစ်၏။ ၎င်းအပြင် ငါအရှင်မြတ်၏ ရစူလ်တမန်တော်များသည် ထို (အစ္စရာအီလီလူမျိုး) တို့ထံ ထင်ရှားလှစွာသော အမိန့်ပညတ်တော်များ၊ သက်သေလက္ခဏာတော်များနှင့်တကွ မုချ ရောက်ရှိလာခဲ့ကြလေ၏။ သို့ပါလျက်နှင့်ပင် ယင်း (အစ္စရာအီလီလူမျိုး) တို့တွင် များစွာသောသူတို့သည် တိုင်းပြည်၌ စည်းကမ်းဖောက်ဖျက် ကျူးလွန်လျက်နေကြပေမည်။ 5|33| အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (၏အမိန့်တော်များ) ကို (သွေဖည်ငြင်းဆန် ပုန်ကန်) တိုက်ခိုက်ကြကုန်၏။ ၎င်းပြင် ကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်းကို ပြုလုပ်ကြကုန်၏။ ထိုသူတို့၏အပြစ်ဒဏ်သည်ကား ၎င်းတို့သည် သတ်ဖြတ်ခြင်းခံကြရမည်။ သို့မဟုတ် လက်ဝါးကပ်တိုင်တင်ခြင်း ခံကြရမည်။ သို့မဟုတ် ၎င်းတို့၏ ခြေလက်တို့ကို လက်ျာဘက် လက်ဝဲဘက်လွှဲ၍ ဖြတ်တောက်ခြင်းခံကြရမည်၊ သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်းခံကြရမည်ဖြစ်၏။ ဤသည်ကား ၎င်းတို့အား မျက်မှောက်ဘဝ၌ ကျိုးယုတ်ရှက်ရဖြစ်စေခြင်းပင် ဖြစ်၏။ ၎င်းပြင် ထိုသူတို့၌ နောင်တမလွန်ဘဝတွင် (လည်း) အလွန်ကြီးလေးသောပြစ်ဒဏ်သည် ရှိပေမည်။ 5|34| သို့ရာတွင် အကြင်သူတို့သည် အသင်တို့ လက်ရမဖမ်းဆီးမီ (သတိသံဝေဂ၊ နောင်တတရားရရှိကာ) ဝန်ချတောင်းပန်ခဲ့ကြသည်ရှိသော် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန် သနားကြင်နာ ညှာတာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူကြောင်းကို အသင်တို့သည် သိထားကြလေကုန်။ (ရကူ-9) 5|35| အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်၏အပါးတော်သို့ ချဉ်းကပ်မှုကို ရှာဖွေကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် (နောင်တမလွန်ဘဝတွင်) အောင်မြင်ကြအံ့သောငှါ ထိုအရှင်မြတ်၏လမ်းတော်၌ (စစ်မက် ပြိုင်ဆိုင်တိုက်ခိုက်ကြလေကုန်)  (တစ်နည်း) (အပတ်တကုတ် ကြိုးစားအားထုတ်ကြလေကုန်) ။ 5|36| ဧကန်စင်စစ် သွေဖည်ငြင်းပယ်သောသူတို့သည် (မည်သည့်အခါမျှ မိမိတို့၏အပြစ်များမှ ချမ်းသာခွင့်ရရှိကြလိမ့်မည်မဟုတ်ပေ) ။ အကယ်၍ ကိယာမတ်ရှင်ပြန်ထမည့်နေ့၏ ပြစ်ဒဏ်များမှ လျော်ကြေးပေး၍ လွတ်မြောက်ခြင်းငှာ ၎င်းတို့ထံ၌ ကမ္ဘာလောက၌ ရှိရှိသမျှသော ဥစ္စာပစ္စည်းအားလုံးရှိသည့်ပြင် ၎င်းနှင့်တကွ ထိုမျှလောက်သောဥစ္စာပစ္စည်း နောက်ထပ်ရှိသော်လည်း ထိုပစ္စည်းများကို (လျော်ကြေးပေးကြသည့်တိုင်) ၎င်းတို့ထံမှ သဘောတူ လက်ခံတော်မူလိမ့်မည်မဟုတ်ပေ။ အမှန်သော်ကား ထိုသူတို့အဖို့ အလွန်ပြင်းပြနာကျင်ဖွယ်ဖြစ်သော အပြစ်ဒဏ်သည် အဆင့်သင့်ရှိပေသည်။ 5|37| ၎င်းတို့သည် ဂျဟန္နမ်ငရဲမီးမှ ထွက်လိုကြကုန်အံ့။ သို့ရာတွင်မူကား ၎င်းတို့သည် (မည်သည့်အခါမျှ) ထို (ဂျဟန္နမ်) ငရဲမီးမှ ထွက်ကြရမည့်သူများမဟုတ်ပေ။ အမှန်စင်စစ်သော်ကား ၎င်းတို့အဖို့ အမြဲတည်တံ့သောပြစ်ဒဏ်သည် (အဆင့်သင့်) ရှိနေမည်သာတည်း။ 5|38| ၎င်းအပြင် (အို- တရားသူကြီးအပေါင်းတို့) ခိုးသူယောက်ျားပင်ဖြစ်စေ၊ ခိုးသူမိန်းမပင်ဖြစ်စေ၊ အသင်တို့သည် ၎င်းတို့နှစ်ဦးလုံး၏လက်များကို ဖြတ်တောက်ကြလေကုန်။ (ဤသည်) ထိုသူတို့နှစ်ဦး ပြုမူခဲ့ကြသော ပြုမူချက်၏ ပြစ်ဒဏ်လည်းဖြစ်၏။ အလ္လာဟ်အရှင်မြတ်အထံတော်မှ (အခြားသူများ) သတိသံဝေဂရစေရန် ဆုံးမချက်တစ်ရပ်လည်းဖြစ်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသော အရှင်မြတ်ပင်တည်း။ 5|39| တစ်ဖန် မည်သူမဆို မိမိ ပြစ်မှုကျုးလွန်ပြီးသည့်နောက် (သတိသံဝေဂ နောင်တတရားရရှိကာ အလ္လာဟ်အရှင်မြတ်အထံတော်၌) ဝန်ချတောင်းပန်ပြီး (မိမိကိုယ်ကို မိမိ) ပြုပြင်ခဲ့ပါမူ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ဘက်သို့ ကရုဏာတော်နှင့် ပြန်လှည့်တော်မူအံ့။ အလ္လာဟ်အရှင်မြတ်သည် စင်စစ်ဧကန် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ 5|40| ဧကန်စင်စစ် မိုးကောင်းကင်များနှင့် ပထဝီမြေကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် အလ္လာဟ်အရှင်မြတ်၌သာရှိသည်ကို အသင်သည် မသိလေသလော။ ထိုအရှင်သည် မိမိအလိုရှိတော်မူသောသူအား ပြစ်ဒဏ်ပေးတော်မူ၏။ ထိုနည်းတူစွာ မိမိအလိုရှိတော်မူသောသူအား ချမ်းသာခွင့်ပေးသနားတော်မူ၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ 5|41| အို- ရစူလ်တမန်တော်၊ အကြင်သူတို့သည်‘ကုဖ်ရ်’သွေဖည်မှု၌ အပြေးအလွှားကျဆင်းလျက်ရှိသော အကြင်သူတို့သည် အသင့်အား စိတ်နှလုံးမချမ်းမမြေ့ မဖြစ်စေကြရ။ ထိုသူတို့သည် ၎င်းတို့၏ စိတ်နှလုံးများက ‘အီမာန်’ သက်ဝင်ယုံကြည်ခြင်းမရှိဘဲ မိမိတို့၏နှုတ်များဖြင့်သာ “ကျွန်ုပ်တို့သည် သက်ဝင်ယုံကြည်ကြပါပြီ” ဟု ပြောဆိုသူတို့အနက်မှပင်ဖြစ်စေ၊ ယဟူဒီများအနက်မှပင်ဖြစ်စေ ထိုထိုသောသူတို့သည် မုသားကို အလွန်တရာကြားနာသူများ၊ အသင့်ထံမလာကြသောသူတို့အဖို့ (အသင့်ထံလာရောက်၍) နားစွင့်သူများ ဖြစ်ကြကုန်၏။ ၎င်းတို့သည် မုက္ခပါဌ်တော်များကို ထိုမုက္ခပါဌ်တော်များ၏ မူရင်းနေရာများမှ ရွှေ့ပြောင်းလေ့ရှိကြသည့်ပြင် (မိမိတို့အုပ်စုဝင်များအား) အသင်တို့သည် (နဗီတမန်တော် မုဟမ္မဒ်၏ထံမှ) ဤ (ရွှေ့ပြောင်းထားသည့်) အတိုင်း အမိန့်ရရှိကြပါမူ နာယူလက်ခံကြလေကုန်။ သို့ရာတွင် ထို (ရွေ့ပြောင်းထားသည့်) အတိုင်း မရရှိကြလျှင် ဖယ်ရှောင်ကြလေကုန်ဟူ၍လည်း ပြောဆိုလေ့ရှိကြကုန်၏။ အမှန်စင်စစ်သော်ကား မည်သူ့ကိုမဆို အလ္လာဟ်အရှင်မြတ်သည် လမ်းလွဲစေတော်မူပါလျှင် အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ ထိုသူအား မည်သည့်အကျိုးကိုမျှ ပြုစွမ်းနိုင်ခြင်း အလျင်းမရှိပေ။ ဤသူတို့ကား အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးများကို သန့်ရှင်းစင်ကြယ်စေရန် ရည်စူးတော်မူခဲ့သည်မဟုတ်ပေ။ ၎င်းတို့၌ (ဤပစ္စုပ္ပန်) လောကီဘဝတွင်လည်း ကျိုးယုတ်ရှက်ရဖြစ်ခြင်းသည်ရှိ၏။ နောင်တမလွန်ဘဝတွင်လည်း ၎င်းတို့၌ ကြီးလေးလှစွာသော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။ 5|42| ယင်း (ယဟူဒီ) တို့သည် မဟုတ်မမှန်မုသားကို အလွန်တရာမျှပင် နာယူလက်ခံသောသူများ၊ (အလ္လာဟ်အရှင်မြတ် က) ဟရာမ် (ဟူ၍ မြစ်တားထားတော်မူသော တံဆိုးလက်ဆောင် အစရှိသည်) ကို အလွန်တရာမျှ စားသုံးသူများပင်ဖြစ်ကြကုန်၏။ သို့ဖြစ်ပေရာ အကယ်၍ ထိုသူတို့သည် အသင်၏ထံသို့ (မိမိတို့၏အမှုအခင်းများကို စီရင်ဆုံးဖြတ်စေခြင်းငှာ) လာရောက်ကြပါမူ အသင်သည် ၎င်းတို့၏စပ်ကြား၌ (တရားစစ်ဆေးစီရင်လိုက) စစ်ဆေးစီရင်ပါလေ။ သို့တည်းမဟုတ် (တရားစီရင် စစ်ဆေးပိုင်ခွင့်မရှိဟူ၍) ၎င်းတို့ဘက်မှ မျက်နှာလွှဲဖယ်၍နေပါလေ။ အကယ်၍ အသင်သည် ၎င်းတို့ဘက်မှ မျက်နှာလွှဲဖယ်ပါမူ ၎င်းတို့သည် အသင့်အား လုံးဝ အကျိုးယုတ် နစ်နာစေနိုင်ကြမည်မဟုတ်ပေ။ သို့ရာတွင် အကယ်၍ အသင်သည် တရားစစ်ဆေးစီရင်သည်ရှိသော်၊ ၎င်းတို့၏စပ်ကြား၌ တရားမျှတစွာ စီရင်ဆုံးဖြတ်ပါလေ။ အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် တရားမျှတသောသူတို့အား ချစ်ကြည်မြတ်နိုးတော်မူခြင်းကြောင့်ပင်တည်း။ 5|43| ၎င်းအပြင် ထိုသူတို့သည် အသင့်အား အဘယ်ကဲ့သို့ ခုံသမာဓိတင်မြှောက်ကြပါသနည်း။ အမှန်စင်စစ်သော်ကား ၎င်းတို့ထံဝယ် တောင်ရာတ်ကျမ်းလည်းရှိ၏။ ယင်းတောင်ရာတ်ကျမ်းတွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်လည်းပါရှိ၏။ တစ်ဖန် ထို (ကဲ့သို့ အသင့်အား ခုံသမာဓိတင်မြှောက်ပြီး) နောက် ယင်းသူတို့သည် (အသင်၏ တရားစစ်ဆေးစီရင်ချက်မှ) မျက်နှာလွှဲဖယ်သွားကြပြန်၏။ အမှန်စင်စစ်သော်ကား ၎င်းတို့သည် ‘မုအ်မင်န်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိသူများ အလျင်းမဟုတ်ကြချေ။ (ရကူ-10) 5|44| ဧကန်အမှန် ငါအရှင်မြတ်သည် ‘တောင်ရာတ်’ကျမ်းကို ချပေးသနားတော်မူခဲ့၏။ ယင်းတောင်ရာတ်ကျမ်းမြတ်တွင် တရားဓမ္မ ညွှန်ကြားခြင်းနှင့် ရောင်ခြည်တော်သည်ရှိ၏။ (အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်များကို လိုက်နာကြကုန်သော နဗီတမန်တော်များသည် ယဟူဒီများအပေါ်၌ ယင်းတောင်ရာတ်ကျမ်းမြတ်နှင့်အညီ တရားစစ်ဆေး စီရင်လေ့ရှိခဲ့ကြကုန်၏။ ထိုနည်းတူစွာ ယဟူဒီဘုန်းကြီးရဟန်းတို့နှင့် ပညာရှင်သုခမိန်တို့သည်လည်း) ယင်းတောင်ရာတ်ကျမ်းမြတ်နှင့်အညီ တရားစစ်ဆေး စီရင်လေ့ရှိခဲ့ကြကုန်သည်။ အကြောင်းသော်ကား ၎င်း (ဘုန်းကြီးရဟန်းတို့နှင့် ပညာရှင်) တို့သည် အလ္လာဟ်အရှင်မြတ်၏ကျမ်းတော် (နှင့်အညီ လိုက်နာကျင့်သုံးကြရန်) ကို ထိန်းသိမ်းစောင့်ရှောက်ရန် အမိန့်ပေးတော်မူခြင်း ခံခဲ့ကြရသည့်အပြင် ၎င်းတို့သည် ထိုကျမ်းတော်ကို လိုက်နာကျင့်သုံးကြပါမည်ဟု ဝန်ခံသူများလည်း ဖြစ်ခဲ့ခြင်းကြောင့်ပင်။ သို့ဖြစ်ပေရာ (အို- ယဟူဒီအကြီးအကဲအပေါင်းတို့) အသင်တို့သည် လူတို့အား မကြောက်ရွံ့ကြလေနှင့်။ ငါအရှင်မြတ်ကိုသာ ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ငါအရှင်မြတ်၏ မုက္ခပါဌ်တော်များကို အနည်းငယ်မျှသောအဖိုးအခကြေးငွေဖြင့် ရောင်းစားခြင်းမပြုကြကုန်လင့်။ ၎င်းပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (အမိန့်တော်) အတိုင်း တရားစစ်ဆေး စီရင်ဆုံးဖြတ်ခြင်းကို မပြုခဲ့မူ ထိုကဲ့သို့သောသူများသည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများပင် ဖြစ်ကြပေသတည်း။ 5|45| ၎င်းပြင် ငါအရှင်မြတ်သည် ထို တောင်ရာတ်ကျမ်းမြတ်တွင် ယင်းယဟူဒီတို့အပေါ်၌ အသက်ဇီဝိန်၏အစား အသက်ဇီဝိန်ဟူ၍လည်းကောင်း၊ မျက်စိ၏အစား မျက်စိဟူ၍လည်းကောင်း၊ နှာခေါင်း၏အစား နှာခေါင်းဟူ၍လည်းကောင်း နားရွက်အစား နားရွက်ဟူ၍လည်းကောင်း၊ သွား၏အစား သွားဟူ၍လည်းကောင်း၊ (အချို့) ဒဏ်ရာဒဏ်ချက်များ၌လည်း (ထပ်တူထပ်မျှ) လက်စားချေခြင်းပင် ရှိသည်ဟူ၍လည်းကောင်း၊ အမိန့်တော် ချမှတ်ပြဋ္ဌာန်းတော်မူခဲ့လေသည်။ တစ်ဖန် အကြင်သူသည် ယင်းလက်စားချေခြင်းကို ခွင့်လွှတ်ခဲ့လျှင် ထို (ကဲ့သို့) ခွင့်လွှတ်ခြင်းသည်လည်းကောင်း၊ (ခွင့်လွှတ်သူ) ၏အဖို့ အပြစ်များမှလွတ်ကင်းရန် အကြောင်းပင်ဖြစ်ချေသည်။ ၎င်းပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ချမှတ်တော်မူသည့် (အမိန့် တော်) အတိုင်း တရားစစ်ဆေးဆုံးဖြတ်ခြင်းကို မပြုခဲ့ပါလျှင် ထိုကဲ့သို့သောသူများပင် ကျူးလွန်သောသူများ ဖြစ်ကြကုန်သတည်း။ 5|46| ၎င်းပြင် ငါအရှင်မြတ်သည် (နဗီတမန်တော်) များ၏နောက်၌ ထိုနဗီတမန်တော်များ၏လမ်းစဉ်ကို ဖဝါးခြေထပ် လိုက်နာကျင့်သုံးရန်အလို့ငှာ မရ်ယမ်၏သားတော် အီစာအား ၎င်း၏အလျင်ရှိခဲ့သော တောင်ရာတ်ကျမ်းကို (အခိုင်အမာပြုသူ) ထောက်ခံသူအဖြစ်ဖြင့် စေလွှတ်တော်မူခဲ့၏။ ၎င်းပြင် ငါအရှင်သည် ထို (တမန်တော်အီစာ) အား အီန်ဂျီလ်ကျမ်းကို ချီးမြှင့်တော်မူခဲ့၏။ ထိုကျမ်းတွင် တရားဓမ္မလည်းရှိ၏။ အလင်းရောင်လည်းရှိ၏။ ထိုကျမ်းသည် မိမိအလျင်ရှိသော တောင်ရာတ်ကျမ်းကို ထောက်ခံ (အခိုင်အမာပြု) လျက်ရှိသည့်ပြင် ‘မွတ္တကီ’ သူတော်စင်များအဖို့ တရားဓမ္မ အဆုံးအမလည်း ဖြစ်၏။ 5|47| ထို့ပြင်တဝ အီန်ဂျီလ်ကျမ်းတော်ကို ရရှိသောသူတို့သည်လည်း ယင်း အီန်ဂျီလ်ကျမ်းတော်တွင် အလ္လာဟ်အရှင်မြတ်က ထုတ်ပြန်ချမှတ်တော်မူသည့်အတိုင်း စီရင်ကြရပေမည်။ စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် အမိန့်တော်အတိုင်း တရားစီရင်ဆုံးဖြတ်ခြင်းမပြုခဲ့သော် ထိုကဲ့သို့သောသူများသည် အမိန့်တော်ကို ကျူးလွန်ဖေါက်ဖျက်သောသူများပင်တည်း။ 5|48| ၎င်းပြင် (အို- နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်ထံသို့ မှန်ကန်သောကျမ်းမြတ် (ကုရ်အာန်) ကို ထုတ်ပြန်ချမှတ်တော်မူခဲ့လေသည်။ (ယင်း ကုရ်အာန်ကျမ်းတော်မြတ်သည်) ၎င်း၏အလျင်ရှိခဲ့သောကျမ်းများကို ထောက်ခံလျက်ရှိ၏။ ၎င်းပြင် ယင်းကျမ်းများကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိ၏။ သို့ဖြစ်ပေရာ (အို- နဗီတမန်တော်) အသင်သည် ထိုသူတို့၏စပ်ကြားဝယ် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (တရားတော်) နှင့်အညီ စီရင်ဆုံးဖြတ်ပါလေ။ ၎င်းပြင် အသင်သည် မိမိထံရောက်ရှိလာသော မှန်ကန်သောကျမ်းတို့ကိုစွန့်၍ ၎င်းတို့၏ အလိုဆန္ဒများကို မလိုက်လေနှင့်။ ငါအရှင်မြတ်သည် အသင်တို့အနက် အသီးသီးတို့အဖို့ တရားဓမ္မသတ် (နည်းဥပဒေ) တစ်မျိုးနှင့် ထင်ရှားလှစွာသော လမ်းစဉ်တစ်မျိုးကို သတ်မှတ်ပြဋ္ဌာန်းပေးတော်မူခဲ့သည်။ အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါမူ အသင်တို့ (အားလုံး) ကို သာသနာဝင်တစ်မျိုးတည်း ဖြစ်စေတော်မူခဲ့မည်မှာ ဧကန်မလွဲပင်။ သို့ရာတွင် ထိုအရှင်မြတ်သည် မိမိပြဋ္ဌာန်းပေးသနားတော်မူသည့် (တရားလမ်းစဉ်) နှင့်စပ်လျဉ်း၍ အသင်တို့အား စမ်းသပ်တော်မူခြင်းငှာ (ထိုကဲ့သို့ သာသနာဝင်တစ်မျိုးတည်း ဖြစ်စေတော်မမူခဲ့ချေ) ။ သို့ဖြစ်ပေရာ အသင်တို့သည် ကောင်းမှုများကို သူ့ထက်ငါသာအောင် လျင်မြန်စွာပြုလုပ်ကြလေကုန်။ အသင်တို့ အားလုံးသည် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်ရောက်ရှိကြမည်ဖြစ်ကုန်၏။ ထိုရောအခါဝယ် ထိုအရှင်မြတ်သည် အသင်တို့ကွဲလွဲခဲ့ကြကုန်သော အကြောင်းအချက်တို့နှင့်စပ်လျဉ်း၍ အသင်တို့အား အသိပေးတော်မူမည်ဖြစ်၏။ 5|49| ၎င်းပြင် (အို- နဗီတမန်တော်) အသင်သည် ထိုသူတို့၏စပ်ကြားဝယ် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (တရားတော်) နှင့်အညီ တရားစီရင်ဆုံးဖြတ်ပါလေ။ ၎င်းပြင် အသင်သည် ထိုသူတို့၏ စိတ်အလိုဆန္ဒကို မလိုက်စားပါလေနှင့်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်က အသင့်ထံ ထုတ်ပြန်ချမှတ်ပေးသနားတော်မူသော အချို့အမိန့်တော်များနှင့်စပ်လျဉ်း၍ ထိုသူတို့သည် အသင့်အား ချွတ်ချော်တိမ်းပါးစေမည်ကို အသင် သတိထားပါလေ။ ထို့နောက် အကယ်၍ ၎င်းတို့သည် (အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်းမရှိဘဲ) မျက်နှာလွှဲဖယ်သွားခဲ့ကြပါမူ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ အချို့ပြစ်မှုဒုစရိုက်များကြောင့် ယင်းသူတို့ကို (ပစ္စုပ္ပန်လောက၌ပင်) ပြစ်ဒဏ်ပေးလိုတော်မူကြောင်း အသင် ကောင်းစွာမှတ်ယူပါလေ။ အမှန်စင်စစ်သော်ကား လူတို့အနက် များစွာသောလူတို့သည် (အလ္လာဟ်အရှင်မြတ်၏) စည်းကမ်းကို ဖေါက်ဖျက်ကျူးလွန်သူများပင် ဖြစ်ကြကုန်သတည်း။ 5|50| ပြီးနောက် ယင်းသူတို့သည် အမိုက်ခေတ်၏ စီရင်ဆုံးဖြတ်မှုကို လိုလားကြလေသလော။ အမှန်စင်စစ်သော်ကား ယုံကြည်မှုထားရှိသော အမျိုးသားတို့အဖို့ အလ္လာဟ်အရှင်မြတ်ထက် ပိုမိုကောင်းမွန်စွာ စီရင်ဆုံးဖြတ်မည့်သူကား အသူနည်း။ (ရကူ-11) 5|51| အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် ယဟူဒီတို့အားလည်းကောင်း၊ ခရစ်ယာန်တို့အားလည်းကောင်း မိတ်သဟာယ အဆွေခင်ပွန်းများ မပြုကြကုန်လင့်။ ၎င်း (ယဟူဒီနှင့်ခရစ်ယာန်) တို့သည် (အသင်တို့ကိုဆန့်ကျင်ရာတွင်) အချင်းချင်း တစ်ဦးကိုတစ်ဦး ယိုင်းပင်းကူညီသော အဆွေခင်ပွန်းများပင် ဖြစ်ကြပေသည်။ အမှန်သော်ကား အသင်တို့အနက် မည်သူမဆို ထိုသူတို့အား ‘ကလျာဏ’ အဆွေခင်ပွန်းပြုလုပ်သည်ရှိသော် ထိုသူသည် ဧကန်မုချ ၎င်းတို့တွင် (အပါအဝင်) ဖြစ်၏။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် မတရားကျူလွန်သူတို့အား တရားလမ်းမှန်သို့ ပို့ပေးတော်မူမည်မဟုတ်ပေ။ 5|52| ထို့ကြောင့်ပင် အသင်သည် စိတ်နှလုံးများတွင် ဝေဒနာစွဲကပ်လျက်ရှိသောသူတို့အား ထို (ယဟူဒီနှင့် ခရစ်ယာန်) တို့ထံ အပြေးအလွှားသွားကြသည်ကို တွေ့မြင်ရလေသည်။ ထိုသူတို့က “ကျွန်ုပ်တို့သည် မိမိတို့၌ (မတော်တဆ) ဘေးဒုက္ခ အန္တရာယ်တစ်စုံတစ်ရာ ဆိုက်ရောက်လာမည်ကို စိုးရိမ်ကြသည်” ဟု ပြောဆိုကြကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မကြာမြင့်မီ (မွတ်စ်လင်မ်တို့အား) အောင်မြင်ခြင်းတရားကို ပေးသနားတော်မူအံ့။ သို့တည်းမဟုတ် အထူးအကြောင်းတစ်ရပ်ရပ်ကို (ဖြစ်စေတော်မူအံ့။) ထိုအခါ ယင်းသူတို့သည် မိမိတို့စိတ်တွင်း၌ လျှို့ဝှက် ထိမ်ချန်ထားရှိခဲ့ကြသော အကြောင်းများနှင့်စပ်လျဉ်း၍ ဝမ်းနည်းပူဆွေးကြရလတ္တံ့။ 5|53| ၎င်းပြင် ‘အီမာန်’ သက်ဝင်ယုံကြည်သောသူများက (မုနာဖစ်က်များနှင့်စပ်လျဉ်း၍) အလ္လာဟ်အရှင်မြတ်အား အထူးတလည်တိုင်တည်၍ “မုချဧကန် ၎င်းတို့သည် အသင်တို့နှင့်အတူပင် ရှိကြပါသည်ဟု ပြောဆိုသောသူများမှာ ဤသူများပင်လော” ဟု ပြောဆိုကြမည်။ ၎င်းတို့၏အပြုအမူများသည် အချည်းနှီးဖြစ်ခဲ့ချေပြီ။ သို့ဖြစ်ပေရာ ၎င်းတို့သည် နစ်နာဆုံးရှုံးသူများပင် ဖြစ်ခဲ့ကြချေပြီ။ 5|54| အို-‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့အနက်မှ မည်သူမဆို (မိမိ သက်ဝင်ယုံကြည်လျက်ရှိသော အစ္စလာမ်) သာသနာတော်မှ လှည့်၍ ပြန်ထွက်သွားပါလျှင် အလ္လာဟ်အရှင်မြတ်သည် မကြာမြင့်မီကာလအတွင်း အကြင်လူမျိုးတစ်မျိုးကို ဖန်ဆင်းတော်မူအံ့။ ယင်းလူမျိုးကို ထိုအရှင်မြတ်သည် ချစ်ကြည်တော်မူအံ့။ ထိုနည်းအတူ ၎င်းတို့သည်လည်း အလ္လာဟ်အရှင်မြတ်အား ချစ်ကြည်မြတ်နိုးကြကုန်အံ့။ (ယင်းသူတို့သည်) ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အဖို့ နိဝါတတရား ထားရှိသူများဖြစ်ကြအံ့။ ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့အဖို့ကား ပြင်းထန်တင်းမာသောသူများပင် ဖြစ်ကြအံ့။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သက်စွန့်ကြိုးပမ်း (တိုက်ခိုက်) ဆောင်ရွက်ကြအံ့။ ၎င်းပြင် ထိုသူတို့သည် မည်သည့် ပြစ်တင်ကဲ့ရဲ့သောသူ တစ်ဦးတစ်ယောက်၏ ပြစ်တင်ကဲ့ရဲ့ပုတ်ခတ်ခြင်းမျှလည်း စိုးရိမ်ကြမည်မဟုတ်ပေ။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ပင်တည်း။ ထိုအရှင်မြတ်သည် ထိုကျေးဇူးတော်ကို မိမိအလိုရှိတော်မူသောသူအား ချီးမြှင့်ပေးသနားတော်မူလေသတည်း။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ကျယ်ဝန်းစွာ ပေးသနားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ 5|55| အမှန်စင်စစ် အသင်တို့၏ ကလျာဏမိတ်သဟာယ အဆွေခင်ပွန်းကား အလ္လာဟ်အရှင်မြတ်သာလျှင်လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ် တမန်တော်မြတ်သာလျှင်လည်းကောင်း၊ အကြင် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူတို့သာလျှင်လည်းကောင်း ဖြစ်ကြကုန်၏။ ထို (‘မုအ်မင်န်’ သက်ဝင်ယုံကြည်သော) သူတို့သည် ကျိုးနွံသူများအဖြစ်နှင့် ဆွလာသ်ဝတ်ပြုကြ၏။ ‘ဇကာတ်’ တရားဝင်ဒါနကြေးကိုလည်း ပေးဆောင်ကြ၏။ ထိုသူများသည် ကျိုးနွံသူများဖြစ်ကြ၏။ 5|56| အမှန်စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ကိုလည်းကောင်း၊ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သော သူတို့ကိုလည်းကောင်း၊ ကလျာဏ မိတ်သဟာယ အဆွေခင်ပွန်းများ ပြုလုပ်ကြပါလျှင် (ထိုသို့သောသူများသည် အလ္လာဟ်အရှင်မြတ်၏ ဘက်တော်သားများဖြစ်ကြ၏) ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်ဘက်တော်သားများသည်သာလျှင် အောင်မြင်သောသူများ ဖြစ်ကြပေသတည်း။ (ရကူ-12) 5|57| အို-‘မုအ်မင်န်’ သက်ဝင်ယုံကြည်ကြသူအပေါင်းတို့၊ အသင်တို့သည် မိမိတို့အလျင် ကျမ်းဂန်ရရှိသောသူတို့အနက်မှ အသင်တို့၏သာသနာကို ပြက်ရယ်ကျီစယ်ဖွယ်ရာ၊ ကစားဖွယ်ရာပြုလုပ်သော သူများအားလည်းကောင်း၊ ကာဖိရ်များအားလည်းကောင်း၊ မိတ်ဆွေခင်ပွန်းများ မပြုလုပ်ကြကုန်လင့်၊ ထို့ပြင် အသင်တို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလေကုန်။ 5|58| ထို့ပြင်တဝ အသင်တို့သည် ‘ဆွလာသ်’ ဝတ်ပြုခြင်းငှာ (အဇာန်) ဟစ်ခေါ်ကြသောအခါ၊ ထိုသူတို့သည် ယင်းဟစ်ခေါ်ခြင်းကိုပင် ပြက်ရယ်ကျီစယ်ဖွယ်ရာနှင့် ကစားဖွယ်ရာလည်းကောင်း၊ ပြုလုပ်ကြပေသည်။ ယင်းကဲ့သို့ ပြုလုပ်ခြင်း၏အကြောင်းကား ထိုသူတို့သည် လုံးဝ အသိဉာဏ်ကင်းမဲ့သောလူတစ်စုပင် ဖြစ်သောကြောင့်သာတည်း။ 5|59| (အို- နဗီတမန်တော်) အသင်သည် (ရှေးအထက်ကျမ်းဂန်ရရှိသူ ယဟူဒီနှင့်ခရစ်ယာန်တို့အား ဤသို့) ပြောဆိုပါလေ။ “အို- ကျမ်းဂန်ရရှိသူအပေါင်းတို့၊ အကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်တကွ မိမိတို့ထံကျရောက်လာသော ဓမ္မဒေသနာတော်နှင့် ရှေးအထက်ကျော်ကာလက ကျရောက်ခဲ့လေသော ဓမ္မဒေသနာတော်များကိုပါ သက်ဝင်ယုံကြည်ကြသည်ကိုသာလျှင် အသင်တို့သည် အကျွန်ုပ်တို့အပေါ်၌ ကဲ့ရဲ့ပြစ်တင်နေကြသည် မဟုတ်ပါလော။ အမှန်စင်စစ်သော်ကား အသင်တို့အနက် များစွာသောသူတို့သည် စည်းကမ်းဖေါက်ဖျက်သောသူများပင် ဖြစ်ကြပေသတည်း။” 5|60| အသင်သည် ‘ကိတာဗီ’ ရှေးအထက် ကျမ်းဂန်ရရှိသောသူတို့အား (ဤသို့) ပြောကြားပါလေ။ ငါသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ အကျိုးအားဖြင့် ထို့ထက်ဆိုးရွားသောအဖြစ်အပျက်ကို အသင်တို့အား ထုတ်ဖော်ပြောဆိုရမည်လော။ (၎င်းအဖြစ်အပျက်မှာကား) အကြင်သူတို့ (၏ အဖြစ်အပျက်) ပင်တည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား (မိမိ) ကရုဏာတော်မှ ကင်းဝေစေတော်မူခဲ့၏။ ၎င်းပြင် ယင်းသူတို့အပေါ်၌ အမျက်တော်လည်း ပွားတော်မူခဲ့၏။ ၎င်းပြင် ထိုသူတို့အနက်မှ မျောက်တိရစ္ဆာန်များနှင့် ဝက်တိရစ္ဆာန်များလည်း ဖြစ်စေတော်မူခဲ့၏။ ၎င်းပြင် ထိုသူတို့သည် ‘ရှိုင်တွာန်’ မိစ္ဆာကောင်ကိုလည်း ဆည်းကပ်ကိုးကွယ်ခဲ့ကြ၏။ ထိုသူတို့သည် (လားရာ) နေရာဌာနအားဖြင့်လည်း အဆိုးရွားဆုံးသောသူများပင် ဖြစ်ကြ၏။ ၎င်းပြင် ဖြောင့်မတ်မှန်ကန်သော တရားလမ်းတော်မှလည်း အလွန် ဝေးကွာလျက်ရှိသောသူများပင် ဖြစ်ကြ၏။ 5|61| ၎င်းပြင် ထို (မုနာဖစ်က်) တို့သည် အသင်တို့ထံ လာကြလေသောအခါ “ကျွန်ုပ်တို့သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြပါပြီ” ဟု (လိမ်လည်) ပြောဆိုကြကုန်၏။ စင်စစ်တမူကား ၎င်းတို့သည် ‘ကွဖ်ရ်’ သွေဖည်ငြင်းပယ်မှုကိုယူဆောင်၍ ဝင်ရောက်လာကြပြီး ထို ‘ကွဖ်ရ်’ သွေဖည်ငြင်းပယ်မှုကိုပင် ယူဆောင်၍ ပြန်ထွက်သွားကြလေသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား ၎င်းတို့ ထိမ်ချန်လျှို့ဝှက်ထားရှိကြလေသော အရာများကို အသိဆုံးပင်ဖြစ်တော်မူပေသတည်း။ 5|62| ထို့ပြင်တဝ အသင်သည် ထို (ယဟူဒီ) တို့အနက် မြောက်မြားစွာသောသူတို့ကို ပြစ်မှုဒုစရိုက် ပြုခြင်း၌လည်းကောင်း၊ မတော်မတရား ကျူးကျော်စော်ကားခြင်း၌လည်းကောင်း၊ မတရားသဖြင့် ရရှိသောပစ္စည်းကို စားသုံးခြင်း၌လည်းကောင်း သူ့ထက်ငါသာအောင် ပြေးလွှား (သက်ဆင်း) ကြသည်ကို တွေ့မြင်လတ္တံ့။ စင်စစ်ဧကန် ၎င်းတို့၏အပြုအမူတို့သည် ယုတ်ညံ့သိမ်ဖျင်းလှပေတကား။ 5|63| (၎င်းတို့၏) ဘုန်းကြီးရဟန်းတို့နှင့် ပညာရှင်တို့သည် ထိုသူတို့အား အပြစ်ရှိသော (မုသား) စကားကို ပြောဆိုခြင်းမှလည်းကောင်း၊ မတရားသဖြင့်ရရှိသောပစ္စည်းကို စားသုံးခြင်းမှလည်းကောင်း၊ အဘယ်ကြောင့် မတားမြစ်ကြသနည်း။ ထိုသူတို့ပြုလေ့ရှိသော အပြုအမူများသည် မုချဧကန် ဆိုးရွားလှပေ၏တကား။ 5|64| ၎င်းပြင် ယဟူဒီတို့က “အလ္လာဟ်အရှင်မြတ်၏လက်သည် ဆုပ်ထားပြီးဖြစ်သည်” ဟု ပြောဆိုကြကုန်သည်။ ၎င်းတို့၏လက်များသည်သာလျှင် ဆုပ်ထားပြီးဖြစ်ကြ၏။ စင်စစ် ထိုသူတို့သည် မိမိတို့၏ ထိုပြောဆိုမှုကြောင့် (အလ္လာဟ်အရှင်မြတ်၏) ကရုဏာတော်မှ ကင်းဝေးကြရလေပြီ။ (အလ္လာဟ်အရှင်မြတ်၏လက်တော်များသည်) အလျင်း (ဆုပ်ထားပြီး) မဟုတ်ပေ။ စင်စစ်မှာမူကား ထိုအရှင်မြတ်၏ လက်တော်နှစ်ဘက်စလုံးပင် ဖြန့်လျက်ရှိကုန်၏။ ထိုအရှင်မြတ်သည် မိမိအလိုတော်အတိုင်း သုံးစွဲလျက်ရှိတော်မူ၏။ ၎င်းပြင် အသင်၏အရှင်မြတ်အထံတော်မှ အသင့်ထံသို့ ကျရောက်လာသောအရာ (ကုရ်အာန်ကျမ်းတော်မြတ်) သည် ထိုသူတို့အနက် များစွာသောသူတို့အား ကျူးလွန်မှုနှင့် သွေဖည်ငြင်းပယ်မှုကို မုချ တိုးပွားစေအံ့။ ထို့ပြင်တဝ ငါအရှင်မြတ်သည် ၎င်းတို့၏စပ်ကြားဝယ် ရန်ငြိုးထားခြင်းနှင့် မုန်းတီးမှုကို “ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တိုင်အောင် ဖန်တီးတော်မူခဲ့လေသည်။ ၎င်းတို့သည် စစ်မီးကို မွှေးတိုင်းမွှေးတိုင်း အလ္လာဟ်အရှင်မြတ်သည် ထိုမီးကို ငြိမ်းအေးစေတော်မူခဲ့၏။ ထိုမှတစ်ပါး ယင်းသူတို့သည် ကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်းကို ကြိုးစားအားထုတ်ကြကုန်သည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သောသူတို့အား (အလျင်း) ချစ်ကြည်မြတ်နိုးတော်မူသည် မဟုတ်ပေ။ 5|65| ၎င်းပြင် အကယ်၍ ရှေးအထက်ကျမ်းဂန်ရရှိသူ ကိတာဗီများသည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိ၍ ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြပါမူ မုချဧကန် ငါအရှင်မြတ်သည် ၎င်းတို့၏ပြစ်မှုများကို (ခွင့်လွှတ်) တော်မူ၍ ၎င်းတို့အား ချမ်းသာသုခနှင့်ပြည့်စုံသော ဥယျာဉ်များသို့လည်း ဝင်ရောက်စေတော်မူအံ့။ 5|66| ထိုမှတစ်ပါး အကယ်၍သာ ၎င်းတို့သည် တောင်ရာတ်၊ အီန်ဂျီလ်ကျမ်းများနှင့်တကွ ၎င်းတို့၏အရှင်မြတ်အထံတော်မှ ၎င်းတို့ထံ (နဗီတမန်တော်မုဟမ္မဒ်မှတစ်ဆင့်) ကျရောက်လာသော (ကုရ်အာန်) ကျမ်းတော်မြတ်ကိုပါ အတည်ပြုလိုက်နာကြပါသော် မုချဧကန် ထိုသူတို့သည် မိမိတို့အထက်မှလည်းကောင်း၊ မိမိတို့၏ ခြေဖျားအောက်မှလည်းကောင်း (ခဲဘွယ်ဘောဇဉ်များကို ဖေါဖေါသီသီ) စားသုံးကြလတ္တံ့။ ထိုသူတို့တွင် ဖြောင့်မတ်မှန်ကန်သောလမ်းကို လိုက်သောလူတစ်စုသည် (လည်း) ရှိကြပေသည်။ သို့ရာတွင် ထိုသူတို့အနက် အများစု၏ပြုမူချက်တို့ကား ဆိုးရွားလှချေသတည်း။ (ရကူ-13) 5|67| အို- ရစူလ်တမန်တော်၊ အသင်သည် မိမိအရှင်မြတ်အထံတော်မှ မိမိထံသို့ ကျရောက်လာသမျှသော ဒေသနာတော်များကို (လူခပ်သိမ်းတို့ထံသို့) ပို့ဆောင်ဟောကြားပါလေ။ အကယ်တန္တု အသင်သည် (ထိုကဲ့သို့ ပို့ဆောင်ဟောကြားခြင်း) မပြုခဲ့ပါလျှင် အသင်သည် ထိုအရှင်မြတ်၏အကြောင်းကြားချက်များကို ပို့ဆောင် (ဟောကြား) သည် မမည်ချေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင့်အား လူတို့၏ (ဘေးရန်ခပ်သိမ်းတို့) မှ ထိန်းသိမ်းစောင့်ရှောက်တော်မူမည်ဖြစ်သည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည်‘ကာဖိရ်’ ငြင်းပယ်သောသူတို့အား (အသင့်ကို လာရောက်ဖျက်ဆီးနိုင်ရန်) လမ်းပေးတော်မူမည်မဟုတ်ပေ။ 5|68| (အို- နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ၊ “အို- (ကိတာဗီ) ကျမ်းဂန်ရရှိသူအပေါင်းတို့ အသင်တို့သည်‘တောင်ရာတ်’ ကျမ်းကိုလည်းကောင်း၊ ‘အီန်ဂျီလ်’ ကျမ်းကိုလည်းကောင်း၊ အသင်တို့ထံ အသင်တို့၏အရှင်မြတ်အထံတော်မှ ကျရောက်လာသည့် (ကုရ်အာန်ကျမ်းမြတ်) ကိုလည်းကောင်း အတည် လိုက်နာခြင်းမရှိသမျှကာလပတ်လုံး အသင်တို့သည် မည်သည့် (မှန်ကန်သော) လမ်းစဉ်ပေါ်၌သာ တည်ရှိကြသည်မဟုတ်ပေ။ (ကိတာဗီများသည် မနှစ်မြို့ဖွယ်ဖြစ်သော အယူသန်မှုတွင် နစ်မွန်းလျက်ရှိကြ၏။ သို့ဖြစ်ပေရာ) အသင့်အားမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ အသင့်ထံသို့ ကျရောက်လာသော (ကုရ်အာန်ကျမ်းမြတ်သည်) ထိုသူတို့အနက် များစွာသောသူတို့၌ ကျူးလွန်မှုကိုလည်းကောင်း၊ သွေဖည်ငြင်းပယ်မှုကိုလည်းကောင်း အမှန်ပင် များပြားစေမည်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်သည် ကာဖိရ် သွေဖည် ငြင်းပယ်သူတို့နှင့် ပတ်သက်၍ ပူပန်သောက မရှိလေနှင့်။ 5|69| စင်စစ်ဧကန် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများသည်လည်းကောင်း၊ ယဟူဒီများသည်လည်းကောင်း၊ ဆွာဗီ များသည်လည်းကောင်း၊ ရစ်ယာန်များသည်လည်းကောင်း မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကိုယုံကြည်ပြီး ကောင်းမြတ်သော ကိုယ်ကျင့်တရားများကို ဆောက်တည်ခဲ့ပါလျှင် ထိုကဲ့သို့သောသူတို့အဖို့ မည်သည့်စိုးရိမ်မှုမျှမရှိ။ ၎င်းတို့သည် ပူဆွေးကြမည်လည်း မဟုတ်ပေ။ 5|70| ဧကန်မုချ ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်တို့ထံမှ ပဋိညာဉ်ကို ယူတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် ၎င်းတို့ထံသို့ (များစွာသော) ရစူလ်တမန်တော်များကိုလည်း စေလွှတ်တော်မူခဲ့၏။ မည်သည့်အခါမျိုးမဆို ထိုသူတို့ထံသို့ ရစူလ်တမန်တော်တစ်ပါးပါးသည် ထိုသူတို့မကြိုက်မနှစ်သက်သော အမိန့်ပညတ်တော်ကို ယူဆောင်လာခဲ့သည်ရှိသော် ထိုသူတို့သည် အချို့ (ရစူလ်တမန်တော်များ) ကို မုသာဝါဒီများဟူ၍ ပြောဆိုငြင်းပယ်ခဲ့ကြ၏။ အချို့တမန်တော်များကိုမူ သတ်ဖြတ်ခဲ့ကြ၏။ 5|71| ထိုမျှမကသေးချေ။ ၎င်းတို့သည် (ယင်းကဲ့သို့ရစူလ်တမန်တော်များကို ငြင်းပယ်ခြင်းနှင့် သတ်ဖြတ်ခြင်းအားဖြင့် မိမိတို့၌) ဘေးဥပဒ်အန္တရာယ် တစ်စုံတစ်ရာမျှ ဆိုက်ရောက်လိမ့်မည်မဟုတ်ဟူ၍ပင် ထင်မြင်ယူဆခဲ့ကြလေသည်။ သို့ဖြစ်သောကြောင့် ထိုသူတို့သည် မျက်စိစုံလုံးကန်းခဲ့ကြလေသည်။ နားပင်းခဲ့ကြလေသည်။ ထို့နောက်တစ်ဖန် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ဘက်သို့ (မိမိ) ကရုဏာတော်နှင့် ပြန်လှည့်တော်မူ၍ (၎င်းတို့အား အပြစ်မှ ချမ်းသာပေးသနားတော်မူ) ခဲ့လေ၏။ ထို့နောက်သော်မှပင် ယင်းသူတို့အနက် များစွာသောသူတို့သည် မျက်စိစုံလုံးကန်းသူများနှင့် နားပင်းသူများပင် ဖြစ်သွားကြပြန်သည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ကျင့်မူသမျှတို့ကို အကြွင်းမဲ့သိမြင်တော်မူသော အရှင်မြတ်ပေတည်း။ 5|72| မလွဲဧကန် ကာဖိရ်ဖြစ်သွားကြသောသူတို့က “ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‘မရ်ယမ်’ ၏သားတော် ‘မစီဟ်’ (အီစာ) ပင် ဖြစ်တော်မူသည်” ဟု ပြောဆိုခဲ့ကြကုန်၏။ အမှန်သော်ကား မစီဟ် (ကိုယ်တိုင်) ကပင် “အို - အစ္စရာအီလီမျိုးနွယ်အပေါင်းတို့ အသင်တို့သည် ငါ၏အရှင်နှင့် အသင်တို့၏အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ကိုပင် ခဝပ်ကိုးကွယ်ကြလေကုန်” ဟု ပြောဆိုခဲ့လေသည်။ စင်စစ်ဧကန် မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် (ကိုးကွယ်) ပါလျှင် အလ္လာဟ်အရှင်မြတ်သည် ထို (ကဲ့သို့သော) သူ၏အဖို့ ‘ဂျန္နတ်’ အမတသုခဘုံကို မုချဧကန် ပိတ်ပင် ထားတော်မူအံ့။ ၎င်းပြင် ထိုသူ၏လားရာဌာနသည် ငရဲမီးပင်ဖြစ်လတ္တံ့။ ထိုမှတစ်ပါး (ယင်းကဲ့သို့) မတရားကျူးလွန်သောသူတို့အား ရိုင်းပင်းကူညီ စောင်မမည့်သူဟူ၍ကား တစ်စုံတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ။ 5|73| ဧကန်အမှန် အကြင်သူတို့သည်လည်း ကာဖိရ်များပင် ဖြစ်သွားခဲ့ကြကုန်၏။ ထိုသူများက အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ဘုရား) သုံးဆူအနက် တတိယ (ဘုရား) ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြကုန်၏။ အမှန်သော်ကား တစ်ဆူတည်းသော ကိုးကွယ်ရာ (အလ္လာဟ်အရှင်) မြတ်မှတစ်ပါး အခြားကိုးကွယ်ရာ (ဘုရား) ဟူ၍ အလျင်းမရှိချေ။ အကယ်၍သာ ယင်းသူတို့သည် မိမိတို့ပြောဆိုမှုကို မရပ်စဲကြသော် ၎င်းတို့အနက်မှ ဆက်လက်၍ သွေဖည်ငြင်းပယ်ကြသောသူတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် မုချဆိုက်ရောက်ပေမည်။ 5|74| ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်ဝယ် ဝန်ချတောင်းပန်ခြင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့် အသနားခံခြင်းကိုလည်းကောင်း မပြုကြလေသလော။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာမျှ သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။ 5|75| မရ်ယမ်၏သားတော် မစီဟ်သည် ရစူလ်တမန်တော်တစ်ပါးမျှသာ ဖြစ်၏။ ထိုမရ်ယမ်၏သားတော် မစီဟ် (အီစာ) ၏အလျင်လည်း (အခြားသော) ရစူလ်တမန်တော်တို့သည် မုချ ပွင့်ခဲ့ကြလေသည်။ ၎င်းပြင် ထိုမစီဟ် (အီစာ) ၏မယ်တော် (မရ်ယမ်) သည် သစ္စာသမာဓိနှင့် အထူးပြည့်စုံသော မိန်းမမြတ်တစ်ဦးပင် ဖြစ်ချေသည်။ ထို (သားအမိ) နှစ်ဦးလုံးသည် (အခြားလူသားများကဲ့သို့ပင်) အစာအဟာရကို စားသုံးလေ့ရှိခဲ့ကြ၏။ (အို- နဗီတမန်တော်) ငါအရှင်မြတ်သည် ထို (ခရစ်ယာန်) တို့ရှေ့ဝယ် သက်သေသာဓကများကို မည်ကဲ့သို့ ရှင်းလင်းဖော်ပြတော်မူသည်ကို အသင်ရှုပါလေ။ ထို့နောက်တစ်ဖန် ယင်းသူတို့သည် (မှန်ကန်သောတရားလမ်းစဉ်ကိုစွန့်၍) အဘယ်သို့ ပြန်လှည့်သွားကြသည်ကိုလည်း အသင်ရှုပါလေ။ 5|76| (အို- နဗီတမန်တော်) အသင်သည် (ခရစ်ယာန်တို့အား ဤသို့) ပြောကြားပါလေ။ “(ဟယ်-အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အသင်တို့အား အကျိုးယုတ် နစ်နာစေခြင်းကိုလည်းကောင်း၊ အကျိုး ဖြစ်ထွန်းစေခြင်းကိုလည်းကောင်း မပြုစွမ်းနိုင်ကြသောအရာများကို ကိုးကွယ်ဆည်းကပ်ကြလေသလော။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် (အလုံးစုံတို့ကို) အကြွင်းမဲ့ကြားသိတော်မူသောအရှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူလေသတည်း။” 5|77| (အို- နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ “အို-‘ကိတာဗီ’ ရှေးအထက်ကျမ်းဂန်ရရှိသူအပေါင်းတို့ အသင်တို့သည် မိမိတို့၏‘ဒီန်’ဘာသာသာသနာရေးတွင် (စည်းကမ်း သတ်မှတ်ထားသည်ထက်) အလွန်အကျွံမဖြစ်ကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် အကြင်သူတို့၏ အလိုဆန္ဒများကိုလည်း မလိုက်စားကြကုန်လင့်။ ထိုသူတို့သည် အထက်ကျော်ကာလက (မိမိတို့ကိုယ်တိုင်) လမ်းမှားသို့ ရောက်ရှိခဲ့ကြသည်သာမက များစွာသောသူတို့ကိုလည်း လမ်းမှားစေခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ဖြောင့်မတ်မှန်ကန်သော (တရားမှန်ကိုသိကြပါလျက်နှင့်ပင်) တရားလမ်းတော်မှ ချွတ်ချော် တိမ်းပါးခဲ့ကြသတည်း။ (ရကူ-14) 5|78| အစ္စရာအီလီမျိုးနွယ်တို့အနက်မှ ‘ကာဖိရ်’ သွေဖည်ငြင်းပယ်ကြကုန်သော သူတို့မှာမူ (နဗီတမန်တော်) ဒါဝူဒ်နှင့်မရ်ယမ် (သခင်မ) ၏သားတော် (နဗီတမန်တော်) အီစာ၏နှုတ်မှတစ်ဆင့် ကျိန်ဆဲခြင်းခံခဲ့ကြရ၏။ ယင်းကဲ့သို့ ဘေးသင့်ခဲ့ကြရခြင်းမှာ ၎င်းတို့သည် သွေဖည်ခဲ့ကြသည့်ပြင် အမြဲတစေ စည်းကမ်းဖောက်ဖျက် ကျူးလွန်လေ့ရှိခြင်းကြောင့်ပင်တည်း။ 5|79| ထိုသူတို့သည် မိမိတို့ပြုကျင့်ခဲ့ကြသော မကောင်းမှုဒုစရိုက်မှ အချင်းချင်းတစ်ဦးကိုတစ်ဦး ပိတ်ပင်မြစ်တားလေ့မရှိခဲ့ကြပေ။ စင်စစ်ဧကန် ၎င်းတို့ ပြုကျင့်လေ့ရှိခဲ့ကြကုန်သော အပြုအမူတို့သည် ဆိုးယုတ် သိမ်ဖျင်းလှပေစွတကား။ 5|80| (အို- နဗီတမန်တော်) ၎င်းတို့အနက် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား အဆွေခင်ပွန်းများပြုလုပ်ကြသူ အမြောက်အမြားကို သင်သည် တွေ့မြင်ရပေအံ့။ အမှန်စင်စစ် ၎င်းတို့က မိမိတို့ကိုယ်တိုင် မိမိတို့အဖို့ တင်ကြို၍ပို့ထားနှင့်ကြကုန်သော အပြုအမူတို့သည် ယုတ်ညံ့သိမ်ဖျင်းလှပေသည်။ (ထို့အတွက်ကြောင့်ပင်) အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် အမျက်တော် ထားတော်မူခဲ့လေသည်။ ထို့ပြင် ၎င်းတို့သည် ထာဝစဉ် အပြစ်ဒဏ်၌ နေထိုင်ကြရမည်။ 5|81| အကယ်၍ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နဗီတမန်တော်မြတ်ကိုလည်းကောင်း၊ ထိုနဗီတမန်တော်မြတ်ထံသို့ ကျရောက်လာသည့် (ကျမ်းတော်မြတ်ကုရ်အာန်) ကိုလည်းကောင်း၊ သက်ဝင်ယုံကြည်ကြပါလျှင် ထို (ကာဖိရ် သွေဖည်ငြင်းပယ်သော) သူတို့အား အဆွေခင်ပွန်းများ ပြုလုပ်ကြမည်မဟုတ်ပေ။ သို့ရာတွင် ယင်းသူတို့အနက် များစွာသောသူတို့မှာကား (အမိန့်တော်ကို ဖီဆန်သောသူများပင် ဖြစ်ကြကုန်သတည်း။) (အီမာန်၏အပြင်ဘက်သို့ ရောက်ရှိနေသူများပင်ဖြစ်ကြ၏။) 5|82| (အို- နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သောသူတို့ကို ရန်ငြိုးထားရာ၌ လူသားများအနက် ယဟူဒီတို့နှင့် မုရှ်ရစ်က်တို့ကို အပြင်းအထန်ဆုံးသောသူများအဖြစ် တွေ့ရှိရလတ္တံ့။ ၎င်းပြင် အသင်သည် ‘မုအ်မင်န်’သင်ဝင်ယုံကြည်သောသူတို့ကို မိတ်ဖွဲ့ရာ၌ ထိုလူသားများအနက် အနီးစပ်ဆုံးသောသူများအဖြစ် (မိမိတို့ကိုယ်ကို) “ကျွန်ုပ်တို့သည် ‘နဆွာရာ’ များဖြစ်ကြသည်” ဟု ပြောဆိုကြကုန်သောသူတို့အား တွေ့ရှိရပေအံ့။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့တွင်ပညာရှင်များနှင့် ဘုန်းကြီးရဟန်းများ ရှိနေကြသောကြောင့်လည်းကောင်း၊ ထိုသူတို့သည် မာန်မာနထောင်လွှားခြင်းလည်း မရှိကြသောကြောင့်လည်ကောင်း ဖြစ်ချေသည်။ 5|83| ၎င်းပြင် ယင်းသူတို့သည် ရစူလ်တမန်တော် (မုဟမ္မဒ်) ၏ထံသို့ ကျရောက်လာသော မုက္ခပါဌ်တော်များကို ကြားနာကြရသောအခါ (ထိုမုက္ခပါဌ်တော်များအားဖြင့်) အမှန်ကို သိမြင်လာကြသောကြောင့်၊ ၎င်းတို့၏မျက်စိများမှ မျက်ရည်များယိုစီးလျက်ရှိသည်ကို အသင်တွေ့မြင်ရလတ္တံ့။ (၎င်းပြင်) ယင်းသူတို့က “အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင် ကျွန်တော်မျိုးတို့သည် ယုံကြည်ပါပြီ၊ သို့ဖြစ်ပေရာ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားလည်း ယုံကြည်ထောက်ခံ သက်သေထွက်ဆိုသောသူတို့နှင့်အတူ အသိအမှတ်ပြုတော်မူပါ” ဟု လျှောက်ထားပန်ကြားကြကုန်သတည်း။ 5|84| ထို့ပြင်တဝ ယင်းသူတို့က ကျွန်ုပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်မြတ်က (ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည်ကြကုန်သော) သူတော်စင်သူတော်ကောင်းတို့အတွင်း၌ ပါဝင်စေတော်မူမည်ဟု မျှော်လင့်ချက်ထားရှိကြသည်ဖြစ်ရာ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ (ယခု) ကျွန်ုပ်တို့ထံဝယ် ရောက်ရှိလာသော အမှန်တရားကိုလည်းကောင်း၊ မယုံကြည်ကြရန် မည်သည့်အကြောင်းမျှမရှိတော့ပြီ (ဟူ၍လည်း ပြောဆိုကြကုန်သတည်း။)  (တစ်အားဖြင့်နည်း) ၎င်းပြင် (ထိုသူတို့က) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်ကောင်း၊ ကျွန်ုပ်တို့ထံရောက်ရှိလာသော အမှန်တရားကိုလည်းကောင်း မယုံကြည်ကြရန် အကြောင်းမရှိပါ။ အမှန်စင်စစ်သော်ကား ကျွန်ုပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်က သူတော်စင်တို့တွင် အပါအဝင်ဖြစ်စေတော်မူမည်ကို မျှော်လင့်လျက်ရှိကြပါသည် (ဟုပြောဆိုကြ၏။)‘” 5|85| သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ထိုသူတို့၏ (ထိုသို့ဝန်ခံ) ပြောဆိုခဲ့ကြသည့်အတွက်ကြောင့် အကြင်ဥယျာဉ်များကို အစားပေးတော်မူအံ့။ ထိုဥယျာဉ်များ၏အောက်၌ စမ်းရေချောင်းများသည် စီးဆင်းလျက်ရှိမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ ထာဝစဉ်နေထိုင်ကြမည်။ ဤသည်ကား ကောင်းမြတ်သောအကျင့်သီလများကို ဖြည့်ကျင့်ဆည်းပူးကြလေသော သူတော်ကောင်းတို့၏ အကျိုးပင်တည်း။ 5|86| သို့ရာတွင် အကြင်သူများသည် သွေဖည်ငြင်းပယ်နေခဲ့ကြ၏။ ၎င်းပြင် ထိုသူများသည် ငါအရှင်မြတ်၏ဒေသနာတော်များကို မုသားဟု ငြင်းဆိုနေခဲ့ကြ၏။ ထိုကဲ့သို့သောသူများသာလျှင် ငရဲသားများဖြစ်ကြပေသည်။ (ရကူ-2) 5|87| အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့အဖို့ အလ္လာဟ်အရှင်မြတ်က ခွင့်ပြုထားတော်မူသည့် သန့်ရှင်းစင်ကြယ်သောအရာများကို (မိမိတို့အဖို့) (ဟရာမ်) ဟူ၍ ပိတ်ပင်တားမြစ်ခြင်း မပြုကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် စည်းကမ်း (ဥပဒေ) ကိုလည်း ဖောက်ဖျက်ကျူးလွန်ခြင်း မပြုကြလေနှင့်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းဖောက်ဖျက်ကျူးလွန်သော သူတို့ကို နှစ်သက်မြတ်နိုးတော်မူသည်မဟုတ်ချေ။ 5|88| ထို့ပြင်တဝ အသင်တို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူသည်များအနက်မှ (စားသုံး) ခွင့်ပြုထားတော်မူသော သန့်စင်သောအရာများကို စားသုံးကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့ သက်ဝင်ယုံကြည်လျက်ရှိကြကုန်သော အလ္လာဟ်အရှင်မြတ်အားသာ ကြောက်ရွံ့ကြလေကုန်။ 5|89| အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ အချည်းနှီးသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ အသင်တို့အား ပြစ်ဒဏ်ပေးတော်မူမည်မဟုတ်။ သို့ရာတွင် အသင်တို့ အခိုင်အမာကျိန်ဆိုကြသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ကား အသင်တို့ကို အပြစ်ဒဏ်ပေးတော်မူမည်ဖြစ်သည်။ သို့ဖြစ်ပေရာ (ယင်းကဲ့သို့သောကျိန်ဆိုချက်များကို ချိုးဖောက်ခဲ့သည်ရှိသော်) ထိုကျိန်ဆိုချက်ကို (ချိုးဖောက်ခြင်း) ၏ အပြစ်အာပတ်ဖြေမှုကား အသင်တို့သည် မိမိတို့၏ အိမ်သူအိမ်သားတို့ကို ကျွေးမွေးလေ့ရှိကြသော ခဲဘွယ်ဘောဇဉ်မျိုးထဲမှ အလတ်စားဖြစ်သောခဲဘွယ်ဘောဇဉ်ကို သူဆင်းရဲဆယ်ယောက်အား ကျွေးမွေးခြင်းသော်လည်းကောင်း၊ ထိုသူ ဆင်းရဲသား (ဆယ်ယောက်) တို့အား အဝတ်အစား (တစ်စုံကျစီ) ပေးခြင်းသော်လည်းကောင်း၊ ကျွန်တစ်ယောက်ကို ကျွန်အဖြစ်မှ လွတ်မြောက်စေခြင်းသော်လည်းကောင်း၊ ဖြစ်ချေသည်။ သို့ရာတွင် အကြင်သူသည် (ဤအချက်များကိုလိုက်နာရန်) မတတ်စွမ်းနိုင်ခဲ့ပါမူ (ထိုသူသည်) သုံးရက် (ဆက်၍) ‘ဆွိယာမ်’ ဥပုသ်ဆောက်တည်ရမည်။ ဤသည်တို့ကား အသင်တို့ ကျိန်ဆိုပြီး (မိမိတို့၏ကျိန်ဆိုချက်များကို ချိုးဖောက်) ခဲ့သည်ရှိသော် အသင်တို့ကျိန်ဆိုချက်များ၏အပြစ်ကို အာပတ်ဖြေခြင်းပင်ဖြစ်သည်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏ကျိန်ဆိုချက်များကို စောင့်ထိန်းကြလေကုန်။ ဤသို့အားဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အမိန့်တော်များကို အသင်တို့အဖို့ ရှင်းလင်းစွာ ထုတ်ဖော်မိန့်ကြားတော်မူလေသည်။ သို့မှသာလျှင် အသင်တို့ ကျေးဇူးသိတတ်ကြပေမည်။ 5|90| အို-‘မုအ်မင်န်’သက်ဝင်ယုံကြည်သူအပေါင်းတို့ မုချဧကန် သေစာအရက်သည်လည်းကောင်း၊ လောင်းတမ်းကစားခြင်းသည်လည်းကောင်း၊ ရုပ်တု၊ ဆင်းတု (အစရှိသည့်အရာ) များသည်လည်းကောင်း၊ မြှား (ဖြင့်ကံစမ်းခြင်း) သည်လည်းကောင်း အလွန် ဆိုးရွားညစ်ညမ်းလှသော အမှုကိစ္စများ၊‘ရှိုင်တွာန်’ အပြုအမူများသာလျှင်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထို (ဆိုးရွားညစ်ညမ်းသောအရာ) ကို ရှောင်ကြဉ်ကြကုန်လော့။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြပေမည်။ 5|91| မုချဧကန် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် သေစာအရက် (ကို သောက်စားစေခြင်း) ဖြင့်လည်းကောင်း၊ လောင်းတမ်းကစားစေခြင်းဖြင့်လည်းကောင်း၊ အသင်တို့၏စပ်ကြားဝယ် ရန်ငြိုးပွားမှုကိုလည်းကောင်း၊ မုန်းတီးမှုကိုလည်းကောင်း ဖန်တီးရန်နှင့် အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား အောက်မေ့သတိရခြင်းမှလည်းကောင်း၊ ‘ဆွလာသ်’ ဝတ်ပြုခြင်းမှလည်းကောင်း၊ ပိတ်ပင်တားဆီးရန်သာလျှင် ကြံစည်လျက်ရှိလေ၏။ သို့ဖြစ်ပေရာ အသင်တို့သည် (သေစာအရက်သောက်စားခြင်းနှင့် လောင်းတမ်းကစားခြင်းမှ) ရပ်စဲကြပါမည်လော။ (တစ်နည်း) ဤမှတစ်ပါး အခြားမဟုတ် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် သေရည်သေရက်ဖြင့်လည်းကောင်း၊ အလောင်းအစားဖြင့်လည်းကောင်း၊ အသင်တို့စပ်ကြားတွင် ရန်ငြိုးပွားမှု၊ မုန်းထားမှုများကိုဖြစ်စေလို၏။ ၎င်းပြင် (ရှိုင်တွာန်သည်) အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသသတိရခြင်းမှလည်းကောင်း၊ ‘ဆွလာသ်’ ဝတ်ပြုခြင်းမှလည်းကောင်း ပိတ်ပင်တားဆီးလို၏။ သို့ဖြစ်ပေရာ အသင်တို့သည် ရပ်တံ့ကြမည်သူများ ဖြစ်ကြသလော။ (ရပ်တန့်ကြမည်လော) (ဝါ) ရပ်တန့်ကြလေကုန်။ 5|92| ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် (၏ အမိန့်တော်အရပ်ရပ်) ကို လိုက်နာကြလေကုန်။ ၎င်းပြင် အသင်တို့သည် ရစူလ်တမန်တော် (၏ ဩဝါဒအရပ်ရပ်) ကိုလည်း လိုက်နာကြလေကုန်။ ၎င်းပြင် အသင်တို့သည် သတိထားကြလေကုန်။ တစ်ဖန် အကယ်၍ အသင်တို့သည် (အလ္လာဟ်အရှင်မြတ်နှင့် နဗီတမန်တော်မြတ်၏ အမိန့်တော်များကို မလိုက်နာကြဘဲ) လွှဲဖယ်သွားကြပါမူ ငါအရှင်မြတ်၏ ရစူလ်တမန်တော်၌ (ငါအရှင်မြတ်၏အမိန့်တော်များကို) ရှင်းလင်းထင်ရှားစွာ (ထုတ်ဖော်ဟောကြား) ပို့သရန်သာ တာဝန်ရှိသည်ကို အသင်တို့ (ကောင်းစွာ) သိနားလည်ထားကြလေကုန်။ 5|93| ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိ၍ ကောင်းမြတ်သောသီလများကို ကျင့်မူကြကုန်သောသူတို့အပေါ်ဝယ် ၎င်းတို့သည် (အတိတ်ကာလ၌ ‘ဟရာမ်’ ဟူ၍ တားမြစ်ခြင်းမပြုမီ သေစာအရက်ကို လည်းကောင်း၊ လောင်းတမ်းကစားခြင်းဖြင့် ရရှိသောပစ္စည်းကိုလည်ကောင်း အခြားတစ်စုံတစ်ရာကိုလည်ကောင်း) စားသုံးမိခဲ့ကြသည့်အတွက် အပြစ်တစ်စုံတစ်ရာမျှမရှိချေ။ အကြင်အခါဝယ် ထိုသူတို့သည် (ထိုစဉ်အခါက တားမြစ်ထားသောအရာများမှလည်း) ကြဉ်ရှောင်ခဲ့ကြကုန်၏။ ထို့ပြင်တဝ ထိုသူတို့သည် (အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညတ်တော်များကို) ယုံကြည်ကြ၏။ (‘ဆွလာသ်’ ဝတ်ပြုခြင်း၊ ‘ဆွိယာမ်’ ဥပုသ်သီတင်းသီလဆောက်တည်ခြင်း၊ ‘ဂျီဟာဒ်’ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း အစရှိသည့်) ကောင်းမြတ်သောသီလများကိုလည်း ကျင့်မူကြကုန်၏။ ထိုနောက်တစ်ဖန် ထိုသူတို့သည် (အလ္လာဟ်အရှင်မြတ်က ဟရာမ်ဟူ၍ တားမြစ်တော်မူသောအခါ ထိုတားမြစ်တော်မူသောအရာများမှလည်း) ကြဉ်ရှောင်ကြကုန်၏။ ၎င်းပြင် (ထိုအရာများနှင့်စပ်လျဉ်း၍ ကျရောက်လာသော အမိန့်ပညတ်တော်များကိုလည်း) အီမာန်ယုံကြည်ကြကုန်၏။ ထို့နောက် တစ်ဖန် ထိုသူတို့သည် (သဒ္ဓါတရားထက်သန်စွာနှင့် တစ်ဆင့်တိုးပြီး ဟရာမ်ဟူ၍ တားမြစ်ထားသောအရာများမှ လွတ်ကင်းနိုင်ခြင်းငှာ ဒွိဟသံသယမကင်းသောအရာများမှလည်း) ကြဉ်ရှောင်ကြ၏။ ၎င်းပြင် (ကောင်းမြတ်သောကျင့်ဝတ်တို့ကို စိတ်ရောကိုယ်ပါ) ကောင်းမွန်စွာ ဖြည့်ကျင့်ဆည်းပူးလျက်လည်းရှိကြ၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကောင်းမွန်စွာ ဖြည့်ကျင့် ဆည်းပူးကြကုန်သောသူတို့အား ချစ်ကြည်မြတ်နိုးတော်မူလေသတည်း။ (ရကူ-2) 5|94| အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိအား အကွယ်၌ မည်သူကြောက်ရွံ့သည်ကိုသိတော်မူခြင်းငှာ အသင်တို့၏လက်များနှင့်   လှံစွပ်များမှီနိုင်သော အချို့အမဲများဖြင့် အသင်တို့အား စမ်းသပ်တော်မူမည်။ သို့ဖြစ်ပေရာ မည်သူမဆို ထို (ကဲ့သို့ ထုတ်ဖေါ်မိန့်ကြားတော်မူပြီး) နောက် (ထိုအမဲများကို ပစ်ခတ်ဖမ်းဆီးခြင်းအားဖြင့်) ကျူးကျော်ခဲ့ပါမူ ထိုသူတို့၏အဖို့ (နောင်တမလွန်ဘဝတွင်) အလွန်နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်သည် အဆင်သင့်ရှိပေသည်။ 5|95| အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် ‘အစ်ဟ်ရာမ်’ ဝတ်ရုံကို ဝတ်ဆင်လျက်ရှိကြစဉ်အခါဝယ် အမဲတိရစ္ဆာန်တို့ကို (ပစ်ခတ်ဖမ်းဆီး) သတ်ဖြတ်ခြင်းမပြုကြကုန်လင့်။ အမှန်စင်စစ်သော်ကား မည်သူမဆို အသင်တို့အနက်မှ ထိုအမဲတိရစ္ဆာန်များကို တမင်ကြံရွယ်ပြီးသတ်ဖြတ်ခဲ့ပါမူ ထိုသတ်ခဲ့သောတိရစ္ဆာန်နှင့် တူမျှသော အခြေလေးချောင်း တိရစ္ဆာန်တစ်ကောင်ကို ကုရ်ဗာနီသားကောင်အဖြစ် ကအ်ဗဟ်ကျောင်းတော်သို့ ပို့ဆောင်ခြင်းအားဖြင့် ဒဏ်ဆောင်ရမည်။ ၎င်း (ဒဏ်ဆောင်ရမည့်တိရစ္ဆာန်) ကို အသင်တို့အနက်မှ တရားမျှတမှုရှိသော ပုဂ္ဂိုလ်နှစ်ဦးသည် ဆုံးဖြတ်၍ပေးရမည်။ သို့မဟုတ် သူဆင်းရဲတို့အား ဘောဇဉ်ခဲဘွယ်တို့ကို ကျွေးမွေးခြင်းအားဖြင့်သော်လည်းကောင်း၊ ယင်း (ကျွေးမွေးရမည့် သူဆင်းရဲတို့၏ ဦးရေ) နှင့်အမျှ ဥပုသ်သီတင်း သီလဆောက် တည်ခြင်းအားဖြင့်သော်လည်းကောင်း အပြစ်ဒဏ်အာပတ်ဖြေရပေမည်။ (ယင်းကဲ့သို့ ဒဏ်ဆောင်စေခြင်းနှင့် အပြစ်အာပတ်ဖြေစေခြင်းမှာ) ထိုသူသည် မိမိပြုမူချက်၏အရသာကို မြည်းစမ်းခြင်းငှာဖြစ်ချေသည်။ အလ္လာဟ်အရှင်မြတ်သည် လွန်လေပြီးသောအပြစ်တို့ကို ခွင့်လွှတ်တော်မူခဲ့ပြီးဖြစ်၏။ သို့ရာတွင်မည်သူမဆို ထပ်မံ၍ပြုကျင့်ပါမူ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား လက်စားချေတော်မူအံ့။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင် လက်စားချေတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ 5|96| အသင်တို့အဖို့ (အစ်ဟ်ရာမ်ဝတ်ရုံကို ဝတ်ဆင်ထားသည့်အချိန်၌) ပင်လယ် (ဝါ) ရေသတ္တဝါများကိုဖမ်းခြင်းနှင့် ၎င်းတို့ကိုစားသုံးခြင်းသည် ဟလာလ်ဟူ၍ ခွင့်ပြုထားပြီးဖြစ်၏။ (သို့ ခွင့်ပြုခြင်းကား) အသင်တို့၏အကျိုးငှာလည်းကောင်း၊ ခရီးသည်များ၏အကျိုးငှာလည်းကောင်း ဖြစ်ပေသည်။ သို့ရာတွင် အသင်တို့ အစ်ဟ်ရာမ်ဝတ်ရုံကို ဝတ်ဆင်လျက်ရှိသမျှကာလပတ်လုံး ကုန်းသတ္တဝါများကိုမူ အမဲလိုက်ခြင်းသည် အသင်တို့အပေါ်၌ ဟရာမ်ဟူ၍ တားမြစ်ပြီးဖြစ်ချေသည်။ (သို့ဖြစ်ပေရာ) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထို (အလ္လာဟ်) အရှင်မြတ်ထံတော်၌သာ အသင်တို့သည် (ပြန်လည်၍) စုရုံးကြရမည်ဖြစ်သည်။ 5|97| အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်သော ကအ်ဗဟ်အိမ်တော်ကိုလည်းကောင်း၊ ထူးမြတ်သောလများကိုလည်းကောင်း၊ (ကုရ်ဗာန်ပြုမည်ဖြစ်သော) ကုရ်ဗာနီသားကောင်များကိုလည်းကောင်း၊ (ကုရ်ဗာန်ပြုလုပ်ရန်) လည်ပတ်ကြိုး အစရှိသည်ကို တပ်ဆင်ထားသော သားကောင်များကိုလည်းကောင်း၊ လူတို့အဖို့ (သာသနာရေးနှင့် လောကီရေးများ) တည်မြဲစေရန်အကြောင်း ပြုလုပ်ထားတော်မူ၏။ ဤကဲ့သို့ပြုလုပ်တော်မူခြင်းကား အလ္လာဟ်အရှင်မြတ်သည် မိုးများ၌ရှိသမျှတို့ကိုလည်းကောင်း၊ ပထဝီ၌ရှိသမျှတို့ကိုလည်းကောင်း၊ သိရှိတော်မူသည်ကို အသင်တို့ယုံကြည်ကြရန်ဖြစ်သည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (တစ်နည်း) အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်သော ကအ်ဗဟ်အိမ်တော်ကို လူသားတို့၏ အကျိုးတည်ရှိနေစေရန် အကြောင်းပြုထားတော်မူသည်။ ထိုနည်းအတူ မြင့်မြတ်သောလများကိုလည်းကောင်း၊ (ဟရမ်အတွင်း) ကုရ်ဗာနီပြုမည့် သားကောင်များကိုလည်းကောင်း၊ (ဟရမ်အတွင်း၌ အလ္လာဟ်အရှင်မြတ်အားရည်စူး၍ ဇဗဟ်ပြုလုပ်ရန်ဖြစ်သော) လည်ပတ်ကြိုးပါရှိသော သားကောင်များကိုလည်းကောင်း၊ (လူသားတို့အကျိုးတည်ရှိနေစေရန်အကြောင်း ပြုလုပ်ထားတော်မူသည်၊) ယင်းသို့ပြုလုပ်ထားတော်မူခြင်းမှာ မိုးများ၌ရှိရှိသမျှတို့ကိုလည်းကောင်း၊ မြေ၌ရှိရှိသမျှတို့ကိုလည်းကောင်း၊ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိရှိတော်မူသည်ကို အသင်တို့ ယုံကြည်ကြရန်ပင်ဖြစ်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ 5|98| ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (တစ်စုံတစ်ရာကို ထိုအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ် ခြင်း၊ အမိန့်တော်ကို သွေဖည်ငြင်းပယ်ခြင်း အစရှိသောပြစ်မှုများနှင့် မိမိတို့ကိုယ်ကို ဖုံးလွမ်းစေသောသူတို့အား) အလွန်ပြင်းထန်စွာ ပြစ်ဒဏ်ပေးတော်မူမည် ဖြစ်ကြောင်းနှင့် စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် (ထိုတစ်ဆူတည်းသောအရှင်မြတ်အား ယုံကြည်ဆည်းကပ်၍ ကောင်းမြတ်သော သီလများကို ဆောက်တည်ကြကုန်သောသူတို့အား) အလွန်တရာမျှ လွတည်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာမျှ သနားညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူကြောင်းကို အသင်တို့သည် ကောင်းစွာသိထားကြလေကုန်။ 5|99| ရစူလ်တမန်တော် (မုဟမ္မဒ်) ၏အပေါ်၌ (အလ္လာဟ်အရှင်မြတ်၏ အမိန့်ဗျာဒိတ်တော်များကို လူတို့ထံသို့) ပို့ဆောင် (ဟောကြား) ရန် တာဝန်သာရှိ၏။ အသင်တို့ ထင်ရှားစွာပြုလုပ်သော အရာများကိုလည်းကောင်း၊ အသင်တို့ ထိမ်ချန်လျှို့ဝှက်စွာပြုသော အရာများကိုလည်းကောင်း စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကာင်းစွာသိရှိတော်မူပေသတည်း။ 5|100| (အို- နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ “မသန့်ရှင်း မစင်ကြယ်သောအရာများ၏ ပေါများမှုသည် အသင့်အား ဝမ်းသာအားရစေသော်လည်း မသန့်ရှင်း မစင်ကြယ်သောအရာများနှင့် သန့်ရှင်းစင်ကြယ်သောအရာများသည် မတူချေ။ သို့ဖြစ်ပေရာ အို- ခွဲခြားသိနိုင်သော နိသမ္မဉာဏ်ရှင် အပေါင်းတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည်အောင်မြင်ကြလတ္တံ့။ (ရကူ-3) 5|101| အို- သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် (နဗီတမန်တော်မြတ်ထံ မဖွယ်မရာသော) အကြင် (အကြောင်း) အရာများနှင့်စပ်လျဉ်း၍ လျှောက်ထားမေးမြန်းခြင်းကို မပြုကြကုန်လင့်။ အကယ်၍သာ ထို (အကြောင်း) အရာများကို အသင်တို့ရှေ့ဝယ် ထုတ်ဖေါ် (ပြောဆို) ခဲ့သည်ရှိသော် အသင်တို့အဖို့ [မကောင်းဖြစ်ပေအံ့]။ (တစ်နည်း) [မနှစ်သက်ဖွယ်ဖြစ်ပေအံ့]။ သို့ရာတွင် အကယ်၍သာ အသင်တို့သည် ထို (အကြောင်း) အရာများနှင့်စပ်လျဉ်း၍ ကုရ်အာန်ကျမ်းတော်မြတ် ကျရောက်နေစဉ်အခါကာလ၌ လျှောက်ထားမေးမြန်းကြပါမူ ထို (အကြောင်း) အရာများသည် အသင်တို့ရှေ့ဝယ် ထုတ်ဖေါ်ပြီးဖြစ်အံ့။ ယင်းသို့သောအရာများနှင့်စပ်လျဉ်း၍ (အတိတ်တွင်မေးခဲ့ကြသည်များကိုမူကား) အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်တော်မူ၏။ အမှနစင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ ခန္တီတရားနှင့် ပြည့်စုံတော် (မူ၍ သည်းခံတော်) မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ 5|102| အသင်တို့အလျင် အထက်ကျော်ကာလ၌ရှိခဲ့ကြသော သူတို့သည်လည်း ယင်းကဲ့သို့သောအကြောင်းအရာများကို မေးမြန်းခဲ့ဖူးကြလေသည်။ ထို့နောက် ၎င်းတို့သည် ယင်းအကြောင်းအရာများကို မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သတည်း။ 5|103| အလ္လာဟ်အရှင်မြတ်သည် ‘ဗဟီရဟ်’ ကိုလည်း (ရှရီအတ်တရားဥပဒေတွင်) သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သည်မဟုတ်ပေ။ ‘စာအိဗဟ်’ ကိုလည်း သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သည် မဟုတ်ပေ။ ‘ဝဆွီလဟ်’ ကိုလည်း သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သည် မဟုတ်ပေ။ ‘ဟာမီ’ ကိုလည်း အသိအမှတ်ပြုတော်မူခဲ့သည် မဟုတ်ပေ။ သို့ရာတွင် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့မူကား အလ္လာဟ်အရှင်မြတ် အပေါ်၌ မဟုတ်မမှန်လုပ်ကြံ၍ မုသားစကား ပြောဆိုကြကုန်၏။ စင်စစ်သော်ကား ၎င်းတို့အနက် များစွာသောသူတို့သည် အသိဉာဏ်ကင်းမဲ့ကြကုန်သတည်း။ 5|104| ၎င်းပြင် ထိုသူတို့အား “အသင်တို့သည် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသော အမိန့်တော်များနှင့် ရစူလ်တမန်တော်ဘက်သို့ လာကြလေကုန်” ဟု ပြာဆိုသောအခါ ထိုသူတို့က ကျွန်ုပ်တို့အဖို့ အကြင်လမ်းစဉ်သည် လုံလောက်ပေသည်။ ထိုလမ်းစဉ်ပေါ်၌ ကျွန်ုပ်တို့သည် မိမိတို့၏အဖ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့အား တွေ့ရှိခဲ့ကြသည်” ဟုဖြေကြား၏။ အကယ်၍ ၎င်းတို့၏အဖ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည် မည်သည့်တစ်စုံတစ်ရာကိုမျှ မသိနားမလည်ကြသည့်ပြင် (ကောင်းကင်ကျ) တရားလမ်းစဉ်ကိုပင် မရရှိကြသော်လည်း ( ၎င်းတို့၏ အဖ၊ ဘိုး၊ ဘေး၊ တို့၏လမ်းစဉ်သည် ၎င်းတို့အဖို့ လုံလောက်ပါသလော။ အလျင်းမလုံလောက်ပေ။ ) 5|105| အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ ထိန်းသိမ်း စောင့်ရှောက်ရန်အတွက်သာလျှင် ပူပန်ကြလေကုန်။ အသင်တို့၏တရားလမ်းစဉ်အတိုင်း (မတိမ်းမစောင်း) လိုက်နာနေကြပါလျှင် တရားလမ်းမှားသောသူသည် အသင်တို့ကို (မည်သို့မျှ) အကျိုးယုတ် နစ်နာစေနိုင်မည်မဟုတ်ပေ။ အသင်တို့အားလုံးတို့သည် နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် ပြန်ကြရလတ္တံ့။ ထိုအခါ ထိုအရှင်မြတ်သည် အသင်တို့ ပြုမူခဲ့သမျှတို့ကို အသင်တို့အား အသိပေးတော်မူအံ့။ 5|106| အို- သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ‘မရဏ’ သေခြင်းတရားသည် ဆိုက်ရောက်၍ (ထိုသူသည်) ဝဆွီယသ် မှာတမ်းစကားပြောကြားလေသောအခါ အသင်တို့အနက်မှ တရားမျှတမှုရှိသောသူနှစ်ယောက် သက်သေအဖြစ် ရှိကြရပေမည်။ သို့တည်းမဟုတ် အသင်တို့သည် မြေပြင်ဝယ်ခရီးထွက်နေစဉ် အသင်တို့၌ သေဘေးဆိုက်ရောက်ခဲ့သည်ရှိသော် အကယ်၍ မွတ်စ်လင်မ်မရှိသော် အသင်တို့မှတစ်ပါး အခြား (သာသနာဝင်) တို့အနက်မှ သက်သေနှစ်ဦးရှိကြရပေမည်။ အကယ်၍ အသင်တို့သည် မှာကြားခြင်းခံခဲ့ရသောသူတို့နှင့်ပတ်သက်၍ ဒွိဟသံသယမကင်း ဖြစ်ခဲ့ ကြပါမူ ထို (သက်သေ) နှစ်ယောက်ကို (ဗလီအတွင်း ‘ဆွလာသ်’ ဝတ်ပြုပြီးနောက် ဆိုင်းငံ့ထားကြလေကုန်။ ထိုအခါ ထိုသူတို့နှစ်ဦးစလုံးတို့သည် အလ္လာဟ်အရှင်မြတ်ကိုတိုင်တည်၍ (ဤသို့) ကျိန်ဆိုကြရမည်။ “ကျွန်ုပ်တို့သည် (ဤကိစ္စ၌ မိမိတို့) ဆွေမျိုးနီးစပ် ပါဝင်နေသည့်တိုင်အောင် ဤသို့ကျိန်ဆိုခြင်းအားဖြင့် မည်သည့်အကျိုးကျေးဇူးကိုမျှ ရလိုကြသည်မဟုတ်ပေ။ ၎င်းပြင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ် အမိန့်တော်အတိုင်း တာဝန်ရှိသောသက်သေခံခြင်းကိုလည်း လျှို့ဝှက် ထိမ်ချန်ထားရှိကြသည်မဟုတ်ချေ။ (အကယ်၍ ထိမ်ချန်လျှို့ဝှက်ထားရှိခဲ့မူ) ကျွန်ုပ်တို့သည် ဧကန်စင်စစ် အပြစ်မကင်းသော သူတို့အနက်မှပင် ဖြစ်ကုန်အံ့သတည်း။” 5|107| တစ်ဖန် အကယ်၍ ၎င်းတို့နှစ်ဦးသည် (တစ်စုံတစ်ရာအပြစ်) ကျူးလွန်ခဲ့ကြောင်း သိရှိရပါလျှင် ထိုအပြစ်ရှိသူနှစ်ဦး၏နေရာတွင် (ကွယ်လွန်သူ၏) ဆွေမျိုးအနီးစပ်ဆုံး အမွေစားတို့အနက် သက်သေနှစ်ယောက်ရပ်ပြီးလျှင် “ကျွန်ုပ်တို့၏သက်သေခံခြင်းမှာ ထိုသူတို့နှစ်ဦးသက်သေခံခြင်းထက် ပိုမို၍မှန်ကန်ပါသည်။ ၎င်းပြင် ကျွန်ုပ်တို့သည် (ပစ္စည်းတောင်းဆိုရာတွင်လည်းကောင်း၊ ဝဆွီများအား စွပ်စွဲရာတွင်လည်းကောင်း၊) စည်းကမ်းကျူးလွန်ခြင်းလည်း မရှိကြပါ။ (အကယ်၍သာ ကျူးလွန်ခဲ့သည်ရှိသော်) ကျွန်ုပ်တို့သည် မလွဲဧကန် မတော်မတရားကျူးလွန်သောသူတို့အနက် အပါအဝင်ဖြစ်ကြပါအံ့” ဟု အလ္လာဟ်အရှင်မြတ်အားတိုင်တည်၍ ကျိန်ဆိုကြရပေမည်။ 5|108| ဤသည်ကား သက်သေများသည် သက်သေခံထိုက်သောနည်းမှန်အတိုင်း သက်သေခံကြရန်၊ သို့တည်းမဟုတ် ၎င်းတို့သည် မိမိတို့၏ကျိန်ဆိုချက်များမှာ အခြားသူများ၏ကျိန်ဆိုချက်များဖြင့် ကန့်ကွက် ပယ်ချခြင်းခံရမည်ကို စိုးရိမ်ကြရန် အနီးစပ်ဆုံး (အကောင်းဆုံး) သောနည်းပင် ဖြစ်ချေသည်။ (မည်သို့ပင်ဖြစ်စေ) အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် (ထိုအရှင်မြတ်၏အမိန့်တော်များကို) နာယူကြလေကုန်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကိုကျူးလွန်သောသူတို့အား တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူသည်မဟုတ်ပေ။ 5|109| (အသင်တို့သည် အကြင်နေ့ကို သတိရကြလေကုန်။ ကြောက်ရွံ့ကြလေကုန်။) ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်သည် ရစူလ်တမန်တော်များအား စုရုံးစေတော်မူပြီး (ထိုရစူလ်တမန်တော်များကို) “အသင် တို့သည် (မိမိတို့၏ နောက်လိုက်များထံမှ) မည်သို့ သောပြန်ကြားခြင်းကို ရရှိခဲ့ကြပါသနည်း” ဟု မေးမြန်းတော်မူအံ့။ (ထိုအခါ ထိုရစူလ်တမန်တော် များက) “ကျွန်တော်မျိုးတို့တွင် အလျင်းမသိကြပါ။ ဧကန်စင်စစ် အရှင်မြတ်သည်သာလျှင် အကွယ်၌ရှိသောအရာများကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပါသည်။” ဟု လျှောက်ထားခဲ့ကြကုန်အံ့။ 5|110| (၎င်းနောက် ထိုနေ့မှာပင်) အကြင်အခါဝယ် အလ္လာဟ်အရှင်မြတ်သည် (တမန်တော်အီစာသခင်အား ဤသို့) မိန့်ကြားတော်မူအံ့။ အို- မရ်ယမ်၏သား အီစာ အသင်သည် မိမိအပေါ်၌လည်းကောင်း၊ မိမိ၏ မိခင်အပေါ်၌လည်းကောင်း၊ ငါအရှင်မြတ်ပြုတော်မူခဲ့သော ကျေးဇူးတော်များကို ပြန်လည်အောက်မေ့ သတိရပါ လေ။ အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင့်အား ‘ရူဟုလ်ကုဒွတ်စ်’ ဖြင့် ကူညီထောက်မတော်မူခဲ့၏။ (၎င်းပြင်) အသင်သည် ပုခက်တွင်း၌ (အမိရင်ခွင်၌) လည်းကောင်း၊ အသက်အရွယ် ကြီးပြင်းလာသည့်အခါ၌လည်းကောင်း၊ လူတို့နှင့် (တစ်မျိုးတစ်စားတည်း) စကားပြောဆိုခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင့်အား ကောင်းကင်ကျကျမ်းဂန်များကိုလည်းကောင်း၊ ‘ဟစ်က်မတ်’ အသိဉာဏ် အထူးအမြင်ကိုလည်းကောင်း၊ ‘တောင်ရာတ်’နှင့် ‘အိန်ဂျီလ်’ ကျမ်းဂန်များကိုလည်းကောင်း သင်ကြားပို့ချတော်မူခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် မြေဖြင့် အသင်သည် ငှက်၏သဏ္ဌာန်ကဲ့သို့ပြုလုပ်၍ ထိုအရာတွင်မှုတ်၏။ ထိုအခါ ထိုအရာသည် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် (အသက်ရှင်သော ပြကတေ့) ငှက်သတ္တဝါ ဖြစ်သွားလေ၏။ ၎င်းပြင် အသင်သည် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် (အမိဝမ်းတွင်းမှ) မျက်စိအလင်း မရရှိသောသူတို့ကိုလည်းကောင်း၊ ခရုသင်း စသောကုဌနူနာစွဲကပ်လျက်ရှိသော သူတို့ကိုလည်းကောင်း ပျောက်ကင်းစေ၏။ ၎င်းပြင် အကြင်အခါဝယ် အသင်သည် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် သူသေများကို (ရှင်စေပြီး သင်းချိုင်းတွင်းမှ) ထွက်စေခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်တို့ကို အသင့် (အား ဖမ်းဆီးကွပ်မျက်ခြင်း) မှ တားဆီးတော်မူခဲ့၏၊ အကြင်အခါဝယ် အသင်သည် ၎င်းတို့ထံသို့ ထင်ရှားလှစွာသော သက်သေလက္ခဏာ (တန်ခိုးပြာဋိဟာ) များကို ယူဆောင်သွားခဲ့၏။ ပြီးနောက် ၎င်းတို့အနက်မှ မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့သူတို့က “ဤကား ထင်ရှားသော စုန်းပရောဂအတတ်မျှဖြစ်သည်” ဟု ပြောဆိုခဲ့ကြ၏။ 5|111| ၎င်းပြင် (အို- နဗီတမန်တော်အီစာ) အသင်သည် (ပြန်လည်အောက်မေ့ သတိရပါလေ) အကြင်အခါဝယ် ငါအရှင်မြတ်သည်‘ဟဝါရီ’ တို့ထံ အသင်တို့သည် ငါအရှင်မြတ်ကိုလည်းကောင်း၊ ငါအရှင်မြတ်၏ တမန်တော် (အီစာ) အားလည်းကောင်း၊ သက်ဝင်ယုံကြည်လေကုန်ဟု အမိန့်တော် ထုတ်ပြန်ချမှတ်တော်မူခဲ့လေရာ ထို (ဟဝါရီ) တို့က “ကျွန်တော်မျိုးတို့သည် ယုံကြည်ကြပါပြီ။ ကျွန်တော်မျိုးတို့သည် အမိန့်ကို လိုက်နာကြသော ‘မွတ်စလင်မ်’ များဖြစ်ကြောင်း အရှင်မြတ်သည် သက်သေဖြစ်တော်မူပါ” ဟူ၍ လျှောက်ထားပန်ကြားခဲ့ကြသည်။ 5|112| (အို- နဗီတမန်တော်မုဟမ္မဒ် အသင်သည် ပြန်လည်သတိရစေပါလေ။) အခါတစ်ပါး၌ ‘ဟဝါရီ’ တို့က “အို-‘မရ်ယမ်’ (သခင်မ) ၏သား (နဗီတမန်တော်) ဟဇရသ် ‘အီစာ’အသင့်အား ဖန်ဆင်းမွေးမြူသောမူသော အရှင်မြတ်သည် ကျွန်တော်မျိုးတို့အပေါ်ဝယ် ကောင်းကင်မှ စားဖွယ်သောက်ဖွယ်နှင့် (ပြည့်စုံသော စားပွဲတစ်ခု) ကို ချပေးသနားတော်မူနိုင်စွမ်း ရှိပါသလော” ဟု ပြောဆိုကြလေသည်။ ထိုအခါ နဗီတမန်တော် အီစာက “(ဟယ်- အချင်းတို့) အသင်တို့သည် အကယ်စင်စစ် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူများ ဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်” ဟု ပြောကြားတော်မူခဲ့ပေသည်။ 5|113| ထို (ဟဝါရီ) များက “ကျွန်တော်မျိုးတို့သည် ထို (စားပွဲတွင်ပါရှိလေသော) စားဖွယ်ကို (‘ဗရ်ကသ်’ မင်္ဂလာရှိစေခြင်းအားဖြင့်) စားသုံးခြင်းငှာလည်းကောင်း၊ ကျွန်တော်မျိုးတို့၏ စိတ်နှလုံးများ နှစ်သိမ့်ကျေနပ်ခြင်းငှာလည်းကောင်း၊ အသင် (တမန်တော်အီစာ) သည် ကျွန်တော်မျိုးတို့အား (မိမိ နဗီတမန်တော်ဖြစ်ကြောင်း) မှန်ကန်စွာပြောဆိုခဲ့သည်ကို (ကိုယ်တွေ့မျက်မြင်) ကောင်းမွန်စွာ ယုံကြည်ခြင်း ငှာလည်းကောင်း၊ ထို (တန်ခိုးပြာဋိဟာ) နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးတို့သည် အသိသက်သေဖြစ်ခြင်းငှာလည်းကောင်း ရည်စူးကြပါသည်” ဟု ပြန်ကြားကြကုန်၏။ 5|114| မရ်ယမ် (သခင်မ) ၏သား (တော်တမန်တော်) အီစာ (အလိုင်ဟစ္စလာမ်) က “အို- အလ္လာဟ်အရှင်မြတ်၊ အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်မြတ် အရှင်မြတ်သည် ကျွန်တော်မျိုး တို့အပေါ်သို့ မိုးကောင်းကင်မှ စားဖွယ်သောက်ဖွယ်ကို ချပေးသနားတော်မူပါ။ ထိုစားဖွယ်သောက်ဖွယ်သည် ကျွန်တော်မျိုးတို့အဖို့ (ဝါ) ကျွန်တော်မျိုးတို့တွင် ရှေးကျသူများအဖို့လည်းကောင်း၊ ကျွန်တော်မျိုးတို့နောက် လာလတ္တံ့သောသူများအဖို့လည်းကောင်း ပျော်ရွှင်ဖွယ်ရာဖြစ်ပါစေ။ ၎င်းပြင် အရှင်မြတ်ထံတော်မှ သက်သေလက္ခဏာတော်တစ်ပါးလည်း ဖြစ်ပါစေ။ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ပေးသနားတော်မူပါ။ အမှန်စင်စစ် အရှင်မြတ်သည်သာလျှင် အကောင်းဆုံးသော ပေးသနားတော်မူသောအရှင် ဖြစ်တော်မူပါသည်” ဟုလျှောက်ထားပန်ကြားလေသည်။ 5|115| အလ္လာဟ်အရှင်မြတ်က “ငါအရှင်မြတ်သည် ထိုစားဖွယ်သောက်ဖွယ်ကို အသင်တို့အပေါ်၌ မုချဧကန် ချပေးသနားတော်မူအံ့။ သို့ရာတွင် ထို (သို့ချပေးသနားတော်မူပြီး) နောက် အသင်တို့အနက် မည်သူမဆို ငြင်းပယ်ပါမူ ငါအရှင်မြတ်သည် စကြဝဠာခပ်သိမ်းတို့အနက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပေးတော်မမူမည့် အပြစ်ဒဏ်ကို ထိုသူအား ဧကန်မလွဲ ပေးတော်မူအံ့” ဟု ပြန်ကြားတော်မူခဲ့လေသတည်း။ (ရကူ-5) 5|116| (ပြန်လည်အောက်မေ့သတိရပါလေ။) အကြင်အခါဝယ် အလ္လာဟ်အရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူအံ့။ “အို-‘မရ်ယမ်’ ၏သား‘အီစာ’ အသင်က လူတို့အား အသင်တို့သည် အလ္လာဟ် အရှင်မြတ်အပြင် ကျွန်ုပ် (အီစာ) ကိုလည်းကောင်း၊ ကျွန်ုပ်၏မယ်တော် (မရ်ယမ်) ကိုလည်းကောင်း၊ ကိုးကွယ်ရာ (ဘုရား) နှစ်ပါး မှတ်ယူကြလေကုန်” ဟု ပြောကြားခဲ့ပါသလော။ ထိုအခါ (အီစာ) (အလိုင် ဟစ္စလာမ်) သည် (ဤသို့) လျှောက်ထားပြန်ကြားပေအံ့။ “(အို - အရှင်) အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါ၏။ ကျွန်တော်မျိုးမှာ မိမိမပြောထိုက်သောစကားကို ပြောဆိုခွင့် အလျင်းမရှိပါ။ အကယ်၍သာ ကျွန်တော်မျိုးသည် ထိုစကားကိုပြောဆိုမိခဲ့ပါမူ အရှင်မြတ်သည် ထိုပြောဆိုသည်ကို မုချ သိရှိတော်မူပြီးပင်ဖြစ်ပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုး၏စိတ်တွင်း၌ ရှိသမျှတို့ကို (အကြွင်းမဲ့) သိရှိတော်မူပါ၏။ သို့ရာတွင် ကျွန်တော်မျိုးမှာမူကား အရှင်မြတ်၏စိတ်တွင်း၌ရှိသည်တို့ကို မသိပါ။ ဧကန်စင်စစ် အရှင်မြတ်သည်သာလျှင် အကွယ်၌ရှိသမျှတို့ကို အအကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပါသတည်း။” 5|117| “ကျွန်တော်မျိုးသည် ၎င်းတို့ကို အရှင်မြတ်က ကျွန်တော်မျိုးအား မိန့်တော်မူသည့် (အတိုင်း) “အို- အချင်းတို့ အသင်တို့သည် ကျွန်ုပ်၏အရှင်လည်းဖြစ်တော်မူသော၊ အသင်တို့၏အရှင်လည်း ဖြစ်တော်မူသော (တစ်ဆူတည်းသော) အလ္လာဟ်အရှင်မြတ်အားသာ ကိုးကွယ်ကြလေကုန်” ဟူသောစကားမှအပ အခြား မည်သည့်စကားကိုမျှ ပြောဆိုခဲ့သည်မရှိပါ။ ထို့ပြင်တဝ ကျွန်တော်မျိုးသည် ၎င်းတို့အထဲတွင် ရှိနေသမျှကာလပတ်လုံး ၎င်းတို့ (၏အကြောင်း) ကို သိရှိသူဖြစ်ပါသည်။ တစ်ဖန် အရှင်သည် ကျွန်တော်မျိုးအား ပင့်မယူဆောင်သောအခါ အရှင်သည်ပင်လျှင် ၎င်းတို့ (၏ အကြောင်း) ကို သိရှိတော်မူသောအရှင် ဖြစ်တော်မူခဲ့ပါသည်။ အမှန်စင်စစ်သော်ကား အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို သိမြင်တော်မူသောရှင်မြတ်ပင် ဖြစ်တော်မူပါသည်။” 5|118| “အရှင်မြတ်သည် အကယ်၍ ထိုသူတို့အား အပြစ်ဒဏ်ပေးတော်မူခဲ့ပါလျှင် ၎င်းတို့သည် ဧကန်မလွဲ အရှင်မြတ်၏ကျွန်များပင် ဖြစ်ကြပါ၏။ ၎င်းပြင် အကယ်၍ အရှင်မြတ်သည် ထိုသူတို့ အား (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါလျှင်လည်း (ပြုစွမ်းတော်မူနိုင်ပါသည်။) အဘယ်ကြောင့်ဆိုသော် ဧကန်စင်စစ် အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပါသည်။” 5|119| အလ္လာဟ်အရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူလတ္တံ့။ “ယနေ့မူကား မှန်ကန်သူများအဖို့ ၎င်းတို့၏မှန်ကန်မှုသည် အကျိုးပေးသည့်နေ့ပင် ဖြစ်ချေသည်။ ထို (မှန်ကန်သူများ) အဖို့ အကြင်ဥယျာဉ်များသည် (အဆင်သင့်) ရှိကြပေအံ့။ ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြလတ္တံ့။ ၎င်းတို့သည် ထိုဥယျာဉ်များတွင် အမြဲထာဝစဉ် နေထိုင် (စံမြန်း) ကြကုန်အံ့။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်၌ ကျေနပ်တော်မူပြီးဖြစ်တော်မူ၏။ ၎င်းတို့သည်လည်း ထိုအရှင်မြတ်အပေါ်၌ ကျေနပ်ပြီးဖြစ်ကြကုန်၏။ ဤသည်ကား ထူးကဲမြင့်မြတ်လှစွာသော (ဇေယျတုမင်္ဂလာ) အောင်မြင်မှုကြီးပင်တည်း။” 5|120| မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေပြင်ကိုလည်းကောင်း၊ ထိုမိုးကောင်းကင်များနှင့် ပထဝီမြေကြီး၌ ရှိသမျှတို့ကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်ခြင်း (အာဏာ) သည် အလ္လာဟ်အရှင်မြတ်၌သာ ရှိချေသည်။ စင်စစ်မူကား ထိုအရှင်မြတ်သည် အရာရာကို ပြုစွမ်းနိုင်တော်မူသောအရှင်ပင် ဖြစ်တော်မူချေသတည်း။ (ရကူ-6) ကိုးကား ကုရ်အာန်၏စူရာဟ်များ အစ္စလာမ်ဘာသာ
https://my.wikipedia.org/wiki/%E1%80%85%E1%80%B0%E1%80%9B%E1%80%90%E1%80%BD%E1%80%9C%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%B1%E1%80%B7%E1%80%92%E1%80%9F%E1%80%BA
စူရတွလ် အံ(န်)အာမ်
စူရတွလ် အံ(န်)အာမ် (အင်္ဂလိပ်: Al-An'am)သည် အလ္လာဟ်အရှင်မြတ်၏ ချပေးထားသော လူသားတို့ဖတ်ရွတ်ရမည့် ကုရ်အာန်ကျမ်းတော်မြတ်၏ (အဓိပ္ပါယ် မှာ - သားကောင်များကဏ္ဍ) ဖြစ်တော်မှုသည်။ ဤ စူရာဟ်တွင် မုက္ခပတ်တော်ပေါင်း (၁၆၅) ပါးပါဝင်ပြီး မက္ကာဟ်မြို့ တွင် ကျရောက်ခဲ့တော်မှုသည်။ မြန်မာဘာသာပြန် 6|1| အလုံးစုံသော ခြီးမွမ်း ထောမနာပြုခြင်း တို့သည်အလ္လာဟ်အရှင်မြတ် အဘို့သာတည်း။ ထိုအရှင်မြတ်သည် မိုးများနှင့် ပထဝီမြေကို ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် အမှောင်များနှင့် အလင်းရောင်ကို ပြုလုပ်တော် မူခဲ့လေသည်။ သို့ပါလျက်နှင့်ပင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့ကား (အခြားသူတို့ကို) မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့်တန်းတူ မှတ်ယူထားရှိကြကုန်သတည်း။ 6|2| ထိုအလ္လာဟ်အရှင်မြတ်သည် အသင်တို့အားရွှံ့မြေဖြင့် ဖန်ဆင်းတော်မူပြီးနောက် (အသက်သေဆုံး စေရန်)အချိန်တချိန်ကို သတ်မှတ်ပြဋ္ဌာန်း တော်မူခဲ့သောအရှင်ပင်ဖြစ်ပေသည်။ ၎င်းပြင် (ရှင်ပြန်ထစေရန်)အချိန်သည် ထိုအရှင်မြတ်ထံတော် ၌သာ သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်၏။သို့ပါလျက် အသင်တို့သည် ဒွိဟသံသယ ဖြစ်ကြကုန်သတည်း။ 6|3| အမှန်စင်စစ် မိုးများနှင့်မြေတွင်၊ ထိုအလ္လာဟ်အရှင်မြတ်သည်သာလျှင်၊ ကိုးကွယ်ခြင်းကို ခံထိုက် သောမူသော (တစ်ဆူတည်းသော)အရှင်ဖြစ်တော်မူသည်။ ထိုအရှင်မြတ်သည် အသင်တို့၏လျှို့ဝှက် ထားသောအဖြစ်အပျက်အခြေအနေကိုလည်းကောင်း၊ အသင် တို့၏ပေါ်လွင်ထင်ရှားစေသောအဖြစ်အပျက် အခြေအနေကိုလည်းကောင်း၊ သိတော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့ရှာဖွေဆည်းပူး ပြုလုပ်ကြသမျှသော အရာများကိုလည်း (အကြွင်းမဲ့) သိတော်မူသည်။ 6|4| ၎င်းပြင် ထိုသူတို့ထံ ထိုသူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ မည်သည့် သက်သေသာဓကလက္ခဏာမျိုးမဆို ဆိုက်ရောက်လာခဲ့သည်ရှိသော်ထိုသူတို့သည် ထိုသက်သေသာဓက လက္ခဏာတော်များမှမျက်နှာလွှဲဖယ် ကျောခိုင်းသွားကြသည်ချည်းသာတည်း။ 6|5| သို့ဖြစ်ပေရာ ၎င်းတို့သည် မိမိတို့ထံ အမှန်ရောက်ရှိလာသောအခါ၊ ထိုအမှန်ကိုလည်း ငြင်းပယ် လိုက်ကြလေသည်။ သို့ဖြစ်၍ ၎င်းတို့ထံ မကြာမြင့်မီ ကာလအတွင်းအကြင်အရာ၏ သတင်းမှန်သည် ရောက်လာပေမည်။ ထိုအရာ နှင့်စပ်လျဉ်း၍ ၎င်းတို့ သည် ပြက်ချော် ပြောင်လှောင်လေ့ရှိခဲ့ကြ၏။ 6|6| ငါအရှင်မြတ်သည် ၎င်းတို့အလျင် အဘယ်မျှလောက်သော လူမျိုးတို့ကို ပျက်စီးစေတော်မူခဲ့သည်ကို ထိုသူတို့သည် မမြင်ခဲ့ကြသလော။ ငါအရှင်မြတ်သည် ထိုလူမျိုးတို့အား ကမ္ဘာမြေပြင်ဝယ် အခြေစိုက် တည်မြဲစေတော်မူခဲ့သည့်နည်းမျိုးဖြင့် အသင်တို့အား အခြေစိုက် တည်မြဲစေတော်မူခဲ့သည် မဟုတ်ပေ။ ထို့ပြင်တဝ ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မိုးကို သည်းထန်စွာ ရွာသွန်းစေတော်မူခဲ့၏။ ၎င်းပြင်ငါအရှင်မြတ်သည် ထိုသူတို့၏ဥယျာဉ်များ၊ အိမ်များအောက်မှစမ်းချောင်းများကိုလည်း စီးဆင်းစေတော်မူခဲ့၏။ ထို့နောက်ငါအရှင်မြတ်သည် ယင်းသူတို့အား ယင်းသူတို့၏ပြစ်မှုဒုစရိုက်များကြောင့် ပျက်စီးစေတော်မူခဲ့လေသည်။ ၎င်းပြင်ငါအသျှင်မြတ် သည် ထိုသူတို့၏နောက်တွင် အခြားလူမျိုးတို့ကိုဖန်ဆင်းတော်မူခဲ့လေသတည်း။ 6|7| ၎င်းပြင် အကယ်၍ ငါအရှင်မြတ်သည် အသင်၏အပေါ်သို့ စာရွက်တွင် ရေးသားထားသော ကျမ်းတစ်စောင်စောင်ကို ထုတ်ပြန်တော်မူခဲ့သော်၊ ထို့နောက် ထိုသူတို့သည်ယင်းကျမ်းကို မိမိတို့၏ လက်များဖြင့် ထိတွေ့ စမ်းသပ်ခဲ ့ကြသည်ရှိသော်၊ သို့တစေလည်း ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့ကမူ ဤသည် အလွန်ထင်ရှား သောစုန်းပယောဂဖြစ်သည် ဟူ၍ပင် မုချ ပြောဆိုကြပေမည်။ 6|8| ၎င်းပြင် ထိုသူတို့က အဘယ်ကြောင့် ၎င်း (နဗီတမန်တော်)၏အထံသို့ ကောင်းကင်တမန်တစ်ပါး စေလွှတ်ထားခြင်း မရှိပါသနည်း ဟု ပြောဆိုကြကုန်၏။ စင်စစ်မှာမူအကယ်၍သာ ငါအရှင်မြတ်သည် ကောင်းကင်တမန်တစ်ပါးပါးကို စေလွှတ်တော်မူခဲ့ပါလျှင် အရေးကိစ္စမှာ မုချဧကန်ပြီးဆုံးသွားမည် သာဖြစ်၏။ ထို့နောက်ပိုင်းတွင် ၎င်းတို့သည်(အပြစ်ပေးခြင်းမှ အနည်းငယ်မျှ) ရွှေ့ဆိုင်းခွင့်ကို ရရှိကြလိမ့်မည် မဟုတ်ပေ။ 6|9| ထိုမှတစ်ပါး အကယ်၍သာ ငါအရှင်မြတ်သည်၎င်း(ရစူလ်တမန်တော်)အား ကောင်းကင်တမန် တစ်ပါးပြုလုပ်တော်မူခဲ့ပါလျှင် မုချဧကန် ငါအရှင်မြတ်သည် ထိုကောင်းကင်တမန်ကိုလည်း (ရုပ်ဆင်းသဏ္ဌာန်အားဖြင့်လူ)ယောက်ျားသာလျှင် ပြုလုပ်တော်မူမည်ဖြစ်သည်။ ၎င်းပြင်ငါအရှင်မြတ်သည် ထိုသူတို့အား (ယခု) ထိုသူများ ယုံမှားသံသယ ဖြစ်သကဲ့သို့ပင် (ထပ်မံ၍) မုချ ယုံမှားသံသယ ဖြစ်စေတော်မူမည် ဖြစ်၏။ 6|10| (အို-နဗီတမန်တော်) အသင်၏အထက် အဆက်ဆက်က ရစူလ်တမန်တော်များသည်လည်း ပြက်ချော်ပြောင်လှောင်ခြင်းကို ထင်ရှားဧကန်အမှန် ခံ၍သွားခဲ့ကြရသည်။ထို့နောက် ယင်းရစူလ်တမန်တော်တို့အား ပြက်ချော်ပြောင်လှောင်ကြလေသောသူတို့ကို ၎င်းတို့ပြက်ချော်ပြောင် လှောင်ခဲ့ကြသော အပြစ်ဒဏ်သည်ပင်လျှင်ဝန်းဝိုင်းခဲ့ လေသည်။ 6|11| (အို-နဗီတမန်တော် အကယ်၍ ၎င်းတို့သည်ရှေးဟောင်းလူများ အပြစ်ဒဏ်ခံစားခဲ့ကြရသည်ကို မယုံမကြည်ငြင်းပယ်ကြပါမူ) အသင်သည် (ယင်းသူတို့အား ဤသို့ ပြောကြားပါလေ၊) အသင်တို့သည် ပထဝီမြေပြင်ဝယ် သွားလာလည်ပတ်ကြလေကုန်။ ၎င်းနောက် မဟုတ်မမှန်ဟူ၍ ငြင်းပယ်သောသူတို့ ၏အကျိုးသည် မည်သို့ရှိခဲ့သည်ကို အသင်တို့ကြည့်ရှုကြလေကုန်။ 6|12| (အို-နဗီတမန်တော်) အသင်သည် (ထိုသွေဖည်ငြင်းပယ်သောသူတို့အား) မိုးကောင်းကင်များနှင့် ပထဝီမြေကြီး၌ ရှိရှိသမျှသောအရာတို့သည် မည်သူပိုင်ဆိုင်သော အရာများဖြစ်သနည်းဟု မေးမြန်းပါလေ။ ( ထိုသူတို့သည် ပဌမသော် အမှန်အတိုင်း ဖြေကြားကြမည်ဖြစ်သည်။ အကယ်၍အကြောင်း တစုံတရာကြောင့် အမှန်အတိုင်း မဖြေကြားခဲ့သည်ရှိသော်) အလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများသာဖြစ်ချေသည် ဟု အသင်ကပင် ဖြေကြားပါလေ။ ၎င်းပြင် ထိုအရှင်မြတ်သည် (သတိတရားရရှိ၍ရှစ်ရ်က် မှ ဝန်ချတောင်းပန်သူတို့အား) ကရုဏာပြုတော်မူရန် မိမိအပေါ်၌ တာဝန်အဖြစ် သတ်မှတ်ထားတော်မူပြီးဖြစ်သည်ဟုလည်း ပြောဆိုပါလေ။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အား ကိယာမတ်နေ့တွင် မုချ စုရုံးတော်မူမည်။ထိုနေ့၏ (ဆိုက်ရောက်ခြင်း) ၌ အလျင်း ဒွိဟမရှိပေ။ အကြင်သူတို့သည် မိမိတို့ကိုယ်ကို နစ်နာ ပျက်စီးစေခဲ့ကြ၏။ ထိုသူတို့ကား အီမာန် ယုံကြည်ကြမည် မဟုတ်ပေ။ 6|13| ထိုမှတစ်ပါး ညဉ့်နှင့်နေ့တွင် နေထိုင်သောအရာများသည်လည်း ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများချည်းသာတည်း။ ၎င်းအပြင် ထိုအရှင်မြတ်သည်၊ အကြွင်းမဲ့ကြားတော်မူသောအရှင၊် အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူလေသတည်း။ 6|14| (အို-နဗီတမန်တော်) အသင်ပြောပါလေ။ကျွန်ုပ်သည်’အလ္လာဟ်’အရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ယောက်ကို ကိုးကွယ်ရာအရှင်ပြုလုပ်ရမည်လော။ ထိုအရှင်မြတ်သည် မိုးများနှင့်ပထဝီမြေကို စတင်ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် (သူတစ်ပါးတို့ကို)တို့ကို ကျွေးမွေးတော်မူ၏။ အထိုအရျင်မြတ်သည် (သူတစ်ပါး၏)ကျွေးမွေးခြင်းကိုမူကား ခံရတော်မူသည်မဟုတ်ချေ။ (4င်းအပြင်) အသင်ပြောပါလေ။ ကျွန်ုပ်သည်’အစ္စလာမ်’ သာသနာတော်ကို ပထမဆုံးလက်ခံနာယူသူဖြစ်ရန် အမိန့်တော်ကိုမုချရရှိ၏။ ထို့အပြင် အသင်သည် ‘မုရှ်ရစ်က်’ များတွင် အပါအဝင် အလျှင်းမဖြစ်လေနှင့် (ဟုလည်း မြစ်တားတော်မူခြင်းကိုခံရ၏။) 6|15| (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) အချင်းတို့ အကျွန်ုပ်သည် မိမိအသျှင်မြတ်၏ (‘မုစ်လင်မ်’ဖြစ်ရန်နှင့် ရှစ်ရ်က် တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်ခြင်း မပြုရန်)ပညတ်တော်ကို အကယ်၍သာ ဖီဆန်ခဲ့ပါမူ၊ အလွန်ကြီးကျယ်လှသော (ကိယာမတ်ရှင်ပြန်ထမည့်)နေ့၏ ပြစ်ဒဏ် (ခံစားရမည်)ကို ဧကန်စင်စစ် ကြောက်ရွံ့စိုးရိမ်ရပါသည် ဟုပြောကြားပါလေ။ 6|16| မည်သူမဆို ၎င်း၏အပေါ်မှ ထို(ကိယာမတ်ရှင်ပြန်မည့်)နေ့တွင် ယင်းအပြစ်ဒဏ်သည် ဖယ်ရှားခြင်းခံရလျှင် မလွဲဧကန် ထိုအရှင်မြတ်သည် ၎င်း၏အပေါ်ဝယ် အလွန်တရာမျှပင် သနားကြင်နာ ညှာတာ တော်မူပြီး ဖြစ်ချေသည်။အမှန်စင်စစ် ဤ(ကဲ့သို့ အပြစ်ဒဏ်ဖယ်ရှားခြင်းနှင့် သနားကြင်နာမှုကို ခံစားရခြင်း)သည်ပင်လျှင် ထင်ရှားစွာသောအောင်မြင် မှုပင်တည်း။ 6|17| ၎င်းပြင် (အို-လူသား) အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အသင့်အား (ဤမျက်မှောက် လောကီဘဝ၌ဖြစ်စေ၊ နောင်တမလွန်ဘဝ၌ဖြစ်စေ) ဘေးအန္တရာယ် တစ်စုံတစ်ရာ သင့်စေတော်မူပါလျှင် ထိုအရှင်မြတ်မှတစ်ပါး ယင်းဘေးအန္တရာယ်ကို ကင်းဝေးပပျောက်စေနိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှမရှိချေ။ အကယ်၍ ထိုအရှင်မြတ်သည် အသင်၌ တစ်စုံတစ်ရာ အကျိုးကျေးဇူးကို ဖြစ်ထွန်းစေတော် မူပါလျှင်လည်း (မည်သူမျှ ထိုကျေးဇူးကို ပျက်ပြားစေနိုင်သူဟူ၍ မရှိချေ၊) ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင် သောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ 6|18| ၎င်းပြင် ထိုအရှင်မြတ်သည် မိမိကျွန်များအပေါ်ဝယ် နိုင်နင်းလွှမ်းမိုးတော်မူသော အရှင်မြတ်လည်းဖြစ် တော်မူပေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်၊ (သတင်းအလုံးစုံတို့ကို) အကြွင်းမဲ့ ကြားသိတော်မူသောအရှင်မြတ်လည်း ဖြစ်တော်မူပေသတည်း။ 6|19| (အို=နဗီတမန်တော်) အသင်သည် (ထိုသူတို့အား) ဟယ်-အချင်းတို့ သက်သေခံရာ၌ မည်သည့်အရာသည်အကြီးအကျယ်ဆုံးဖြစ်ပါသနည်း။ [(တစ်နည်း) မည်သူ၏သက်သေခံခြင်းသည် အကြီးအကျယ်ဆုံးဖြစ်ပါသနည်း)]ဟု မေးမြန်းပါသနည်း။ (တဖန်)အသင်ကပင် (ယင်းသူတို့အားဤသို့)ပြောကြားပါလေ။ အလ’ာအရှင်မြတ်သည်ပင် ကျွန်ုပ်နှင့်အသင်တို့၏ စပ်ကြားတွင် သက်သေဖြစ်တော်မူပါသည်။စင်စစ် (ထိုအရှင်မြတ်၏ သက်သေခံခြင်းမှာ) ကျွန်ုပ်၏ထံဝယ်ဤကုရ်အာန်ကျမ်းတော် မြတ်သည် (အလ္လာဟ်အရှင်မြတ်ထံတော်မှ) ‘ဝဟ်ယ်’ အမိန့် တော်အဖြစ် ပို့သခဲ့ခြင်းပင် ဖြစ်ပေသည်။ (တနည်း) ထိုကုရ်အာန်ကျမ်းမြတ်ဖြင့် အသင်တို့အားလည်းကောင်း၊ ထိုကုရ်အာန်ကျမ်းမြတ် ရောက်ရှိသော သူတို့အားလည်းကောင်း၊ ကျွန်ုပ် သတိပေးနှိုးဆော်ရန်အတွက်ဖြစ်သည်။ သို့မှာသာလျှင် ကျွန်ုပ်သည် ယင်းကုရ်အာန် ကျမ်းတော်မြတ်ဖြင့် အသင်တို့အား၎င်း၊ ကုရ်အာန် ကျမ်းတော်မြတ်ရောက်ရှိသောသူတို့အား၎င်း၊ သတိပေး နှိုးဆော်နိုင်မည်ဖြစ်ချေသည်။ (ထိုကဲ့သို့ အလ္လာဟ်အရှင်မြတ်၏ သက်သေခံချက်ရောက်ရှိပြီးဖြစ်သော်လည်း) အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများလည်း (တွဲဖက်လျက်) ရှိကြသေးသည် ဟု သက်သေခံကြမည်လော။ (အကယ်၍ ၎င်းတို့က ဤအတိုင်း သက်သေ ခံကြပါလျှင်) အသင်သည်(၎င်းတို့အား) ကျွန်ုပ်သည် (ယင်းကဲ့သို့) အလျင်းသက်သေခံမည်မဟုတ်ဟု ပြောကြားပါလေ။ ထိုမှတစ်ပါး အသင်သည်(ယင်းသူတို့အား) အချင်းတို့ ထို(အလ္လာဟ်)အရှင်မြတ်သည်တစ်ဆူတည်းသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည် ဟူ၍လည်းကောင်း၊ ကျွန်ုပ်သည် မုချဧကန် အသင်တို့ပြုကြကုန်သော တွဲဖက်ကိုးကွယ်ခြင်းမှ ကင်းလွတ်သူဖြစ်ပေသည် ဟူ၍လည်းကောင်း၊ ပြောကြားပါလေ။ 6|20| အကြင်သူတို့သည် ငါအရှင်မြတ်က ၎င်းတို့ အားကျမ်းဂန်ဒေသနာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထိုသူတို့သည် မိမိတို့၏ သားများကိုမှတ်မိကြသကဲ့သို့ပင်၊ ထို(နဗီတမန်တော်မြတ်)အားလည်း မှတ်မိကြကုန်သည်။ (သို့ရာတွင်)မိမိတို့ကိုယ်ကို မိမိတို့ပင် ကျိုးယုတ်နစ်နာအောင် ပြုလုပ်သောသူတို့မူကား အလျင်း သက်ဝင်ယုံကြည်ကြသည် မဟုတ်ပေ။ 6|21| အမှန်စင်စစ် မည်သူမဆို မဟုတ်မမှန် မုသားကို အလ္လာဟ်အရှင်မြတ်အပေါ်၌ ကြံစည်လီဆယ် ၍ စွပ်စွဲအံ့။သို့တည်းမဟုတ် ထိုအရှင်မြတ်၏ သက်သေလက္ခဏာများကိုမဟုတ်မမှန်ဟု ငြင်းပယ်အံ့၊ ထိုသူထက်ပိုမို၍ မတရားသောသူကား မည်သူရှိအံ့နည်း။ အမှန်စင်စစ်သော်ကား (ထိုကဲ့သို့သော) မတရားသော သူတို့သည် (မည်သည့်အခါမျှ) အောင်မြင်ကြမည် မဟုတ်ပေ။ 6|22| ၎င်းပြင် အကြင်နေ့ကိုလည်း သတိရသင့်၏။ထိုနေ့တွင် ငါအရှင်မြတ်သည် ယင်းသူတို့အားလုံးကို စုရုံးစေတော်မူပြီးနောက် (တစ်စုံတစ်ရာကို ငါအရှင်မြတ်နှင့်) တွဲဖက်ကိုးကွယ်ခဲ့ကြသော သူတို့အား အသင်တို့သည် (ငါအရှင်မြတ်၏တွဲဖက်များ ဖြစ်ကြသည်ဟူ၍) ထင်မြင်ယူဆ (ကိုးကွယ်)ခဲ့ကြသော အသင်တို့၏ အပေါင်းအဖော် (တွဲဖက်ကိုးကွယ်ရာ)များသည် အဘယ်နည်းဟု မေးမြန်းတော်မူအံ့။ 6|23| ထို့နောက် ၎င်းတို့က ကျွန်တော်မျိုးတို့(သည်မိမိတို့)၏အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ကျိန်ဆို၍ ကျွန်တော်မျိုးသည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်)တွဲဖက်၍ ကိုးကွယ်သူများမဖြစ်ခဲ့ကြပါ ဟုပြောဆိုကြသည် မှအပ၊ ၎င်းတို့၌ မည်သည့်ဆင်ခြေလဲခြင်းမျှရှိနိုင်မည် မဟုတ်ပေ။ 6|24| (အို-နဗီတမန်တော်) ထိုသူတို့သည် မိမိတို့နှင့်ဆန့်ကျင် ၍ပင် မည်ကဲ့သို့ မုသားပြောဆိုကြသည် ကိုလည်းကောင်း၊ ယင်းသူတို့ထံမှ ယင်းသူတို့၏အကြံအစည်များ သည်၊မဟုတ်မလျား စွပ်စွဲပြစ်မှားလေ့ရှိခဲ့ကြသော အရာများသည်(မည်ကဲ့သို့) ပျက်ပြားဆုံးပါး၍ သွားသည်ကိုလည်းကောင်း၊အသင်သည် (စဉ်းစားဆင်ခြင်၍) ကြည့်ပါလေ။ 6 း25| ၎င်းပြင် ထိုသူတို့တွင် အသင့်ဖက်သို့ နားစွင့်၍ နေကြသူများလည်း ရှိကြ၏။ အမှန်သော်ကား ၎င်းတို့ထိုကုရ်အာန်ကို နားမလည်နိုင်ကြရန်၊ ငါအရှင်မြတ်သည် ထိုသူတို့၏စိတ်နှလုံးများပေါ်၌ အကာအဆီးများ ချထားတော်မူခဲ့၏။ယင်းသူတို့၏ နားများတွင် လေးလံခြင်းကိုလည်းပြုထားတော်မူခဲ့၏။ စင်စစ်တမူကား ယင်းသူတို့သည် သက်သေလက္ခဏာများအားလုံးကို တစ်ခုမကျန် တွေ့မြင်ကြရ သော်လည်း ထိုသက်သေလက္ခဏာများကို ယုံကြည်ကြမည်မဟုတ်ပေ။ ဤမျှတိုင် ၎င်းတို့သည် အသင့်ထံသို့ပင် လာရောက်ကြသောအခါအသင်နှင့် အငြင်းအခုံပြုကြ၏။ ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ် သောသူတို့က ဤကား ရှေးသူဟောင်းတို့၏ဒဏ္ဍာရီပုံပြင်များသာ ဖြစ်ချေသည် ဟု ပြောဆိုကြ၏။ 6|26| ၎င်းပြင် ယင်းသူတို့သည်(သူတစ်ပါးတို့ကိုလည်း)ထိုကုရ်အာန်ကျမ်းတော်မြတ်(ကိုနားဆင်ခြင်း)မှ တားမြစ်ကြကုန်၏။ မိမိတို့ကိုယ်တိုင်လည်း ယင်း ကုရ်အာန်ကျမ်းမြတ်(ကိုနားဆင်ခြင်း) မှ (ဝေးစွာ) ကြဉ်ရှောင်ကြကုန်၏။ စင်စစ်သော်ကား ထိုသူတို့သည် မိမိတို့ကိုယ်သာ ပျက်စီးကုန်၏။ သို့ရာတွင် ၎င်းတို့သည် (ဤမျှပင်) မသိတတ်ကြချေ။ 6|27| ထို့ပြင်တဝ၊ (အို-နဗီတမန်တော်) အကြင်အခါဝယ်၊ ၎င်းတို့သည် ငရဲဘုံ(အဝ)တွင် ရပ်စေခြင်းကိုခံရ၍ဪ ငါတို့သည် (လူ့ပြည်လောကသို့) ပြန်လွှတ်ခြင်းကိုခံရကြသော် ကောင်းလေစွတကား။ (အကယ်၍သာ ပြန်သွားရလျှင်) ငါတို့သည် မိမိတို့ အရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ခြင်းမပြုကြဘဲ၊ ငါတို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့တွင် အပါအဝင် ဖြစ်ပေမည် ဟု ပြောဆိုကြလတ္တံ့။ အကယ်၍ အသင်သည် ထိုအဖြစ်ကိုကြည့်ရပါသော် (အလွန်ကြောက်မက်ဖွယ် ကောင်းသောမြင်ကွင်းကို တွေ့မြင်ရပေအံ့)။ 6|28| (သို့ရာတွင် ၎င်းတို့သည် အကယ်စင်စစ် မှန်ကန်သော ရည်ရွယ်ချက်နှင့် ဤသို့ ပြောဆိုကြသည်) အလျင်းမဟုတ်ပေ။ စင်စစ်မှာကား ထိုသူတို့သည် ယခင်မူလက မိမိတို့ထိမ်ချန် လျှို့ဝှက်ထား ရှိသမျှတို့(၏အကျိုးအပြစ်များ)သည်ပေါ်လာသည်(ဖြစ်၍ ထိုအပြစ်များမှ လွတ်မြောက်ရုံကာမျှပြောဆိုခြင်းသာဖြစ်ချေသည်။) ၎င်းတို့သည် အကယ်၍သာ(လူ့ပြည်လောကသို့) ပြန်လွှတ်ခြင်းခံကြရပါလျှင်၊ မုချဧကန်ထိုသူတို့သည် မိမိတို့တားမြစ်ခြင်းခံကြရသော အမှုကိစ္စများကိုထပ်မံ၍ပင် ပြုကြလတ္တံ့။ ထိုသူတို့သည် ဧကန်စင်စစ် မုသားပြောဆိုသူများသာ ဖြစ်ကြကုန် သတည်း။တနည်း။(ထိုမုရှ်ရစ်က်တို့က ထိုကဲ့သို့ ပြောဆိုခြင်း မှာစိတ်စေတနာဖြူစင်စွာဖြင့် ပြောဆိုခြင်း)မဟုတ်၊ သို့ရာတွင်အလျင်က(လူ့လောကတွင်) ၎င်းတို့ထိမ်ချန် လျှို့ဝှက်ခဲ့ကြသောအရာသည် အထင်အရှား ပေါ်လွင်လာချေပြီ(ဖြစ်၍ ယင်းကဲ့သို့ ပြောဆိုကြခြင်းသာဖြစ်သည်)။ အကယ်တန္တု ၎င်းတို့သည်(လူ့လောကသို့) ပြန်လွှတ်ခြင်းခံရပါလျှင် ၎င်းတို့အား တားမြစ်ထားသော အရာများကို မုချပြန်လည် ကျူးလွန်ကြမည် ပင်ဖြစ်သည်။ အမှန်မှာ ထိုသူများသည် မုသား ပြောဆိုသောသူများဖြစ်ကြပေသည်။ 6|29| ၎င်းပြင် ထိုသူတို့က အသက်ရှင်ခြင်းကားပစ္စက္ခမျက်မှောက်လောကီဘဝ၌ ငါတို့၏ရှင်ခြင်းသာ ဖြစ်သည်။ အမှန်သော်ကား ငါတို့သည် ရှင်ပြန်ထစေခြင်း ခံကြရမည်မဟုတ်ချေ ဟုပြောဆိုကြသည်။ 6|30| (အို-နဗီတမန်တော်) အကယ်၍ အသင်ကြည့်သော်(ကြောက်မက်ဖွယ်အဖြစ်ကိုတွေ့မြင်ရမည်)အကြင် အခါဝယ် ၎င်းတို့သည် မိမိတို့၏အရှင်မြတ်၏ ရှေ့တော် မှောက်ဝယ်ရပ်တန့်စေခြင်းကို ခံကြရလတ္တံ့။ ယင်းအခါဝယ် ထိုအရှင်မြတ်သည် (၎င်းတို့အား) ဤ (ကိယာမတ် ရှင်ပြန်ထ မည့်နေ့)သည်အမှန်ပင်မဟုတ်ပါလောဟု မေးမြန်းတော်မူအံ့။ ထိုအခါ၎င်းတို့က ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသော အရှင်မြတ်၏ ကစမ် အဟုတ်အမှန် ဖြစ်ပါသည် ဟု ဖြေကြားလတ္တံ့။ ထိုအခါ အရှင်မြတ်က သို့ဖြစ်လျှင် အသင်တို့ သည်မယုံမကြည် ငြင်းပယ်လေ့ရှိခဲ့ကြသည့်အတွက် ပြစ်ဒဏ်ကိုမြည်းစမ်းကြလေကုန်ဟု မိန့်ကြားတော် မူမည်ဖြစ်သည်။(ရကူ-9) 6|31| အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံကြမည်ကိုမဟုတ်မမှန်ဟု ပြောဆိုကြကုန်သော သူတို့သည် ဧကန်စင်စစ်ဆုံးရှုံးပျက်စီးကြလေပြီ။ (ဤသို့ မဟုတ်မမှန် ပြောဆိုခြင်းသည်ရက် အနည်းငယ်သာဖြစ်မည်) နောက်ဆုံးတွင် ၎င်းတို့ထံထိုကန့်သတ်ပြီးဖြစ်သော အချိန်ကာလ (ကိယာမတ်ခေါ် ရှင်ပြန်ထမည့်နေ့)သည် ရုတ်တရက်ရှောင်တခင် ရောက်ရှိလာသောအခါ (ထိုသူတို့၏ မဟုတ်မမှန် ပြောဆိုခြင်းသည်ရပ်သွားပေမည်။ ၎င်းပြင်) ထိုသူတို့က ဪ ငါတို့သည်ဤအချိန်နှင့် စပ်လျဉ်း၍ ပေါ့လျော့ ပျက်ကွက်ခဲ့ကြသည်မှာဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရလေခြင်း ဟု ညည်းငြူမြည်တမ်းကြမည်။ ထို့ပြင် ၎င်းတို့သည် (ထိုနေ့တွင်) မိမိတို့(၏ အပြစ်များ)၏ ဝန်ထုပ်များကို မိမိတို့၏ ကျောက်ကုန်းများထက်ဝယ်သည်ပိုးလျှက်ရှိကြမည်။ ၎င်းတို့ သည်ပိုးလျှက်ရှိကြသောအရာများမှာ ဆိုးရွား လှသည်ဟု မှတ်ယူကြလေကုန်။ 6|32| စင်စစ်သော်ကား မျက်မှောက်လောကီဘဝ၏အသက်တာသည် (စိတ်ပြေလက်ပျောက်) ကစားခုန်စားမှုသာဖြစ်၏။ သို့ရာတွင် နောင်တမလွန်ဘဝ၏ ဘုံဗိမာန်သည်ကား(နောင်တမလွန်ဘဝ၌ရှိသောဘုံဗိမာန်သည်ကား)ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်သော သူတို့အဖို့ အလွန်ကောင်းပေသည်။အသင် တို့သည် (ဤမျှပင်) နားမလည်ကြလေသလော။ 6|33| (အို-နဗီတမန်တော်)၎င်းတို့ပြောဆိုသော စကားသည် ဧကန်စင်စစ် အသင့်အား စိတ်ဒုက္ခ ရောက်စေသည်ကိုငါအရှင်မြတ်သည်(ကောင်းစွာ) သိတော်မူသည်။ အမှန်စင်စစ် ယင်းသူတို့သည် အသင့်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြသည် မဟုတ်ချေ။ သို့ရာတွင် မတော်မတရားပြုမူသောသူတို့သည် အလ္လာဟ်အရှင်မြတ်၏ သက်သေ လက္ခဏာတော်များကိုသာ ငြင်းပယ်နေကြသည်။ 6|34| ၎င်းပြင် မချွတ်ဧကန် အသင့်အလျင် မြောက်မြားစွာသော ရစူလ်တမန်တော်များသည် မဟုတ်မမှန်ဟုငြင်းပယ်ခြင်း ခံခဲ့ကြရလေပြီ။ သို့ရာတွင် ထိုရစူလ်တမန်တော်တို့သည် မိမိတို့အား မဟုတ်မမှန်ဟု ငြင်းပယ်ခြင်းကိုခံခဲ့ကြရခြင်း အပေါ်၌လည်းကောင်း၊ ဒုက္ခပေးခြင်းကို ခံခဲ့ကြရခြင်းအပေါ်၌လည်းကောင်း၊ သည်းခံခဲ့ကြလေသည်။ နောက်ဆုံးတွင် ငါအရှင်မြတ်၏အကူအညီသည် ထိုရစူလ်တမန်တော်များထံသို့ ရောက်ရှိလာခဲ့လေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်များကို မည်သူမျှပြောင်းလဲနိုင်သည်မဟုတ်ချေ။ စင်စစ်ဧကန် ရစူလ်တမန်တော်တို့၏ အချို့အကြောင်းသတင်းများသည် အသင့်ထံရောက်ရှိလာခဲ့ပြီးဖြစ်၏။ 6|35| သို့ရာတွင် (အို-နဗီတမန်တော်) အကယ်၍ ၎င်းတို့၏ လွှဲဖယ်တိမ်းရှောင်သွားခြင်းသည် အသင့် အပေါ်ဝယ်ရင်လေးဖွယ်ဖြစ်နေပါလျှင်၊ အသင်သည် တတ်စွမ်းနိုင်ပါကမြေအောက်တွင် လိုဏ်ခေါင်းတခုခု ကိုဖြစ်စေ၊ မိုးပေါ်သို့(တက်နိုင်ရန်) လှေကားတခုခု ကိုဖြစ်စေ၊ ရှာဖွေပြီးလျှင် ၎င်းတို့အဖို့ တန်ခိုးပြာဋိဟာ တစ်ရပ်ရပ်ကိုယူဆောင်ခဲ့ပါလေ။ စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိပါမူ၊ ၎င်းတို့အားလုံးကို တရားလမ်းမှန်ပေါ်၌ တစ်စည်းတစ်လုံးတည်း တည်ရှိစေတော်မူအံ့။ သို့ဖြစ်ပေရာ အသင်သည် အသိဉာဏ်ကင်းမဲ့သောသူတို့တွင် အပါအဝင်မဖြစ်ပါလေနှင့်။ 6|36| (စိတ်စေတနာ ဖြူစင်စွာဖြင့် တရားကို) နားထောင်သောသူများသာလျှင် တရားကို လက်ခံနာယူကြပေသည်။ အမှန်စင်စစ် သူသေတို့မူကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ရှင်ပြန်ထစေတော်မူမည်။ ထို့နောက်၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့သာလျှင် ပြန်သွားကြရမည်။ 6|37| ၎င်းပြင် ထိုသူတို့က(အကယ်၍သာ မုဟမ္မဒ်သည် နဗီတမန်တော်ဖြစ်ခဲ့ပါလျှင်) ၎င်း၏အရှင်မြတ် ထံတော်မှ ၎င်းထံသို့ ပြာဋိဟာတစ်ရပ်ရပ်သည် မည်သည့်အတွက်ကြောင့် မကျရောက်ပါသနည်းဟု ပြောဆိုကြလေသည်။ (အိုနဗီတမန်တော်အသင်သည် ထိုသူတို့ အား ဤသို့) ပြောကြားပါလေ။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (ထိုသူတို့တောင်းဆိုသော)တန်ခိုး ပြာဋိဟာကို ချပေးနိုင်စွမ်းရှိတော်မူ သောအရှင်မြတ် ဖြစ်တော်မူ၏။ သို့ရာတွင် ထိုသူတို့အနက်မှ များစွာသော သူတို့သည် (ဤသည်ကိုပင်) မသိကြချေ။ 6|38| ၎င်းနောက် ပထဝီမြေဝယ် ရှိရှိသမျှသော သက်ရှိအပေါင်းတို့သည်လည်းကောင်း၊ မိမိတို့ တောင်ပံ နှစ်ဖက်ဖြင့်ပျံသန်းလျက်ရှိသော ငှက်တိရိစ္ဆာန် ပေါင်းတို့သည်လည်းကောင်း၊ အသင်တို့ကဲ့သို့ အုပ်စုများပင် ဖြစ်ကြပေသည်။ ငါအရှင်မြတ်သည် (မိမိမှတ်တမ်း) စာအုပ်တွင် တစုံတရာကိုမျှချန်လှပ်ထားတော်မူသည်မရှိချေ။ ထို့နောက် ၎င်းတို့အားလုံးသည် မိမိ၏ အရှင်မြတ်အထံတော်၌ပင် စုရုံးစေခြင်းကို ခံကြရပေမည်။ 6|39| စင်စစ် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု ငြင်းပယ်သော သူတို့ကား နားပင်းသူများနှင့် ဆွံ့အသူများပင်ဖြစ်ကြကုန်၏။ အမှောင်အမျိုးမျိုးတွင်(တဝဲလည်လည်)ရှိကြကုန်၏။ အလ္လာဟ်အရှင်မြတ်သည်မိမိ အလိုရှိတော်မူသောသူအား (အမှန်တရားကိုသွေဖည်မှုကြောင့်) လမ်းလွဲ၌ပင် ရှိစေတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် မိမိအလိုတော်ရှိတော်မူသော သူအား (မိမိ၏ကျေးဇူးတော်ဖြင့်) ဖြောင့်မတ် မှန်ကန်သောတရားလမ်းပေါ်၌ တည်စေတော်မူ၏။ 6|40| (အို-နဗီတမန်တော်) အသင်သည်(ထိုသူတို့ အားဤသို့) ပြောဆိုပါလေ။ အသင်တို့ ပြောပြကြ ကုန်၊ အကယ်၍အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်သည် အသင်တို့၏အပေါ်၌ကျရောက်လာခဲ့သည်ရှိသော်၊ သို့တည်းမဟုတ် ကိယာမတ်(ရှင်ပြန်ထမည့်နေ့)သည် အသင်တို့ထံ ဆိုက်ရောက်လာခဲ့သည်ရှိသော် (ထိုကဲ့သို့သော အချိန်ကာလမျိုး၌လည်း) အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး (မိမိတို့ ကိုယ်တိုင် ဘုရားအဖြစ် ပြုလုပ် ကိုးကွယ်ကြကုန် သော) အခြားအရာများကိုပင်ဟစ်ခေါ်ကြမည်လော။ အသင်တို့ မှန်ကန်သောသူများဖြစ်ကြပါလျှင် (ထိုသို့သောအချိန်မျိုးတွင်လည်း အလ္လာဟ်ရှင်မြတ် အားစွန့်လွှတ်၍ မိမိတို့၏ ကိုးကွယ်ရာများကိုသာ ဟစ်ခေါ်သင့်ပေသည်)။ 6|41| (ဤသို့) အလျင်းမဟုတ်ပေ၊ အမှန်စင်စစ်သော်ကား(ယင်းကဲ့သို့သောအချိန်အခါမျိုးတွင်)အသင်တို့သည်အထူးသဖြင့်(တစ်ဆူတည်းသော)ထိုအရှင်မြတ်ကိုသာလျှင် ဟစ်ခေါ်ကြပေမည်။ ၎င်း နောက် ထိုအရှင်မြတ်သည် မိမိအလိုတော်ရှိခဲ့ပါလျှင်၊ အကြင်(ဘေးအန္တရာယ်)ကိုလည်း ဖယ်ရှားတော်မူအံ့၊ထိုအရာ (ဘေးအန္တရာယ်ကိုဖယ်ရှားရန်)အတွက် အသင်တို့သည် (ထိုအရှင်မြတ်ကို) ဟစ်ခေါ်ကြကုန်၏။ ၎င်းပြင်(ထိုအခါဝယ်) အသင်တို့သည်လည်း မိမိတို့ (ယခု)တွဲဖက်(ကိုးကွယ်နေ)ကြကုန်သော အရာများကို မေ့ပျောက်သွားကြလတ္တံ့။ (ရကူ-10) 6|42| (အို-နဗီတမန်တော်) မချွတ်မလွဲ ငါအရှင်မြတ်သည် အသင့်အလျင် ရှိခဲ့ကြကုန်သောလူမျိုး များတို့ထံသို့လည်း(ရစူလ်တမန်တော်များကို) စေလွှတ်တော်မူခဲ့လေသည်။ ထို့နောက် (ယင်းလူမျိုးတို့သည် ထိုတမန်တော်များအား သွေဖည်ငြင်းပယ် ခဲ့ကြလေရာ) ငါအရှင်မြတ်သည် ယင်းသူတို့၌ဆင်းရဲဒုက္ဓများနှင့် ရောဂါဝေဒနာများ ဆိုက်ရောက်စေ တော်မူခဲ့လေသည်။ သို့မှသာလျှင် ထိုသူများသည် ကျိုးနွံကြပေမည်။ (နောင်တ တရားရရှိကြပေမည်။) 6|43| ထို့နောက် ၎င်းတို့သည် မိမိတို့ထံ ငါအရှင်မြတ်၏ (အထံတော်မှ) ပြစ်ဒဏ်ဆိုက်ရောက်လာ သောအခါ၌အဘယ်ကြောင့် ကျိုးနွံနိမ့်ကျခြင်း မရှိခဲ့ကြပါသနည်း။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးများသည် မာမြဲတိုင်းမာကျောလျက်ရှိခဲ့၏။ ထို့အပြင် ရှိုင်တွာန် မိစ္ဆာကောင်သည်လည်း ၎င်းတို့ပြုလုပ်လျက်ရှိခဲ့သမျှတို့ကို ၎င်းတို့၏အမြင်၌ လှပတင့်တယ်အောင် တန်ဆာဆင်၍ပြထားခဲ့လေသည်။ 6|44| ထို့နောက် ၎င်းတို့သည် မိမိတို့အား သတိပေးနှိုးဆော်ခြင်းခံကြရလေသော ကိစ္စများကို မေ့ပျောက်ထားခဲ့ကြ၏။ ထိုအခါ ငါအရှင်မြတ်သည် ၎င်းတို့ အပေါ်၌ ခပ်သိမ်းကုန်သော စည်းစိမ်တို့၏တံခါးများကို ဖွင့်လှစ်ပေးတော်မူလိုက်၏။နောက်ဆုံးတွင် ၎င်းတို့သည် မိမိတို့ရရှိကြကုန်သော စည်းစိမ်တို့နှင့်စပ်လျဉ်း၍ မော်ကြွား၍ လာကြပြန်သောအခါ ငါအရှင်မြတ်သည် ၎င်းတို့အား ရုတ်တရက်ဖမ်းဆီး (ပြစ်ဒဏ်ပေး)တော်မူလိုက်၏။ ထိုအခါ ၎င်းတို့သည် မျှော်လင့်ချက် ကုန်ဆုံး၍တွေဝေ မိန်းမောသွားကြလေသည်။ 6|45| ထို့နောက် မတော်မတရား ပြုမူကြကုန်သောသူတို့၏ အခြေအမြစ်သည် ပြတ်သွားလေတော့၏။ ချီးမွမ်းထောပနာ အပေါင်းတို့သည် အမှန်စင်စစ်အားဖြင့် စကြဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်အဖို့သာတည်း။ 6|46| (အို-နဗီတမန်တော်)အသင်ပြောပါလေ(အချင်းတို့) အသင်တို့ပြောပြကြလေကုန်။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ကြားခြင်းသတ္တိနှင့် မြင်ခြင်းသတ္တိများကိုရုပ်သိမ်းတော်မူသော်၊ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများကို တံဆိပ်ခတ်နှိပ်တော်မူခဲ့သော်၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး ထိုသတ္တိ(များ)ကို အသင်တို့အား ပြန်လည်ပေးမည့်ကိုးကွယ်ရာအရှင် မည်သူရှိသနည်း။ (အို-နဗီတမန်၊တော်) ငါအရှင်မြတ်သည် (တောင်ဟီဒ်နှင့်စပ်လျဉ်း၍) သက်သေသာဓကများကို မည်သို့မည်ပံ(အမျိုးမျိုးအဖုံဖုံ) ပြသတော်မူလျက်ရှိသည်ကို အသင်ရှုပါလေ။ သို့ပါလျက် ထိုသူများသည်လွဲဖယ်လျက် ရှိကြပေသည်။ 6|47| (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) အသင်တို့ ပြောပြကြလေကုန်။ အကယ်၍ အလ္လာဟ်အရှင်မြတ်၏အပြစ်ဒဏ်သည်အသင်တို့ထံ ရုတ်တရက်သော်လည်းကောင်း၊ အထင်အရှားသော်လည်းကောင်း၊ ရောက်ရှိလာလတ်သော် မတော်မတရားပြုကျင့်ကြကုန်သောသူတို့မှအပ (အခြားမည်သူများ) ပျက်စီးစေခြင်းခံကြရဦးမည်နည်း။ 6|48| ၎င်းပြင် ငါအရှင်မြတ်သည် ရစူလ်တမန်တော်အပေါင်းတို့ကို ဝမ်းမြောက်ဘွယ်သတင်းပေးသူများနှင့် သတိပေးနှိုးဆော်သူများအဖြစ်သာလျှင် စေလွှတ်လေ့ရှိတော်မူ၏။သို့ဖြစ်ပေရာ မည်သူမဆို အီမာန် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကာ(မိမိအခြေအနေကို)ပြုပြင်ခဲ့ပါမူ ထိုကဲ့သို့သောသူတို့၌ မည်သည့်စိုးရိမ်မှုမျှမရှိချေ။ ၎င်းတို့သည် ပူဆွေးကြရမည်လည်းမဟုတ်ပေ။ 6|49| သို့ရာတွင် ငါအရှင်မြတ်၏ မုက္ခပါဋ္ဌ်တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်သောသူတို့မူကား ထိုသူတို့သည်စည်းမျဉ်းကို ကျူးကျော်ဖောက်ဖျက် ကြသည့်အတွက် ၎င်းတို့အပေါ်၌ အပြစ်ဒဏ်သည် သက်ရောက်လိမ့်သတည်း။(တနည်း)၎င်းပြင် အကြင်သူများသည် ငါအရှင်မြတ်၏မုက္ခပါဌ်တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြ၏။ ထိုသူများသည်(အီမာန်တည်းဟူသော စည်းဝိုင်းအတွင်းမှ) ထွက်ကြသည့်အတွက် ၎င်းတို့၌ ပြစ်ဒဏ်တော်သည် သက်ရောက်၏။(တနည်း)၎င်းပြင် အကြင်သူများသည် ငါအရှင်မြတ်၏မုက္ခပါဌ်တော်များကို မဟုတ်မမှန် ငြင်းပယ်ကြ၏။ ထိုသူများသည် အမိန့်တော်ကို မနာခံခဲ့ကြသည့် အတွက်ကြောင့် ၎င်းတို့၌အပြစ်ဒဏ်သည် သက်ရောက်မည်ဖြစ်၏။ 6|50| (အို-နဗီတမန်တော်) အသင်သည်(ထိုသူတို့ အားဤသို့)ပြောဆိုပါလေ။ (အို-အချင်းတို့) ကျွန်ုပ်ထံတွင် အလ္လာဟ်အရှင်မြတ်၏ ဘဏ္ဍာတော်များ ရှိသည်ဟူ၍လည်း ကျွန်ုပ်သည်အသင်တို့အား ပြောဆိုသည်မဟုတ်။ ကျွန်ုပ်သည် အကွယ်၌ရှိသည် တို့ကိုမြင်သည်(ဟူ၍လည်းပြောဆိုသည်)မဟုတ်။၎င်းပြင် ကျွန်ုပ်သည် အပါးတော်စေတမန် ဖြစ်သည် ‘ ဟူ၍လည်း အသင်တို့အား ပြောဆိုသည်မဟုတ်။ စင်စစ်သော်ကားကျွန်ုပ်သည် မိမိထံ ကျရောက်လာသော ဝဟ်ယ်အမိန့်တော်ကိုသာ လိုက်နာလျက်ရှိ၏။ (အို-နဗီ)အသင်သည်ပြောကြားပါလေ။ (အို-အချင်းတို့) မျက်စိမမြင်သောသူနှင့်မျက်စိ မြင်သောသူသည် တူနိုင်ပါသလော။ သို့ပါလျက် အသင်တို့သည် မစဉ်းစား မဆင်ခြင်ကြလေသလော။(ရကူ-11) 6|51| ၎င်းပြင် (အို-နဗီတမန်တော်) မိမိတို့၏အရှင်မြတ် အထံတော်သို့ ထိုအရှင်မြတ်မှတစ်ပါး ကိစ္စအဝဝကိုဆောင်ရွက်ပေးမည့်သူဟူ၍လည်းကောင်း၊ (အပြစ်မှချမ်းသာခွင့်ရရှိစေခြင်းငှာ)ကြားဝင်အသနားခံပေးမည့်သူဟူ၍ လည်းကောင်း၊ အခြားမည်သူတစ်ဦးတစ်ယောက်မျှမရှိသည့် အဖြစ်မျိုးနှင့် စုရုံးကြမည်ကို စိုးရိမ်ကြကုန်သော သူတို့အား အသင်သည်ယင်း(ကုရ်အာန်ကျမ်းမြတ်) ဖြင့် သတိပေးနှိုးဆော်ပါလေ။သို့မှသာလျှင် ထိုသူတို့သည် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်အံ့။ ၎င်းပြင် အကြင်သူများသည် မိမိတို့၏အရှင် သခင်ထံတော်၌ စုရုံးကြရမည့်အခါတွင်၊ အလ္လာဟ်အသျှင်မြတ်မှတစ်ပါးမိမိတို့အား ကူညီ ယိုင်းပင်းပေးမည့်သူ ဟူ၍လည်းမရှိ၊ ၎င်းပြင်လွတ်ငြိမ်းချမ်းသာခွင့်ရရန် အသနားခံပေးမည့်သူ လည်းမရှိမည်ကို လန့်တွေးကြောက်ထိတ် သံဝေဂစိတ် ရှိသူတို့အား (အိုနဗီ)အသင်သည် ဤကုရ်အာန်ကျမ်းမြတ်ဖြင့် သတိပေးပါလေ။သို့မှသာလျှင် ထိုသူများသည်(မကောင်းမှုဒုစရိုက်များကို)ရှောင်ကြဉ်ကြပေမည်။ 6|52| 4င်းပြင်အသင်သည် အကြင်သူများကို(မိမိထံမှ)နှင်မထုတ်ပါနှင့်။ ထိုသူများသည် မိမိတို့ကို မွေးမြူတော်မူသောအရှင်မြတ်အား နံနက်အချိန်တွင်လည်းကောင်း၊ ညနေအချိန်တွင်လည်းကောင်း၊ ခဝပ်ကိုးကွယ်ကြ၏။ ထိုအရှင်မြတ်၏နှစ်မြို့တော်မူခြင်းကိုသာလျှင် ရည်စူးကြ၏။ အသင်သည်ထိုသူတို့ကို နှင့်ထုတ်ရလေအောင် ထိုသူတို့အားစူးစမ်းခြင်းနှင့်ပတ်သက်၍ အသင့်အပေါ်၌ တစ်စုံတစ်ရာတာဝန်ရှိသည်မဟုတ်ချေ။ 4င်းအပြင် အသင့်အားစူးစမ်းခြင်းနှင့်ပတ်သက်၍ထိုသူတို့အပေါ်၌လည်း တစ်စုံတစ်ရာတာဝန်ရှိသည်မဟုတ်ချေ။ သို့ပါလျက် အကယ်၍ အသင်ဤသို့ပြုမိလျှင်၊အသင်သည် မတရားပြုသူများတွင် အပါအဝင်ဖြစ်သွားချေမည်။ 6|53| ၎င်းနောက် ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် ထိုသူတို့အနက် အချို့ကို (ကာဖိရ်များကို) အချို့ဖြင့်(မုစ်လင်မ် များဖြင့်) စမ်းသပ်တော်မူ၏။ သို့မှသာလျှင် ထိုသူများက(ကာဖိရ်များက) ငါတို့ အနက်မှ အလ္လာဟ်အရှင်မြတ် ကျေးဇူးတော်ကို ပြုတော်မူသောသူများကား ဤသူများလော ဟု ဆိုကြပေအံ့။ အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးတော်ကို သိတတ်သူများအား ကောင်းစွာသိတော်မူသောအရှင် မဟုတ်ပါသလော။ 6|54| ထို့ပြင်တဝ (အို-နဗီတမန်တော်) အသင့်ထံသို့ငါအရှင်မြတ်၏ သက်သေသာဓက လက္ခဏာတော်များကို ယုံကြည်သောသူတို့ လာရောက်ကြသောအခါ အသင်သည် (၎င်းတို့အား ဤသို့ပြောဆိုပါလေ)၊ အသင်တို့အပေါ်ဝယ် ချမ်းမြေ့သာယာခြင်း သည် သက်ရောက်ပါစေသား၊အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိအပေါ်၌ ကရုဏာတရားကို သတ်မှတ်ပြဋ္ဌာန်း၍ ထားရှိတော်မူလေသည်။စင်စစ်ဧကန် အသင်တို့အနက် မည်သူမဆို နားမလည်၍မကောင်းမှု ဒုစရိုက်ကိုပြုမိခဲ့၏။ ထို့နောက် ထိုသူသည် ဝန်ချတောင်းပန်၍ မိမိကိုယ်ကို မိမိပြုပြင်ခဲ့၏။ သို့ဖြစ်လျှင် မုချစင်စစ် ထိုအရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာသနား ကြင်နာတော်မူထသောအရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။ 6|55| ၎င်းပြင်၊ ဤနည်းအတိုင်းပင် အပြစ်ထိုက်သင့်သောသူတို့၏လမ်းစဉ်သည် ထင်ရှားသွားရန်အလို့ငှာ ငါအရှင်မြတ်သည် သက်သေလက္ခဏာတော်များကို ထင်ရှားစွာထုတ်ဖော်မိန့်ကြားတော်မူလေသတည်း။တနည်း၎င်းပြင် ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် အာယသ် သက်သေလက္ခဏာတော်များကို ထင်ရှားစွာဖော်ပြတော်မူသည်။ (သို့မှသာလျှင် မုအ်မင်န်တို့၏ လမ်းစဉ်သည်လည်း ထင်ရှားသွားပေမည်)။ ၎င်းပြင် အပြစ်ထိုက်သင့်သူတို့၏ လမ်းစဉ်လည်း ထင်ရှားသွားပေမည်။ 6|56| (အို-နဗီတမန်တော်) အသင်သည် (ဤသို့)ပြောကြားပါလေ၊ အလ္လာဟ်အရှင်မြတ်ကိုစွန့်ပယ်၍ အသင်တို့ ဟစ်ခေါ်တသကြကုန်သောသူတို့အား ကိုးကွယ်ဆည်းကပ်ခြင်းမှငါသည် တားမြစ်ခြင်းကို ခံရပြီးဖြစ်သည်။ အသင်သည် (ဤသို့လည်း) ပြောကြားပါလေ။ ငါသည် အသင်တို့၏ အချည်းနှီးသော အလိုဆန္ဒများကို အလျင်း လိုက်နာမည်မဟုတ်ပေ။သို့လိုက်နာ မိပါလျှင် ငါသည် လမ်းမှားသို့ ရောက်သွားပေမည်။၎င်းပြင် ငါသည် တရားလမ်းမှန်ကို ရရှိသောသူတို့တွင်လည်းအပါအဝင် ဖြစ်တော့မည်မဟုတ်ပေ။ 6|57| (အို-နဗီတမန်တော်) အသင်သည် (ဤကဲ့သို့)ပြောကြားပါလေ၊ မုချဧကန်ငါသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင့်ထံတော်မှဖြစ် သော(ကြီးမားထင်ရှားသော)သက်သေသာဓကအပေါ်၌ တည်ရှိပေသည်။ သို့ရာတွင်အသင်တို့သည် ထို(သက်သေသာဓက)ကိုပင် မဟုတ်မမှန်ဟုငြင်းပယ်ခဲ့ကြလေသည်။ အသင်တို့ အလျင်စလို တောင်းဆိုကြသောအရာ(ပြစ်ဒဏ်)သည် ငါ့ထံ၌မရှိပေ။ အမိန့်အာဏာကိုကား အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်၏။ ထိုအရှင်မြတ်သည်သာလျှင် အမှန်ကို ထုတ်ဖော်မိန့်ကြားတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် အကောင်းဆုံး စီရင်ဆုံးဖြတ်တော်မူသောအရှင် ဖြစ်တော်မူချေသည်။ 6|58| (အို-နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ၊ အကယ်၍ အသင်တို့ အလျင်စလို တောင်းဆိုနေကြသောအရာ(ပြစ်ဒဏ်)သည် ငါ့ထံ၌ရှိပါလျှင် ငါနှင့်အသင်တို့စပ်ကြားတွင်ဖြစ်ပေါ်နေသော ပြဿနာသည် ဖြေရှင်းပြီးဖြစ်ပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မတရားသောသူတို့ကို ကောင်းစွာသိတော်မူသော အရှင်ဖြစ်တော်မူသည်။ 6|59| ၎င်းပြင် ထိုအရှင်မြတ်အထံတော်တွင် အကွယ်၌ရှိသောအရာများ၏ [သော့များသည်ရှိ၏]။ [(တနည်း) ဘဏ္ဍာတော်များသည်ရှိ၏။] ယင်း(သော့များ-ဘဏ္ဍာတော်များကို)ထိုအရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။ ၎င်းပြင် ထိုအရှင်မြတ်သည် သာလျှင် ပထဝီမြေ၌ ရှိရှိသမျှသော အရာတို့ကလည်းကောင်း၊ သမုဒ္ဒရာ ပင်လယ်၌ ရှိရှိသမျှသော အရာတို့ကိုလည်းကောင်း သိရှိတော်မူ၏။ ထို့ပြင်တဝ သစ်ရွက်တစ်ရွက်ကြွေကျသည်ကိုပင် ထိုအရှင်မြတ်သည် သိရှိတော်မူ၏။ ၎င်းပြင် ပထဝီမြေ၏အမှောင်အထပ်ထပ်တွင် ကျနေသော (သစ်)စေ့ ဟူသရွေ့တို့သည်လည်းကောင်း၊ စိမ်းစိုသောအရာဝတ္ထု ဟူသရွေ့တို့သည်လည်းကောင်း၊ သွေ့ခြောက်သော အရာဝတ္ထုဟူသရွေ့တို့သည်လည်းကောင်း၊ ရှင်းလင်းထင်ရှားသော (မှတ်တမ်း) တော်စာအုပ်တွင်ရှိကုန်၏။ 6|60| ၎င်းပြင် ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်တည်း။ ထိုအရှင်မြတ်သည် အသင်တို့အား ညဉ့်အချိန်၌အိပ်စက်စေတော်မူ၏။ ၎င်းပြင် အသင်တို့ နေ့၌ပြုမူသမျှတို့ကိုလည်း ထိုအရှင်မြတ်သည် သိရှိတော်မူ၏။ ထို့နောက်တဖန်ထိုအရှင်မြတ်သည် အသင်တို့အား ထိုနေ့၌ပြန်ထစေတော်မူ၏။(တနည်း) ယင်းအိပ်စက်ခြင်းမှ ပြန်နိုးစေတော်မူ၏။ သို့မှသာလျှင် သတ်မှတ်ပြဋ္ဌာန်းထားသော အသက်တမ်းသည် စေ့သွားပေမည်။ တဖန် အသင်တို့သည် ထိုအရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်ရောက်ရှိကြကုန်အံ့။ ၎င်းနောက် ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ ပြုမူသမျှတို့ကို ထုတ်ဖော်မိန့်ကြားတော်မူအံ့။(ရကူ-13) 6|61| ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် မိမိကျွန်များအပေါ်ဝယ် လွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့ထံ ထိန်းသိမ်းစောင့်ရှောက်သော(မလာအိကဟ် ကောင်းကင်တမန်)များကိုစေလွှတ်တော်မူ၏။ နောက်ဆုံးတွင် အသင်တို့အနက် တစ်ဦးဦးထံ မရဏ သေခြင်းတရားသည် ဆိုက်ရောက်လာ သောအခါ၊ ငါအရှင်မြတ်၏ (မာလာအိကဟ် ကောင်းကင်တမန်)များသည် ထိုသူ(၏အသက်ဇီဝိန်)ကိုရုပ်သိမ်းကြ၏။၎င်းပြင် ထို(မလာအိကဟ်ကောင်းကင်တမန်)တို့သည် (ငါအရှင်မြတ်၏ အမိန့်တော်များကို လိုက်နာဆောင်ရွက်ရာတွင်အနည်းငယ်စိုးစဉ်းမျှ) ပေါ့လျော့ကြသည်မရှိချေ။ 6|62| ထို့နောက် တဖန် ယင်းသူတို့သည် မိမိတို့၏အရှင်သခင် အစစ်အမှန် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အထံတော်သို့ ပြန်လည်ပို့ဆောင်ခြင်းကို ခံကြရမည်။ နားထောင်ကြလေကုန်။ စီရင်ဆုံးဖြတ်ရန် တန်ခိုးအာဏာသည်ထိုအရှင်မြတ်၌သာရှိသည်။ ၎င်းပြင် ထိုအရှင်မြတ်သည်အမြန်ဆုံး စောကြောမေးမြန်းတော်မူမည့် အရှင်မြတ်ပင်ဖြစ်တော်မူသည်။ 6|63| (အို-နဗီတမန်တော်) အသင်သည်ပြောကြားပါလေ။ (အချင်းတို့) အသင်တို့အား ကုန်းမြေနှင့် သမုဒ္ဒရာပင်လယ်၏ အမှောင်အထပ်ထပ်တို့မှ မည်သူသည် ကယ်တင်ပါသနည်း။ အကယ်၍ ထိုအရှင် မြတ်သည် ကျွန်တော်မျိုးတို့အား ဤအန္တရာယ်များမှ လွတ်မြောက်စေတော်မူပါလျှင်ကျွန်တော်မျိုးတို့သည် ကျေးဇူးတော်ကို သိတတ်သောသူတို့တွင်အပါအဝင် ဖြစ်ကြပါမည် ဟူ၍ အသင်တို့သည် (အလ္လာဟ်)အရှင်မြတ်ကိုသာ ငိုကြွေးကာလည်းကောင်း၊ တိတ်ဆိတ်စွာည်းကောင်း၊ ဟစ်ခေါ်တသ (ဆုတောင်းပတ္ထနာပြု)ကြကုန်သည် (မဟုတ်ပါလော)။တနည်း။(အို-နဗီ) အသင်သည် ပြောကြားပါလေ။ (အိုမုရ်ှရစ်က်အပေါင်းတို့) ကုန်းမြေနှင့်သမုဒ္ဒရာ၏ အမှောင်(ဘေးဒုက္ခ)များမှ အသင်တို့ကို မည်သူ ကယ်တင်သနည်း။ (ထိုအချိန်တွင်) အသင်တို့သည် (အလ္လာဟ်)အရှင်မြတ်ကိုသာလျှင် (တစ်ခါတစ်ရံ)ကျိုးနွံစွာဖြင့်လည်းကောင်း၊ (တစ်ခါ တစ်ရံ)တိတ်ဆိတ်စွာ လည်းကောင်း၊ တသကြ၏။ (၎င်းပြင် အသင်တို့က)အကယ်၍ ထိုအရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤဘေးဒုက္ခမှ ကယ်တင်တော်မူပါလျှင် ကျွန်တော်မျိုးတို့သည်ကျေးဇူးတော်ကို သိတတ်သောသူများတွင် မုချအပါအဝင် ဖြစ်ကြပါမည် (ဟု ပြောဆိုကြသည်)။ 6|64| (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့) ပြောကြားပါလေ၊ (အချင်းတို့) အလ္လာဟ်အရှင်မြတ်သည်သာလျှင် အသင်တို့အား ထို(ဘေးအန္တရာယ်)တို့မှလည်းကောင်း၊ (အခြားအခြားသော) ဘေးအန္တရာယ်တိုင်းမှလည်းကောင်း၊ (စိတ်ဒုက္ခအပေါင်းမှလည်ေးကာင်း၊) လွတ်မြောက်စေတော်မူ၏။ ထို(သို့ လွတ်မြောက်စေတော်မူပြီး) နောက်၌လည်းအသင်တို့သည် (အခြားအရာများကို) ထိုအရှင်မြတ်နှင့် တွဲဖက်(ယှဉ်တွဲ၍) ကိုးကွယ်ကြကုန်သတည်း။ 6|65| (အို-နဗီတမန်တော်)အသင်သည်(ဤသို့ လည်း)ပြောကြားပါလေ။ ထိုအရှင်မြတ်သည် အသင်တို့အပေါ်သို့အသင်တို့၏အထက်မှဖြစ်စေ၊ အသင်တို့၏ခြေထောက်များအောက်မှဖြစ်စေ၊ အပြစ်ဒဏ်(တစ်စုံတစ်ရာ)တို့ သက်ရောက်စေခြင်းကိုသော်လည်းကောင်း၊ အသင်တို့အား အသင်းအဖွဲ့များကွဲပြားစေပြီး အချင်းချင်းတိုက်ခိုက်စေလျက် အသင်တို့ အနက်အချို့၏(တိုက်ခိုက်မှု)အရသာကို မြည်းစမ်းခြင်းကို သော်လည်းကောင်း၊ ပြုစွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။(အို-နဗီတမန်တော်) ငါအရှင်မြတ်သည်(တောင်ဟီဒ်နှင့်စပ်လျဉ်း၍) သက်သေသာဓကများကို မည်သို့မည်ပုံ အမျိုးမျိုးအဖုံဖုံ ပြောင်းလွှဲပြသ တော်မူသည်ကို အသင်ရှုပါလေ၊သို့မှသာလျှင် ထိုသူများသည် နားလည်ကြပေမည်။ 6|66| သို့ရာတွင် (အို-နဗီတမန်တော်) ထိုအရာကိုအသင်၏အမျိုးသားများက မဟုတ်မမှန်ဟုငြင်းပယ် ခဲ့ကြကုန်၏။ စင်စစ်သော်ကား ၎င်း(အပြစ်ဒဏ်)သည် အမှန်ပင်(သက်ရောက်မည်သာ)တည်း။ (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အား) ငါသည် အသင်တို့အပေါ် ကြီးကြပ်အုပ်ထိန်းသူမဟုတ်ပါ ဟု ပြောကြားပါလေ။ 6|67| အကြောင်းကြားချက်၊ မှာကြားချက်သတင်းတိုင်း(ဖြစ်ပျက်ရန်) အတွက် ကန့်သတ်ထားသော အချိန်တစ်ချိန်ရှိ၏။ စင်စစ် အသင်တို့သည် မကြာမီအတွင်း သိရှိကြမည်။ 6|68| ၎င်းပြင် (အို-နဗီတမန်တော်) ငါအရှင်မြတ်၏မုက္ခပါဌ်တော်များကို ကဲ့ရဲ့ပြစ်တင်သော သူတို့ကို အသင်တွေ့မြင်သောအခါ ၎င်းတို့သည် အခြားအကြောင်းအရာများ၌ စိတ်ဝင်စားသွားကြသည်အထိ အသင်သည် ၎င်းတို့၏ထံ (ထိုင်ခြင်း)မှ လွှဲရှောင်နေပါလေ။ ၎င်းပြင် အကယ်၍ ရှိုင်တွာန်သည် အသင့်အား မေ့လျော့စေခဲ့သော် ပြန်လည်သတိရရှိပြီးနောက်တွင်မူ အသင်သည် မတော်မတရားပြုမူသော သူတို့နှင့်အတူ မထိုင်ပါလေနှင့်။ 6|69| ၎င်းပြင် (ရှရီအတ်၏တားမြစ်ချက်များမှ) ကြဉ်ရှောင်ကြကုန်သောသူတို့အပေါ်၌ မွတ်ရှ်ရစ်က် တို့နှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းသည် လုံးဝမရှိချေ။ သို့ရာတွင်ထိုသူတို့အပေါ်၌ ဆုံးမဩဝါဒ စကားပြောရန် တာဝန်ကားရှိပေသည်။ သို့မှသာလျှင် ထိုသူများသည် ရှောင်ကြဉ်ကြပေမည်။ 6|70| ၎င်းပြင် အသင်သည် အကြင်သူများကို စွန့်လွှတ်ထားပါလေ။ ထိုသူများသည် မိမိတို့၏ ‘ဒီန်’သာသနာကိုကစားခုန်စားစရာ၊ ပျော်ရွှင်မြူးထူးစရာ ပြုလုပ်ထားကြ၏။၎င်းပြင် ထိုသူတို့ကို ဤပစ္စုပ္ပန် လောကီဘဝသည် လှည့်ဖြားထား၏။ သို့ရာတွင် တဦးတယောက်သောသူသည် မိမိအပြုအမူတို့ကြောင့် ဖမ်းဆီးခြင်းကို မခံရလေအောင် အသင်သည်(၎င်းတို့အား) ဤ(ကုရ်အာန် ကျမ်းတော်မြတ်)ဖြင့် ဆုံးမလျက်လည်းရှိပါလေ။ (ယင်းသို့ဖြစ်လျှင်) ထိုသူတို့၏အဖို့မှာ အလ္လာဟ်အရှင်မြတ်အပြင် ကိစ္စအဝဝကို ဆောင်ရွက်ပေးမည့် သူဟူ၍လည်းကောင်း၊ (အပြစ်မှချမ်းသာမှုရရှိစေရန်) ကြားဝင်အသနား ခံပေးမည့်သူ ဟူ၍လည်းကောင်း၊ (မည်သူတစ်ဦးတစ်ယောက်မျှ) ရှိလိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး အကယ်၍ထိုသူသည် အားလုံးသောအစားထိုးခြင်းကို အစားထိုးငြားသော်လည်း အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ထံမှ လက်ခံခြင်းရှိလိမ့်မည် မဟုတ်ချေ။ (မိမိတို့ဘာသာ သာသနာကို ကစားဖွယ်ဖွယ်ရ ပျော်ရွင်မြူးထူးဖွယရာ ပြုလုပ်ထားသော) ဤသူများပင်လျှင် အကြင်သူများတည်း။ ထိုသူတို့သည် မိမိတို့၏အပြုအမူတို့ကြောင့် ဖမ်းဆီးခြင်းကို ခံကြရလေပြီ။ ၎င်းတို့အဖို့၎င်းတို့သွေဖည်ငြင်းပယ်ခဲ့ကြသည့် အတွက်ကြောင့် သောက်ရန် အလွန်ပူလောင်သောရေနှင့် အလွန် ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် အဆင်သင့်ရှိပေသည်။(ရကူ-14) 6|71| (အို-နဗီတမန်တော်) အသင်သည် (ထိုမိစ္ဆာဒိဋ္ဌိတို့အား ဤသို့)ပြောကြားပါလေ။ ငါတို့သည် အလ္လာဟ်အရှင်မြတ်အပြင် (အသင်တို့အလိုရှိသကဲ့သို့) ငါတို့အား အကျိုးဖြစ်ထွန်းစေခြင်းကိုလည်းကောင်း၊ အကျိုးယုတ်စေခြင်းကိုလည်းကောင်း၊ မပြုစွမ်းနိုင်သောအရာများကို ကိုးကွယ်ကြရမည်လော။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ငါတို့အား တရားလမ်းမှန်သို့ ပို့ဆောင်ပြီးနောက်တွင် ငါတို့သည် အကြင်သူကဲ့သို့ပင် မိမိတို့၏ခြေဖနောင့်ဖက်သို့ ပြန်လှည့်သွားကြ ရမည်လော။ထိုသူအား ရှိုင်တွာန်သည် တောတွင်း၌ သွေးဆောင်ဖြားယောင်း၍ လမ်းမှားစေခဲ့ရာ ထိုသူသည် တွေဝေ အကြံအိုက်လျက်ရှိနေလေ၏။ ထိုသူ၌ မိတ်ဆွေ အပေါင်းအဖော်များလည်းရှိ၏။ ထိုမိတ်ဆွေ အပေါင်းအဖော်များတို့သည် ထိုသူအား တရားလမ်းမှန်ရှိရာ ငါတို့ထံလာပါလေဟု ဖိတ်ခေါ်လျက်ရှိကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား)အလ္လာဟ်အရှင်မြတ် ညွှန်ကြားပြသတော် မူသောတရားလမ်းသည်သာလျှင် ဧကန်စင်စစ် (ဖြောင့်မတ်မှန်ကန်သော)တရားလမ်းဖြစ်သည်။ ၎င်းပြင် ငါတို့သည် စကြဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ အမိန့်တော်များကို(တသဝေမတိမ်း)လိုက်နာရန် အမိန့်ပေးတော်မူခြင်းကိုလည်း ခံကြရလေပြီဟု ပြောကြားပါလေ။ 6|72| ထိုမှတစ်ပါး (ငါတို့သည် အမိန့်ပေးတော်မူခြင်းကို ခံကြရသည်မှာ) အသင်တို့သည် စွဲမြဲစွာဆွလာတ် ဝတ်ပြုကြလေကုန်။ ၎င်းပြင် အသင်တို့ သည် ထိုအရှင်မြတ်အားကြောက်ရွံ့ကြလေကုန်။ စင်စစ်သော်ကား အသင်တို့သည်ထိုအရှင်မြတ် ထံတော်သို့သာလျှင် စုရုံးကြရမည်။ 6|73| ၎င်းပြင် ထိုအရှင်မြတ်သည် အကြင် အရှင်မြတ်ပင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မိုးများကိုလည်းကောင်း၊ပထဝီမြေကိုလည်ေးကာင်း၊ မှန်ကန်တိကျစွာဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်က ဖြစ်စေ ဟူ၍ မိန့်ကြားတော်မူသောနေ့တွင် ဖြစ်သွားလတ္တံ့။ ထိုအရှင်မြတ်၏စကားတော်သည် လေးနက်ထိရောက်သော စကားတော်ပင်ဖြစ်၏။ ၎င်းပြင် တံပိုးခရာမှုတ်မည့်နေ့တွင် စိုးမိုးအုပ်ချုပ်ခြင်း(အာဏာ)သည် ထိုအရှင်မြတ်၌သာရှိအံ့။ (ထိုအရှင်မြတ်သည်)အကွယ်၌ရှိသည် တို့ကိုလည်းကောင်း၊ ရှေ့မှောက်တွင် ရှိသည်တို့ကိုလည်းကောင်း၊ (အကြွင်းမဲ့)သိရှိတော်မူသောအရှင်မြတ်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် (ဟစ်က်မသ်)အမြော်အမြင်နှင့် ပြည့်စုံတော်မူသော အရှင် (အကြောင်းစုံတို့ကိုအကြွင်းမဲ့) ကြားသိတော်မူသော အရှင်မြတ်လည်း ဖြစ်တော်မူပေသတည်း။ 6|74| ထို့ပြင်တဝ (အို-နဗီတမန်တော်၊ အသင်သည်၎င်းတို့အား ပြန်လည်ပြောကြားပါလေ) တစ်ရံရောအခါ (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် မိမိဖခင်အာဇရ်အား(ဤသို့)ပြောကြားခဲ့လေသည်။ အသင်သည် ရုပ်ပွားဆင်းတုများကိုကိုးကွယ်ရာ ဘုရားများပြုလုပ်ပါသလော။ ဧကန်စင်စစ်အကျွန်ုပ်သည် အသင်နှင့်တကွ အသင်၏အမျိုးသားတို့ကိုပါအလွန်ထင်ရှားသော လမ်းမှားခြင်း၌ (ရောက်ရှိနေကြသည်ကို)တွေ့မြင်ရပါသည်။တနည်း။၎င်းပြင် (အကြင်အချိန်အခါကို ပြန်လည် သတိရပါလေ၊) တစ်ရံရောအခါ တမန်တော်အစ်ဗ်ရာဟီမ် (အလိုင်အစ္စလာမ်)က မိမိ၏ဖခင် အာဇရ် အား ပြောကြားခဲ့သည်မှာ(အို-ဖခင်)ဖခင်သည် ရုပ်ပွားဆင်းတုများကို ကိုးကွယ်ရာဘုရားများပြုလုပ် ထားပါသလော။ မုချဧကန် အကျွန်ုပ်သည် ဖခင်အားလည်းကောင်း၊ ဖခင်၏အမျိုးသားများအားလည်းကောင်း၊ထင်ရှားသော လမ်းမှားခြင်း၌ (သက်ရောက်နေကြသည်ကို)တွေ့မြင်နေပါသည်ဟု ပြောကြားခဲ့၏။ 6|75| ထိုနည်းတူစွာ ငါအရှင်မြတ်သည် အစ်ဗ်ရာဟီမ်အား လေးနက်စွာ သက်ဝင်ယုံကြည်သောသူတို့တွင် အပါအဝင်ဖြစ်စေခြင်းငှာ၊ ငါအရှင်မြတ်သည် မိုးများနှင့်ကမ္ဘာမြေကို စိုးပိုင်တော်မူကြောင်းကို ပြသတော်မူခဲ့လေသတည်း။ 6|76| သို့ဖြစ်ပေရာ ညဉ့်(၏အမိုက်မှောင်)သည် ထို(အစ်ဗ်ရာဟီမ်)အား ဖုံးလွှမ်းသောအခါ ထို (တမန်တော်အစ်ဗ်ရာဟီမ်)သည် ကြယ်တစ်လုံးကို တွေ့မြင်လေ၏။ ထိုအခါတမန်တော်အစ်ဗ်ရာဟီမ်က ဤသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဖြစ်တော်မူသည်ဟုဆိုခဲ့၏။ တဖန် ထိုကြယ်ပျောက်ကွယ်သွားသောအခါ (တမန်တော်အစ်ဗ်ရာဟီမ်)က ငါသည်ကွယ်ပျောက်သွားသောအရာများကို မနှစ်သက်ပေဟုပြောကြားခဲ့၏။ 6|77| တဖန် (တမန်တော်အစ်ဗ်ရာဟီမ်သည်) လ ကိုလင်းဝင်း တောက်ပစွာ တွေ့မြင်သောအခါ ဤသည် ငါ့အားဖန်ဆင်းမွေးမြူသောအရှင် ဖြစ်သည် ဟုပြောဆိုပြန်၏။ သို့ရာတွင် ထို လ သည် ကွယ်ပျောက်သွားခဲ့ လေသောအခါ (တမန်တော်အစ်ဗ်ရာဟီမ်က) အကယ်၍သာ ငါ့အားမွေးမြူတော်မူသောအရှင်မြတ်သည် ငါ့ကို တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခြင်း မရှိခဲ့ပါမူ၊ ကျွန်ုပ်သည် လမ်းမှားသောသူတို့တွင် မုချအပါအဝင်ဖြစ်သွားမည် ဟုပြောကြားခဲ့လေသည်။ 6|7ဂ။ တဖန် (တမန်တော်အစ်ဗ်ရာဟီမ်သည်) သူရိယနေကို ထွန်းလင်းတောက်ပစွာ မြင်လေပြန်သောအခါ (အသင်တို့၏ထင်မြင်ယူဆချက်အရ) ဤသည်သာလျှင် ငါ့အား ဖန်ဆင်းတော်မူသောအရှင် ဤသည်သာလျှင် အကြီးဆုံးဖြစ်သည်ဟု ပြောဆိုခဲ့ပြန်၏။ သို့ရာတွင် ထိုသူရိယနေသည်လည်းကွယ်ပျောက်သွားသောအခါ (တမန်တော် အစ်ဗ်ရဟီမ်က) အိုငါ၏အမျိုးသားအပေါင်းတို့၊ ငါသည် အသင်တို့ တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်လျက်ရှိကြသောအရာများမှ လုံးဝလွတ်ကင်းသည်ဟုပြောကြားခဲ့လေသည်။ 6|79| ဧကန်စင်စစ် ငါသည် မိမိမျက်နှာကို မိုးများနှင့်ကမ္ဘာမြေကို ဖန်ဆင်းတော်မူသောအရှင်မြတ်ဖက်သို့သာလျှင်အာရုံစူးစိုက်လျက် လှည့်ခဲ့လေပြီ။ စင်စစ်သော်ကား ငါသည်(တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်သော သူတို့အနက်မှာ မဟုတ်ပြီ။(တစ်နည်း။)မုချဧကန် ကျွန်ုပ်သည် (အခြားသောလမ်းစဉ်များကိုစွန့်လွှတ်၍) တစ်စိတ်တစ်လတ်တည်း ဖြောင့်မတ်တည်ကြည်သူအဖြစ်ဖြင့် မိမိမျက်နှာကို မိုးကောင်းကင်များနှင့်ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူသော အရှင်မြတ်ဖက်သို့လှည့်ပါပြီ။ ၎င်းပြင် ကျွန်ုပ်သည် မုရှ်ရစ်က်များတွင် အပါအဝင်မဟုတ်ပါ။ 6|80| ၎င်းနောက် ထို(တမန်တော် အစ်ဗ်ရာဟီမ်)၏အမျိုးသားများသည် ထို(တမန်တော် အစ်ဗ်ရာဟီမ်)နှင့် အငြင်းအခုံ ပြုကြလေသည်။ ထိုအခါ (တမန်တော် အစ်ဗ်ရာဟီမ်)ကအသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ပင် ငါနှင့်အငြင်းအခုံ ပြုလုပ်ကြသလော။ အမှန်မှာ ထိုအရှင်မြတ်သည်ငါ့အား တရားလမ်းမှန်ကို ပြတော်မူပြီးဖြစ်သည်။ ၎င်းပြင်ငါသည် အသင်တို့ ယှဉ်တွဲကိုးကွယ် ကြသောအရာများကိုမကြောက်ပေ။ သို့ရာတွင် ငါ၏အရှင်သည်ပင် တစ်စုံတစ်ရာကို အလိုရှိတော်မူပါသော် (ဖြစ်နိုင်၏။) ငါ၏အရှင်သည် အရာခပ်သိမ်းတို့ကို အသိပညာအားဖြင့် ဝန်းခြုံလျက်ရှိ တော်မူသည်။သို့ပါလျက် အသင်တို့သည် သတိမမူ ကြပါလော။ 6|81| ကျွန်ုပ်သည် အသင်တို့ တွဲဖက်ကိုးကွယ်ကြသောအရာများကို အဘယ်ကြောင့်ကြောက်ရမည်နည်း။ အမှန်စင်စစ်အားဖြင့် အသင်တို့သည် အကြင်အရာများကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ ကိုးကွယ်ကြ၏။ ၎င်းအရာများနှင့်စပ်လျဉ်း၍ ထိုအရှင်မြတ်သည် အသင်တို့ထံ မည်သည့်သက်သေသာဓကကိုမျှ ချပေးသနားတော်မူခဲ့သည် မဟုတ်ပေ။(ဤသို့ပြုလုပ်ကြသည်ကိုပင်) အသင်တို့ မကြောက် မရွံ့ကြပေ။သို့ဖြစ်ရာ (အုပ်စုနှစ်စု)အနက် မည်သည့်အုပ်စုသည် ဘေးရန်ကင်းငြိမ်းခြင်းကို ပိုမို၍ ထိုက်သနည်း။ အကယ်၍ အသင်တို့သိကြပါလျှင် (ပြောကြလေကုန်)။(တစ်နည်း)၎င်းပြင် ငါသည် အသင်တို့တွဲဖက်ကိုး ကွယ်ကြသည်များကို အသို့လျှင် ကြောက်ရွံ့ရပါမည်နည်း။ အမှန်စင်စစ်မူကား အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ် အရှင်မြတ်က သက်သေသာဓက တစ်စုံတစ်ရာမျှပင် အလျင်း ချပေးသနားတော်မူခြင်းမပြုခဲ့သော အရာများကို ထိုအရှင် မြတ်နှင့်တွဲဖက်နှိုင်းယှဉ် ကိုးကွယ်နေကြသည် အမှန်ဖြစ်ပါလျက် နှင့်ပင်ကြောက်ရွံ့ စိုးရိမ်ကြသည် မရှိချေ။ သို့ဖြစ်ပေရာ အုပ်စုနှစ်စုက် မည်သည့်အုပ်စုကား ဘေးရန်ကင်း ငြိမ်းခြင်းနှင့် ပိုမို၍ထိုက်သည်ကို အသင်တို့သည် အကယ်၍ သိရှိကြပါလျှင်(ပြော၍ပြကြလေကုန်)။ 6|82| အကြင်သူတို့သည် အီမာန် သက်ဝင် ယုံကြည်ကြ၏။ ၎င်းပြင် ထိုသူများသည် မိမိတို့ အီမာန် သက်ဝင်ယုံကြည်မှုကို (ရှစ်ရ်က်)တွဲဖက်ကိုးကွယ်မှုနှင့် ရောနှောခြင်းကိုလည်းမပြုခဲ့ကြချေ။ ဘေးရန်ကင်းငြိမ်းခြင်းသည် ထိုသူတို့အဖို့သာလျှင်ရှိ၏။ ၎င်းပြင် ထိုသူတို့သည်သာလျှင် ဖြောင့်မတ်မှန်ကန်သောတရားလမ်းကို ရရှိသောသူများ ဖြစ်ကြကုန်သတည်း။ (ရကူ-15) 6|83| ဤသည် ငါအရှင်မြတ်၏သက်သေ သာဓကဖြစ်သည်၊ ငါအရှင်မြတ်သည်ထိုသက်သေသာဓကကို (တမန်တော်)အစ်ဗ်ရာဟီမ်အား ၎င်း၏အမျိုးသားများ နှင့်ပြိုင်ဆိုင်ရာတွင် (အနိုင်ရစေရန်အလို့ငှာ) ခြီးမြှင့်တော်မူခဲ့၏။ ငါအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ဂုဏ်ဒြပ်များခြီးမြှင့်တော်မူလေသည်။ စင်စစ်ဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသည်။ 6|84| ၎င်းပြင် ငါအရှင်သည် 4င်း(တမန်တော်) အစ်ဗ်ရာဟီမ်အား (သားတော်တမန်တော်)အစ္စဟာက်နှင့် (မြေးတော်တမန်တော်)ယအ်ကူဗ်တို့ကို ခြီးမြှင့်ပေးသနား တော်မူခဲ့၏။ ငါအရှင်မြတ်သည် (ထိုတမန်တော် အစ္စဟာက် တမန်တော် ယအ်ကူဗ်) အသီးသီးတို့အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခဲ့၏။ ထိုနည်းတူ ငါအရှင်မြတ်သည် (တမန်တော်အစ်ဗ်ရာ ဟီမ်) အလျင် ရှေးယခင်က တမန်တော် နူဟ်အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခဲ့ပြီးဖြစ်၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် (ထိုတမန်တော်)အစ်ဗ်ရာဟီမ်၏သားမြေးတို့အနက်မှ(တမန်တော်)ဒါဝူဒ်၊(တမန်တော်)စိုလိုင်မန်၊(တမန်တော်)အိုင်ယူဗ်၊ (တမန်တော်)ယူစွတ်ဖ်၊ (တမန်တော်)မူစာနှင့် (တမန်တော်)ဟာရုန် တို့အား(လည်း တရား လမ်းမှန်သို့ပို့ဆောင်တော် မူခဲ့လေသည်)။ စင်စစ်သော်ကား ငါအရှင်မြတ်သည် သူတော်စင်သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အကျိုးပေးလေ့ရှိတော်မူ၏။ 6|85| ထို့ပြင်တဝ (ငါအရှင်မြတ်သည်)(တမန်တော်)ဇကရီယာ၊ (တမန်တော်)ယဟ်ယာ၊ (တမန်တော်)အီစာနှင့်(တမန်တော်)အစ်လ်ယာစ်၊ တို့အား(လည်း တရားလမ်းမှန်သို့ပို့ဆောင်တော်မူခဲ့၏။ ထိုနဗီတမန်တော်) အသီးသီးတို့သည်သူတော်စင်တို့ အနက်မှပင် ဖြစ်ကြကုန်သတည်း။ 6|86| ထိုနည်းတူစွာ(ငါအရှင်မြတ်သည်တမန်တော်)အစ္စမာအီလ်၊ (တမန်တော်)အလ်ယစအ်၊ (တမန်တော်)ယူနွတ်စ်နှင့်(တမန်တော်)လူတွ်တို့အား(လည်း တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခဲ့၏။) ၎င်းပြင် ငါအရှင်မြတ်သည် (ထိုနဗီတမန် တော်)အသီးသီးတို့အား စကြဝဠာ အပေါင်းတို့ အပေါ်ဝယ်ဂုဏ်ထူးဝိသေသ) ခြီးမြှင့်တော်မူခဲ့လေသတည်း။ 6|87| ထိုမျှမကသေးချေ၊ (ငါအရှင်မြတ်သည်) ထို(နဗီတမန်တော်)တို့၏ အဖ၊ ဘေးတို့အနက် အချို့ကိုလည်းကောင်း၊ယင်းတို့၏သား၊ မြေး၊ တို့အနက် အချို့ကိုလည်းကောင်း၊ ယင်းတို့၏ ညီ၊ သား၊ အစ်ကိုတို့အနက် အချို့ကိုလည်းကောင်း၊ (တရားလမ်းမှန်သို့ ပို့ဆောင်တော်မူ ခဲ့လေသည်)။ စင်စစ်သော်ကားငါအရှင်မြတ်သည် ယင်းသူတို့အားရွေးချယ်တော်မူ၍ ဖြောင့်မတ်မှန်ကန်သောတရားလမ်းကို ညွှန်ကြား ပြသတော်မူခဲ့လေသတည်း။ 6|88| ဤကား အလ္လာဟ်အရှင်မြတ်၏ တရားဓမ္မတည်း။ ထိုအရှင်မြတ်သည် မိမိကျွန်တို့အနက်မှ အလိုရှိတော်မူသောသူအား ထိုတရားဓမ္မဖြင့် လမ်းမှန်သို့ ပို့ဆောင်တော်မူ၏။သို့ရာတွင် အကယ်၍သာ ထိုတမန်တော်များသည် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ယှဉ်ပြိုင် ကိုးကွယ်ခဲ့ကြပါမူ၊ ၎င်းတို့ ပြုမူခဲ့သမျှ သောကောင်းမှုများသည် ဧကန်မလွဲအချည်းနှီး အလဟဿ ဖြစ်သွားခဲ့ပေမည်။ 6|89| (အထက်တွင်ဖော်ပြပါ) ဤ(တမန်တော်)များသည် အကြင်သူများပင်တည်း။ ငါအရှင်မြတ်သည် ၎င်းတို့အား ကျမ်းဂန်ဓမ္မကိုလည်းကောင်း၊ ဉာဏ်ပညာရပ်တို့ကိုလည်းကောင်း၊ နဗီတမန်တော်အဖြစ်ကုလည်းကောင်း၊ ခြီးမြှင့်ပေးသနားတော်မူခဲ့၏။ သို့ဖြစ်ပေရာ အကယ်၍ ဤသူများသည်ဤသည်တို့ကို ငြင်းပယ်ကြပါမူ မုချစင်စစ် ငါအရှင်မြတ်သည်ဤသည်တို့ကို အကြင်သူတို့အား လွှဲအပ်တော်မူအံ့။ ထိုသူတို့သည် ဤသည်တို့ကို မည် သည့်အခါမျှ ငြင်းပယ်ကြမည့်သူများမဟုတ်ပေ။ 6|90| ဤသူများပင် အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူပြီးဖြစ်၏။ သို့ဖြစ်ပေရာ အသင် သည်လည်း ၎င်းတို့၏လမ်းစဉ်ကို လိုက်ပါလေ။ (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အား ဤသို့)ပြောကြားပါလေ။ ငါသည် ဤသည့် (ကုရ်အာန်ကျမ်းလာဒေသနာတော်များကို ဟောကြားခြင်း)နှင့်စပ်လျဉ်း၍ အသင်တို့ထံ တစ်စုံတစ်ရာအခကို တောင်းဆိုသည်မဟုတ်။ ယင်း(ကုရ်အာန်ကျမ်းမြတ်)သည် စကြဝဠာခပ်သိမ်း(ရှိဝေနေယျအပေါင်း)တို့အဖို့ ဆုံးမဩဝါဒပင်ဖြစ်ချေသတည်း။(ရကူ-16) 6|91| စင်စစ်သော်ကား ၎င်းတို့က ‘အလ္လာဟ်အရှင်မြတ်သည် မည်သည့်လူသား တစ်ဦးတစ်ယောက်၏အပေါ် ၌မျှမည်သည့်တစ်စုံတစ်ရာကိုမျှ ချပေးသနားတော်မူခဲ့သည်မဟုတ်’ဟု ပြောဆိုကြသည့်အခါ၊ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အားသိရန် တာဝန်ရှိသည်နှင့်အညီ နက်နဲစွာမသိခဲ့ ကြချေ။ (အိုနဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)မေးမြန်းပါလေ။ မူစာသည် လူတို့အဖို့ ရောင်ခြည်တော်အဖြစ်လည်းကောင်း၊ တရားဓမ္မအဖြစ်လည်းကောင်း၊ ယူဆောင်လာသောကျမ်းဂန်ကို မည်သူသည် ချပေးခဲ့ ပါသနည်း။ အသင်တို့သည်ထိုကျမ်းဂန်ကို(အဖိုးမတန်သော)စက္ကူများ(ပမာ) ပြုလုပ်ထားကြ၏။ အသင်တို့သည် ထိုစက္ကူများ(၏အချို့အစိတ်အပိုင်း)ကို ထင်ရှားစေကြကုန်၏။ သို့ရာတွင် အသင်တို့သည် များစွာ(သောအစိတ်အပိုင်းတို့)ကိုမူ ထိန်ချန်လျှို့ဝှက်ထားကြလေသည်။ စင်စစ်သော်ကား အသင်တို့သည် (ထိုကျမ်းဂန်အားဖြင့်)အကြင်အရာများကို သင်ကြားပို့ချခြင်း ခံခဲ့ကြရလေသည်။ထိုအရာများကို အသင်တို့ ကိုယ်တိုင်လည်း မသိရှိခဲ့ကြချေ။အသင်တို့ ၏ အဖ ဘိုးဘေးတို့သည်လည်း မသိခဲ့ချေ။ (အိုနဗီတမန်တော်) အသင်သည် (၎င်းတို့အား) အလ္လာဟ်အရှင်မြတ်သည်သာလျှင် (ထိုကျမ်းဂန်ကို ချပေးသနားတော်မူခဲ့သည်)ဟူ၍ ပြောကြားပါလေ။ ထို့နောက် အသင်သည် ယင်းသို့သူတို့အား ၎င်းတို့အကြောင်းမတန်သော ကိစ္စများတွင်ကစားခုန်စား လျက်သာ ပစ်ထားပါလေ။ 6|92| ၎င်းပြင် ဤ(ကုရ်အာန်ကျမ်းဂန်)သည် အကြင်သို့သော ကျမ်းဂန်ပင်ဖြစ်သည်။ ထိုကျမ်းဂန်ကို ငါ အရှင်မြတ်သည် ချပေးတော်မူခဲ့သည်။ ဗရကတ် မင်္ဂလာ နှင့်ပြည့်စုံ(သောကျမ်းဂန်ဖြစ်)သည်။ ၎င်းထက်အလျင် ရှိခဲ့သောကျမ်းဂန်များကိုလည်း အလ္လာဟ်အရှင်မြတ်အထံတော်မှထုတ်ပြန်တော်မူ သောကျမ်းဂန်များဖြစ်ကြောင်း) အတည်ပြုသော ကျမ်းဂန်လည်းဖြစ်သည်။ ၎င်းပြင် အသင်သည်(ထိုကျမ်းဂန်ဖြင့်) မက္ကာမြို့တော်(သားများ)ကိုလည်းကောင်း၊ထိုမြို့တော်၏ ပတ်ဝန်းကျင်၌ ရှိသောသူများကို လည်းကောင်း၊သတိပေးရန်ဖြစ်သည်။ စင်စစ်သော်ကား နောင်တမလွန်ဘဝကို ယုံကြည်သောသူများသည် ဤ(ကုရ်အာန်ကျမ်းဂန်)ကိုလည်း ယုံကြည်ကြသည်သာဖြစ်သည်။ ၎င်းပြင် ထိုသူများသည် မိမိတို့၏ဆွလာတ်ဝတ်ပြုမှုကိုလည်း စွဲမြဲစွာစောင့်ထိန်းကြသည်သာ ဖြစ်သည်။ 6|93| အမှန်စင်စစ်သော်ကား အကြင်သူထက်ပိုမို၍မတရားသောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ တစ်စုံတစ်ရာ မဟုတ်မမှန်ကို ကြံဖန်လီဆယ်၍ ယိုးစွပ်လေသည်။ သို့မဟုတ် ထိုသူသည် မိမိအပေါ်၌ဝဟ်ယ် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကျရောက်သည်ဟု ပြောဆိုလေသည်။ အမှန်မှာကား ၎င်း၏အပေါ်ဝယ် မည်သည့်အမိန့်တော် တစ်စုံတစ်ရာမျှကျရောက်သည်မရှိချေ။ထိုနည်းတူစွာ (အကြင်သူထက် ပိုမို၍ မတရားသောသူကားမည်သူရှိအံ့နည်း၊) ထိုသူက အလ္လာဟ်အရှင်မြတ် ချပေးသနားတော်မူဘိသကဲ့ သို့ပင် ကျွန်ုပ်သည်လည်း မကြာမီ (ထိုကဲ့သို့သော မုက္ခပါဋ္ဌ်တော်များကို) ချပေးအံ့ဟု ပြောဆိုလေ၏။အကယ်၍သာ အသင်သည် အကြင်အခါ၌ တွေ့မြင်ရပါမူကောင်းလေစွ၊ ထိုအခါဝယ် (ယင်း) မတရားပြုမူသော သူတို့သည် မရဏ သေခြင်း တရား၏ပြင်းထန်မှု၊ (ဒုက္ခများ)တို့၌ကျရောက် လျက်ရှိကြကုန်အံ့၊ ၎င်းပြင် မလာအိကဟ် ကောင်းကင်တမန်များသည် မိမိတို့၏လက်များကို(၎င်းတို့ဖက်သို့)ကမ်းလျက် (အသင်တို့သည် မိမိတို့၏ အသက်ဇီဝိန်များကို (အလျင်အမြန်)ထုတ်(၍ပေး)ကြလေကုန်။ ယနေ့မူကား အသင်တို့သည်အလ္လာဟ် အရှင်မြတ်အပေါ်၌ မမှန်ကန်သောစကားကို ကြံဖန်လီဆယ်၍ ပြောဆိုကြသောကြောင့်၎င်း၊ ထိုအရှင် မြတ်၏သက်သေလက္ခဏာများကို မထီမဲ့မြင် ပြုပြင်ကြသောကြောင့်လည်းကောင်း၊ ယုတ်ညံ့ သိမ်ဖျင်းစေသော ပြစ်ဒဏ်ကို ခံစားကြရလတ္တံ့၊ (ဟုပြောဆိုကြကုန်အံ့၊) 6|94| ၎င်းပြင် (အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ)(ယခုမူကား) အသင်တို့သည် ငါအရှင်မြတ်အထံတော်သို့ ပထမမူလက ငါအရှင်မြတ် အသင်တို့အား ဖန်ဆင်းတော်မူသည့် အတိုင်းပင် တစ်ယောက်စီ၊ တစ်ယောက်စီ လာကြလေပြီ။ ၎င်းပြင် အသင်တို့သည် ငါအရှင်မြတ်က အသင်တို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သည့် (ဥစ္စာပစ္စည်း)များကိုလည်း မိမိတို့နောက်တွင် စွန့်ထားခဲ့ကြလေပြီ။ ထို့ပြင်ငါအရှင်မြတ်သည် အသင်တို့နှင့် အတူတကွ အသင်တို့အားကြားဝင်အသနားခံပေးမည့် အကြင်သူများကိုလည်း တွေ့မြင်တော်မမူ။ အသင်တို့သည် မိမိတို့၏အရေးကိစ္စများတွင် ထိုသူများသည် (ငါအရှင်မြတ်၏) အပေါင်းအဖက်များ ဖြစ်သည်ဟူ၍ ထင်မြင်ယူဆခဲ့ကြလေသည်။ (ယခုမူကား) အသင်တို့(အချင်းချင်း)၏ စပ်ကြားဝယ် အဆက်ပြတ်သွားချေပြီ၊ ၎င်းပြင်အသင်တို့၏ ထင်မြင်ယူဆချက်သည်လည်း အသင်တို့ထံမှပျောက်ကွယ်သွားချေပြီ။ (သို့ဖြစ်ပေရာ ယခုမူကား အပြစ်ဒဏ်ကို အပြည့်ခံကြရတော့ပေမည်)။ (ရကူ-17) 6|95| ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မျိုးစေ့များနှင့်သစ်စေ့များကို (အညှောက်အတက်ထွက်စေရန်) အက်ကွဲစေတော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် သက်မဲ့အရာ များမှသက်ရှိသတ္တဝါများကိုထုတ်တော်မူလေသည်။ ထို့ပြင်တဝ ထိုအရှင်မြတ်သည်သက်ရှိသတ္တဝါများမှ သက်မဲ့အရာများကို ထုတ်တော်မူသောအရှင်မြတ် လည်း ဖြစ်တော်မူ၏။ သို့ပြုစွမ်းနိုင်တော်မူသောအရှင်သည်ကား အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။သို့ဖြစ်ပေရာ အသင်တို့သည် (ထိုအရှင်မြတ်အားခဝပ်ကိုးကွယ်ခြင်း ကိုစွန့်၍) အဘယ်သို့ပြန်လှည့်သွားကြလေသနည်း။ 6|96| (ထိုအရှင်မြတ်သည် ညဉ့်၏အမိုက်မှောင်အတွင်းမှ) နံနက်မိုးသောက်ချိန်ကိုခွဲ၍ ထုတ်တော်မူသောအရှင်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင်ညဉ့်အချိန်ကို(လူသတ္တဝါအပေါင်းတို့) အနားယူရန် ပြုလုပ်ထားတော်မူ၏။ နေနှင့်လတို့ကိုလည်း(နေ့ရက်လများ)တွက်ချက်ရန်အတိုင်းအတာနှင့် ပြုလုပ်ထားတော်မူသည်။ ဤသည် တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင်၊ အလုံးစုံတို့ကို အကြွင်းမဲ့သိရှိတော် မူသောအရှင်မြတ်၏ စီမံခံ့ခန့်ခွဲမှုပင်တည်း။ 6|9ရ။ ၎င်းပြင် ထိုအသျှင်မြတ်သည်ပင်လျှင် အကြင်အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အဖို့နက္ခတ်တာရာများကို ကုန်းမြေနှင့်သမုဒ္ဒရာပင်လယ်၏အမှောင်များတွင် လမ်းမှန်ရစေခြင်းငှာ ပြုလုပ်တော်မူခဲ့လေသည်။ စင်စစ်ဧကန် ငါအရှင်မြတ်သည်(မိမိ) သက်သေသာဓကတို့ကို သိနားလည်သောသူတို့အဖို့ အသေးစိတ် ရှင်းလင်းဖော်ပြတော်မူခဲ့လေသတည်း။ 6|98| ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် အကြင်အရှင်မြတ်တည်း။ ထိုအရှင်မြတ်သည် အသင်(လူသား)တို့အားလူတစ်ဦးတယောက်တည်းမှ ဖြစ်ပွားစေတော်မူခဲ့လေသည်။တဖန်(အသင်တို့အဖို့) ကြာရှည်နေကြရန် နေရာတစ်ခု (မိခင်တို့၏သားအိမ်)လည်းရှိ၏။ ၎င်းပြင် ခေတ္တနေကြရန် နေရာတစ်ခု (သင်တို့၏ကျောက်ကုန်း)လည်းရှိ၏။ အမှန်စင်စစ်ငါအရှင်မြတ်သည် အသိဉာဏ် ရှိသောသူတို့အဖို့ (မိမိ)သက်သေသာဓကများကို အသေးစိတ် ရှင်းလင်းဖော်ပြတော်မူခဲ့ပြီးဖြစ်လေသည်။ 6|99| ၎င်းပြင် ထိုအရှင်မြတ်သည် အကြင်အရှင် မြတ်ပင်တည်း။ ထိုအရှင်မြတ်သည် မိုးကောင်ကင်မှ (မိုး)ရေကိုရွာသွန်းချတော်မူခဲ့လေသည်။ ထို့နောက် ငါအရှင်မြတ်သည်ထိုရေဖြင့် ကောက်ပဲသီးနှံအညှောင့်အတက် မျိုးစုံတို့ကို ထွက်စေတော်မူခဲ့လေသည်။ ၎င်းနောက် ငါအရှင်မြတ်သည် ထိုအညှောင့်အတက်မှ စိမ်းစိုသော အကိုင်းအလက်ကို ထွက်စေတော်မူ၏။ ငါအရှင်မြတ်သည် ထိုအကိုင်းအလက်မှ အထပ်ထပ်ပြွတ်လျက်ရှိသော အစေ့၊ အဆန်တို့ကို ထွက်စေတော်မူ၏။ထို့ပြင် စွန်ပလွံပင်များမှ(ဝါ)၎င်း၏အဖူး ဝတ်ဆံများမှ တွဲလဲကျနေသောအခိုင်များ (ထွက်လေ၏။) ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) စပျစ်ခြံများကိုလည်းကောင်း၊ သံလွင်သီး၊ သလဲသီးများကိုလည်းကောင်း၊ (ဖန်ဆင်းတော်မူခဲ့လေသည်။) အချို့မှာအချင်းချင်းတူ၏။ အချို့မှာမတူချေ။ အသင်တို့သည်ထိုအသီးများသီးချိန်၌လည်းကောင်း၊ မှည့်ခြင်းများကို ကြည့်ရှုကြလေကုန်။ ဧကန်စင်စစ် ဤသည်တို့၌ သက်ဝင်ယုံကြည်(လို)သောသူတို့အဖို့ သက်သေသာဓကများ ရှိကြကုန်သတည်း။ 6|100| သို့ပါလျက် ထိုသူများသည် ဂျင်န်(န်)သတ္တဝါများကို အလ္လာဟ်အရှင်မြတ်၏တွဲဖက်များ ပြုခဲ့ကြကုန်၏။ အမှန်စင်စစ်သော်ကား ထို(အလ္လာဟ်) အရှင်မြတ်သည်ပင်လျှင်ယင်း(မွတ်ရှ်ရစ်က်တို့ကို ဖန်ဆင်းတော်မူခဲ့လေသည်။ (ဂျင်န်များကဖန်ဆင်းထားသည်မဟုတ်၊) လည်းကောင်းပြင် ယင်းတို့သည် မသိနားမလည်ကြဘဲလျက် အလ္လာဟ်အရှင်မြတ်၌သားသမီးများ ရှိသည်ဟူ၍ ကြံစည်စွပ်စွဲ ပြောဆိုကြလေ၏။ထိုအရှင်မြတ်သည် ၎င်းတို့စွပ်စွဲပြောဆိုကြသည်တို့မှ သန့်ရှင်းစင်ကြယ် မြင့်မြတ်လှတော်မူပေသတည်း။(ရကူ-18) 6|101| (ထိုအရှင်မြတ်သည်) မိုးများနှင့်ပထဝီမြေကိုစတင်ဖန်ဆင်းတီထွင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ ထိုအရှင်မြတ်၌ ကြင်ရာကြင်ဘက်မရှိဘဲလျက်အဘယ်မှာလျှင် ထိုအရှင်မြတ်၌ သားသမီးရှိနိုင်ပါအံ့နည်း။စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်ဖြစ်တော်မူပေသတည်း။ 6|102| (ဤသည်) ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသောအလ္လာဟ် အရှင်မြတ်ပင်တည်း။ ထိုအရှင်မြတ်မှတပါး ခဝပ်ကိုးကွယ်ရာအရှင်မရှိပြီ။(ထိုအရှင်မြတ်သည်) အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်ကိုသာခဝပ်ကိုးကွယ်ကြလေကုန်။ စင်စစ်သော် ကားထိုအရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို စီမံခန့်ခွဲပြီးငြိမ်းစေတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။ 6|103| (မံသ)စက္ခုများသည် ထိုအရှင်မြတ်အား (စိတ်ငုံ)မိနိုင်သည် မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်မှာကား(မံသ)စက္ခုများကို (စိတ်ငုံ) ငုံမိလျက် ရှိတော်မူချေသည်။စင်စစ်သော်ကား ထိုအရှင်မြတ်သည် အလွန်နက်နဲသိမ်မွေ့တော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်မြတ် ဖြစ်ပေသတည်း။ 6|104| (အို-နဗီတမန်တော် အသင်သည် ဤသို့ ပြောဆိုပါလေ) ဧကန်စင်စစ် အသင်တို့ထံ၊ အသင်တို့၏အရှင်မြတ်အထံတော်မှ သက်သေခံများသည် ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ မည်သူမဆို(ထိုသက်သေခံ များကို)မြင်ပါလျှင်၊ ထိုသူ၏အဖို့သာ အကျိုးရှိအံ့။ ထိုနည်းတူစွာ မည်သူမဆိုမျက်စိကန်းလျက်နေပါလျှင် ထိုသူ၏အပေါ်၌သာ နစ်နာမှုရှိအံ့။ အမှန်သော်ကား ကျွန်ုပ်သည် အသင်တို့အပေါ်၌ ကြီးကြပ်အုပ်ထိန်းသူမဟုတ်ပေ။ 6|105| ၎င်းပြင် ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် သက်သေ လက္ခဏာတော်များကို အမျိုးမျိုးအဖုံဖုံ ရှင်းလင်းပြတော်မူသည်။ (ယင်းသို့ရှင်းလင်း ပြတော်မူသည့်အခါ)ထိုကာဖိရ်များကအသင်သည်သင်ယူထားသည်ဟုပြောဆိုကြပေမည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထို(ကုရ်အာန်)ကို အသိတရားရှိသူများအဖို့ အထူးလင်းပြတော်မူရန်အလို့ငှာဖြစ်၏။ 6|106| (အို-နဗီတမန်တော်) အသင်သည် အသင့်အားမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ မိမိထံကျရောက်လာသော ဝဟ်ယ် အမိန့်တော်များကို လိုက်နာ၍နေပါလေ။ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာဟူ၍ အလျင်းမရှိ။၎င်းပြင် အသင်သည် မုရှ်ရစ်က် များဖက်မှ မျက်နှာလွှဲထားပါလေ။ 6|107| အမှန်စင်စစ်သော်ကား အကယ်သာ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့ပါလျှင် ထိုသူများသည် ရှစ်ရ်က်တွဲဖက်ကိုးကွယ်ခြင်းကို ပြုလုပ်ကြမည်မဟုတ်ပေ။ ၎င်းပြင်ငါအရှင်မြတ်သည် အသင့်အား ထိုသူတို့အပေါ်၌ ကြီးကြပ်အုပ်ထိန်းသူအဖြစ် ခန့်အပ်ထားတော်သည် မဟုတ်ပေ။ အသင်သည် ထိုသူတို့အဖို့ တာဝန်ခံလည်း) မဟုတ်ချေ။ 6|108| ၎င်းပြင် အသင်တို့သည် အကြင်(မှားယွင်းသော) ကိုးကွယ်ရာများကို ကဲ့ရဲ့ရှုတ်ချခြင်း မပြုကြလင့်။ ထို(မုရှ်ရစ်က်)များသည် အလ္လာဟ်အရှင်မြတ်အား စွန့်ပယ်၍ကိုးကွယ်ကြ၏။ အဘယ်ကြောင့်ဆိုသော် (အသင်တို့ဤသို့ပြုလုပ် ကြလျှင်) ထိုသူများသည်လည်း အသိတရား မရှိ သဖြင့်စည်းကမ်းကျူးလွန်ကာ အလ္လာဟ်အရှင်မြတ်အား ကဲ့ရဲ့ရှုတ်ချခြင်း ပြုကြပေမည်။ ငါအရှင်သည် ဤနည်းအတိုင်းပင် အုပ်စုတိုင်း၏အမြင်တွင် ၎င်းတို့၏ပြုမူချက်တို့ကို လှပတင့်တယ်အောင် ပြုလုပ်ထားတော်မူခဲ့လေသည်။ ထို့နောက် ၎င်းတို့အားလုံးသည်မိမိတို့အား မွေးမြူတော်မူသောအရှင်မြတ်အထံတော်သို့ ပြန်ကြရမည်။ ထိုအခါ အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ပြုလုပ်ခဲ့ကြသည်များကို ထုတ်ဖော်မိန့်ကြားတော်မူမည်။ 6|109| ထို့ပြင် ၎င်းတို့သည် အကယ်၍သာ ၎င်းတို့ထံသက်သေလက္ခဏာ တစ်စုံတစ်ရာ ရောက်ရှိခဲ့ ပါမူ၊ ၎င်းတို့သည်မုချ သက်ဝင်ယုံကြည်ကြမည်ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အစွမ်းကုန် ကျိန်ဆိုကြလေ၏။ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့ပြောကြားပါလေ။ သက်သေလက္ခဏာ တို့သည် အလ္လာဟ်အရှင်မြတ် အထံတော်၌သာရှိကုန်၏။ ၎င်းပြင် အသင်တို့သိကြပါသလော။ မုချဧကန်ထိုသက်သေလက္ခဏာတော်များ ကျရောက်ရှိလာသည့် တိုင်အောင် ထိုသူတို့သည် ယုံကြည်ကြမည်မဟုတ်ပေ။ 6|110| ၎င်းပြင် ထိုသူတို့ ပထမအကြိမ် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်)ကို သက်ဝင်ယုံကြည်ခြင်း မရှိကြသကဲ့သို့ပင်၊ ငါအရှင်မြတ်သည်လည်း ထိုသူတို့၏စိတ်နှလုံးများကိုလည်းကောင်း၊ မျက်စိများကိုလည်းကောင်း၊ လှည့်ပေးတော်မူအံ့။ ထို့အပြင် ငါအရှင်မြတ်သည် 4င်းတို့အား ၎င်းတို့၏ခေါင်းမာမှု၌ပင် တဝဲလည်လည် လွှတ်ထားတော်မူအံ့။(ရကူ-19)(တစ်နည်း။)၎င်းပြင် (ထိုသူများ မယုံကြည်ကြသည့်အတွက်) ငါအရှင်မြတ်သည်လည်း ထိုသူများ၏ စိတ်နှလုံးများကို (အမှန်တရားရှာဖွေရန် ဆန္ဒထားခြင်းမှ)လည်းကောင်း၊ထိုသူများ၏မျက်စိများကို (အမှန်တရားမြင်ခြင်းမှ)လည်းကောင်း၊ လှည့်ထားတော်မူမည်ဖြစ်သည်။ ယခု ထိုသူများ၏မယုံကြည်ခြင်းမှာ)ထိုသူများသည် ထို(ကုရ်အာန်ကျမ်းမြတ်) ကိုပထမအကြိမ် မယုံကြည်ကြသကဲ့သို့ပင်ဖြစ်သည်။ (အထူးအဆန်းမဟုတ်ပေ၊) ၎င်းပြင် ငါအရှင်မြတ်သည် ထိုသူများအား၎င်းတို့၏ မောက်မာပလွှားမှု၌ပင် တဝဲလည်လည် လွှတ်ထားတော်မူမည်။ 6|111| အကယ်၍ ငါအရှင်မြတ်သည်၊ ၎င်းတို့ထံ မလာအိကဟ် ကောင်းကင်တမန်များကို စေလွှတ်တော်မူခဲ့သည်ဖြစ်စေ၊ ထို့ပြင် သူသေများသည် ၎င်းတို့နှင့် စကားပြောဆိုခဲ့ကြသည်ဖြစ်စေ၊ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ခပ်သိမ်းကုန်သော အရာများကို ၎င်းတို့၏ရှေ့မှောက်တွင် စုပေးတော်မူခဲ့သည်ဖြစ်စေ၊ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မမူဘဲ အီမာန် သက်ဝင်ယုံကြည်ကြမည် မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့အနက် မြောက်မြားစွာသော သူတို့ကားအသိတရား ကင်းမဲ့ကြကုန်သတည်း။ 6|112| ၎င်းပြင် ထို့ကဲ့သို့ပင် ငါအရှင်မြတ်သည် နဗီတမန်တော်အသီးသီးတို့၌ လူရှိုင်တွာန်များကလည်းကောင်း၊ဂျင်န်ရှိုင်တွာန်များကလည်းကောင်း၊ ပြုလုပ်ထားတော်မူ၏။ ထိုရှိုင်တွာန်များအနက် အချို့တို့သည် အချို့တို့(၏ စိတ်နှလုံးတွင်း)သို့ အပြင်ပန်းလှသော အရောင်တင်ထားသောစကားများကိုထည့်သွင်းလေ့ရှိကြ၏။ ၎င်းပြင် အကယ်၍သာ အသင့်အားမွေးမြူ တော်မူသောအရှင်မြတ် အလိုတော်ရှိပါလျှင် ထိုရှိုင်တွာန်များသည် ထိုသို့ပြုနိုင်ကြမည်မဟုတ်ပေ။ သို့ဖြစ်ပေရာအသင်သည် ထိုသူများကိုလည်းကောင်း၊ ထိုသူတို့ လိမ်လည်ပြောဆိုကြသည့် အရာကိုလည်းကောင်း၊ စွန့်ပယ်ထားပါလေ။ 6|113| ၎င်းပြင် (ယင်းသူတို့သည် အချင်းချင်း တစ်ဦးထံတဦး အပြင်ပန်းလှသော စကားများကို ပို့လေ့ရှိကြသည်မှာ’အာခိရတ်’ နောင်တမလွန်ဘဝကို မယုံကြည် သောသူတို့၏စိတ်နှလုံးများသည် ထို(အပြင်ပန်း လှသောစကားများ)ဘက်သို့ယိမ်းယိုင် ကိုင်းညွတ်ရန်အလို့ငှာ၎င်း၊ ထိုစကားများကိုနှစ်သက်ကြရန် အလို့ငှာလည်းကောင်း၊ ထိုသူတို့သည် (ယခု)ပြုလုပ်လျက်ရှိသည်များကို ပြုလုပ်မြဲ ပြုလုပ်ကြရန်လည်းကောင်း၊ဖြစ်ချေသတည်း။ 6|114| (အို-နဗီတမန်တော် အသင်သည် ဤသို့ ပြောကြားပါလေ)။ ‘ငါသည် အလ္လာဟ်အရှင်မြတ်မှ တစ်ပါး အခြားသူကိုစီရင်ဆုံးဖြတ်သူ တရားသူကြီး အဖြစ်ရှာဖွေရပါမည်လော။ အမှန်စင်စစ် ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့ထံ၌ (အလုံးစုံတို့ကို)လင်း၍ ပြထားပြီးဖြစ်သော(ကုရ်အာန်)ကျမ်းဂန်ဒေသနာ တော်မြတ်ကို ချပေးသနားတော်မူခဲ့လေသည်။’အမှန်သော်ကား(ယခင်က)ငါအရှင်မြတ် ကျမ်းဂန်ဒေသနာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ သောသူတို့သည်လည်းယင်း(ကုရ်အာန်)ကျမ်းတော်မြတ်သည် အသင့်အားမွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်ထံတော်မှ မှန်ကန်သောအကြောင်းအရာနှင့် တကွကျရောက်လာသော ဒေသနာတော်ကျမ်းမြတ်ဖြစ်သည်ကို သိရှိကြကုန်သည်။ သို့ဖြစ်ပေရာ အသင်သည် ဒွိဟမကင်းသူတို့အနက် အပါအဝင် မဖြစ်ပါလေနှင့်။ 6|115| ၎င်းအပြင် အသင့်အား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၏ (ဤ)မုက္ခပါဌ်တော်သည် မှန်ကန်ခြင်း အရာ၌လည်းကောင်း၊ တရားမျှတခြင်းအရာ၌လည်းကောင်း၊စုံလင်ပြည့်စုံလှပေသည်။ ထိုအရှင်မြတ်၏ မုက္ခပါဌ်တော်များကို ပြောင်းလွှဲနိုင်သူဟူ၍ကား အလျင်းမရှိပြီ။ စင်စစ်မူကားထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိမြင်တော်မူသော အရှင်မြတ်ပင်တည်း။ 6|116| စင်စစ်သော်ကား အကယ်၍သာ အသင်သည်ကမ္ဘာမြေဝယ်ရှိ မြောက်မြားစွာသောသူတို့၏ စကားကို လိုက်နာခဲ့မူ၊ ထိုသူတို့သည် အသင့်အား အလ္လာဟ်အရှင်မြတ်၏လမ်းမှလွဲချော်မှောက်မှားစေကြကုန်အံ့။ ၎င်းတို့သည် ထင်မြင်ချက်မှအပ အခြားမည်သည်ကိုမျှ လိုက်နာကြမည်မဟုတ်ပေ။ စင်စစ်သော်ကား ထိုသူတို့သည် ရမ်းဆပြောဆိုသူများသာ ဖြစ်ကြချေသတည်း။ 6|117| စင်စစ်ဧကန် အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည်၊ ထိုအရှင်မြတ်၏ လမ်းတော်မှ မည်သူသည် လွဲချော်မှောက်မှားနေသည်ကို ကောင်းစွာသိရှိတော်မူသာအရှင်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင်လမ်းမှန်ကိုရရှိသူတို့အားလည်း ကောင်းစွာ သိရှိတော်မူသောအရှင် ဖြစ်တော်မူ၏။ 6|118| သို့ဖြစ်ပေရာ အသင်တို့သည်အကြင် (တိရစ္ဆာန်)ကို စားသုံးကြလေကုန်။ ထို(တိရစ္ဆာန်) ၏အပေါ်၌ အလ္လာဟ်အရှင်မြတ်၏နာမံတော်သည်၊ တသ (၍လှီးဖြတ်) ပြီးဖြစ်လေသည်။ အကယ်၍ အသင်တို့သည် ထိုအရှင်မြတ်၏ အမိန့်တော်များကို သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါလျှင်။ 6|119| ၎င်းပြင် အသင်တို့သည် အကြင်(တိရစ္ဆာန်များ)အနက်မှ စားသုံးခြင်းမပြုကြရန် အသင်တို့၌ မည်သည့်အကြောင်းရှိပါသနည်း။ ထို(တိရစ္ဆာန်များ)၏အပေါ်၌အလ္လာဟ်အလ္လာဟ်အရှင်မြတ်၏ နာမံတော်သည် တသပြီး ဖြစ်ချေသည်။စင်စစ်သော်ကား ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌၊အသင်တို့ မလွှဲမရှောင်သာဖြစ်ကြသည့်အခါမှအပ၊ (စားသုံးခြင်းမပြုကြရန်) မိမိတားမြစ်ထားတော်မူ သည့်(တိရစ္ဆာန်များ)ကို အသေးစိတ်လင်းပြတော်မူပြီး ဖြစ်လေသည်။ ဧကန်စင်စစ်များစွာသော သူတို့သည် မိမိတို့၏ အလိုဆန္ဒများ(ကိုလိုက်စားခြင်း)ကြောင့် တစ်စုံတစ်ရာ သိနားလည်သည်မရှိဘဲ (သူတစ်ပါးတို့အား မှန်ကန်သော တရားလမ်းတော်မှ) ချွတ်ချော်တိမ်းပါးစေကြကုန်သည်။ (အို-နဗီတမန်တော်) အသင့်အား မွေးမြူတော်မူသော အရှင်မြတ်သည် တရားစည်းကမ်းတို့ကို ကျူးကျော်ကုန်သောသူတို့အား၊ ကောင်းစွာသိရှိတော်မူပေသတည်း။ 6|120| အသင်တို့သည် ထင်ရှားသော ပြစ်မှုဒုစရိုက်ကိုလည်းကောင်း၊ ဖုံးအုပ်လျက်ရှိသော ပြစ်မှုဒုစရိုက်ကိုလည်းကောင်း၊(တစ်နည်း)ထင်ရှားစွာပြုသော အပြစ်ကိုလည်းကောင်း၊ လျှို့ဝှက် စွာပြုသောအပြစ်များကိုလည်းကောင်း၊(တစ်နည်း)အပြစ်ထင်ရှား သောဒုစရိုက်များကို လည်းကောင်း၊အပြစ်မထင်ရှားသောဒုစရိုက်များကိုလည်း ကောင်း၊(တစ်နည်း) ကာယဝစီဒုစရိုက်ကိုလည်းကောင်း၊မနော ဒုစရိုက်ကိုလည်းကောင်း၊ စွန့်လွှတ်ကြလေကုန်။ ဧကန်စင်စစ် ပြစ်မှုဒုစရိုက်တို့ကို ဆည်းပူးကြကုန်သောသူတို့သည်မကြာမြင့်မီ၊ မိမိတို့ပြုလုပ်ကျူးလွန်စုဆောင်းခဲ့သည်တို့၏အကျိုးကို ခံစားကြရလတ္တံ့။ 6|121| ၎င်းပြင် အသင်တို့သည် အကြင်(တိရစ္ဆာန်များ)အနက်မှစားသုံးခြင်း မပြုကြကုန်လင့်။ ထို(တိရစ္ဆာန် များ)၏အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ နာမံတော်သည် တသခြင်းမရှိခဲ့ချေ။ ဤသည်(ကိုစားသုံးခြင်း)ကား အမိန့်တော်ကို သွေဖည်ခြင်းပင်တည်း။ ထိုမှတစ်ပါး မလွဲဧကန် ‘ရှိုင်တွာန်’တို့သည် အသင်တို့နှင့် အချေအတင် ပြောဆိုငြင်းခုံကြရန် အလို့ငှာ၊ မိမိတို့၏ အဆွေခင်ပွန်းများထံ ပြင်ပ ပယောဂ (ဒွိဟသံသယများ)ကို သွင်းပေးကြလေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အကယ်၍ ၎င်းတို့၏ ပြောစကားကို လိုက်နာကြပါမူ၊မုချစင်စစ် အသင်တို့သည်လည်း အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်ကိုးကွယ်သူတို့တွင် အပါအဝင်ဖြစ်ကြလတ္တံ့။ (ရကူ-1) 6|122| အကြင်သူသည် သူသေဖြစ်ခဲ့၏။ ထို့နောက်ငါအရှင်မြတ်သည် ထိုသူအား ရှင်စေတော်မူခဲ့၏။ ငါအရှင်မြတ်သည် ထိုသူ၏အဖို့ ‘အီမာန်’ တည်း ဟူသော လင်းရောင်ခြည်ကို ပြုပေးတော်မူခဲ့၏။ ထိုသူသည် ထိုလင်းရောင်ခြည်နှင့်တကွ လူတို့တွင် သွားလာလျက်ရှိ၏။ ထိုသူသည် အမှောင်ထု၌နစ်မွန်း၍ ထိုအမှောင်ထုထဲမှ မထွက်နိုင်ပဲလျက် ရှိနေသောသူနှင့် တူနိုင်ပါမည်လော။ ဤနည်းအတိုင်းပင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့၏ အမြင်၌ ၎င်းတို့၏ အပြုအမူတို့ကို လှပတင့်တယ်အောင် ပြုထားပြီးဖြစ်ချေသတည်း။ 6|123| ၎င်းပြင် ထိုနည်းနှင်နှင် ငါအရှင်မြတ်သည် မြို့ရွာတိုင်းတွင် ထိုမြို့ရွာများ၏ အကြီးအကဲများကို မကောင်းကြံစည်ကြရန် ပြစ်မှုကျူးလွန်သူများ ဖြစ်စေတော်မူခဲ့၏။အမှန်သော်ကား ယင်းသူတို့သည် မိမိတို့ ကိုယ်နှင့်ဆန့်ကျင်၍သာ မကောင်းကြံစည်ကြသည်။ သို့ရာတွင် ယင်းသူတို့သည်(ဤသည်ကိုပင်) မသိ နားမလည်ကြချေ။ 6|124| ထိုမှတစ်ပါး ၎င်းတို့ထံ သက်သေလက္ခဏာတစ်စုံတစ်ရာ ရောက်ရှိလာသောအခါ ၎င်းတို့က ငါတို့သည်အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်များ ချီးမြှင့်ခြင်းခံကြရသကဲ့သို့ ချီးမြှင့်ပေးသနားတော်မူခြင်း မခံကြရသမျှကာလပတ်လုံးငါတို့သည် အလျင်းအီမာန်သက်ဝင်ယုံကြည်ကြမည်မဟုတ်ပေ ဟု ပြောဆိုကြကုန်သည်။ (အမှန်စင်စစ်သော်ကား) အလ္လာဟ်အရှင်မြတ်သည်သာလျှင် မိမိ၏ရစူလ်တမန်တော်ဂုဏ်ကို မည်သူ့အား ချီးမြှင့်ရမည်ကို အသိဆုံးပင်ဖြစ်တော်မူပေသည်။ (ထိုမှတစ်ပါး)ပြစ်မှုကျူးလွန်သောသူတို့သည် မကြာမြင်မီ အလ္လာဟ်အရှင်မြတ်အထံတော်၌ မိမိတို့မကောင်းကြံစည်မှုများ၏အစား ဂုဏ်ရည်သေးသိမ်ခြင်းနှင့်ပြင်းထန်သော ပြစ်ဒဏ်တို့ကို ခံစားကြရလတ္တံ့။ 6|125| ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြင်သူအား လမ်းမှန်သို့ ပို့ဆောင်တော်မူရန် ရည်စူး တော်မူပါလျှင်၊ထိုအရှင်မြတ်သည် ၎င်း၏ရင်ကို (ဝါ) စိတ်နှလုံးကို အစ္စလာမ်သာသနာတော်(ကိုယုံကြည်လက်ခံလာနိုင်ရန်)အလို့ငှာ ပွင့်လင်း ကျယ်ဝန်းစေတော်မူအံ့။ သို့ရာတွင် ထိုအရှင်မြတ်သည်အကြင်သူအား လမ်းမှား၌ပင်ထားရှိရန် ရည်စူးတော်မူပါလျှင်ထိုအရှင်မြတ်သည် ၎င်း၏ရင်ကို (ဝါ) စိတ်နှလုံးကို အလွန့်အလွန် ကျဉ်းကျပ်စေတော်မူအံ့။ ထိုသူသည် မိုးကောင်းကင်သို့တက်ရဘိသကဲ့သို့ ဖြစ်နေအံ့။ ဤနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် အီမာန်သက်ဝင်ယုံကြည်ခြင်းကင်းမဲ့သောသူတို့အပေါ်၌ [အညစ်အကြေးများကို ပြုလုပ် ထားတော်မူလေသတည်း။] 6|126| အမှန်စင်စစ်သော်ကား ဤ(အစ္စလာမ်သာသနာ တော်) သည်သာလျှင် အသင့်အား မွေးမြူ တော်မူသောအရှင်မြတ်၏ ဖြောင့်မတ်မှန်ကန် သောတရားလမ်းပင် ဖြစ်ချေသည်။ မုချဧကန် ငါအရှင်မြတ်သည်(မိမိ)သက်သေလက္ခဏာတော်များကို နာခံသောသူတို့ အကျိုးငှာ အသေးစိတ် လင်းပြတော်မူပြီး ဖြစ်ချေသတည်း။ 6|127| ထို(တရားရယူသော)သူတို့အဖို့၊ ၎င်းတို့၏ အရှင်မြတ်အထံတော်၌ ချမ်းမြေ့သာယာသော (ဂျန္နတ်အမတသုခ)ဘုံသည် အဆင်သင့်ရှိချေသည်။ ၎င်းပြင် ထိုသူတို့၏ (မွန်မြတ်သော) အပြုအမူတို့ကြောင့် ထိုအရှင်မြတ်သည်ပင်လျှင်၊ ၎င်းတို့၏ အဆွေခင်ပွန်း ဖြစ်တော်မူပေသတည်း။ 6|128| ထိုမှတစ်ပါး အကြင်နေ့ကို (သတိရကြလေကုန်)ထိုနေ့တွင် (အလ္လာဟ်အရှင်မြတ်သည်) ထိုသူအားလုံး တို့ကိုစုရုံးစေတော်မူအံ့။ (ထို့နောက် အလ္လာဟ်အရှင်မြတ်သည်ဤသို့မိန့်ကြားတော်မူအံ့)။ အို- ဂျင်(န်)ပရိသတ်အပေါင်းတို့၊အသင်တို့သည် လူသတ္တဝါအပေါင်းတို့အား (လမ်းမှားသို့သွေးဆောင် ခြင်းကို) များစွာ ပြုလုပ်ခဲ့ကြကုန်၏။ ထို့နောက်လူသားတို့အနက်မှ ထိုဂျင်(န်)သတ္တဝါတို့၏ မိတ်ဆွေများကလျှောက်ထားကြမည်မှာ အို-ကျွန်တော်မျိုးတို့၏အရှင်၊ ကျွန်တော်မျိုးတို့အနက် အချို့သည်၊ အချို့ထံမှ အကျိုးခံစားခဲ့ကြပါသည်။ ၎င်းနောက် ကျွန်တော်မျိုးတို့သည် မိမိတို့အတွက်အရှင်မြတ် သတ်မှတ်ပိုင်းခြား ထားတော်မူသော အချိန်ကာလ(ဝါ)ကိယာမတ်နေ့သို့ ဆိုက်ရောက်ခဲ့ကြပါပြီ ဟု လျှောက်ထားကြလတ္တံ့။ (ထိုရောကာလ အလ္လာဟ်အရှင်မြတ်သည် ဤသို့)မိန့်ကြားတော်မူအံ့။ အို-မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သော ဂျင်(န်)နှင့် လူအပေါင်းတို့) ဂျဟန္နမ်ငရဲဘုံသည်သာလျှင်အသင်တို့ ၏နေရာဌာနဖြစ်သည်။ (အသင်တို့သည်) ထို(ဂျဟန္နမ် ငရဲဘုံ၌ပင် ထာဝစဉ်နေထိုင်ကြရလတ္တံ့။ သို့ရာတွင်အလ္လာဟ်အရှင်မြတ် (ထိုငရဲဘုံးမှထုတ်ရန်) အလိုတော်ရှိတော်မူပါလျှင် (ပြဿနာတစ်ခြားဖြစ်ပေမည်)။ (အို-နဗီတမန်တော်) အသင့်အား မွေးမြူ တော်မူသော အရှင်မြတ်သည်မုချစင်စစ် ဉာဏ် အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်၊အရာခပ်သိမ်းတို့ကို၊ အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ 6|129| ၎င်းအပြင် ငါအရှင်မြတ်သည် ဤနည်းအတိုင်းင် ကျူးကျော်စော်ကားသူများအနက် အချို့ကို အချို့အပေါ်၌၎င်းတို့၏အပြုအမူတို့ကြောင့် ကြီးစိုး စေတော်မူအံ့။(တစ်နည်း။)၎င်းပြင် ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင်အချို့မတရားသောသူတို့အား အချို့ မတရားသောသူတို့နှင့်နီးကပ်စေတော်မူအံ့။ (အချို့ မတရားသောသူတို့၏အနီး၌ထားရှိတော်မူအံ့၊) 6|130| [အို-ဂျင်(န်)နှင့်လူသတ္တဝါ အပေါင်းတို့၊ အသင်တို့ထံ အသင်တို့အနက်မှပင် ရစူလ်တမန်တော်များသည်ရောက်ရှိလာကြကာ အသင်တို့အား ငါအုရှင်မြတ်၏ အမိန့်တော်များကို ကြားနာစေခြင်းကိုလည်းကောင်း၊ အသင်တို့အားဤနေ့နှင့် ကြုံကြိုက်ကြရမည့်အကြောင်း သတိပေးနှိုးဆော်ခြင်းကိုလည်းကောင်း၊ ပြုလုပ်လေ့ရှိခဲ့ကြသည် ဟုတ်ပါလော။] (ထိုအခါ) ယင်း ဂျင်(န်)နှင့်လူသားတို့က ကျွန်တော်မျိုးတို့သည်မိမိတို့နှင့်ဆန့်ကျင်၍ပင် သက်သေခံကြပါပြီဟု လျှောက်ထားကြလတ္တံ့။ ၎င်းတို့အား ပစ္စုပ္ပန်မျက်မှောက်ဘဝ၏ အသက်ရှင်ခြင်းသည် လှည့်ဖြား၍ ထားရှိခဲ့လေသည်။ (သို့ဖြစ်ပေရာ၊၎င်းတို့သည် လောကီစည်းစိမ်တို့၌ နစ်မွန်း လျက်ရှိနေခဲ့ကြလေပြီ။) ၎င်းပြင် ထိုသူများသည် (ထိုရှင်ပြန်ထမည့်နေ့တွင်)မိမိတို့ကိုယ်နှင့်ဆန့်ကျင်၍ မိမိတို့ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်သောသူများပင်ဖြစ်ခဲ့ကြပါသည်ဟု သက်သေခံကြကုန်အံ့။ 6|131| ယင်းကဲ့သို့ ရစူလ်တမန်တော်များကို စေလွှတ်ခြင်း၏အကြောင်းမှာ အသင့်အား မွေးမြူတော် မူသောအရှင်မြတ်သည် မြို့ရွာတို့ကို ၎င်းမြို့ရွာများ၌နေထိုင်သောသူများသတိမမူ အမှတ်မဲ့ရှိနေခိုက် မတရားသဖြင့် (တစ်နည်း)မတရားမှုကြောင့် ဖျက်ဆီးလိုတော် မမူသောကြောင့်ပင်ဖြစ်ချေသတည်း။ 6|132| စင်စစ်မူကား (ဂျင်န် နှင့် လူသတ္တဝါ) အသီးသီးတို့၌၊ ၎င်းတို့၏ အပြုအမူများနှင့် လျော်ညီ စွာ အဆင့်အတန်းများသည် ရှိကြ၏။ အမှန်သော်ကား အသင့်အား မွေးမြူတော်မူသောအရှင်မြတ်သည် ၎င်းတို့၏အပြုအမူတို့ကို သတိမမူလျစ်လျူရှု တော်မူသောအရှင် မဟုတ်ချေ။ 6|133| စင်စစ်သော်ကား၊ အသင့်အား မွေးမြူတော်မူသောအရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသောအရှင်၊ အနန္တကရုဏာတော်ရှင် ဖြစ်တော်မူပေသတည်း။အကယ်၍သာ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင်အသင်တို့(အားလုံး)ကို ရုပ်သိမ်းတော်မူ၍ အသင်တို့မရှိသည့်နောက် အသင်တို့အား အခြားလူမျိုးတို့၏ သားသမီးများ(အဆက်အနွယ်)မှ ပေါက်ဖွားရှင်သန်တော်မူသကဲ့သို့ပင့် မိမိအလိုရှိတော် မူသောသူတို့အား အသင်တို့နေရာ၌ ဆက်ခံစေတော်မူအံ့။ 6|134| ဧကန်စင်စစ် အသင်တို့အား ကတိထားရှိပြီးဖြစ်သော [ကိယာမတ် (ခေါ်)ရှင်ပြန်ထရမည့်နေ့နှင့် ပြစ်ဒဏ်တို့သည်] မလွဲဧကန် ဆိုက်ရောက်မည်သာဖြစ်၏။ ၎င်းပြင်အသင်တို့သည်(မိမိတို့၏ပရိယာယ်ဖြင့် အလ္လာဟ်အရှင်မြတ်အား ထိုသို့)မစွမ်းဆောင်နိုင်ရန် တားဆီးနိုင်ကြသူများလည်းမဟုတ်ကြပေ။ 6|135| (အို-နဗီတမန်တော်) အသင်တို့သည် (ထိုကာဖိရ်တို့အားဤသို့)ပြောကြားပါလေ အို-ငါ၏အမျိုးသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့နည်းအတိုင်းသာ ပြုလုပ်ကြလေကုန်။ ငါသည်လည်း (မိမိနည်းလမ်းအတိုင်းပင်) ပြုလုပ်လျက်ရှိချေပြီ။ နောက်ဆုံး စိတ်ချမ်းသာမှုသည် မည်သူတို့အဖို့ဖြစ်သည်ကို မကြာမြင့်မီ အသင်တို့သိရှိ ကြရလတ္တံ့။ ဧကန်မုချမတရားပြုကျင့်သော သူတို့သည် အလျင်းအောင်မြင်ကြလိမ့်မည်မဟုတ်ချေ။ 6|136| ၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အဖို့ ထိုအရှင်မြတ်ဖန်ဆင်း ပေါက်ရောက်စေ တော်မူသောလယ်ယာများအနက်မှလည်းကောင်း၊ ခြေလေးချောင်း သတ္တဝါများအနက်မှလည်းကောင်း၊ ဝေစုဝေပုံကို သတ်မှတ်၍ ထားရှိကြလေသည်။ တဖန် ထိုသူတို့က မိမိတို့၏ ထင်မြင်ယူဆချက်အရ ဤ(ဝေစုဝေပုံ)သည် အလ္လာဟ်အရှင်မြတ်အဖို့ ဖြစ်သည်ဟူ၍လည်းကောင်း၊ ဤ(ဝေစုဝေပုံ)သည် ငါတို့၏ကိုးကွယ်ရာများအဖို့ ဖြစ်သည်ဟူ၍လည်းကောင်း၊ ပြောဆိုကြလေသည်။တဖန် ၎င်းတို့၏ ကိုးကွယ်ရာများအဖို့ ဖြစ်သော (အစုအပုံ)သည် အလ္လာဟ်အရှင်မြတ် အတွက်ဖြစ်သော အစုအပုံများသို့ရောက်ရှိသည်မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အဖို့ဖြစ်သော (အစုအပုံ)မူကား ၎င်းတို့၏ ကိုးကွယ်ရာ များအဖို့ဖြစ်သော ဝေစုဝေပုံသို့ ရောက်လေ၏။ ထိုသူတို့၏ အဆုံးအဖြတ်သည် ဆိုးယုတ်လှပေ တကား။ 6|137| ၎င်းပြင် ထိုနည်းအတိုင်းပင်၊ မုရှ်ရစ်က်တို့အနက် များစွာသောသူတို့၏ အမြင်၌ ၎င်းတို့၏ ကိုးကွယ်ရာ(ရှိုင်တွာန်)များက၊ ၎င်းတို့ကို ဖျက်ဆီးကြရန်အတွက်လည်းကောင်း၊ ၎င်းတို့အပေါ်၌ ၎င်းတို့၏ ဘာသာကို ရှုပ်ထွေးစေကြရန်အတွက်လည်းကောင်း၊ ၎င်းတို့၏သားသမီးများအားသတ်ဖြတ်ခြင်းကို တင့်တယ်အောင် ပြုလုပ်ထားခဲ့ကြသည်။၎င်းပြင် အကယ်၍သာ အလ္လာဟ်အရှင်မြတ် အလိုတော်ရှိတော်မူခဲ့ပါလျှင် ထိုသူများသည် ယင်းကဲ့သို့ ပြုလုပ်ကြမည်မဟုတ်ပေ။ သို့ရှိရာ အသင်သည် ထိုသူများကိုလည်းကောင်း၊ထိုသူတို့ လုပ်ကြံလိမ်ညာ ပြောဆိုသောစကားများကိုလည်းကောင်း၊ စွန့်လွှတ်ထားပါလေ။ 6|138| ၎င်းပြင် ယင်းသူတို့က မိမိတို့၏ထင်မြင် ယူဆချက်အရပြောဆိုကြသည်မှာ ထိုထိုသောအခြေ လေးချောင်းတိရစ္ဆာန်များသည်လည်းကောင်း၊ ထိုထိုသော လယ်ယာများ(မှထွက်သောပစ္စည်းများ) သည်လည်းကောင်း၊ ငါတို့အလိုရှိသောသူတို့မှအပ၊ အခြားမည်သူမျှ စားသုံး ခြင်းမပြုရန် တားမြစ်၍ထားပြီးဖြစ်သည်ဟူ၍လည်းကောင်း၊ (ထိုထိုသော) အခြေလေးချောင်း တိရစ္ဆာန်များ(၏) ကျောက်ကုန်းများ(ပေါ်၌တက်စီးခြင်း)သည် ဟရာမ် မြစ်တား၍ထားပြီးဖြစ်သည်ဟူ၍၎င်း၊ ပြောဆိုကြ၏။ ၎င်းပြင် (ထိုထိုသော) အခြေလေးချောင်းတိရစ္ဆာန်များကို (လှီးဖြတ်ရာ၌) ထိုသူများသည်အလ္လာဟ် အရှင်မြတ်၏နာမံတော်ကို တသခြင်းမပြုကြပေ။(ဤသည်တို့ကား) ထိုအရှင်မြတ်အပေါ်၌ လီဆယ်ပြောဆိုခြင်းမျှဖြစ်ရကား မကြာမြင့်မီ ထိုအရှင်မြတ်သည် ၎င်းတို့အား၊၎င်းတို့၏လီဆယ်ပြောဆိုမှုကြောင့် အပြစ်ဒဏ်ပေးတော်မူအံ့။ 6|139| ထိုမှတစ်ပါး 4င်းတို့က ပြောဆိုကြပြန်သည်မှာဤတိရစ္ဆာန်များ၏ ဝမ်းတွင်း၌ ရှိသည့်အရာ (နို့ရည် သို့မဟုတ် ဇီး)သည် ငါတို့ယောက်ျားများ အဖို့ချည်းသာ ဖြစ်သည်။ငါတို့၏ဇနီးများအပေါ်၌ ဟရာမ် တားမြစ်ထားပြီး ဖြစ်သည်။သို့ရာတွင် (၎င်းတိရစ္ဆာန်များ၏ဝမ်းတွင်း၌ရှိသောဇီးသည်)အသေဖြစ်ခဲ့လျှင်၊ ၎င်းတို့(ယောက်ျားနှင့်မိန်းမပါ) အတူတူစားသုံးနိုင်ကြသည်။ (အားလုံးဖက်စပ်ပါဝင်ကြသည်) ဟု ပြောဆိုကြ၏။ ထိုအရှင်မြတ်သည် မကြာမြင့်မီ (ယင်းကဲ့ သို့၎င်းတို့၏ (မမှန်မကန်) ပြောဆိုမှုကြောင့်) ယင်းသူတို့အားအစားပေးတော်မူအံ့။ ဧကန်စင်စစ် ထိုအရှင်မြတ်သည်ဉာဏ်အမြှော်အမြင်နှင့် ပြည့်စုံ တော်မူသောအရှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ 6|140| အကြင်သူတို့သည် မချွတ်ဧကန် ဆုံးရှုံးခဲ့ကြချေပြီ။ ထိုသူတို့သည် မိမိတို့၏သားသမီးများကို အသိပညာမရှိဘဲမိုက်မဲစွာသတ်ဖြတ်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်က မိမိတို့အား ချီးမြှင့်ပေးသနားတော်မူသော အရာများကို (ထို)အလ္လာဟ်အရှင်မြတ်အပေါ်၌ လီဆယ် ပြောဆိုကာဟရာမ်’ ခွင့်မပြုသောအရာများဟူ၍ သတ်မှတ်ကုန်ကြ၏။မုချဧကန်ထိုသူတို့သည် လမ်းမှားခဲ့ကြလေပြီ။ စင်စစ်တမူကား၊၎င်းတို့သည် (ယခင်မူလကလည်း) လမ်းမှန်ကို လိုက်ဘူးသောသူများ မဖြစ်ခဲ့ကြချေ။(ရကူ-3) 6|141| ထို(အလ္လာဟ်)အရှင်မြတ်သည်ပင်လျှင် (စင်ပေါ်သို့) နွယ်တက်သောဥယျာဉ်များကိုလည်းကောင်း၊ နွယ်မတက်သောဥယျာဉ်များကိုလည်းကောင်း၊ နွယ်ပင်ဥယျာဉ်၊ပင်ထောင်ဥယျာဉ်၊ အရသာ အမျိုးမျိုးနှင့်ပြည့်စုံသော စွန်ပလွံပင်များကိုလည်းကောင်း၊ ကောက်ပဲသီးနှံများကိုလည်းကောင်း၊ဆင်တူရိုးမှားဖြစ်သော သံလွင်ပင်များကိုလည်းကောင်း၊ သလဲသီးများကိုလည်းကောင်း၊ ပေါက်ရောက် ဖြစ်ပွား စေတော်မူခဲ့လေသည်။ အသင်တို့သည် ယင်းအပင်များ၏ အသီးအနှံများကို သီးပွင့်သောအခါ စားသုံးကြလေကုန်။ ထို့ပြင်တဝ အသင်တို့သည် ၎င်းအသီးအနှံများ ဆွတ်ခူးရိတ်သိမ်းသောနေ့တွင်၊၎င်း(အသီး အနှံများနှင့်စပ်လျဉ်း၍ တရားတော်က ပြဋ္ဌာန်းထားသော) တာဝန်ကို ပေးဆပ်ကြလေကုန်။ သို့ရာတွင် အသင်တို့သည် မဖြုန်းတီးကြကုန်လင့်။ အမှန်ဧကန် ထိုအရှင်မြတ်သည် ဖြုန်းတီးသော သူတို့အား နှစ်သက်တော်မမူချေ။ 6|142| ၎င်းအပြင် (ထိုအရှင်မြတ်သည်) အခြေ လေးချောင်း တိရစ္ဆာန်တို့အနက် (အရပ်အမောင်းကြီးမား၍ ဝန်စည်စလယ်များတင်သော တိရစ္ဆာန်များကိုလည်းကောင်း၊ အလုံးအရပ်နိမ့်၍ ဝန်စည်စလယ် မတင်နိုင်ပဲ နို့ရည်နှင့် အသားစားရန်ဖြစ်)သော တိရစ္ဆာန်များကိုလည်းကောင်း၊ (ဖန်ဆင်းတော်မူခဲ့လေသည်။) အသင်တို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်ကချီးမြှင့်ပေးသနားတော်မူသော အရာများကို စားသုံးကြလေကုန်။ ထို့ပြင် အသင်တို့သည် ရှိုင်တွာန်၏ ခြေရာများကိုမလိုက်ကြကုန်လင့်။ အကြောင်းမူကား ယင်း’ရှိုင်တွာန်’သည်အသင်တို့၏ ထင်ရှားသောရန်သူပင် ဖြစ်ပေသတည်း။ 6|143| (အသင်တို့သည် မိမိတို့၏ စိတ်ထင်ရာ အတိုင်းစားသုံးပိုင်ခွင့် ရှိသည်ဟူ၍လည်းကောင်း၊ စားသုံးပိုင်ခွင့်မရှိဟူ၍လည်းကောင်း၊ ထင်မြင်ယူဆပြောဆိုလျက်ရှိကြသော အခြေလေးချောင်းတိရစ္ဆာန်တို့အနက် ထိုအရှင်မြတ်သည် အထီးအမ)ရှစ်ကောင်ကို (ဖန်ဆင်းတော်မူခဲ့လေသည်။) သိုးများအနက်အထီးအမ နှစ်ကောင၊် ထိုနည်းတူ ဆိတ်များအနက် အထီးအမနှစ်ကောင်၊(ဖန်ဆင်းတော်မူလေ၏။အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အားဤသို့) ပြောဆိုမေးမြန်းပါလေ။ (အချင်းတို့)ထိုအရှင်မြတ်သည် အထီးနှစ်ကောင်ကို ဟရာမ်ဟူ၍ တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ်အမနှစ်ကောင်ကို တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ် အမနှစ်ကောင် သားအိမ်များတွင် လွယ်ထားသော ကလေးများကို တားမြစ်တော်မူပါသလော။ အကယ်၍အသင်တို့သည် မှန်ကန်စွာပြောဆို သူများဖြစ်ကြပါလျှင်၊ ငါ့အား သက်သေသာဓက၊ အထောက်အထားနှင့်တကွ တင်ပြကြလေကုန်။ 6|144| ထိုနည်းတူစွာ (ထိုအရှင်မြတ်သည်) ကုလားအုတ်များအနက် အထီးနှင့်အမနှစ်ကောင်၊ ထို့အတူနွားများအနက် အထီးနှင့်အမနှစ်ကောင်ကို (ဖန်ဆင်းတော်မူလေသည်။ အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောဆိုမေးမြန်းပါလေ။ (အချင်းတို့) ထိုအရှင်မြတ်သည်အထီးနှစ်ကောင်ကို  ဟရာမ်  ဟူ၍ တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ်အမနှစ်ကောင်ကို တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ် အမ နှစ်ကောင် သားအိမ်များတွင် လွယ်ထားသော ကလေးများကို တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က အသင်တို့အား ဤအမိန့်တော်ကို ချမှတ်ပေးတော်မူစဉ်အခါ၌(သက်သေများအဖြစ်)ရှေ့တော်မှောက်တွင် ရှိနေကြပါသလော။ သို့ဖြစ်ပေရာ အသိပညာ (သက်သေ သာဓက)မရှိပဲလျက် လူခပ်သိမ်းတို့အား လမ်းမှားစေခြင်းငှာ၊ အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုလီဆယ်ပြောဆိုသူထက် မတရားသောသူသည် မည်သူဖြစ်နိုင်ပါသနည်း။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည်(ယင်းကဲ့သို့)မတရားသောသူတို့အားလမ်းမှန်သို့ပို့ဆောင်တော်မူသည် မဟုတ်ချေ။(ရကူ-4) 6|145| (အို-နဗီတမန်တော်) အသင်သည် (ယင်းသူတို့အား ဤသို့) ပြောကြားပါလေ။ (အချင်းတို့) ငါသည် မိမိထံသို့ (အလ္လာဟ်အရှင်မြတ်အထံတော်မှ) ကျရောက်လာသောဝဟ်ယ် အမိန့်တော်တွင် (ယခုအငြင်းပွားလျက်ရှိသောတိရစ္ဆာန်များအနက်)တစ်စုံတစ်ခုကို မည်သည့်စားသုံးသူအပေါ်၌မျှ ၎င်းကို စားသုံးခြင်းသည် ဟရာမ် ဟူ၍ တားမြစ်ထားသည်ကို မတွေ့ရှိရချေ။ သို့ရာတွင် အသေသား၊ သို့မဟုတ်စီးထွက်သောသွေး၊ သို့မဟုတ် ဝက်တိရစ္ဆာန်၏ အသားဖြစ်ခဲ့လျှင် ထိုအရာများသည် အလွန်ညစ်ထေး၍ မသန့်စင်သောကြောင့်၊ သို့မဟုတ် ဥပဒေကို ကျူးလွန်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုရည်စူး၍ သတ်မှတ်ခဲ့လျှင်(ဟရာမ် ဟူ၍ တားမြစ်ထားတော်မူလေသည်။) သို့ပါလျက်အကြင်သူသည် (ထိုထိုသောအရာများကိုပင်) အရသာခံစားလိုခြင်း၊ စည်းကမ်းကျူးလွန် ဖောက်ဖျက်ခြင်းမရှိဘဲ မလွှဲမရှောင်သာဖြစ်၍ (အသက်မသေရုံမျှသာ စားသုံး)ခဲ့ပါမူ၊ အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ဧကန်အမှန်အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားညှာတာတော်မူသောအရှင်မြတ်ပင်ဖြစ်တော် မူပေသတည်း။ 6|146| စင်စစ်တမူကား ငါအရှင်မြတ်သည် ယဟူဒီဖြစ်ကုန်သောသူတို့အပေါ်၌ ခြေသည်းလက်သည်း ရှိသောတိရစ္ဆာန် အသီးသီးကိုလည်းကောင်း၊ နွား၊ ဆိတ်တို့အထဲမှထိုနွားနှင့်ဆိတ်တို့၏ ကျောက်ကုန်းနှင့် ကပ်နေသောအဆီ၊ သို့မဟုတ် အူများနှင့်ကပ်နေသောအဆီ၊ သို့မဟုတ် အရိုးနှင့်ကပ်နေသောအဆီများမှတပါး ထိုနွားနှင့်ဆိတ်တို့၏ အထဲမှအခြားအဆီများကိုလည်းကောင်း၊ ဟရာမ် ဟူ၍ တားမြစ်တော်မူခဲ့လေသည်။ ဤ(သို့တားမြစ်ခြင်း)ကား၊ ၎င်းတို့အားအရှင်မြတ်သည်၊ ၎င်းတို့၏ပုန်ကန်မှုကြောင့် ပြစ်ဒဏ်ပေးတော်မူခြင်းပင် ဖြစ်ချေသည်။ အမှန် စင်စစ်သော်ကားငါအရှင်မြတ်သည် မုချဧကန် မှန်ကန်စွာ မိန့်ကြားတော်မူသောအရှင်သာလျှင် ဖြစ်တော်မူသည်။ 6|147| ထို့နောက်သော်မှပင် (အို-နဗီတမန်တော်)အကယ်၍ ၎င်းတို့သည် အသင့်အား မုသားပြောဆိုသည်ဟူ၍စွပ်စွဲကြပါလျှင်၊ အသင်သည်(၎င်းတို့ကိုဤသို့) ဖြေကြားပါလေ။အသင်တို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည်အလွန်ကြီးကျယ်သော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသည်။ သို့ရာတွင် ထိုအရှင်မြတ်၏ပြစ်ဒဏ်သည်လည်း အပြစ်ရှိသောသူတို့အပေါ်မှ ဆုတ်ခွာ၍ (ရွေ့လျော) သွားလိမ့်မည်မဟုတ်ပေ။ 6|148| အခြားအရာများကို အလ္လာဟ်အရှင်မြတ် နှင့်တွဲဖက်ကိုးကွယ်သော သူတို့သည် မကြာမြင့်မီ ပြောဆိုကြမည်မှာအကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ဘင်တို့ သည်လည်းကောင်း၊ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ ကိုးကွယ်နိုင်ကြမည်လည်း မဟုတ်ပါ။ တစ်စုံတစ်ရာကို ဟရာမ်ဟူ၍ တားမြစ်နိုင်ကြမည်လည်း မဟုတ်ပါဟုပြောဆိုကြကုန်အံ့။ (ယင်းကဲ့သို့ ငြင်းပယ်ခြင်းသည် အထူးအဆန်းမဟုတ်ပေ။ (အကြောင်းမူကား) ၎င်းတို့အလျင် ရှိခဲ့ဘူးကြသော သူတို့သည်လည်း (အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော်များအား ဤနည်းအတိုင်းပင်၊ မဟုတ်မမှန်ပြောဆိုသူများဟူ၍ စွပ်စွဲခဲ့ကြကုန်၏။ နောက်ဆုံးတွင် ယင်းသူတို့သည် ငါအရှင် မြတ်၏ပြစ်ဒဏ်ကို မြည်းစမ်းခဲ့ကြရလေသည်။ (အိုနဗီတမန်တော်)အသင်သည် (ထိုသူတို့အား အချင်းတို့)အသင်တို့ထံ တစ်စုံတစ်ရာ သက်သေသာဓက ရှိပါသလော။ရှိခဲ့ပါလျှင် ငါတို့၏ရှေ့၌ ထုတ်ဖေါ်တင်ပြကြလေကုန်။ အသင်တို့သည် (သက်သေသာဓက အလျင်းမရှိဘဲ မိမိတို့၏) ထင်မြင်ယူဆချက်ကိုသာ လိုက်နာကျင့်သုံးကြပေသည်။ ထို့ပြင် အသင်တို့သည် ရမ်းဆပြောဆိုသူများသာ ဖြစ်ကြပေသည်ဟုပြောကြားပါလေ။ 6|149| (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (ဟယ်-အချင်းတို့) အလ္လာဟ်အရှင်မြတ်၏ သက်သေသာဓကသည်သာလျှင် (တိကျ)ပြည့်စုံလုံလောက်သောသာဓကပင်ဖြစ်၏။ သိုြ့ဖစ်ပေရာ အကယ်၍သာထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့ အားလုံးကိုလမ်းမှန်သို့ ဧကန်မုချ ပို့ဆောင်တော် မူခဲ့ပြီးဖြစ်အံ့။ 6|150| (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်က ဤအရာ(များ)ကို ‘ဟရာမ်’ ဟူ၍ တားမြစ်ထားတော်မူသည်ဟု သက်သေခံကြမည့် အသင်တို့၏သက်သေများကို ခေါ်ယူခဲ့ကြလေကုန်ဟုပြောဆိုပါလေ။ အကယ်၍ ၎င်း(သက်သေ)တို့သည် (မုသား)သက်သေခံကြသည့်တိုင်အောင် အသင်သည် ၎င်းတို့နှင့်အတူသက်သေမခံပါလေနှင့်။ ၎င်းပြင် အသင်သည် အကြင်သူများ၏အလိုဆန္ဒများကို မလိုက်ပါလေနှင့်။ ထိုသူများသည် ငါအရှင်မြတ်၏အမိန့်တော်များကို မဟုတ်မမှန် ဟုပြောဆိုကြသည်။၎င်းပြင် နောင်တမလွန်ဘဝကိုပင် မယုံကြည်ကြသည့်ပြင် မိမိတို့အား မွေးမြူဖန်ဆင်းတော်မူသော အရှင်နှင့်တန်းတူထား၍(အခြားအရာများကိုလည်း) ကိုးကွယ်ကြသူတို့၏ အလိုဆန္ဒများကိုလည်း မလိုက်ပါလေနှင့်။(ရကူ-5) 6|151| (အို-နဗီတမန်တော်) အသင်သည် (ထိုသူများအားဤသို့)ပြောကြားကြပါလေ။ အသင်တို့လာကြကုန်၊ အသင်တို့၏အရှင်က အသင်တို့၏အပေါ်၌ ဟရာမ်ဟူ၍ တားမြစ်ထားတော်မူသော အရာများကို ကျွန်ုပ်ရွတ်ဖတ်ပြအံ့။ (ထိုအရာများ အား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲ၍မည်သည့် အရာကိုမျှ မကိုးကွယ်ကြကုန်လင့်။ ၎င်းပြင်(အသင်တို့သည်) မိဘနှစ်ပါးနှင့် ကောင်းစွာဆက်ဆံခြင်း(ပြုကြကုန်)။၎င်းပြင် (အသင်တို့သည်) မိမိတို့၏သားသမီးများကို ဆင်းရဲမှုကြောင့် မသတ်ဖြတ်ကြကုန်လင့်။ ငါအရှင်မြတ်သည် အသင်တို့ကိုလည်းကောင်း၊ ထိုသူများကိုလည်းကောင်း၊ စားနပ်ရိက္ခာပေးတော်မူသည်။ ၎င်းပြင် အသင်တို့သည် ထင်ရှားသောသို့မဟုတ် လျှို့ဝှက်သော စက်ဆုပ်ရွံရှာရှက်ဖွယ်ရာ ယုတ်မာမှုများ၏အနီးသို့ပင် မချဉ်းကပ်ကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က (သတ်ဖြတ်ခြင်းမပြုရန်) ဟရာမ်ဟူ ၍တားမြစ်ထားတော်မူသော အသက်ဇီဝိန်ကို မသတ်ဖြတ်ကြကုန်လင့်။ သို့ရာတွင် (အစ္စလာမ်) တရားတော်နှင့်အညီ(သတ်ဖြတ်ပိုင်ခွင့် ချွင်းချက်ရှိပေသည်)။ ထိုအရှင်မြတ်သည်အသင်တို့ သိနားလည်ကြရန်အလို့ငှာ အသင်တို့အား ဤသည်တို့ကို လေးနက်စွာ အမိန့်ချမှတ်တော်မူသည်။ 6|152| ထို့ပြင် အသင်တို့သည် ကောင်းမွန်သော နည်းလမ်းမှတစ်ပါး မိဘမဲ့ကလေးသူငယ်တို့၏ ဥစ္စာပစ္စည်း၏အပါးသို့ပင်၊ ၎င်းတို့လူလားမြောက်၊ အရွယ်ရောက်သည်အထိ မချဉ်းကပ်ရ၊ ထိုမှတစ်ပါး အသင်တို့သည် တောင်း၊ တင်းနှင့်အလေးများကို တရားမျှတစွာဖြင့် အပြည့်ချိန်တွယ်၍ ပေးကြရမည်။ငါအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုသူတတ်စွမ်းနိုင်သည်ထက် ပို၍ဝန်တင်တော်မူသည်မဟုတ်။ ထိုနည်းတူ အသင်တို့သည် (တစ်စုံတစ်ရာကို သက်သေခံ ရာ၌ဖြစ်စေ၊ စီရင်ဆုံးဖြတ်ရာ၌ဖြစ်စေ) စကားပြောဆိုသောအခါ(အပြောခံရသောသူသည် မိမိ)ဆွေရင်းသားရင်း ဖြစ်သည့်တိုင်အောင် တရားမျှတစွာ ပြောဆိုကြရမည်။ ထို့အတူ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသောကတိ သစ္စာကိုလည်းတည်ကြရမည်(ဖြစ်ပေသည်။) ထိုအရှင်မြတ်သည် အသင်တို့မှတ်သားနိုင်ခြင်းငှာ ဤသည့်(အချက်)တို့နှင့်စပ်လျဉ်း၍ အမိန့်ချမှတ်တော်မူလေသတည်း။ 6|153| ထိုမှတစ်ပါး (အသင်ပြောကြားပါလေ။) ဤသည် ငါ၏ဖြောင့်မတ်မှန်ကန်သော တရား လမ်းစဉ်ပေတည်း။သို့ဖြစ်ပေရာ အသင်တို့သည် ထိုလမ်းစဉ်ကိုသာ လိုက်ကြလေကုန်။ ထို့ပြင် အခြားအခြားသော လမ်းစဉ်များကိုမလိုက်ကြကုန်လင့်။ အဘယ့်ကြောင့်ဆိုသော် ယင်းလမ်းစဉ်များသည် အသင်တို့အား ထိုအရှင်မြတ်၏လမ်းတော်မှ ကွဲကွာစေမည် ဖြစ်သောကြောင့်ပင်။ ထိုအရှင်မြတ်သည် အသင်တို့(ပြစ်မှုဒုစရိုက်တို့မှ)ကြဉ်ရှောင်နိုင်ကြရန်အလို့ငှာ ဤသည့်(အချက်) တို့နှင့်စပ်လျဉ်း၍ အသင့်တို့အား အမိန့်ချမှတ်တော်မူခဲ့လေသည်။ 6|154| တဖန် ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာအား ယင်း(မူစာ၏အမျိုးသား)တို့သည် မိမိတို့အား မွေးမြူတော်မူသောအရှင်နှင့် တွေ့ဆုံကြရမည်ကို ယုံကြည်နိုင်ကြရန်ကောင်းစွာကျင့်မူသော သူတို့အဖို့(တောင်ရာတ်)ကျမ်းမြတ်ကိုပြည့်စုံသော ကျေးဇူးတော်အဖြစ်လည်းကောင်း၊ အလုံးစုံသောအရာများကို လင်းပြသော(ကျမ်းဂန်)အဖြစ်လည်းကောင်း၊တရားဓမ္မညွှန်ပြသော(ဒေသနာတော်)အဖြစ်လည်းကောင်း၊ကရုဏာတော်အဖြစ်လည်းကောင်း၊ ချီးမြှင့် ပေးသနားတော်မူခဲ့လေသတည်း။ 6|155| စင်စစ်တမူကား ဤသည် ငါအရှင်မြတ်ထုတ်ပြန်တော်မူသော (ကုရ်အာန်) ကျမ်းတော်မြတ်ပင်တည်း။ (ထိုကျမ်းတော်မြတ်သည်) ကောင်းချီးမင်္ဂလာ(အဖြာဖြာ)နှင့် ပြည့်စုံသောကျမ်းမြတ်ပင်ဖြစ်ပေရာ၊ အသင်တို့သည် ထိုကျမ်းမြတ်(၏ ညွှန်ကြားချက်တို့)ကို လိုက်နာကြလေကုန်။ ထိုနည်းတူစွာ အသင်တို့သည်(ထိုကျမ်းတော်မြတ်ကမြစ်တားသောအမှုကိစ္စတို့ မှလည်း)ကြဉ်ရှောင်ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည်(အလ္လာဟ်အရှင်မြတ်၏)ကရုဏာတော်ကို ခံစားနိုင်ကြမည်။(တစ်နည်း။)၎င်းပြင် ဤ(ကုရ်အာန်)သည် ကျမ်းဂန်တစ်စောင်ဖြစ်သည်၊ ထိုကျမ်းဂန်ကို ငါအရှင်မြတ်ပင် (အသင်မုဟမ္မဒ်)ထံ ထုတ်ပြန်ချမှတ်တော်မူသည်။ ကောင်းချီးမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသည်။ သို့ဖြစ်ပေရာ (ယခု)အသင်တို့သည်ထို(ကျမ်းဂန်လာ ဒေသနာတော်များ)ကို လိုက်နာကြကုန်။၎င်းပြင် အသင်တို့သည် ထို(ကျမ်းဂန်လာ ဒေသနာတော်များကိုဆန့်ကျင်ရာတွင် အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ကြကုန်၊သို့ဖြစ်လျှင် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) ကရုဏာတော်ကို ခံစားနိုင်ကြပေမည်။ 6|156| အသင်တို့က (ကိယာမတ်၊ ရှင်ပြန်ထမည့်နေ့တွင်) ကျွန်တော်မျိုးတို့အလျင်ရှိခဲ့သော(ယဟူဒီနှင့်ခရစ်ယာန်)အုပ်စုနှစ်ခုအပေါ်၌သာလျှင် ကျမ်းဂန်များ ကျရောက်လာလေသည်။ ကျွန်တော်မျိုးတို့မူကား ၎င်းတို့ဖတ်ကြားလေ့လာသည်(များ)ကို (လည်း)မသိနားမလည်ခဲ့ကြချေ ဟု မပြောနိုင်ကြရန်(ငါအရှင်မြတ်သည် ဤကျမ်းတော်မြတ်ကို ချပေး သနားတော်မူခဲ့လေသတည်း။) 6|157| သို့တည်းမဟုတ်(ဤလောကတွင်လည်း) အသင်တို့က အကယ်၍သာ ကျမ်းဂန်သည် ကျွန်တော်မျိုးတို့ထံ ကျရောက်ခဲ့ပါမူ မုချဧကန် ကျွန်တော်မျိုးတို့သည် ၎င်း(မုအ်မင်န်)တို့ထက်ပိုမို၍ လမ်းမှန်ကိုရရှိသူများပင် ဖြစ်ကြပါမည်ဟုမပြောနိုင်ကြရန် (ဤကျမ်းတော်မြတ်ကိုငါအရှင်မြတ်သည်ချပေးတော်မူခဲ့၏။) သို့ဖြစ်ပေရာ၊ ယခုမူကား အသင်တို့ထံအသင်တို့၏ အရှင်မြတ်အထံတော်မှ ထင်ရှားစွာသောသက်သေ လက္ခဏာသည်လည်းကောင်း၊ တရားဓမ္မ ညွှန်ကြားချက်သည်လည်းကောင်း၊ ကရုဏာတော်သည်လည်းကောင်း၊ရောက်ရှိလာခဲ့လေပြီ။ သို့ပါ၍ အကြင်သူထက်ပိုမို၍ မတရားသောသူသည် မည်သူရှိပါသနည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏သက်သေလက္ခဏာများကို (မိမိကိုယ်တိုင်) မဟုတ်မမှန်ဟု ငြင်းပယ်ရုံသာမက အခြားသူတို့အားလည်း) ထိုသက်သေလက္ခဏာများ (ကိုယုံကြည်ခြင်းမှ) တားမြစ်လေသည်။ မကြာမြင့်မီ ငါအရှင်မြတ်သည် မိမိသက်သေလက္ခဏာများ(ကိုယုံကြည်ခြင်း)မှ တားမြစ်သောသူတို့အား၊ ၎င်းတို့၏တားမြစ်မှုကြောင့် အလွန်ဆိုးဝါးသောပြစ်ဒဏ်ကို အစားပေးတော်မူမည်။ 6|158| ယင်းသူတို့သည် မိမိတို့ထံ မလာအိကဟ်ကောင်းကင်စေတမန်များ ရောက်ရှိလာသည်ကိုသော်လည်းကောင်း၊ အသင့်အား မွေးမြူတော်မူသော (အလ္လာဟ်) အရှင်မြတ်ကိုယ်တိုင် ကြွရောက်လာတော်မူသည် ကိုသော်လည်းကောင်း၊ အသင့်အားမွေးမြူတော်မူသော (အလ္လာဟ်)အရှင်မြတ်၏အကြီးအကျယ် လက္ခဏာတစ်စုံတစ်ရာ ရောက်ရှိလာသည်ကိုသော်လည်းကောင်း၊ စောင့်ဆိုင်း၍ နေကြသလော။(အမှန်စင်စစ်သော်ကား) အသင့်အား မွေးမြူတော်မူသောအရှင်မြတ်၏(ကြီးကျယ်သော)အချို့လက္ခဏာတော် ရောက်ရှိလာသောနေ့တွင်၊ ရှေးဦးမဆွက အီမာန်ယုံကြည်မှုမရှိခဲ့သောသူကိုသော်လည်းကောင်း၊ မိမိယုံကြည်မှုနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ကောင်းမှုပြုခဲ့ခြင်း မရှိသောသူကိုသော်လည်းကောင်း၊ထိုသူ၏ ယုံကြည်မှုသည် အကျိုးကျေးဇူး ဖြစ်ထွန်းစေမည်မဟုတ်ပေ။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား)အသင်တို့သည် စောင့်ဆိုင်း၍နေကြလေကုန်။ ငါတို့သည်(လည်းအသင်တို့နှင့်အတူ) စောင့်ဆိုင်းလျက်ပင် ရှိပါသည် ဟုပြောကြားပါလေ။ 6|159| စင်စစ်ဧကန် အကြင်သူတို့သည် မိမိတို့၏ သာသနာကို အစိတ်စိတ်ခွဲပစ်ခဲ့ကြ၏။ ၎င်းနောက် ထိုသူများသည်ဂိုဏ်းဂဏ အသီးသီးကွဲခဲ့ကြ၏။ အသင်သည် ထိုသူတို့နှင့်မည်သို့မျှ မပတ်သက်ပေ။ မုချဧကန် ၎င်းတို့၏ကိစ္စသည်အလ္လာဟ်အရှင်မြတ်အထံတော်သို့ လွှဲအပ်ပြီးဖြစ်ချေသည်။ထိုနောက် ထိုအရှင်မြတ်သည်ပင်လျှင်၊ ၎င်းတို့အား၊ ၎င်းတို့ပြုမူခဲ့သည်တို့ကို သိစေတော်မူပေမည်။ 6|160| မည်သူမဆို ကောင်းမှုကို ယူဆောင်ခဲ့အံ့။ ထိုသူသည်(အနည်းဆုံး)ယင်းကောင်းမှု၏ ဆယ်ဆကိုရရှိပေအံ့။ ၎င်းပြင် မည်သူမဆို မကောင်းမှုဒုစရိုက်ကို ယူဆောင်ခဲ့အံ့။ ထိုသူသည် ယင်းမကောင်းမှုနှင့် ထပ်တူထပ်မျှသာ အစားပေးခြင်းခံရ လတ္တံ့။ (အပြစ်ရှိသည်ထက် ပို၍ခံရမည်မဟုတ်)။၎င်းပြင် ထိုသူတို့သည် မတရားနှိပ်စက်ခြင်းကိုခံကြရမည်မဟုတ်ပေ။ 6|161| (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောကြားပါလေ။ (အချင်းတို့) ငါ၏အရှင်မြတ်သည်ငါ့အားဖြောင့်မတ်မှန်ကန်သော တရားလမ်းသို့ ပို့ဆောင်တော်မူခဲ့လေပြီ။ (ထိုတရားလမ်းမှာ)အလွန်တည်တံ့ ခိုင်ခံ့သောသာသနာပင် ဖြစ်ပေသည်။ တည်ကြည် ဖြောင့်မတ်သော နဗီတမန်တော် အစ်ဗ်ရာဟီမ်၏လမ်းစဉ်ပင် ဖြစ်ပေသည်။ ၎င်းပြင် ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်သည် တစ်စုံတစ်ရာကိုအလ္လာဟ် အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သောသူများတွင် ပါဝင်ခဲ့ သည်မဟုတ်။ 6|162| (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားတဖန်ဤသို့)ပြောကြားပါဦးလေ။ (အချင်းတို့)ငါ၏ ဆွလာတ်ဝတ်ပြုမှုသည်လည်းကောင်း၊ ငါ၏(အခြားအခြားသော) ခဝပ်ကိုးကွယ်မှု(အပေါင်း)တို့သည်လည်းကောင်း၊ ငါ၏အသက်ရှင်ခြင်းသည်လည်းကောင်း၊ ငါ၏အသက်သေခြင်းသည်လည်းကောင်း၊ စကြဝဠာခပ်သိမ်းကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှစ်သက်တော်မူရန် သာလျှင်ဖြစ်သည်။ 6|163| ထိုအရှင်မြတ်၌ တွဲဖက်ဟူ၍ အလျင်းမရှိချေ။ငါသည် ဤသည်နှင့်စပ်လျဉ်း၍ပင် အမိန့်တော်ကိုရရှိခဲ့၏။၎င်းပြင် ငါသည် အမိန့်တော်ကိုလိုက်နာသူတို့တွင် ပထမဦးဆုံးပင် ဖြစ်ချေသတည်း။ 6|164| (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားတဖန် ထပ်မံ၍ ဤသို့) ပြောကြားပါဦးလေ။ (အချင်းတို့)ငါသည် အလ္လာဟ်အရှင်မြတ်အပြင် အခြားကို ဖန်ဆင်းမွေးမြူသောအရှင်အဖြစ် ရှာဖွေရပါမည်လော။ အမှန်စင်စစ်သော်ကား ထို(အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကိုဖန်ဆင်း မွေးမြူတော်မူသောအရှင် ဖြစ်တော်မူသည်။၎င်းပြင်မည်သူမဆို (တစ်စုံတစ်ရာကို) ရှာဖွေ ဆည်းပူး ပြုလုပ်ခဲ့သော်ထိုသူ၏အပေါ်၌သာလျှင်ရှိပေအံ့။ ထို့ပြင် သယ်ပိုးသူတဦးမျှပင် သူတစ်ပါး၏ဝန်ကို သယ်ပိုးလိမ့်မည်မဟုတ်ပေ။ ထို့နောက်အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော် သို့သာလျှင်ပြန်ကြရမည်။ ထိုအခါ ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား၊ အသင်တို့ကွဲပြားလျက်ရှိခဲ့ကြသော ကိစ္စများကို သိစေတော်မူမည်။ 6|165| ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အားပထဝီမြေပြင်၌ ကိုယ်စားလှယ်များအဖြစ် ချီးမြှင့် တော်မူခဲ့လေသည်။ ၎င်းအပြင် ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အားမိမိချီးမြှင့်ထားတော်မူသော ကျေးဇူးတော်များနှင့်စပ်လျဉ်း၍စမ်းသပ်တော်မူခြင်းငှာ အသင်တို့အနက် အချို့ကို အဆင့်အတန်းအားဖြင့် အချို့ထက် မြင့်စေတော်မူခဲ့၏။ ဧကန်စင်စစ်အသင့်အား မွေးမြူတော်မူ သောအရှင်မြတ်သည် လျှင်မြန်စွာပြစ်ဒဏ်ပေး တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။၎င်းပြင် ထိုအရှင်မြတ်သည် အလွန်လွတ်ငြိမ်း ချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသော အရှင်မြတ်လည်း ဖြစ်တော်မူပေသတည်း။(ရကူ-7) ကိုးကား ကုရ်အာန်၏စူရာဟ်များ အစ္စလာမ်ဘာသာ
https://my.wikipedia.org/wiki/%E1%80%85%E1%80%B0%E1%80%9B%E1%80%90%E1%80%BD%E1%80%9C%E1%80%BA%20%E1%80%A1%E1%80%B6%28%E1%80%94%E1%80%BA%29%E1%80%A1%E1%80%AC%E1%80%99%E1%80%BA
သွေး(စစ်ကိုင်း)
သွေး(စစ်ကိုင်း) သည် စာရေးဆရာမတစ်ဦးဖြစ်သည်။သူမသည် ဘာသာပြန်နှင့်ကဗျာများ အပါအဝင် ဝတ္ထု၊ဆောင်းပါးများ ရေးသားသည်။ ငယ်ဘဝ သူမကို အဖစစ်ကိုင်းအေးလွင်၊ အမိဒေါ်ခင်ရီတို့မှ ၁၉၇၅ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့ စစ်ကိုင်းမြို့ မင်းလမ်းရပ် တွင် မွေးဖွားသည်။ စာရေးဆရာဘဝ ၁၉၉၅ ခုနှစ်၊ ဧပြီလထုတ် မြားနတ်မောင် မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခံခဲ့ရသော “မှောင်မိုက်နေတဲ့ ည”ရသစာတမ်း (အက်ဆေး) ဖြင့် စာပေလောကထဲစတင်ရောက်ရှိခဲ့သည်။ ရုပ်ရှင်သစ္စာ မဂ္ဂဇင်း၊ ပန်အနုပညာမဂ္ဂဇင်း၊ Perfect မဂ္ဂဇင်းတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ပန်မဂ္ဂဇင်းတွင် ပန်းချီဆောင်းပါးများ တစ်စိုက်မတ်မတ်ရေးသားခဲ့သည်။ သူမသည် ယနေ့ အထိ ကဗျာ ၁၀၀ ကျော်၊ ဝတ္ထုတို ၁၀၀ ကျော်၊ ဆောင်းပါး ၅၀၀ ကျော် ရေးသားပြီး ဖြစ်သည်။ ၂၀၀၆ခုနှစ်မှ လက်ရှိချိန်အထိစာရေးသားခြင်းသက်သက်ဖြင့် ရပ်တည်လျက် ရှိသည်။ ထုတ်ဝေခဲ့သည့် စာအုပ်များ သံစဉ်ချိုသောအဓိပ္ပာယ်များ (လုံးချင်းဝတ္ထု) ၂၀၀၃ အကြင်နာလက်ဖြင့် သွန်းဆစ်သောဂီတ (လုံးချင်းဝတ္ထု) ၂၀၀၄ အကျော်အမော်ပန်းချီဆရာတို့၏ ရေးဆွဲနည်းများ (ပန်းချီဆောင်းပါးများစုစည်းမှု) ၂၀၁၂ စန္ဒရားဆရာ (ပြင်သစ်ဘာသာပြန် လုံးချင်း) ၂၀၁၃ သွေးစွန်းတဲ့ ကျောက်စိမ်းမြေ (ပြင်သစ် ဘာသာပြန် လုံးချင်း) ၂၀၁၅ ဆိုးရွားလမ်းညွှန် ထိန်ကျောင်းပုံ(ဘာသာပြန်ရုပ်ပြ) ၂၀၁၇ အေးဆေးသာယာ ကလေးထိန်းဗျူဟာ (ဘာသာပြန်ရုပ်ပြ) ၂၀၁၇ ဝင်းတင် သို့မဟုတ် ဦးမညွှတ်တတ်သောအတိုက်အခံ(ပြင်သစ်ဘာသာပြန်လုံးချင်း) ၂၀၁၈ ပျဉ်းမပန်းတွေရဲ့ အိပ်မက်ထဲက အိမ်အပြန်(ဝတ္ထုတိုစုစည်းမှု) ၂၀၁၈ နှလုံးသားရသစာစုများ (၂၀၁၈) ကလေးတို့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသိကောင်းစရာ(သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်းပါးများစုစည်းမှု) ၂၀၁၉ ကမ္ဘာမြေကြီးကို ကာကွယ်ထိန်းသိမ်းဖို့ ကလေးတို့ပြုလုပ်နိုင်တဲ့အချက်၅၀(သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘာသာပြန်)၂၀၂၁ သမိုင်းတစ်လျှောက် အကျော်အမော်ပန်းချီဆရာ ၁၀၀ (၂၀၂၃) မိသားစုဘဝ သူမသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ခင်ပွန်းဖြစ်သူမှာ စာရေးဆရာ နိုင်စွမ်း ဖြစ်သည်။ ကိုးကား မြန်မာ အမျိုးသမီး စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%BD%E1%80%B1%E1%80%B8%28%E1%80%85%E1%80%85%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%29
U-571 ( ရုပ်ရှင် )
U-571 သည် Sam Montgomery နှင့် David Ayerတို့ ပူးတွဲရေးသားခဲ့သော Jonathan Mostowမှ ဒါရိုက်တာ Jonathan Mostow မှ 2000 ခုနှစ် ရေငုပ်သင်္ဘော ဇာတ်ကားဖြစ်သည်။ ဒီဇာတ်ကားမှာ Matthew McConaughey၊Harvey Keitel၊Bill Paxton၊Jon Bon Jovi၊Jake Weber နဲ့ Matthew Settleတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ယင်းဇာတ်ကားသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်ရေငုပ်သင်္ဘောတစ်စင်းအား အမေရိကန်ရေငုပ်သင်္ဘောများမှ လိုက်ပါစီးနင်းလာသည့် ၎င်း၏ Enigma cipherစက်ကိုရိုက်ကူးခြင်းဖြစ်သည်။ ဇာတ်ကားသည် ငွေကြေးအရ အောင်မြင်ပြီး ဝေဖန်သူများထံမှ ယေဘုယျအားဖြင့် အပြုသဘောဆောင်သော သုံးသပ်ချက်များကို ရရှိခဲ့သော်လည်း အကောင်းဆုံး အသံတည်းဖြတ်ခြင်းအတွက် အကယ်ဒမီဆုကို ရရှိခဲ့သော်လည်း စိတ်ကူးယဉ်ဇာတ်လမ်းသည်ဝေဖန်မှုများစွာကို ဆွဲဆောင်ခဲ့သည်။ မှ ဗြိတိသျှသင်္ဘောသားများ ၁၉၄၁ ခုနှစ် မေလတွင် မြောက်အတ္တလန္တိတ် တွင် မှ ပထမဆုံး ရေတပ် Enigma စက်ကို အမေရိကန်ပြည်ထောင်စုမှ စစ်ပွဲမဝင်မီ လပိုင်းအတွင်း နှင့် ၎င်း၏ Enigma စက်ကို သိမ်းပိုက်ခြင်းမပြုမီ သုံးနှစ်အလိုတွင်ဖမ်းမိခဲ့သည်။ ဝန်ကြီးချုပ် တိုနီဘလဲက အဆိုပါ ရုပ်ရှင်သည် ဗြိတိန်သင်္ဘောသားများအားရန်စခြင်းဟု ခေါ်ဆိုရာ ရုပ်ရှင်၏မှားယွင်းမှုများကြောင့် ဒေါသထွက်ခဲ့သည်။
https://my.wikipedia.org/wiki/U-571%20%28%20%E1%80%9B%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%20%29
စောလုံ
စောလုံ သည် ပုဂံခေတ်၊ နရသီဟပတေ့မင်း၏ မိဖုရားတစ်ပါး ဖြစ်သည်။ သူမသည် ဘုရင်၏ အနှစ်သက်ဆုံး မိဖုရားဖြစ်သော်လည်း ဘုရင်အား အဆိပ်ခတ်ရန် ကြိုးစားခဲ့သဖြင့် ကွပ်မျက်ခံခဲ့ရသည်။ အကျဉ်း မြန်မာရာဇဝင်ကျမ်းများအရ သင်္ကြန်ပွဲ ပြုလုပ်နေစဉ် စောလုံမိဖုရားအား လူအများရှေ့တွင် ရေစိုရွှဲအောင် ပက်ရန် အစအနောက်သန်သော နရသီဟပတေ့မင်းက မောင်းမ မိဿံတစ်ဦးအား တိတ်တဆိတ်မှာကြားခဲ့သည်။ မိဖုရားမှာ ဦးခေါင်းမှ ခြေဖျားအထိ ရေစိုရွှဲခဲ့ကာ ဘုရင်က လှောင်ပြောင်ရယ်မောခဲ့ရာ ဘုရင့်အား အငြိုးထားခဲ့သည်။ တစ်ရက်တွင် ဘုရင့်စားတော်ပွဲတွင် စောလုံက အဆိပ်ခပ်ခဲ့ပြီး အခြားမိဖုရား ရှင်မောက် အား ဘုရင့်ထံဆက်သစေခဲ့သည်။ ဘုရင်က စားတော်ပွဲမတည်မီ စားပွဲအောက်မှ ခွေးက နှာချေသဖြင့် ခွေးအား ဦးစွာကျွေးရာ ခွေးသေဆုံးသွားခဲ့သည်။ စားတော်ပွဲအား စောလုံပြင်ဆင်ကြောင်း သိပြီးနောက် စောလုံအား စစ်ဆေးမေးမြန်းရာ စောလုံက"ဟယ် ပန်းပွတ်သည်မြေး နင် ငါ့ကို ဧရာဝတီမြစ်ထဲ လူပုံအလယ်မှာ အရှက်ခွဲခဲ့တာ မေ့နေပြီလား" ဟု ဘုရင်၏ ငယ်ဘဝ ပန်းပွတ်သည်မြေး ဟူသော စကားလုံးဖြင့် သုံးနှုန်းပြောဆိုခဲ့သည်။ ဘုရင်က မခံမရပ်နိုင်ဖြစ်ကာ စောလုံအား သံလှောင်ချိုင့်တွင်းထည့်ကာ ဖိုထိုးကျပ်တင်သတ်စေရန် သေမိန့်ပေးခဲ့သည်။ စောလုံလည်း သံကျပ်စင်လုပ်မည့် သူသတ်တို့ကို ရွှေငွေ များစွာပေး၍ ခုနစ်ရက်တိုင်တိုင် သံကျပ်စင်လုပ်စေသည်။ မိဖုရားစောလုံသည် ခုနစ်ရက်ပတ်လုံး အဓိဋ္ဌာန်ဝင်ကာ သီတင်းသီလစောင့်တည်ခြင်း၊ အဘိဓမ္မာ တရားတော်နာခြင်း၊ ဘုရားဂုဏ်တော်များရွတ်ပွားခဲ့ကာ ခုနစ်ရက်အကြာတွင် အရှင်လတ်လတ် မီးရှို့သတ်ခံခဲ့ရသည်။ နရသီဟပတေ့မင်းသည် စောလုံကိုသတ်ပြီးနောက် စက်တော်ခေါ်ချိန်တိုင်း ယောင်ယမ်းကာ "စောလုံ စောင့်ပါ ခလှည့်"ဟု လို့ မြည်တမ်းခဲ့ကာ နောင်တကြီးစွာ ရခဲ့လေသည်။ နရသီဟပတေ့သည် မိဖုရားစောလုံအား အမှတ်တရအနေဖြင့် ရွှေစည်းခုံစေတီနှင့် ဆင်တူသော မင်္ဂလာစေတီတော်ကို မြင်းကပါရွာ၏ မြောက်ဘက်တွင် တည်ထားခဲ့သည်။ မြန်မာ့သမိုင်းတွင် ဤဖြစ်ရပ်ကို အကြောင်းပြုကာ "အကျီစားသန်က ရန်များ၏" ဟူသော စကားပုံ ဖြစ်လာခဲ့သည်။ ကိုးကား ကျမ်းပြုစာရင်း ပုဂံခေတ် မိဖုရားများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6
ဖြောင့်မှန်စိတ်
ဖြောင့်မှန်စိတ် (အင်္ဂလိပ်: morality) ဆိုသည်မှာ မည်သည့် လုပ်ရပ်တို့က သင့်တော်သည်၊ ကောင်းမွန်သည်၊ မည်သည့် လုပ်ရပ်တို့က ယုတ်ညံ့မည်၊ ဆိုးဝါးမည် ကို ခွဲခြားတတ်သည့်အတိုင်း ဆုံးဖြတ်ဆောင်ရွက်နိုင်သော စိတ်နေသဘောထားမျိုး ဖြစ်သည်။ အကိုးအကား လူမှုရေး အယူအဆများ
https://my.wikipedia.org/wiki/%E1%80%96%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%B7%E1%80%BA%E1%80%99%E1%80%BE%E1%80%94%E1%80%BA%E1%80%85%E1%80%AD%E1%80%90%E1%80%BA
သဘာဝတရား ဗေဒ
ဒဿနိကဗေဒ၏ အဓိက ကိုင်းခွဲကဏ္ဍ ၄ခုအနက် တခု ဖြစ်သော သဘာဝတရား ဗေဒ (သို့) ဓမ္မဗေဒ (သို့) အဘိဓမ္မာ (အင်္ဂလိပ်: metaphysics) သည် သဘာဝတရား၏ အခြေခံကျလွန်းလှမည့် သဘောသရုပ်တို့အကြောင့် တွေးခေါ်ကြံဆမှု အမျိုးမျိုး ဖြစ်သည်။ သို့ဖြင့် ဖြစ်တည်မှုနှင့် အခြင်းသတ္တိများ (:en:ontology)၊ မည်သည်က မည်သည် ဖြစ်ခြင်း (:en:identity (philosophy)) သဘောတရားများ၊ ပြောင်းလဲမှုများ၊ နေရာ၏ သဘော၊ အချိန်၏ သဘော၊ အဘယ်ကြောင့် အကြောင်းက အကျိုးဖြစ်စေသနည်း၊ တကယ် ဖြစ်ပျက်ခြင်း ဟုတ်မှုမဟုတ်မှု (မည်သည့်အရာတို့က အမှန်တရား ဟုတ်မှု မဟုတ်မှု) စသည်တို့အကြောင်း ပါဝင်နေပေမည်။ အကိုးအကား တက္ကိဗေဒ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%98%E1%80%AC%E1%80%9D%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%20%E1%80%97%E1%80%B1%E1%80%92
ဖြစ်တည်သရုပ် ဗေဒ
သဘာဝတရား ဗေဒ၏ အရေးပါလှသော အစိတ်အပိုင်း ဖြစ်သည့် ဖြစ်တည်သရုပ် ဗေဒ (အင်္ဂလိပ်: ontology) သည် ဖြစ်တည်မှု ရှိထိုက်သည်၊ လောက၌ ရှိသည်ဟု ယူဆထိုက်သော အရာဝတ္ထုဖြစ်စေ၊ သဘောသတ္တိဖြစ်စေ၊ အခြင်းအရာဖြစ်စေ၊ စသည်တို့၏ သရုပ်သကန်ကို စဉ်းစားတွေးခေါ်လျက် ၎င်းတို့ကို အမျိုးအစားများ၊ ဆက်စပ်ပုံများ ခွဲခြားဆက်စပ်ကြည့်ခြင်း အတွေးအကြံများ ဖြစ်သည်။ သို့ဖြင့် ဖြစ်တည်ဗေဒအမျိုးမျိုးတွင် - ပစ္စည်းထည် (substance) ဟူသည်က အဘယ်နည်း၊ သဘောသရုပ် (property) ဟူသည်က အဘယ်နည်း၊ ဝတ္ထု (object) ဟူသည်က အဘယ်နည်း၊ ၎င်းတို့ချင်း မည်သို့ ဆက်နွယ်မှု၊ သက်ဆိုင်မှု ရှိသနည်း စသည်တို့ကို ကြံဆတွေးခေါ်ပုံ အဖုံဖုံ ရှိပေသည်။ ခြုံငုံဖော်ပြချက် အရာရာတိုင်း (တခုမကျန်) ၏ တူညီမြဲတူညီသော အချက်က မည်သည့် အချက်၊ မည်သည့် အခြင်းအရာ ဖြစ်မည်နည်း ဟု အဲရစ်(စ်)တော့တယ်(လ်) က မေးခွန်း ထုတ်ခဲ့ဖူး၏။ ထိုမှစ၍ အတွေးအခေါ်သမားများက များပြားလှသော အရာရာကို အရေအတွက် ဘုံတူရာတူရာ မျိုးတူစု (category)များ ထဲသို့ အမျိုးမျိုး ကြံဆထည့်သွင်းလာကြသည်။ ဥပမာအားဖြင့် သရက်သီးနှင့် ပန်းသီး၏ ကွဲပြားမှု၊ အနီရောင်နှင့် အပြာရောင်၏ ကွဲပြားမှု စသည်တို့ထက် (သရက်သီးနှင့် ပန်းသီးက ပါဝင်နေသည့်) "အသီး" ဟူသော မျိုးတူစု နှင့် (အနီရောင်နှင့် အပြာရောင်တို့က ပါဝင်နေသည့်) "အရောင်" ဟူသော မျိုးတူစု၊ အသီးနှင့် အရောင်တို့၏ ကွဲပြားမှုက ပိုမိုမြင့်သော အဆင့်တွင် ရှိသည်။ မျိုးတူစုဝင်ကလေးများ အသေးစိတ် အမျိုးကွဲပြားမှုထက် မတူကွဲပြားသည့် မျိုးတူစုများ၏ တဖန် အမျိုးကွဲပြားမှုက အဆင့် ပိုမြင့်သည် ဟု ယူဆပြောဆိုမှုများ ရှိသည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%96%E1%80%BC%E1%80%85%E1%80%BA%E1%80%90%E1%80%8A%E1%80%BA%E1%80%9E%E1%80%9B%E1%80%AF%E1%80%95%E1%80%BA%20%E1%80%97%E1%80%B1%E1%80%92
ဖြစ်ခြင်းဗေဒ
အခြေခံတို့ကိုမှ နက်နဲစွာ နှိုက်ကြံစဉ်းစားသော ဒဿနိကဗေဒအပိုင်းရှိ ဖြစ်ခြင်း (သို့) ဖြစ်သည် (, "တူညီမှု (ဝါ) တခုတည်းသောအရာ ဖြစ်နေမှု" မှဆင်းသက်လာသော identity) ဆိုသည့် ကြိယာ(verb)အဖို့ ကတ္တားပုဒ်နှင့် ကတ္တားအဖြည့်အပုဒ်က ထပ်တူကျသည့် တခုတည်းသော အရာ ဖြစ်ကောင်းဖြစ်နေရမည်၊ ဥပမာအားဖြင့် "မောင်မောင်က မောင်မောင် ဖြစ်သည်" ဟု ဆိုရမည်ဖြစ်လေရာ "မောင်မောင်"ကိုယ်တိုင်မှ "မောင်မောင်"ကိုယ်တိုင်ထံသို့သာ ဆက်သွယ်နိုင်သည့် ကြိယာ၊ အခြင်းအရာ၊ ဆက်သွယ်ချက် ဖြစ်လေသည်။ သို့ဖြစ်၍ ဤသည်နှင့် ဆက်စပ်တွေးခေါ်ဖွယ်ရာတို့မှာ က နှင့် ခ ဆိုသော အရာတို့က ရှိသည့် သဘောသတ္တိများ အကုန်ချွတ်စွတ် တူနေသည်ဟု ဆိုလျှင် ၎င်းတို့က တခုတည်းသော အရာ ဖြစ်သလော ထပ်တူဆင်သော အရာ ၂ခု ဖြစ်သလော စသည့် သဘောတရား ရေးရာ ပြန်ကြံစဉ်းစားဖွယ်ရာများ ဖြစ်ပေမည်။ အကိုးအကား တက္ကိဗေဒရှိ အယူအဆများ ယုတ္တိဗေဒဆိုင်ရာ အယူအဆများ
https://my.wikipedia.org/wiki/%E1%80%96%E1%80%BC%E1%80%85%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%97%E1%80%B1%E1%80%92
ဇာသပြင်
ဇာသပြင် အမည်ရှိသည်များမှာ နေရာဒေသ ဇာသပြင်ရှေ့ရွာ၊ ဘားအံမြို့နယ်၊ ကရင်ပြည်နယ် ဇာသပြင်အနောက်ရွာ၊ ဘားအံမြို့နယ်၊ ကရင်ပြည်နယ် အခြား ဂျိုင်းတံတား (ဇာသပြင်)
https://my.wikipedia.org/wiki/%E1%80%87%E1%80%AC%E1%80%9E%E1%80%95%E1%80%BC%E1%80%84%E1%80%BA
ပစ္စည်းထည်
ဖြစ်တည်သရုပ် ဗေဒ၏ ပစ္စည်း-သရုပ် တွေးနည်း (Substance Theory) တွင် ပစ္စည်းထည် (substance) ဟူသောအရာက သဘောသရုပ် (property) ဟူသော အရာတို့ကို ဖြစ်ပေါ်စေကာ၊ သဘောသရုပ်တို့နှင့် ဒွန်တွဲကာ ဝတ္ထု (object) များအဖြစ် ဖြစ်တည်နေကြသည်။ သရုပ်ချည်းဖွဲ့ တွေးနည်း (Bundle Theory) တွင်မူ ပစ္စည်းထည် (substance) ဟူသော သီးသန့်အခြင်းအရာ မရှိဘဲ သဘောသရုပ် (property)တို့ချည်းသာ အချင်းချင်း ဖွဲ့နှောင်ဆက်ယှက်ခြင်းဖြင့် ဝတ္ထု (object) ဖြစ်တည်လာသည်။ ပစ္စည်-သရုပ် တွေးနည်း ကို ဥပမာ ပြရသော် မည်သည့်တကောင်သော ကြက်၊ မည်သည့်တယောက်သော လူ ဆိုသည်တို့က ပစ္စည်းထည် (substance) အမျိုးကွဲများ ဖြစ်ကြသည်။ ထိုသို့ အမျိုးကွဲများ ဖြစ်ခြင်းကြောင့် ဖော်ဆောင်သော သဘောသရုပ်များ (properties) အချင်းချင်းလည်း တူညီမည် မဟုတ်။ ကြက် ဟူသော ပစ္စည်းထည်ကို အမှီပြု၍၊ ဆက်စပ်၍ အတောင်ပံ ပါခြင်း၊ မည်သို့သော အမွေးမျိုး ပေါက်ခြင်း စသည့် သဘောသရုပ်တို့ ရှိနေလျက် ကြက် ဟူသော အတောင်ပံပါသည့်၊ ကြက်မွေးပေါက်သည့် ဝတ္ထု (object) တခု ဖြစ်နေသည်။ လူ ဟူသော ပစ္စည်းထည်ကို အမှီပြု၍၊ ဆက်စပ်၍ ခြေ၂ချောင်းနှင့် လက်၂ဘက် ပါခြင်း၊ အသားလည်း စားခြင်း စသည့် သဘောသရုပ်တို့ ရှိနေလျက် လူ ဟူသော ခြေနှင့်လက်တို့ ပါသည့်၊ အသားလည်း စားသည့် ဝတ္ထု (object) တခု ဖြစ်နေသည်။ သို့ဖြင့် ဤသို့သော တွေးနည်းတို့၌ သဘောသရုပ်တို့သည် ပစ္စည်းထည်ကြောင့် ယှဉ်တွဲဖြစ်ပေါ်လာနေရသဖြင့် ပစ္စည်းထည်က အမှီအခိုကင်းသော ဖြစ်တည်မှု ဖြစ်နေပေမည်။ အယူအဆကွဲ အမျိုးမျိုး အဲရစ်(စ်)တော့တယ်(လ်) ပထမအဆင့် ပစ္စည်းထည် နှင့် ဒုတိယအဆင့် ပစ္စည်းထည် ဟူသော ၂မျိုးကို အဲရစ်(စ်)တော့တယ်(လ်) ခွဲခြားပြသည်။ ကြက်နှစ်ကောင် ရှိလျှင် ၎င်းတို့၏ သဘောသရုပ် အသေးစိတ် အချက်တိုင်းက မတူဘဲရှိနိုင်သည်၊ အမည်တခုစီပင် ခွဲပေးထားနိုင်သည်။ ထို့အတူပင် မောင်ဘဆိုသူနှင့် မောင်မြဆိုသူတွင်လည်း အလုံးစုံ မတူညီသော သဘောသရုပ်များ ကိုယ်စီ ရှိမည်။ ထို့ကြောင့် ဤကြက်ဖြစ်ခြင်းလော ထိုကြက် ဖြစ်ခြင်းလော၊ မောင်ဘ ဖြစ်ခြင်းလော မောင်မြဖြစ်ခြင်းလော စသည့် တခုချင်း ကွဲပြားမှုတို့ကြောင့် အမျိုးမျိုးသော ပထမအဆင့် ပစ္စည်းထည်များ ရှိနေမည်။ သို့သော် ကြက်၂ကောင်လုံးမှာ တူညီသော ဗီဇသဘောသရုပ်များ ရှိပေမည်။ ထို့ကြောင့် ကြက်ဖြစ်သည်ချင်း တူညီသော ပစ္စည်းထည် တမျိုးလည်း ရှိနေမည်။ မောင်ဘနှင့် မောင်ပြမှာလည်း ထိုနည်းတူပင် လူဖြစ်သည်ချင်း တူညီသော ပစ္စည်းထည်တမျိုး ရှိနေမည်။ ဤသို့သော မျိုးတူစု ပစ္စည်းထည်တို့မှာ ဒတိယအဆင့် ပစ္စည်းထည်များ ဖြစ်ချေသည်။ ပစ္စည်းထည်တို့၌ ဖြစ်ပျက်တတ်သော အပြောင်းအလဲ ၂မျိုးအကြောင်းကို အဲရစ်(စ်)တော့တယ်(လ်)က ဤသို့ ဆိုသည်။ ဗီဇကျလှသော သဘောသရုပ်တို့ မပြောင်းလဲဘဲ အရွယ်အစား၊ အရောင်အသွေး စသည့် အပေါ်ယံ သဘောသရုပ်တို့သာ ပြောင်းလဲခြင်း။ (ဥပမာအားဖြင့် ကြက်တကောင်က အရွယ်ကြီးလာခြင်းကြောင့် ကြက် ဟူသော ဝတ္ထုအဖြစ်မှ ပြောင်းလဲမသွားပေ။ လူတဦးကလည်း နေလောင်၍ အရေပြား မည်းသွားလျှင် လူ ဟူသော ဝတ္ထုအဖြစ်မှ ပြောင်းလဲမသွားပေ။) ပစ္စည်းသား၏ ဗီဇကျလှသော သဘောသရုပ်တို့ ပြောင်းလဲသွားလျှင်မူ ဝတ္ထုတခုအဖြစ်မှ အခြား ဝတ္ထုတခုအဖြစ်သို့ ရောက်ရှိပေမည်။ (ဥပမာအားဖြင့် ကြက်ကို လူက ချက်စားလိုက်လျှင် ကြက်ဟူသော ဝတ္ထုသီးသန့် ဖြစ်ခြင်း ပျောက်ကွယ်သွားမည်။ လူ၏ သွေးနှင့် အသားတို့ထဲသို့သာ အာဟာရအဖြစ်၊ အခြားဝတ္ထုအဖြစ် ရောက်ရှိသွားမည်။) ဂေါတမဗုဒ္ဓ ရဟန်းဂေါတမ၏ သဘောတရားရေးရာ ရှုထောင့်တွင်မူ (အဲရစ်တော့တယ်တို့ ကြံဆညွှန်းဆိုသည့်) ပစ္စည်းသား ဟူသော အရာ မရှိချေ။ ဝတ္ထုများက အခြား ဝတ္ထုများ စုစည်းမှုကြောင့် ဖြစ်ပေါ်နေသည်ကို လူတို့ အခေါ်အဝေါ်အမျိုးမျိုး တပ်ထားခြင်းဟု ဗုဒ္ဓက ဆိုလိုသည်။ ဗုဒ္ဓ၏ အတွေးအခေါ်တို့၌ - အရာရာတို့၏ (သစ်ပင်အဖြစ်၊ သစ်သားအဖြစ်၊ ပရိဘောဂအဖြစ် စသည့်) ဖြစ်ပေါ်မှုတို့က မတည်မြဲခြင်း (အနိစ္စ) (ဤအရာကတော့ သစ်ပင်သာ ဖြစ်စေတော့၊ ဤအရာကတော့ ပရိဘောဂသာ ဖြစ်စေတော့၊ ဤအရာကတော့ မောင်ဘသာ၊ မောင်မြသာ ဖြစ်စေတော့ စသည်ဖြင့်) နှိုးဆော်ပုံသွင်းနေမှု နောက်ခံသဘောတရား (အတ္တ) မရှိခြင်း တို့ ပါဝင်ပေသည်။ အဘိဓမ္မာက ဆိုပုံမှာ အသေးဆုံးသော ရုပ်ဝတ္ထုအပိုင်းအစလေး၌ပင် ပထဝီ၊ အာပေါ၊ ဝါယော၊ တေဇော စသည်တို့က အစိတ်အပိုင်းလေးများသဖွယ် စုဖွဲ့ဆက်တွဲနေသည်ဟု မြန်မာအချို့ နားလည်မှုလွဲကြသည်။ စင်စစ်အားဖြင့် ပထဝီ၊ အာပေါ စသည်တို့မှာ အစိတ်အပိုင်း (component)များ မဟုတ်၊ သဘောသရုပ် (propety)များသာ ဖြစ်သည်။ ဥပမာအားဖြင့် ပထဝီက ဒြပ်မှုန်တို့၏ သိပ်သည်းမှု တိုင်းဖွယ်ဟူသော အခြင်းအရာ ဖြစ်လျက် ဒြပ်စိုင်တိုင်း၌ ကွဲပြားစွာ ရှိနေနိုင်သည်၊ ဝါယောက သက်ရောက်အားတို့ကို ပုံပြောင်းတုံ့ပြန်ပုံ အခြင်းအရာမျိုး ဖြစ်လျက် ဒြပ်စိုင်တိုင်း၌ ကွဲပြားစွာ ရှိနေနိုင်ပြန်သည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%95%E1%80%85%E1%80%B9%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%E1%80%91%E1%80%8A%E1%80%BA
ဝါယော
မဟာဘူတ ၄ခုဟူသော အခြင်းအရာ ၄မျိုး၌ တမျိုးအပါဝင် ဖြစ်သော ဝါယော ဆိုသည်မှာ (မြေဖြစ်စေ၊ သတ္တုဖြစ်စေ၊ ရေဖြစ်စေ၊ ဆီဖြစ်စေ၊ လေဖြစ်စေ) အရာဝတ္ထုတခုခုထံသို့ အားသက်ရောက်မှု ရှိလာလျှင် ၎င်းကိုယ်တိုင်က မည်သို့ ပုံစံ၊ ထုထည် ပြောင်းလဲလျက် ပတ်ဝန်းကျင်ကို မည်သို့ အားပြန်သက်ရောက်ကြောင်း သဘောသရုပ် ဖြစ်သည်။ ဥပမာအားဖြင့် သဲအိတ် အစွန်းတဘက်ကို ဖိချလိုက်လျှင်လည်း အသွင်ပြောင်းမှု အနည်းငယ်သာ ဖြစ်ပေါ်သည့် သဲ၏ သဘောသရုပ်မှာ သဲ၏ ဝါယော ဖြစ်မည်။ ရေအိတ် အစွန်းတဘက်ကို ဖိချလိုက်လျှင် ကောင်းစွာ အသွင်ပြောင်းလျက် ကျန်တအပိုင်းတို့က ကြွတက်လာပေမည်၊ အဘက်ဘက်သို့ အားများ ပြန့်နှံ့သက်ရောက်ဦးမည်။ ဤသို့သော ရေ၏ သဘောသရုပ်မှာ ရေ၏ ဝါယော ဖြစ်မည်။ သို့ဖြင့် ဒြပ်သားတိုင်း၌ ဝါယောအသွင်ကွဲ မျိုးစုံ ရှိလျက် ပုံပြောင်းကာ အားသယ်ဆောင်မှု အများဆုံးက အငွေ့များ ဖြစ်နေ၍ လေကို သာဓကပြု၍ ရှင်းပြသော် "ဝါယော" နားလည်ကြနိုင်သည်။ ဤသို့ ဥပမာပြုမှုကို အမှတ်မှားကြသောအခါ ဝါယောကို လေဓာတ်ဟု ဘာသာပြန်မှု၊ နားလည်မှု ချွတ်ချော်တတ်သည်။ ဆက်စပ် ကြည့်ရှုဖွယ် ပထဝီ အာပေါ တေဇော
https://my.wikipedia.org/wiki/%E1%80%9D%E1%80%AB%E1%80%9A%E1%80%B1%E1%80%AC
ပထဝီ (သိပ်သည်းမှု)
မဟာဘူတ ၄ခုဟူသော အခြင်းအရာ ၄မျိုး၌ တမျိုးအပါဝင် ဖြစ်သော ပထဝီဆိုသည်မှာ (မြေဖြစ်စေ၊ သတ္တုဖြစ်စေ၊ ရေဖြစ်စေ၊ ဆီဖြစ်စေ၊ လေဖြစ်စေ) အရာဝတ္ထုတခုခု၏ မည်မျှ ပျော့ခြင်း၊ မည်မျှ မာခြင်း ဟူသော သဘောသရုပ် ဖြစ်သဖြင့် သိပ်သည်းမှုကို ဆိုလိုခြင်းတမျိုး ဖြစ်သည်။ သဘောရေးရာခွဲစိတ်နားလည်မှု အားနည်းခြင်းကြောင့် ပထဝီကို မြေဓာတ် ဟု ဘာသာပြန်လွဲမှားမှုတို့ ဖြစ်တတ်သည်။ စင်စစ်အားဖြင့် ပထဝီက ပျော့မှု-မာမှု သဘောသရုပ် ပမာဏ ဖြစ်သဖြင့် မြေနှင့်သာ မဟုတ်၊ အစိုင်အခဲနှင့်သာ မဟုတ်၊ ဒြပ်သားတိုင်းနှင့် ဆိုင်သည်။ သံက သစ်သားထက် မာကျောခြင်းကို "သံ၏ ပထဝီက သစ်သား၏ ပထဝီထက် (ပမာဏ)ပိုကဲသည်" ဟု ဆိုနိုင်သကဲ့သို့၊ ရေက ဆီထက် လေးပင် သိပ်သည်းခြင်းကို "ရေ၏ ပထဝီက ဆီ၏ ပထဝီထက် (ပမာဏ)ပိုကဲသည်" ဟု ဆိုနိုင်ပြန်သည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%95%E1%80%91%E1%80%9D%E1%80%AE%20%28%E1%80%9E%E1%80%AD%E1%80%95%E1%80%BA%E1%80%9E%E1%80%8A%E1%80%BA%E1%80%B8%E1%80%99%E1%80%BE%E1%80%AF%29
အာပေါ
မဟာဘူတ ၄ခုဟူသော အခြင်းအရာ ၄မျိုး၌ တမျိုးအပါဝင် ဖြစ်သော အာပေါ ဆိုသည်မှာ (မြေဖြစ်စေ၊ သတ္တုဖြစ်စေ၊ ရေဖြစ်စေ၊ ဆီဖြစ်စေ၊ လေဖြစ်စေ) အရာဝတ္ထုတခုခု၏ မည်မျှ အစိုင်အခဲအဖြစ် စုဖွဲ့ခြင်း၊ မည်မျှ အရည်အဖြစ် စီးပြောင်းခြင်း ဟူသော သဘောသရုပ်ကို ဆိုလိုသည်။ သဘောရေးရာခွဲစိတ်နားလည်မှု အားနည်းခြင်းကြောင့် အာပေါကို ရေဓာတ် (သို့မဟုတ် အရည်ဓာတ်) ဟု ဘာသာပြန်လွဲမှားမှုတို့ ဖြစ်တတ်သည်။ စင်စစ်အားဖြင့်နားလည်နိုင်ရန် ရေဒြပ်ပေါင်းတမျိုးတည်းကို ဤသို့ စဉ်းစားနိုင်သည်။ ရေဒြပ်သားတို့၏ အပူချိန်ကို လုံလောက်စွာ နှိမ့်ထားလျှင် ၎င်းက ရေခဲဟူသော အစိုင်အခဲအဖြစ် ရှိနေမည်၊ ထိုမှတဖန် အပူပေးလိုက်လျှင် အရည်ပျော်သွားမည်။ ဤအခြင်းအရာမှာ ၎င်းဒြပ်သားစိုင်၏ အာပေါ (ယိုစီးနိုင်မှု သဘောသရုပ်အားအင်) က တိုးပွားသွားခြင်း ဖြစ်သည်။ ထို့ထက် အပူမြင့်တက်၍ ရေငွေ့ပျံသွားလျှင် ၎င်းဒြပ်သားစိုင်၏ အာပေါ (ယိုစီးနိုင်မှု သဘောသရုပ်အားအင်) က ထပ်မံ တိုးကဲသွားခြင်း ဖြစ်မည်။ ထို့အတူပင် အရည်ဖြစ်သည်ချင်း တူသော်လည်း ရေက ပျားရည်ထက် စေးသွက်သည်၊ ယိုစီးမှု ကဲသည်။ ထို့ကြောင့် ရေ၏ အာပေါက ပျားရည်၏ အာပေါထက် ပမာဏ ပိုကဲသည်ဟု ဆိုထိုက်သည်။ ထို့အတူပင် အစိုင်အခဲဖြစ်သည်ချင်း တူသော်လည်း သဲက သစ်သားထက် ပြန့်ကျဲသည်၊ ယိုစီးမှု ကဲသည်။ ထို့ကြောင့် သဲ၏ အာပေါက သစ်သား၏ အာပေါထက် မပါဏ ပိုကဲသည်ဟု ဆိုထိုက်သည်။ အာပေါဟူသည်မှာ ရေပါဝင်မှု၊ စိုထိုင်းမှု မဟုတ်ဘဲ ထိုသို့ ယိုစေးပျံ့လွင့်မှု သဘောသရုပ်ကို ဆိုလိုရင်း ဖြစ်သည်။ ဆက်စပ် ကြည့်ရှုဖွယ် ပထဝီ ဝါယော တေဇော အကိုးအကား
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AC%E1%80%95%E1%80%B1%E1%80%AB
သောင်းနိုင်
ဦးသောင်းနိုင်(၁၉၆၄ ဖွား)သည် မြန်မာလူမျိုးတရားသူကြီး တစ်ဦးဖြစ်သည်။သူသည် တပ်မတော် တွဲဖက်စစ်ဥပဒေချုပ် အဖြစ်မှ အငြိမ်းစားယူကာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဖြစ်လာသူဖြစ်သည်။ ပညာရေး တရားသူကြီးဦးသောင်းနိုင် သည် ၁၉၈၅ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်မှ ဥပဒေဘွဲ့ (LL.B) ကို ရရှိခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် Transnational Law and Business University (TLBU) (South Korea) မှ မဟာဥပဒေဘွဲ့ (LL.M) ကို ရရှိခဲ့သည်။ တပ်မတော်သားဘဝ သူသည် တပ်မတော်စစ်ဥပဒေချုပ်ရုံး တွင် တွဲဖက်စစ်ဥပဒေချုပ် ရာထူးအထိ (၃၄) နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။၂၀၂၂ ခုနှစ် မတ်လတွင် တပ်မတော်မှ ဗိုလ်ချုပ်အဆင့်ဖြင့် အငြိမ်းစားယူကာ အရပ်ဘက် တရားရေးဌာနသို့ ကူးပြောင်းလာသည်။ ထင်ရှားမှု ၂၀၁၇ ခုနှစ် ကဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင်ရွာ လူသတ်မှု အပါအဝင် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာတွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် ရုပ်အလောင်းများကိစ္စ နှင့် စပ်လျဉ်းပြီး တပ်မတော်ဘက်က စစ်ခုံရုံးဖွဲ့ပြီး ဆောင်ရွက်ခဲ့မှုတွင် ၎င်းသည် တွဲဖက်စစ်ဥပဒေချုပ်အနေဖြင့် အရေးပါသည့် ကဏ္ဍမှ ပါဝင်ခဲ့သည်။ယင်းအပြင် ICJ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာခုံရုံး တွင် မြန်မာ့အရေး ကြားနာစစ်ဆေးမှုကိစ္စရပ် နှင့် စပ်လျဉ်း၍လည်း တပ်မတော်ဘက်မှ လိုက်ပါဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။ တရားလွှတ်တော်တရားသူကြီးဘဝ ဦးသောင်းနိုင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၂ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ထင်ရှားမှု ဗိုလ်ချုပ် အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ် ခင်ကြည် အမည်ပေါက် ခြံအမှတ် (၅၄) ခြံနှင့်အိမ် အမွေဆိုင်မှုနှင့် ပတ်သက်ပြီး ဦးအောင်ဆန်းဦး၏ အထူးအယူခံတင်ပြတောင်းဆိုချက်အတိုင်း ခွင့်ပြုခဲ့သည့် အထူးအယူခံခုံရုံး တရားသူကြီး(၅) ဦးထဲ ၎င်းလည်း ပါဝင်ခဲ့သည်။ မိသားစုဘဝ ဦးသောင်းနိုင်သည် အိမ်ထောင်ရှင် တစ်ဦးဖြစ်သည်။ ကိုးကား ၁၉၆၄ မွေးဖွားသူများ မြန်မာ စစ်ဖက်ဆိုင်ရာ လူပုဂ္ဂိုလ်များ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ တရားသူကြီးများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA
ကမ္ဘာ့သမုဒ္ဒရာနေ့
ကမ္ဘာ့သမုဒ္ဒရာနေ့သည် နှစ်စဉ် ဇွန်လ ၈ ရက်နေ့တွင် ကျင်းပလေ့ရှိသော အပြည်ပြည်ဆိုင်ရာနေ့တစ်နေ့ဖြစ်သည်။ ဤအယူအဆကို ၁၉၉၂ ခုနှစ်တွင် ကနေဒါနိုင်ငံ သမုဒ္ဒရာဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတကာဗဟိုဌာနနင့် ကနေဒါနိုင်ငံ သမုဒ္ဒရာဆိုင်ရာ အင်စတီကျူတို့မှ ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့တွင် ကျင်းပသော ကုလသမဂ္ဂ၏ သဘာဝပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစည်းအဝေးတွင် အဆိုပြုခဲ့ခြင်းဖြစ်သည်။ ကမ္ဘာသမုဒ္ဒရာနေ့ကို ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုအဖြစ် သမုဒ္ဒရာဆိုင်ရာ ပရော့ဂျက်များအား ၂၀၀၂ ခုနှစ်မှ စတင်ခဲ့သည်။ "ကမ္ဘာ့သမုဒ္ဒရာနေ့"ကို ကုလသမဂ္ဂမှ တရားဝင်အသိအမှတ်ပြုသည်မှာ ၂၀၀၈ ခုနှစ်မှ ဖြစ်သည်။ ဒီအပြည်ပြည်ဆိုင်ရာနေ့သည် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များအား အကောင်အထည်ဖော်ရာ၌ ပံ့ပိုးပေးပြီး သမုဒ္ဒရာကြီးအား ကာကွယ်စောင့်ရှောက်ရေးနှင့် ၎င်း၏ အရင်းအမြစ်များအား ရေရှည်တည့်တံ့နိုင်စေရေး စီမံခန့်ခွဲမှုတို့ကို အများပြည်သူများ စိတ်ပါဝင်စားလာစေရန် မြှင့်တင်ပေးသည်။ ကမ္ဘာသမုဒ္ဒရာများနေ့ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံး ကျင်းပကြပြီး ၎င်းတို့အထဲတွင် ဩစတေးလျ၊ ဘရာဇီး၊ ကနေဒါ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့ ပါဝင်သည်။ သမိုင်း ၁၉၈၇-၁၉၉၂ ဘရော့လန်းကော်မရှင် (သဘာဝပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ကော်မရှင်ဟုလည်း လူသိများ)သည် ၁၉၈၇ ခုနှစ်၌ တင်သွင်းခဲ့သော ဘရော့လန်းအစီရင်ခံစာ၌ သမုဒ္ဒရာကဏ္ဍသည် အခြားသောကဏ္ဍများနှင့် နှိုင်းယှဉ်လျှင် အသံကျယ်လောင်မှု လျော့နေသည်ဟု မှတ်ချက်ပြုခဲ့သည်။ ၁၉၉၂ ခုနှစ် တွင် ကျင်းပခဲ့သော ပထမဆုံးသော ကမ္ဘာ့သမုဒ္ဒရာနေ့၌ သမုဒ္ဒရာများနှင့်ပတ်သက်သော အကြောင်းအရာများကို အစိုးရအချင်းချင်း၌ဖြစ်စေ အန်ဂျီအိုအဖွဲ့အစည်းများကြား၌ဖြစ်စေ ဘေးရောက်နေသည်မှ ဗဟိုမူဝါဒဆွေးနွေးမှုများဆီသို့ရောက်စေရန်နှင့် ကမ္ဘာ့တစ်ဝှမ်း သမုဒ္ဒရာနှင့် ကမ်းရိုးတန်းဒေသများ၏ အသံကျယ်လောင်လာစေရန်ဟု ရည်မှန်းချက်များ ချမှတ်ခဲ့သည်။ ကိုးကား ပြင်ပလင့်များ Official United Nations World Oceans Day Website Official United Nations World Oceans Day Website (2009–2017) World Ocean Day website The Ocean Project website သမုဒ္ဒရာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%99%E1%80%B9%E1%80%98%E1%80%AC%E1%80%B7%E1%80%9E%E1%80%99%E1%80%AF%E1%80%92%E1%80%B9%E1%80%92%E1%80%9B%E1%80%AC%E1%80%94%E1%80%B1%E1%80%B7
သက်ရှိနွယ် ဒြပ်ပေါင်း
ဇီဝပြု ဒြပ်ပေါင်း (ခေါ်) သက်ရှိနွယ် ဒြပ်ပေါင်း (အင်္ဂလိပ်: organic compound) ဆိုသည်မှာ ကာဘွန်-ဟိုက်ဒြိုဂျင် အချိတ် သို့မဟုတ် ကာဘွန်-ကာဘွန် အချိတ် ပါဝင်လျက် သက်ရှိများကို အဓိကဖွဲ့စည်းသော ဒြပ်ပေါင်းများ ဖြစ်သည်။ (အချို့ကမူ ကာဘွန် ပါဝင်သမျှ ဒြပ်ပေါင်းတို့ကို သက်ရှိနွယ် ဒြပ်ပေါင်းဟု လိုက်ခေါ်ကြသည်။ သို့ဖြင့် ဒြပ်ပေါင်းတခုခုက သက်ရှိနွယ် ဖြစ်သလော၊ သက်မဲ့နွယ် ဖြစ်သလော ဟူသည်မှာ အချို့ပညာရှင်တို့ကြား၌ အငြင်းပွားဖွယ် ဖြစ်နေသည်။) မော်လီကျူးဖြစ်ပေါ်အောင် အက်တမ်ချင်း ချိတ်ဆက်ရာတွင် ကာဘွန်အက်တမ်၏ အခြားအက်တမ်များနှင့် ပုံစံအမျိုးမျိုး ချိတ်ဆက်နိုင်မှုကြောင့် သက်ရှိနွယ်ဒြပ်ပေါင်း အမျိုးအစား များပြားလှစွာ တည်ရှိနိုင်ခြင်း ဖြစ်သည်။ အကိုးကား
https://my.wikipedia.org/wiki/%E1%80%9E%E1%80%80%E1%80%BA%E1%80%9B%E1%80%BE%E1%80%AD%E1%80%94%E1%80%BD%E1%80%9A%E1%80%BA%20%E1%80%92%E1%80%BC%E1%80%95%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8
သုခုမအနုပညာ
အခြား၂ မျိုး ဖြစ်သည့် အလှဆင်အနုပညာ၊ အသုံးချ အနုပညာ တို့နှင့် ကွဲပြားလျက်သော သုခုမအနုပညာ () ဆိုသည်မှာ ရလဒ်လက်ရာတို့ကို ကြည့်ရှုခံစားမှုအတွက်သာ အဓိက သီးသန့် ရည်ရွယ်သော အနုပညာဖန်တီးမှုများကို ဆိုလိုသည်။ "ပန်းချီ၊ ပန်းပုစသည်တို့ ကဲ့သို့ စဉ်းစားကြည့်ရှု ခံစားနည်းကို သိသူတို့ကသာ အလှခံစားဖွယ်ရာသော အရှုခံ အနုပညာ (:en:Visual Art) တို့ကို" ခေါ်သည် ဟု အချို့က အဓိပ္ပာယ် ဖွင့်ဆိုသည်။ သမိုင်းတလျောက် အဓိက သုခုမအနုပညာငါးရပ်မှာ ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ ဂီတနှင့် ကဗျာလင်္ကာတို့ ဖြစ်သည်။ အခြားသော သုခုမုအနုပညာရပ်ခွဲတို့တွင် ရှေးအကျဆုံးနှင့် ကမ္ဘာတစ်ဝန်းတွင် တည်ရှိသော အကပညာနှင့် ဇာတ်သဘင် ကဲ့သို့သော တင်ဆက်ပြသသော အနုပညာများ ပါဝင်သည်။ ကိုးကား အနုပညာ အနုသုခုမဒဿန
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AF%E1%80%81%E1%80%AF%E1%80%99%E1%80%A1%E1%80%94%E1%80%AF%E1%80%95%E1%80%8A%E1%80%AC
အလှဆင်ခြင်း အနုပညာ
သုခုမအနုပညာ၊ အသုံးချ အနုပညာ တို့နှင့် ကွဲပြားလျက်သော အလှဆင်ခြင်း အနုပညာ () ဆိုသည်မှာ အသုံးအဆောင် ပစ္စည်း၊ ကိရိယာတို့၌ အဆင်တန်ဆာ တပ်ဆင်မွမ်းမံသည့် အတတ် ဖြစ်သည်။ အသုံးလည်းဝင်၍ အမြင်လည်းလှသော အသုံးအဆောင်များကို ပြုလုပ်ခြင်း ဖြစ်သည်။ အဆောင်အဦးများ၏ အတွင်းပိုင်း ပစ္စည်းများ၊ အိမ်တွင်းအလှဆင်ဒီဇိုင်းများ စသည်တို့ ပါဝင်သည်။ ကြွေထည်၊ သတ္တုထည်၊ ပရိဘောဂ၊ ကျောက်မျက်ရတနာ၊ ဖက်ရှင်နှင့် အထည်အလိပ်အနုပညာ၊ ဖန်ထည်စသည်တို့သည် အလှဆင်အနုပညာ၏ အဓိကအုပ်စုများ ဖြစ်သည်။ ကိုးကား စက္ခုအာရုံ အနုပညာပုံစံများ အနုပညာ မီဒီယာ ဒီဇိုင်း
https://my.wikipedia.org/wiki/%E1%80%A1%E1%80%9C%E1%80%BE%E1%80%86%E1%80%84%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%20%E1%80%A1%E1%80%94%E1%80%AF%E1%80%95%E1%80%8A%E1%80%AC
အသုံးချ အနုပညာ
အခြား၂မျိုး ဖြစ်သည့် သုခုမအနုပညာ၊ အလှဆင် အနုပညာ တို့နှင့် ကွဲပြားလျက်သော အသုံးချ အနုပညာ () ဆိုသည်မှာ အသုံးပြုမှု အဆင်ပြေအောင် နည်းပညာရှုထောင့်မှလည်း ရည်ရွယ်စီစဉ်လျက် အမြင်အားဖြင့်လည်း တမျိုးတဖုံ တင့်တယ်သော အသုံးအဆောင်များကို ဖန်တီးခြင်းအတတ် ဖြစ်သည်။ အလှမံ အနုပညာကဲ့သို့ ရှုပ်ထွေးသော အဆင်တန်ဆာများထက် အသုံးဝင်မှုကို တိုးပွားစေလျက် အမြင်တွင် ရိုးရှင်းလှပသော ထုတ်ကုန်များ ဖြစ်အောင် အခုခေတ် ထုတ်လုပ်သူ အများစုက ဒီဇိုင်းရေးဆွဲ ဖန်တီးလာကြသည်။ အသုံးချ အနုပညာ ဥပမာ အချို့မှာ ဗိသုကာ – သုခုမအနုပညာတွင်လည်း ထည့်သွင်းရေတွက်သည်။ ပန်းပု – သုခုမအနုပညာတွင်လည်း ထည့်သွင်းရေတွက်သည်။ လက်မှုအနုပညာ – သုခုမအနုပညာတွင်လည်း ထည့်သွင်းရေတွက်သည်။ ကြွေထည် စက်ပစ္စည်းဒီဇိုင်း ဖက်ရှင်ဒီဇိုင်း လက်ရေးလှ အိမ်တွင်းအလှဆင် ဂရပ်ဖစ်ဒီဇိုင်း ကိုးကား အလှဆင်ခြင်း အနုပညာများ ဒီဇိုင်း လက်မှုပညာများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%81%E1%80%BB%20%E1%80%A1%E1%80%94%E1%80%AF%E1%80%95%E1%80%8A%E1%80%AC
ကြယ်ကြွင်း
ကြယ်ကြွင်း (အင်္ဂလိပ်: stellar remnant) ဆိုသည်မှာ အပြင်လွှာများ လွင့်စဉ်ကွာထွက်ပြီးနောက် ကြယ်ပွကြီး၏ ကြွင်းကျန်ရစ်သော အတွင်းပိုင်း ဒြပ်ထု ဖြစ်သည်။ ဒြပ်ပမာဏ နေထက် လျော့နည်းသော ကြယ်များမှသည် နေဒြပ်၏ ၈ ဆခန့်ရှိသော ကြယ်များအထိတို့၏ ကြယ်ကြွင်းမှာ ကြယ်ဖြူပု၊ ဒြပ်ပမာဏ နေ၏ ၈ ဆမှ ၂၅ ဆ ခန့်အထိ ရှိသော ကြယ်တို့၏ ကြယ်ကြွင်းမှာ နျူထရွန်ကြယ်၊ ဒြပ်ပမာဏ နေ၏ ၂၅ဆ အထက် ရှိသော ကြယ်တို့၏ ကြယ်ကြွင်းမှာ တွင်းနက်အဖြစ် အသီးသီး ကျန်ရစ်ပေမည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%80%E1%80%BC%E1%80%9A%E1%80%BA%E1%80%80%E1%80%BC%E1%80%BD%E1%80%84%E1%80%BA%E1%80%B8
ကြယ်ပွကြီး
ကြယ်ပွကြီး (အင်္ဂလိပ်: giant star) များမှာ ကြယ်တခုက ရေရှည်သက်တမ်းကာလ ပြီးဆုံးသွားလျှင် စွမ်းအင်ထုတ်လုပ်နှုန်း၊ ထုထည်တို့ မတည်ငြိမ် ပြောင်းလဲသွားလျက် အရွယ်အစား ပွယောင်းလာသော ကြယ်ကြီးများ ဖြစ်သည်။ ဒြပ်ပမာဏအားဖြင့် နေထက် ၁၀ ဆကြီးသော ကြယ်များနှင့် ထို့ထက် ဒြပ်နည်းသော ကြယ်များ ပွယောင်းလာလျှင် သာမန် ကြယ်ပွကြီးများ (giants) ဖြစ်လာသည်။ ဒြပ်ပမာဏအားဖြင့် နေထက် အဆပေါင်း ဆယ်ဂဏန်းမျှ ကြီးသော ကြယ်များ ပွယောင်းလာလျှင် ထူးကဲ ကြယ်ပွကြီးများ (supergiants) ဖြစ်လာသည်။ ဒြပ်ပမာဏအားဖြင့် နေထက် အဆပေါင်း ရာဂဏန်း (နှင့်အထက်) ကြီးသော ကြယ်များ ပွယောင်းလာလျှင် ထိပ်တန်း ကြယ်ပွကြီးများ (hypergiants) ဖြစ်လာသည်။ ရေရှည်သက်တမ်းကာလအတွင်း ရှိနေသေးသော ကြယ်တလုံးနှင့် ကြယ်ပွကြီးတလုံးတို့ အပူချိန် တူနေစေကာမူ လင်းအားမှာ ကြယ်ပွကြီးက ပိုကဲနေမည် ဖြစ်သည်။ အကိုးအကား
https://my.wikipedia.org/wiki/%E1%80%80%E1%80%BC%E1%80%9A%E1%80%BA%E1%80%95%E1%80%BD%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
မြအေး (တရားသူကြီး)
ဒေါ်မြအေး သည် တရားသူကြီးတစ်ဦးဖြစ်သည်။လက်ရှိတွင် ရခိုင်ပြည်နယ်တရားလွှတ်တော် ၏ တတိယမြောက်တရားသူကြီးချုပ်တာဝန်ကို ထမ်းဆောင်နေသည်။ ထိုတာဝန်မတိုင်ခင်က တရားရေးဌာနတွင် ပြည်နယ်တရားရေးဦးစီးမှူးအဖြစ် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည်။ ဝန်ထမ်းဘဝ သူမသည် တရားရေးဌာနတွင် နှစ်ပေါင်း၃၀ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။ တရားလွှတ်တော်တရားသူကြီးဘဝ သူမကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရခိုင်ပြည်နယ်တရားရေးဦးစီးမှူးအဖြစ်မှ အငြိမ်းစားပေးပြီး တရားလွှတ်တော်တရားသူကြီးအဖြစ် ၂၀၂၃ မေလ ၇ရက်တွင် ခန့်အပ်သည်။ ထိုတာဝန်ကို ၁လကျော်သာ ထမ်းဆောင်ရပြီးနောက် သူမကို ရခိုင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ရာထူးတိုးမြှင့်လိုက်၍ ပြည်နယ်တရားလွှတ်တော်၏ တတိယမြောက်တရားသူကြီးချုပ်ဖြစ်လာသည်။ ကိုးကား သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ တရားသူကြီးများ မွေးဖွားခုနှစ် မသိရှိရသူများ (သက်ရှိထင်ရှားပုဂ္ဂိုလ်များ)
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%A1%E1%80%B1%E1%80%B8%20%28%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%9E%E1%80%B0%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%29
နိုင်ငံကူးလက်မှတ်
နိုင်ငံကူးလက်မှတ် () ဆိုသည်မှာ အစိုးရက ထုတ်ဝေပေးထားသော တရားဝင် ခရီးသွားလာရေး စာရွက်စာတမ်းတစ်ခုဖြစ်ပြီး ကိုင်ဆောင်သူလူပုဂ္ဂိုလ်၏ အချက်အလက်များ ပါဝင်သည်။ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူသည် နိုင်ငံခြားတိုင်းပြည် တစ်ခုဆီမှ သို့မဟုတ် တစ်ခုဆီသို့ သွားရောက်ခွင့်ရှိသည်။ နိုင်ငံကူးလက်မှတ်သည် ကိုင်ဆောင်သူ လူပုဂ္ဂိုလ်၏ ကိုယ်ရေးအချက်အလက်နှင့် နိုင်ငံသားကို မှန်ကန်ကြောင်း ဖော်ပြပေးသည်။ နိုင်ငံကူးလက်မှတ်တစ်ခုတွင် ကိုင်ဆောင်သူ၏ အမည်အပြည့်အစုံ၊ ဓာတ်ပုံ၊ မွေးဖွားရာ နေရာနှင့် မွေးသက္ကရာဇ်၊ ထိုးမြဲလက်မှတ်နှင့် နိုင်ငံကူးလက်မှတ်၏ သက်တမ်းကုန်ဆုံးရက်တို့ ပါဝင်လေ့ရှိသည်။ နိုင်ငံကူးလက်မှတ်များကို နိုင်ငံအစိုးရနှင့် အချို့သော အစိုးရအဖွဲ့ငယ်တို့က ယင်းတို့၏ နယ်နိမိတ်အတွင်း နေထိုင်သော နိုင်ငံသားများကို နိုင်ငံကူးလက်မှတ်ထုတ်ပေးရန် အခွင့်အာဏာရှိသည်။ နိုင်ငံအများစုတွင် ကိုင်ဆောင်သူ၏ ဇီဝအချက်အလက်များပါဝင်သော မိုက်ခရိုချစ်ပ်ပြား ထည့်သွင်းထားသည့် ဇီဝအမှတ်အသား နိုင်ငံကူးလက်မှတ်များကို ထုတ်ပေးလျက်ရှိပြီး အတုအပပြုလုပ်ရန် ခက်ခဲစေသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအရ ဇီဝအမှတ်အသား နိုင်ငံကူးလက်မှတ်ကို အုပ်ချုပ်သူအဖွဲ့အစည်း ၁၅၀ ကျော်က ထုတ်ဝေပေးနေသည်။ ကိုးကား
https://my.wikipedia.org/wiki/%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%80%E1%80%B0%E1%80%B8%E1%80%9C%E1%80%80%E1%80%BA%E1%80%99%E1%80%BE%E1%80%90%E1%80%BA
စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)
စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) သည် ဒီဇယ်စက်ခေါင်းအသစ်များ နှင့် လေအိတ်လူစီးတွဲသစ်များ တည်ဆောက်နိုင်ရန် အတွက် မြန်မာ့ မီးရထား၊ စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာနမှ ဖွင့်လှစ်ထားသော စက်ရုံကြီး တစ်ခုဖြစ်သည်။ မြင်းကောင်ရေ ၂၀၀၀ အား ဒီဇယ်လျှပ်စစ်စက်ခေါင်းသစ်များ တပ်ဆင်ထုတ်လုပ် ရေးလုပ်ငန်းကို ၂၀၁၈ခုနှစ် ဧပြီလ ၄ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ဒီဇယ် လျှပ်စစ်စက်ခေါင်း (၁၀)ခေါင်း DF-2093 မှ DF-2102 ထိ ကို တပ်ဆင်ထုတ်လုပ်ခဲ့ပါသည်။ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)သည် စက်ခေါင်းသစ် များ တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းများ လုပ်ကိုင်သည့်အပြင် ဂျပန်နိုင်ငံမှ အကူအညီဖြင့် ဝယ်ယူခဲ့သည့် RBE (၃၂)စီးအားလည်း စက်ရုံတွင်းရှိ ဝန်ထမ်းများနှင့်ပင် ပြုပြင်ခြင်း လုပ်ငန်းများ၊ ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့နောက် စက်ခေါင်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယခုအခါ နိုင်ငံတော် ဘတ်ဂျက်ဖြင့် မြင်းကောင်ရေ ၁၂၀၀ အား ဒီဇယ်လျှပ်စစ်စက်ခေါင်းများ တပ်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်း များ ဆက်လက် လုပ်ဆောင်လျက်ရှိပါသည်။ သမိုင်းကြောင်း ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလတွင် China National Machinery Import & Export Corporation (CMC) အနေဖြင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူတို့ စတင်တွေ့ဆုံ ညှိနှိုင်းခဲ့ပြီး တရုတ်နိုင်ငံမှ ရရှိသော ဝယ်ယူသူ ဦးစားပေးချေးငွေ(Preferential Buyer Credit Loan) စီမံကိန်းများထဲတွင် စက်ရုံသစ်(၂)ရုံအား ထည့်သွင်းလျာထားခဲ့ရာ ၂၀၁၀ ခုနှစ်၊ ဇွန်လတွင် MoU လက်မှတ်ရေးထိုးခဲ့ပါသည်။ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)သည် ၂၀၁၅ ခုနှစ်တွင် Myanmar Land & Development Co.,Ltd ကဆောက်လုပ်ခဲ့သည်။ တည်နေရာ စက်ရုံ၏ တည်နေရာမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ဘူတာကြီး၏ အရှေ့ မြောက်ဘက် ၁ ကီလိုမီတာခန့်တွင် တည်ရှိပြီး စက်ရုံ၏ ဧရိယာ အကျယ်အဝန်းမှာ ၁၇.၉ ဧကခန့် ရှိ၍ ပင်မစက်ရုံနှင့် အထောက် အကူပြု အဆောက်အဦ(၁၄)လုံး ပါရှိပြီး သံကူကွန်ကရစ် အမျိုးအစားဖြင့် အုတ်မြစ်ချ၍ Steel Stacture, Steel Sheet အမျိုးအစားဖြစ်သည်။ ဆက်စပ်ဖတ်ရှုရန် စက်ခေါင်းစက်ရုံ (အင်းစိန်) ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) ကိုးကား မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေး
https://my.wikipedia.org/wiki/%E1%80%85%E1%80%80%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%85%E1%80%BA%E1%80%90%E1%80%95%E1%80%BA%E1%80%86%E1%80%84%E1%80%BA%E1%80%91%E1%80%AF%E1%80%90%E1%80%BA%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%85%E1%80%80%E1%80%BA%E1%80%9B%E1%80%AF%E1%80%B6%20%28%E1%80%94%E1%80%B1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%29
ကလော-သာစည် ရထားလမ်း
ကလော-သာစည် မီးရထားလမ်း သည် ၁၀၀၀ mm (3 ft 3 3⁄8 in) ဂေ့ချ်ရထားလမ်းဖြစ်ပြီး ရထားလမ်းဆုံမြို့ သာစည်ဘူတာမှ ကလောဘူတာအထိဖြစ်သည်။ ရှမ်းမြောက်ရထားလမ်း ပြီးလျှင် ဗြိတိသျှတို့ ဖောက်လုပ်ခဲ့သော ဒုတိယမြောက် ရှမ်းပြည်နယ် ရထားလမ်းဖြစ်သည်။ သမိုင်းကြောင်း ဗြိတိသျှတို့၏ ပထမရည်ရွယ်ချက်မှာ သာစည်မှ တောင်ပေါ်မြို့ ကလောမြို့ကို ရထားလမ်းဖြင့် ချိတ်ဆက်ရန် ဖြစ်သည်။ သာစည်-ရွှေညောင်လမ်းကို ဖောက်လုပ်ရန်အတွက် အစိုးရမှ ၁၉၀၉ခုနှစ်တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ တည်ဆောက်ရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံ မီးရထားကုမ္ပဏီ သို့ငှားရမ်း လုပ်ကိုင်ခဲ့ခြင်းဖြစ်ကာ ဒေသခံရန်ပုံငွေဖြင့် ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။ သာစည်မှ တည်ဆောက်ရေးလုပ်ငန်းများကို ၁၉၁၂ခုနှစ်တွင် စတင်ခဲ့ပြီး ဖောက်လုပ်နေစဉ် ပထမကမ္ဘာစစ် ဖြစ်ပွားလာ၍ တူရကီ သုံ့ပန်းများကို တာဝန်ပေး အသုံးပြုခဲ့ကြသည်။ ၁၉၁၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကလောမြို့သို့ ရောက်ရှိခဲ့သည်။ ပင်လယ်ပြင်မျက်နှာပြင်အထက် ၁၄၀၆ မီတာရှိ ကလောမြို့ကို တောင်ပေါ်လမ်းမှ ဖောက်လုပ်ရသည်ဖြစ်၍ လွန်းထိုးလေးခု နှင့် ဥမင်များ ဖြင့်တွင် တည်ဆောက်ခဲ့သည်။ အဆိုပါ ဥမင်လှိုင်ခေါင်းသည် ၁၉၁၃ခုနှစ်တွင်ပြီးစီးခဲ့သည်။ မန္တလေး-လာရှိုးလမ်းပိုင်း နည်းတူ တောင်ပေါ်လမ်းဖြစ်ကာ တောင်စောင်း ၊ တောင်စွယ် ၊ တောင်ခါးပန်းများကို ခဲရာခဲဆစ် ဖြတ်ထွင်၍ ဖောက်လုပ်ရခြင်းဖြစ်သဖြင့် ခရီးတွင်ကျယ်မှု မရှိလှသည့်အပြင် ကုန်ကျစရိတ်များ ကြီးမားလှပြီး စုစုပေါင်း ရူးပီငွေ ကျပ် ၁၅သန်းကျော် (တမိုင်လျှင် ရူးပီးငွေကျပ် ၂၁၀,၀၀၀) ကုန်ကျခဲ့သည်။ ထိုစဉ်က သာစည်မှ မိုင်၇၀ခန့်ရှိသော အောင်ပန်းသို့ ရထားလမ်းပြီးစီးသွားသော အခါ အစိုးရမှ ရထားများ ပြေးဆွဲခုတ်မောင်းရန်အတွက် မြန်မာနိုင်ငံ မီးရထားကုမ္ပဏီ သို့လွှဲပြောင်းပေးခဲ့သည်။ ထို့နောက် အောင်ပန်းမှ ၁၇မိုင်ရှိသော ဟဲဟိုးသို့ လည်းကောင်း ၊ ဟဲဟိုးမှ ၁၁မိုင်ရှိသော ရွှေညောင်သို့လည်းကောင်း ဆက်လက်ဖောက်လုပ်ခဲ့သည်။ ကလောမှ ရွေညောင်သို့ ၁၉၂၁ခုနှစ်တွင် ဆက်လက်ဖောက်လုပ်ခဲ့ကာ ၁၉၂၁ ခုနှစ် မေလ ၂ ရက်နေ့တွင် ရွှေညောင်သို့ရောက်ရှိခဲ့သည်။ ဟဲဟိုးနှင့် ရွှေညောင်ကြား မိုင်တိုင်အမှတ် (၃၇၉/၇-၈)ရှိ ဘဝသံသရာတံတား မှာ ကျော်ကြားသည်။ ဘူတာများ (1) ကလောမြို့ ၃၆၉ (2) မြင်းဒိုက် ၃၆၁ (3) ဆင်တောင် ၃၅၇ ၁/၄ (4) ခွေးရပ် ၃၅၂ (5) ပထမလွန်းထိုး ၃၄၇ (6) လယ်ပြင် ၃၄၃ ၃/၄ (7) ရေပူ ၃၄၁ ၁/၂ (8) ပြည်ညောင် ၃၃၄ ၃/၄ (9) ယင်းမာပင် ၃၂၉ (10) ဘုရားငါးဆူ ၃၁၉ 1/4 Spur Line to the quarry (11) လှိုင်းတက် ၃၁၄ ၃/၄ (12) သာစည်မြို့ ၃၀၆ (ရထားလမ်းဆုံ) မန္တလေးနှင့် ပျဉ်းမနားသို့ ဓာတ်ပုံများ ကိုးကား မြန်မာနိုင်ငံရှိ ရထားလမ်းများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%9C%E1%80%B1%E1%80%AC-%E1%80%9E%E1%80%AC%E1%80%85%E1%80%8A%E1%80%BA%20%E1%80%9B%E1%80%91%E1%80%AC%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8
ကလော-လွိုင်ကော် ရထားလမ်း
ကလော-လွိုင်ကော် ရထားလမ်း သည် ၁၀၀၀ mm (3 ft 3 3⁄8 in) ဂေ့ချ်ရထားလမ်းဖြစ်ပြီး ကလောမြို့ မှ ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့အား ဆက်သွယ်ထားသော ရထားလမ်းဖြစ်သည်။ အောင်ပန်းဘူတာမှ ပင်လောင်းမြို့ နှင့် လွိုင်ကော်မြို့များသို့ ချိတ်ဆက် ဖောက်လုပ်ထားခြင်းဖြစ်ကာ ရထားလမ်းသည် ၁၀၂ မီတာ ရှည်လျားသည်။ ဘူတာကြီးများမှာ ကလောဘူတာ ၊ ပင်လောင်းဘူတာ နှင့် လွိုင်ကော်ဘူတာတို့ဖြစ်သည်။ သမိုင်းကြောင်း အောင်ပန်းဘူတာမှ တည်ဆောင်ရေးလုပ်ငန်းများကို ၁၉၉၀ခုနှစ် စတင်ခဲ့ပြီး အောင်ပန်း - ပင်လောင်း လမ်းပိုင်းအား ၁၉၉၃ခုနှစ် ဇန်နဝါရီလ ၇ရက်နေ့တွင်လည်းကောင်း ၊ ပင်လောင်း - လွိုင်ကော်လမ်းပိုင်းအား ၁၉၉၃ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့တွင်လည်းကောင်း အသီးသီး ဖွင့်လှစ်ခဲ့သည်။ တောင်ငူ နှင့် ပျဉ်းမနားမြို့များမှ လွိုင်ကော်မြို့သို့ ပင်လောင်းမြို့မှ တစ်ဆင့် တိုက်ရိုက်ရထားလမ်းသစ် ချိတ်ဆက်ဖောက်လုပ်ရန်လျာထားကာ ဆင်သေရထားလမ်းခွဲမှ တောင်ခြေအထိ လမ်းအူကြောင်း ဖောက်လုပ်ပြီး ဖြစ်သည်။ ဘူတာများ (1) ကလောမြို့ ၃၆၉ (18) အောင်ပန်း ၃၇၆ (ရထားလမ်းဆုံ) ရပ်စောက်မြို့နှင့် မိုးနဲမြို့သို့ (19) နန်းတွမ် ၃၈၀ (20) အင်းဝ ၃၈၄ ၁/၂ (21) ဘော်နင်းကုန်း ၃၈၉ (22) နန်းတိုင်း ၃၉၁ ၁/၂ (23) ဆောင်းဘွဲ့ - (24) သီရိ ၃၉၇ (25) နောင်ပွဲ - (26) တီကျစ် ၃၉၈ ၁/၂ (27) လှည်းကုန်း - (28) ဘုရားမဲ ၄၀၀ (29) သံတဲ ၄၀၄ (30) နောင်တရာ ၄၁၀ ၁/၂ (31) ဉာဏ်ပင် ၄၁၂ ၁/၄ (32) တကူမှို့ ၄၁၃ ၁/၂ (33) ထီယွန်း ၄၁၅ (34) သစ်ပင်ကြီး ၄၁၆ ၃/၄ (35) ဆောင်းဆီး ၄၁၈ (36) ပင်လောင်းဈေး - (37) ပင်လောင်းမြို့ ၄၂၄ ၁/၂ (38) ဝါးလီ ၄၂၈ ၁/၂ (39) ပင်ခွံ ၄၃၀ ၃/၄ (40) နန်းထာ - (41) ဆောင်းပြောင်း ၄၃၉ ၃/၄ (42) ကရား ၄၄၅ ၁/၂ (43) မယ်ဇလန် ၄၄၈ ၁/၄ (44) ကသည်း ၄၅၃ (45) ဖယ်ခုံ ၄၅၅ ၃/၄ (46) ခေါင်မှိုင်း ၄၆၃ ၁/၂ (47) မိုးဗြဲ ၄၆၇ ၁/၂ (48) ဝါးလီဆူပလိုင်း - (49) ဝိသဲသူ ၄၇၀ (50) နန်းမယ်ခုံ ၄၇၃ ၁/၄ (51) လွိုင်ကော်မြို့ ၄၇၈ ကိုးကား မြန်မာနိုင်ငံရှိ ရထားလမ်းများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%9C%E1%80%B1%E1%80%AC-%E1%80%9C%E1%80%BD%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%BA%20%E1%80%9B%E1%80%91%E1%80%AC%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8
ကလော-ရပ်စောက် ရထားလမ်း
ကလော-ရပ်စောက် မီးရထားလမ်း သည် ၁၀၀၀ mm (3 ft 3 3⁄8 in) ဂေ့ချ်ရထားလမ်းဖြစ်ပြီး ရွှေညောင်မြို့ မှ တစ်ဆင့် ရပ်စောက်မြို့များသို့ ဖောက်လုပ်ထားသော လမ်းပိုင်းဖြစ်သည်။ ရထားလမ်း အရှည်သည် ၃၇.၃ မိုင်ရှည်လျားသည်။ သမိုင်းကြောင်း ၁၉၃၆ ခုနှစ်တွင် ရွှေညောင်မှ သီပေါအထိ (မန္တလေးမှ လားရှိုးလမ်း) လမ်းပိုင်းနှင့် ချိတ်ဆက်ဖောက်လုပ်ရန် ဗြိတိသျှတို့မှ စီစဉ်ခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ်ဖြစ်ပေါ်လာ၍ အကောင်အထည်မဖော်ခဲ့ပေ။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် နဝတ အစိုးရသည် ရထားလမ်းအသစ်များကို တိုးချဲ့ဖောက်လုပ်ရန် ခဲ့သည်။ ယင်းတစ်စိတ်တစ်ပိုင်းအနေဖြင့် ရွှေညောင်မှ ရပ်စောက်အထိ ရထားလမ်းပိုင်းအသစ် ဖောက်လုပ်ခဲ့ပြီး မတ်လ ၂၇ ရက်နေ့ ၁၉၉၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ဘူတာများ (1) ကလောမြို့ ၃၆၉ (18) အောင်ပန်း ၃၇၆ (ရထားလမ်းဆုံ) လွိုင်ကော်သို့ ၄၇၈ (52) ကန်းနား ၃၈၄ ၃/၄ (53) ဟဲဟိုးမြို့ ၃၉၂ ၃/၄ Spiral railroad (54) ရွှေညောင် ၄၀၄ (ရထားလမ်းဆုံ) မိုးနဲသို့ (55) ဟတ်တယ်၄၀၇ ၁/၄ (56) တောင်နီ ၄၁၀ ၁/၂ (57) ရေပူ - (58) ကွန်းလုံ ၄၁၈ ၃/၄ (59) ဘန်းကန် - (60) ထီးကန် ၄၂၂ ၃/၄ (61) ပင်ပြစ် ၄၂၆ ၁/၄ (62) ရတနာပုံ ၄၃၀ ၁/၄ (63) ညောင်သုံးပင် - (64) ရေဖြူ ၄၃၅ ၁/၄ (65) ရပ်ဆောင်မြို့ ၄၄၁ ၁/၂ ကိုးကား မြန်မာနိုင်ငံရှိ ရထားလမ်းများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%9C%E1%80%B1%E1%80%AC-%E1%80%9B%E1%80%95%E1%80%BA%E1%80%85%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%20%E1%80%9B%E1%80%91%E1%80%AC%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8
တင်ဦးလွင်
ဦးတင်ဦးလွင်(၁၉၅၆ဖွား) သည် မြန်မာ့နိုင်ငံရေးသမား နှင့် သံအမတ်ကြီးဟောင်း ဖြစ်သည်။သူသည် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်လည်းကောင်း ၊နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ လက်ရှိတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေသည်။ ပညာရေး သူသည် စစ်တက္ကသိုလ် အပါတ်စဉ်(၁၉)ဆင်း ဖြစ်သည်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အပါတ်စဉ်တူသည်။ ကာကွယ်ရေးတက္ကသိုလ် မှ မဟာဘွဲ့လည်း ရရှိသည်။ သံအမတ်ကြီးဘဝ ဦးတင်ဦးလွင်သည် တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်အထိ နှစ်ပေါင်း ၃၀ကျော် တာဝန်ထမ်းဆောင်ရင်း အချိန်ကုန်ဆုံးခဲ့သည်။ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ၂၀၀၄ နောက်ပိုင်းတွင် ပြောင်းရွှေ့လာကာ သီရိလင်္ကာနိုင်ငံ ဆိုင်ရာမြန်မာသံအမတ်ကြီး ၊တောင်အာဖရိကဆိုင်ရာ မြန်မာသံအမတ်ကြီး ၊စင်ကာပူနိုင်ငံဆိုင်ရာ သံအမတ်ကြီး အစရှိသည့် သံမတ်ကြီးတာဝန်များထမ်းဆောင်သည်။ နိုင်ငံရေးဘဝ သူ့ကို သံအမတ်ကြီးအဖြစ် မှ နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် ၂၀၂၃ ဩဂုတ် ၁၄ရက်တွင် ဦးသိန်းစိန် အစိုးရ က ခန့်အပ်ခံရသည်။ ထိုတာဝန်ကို ဦးသိန်းစိန် အစိုးရ သက်တမ်းပြည့် သည်အထိ တာဝန်ထမ်းဆောင်သည်။ယင်းနောက် အထွေထွေရွေးကောက်ပွဲ ၂၀၁၅၊အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ ဝင်ပြိုင်သည်။ ၂ကြိမ်စလုံးရွေးကောက်မခံရပေ။ထိုကာလတစ်လျှောက်လုံး ပါတီတွင် ပါတီဗဟိုကော်မတီဝင်အဖြစ် ထမ်းဆောင်သည်။ အထူးသဖြင့် ပါတီ၏နိုင်ငံခြားရေးရာတွင် တာဝန်ယူရသည်။ ဝန်ကြီးဘဝ သူ့ကို စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နေပြည်တော်ကောင်စီဥက္ကဋ္ဌ အဖြစ် တာဝန်ပေးသည်။ ယင်းနောက် ၂၀၂၃ ဩဂုတ် ၃ရက် တွင် သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်ခန့်အပ်သည်။ မိသားစုဘဝ အိမ်ထောင်သည်တစ်ဦးဖြစ်သည်။ ကိုးကား ၁၉၅၆ မွေးဖွားသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ စစ်ဖက်ဆိုင်ရာ လူပုဂ္ဂိုလ်များ မြန်မာနိုင်ငံ ဝန်ကြီးများ မြန်မာ့နိုင်ငံရေးသမားများ မြန်မာ သံအမတ်ကြီးများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%84%E1%80%BA%E1%80%A6%E1%80%B8%E1%80%9C%E1%80%BD%E1%80%84%E1%80%BA
ရွှေညောင်-မိုးနဲ ရထားလမ်း
ရွှေညောင်-မိုးနဲ မီးရထားလမ်း သည် ၁၀၀၀ mm (3 ft 3 3⁄8 in) ဂေ့ချ်ရထားလမ်းဖြစ်ပြီး ရွှေညောင်မြို့ မှ တစ်ဆင့် တောင်ကြီးမြို့ ၊ ဘန်းယဉ်နှင့် မိုးနဲမြို့များသို့ ဖောက်လုပ်ထားသော လမ်းပိုင်းဖြစ်သည်။ မိုးနဲမြို့မှ ကျိုင်းတုံမြို့အထိ ရထားလမ်း ဆက်လက်ဖောက်လုပ်ရန် လျာထားခဲ့သည်။ သမိုင်းကြောင်း ၁၉၉၀ပြည်လွန်နှစ်များတွင် အစိုးရမှ သာစည်-ရွှေညောင် လမ်းပိုင်းနှင့် ရွှေညောင်-တောင်ကြီး၊ ဘန်ယဉ်-နမ့်ဆန်နှင့် နမ့်ဆန်-ကျိုင်းတုံ လမ်းပိုင်းများနှင့် ချိတ်ဆက်ဖောက်လုပ်ရန် အစီအစဉ်ရှိခဲ့သည်။ ရွှေညောင်အထိ ရထားလမ်းဖောက်လုပ်ပြီး ဖြစ်သော်လည်း မြင့်မားသောတောင်တန်းကြောင့် တည်ဆောက်ရေး မပြီးစီးသေးပေ။ နောက်ပိုင်း ၁၉၉၆ခုနှစ်နောက်ပိုင်း ပြန်လည် စတင်ခဲ့ပြီဂ ဖားပွန်း-ဘန်းယဉ် လမ်းပိုင်းအား ၁၉၉၆ခုနှစ် ဧပြီလ ၄ရက်နေ့တွင်လည်းကောင်း ၊ ဖားပွန်း-တောင်ကြီးလမ်းပိုင်းအား ၁၉၉၆ခုနှစ် ဇူလှိုင်လ ၂၇ရက်နေ့တွင်လည်းကောင်း ၊ ဘန်းယဉ်-နမ့်ဆန် လမ်းပိုင်းအား ၂၀၀၆ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့တွင်လည်းကောင်း ဖောက်လုပ်နိုင်ခဲ့သည်။ ရွှေညောင်နှင့် တောင်ကြီးသည် မြို့ချင်းနီးကပ်သော်များလည်း တောင်ကြီးသည် ရွှေညောင်အထက် မီတာ ၅၀၀ အမြင့် နီးပါးတွင် တည်ရှိနေကာ အခက်အခဲ ဖြစ်ခဲ့သည်။ အစပိုင်းတွင် လွန်းထိုးရထားလမ်းပုံစံများဖြင့် ချိတ်ဆက်ဖောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း ရွှေညောင်မြို့မြောက်ဘက်မှ တစ်ဆင့် အေးသာယာအထိ တောင်စောင်းများကိုသာ အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။ ရွှေညောင်-တောင်ကြီး လမ်းပိုင်းအား ၁၉၉၇ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ရထားလမ်းဖွင့်လှစ်ပြီး လူစီးရထားများပြေးဆွဲနိုင်ခဲ့သော်လည်း နောက်ပိုင်းရထားလမ်းအခြေအနေများကြောင့် ကုန်ရထားများသာ ပြေးဆွဲနိုင်ခဲ့သည်။ အဆိုပါ ရထားလမ်း ပြန်လည်ပြုပြင်များလုပ်ငန်းများကို ၂၀၂၂ခုနှစ်မှ စတင်လုပ်ဆောင်လာခဲ့ပြီး ထီသိမ်ရှိ ဒုတိယ ဘဝသံသရာရထားလမ်းလည်း အပါအဝင်ဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ကို ဆက်သွယ်မည့် မိုးနဲ -ကျိုင်းတုံရထားလမ်း ဖောက်လုပ်ရေးစီမံကိန်း၏ ကျိုင်းတုံလမ်းပိုင်းမှ ရထားလမ်းအရှည် ( ၅.၆) မိုင်၊ သံလမ်းမိုင် (၆.၆) မိုင်ကို ၂၀၀၉ ခုနှစ်၊ ဧပြီလ (၄ )ရက်နေ့တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့ တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သော်လည်း ရထားပြေးဆွဲနိုင်ခြင်း မရှိသဖြင့် မြန်မာ့မီးရထားလုပ်ငန်းက သံလမ်းများကို ပြန်လည်ဖယ်ရှားခဲ့ပြီး ယင်းသံလမ်းတစ် လျှောက် မြို့ပတ်လမ်းဖောက်လုပ်ရန် အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်၏ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ ကျိုင်းတုံခရီးစဉ်တွင် ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။ အဆိုပါလမ်းပိုင်းကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်ချက်အရ ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ၂၀၀၉ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ်၊ စက်တင်ဘာ (၁၉) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း အသုံးပြုနိုင်ခြင်းမရှိဘဲ ပြန်လည်ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။ ဘူတာများ (54) ရွှေညောင်မြို့ ၄၀၄ (ရထားလမ်းဆုံ) လွိုင်ကော်သို့ ၄၄၁ ၁/၂ (66) အေးသာယာ 408 3/4 (67) ပေါမူ 413 1/2 (68) ထီသိမ် - (69) ရေထွက်ဦး - (70) တောင်ကြီးမြို့ 424 1/2 (71) ဖားပွန်း - (72) နောင်ကား - (73) ဟမ်းဆီး - (74) ကက္ကူ - (75) နောင်အယ် - (76) ဘန်းယဉ် 459 3/4 (77) လွယ်ဆမ်ဆစ် - (78) ဆိုက်ခေါင် - (79) လွယ်ပွတ် - (80) တောင်ကေး - (81) ပြင်သာယာ - (82) မီးရယ် - (83) ထိရိ - (84) ပွန်းချောင်း - (85) ပူရာစမ်း - (86) ထီပင် - (87) နမ့်ဟိတ် - (88) တောင်စိုင်း - (89) နောင်မို - (90) ဟွေ့ဆိုင် - (91) မိုင်းစိတ် - (92) ဟိုင်းနားလေး - (93) မလန်းခန်း - (94) အမှတ် ၉ ရွာ - (95) နမ့်စန် - (96) အမှတ် ၆ ရွာ - (97) နန်းကြုတ် - (98) ဟိုင်းဖတ် - (99) ဝမ်ရေး - (100) ပန်သူ - (101) နားခံ - (102) မိုးနဲမြို့  - ကိုးကား မြန်မာနိုင်ငံရှိ ရထားလမ်းများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA-%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%94%E1%80%B2%20%E1%80%9B%E1%80%91%E1%80%AC%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8
မြစ်ဆုံမန္တလာ မီးရထား
မြစ်ဆုံမန္တလာ မီးရထား သည် မန္တလေးမြို့နှင့် မြစ်ကြီးနားမြို့ကို ပြေးဆွဲခဲ့သော ပုဂ္ဂလိကမီးရထားလိုင်း တစ်ခုဖြစ်သည်။ မြန်မာ့မီးရထားနှင့် အကျိုးတူလုပ်ဆောင်ခြင်း ဖြစ်ကာ ကချင်ပြည်နယ်အများပိုင်ကုမ္ပဏီမှ ပိုင်ဆိုင်သည်။ သမိုင်းကြောင်း ၂၀၁၄ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ကချင်ပြည်နယ်အများပိုင်ကုမ္ပဏီမှ တာဝန်ယူပြီး အမှတ်(၃၇/၃၈) အစုန်အဆန် မြစ်ဆုံမန္တလာအထူးအမြန်ရထားများ အဖြစ် စတင်ပြေးဆွဲခဲ့သည်။ စတင်ပြေးဆွဲစဉ်က မြစ်ကြီးနား-မန္တလေး အသွားအပြန် တစ်ခေါက်အတွက် ငွေကျပ် ၆၉ သိန်း မြန်မာ့မီးရထားကို ပေးဆောင်ရကာ၂၀၁၈-၁၉ ခုနှစ် သက်တမ်းကာလတွင် ငွေကျပ် ၅၉ သိန်း ပေးဆောင်ခဲ့ရသည်။ သို့သော် ၂၀၁၉ခုနှစ် ဒီဇင်ဘာလတွင် ကုမ္ပဏီဘက်က ထပ်မံသက်တမ်းတိုးခြင်း မလုပ်တော့ပဲ ရပ်နားခဲ့သည်။ ရပ်ဆိုင်း မြစ်ဆုံမန္တလာအထူးမြန်ရထားသည် မြန်မာ့မီးရထားကနေ လေအိတ်ရထားပြေးဆွဲပြီးနောက်ပိုင်း ခရီးသည်စီးနင်းမှုနည်းခြင်းကြောင့် ကချင်အများပိုင်ကုမ္ပဏီမှ တင်ဒါသက်တမ်း ကုန်ဆုံးသွားတာလည်း ဖြစ်လို့ထပ်မံသက်တမ်းတိုးတာ မလုပ်ဆောင်ပဲ ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ရပ်ဆိုင်းခဲ့သည်။ ကိုးကား မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေး
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%85%E1%80%BA%E1%80%86%E1%80%AF%E1%80%B6%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%AC%20%E1%80%99%E1%80%AE%E1%80%B8%E1%80%9B%E1%80%91%E1%80%AC%E1%80%B8
ဒဂုံမန်း မီးရထား
ဒဂုံမန်း မီးရထား သည် ရန်ကုန်မြို့ မှ မန္တလေးမြို့ သို့ ပြေးဆွဲခဲ့သော ပုဂ္ဂလိမီးရထားလိုင်း တစ်ခုဖြစ်သည်။ ၁၉၆၀ခုနှစ်နောက်ပိုင်း မှစတင်ပြီး မြန်မာ့မီးရထား နှင့် အကျိုးတူလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သမိုင်းကြောင်း ဂျပန်စစ်လျော်ကြေး မှ ရရှိသော ရထားတွဲများဖြစ်ကာ ၁၉၆၀ခုနှစ်နောက်ပိုင်း မှ စပြီး ရန်ကုန်-မန္တလေး စာပို့ရထားခရီးစဉ်အဖြစ် ပြေးဆွဲခဲ့သည်။ ၁၉၉၄ခုနှစ်တွင် အမှတ်(၁၇) အဆန် အမြန်ရထား အဖြစ် ပြောင်းလဲ ပြေးဆွဲခဲ့သည်။ ထိုစဉ်က အထက်တန်းတွဲ ၊ အထက်တန်းအိပ်စင်တွဲ နှင့် စားသောက်တွဲများသာ ပါဝင်ပြီး ရန်ကုန် မှ မန္တလေးကို ပြေးဆွဲကြာချိန် (၁၀)နာရီဖြင့် ပြေးဆွဲနိုင်ခဲ့သည်။ ကိုးကား မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေး
https://my.wikipedia.org/wiki/%E1%80%92%E1%80%82%E1%80%AF%E1%80%B6%E1%80%99%E1%80%94%E1%80%BA%E1%80%B8%20%E1%80%99%E1%80%AE%E1%80%B8%E1%80%9B%E1%80%91%E1%80%AC%E1%80%B8
ကော့ဆိုင်း မီးရထား
ကော့ဆိုင်း မီးရထား သည် ရန်ကုန်မြို့ ၊ မန္တလေးမြို့ နှင့် တောင်ကြီးမြို့တို့ကို ပြေးဆွဲခဲ့သော ပုဂ္ဂလိကမီးရထားလိုင်း တစ်ခုဖြစ်သည်။ ၁၉၉၇ခုနှစ်မှစပြီး မြန်မာ့မီးရထားနှင့် အကျိုးတူ ပူးပေါင်းပြေးဆွဲခဲ့ခြင်းဖြစ်သည်။ သမိုင်းကြောင်း ၁၉၉၇ခုနှစ် နောက်ပိုင်း ရန်ကုန်-မန္တလေး နှင့် ရန်ကုန်-တောင်ကြီး ခရီးစဉ်များဖြင့် စတင်ခဲ့ပြီး အမှတ်(၁၅/၁၆) အစုန်အဆန် အထူးအမြန်ရထား (SE) ရထားတွဲ၏ နောက်ဆုံးမှ အထက်တန်းတွဲနှင့် အထူးအထက်တန်းတွဲ တွဲဆိုင်း(၂)တွဲချိတ်ဆွဲ ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။ ရထားတွဲဆိုင်းများမှာ လေအေးပေးစနစ်ပါဝင်သော တွဲဆိုင်းများဖြစ်ပြီး မနက်စာ ၊ ညစာ အကျွေးအမွေးများနှင့်တကွ ဝန်ဆောင်မှု ပေးခဲ့သည်။ ရန်ကုန်မှမန္တလေးကို ရထားဖြင့် ပြေးဆွဲပြီး ရန်ကုန်-တောင်ကြီး ခရီးစဉ်စီးနင်သူများအနေဖြင့် သာစည်ဘူတာမှ တစ်ဆင့် ကားဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ရပ်ဆိုင်း နှစ်နှစ်ကြာ ဝန်ဆောင်မှုပေးပြီးနောက် ၁၉၉၉ခုနှစ်တွင် လုပ်ငန်းအရှုံးပေါ်၍ စိုင်အောင်မိန်း မီးရထားအား လက်လွှဲရောင်းချကာ ၎င်းမှာ ၁၉၉၉ခုနှစ်ကုန်အထိ လုပ်ကိုင်ခဲ့သည်။ ကိုးကား မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေး
https://my.wikipedia.org/wiki/%E1%80%80%E1%80%B1%E1%80%AC%E1%80%B7%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%20%E1%80%99%E1%80%AE%E1%80%B8%E1%80%9B%E1%80%91%E1%80%AC%E1%80%B8
ကနောင်စစ်ဆင်ရေး
ကနောင်စစ်ဆင်ရေးသည် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့ ပူးပေါင်းဆင်နွှဲသော စစ်ဆင်ရေးတစ်ခု ဖြစ်သည်။ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် ဇူလိုင်လမှ စတင်ခဲ့ရာ စက်တင်ဘာလအထိ စစ်ကောင်စီတပ်မှ အရာရှိအဆင့်များ အပါအဝင် ၈၀ ဦးခန့် သေဆုံးကာ ၁၉ ဦး ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းမီးကျောက်အမြောက်အမြား သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ထားသည်။ ကနောင်စစ်ဆင်ရေးသည် တပ်မ ၉၉၊ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂၊ ခလရ ၂၅၇ နှင့် အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ခမရ ၅၀၂ တို့နှင့် ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ တိုက်ပွဲများ ပူးပေါင်းအဖွဲ့သည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်လေကြောင်းကာကွယ်ရေးတပ် ၁၀၁၄ အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ကာ၊ ကင်းစခန်းတစ်ခုအား ဝင်ရောက်စီးနင်းခဲ့သည်။ အင်ကြင်းမြိုင်တပ်သို့ စစ်ကူလာသော ယာဉ်တန်းခြောက်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၉ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ တစ်ဦး သေဆုံးခဲ့သည်။ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းအား ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ၁၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။ ဩဂုတ်လ ၁၁ ရက်နေ့တွင် တပ်မ ၉၉ လက်အောက်ခံ အင်အား ၅၀ ခန့်ရှိတပ်ရင်းမှ စစ်ကြောင်းထိုးလာစဉ် ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့သည်။ ဩဂုတ်လ ၂၆ ရက်နေ့တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၇ ဦးသေဆုံးခဲ့သည်။ စက်တင်ဘာလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၉ ဦးသေဆုံးခဲ့ကာ ခဲယမ်းများအား ပူးပေါင်းအဖွဲ့မှ သိမ်းဆည်းရမိခဲ့သည်။ စက်တင်ဘာလ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်များအား တပ်စွဲထားသော ပြင်ဦးလွင်-မိုးကုတ်လမ်းမပေါ်ရှိ တောင်နီကျေးရွာအနီး တာဝါတိုင်ကုန်းအား ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်မှ ၁၃ ဦး သေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ တစ်ဦး သေဆုံးခဲ့သည်။ စက်တင်ဘာ ၁၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီမှ အနည်းဆုံး သုံးဦး သေဆုံးခဲ့သည်။ ကိုးကား မြန်မာနိုင်ငံ၏_ပြည်တွင်းပဋိပက္ခများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%94%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%85%E1%80%BA%E1%80%86%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8
လမ်းညွှန်ဆိုင်းဘုတ်
လမ်းညွှန်ဆိုင်းဘုတ်များသည် ယာဉ်အသွားအလာဆိုင်ရာ သင်္ကေတများနှင့် လမ်းသင်္ကေတများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန်နှင့် တစ်ပြေးညီ ယာဉ်စည်းကမ်းများ ချမှတ်ခြင်းဖြင့် လမ်းအန္တရာယ်ကင်းရှင်းစေရန် လမ်းပြဆိုင်းဘုတ်သင်္ကေတများနှင့် လမ်းအမှတ်အသားများသည် လိုအပ်ပါသည်။ ဘေးကင်းရေးအန္တရာယ်သတိပေးဆိုင်းဘုတ်များသည် ယာဉ်မောင်းများနှင့် လမ်းသွားလမ်းလာများအား ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်များကို သတိပေးရန် ဖြစ်သည်။ ကိုးကားချက်
https://my.wikipedia.org/wiki/%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%8A%E1%80%BD%E1%80%BE%E1%80%94%E1%80%BA%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%98%E1%80%AF%E1%80%90%E1%80%BA
ရွှေမန်းမေ မီးရထား
ရွှေမန်းမေ မီးရထား သည် မန္တလေးမြို့ မှ ရန်ကုန်မြို့ သို့ ပြေးဆွဲခဲ့သော မီးရထားလိုင်း တစ်ခုဖြစ်သည်။ ၁၉၅၉နှစ် နှစ်ဆန်းပိုင်းမှစတင်ပြီး မြန်မာ့မီးရထား မှပြေးဆွဲခဲ့ခြင်းဖြစ်ကာ အိပ်စင်၊ အထူးတန်း၊ ရိုးရိုးတန်းတွဲဆိုင်းများ၏ သန့်ရှင်းသပ်ရပ်မှုမှာလည်း တိုးတက်ခဲ့သည်။ သမိုင်းကြောင်း မြန်မာ့မီးရထားမှ အထက်တန်းမီးရထားခရီးသည်များ သက်သာချောင်ချိစေရန်နှင့် သက်တောင့်သက်သာ ဖြစ်စေရန် ရည်ရွယ်၍ အထက်တန်းလူစီးတွဲသစ်များကို ဂျပန် စစ်လျော်ကြေးများဖြင့် အနောက်ဂျာမနီနိုင်ငံနှင့် ဂျပန်နိုင်ငံများ မှာယူခဲ့ခြင်းဖြစ်သည်။ အဆိုပါ တွဲသစ်များကို ယခင် ပထမတန်းတွဲ နှင့် ဒုတိယတန်းတွဲများတွင် အစားထိုးပြီး ရန်ကုန်-မန္တလေး အစုန်အဆန် စာပို့ရထားများ အဖြစ် ပြေးဆွဲစေခဲ့သည်။ အထက်တန်းတွဲသစ်ကြီးများတွင် ရွှေမန်းမေ ၊ ဒဂုံမေ စာတမ်းများချိတ်ဆွဲထားခဲ့သည်။ အတွင်းပိုင်းတွင် ကတီပါဖုံးများ ၊ အိပ်ရာထိုင်ခင်းများ၊ အရောင်တောင်ပသော အတွင်းသစ်သားများ၊ ရေခလုတ်၊ ကြည့်မှန်၊ အိမ်သာ၊ မီးဆိုင်း၊ ပန်ကာ စသည့်ဖြင့် ခရီးသည်များ သက်တောင့်သက်တာရှိ၍ စိတ်တိုင်းကျခဲ့ကြသည်။ အဆိုပါတွဲများ၏ တန်ဖိုးသည် ထိုခေတ်ကျပ်ငွေ တစ်သိန်းခွဲ ဖြစ်သည်။ အမြင့်ဆုံး အမြန်နှုန်း တစ်နာရီ ၄၅မိုင်နှုန်းဖြင့် ပြေးဆွဲကြာချိန် (၁၀)နာရီဖြင့် ပြေးဆွဲနိုင်ခဲ့သည်။ ၁၉၉၄ခုနှစ်တွင် အမှတ်(၁၈) အစုန် အမြန်ရထား အဖြစ် ပြောင်းလဲ ပြေးဆွဲခဲ့သည်။ ရွှေမန်းမေ သီချင်း သက်ဆိုင်ရာဌာနမှ တေးရေးဆရာရွှေပြည်အေးအား ရထားအတွက် သီချင်းအပ်ရာ ဆရာရွှေပြည်အေးက ရွှေမန်းမေဇာတ်ကားတွင် မာမာအေးသီဆိုခဲ့သောသီချင်းကို ခင်ယုမေနှင့် ပြန်လည်အသံသွင်းစေခဲ့ပါသည်။ ခင်ယုမေ ထပ်မံသီဆိုသောသီချင်းတွင် မီးရထားနှင့်လိုက်ဖက်အောင် မီးရထားခုတ်မောင်သံများ၊ မီးရထားဥဩသံများကို သီချင်းသံစဉ်နှင့်အညီ ထည့်သွင်းတီးမှုတ်စေခဲ့ပါသည်။ ထိုသီချင်းကို ရွှေမန်းမေ မီးရထားကြီး မန္တလေး-ရန်ကုန် ခုတ်မောင်းစဉ် ဖွင့်ခဲ့ပြီး လူကြိုက်များကာ အထူးအောင်မြင်ကျော်ကြားခဲ့ပါသည်။ ရွှေမန်းမေသီချင်း မူရင်းသီဆိုသူကိုလည်း ခင်ယုမေဟုပင် ပရိသတ်အများက ထင်မှတ်ခဲ့ကြသည်။ ဆက်စပ်ဖတ်ရှုရန် ဒဂုံမန်း မီးရထား ကော့ဆိုင်း မီးရထား မတ္တရာ မီးရထား ကိုးကား
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%99%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%B1%20%E1%80%99%E1%80%AE%E1%80%B8%E1%80%9B%E1%80%91%E1%80%AC%E1%80%B8
မီးပွိုင့်
မီးပွိုင့်များသည် လမ်းဆုံများ ၊ လူကူးမျဉ်းကျားများ နှင့် ယာဉ်အသွားအလာများသောနေရာများတွင် ယာဉ်တိုက်မှုအန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်ကြောစီးဆင်းမှုကို ထိန်းချုပ်ရန် အတွက် အသုံးပြုသော အချက်ပြမီးဖြစ်သည်။ မီးပွိုင့်များတွင် ပုံမှန်အားဖြင့် အချက်ပြသုံးမျိုးပါရှိပြီး လမ်းအသုံးပြုသူများအား အဓိပ္ပာယ်ရှိသော အချက်အလက်များကို အရောင်များ၊ မြားနှင့် စက်ဘီးပုံများ ပါဝင်သော သင်္ကေတများဖြင့် ထုတ်လွှင့်သည်။ ပုံမှန်မီးပွိုင့်တစ်ခုတွင် ပါဝင်သော အရောင်များမှာ အနီ၊ အဝါနှင့် အစိမ်းရောင်တို့ဖြစ်ပြီး အလျားလိုက် သို့မဟုတ် ဒေါင်လိုက် တပ်ဆင်ထားသည်။ ယင်းသည် နိုင်ငံတကာ စံဖြစ်သော်လည်း အချို့သော နိုင်ငံများနှင့် ဒေသများတွင် မီးပွိုင့်အစီအစဉ်များနှင့် ဥပဒေကြောင်းအရ မူကွဲများလည်း ရှိသည်။ မီးပွိုင့်စနစ်ကို ယဉ်ကြောထိန်းသိမ်းရာတွင် ယဉ်ထိန်းအရာရှိများလိုအပ်ချက်ကို လျော့ချရန် ရည်ရွယ်၍ လန်ဒန်မြို့ လွှတ်တော်ရင်ပြင်တွင် ၁၈၆၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်အသုံးပြုခဲ့သည်။ ထိုအချိန်မှစကာ မီးပွိုင့်နည်းပညာသည် လျှပ်စစ်စနစ်နှင့် ကွန်ပျူတာထိန်းချုပ်စနစ်များဖြင့် တိုးတက်လာခဲ့သည်။ မီးပွိုင့်စနစ်ကို လူသွားလူလာ ထိန်းကြောင်းရန်နှင့် ယာဉ်ကြောစနစ်များ ထိန်းသိမ်းရန်နှင့် ရထားလမ်းဖြတ်သန်းမှုများကို ထိန်းသိမ်းရန်အတွက်လည်း မီးပွိုင့်စနစ်ကို အသုံးပြုသည်။ ကိုးကား ယာဉ်ကြော သင်္ကေတများ ယာဉ်ကြော ဥပဒေ ကုန်းကြောင်းပို့ဆောင်ရေး
https://my.wikipedia.org/wiki/%E1%80%99%E1%80%AE%E1%80%B8%E1%80%95%E1%80%BD%E1%80%AD%E1%80%AF%E1%80%84%E1%80%B7%E1%80%BA
လူကူးမျဉ်းကျား
လူကူးမျဉ်းကျားများသည် လမ်းအသွားအလာများ‌သောနေရာများလမ်းဆုံများတွင် အမှတ်အသားပြုထားသည့် လူကူးမျဉ်းများပြုလုပ်ထားသည်။ ‌လူကူးမျဉ်းကျားများကို ကျောင်းရှေ့၊ဈေးရှေ့ တို့တွင်အများဆုံးတွေ့ရသည်။
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B0%E1%80%80%E1%80%B0%E1%80%B8%E1%80%99%E1%80%BB%E1%80%89%E1%80%BA%E1%80%B8%E1%80%80%E1%80%BB%E1%80%AC%E1%80%B8
မင်းမောင်
တပ်ကြပ်ကြီးမင်းမောင် သည် မန္တလေးမြို့ သမိုင်းတွင် အရေးပါသော ပုဂ္ဂိုလ်များထဲ ပါဝင်သည့် သူဖြစ်သည်။ မန္တလေးမြို့ ရှိ  မဟာမုနိဘုရားကြီးအတွင်းသို့ ဝင်ရောက်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သော ဖက်ဆစ်ဂျပန်တပ်ဖွဲ့ဝင် တို့ကို ခုခံ တိုက်ခိုက်ရင်း ကျဆုံးခဲ့သူဖြစ် သည်။ သူ၏ အထိမ်းအမှတ်ကျောက်စာတိုင်ကို ဘုရားကြီးပုရဝိုဏ် အတွင်းရှိ ရှင်မာလဲဘုရား မျက်နှာချင်းဆိုင်နေရာတွင် စိုက်ထူထားသည်။ လွတ်လပ်ရေးကြိုးပမ်းမှု သူသည် ဗိုလ်မှူးဗထူး မန္တလေးတိုင်းတွင် စစ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် တပ်ကြပ်ကြီးတာဝန်ဖြင့် ထမ်းဆောင်နေသည်ဟု သမိုင်းမှတ်တမ်းများကဖော်ပြသည်။  ဂျပန်ဖက်ဆစ်များနှင့်ဖြစ်ပွားနေသော တိုက်ပွဲ တွင် သူသည် ဗိုလ်လှညွှန့် တို့အဖွဲ့ ဖြင့် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည်။ဗိုလ်မှူး ဗထူး မှတ်တမ်းစာအုပ်ထဲ တပ်ကြပ်ကြီးမင်းမောင်နှင့်ဗိုလ်လှညွှန့် တို့ အုပ်ချုပ်သော အဖွဲ့သည် ဂျပန် ၃၀၀ တပ်နှင့် ရင်ဆိုင်ရာ၊ဂျပန် ၁၅ယောက် ကျဆုံးခဲ့ရာတွင် တပ်ကြပ်ကြီးမင်းမောင်လည်း ကျဆုံးသွားကြောင်း ဖော်ပြထားသည်။ အထိမ်းအမှတ်ကျောက်စာတိုင်စိုက်ထူခြင်း ၁၉၄၅ခုနှစ် မတ်လ ၁၈ ရက်တွင် တပ်ကြပ်ကြီးမင်းမောင် ကျဆုံးခဲ့သည်။သူကျဆုံးခဲ့ရာ နေရာတွင် အထမ်းအမှတ်ကျောက်စာတိုင် စိုက်ထူခဲ့သည်။ထိုသမိုင်းဝင် ကျောက်စာတိုင်ကို မဟာမြတ်မုနိ ဂေါပကအဖွဲ့က ၂၀၂၀ မတ်လ ၁၈ရက်တွင် ပြန်လည် ထိန်းသိမ်းပြုပြင်သည်။ ကိုးကား မြန်မာ့ တပ်မတော် သူရဲကောင်းများ‎ မွေးဖွားခုနှစ် မသိရှိရသူများ ၁၉၄၅ ကွယ်လွန်သူများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
မဟာဝဇိရဝိပဿနာဉာဏ်
မဟာဝဇိရဝိပဿနာဉာဏ်တော်မြတ်ကြီးသည် စကြဝဠာကုဋေတစ်သိန်းဖြင့် ပိုင်းခြားအပ်သော နယ်မြေအတွင်း၌ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိကြသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ရပ်တို့ကို ကလာပသမ္မသနနည်းအားဖြင့် ပေါင်းစုခြုံငုံ၍ လက္ခဏာယာဉ်သုံးချက်တင်ကာ ဝိပဿနာရှုပွားသုံးသပ်တော်မူသော ဉာဏ်တော်မြတ်ကြီးပင် ဖြစ်တော်မူပေသည်။ ဘုရားအလောင်းတော်သည် ကဆုန်လပြည့်နေ့ မိုးသောက်ယံ (ညဉ့်၏ နောက်ပိုင်း)အချိန်၌ မဟာဝဇိရ ဝိပဿနာတရား ပွါးများ အားထုတ်တော်မူလေသည်။ အားထုတ်တော်မူပုံအမြွက်မှာ အာဏာခေတ်ဟုခေါ်သော စကြဝဠာတိုက်ပေါင်း ကုဋေတသိန်းတို့ရှိရာ စကြဝဠာ ရှိနေကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကာလသုံးပါး၌ တကယ်စင်စစ် ဖြစ်ပွါးသော တရားအနှစ်ကို ဆင်ခြင်တော်မူသောအခါ စကြဝဠာ တတိုက်တတိုက်၌ လူတွေ နတ်တွေ ဗြဟ္မာတွေ မည်မျှပင် များနေစေကာမူ ပရမတ္ထ သဘာဝ ဓမ္မအစစ်အနေဖြင့် ကာလသုံးပါး အဝိဇ္ဇာ, သင်္ခါရ(ဟူသော အတိတ်အဓွန့်ကာလ အကြောင်းတရား)၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ(ဟူသော ပစ္စုပ္ပန်အဓွန့်ကာလ အကျိုးတရား)၊ တဏှာ, ဥပါဒါန်, ကမ္မဘဝ(ဟူသော ပစ္စုပ္ပန်အဓွန့်ကာလ အကြောင်းတရား)တို့နှင့် (ဥပပတ္တိဘဝဖြစ်သော) ဇာတိ, ဇရာ+မရဏ(ဟူသော အနာဂတ်အကျိုးတရား) ဤပဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ပါးတည်းဟူသော ပရမတ္ထသဘာဝ ဓမ္မတရားကိုယ်ကို ကောင်းစွာ သိမြင်တော်မူလေသည်။ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ပါး ဤစကြဝဠာတိုက်၌ ရှိနေကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကာလသုံးပါး၌ တကယ်စင်စစ် ဖြစ်နေသော ပရမတ္ထသဘာဝ ဓမ္မတရားကို ဆင်ခြင်တော်မူသောအခါ အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာ+မရဏဟူ၍ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ပါး တရားသား (ဝိပဿနာတင်ရမည့် တရားအစု)ကို ကောင်းစွာ သိမြင်တော်မူသကဲ့သို့ ကျန်သော စကြဝဠာတိုက်တို့၌ ရှိနေကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကာလသုံးပါး၌ တကယ်စင်စစ် ဖြစ်နေသော ပရမတ္ထသဘာဝ ဓမ္မတရားသားကိုလည်း ဆင်ခြင်တော်မူ၏။ ထိုသို့ ဆင်ခြင်တော်မူသောအခါ ဤစကြဝဠာတိုက်၌ ရှိနေကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့ နည်းတူပင် ပဋ္ဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ပါးစီ တည်းဟူသော ဝိပဿနာတင်ရမည့် တရားအစုကို ကောင်းစွာ သိမြင်တော်မူလေသည်။ အလောင်းတော်သူမြတ်၏ ဝိပဿနာစာရ ဤသို့ စကြဝဠာတိုက်ပေါင်း ကုဋေတသိန်း တည်းဟူသော အာဏာခေတ်အတွင်း ရှိနေကြသည့် လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ခန္ဓာအစဉ်ဝယ် ကာလသုံးပါး၌ တကယ်စင်စစ် ဖြစ်နေသော ပရမတ္ထသဘာဝ ဓမ္မတရားသားကို စဉ်းစား ဆင်ခြင်တော်မူသော အလောင်းတော်သူမြတ်၏ ဉာဏ်တော်ဖြင့် သိမြင်အပ်သော ဝိပဿနာတင်ရမည့် တရားအစုတို့ကား အဝိဇ္ဇာပေါင်း ကုဋေတသိန်း, သင်္ခါရပေါင်း ကုဋေတသိန်း, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာ+မရဏပေါင်းလည်း ကုဋေတသိန်းစီ ဖြစ်ရကား (၁၂-ရပ်ပေါင်းလျှင်) အလောင်းတော်သူမြတ်၏ ဝိပဿနာစာရခေါ်သော (ဝိပဿနာတင်ရမည့်) တရားသားတို့မှာ ကုဋေ တသန်းနှစ်သိန်းတို့ ဖြစ်လေကုန်သည်။ အာနာပါန စတုတ္ထဈာန် သမာပတ်ကို ဝင်စားခြင်း အလွန်ထွေးရှုပ်၍ အခုတ်အထွင် ခဲယဉ်းလှသည့် တောအုပ်ကြီးကို ရှင်းလင်းခုတ်ထွင် သုတ်သင်သော ယောက်ျားသည် မိမိစွဲကိုင်သောဓားကို ကျောက်ပေါ်တင်၍ သွေးကာ သွေးကာ ထက်လှစွာသော မိမိဓားဖြင့် အလွန်ထွေးရှုပ်သည့် တောအုပ်ချုံပိပ္ပေါင်းအစုကို ရှင်းလင်းသုတ်သင်သကဲ့သို့ မြတ်စွာဘုရား အလောင်းတော်သည်လည်း တထောင့်ငါးရာ ကိလေသာတောအုပ် ချုံပိပ္ပေါင်းအစုကို ရှင်းလင်းသုတ်သင်ရန်အတွက် ကိုယ်တော်၏ လက်သုံးဖြစ်သော မဟာဝဇီရဝိပဿနာ ဉာဏ်ပညာဓားအသွား ထက်မြက်စေရန် အာနာပါန စတုတ္ထဈာန်သမာပတ် တည်းဟူသော ဓားသွေးသည့်ကျောက်၌ သွေးသွေးပြီးလျှင် (= အာနာပါန စတုတ္ထဈာန် သမာပတ်ကို ဝင်စား ဝင်စားပြီးလျှင်) ဖော်ပြရာပါ ကုဋေတသန်း နှစ်သိန်းသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တရားအစုတို့ကို တခုစီ တခုစီ အနိစ္စလက္ခဏာယာဉ် တင်၍၎င်း, ဒုက္ခလက္ခဏာယာဉ် တင်၍၎င်း, အနတ္တလက္ခဏာယာဉ် တင်၍၎င်း ဆင်ခြင် သုံးသပ်တော်မူလေသည်။ ဉာဏ်တော်ပေါင်း ကုဋေ သုံးသန်း ခြောက်သိန်း သို့ရကား ကုဋေတသန်း နှစ်သိန်းသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တရားအစုတို့၌ တခုတခုလျှင် အနိစ္စဝိပဿနာဉာဏ်, ဒုက္ခဝိပဿနာဉာဏ်, အနတ္တဝိပဿနာဉာဏ်ဟူ၍ ဝိပဿနာဉာဏ် သုံးပါးစီ သုံးပါးစီ ဖြစ်သောကြောင့် ကုဋေ တသန်းနှစ်သိန်းကို တည်၊ သုံးဖြင့်မြှောက်ပွါး၍ မဟာဝဇိရ ဝိပဿနာ ဉာဏ်တော်ပေါင်း ကုဋေ သုံးသန်း ခြောက်သိန်း ဖြစ်လေသည်။ ဘုရားအလောင်းတော်တိုင်းပင်လျှင် ဘုရားဖြစ်ခါနီး၌ ပဋိစ္စသမုပ္ပါဒ်တရားကို အနုလုံ ပဋိလုံအားဖြင့် သုံးသပ် ဆင်ခြင်တော်မူကြမြဲ ဓမ္မတာဖြစ်သည်။ ငါတို့မြတ်စွာဘုရား အလောင်းတော်သည်လည်း ရှေးဘုရားအလောင်းတော်တို့နည်းတူပင် (ဆိုအပ်ခဲ့ပြီးသည့်အတိုင်း) ပဋိစ္စသမုပ္ပါဒ်တရားကို အနုလုံ ပဋိလုံ သုံးသပ် ဆင်ခြင်တော်မူသည်။ ထိုအခါ ဇာတိခေတ် စကြဝဠာတိုက်ပေါင်း လောကဓာတ်တသောင်းလုံး ရေဆုံးအောင် တုန်လှုပ်လေသည်။ မြတ်စွာဘုရား အလောင်းတော်သည် ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ဘုရားရှင်တိုင်း၏ဓမ္မတာ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ပါး တရားအစု၌ ကုဋေ သုံးသန်း ခြောက်သိန်းသော မဟာဝဇိရ ဝိပဿနာ သမ္မသနဉာဏ်ကို ဖြစ်စေတော်မူပြီးသောအခါ အာနာပါန စတုတ္ထဈာန်ကို တဖန် ဝင်စားတော်မူပြန်လေသည်။ (ထိုသို့ ဝင်စားတော်မူခြင်းမှာ ဥဒယဗ္ဗယဉာဏ် အစရှိသော အထက် ဝိပဿနာဉာဏ်ပညာ အသွားထက်စိမ့်သောငှါ အာနာပါန စတုတ္ထဈာန်သမာပတ် တည်းဟူသော ဓားသွေးသည့် ကျောက်ကောင်း၌ တဖန် သွေးတော်မူပြန်ခြင်းဖြစ်သည်။) ထိုသို့ အာနာပါန စတုတ္ထဈာန်ကို တဖန် ဝင်စားတော်မူပြီးလျှင် (= အထက် ဝိပဿနာ ဉာဏ်ပညာ အသွားထက်အောင် သွေးတော်မူပြီးလျှင်) ထိုဈာန်မှထ၍ ခန္ဓာငါးပါး တရားအစုတို့၌ ဥဒယဗ္ဗယဉာဏ် အစရှိသော အထက် အထက် ဝိပဿနာဉာဏ်ပညာများကို အလွယ်တကူ ဖြစ်ပွါးစေတော်မူလေသည်။ (ဤ၌။ ။အလောင်းတော်သူမြတ်သည် ရှေးရှေးသော ဘုရားရှင်တို့၏အထံ၌ ရဟန်းပြု၍ ပိဋကသုံးပုံကို သင်ကြားတတ်မြောက်ပြီးလျှင် ဝိပဿနာအလုပ် အားထုတ်တော်မူခဲ့ရာ ဥဒယဗ္ဗယဉာဏ်, ဘင်္ဂဉာဏ်, ဘယဉာဏ်, အာဒီန၀ဉာဏ်, နိဗ္ဗိဒါဉာဏ်, မုစ္စိတုကမျတာဉာဏ်, ပဋိသင်္ခါဉာဏ်, သင်္ခါရုပေက္ခာဉာဏ်တိုင်ရောက်အောင် လေ့လာပွါးများ အားထုတ်တော်မူခဲ့ဘူးသောကြောင့်၎င်း- ရှေးဖော်ပြရာပါ မဟာဝဇိရ ဝိပဿနာ သမ္မသနဉာဏ်တော်ပေါင်း ကုဋေ သုံးသန်း ခြောက်သိန်းတို့ဖြင့် လေ့လာပွါးများ ဉာဏ်ပညာအား အလွန်တရာ ကြီးမားလှသောကြောင့်၎င်း- အထက် အထက် ဝိပဿနာ ဉာဏ်ပညာများကို အလွယ်တကူ ရရှိတော်မူသည်ဟု ယုံကြည်စွာ မှတ်သားရာ၏။ ဇိနာလင်္ကာရဋီကာနှင့် သုတ်မဟာဝါဋီကာ မျက်နှာ ၅၅-ကို မှီငြမ်းပြုသည်။) ကိုးကား
https://my.wikipedia.org/wiki/%E1%80%99%E1%80%9F%E1%80%AC%E1%80%9D%E1%80%87%E1%80%AD%E1%80%9B%E1%80%9D%E1%80%AD%E1%80%95%E1%80%BF%E1%80%94%E1%80%AC%E1%80%89%E1%80%AC%E1%80%8F%E1%80%BA
ဥပက
ဥပကမည်သူ။ ပါဠိအဋ္ဌကထာတို့၌ ဥပကမည်သူ သုံးဦးတွေ့ ရ၏။ (က) ဒေဝဒတ်၏အလုပ်အကျွေးဖြစ်သော ဥပက ဥပကသုတ်ကြည့် (ခ) ဥပကမည်သော-ပရိဗိုဇ်-တက္ကတွန်း ဥပကထေရ်ကြည့် ထိုသူသည် ခပ်စောစော သရဏ ဂုမ်တည်သူ, အရိယာပုဂ္ဂိုလ်ဖြစ်သူ မဟုတ်သော်လည်း ပဉ္စဝဂ္ဂီငါးဦးတို့၏ အလျင်ကပင် မြတ်စွာဘုရားနှင့် တွေ့ရ၍ သာသနာတော်၌ ထင်ရှားသောပုဂ္ဂိုလ် ဖြစ်သည်၊ ထိုဥပက ပရိဗိုဇ်သည် ဗောဓိမဏ္ဍိုင်နှင့် ဂယာ၏ အကြား၌ ခရီးရှည် ကြွသွားတော်မူသော မြတ်စွာဘုရားကို တွေ့မြင်ရ၍ “အရှင်၏ ဣန္ဒြေတို့ကား ကြည်လင်လှပါပေကုန်၏၊ အရေအဆင်းကလည်း ဖြူစင်သန့်ရှင်းလှပါ၏ အရှင်သည် မည်သည်ပုဂ္ဂိုလ်ကို ရည်စူး၍ (ဆရာ့အရာ ထား၍) ရဟန်းပြုပါသနည်း၊ အရှင်၏ ဆရာ မည်သူပါနည်း၊ အဘယ်ဆရာ၏ တရားကို အသင် နှစ်သက်ပါသနည်း” ဟု မေး၏။ မြတ်စွာဘုရားက “ဥပက— ငါသည် အလုံးစုံကို သိသူဖြစ်၏၊ အားလုံးသော အာရုံတရားတို့၌ ကိလေသာအစေးဓာတ်ဖြင့် ငြိကပ် တွယ်တာသူမဟုတ်၊ ငါ့မှာဆရာမရှိ၊ ငါနှင့်တန်းတူ ရည်တူပုဂ္ဂိုလ်တစ်ဦးမျှ မရှိ” စသည်ဖြင့် မိန်တော်မူ၏၊ ယင်းသို့ မိန့်လသော် ဥပက ပရိဗိုဇ်သည် "ဟုပေယျာပါဝုသော = အရှင်ဘုရား မိန့်သည်အတိုင်း ဟုတ်နိုင်ပါတယ် (ဤ လို ရူပကာယမျိုး၌ ဤသို့သော ဉာဏ်မျိုး ရှိနိုင် ဖြစ်နိုင်ပါတယ်) "ဟုပြောဆိုပြီးလျင် ဦးခေါင်းညိတ်၍ လမ်းရှောင်လွှဲကာ ဝင်္ကဟာရ ဇနပုဒ်သို့ သွားလေ၏။ ဥပကသည် ထိုဝင်္ကဟာရဇနပုဒ်၌ သားမုဆိုးရွာတစ်ရွာကို မှီခိုနေထိုင်လသော် မုဆိုးအကြီးအကဲတစ်ဦးက သူ့ကို ပြုစုလုပ် ကျွေး၏၊ မုဆိုးကြီးသည် အဝေးသို့ အမဲလိုက် ထွက်ခါနီးသောအခါ “ငါတို့၏ ရဟန္တာကြီးကို မမေ့ရစ်နဲ့” ဟု သူ၏သ္မီး "ဆာဝါ(စာပါ)”အား မှာကြား၍ သွား၏၊ ဥပကသည် နောက်တစ်နေ့၌ မုဆိုးကြီးအိမ်သို့ ရောက်သွားသောအခါ လှပပြည်ဖြိုးသော ဆာဝါသည် ထမင်းဟင်းများ ချက်ပြုတ်ပြီး၍ ဆက်ကပ်ကျွေးမွေးရန် ဥပကထံ ချဉ်းကပ်လာသည်တွင် ဥပကသည် ဆာဝါကို မြင်သည်နှင့်တပြိုင်နက် စွဲလမ်း တပ်မက် နှစ်သက်လှသဖြင့် ဆက်ကပ်သော ဆွမ်းကိုပင် မစားနိုင်တော့ပဲ ခွက်ဖြင့် ထည့်ယူကာ ကျောင်းသို့ ပြန်သွား၍ ထိုဆွမ်းကို တနေရာ၌ ထားပြီးလျှင် “ဆာဝါကို ရလျင် အသက်မသေ နေရမည်၊ မရလျင် သေမည်”ဟူသော အလိုရမက်ဖြင့် အစာ မစားပဲ လျောင်းစက်နေလေ၏။ (၇)ရက်ပြည့်၍ တောလိုက်ရာမှ ပြန်လာသော မုဆိုးကြီးသည် ထိုအကြောင်းကို သိလသော် ဥပကကို လူဝတ်လဲစေ၍ အိမ်သို့ခေါ်ကာ သ္မီးဆာဝါနှင့် ထိမ်းမြားလေသည်၊ ဥပကနှင့် ဆာဝါတို ပေါင်းသင်းနေထိုင်၍ သားတစ်ယောက် ဖွားမြင်၏၊ သားကို သုဘဒ္ဒဟု အမည်မှည့်၏။ ဆာဝါသည် သားငယ်ကလေး ငိုကြွေးသောအခါ “မံသဟာရကဿ ပုတ္တ = သားထမ်းသမား၏သား၊ မာ ရောဒိ = မငိုနဲ့” စသည်ဖြင့် ကလေးချော့လျက် ဥပကကို သရော်လေ၏။ ဥပက မခံချင်မှန်းသိသဖြင့် အကြိမ်ကြိမ် သရော်လေ၏၊ ထိုအခါ ဥပကသည် ဆာဝါ နှင့်အတူ ပေါင်းသင်းနေထိုင်လိုစိတ် မရှိတောသဖြင့် “ဧဟိ ကာဠ နိဝတ္တ (ကိုမဲ လာပါ ပြန်ခဲ့ပါ၊ ဘယ်ကိုမျှ မသွားပါနဲ့)” ဟု ဆာဝါက တားမြစ်သည်ကိုပင် မလိုက်လျောတော့ပဲ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်သို့ ထွက်ခွါသွားလေ၏၊ မြတ်စွာဘုရားသည် ဥပကကို ရဟန်းပြုပေး၍ ကမ္မဋ္ဌာန်းအားထုတ်စေရာ အနာဂါမိဖိုလ်၌ တည်၍ ကွယ်လွန်သောအခါ အဝိဟာဘုံ ဖြစ်၏။ ဥပကသည် ယင်းဘုံ၌ ဖြစ်လျင်ဖြစ်ချင်း အရဟတ္တဖိုလ်သို့ရောက်လေ၏။ (ဂ) ဥပကဒွန်းစဏ္ဍား ကထံ ဥပကစဏ္ဍာလံ ပဋိကုလေသု ဓမ္မေသု အပ္ပဋိကူလသညီ ဝိဟရတိ။ ပေဋကော။ ၂၉၅။ ကိုးကား ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%A5%E1%80%95%E1%80%80
မန္တလေးဓာတ်ရထား
မန္တလေးဓာတ်ရထား သည် လန်ဒန်မြို့၌ တည်ထောင်ခဲ့သော မန္တလေးလျှပ်စစ်ကုမ္ပဏီ (Mandalay Electric Company) က ပိုင်ဆိုင်ကာ ၁၉၀၂ ခုနှစ် အောက်တိုဘာလမှာ ပေါင် ၂၀၀၀,၀၀၀ မတည်ငွေဖြင့် စတင်လည်ပတ်ခဲ့သည်။ သမိုင်းကြောင်း ဒစ်၊ကယ်နှင့်ကုမ္ပဏီမှ တည်ဆောက်ရေးလုပ်ငန်းများကို ၁၉၀၂ ဒီဇင်ဘာလတွင် စတင်ခဲ့သည်။ ပပထမဆုံး ဓာတ်ရထားကို ၁၉၀၄ ဇွန် ၁၇ တွင် ဈေးချိုတော် မှ ဆိပ်ကမ်း ၊ တရားရုံးတော် နှင့် မဟာမုနိ ရုပ်ရှင်တော်ဘုရား များသို့ ပြေးဆွဲခဲ့သည်။ ဓာတ်ရထား ၂၄ စီးဖြင့် ပြေးဆွဲခဲ့သည်။ ခရီးသည်များ စီးနင်းနိုင်မည့် ခုံတန်းရှည်ပုံစံပါရထားများ ဖြစ်ကာ ပရက်စတန်, လန်ကာရှိုင်း မှ လျှပ်စစ်ရထားနှင့်ထရမ်းကားရထားလမ်းလုပ်ငန်းများ မှတည်ဆောက်ခဲ့သည်။ ရထားကိုယ်ထည်သည် အရှည် ၊ အမြင့် ရှိကာ ခရီးသည် ၄၈ ယောက် စီးနင်းနိုင်သည်။ Babcock & Wilcox ရေငွေ့သုံး ဓာတ်အားပေးရုံနှင့် လိုအပ်သောရုံးခန်းများ၊ ရပ်ဝန်းများနှင့် ပြင်ဆင်ရေးစက်ရုံများကို ၇၈ လမ်းတွင် တည်ဆောက်ခဲ့သည်။ ၁၉၄၂ ခုနှစ် ဧပြီ ၃ ရက်နေ့က လေကြောင်း တိုက်ခိုက်မှုအတွင်း ရထားလမ်းနှင့် ဓာတ်ကြိုးများ ပြင်းထန်စွာ ပျက်စီးခဲ့ပြီး နောက်ပိုင်း ဖျက်သိမ်းခံခဲ့ရသည်။ ကိုးကား မန္တလေး မြန်မာနိုင်ငံရှိ ရထားလမ်းများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%E1%80%93%E1%80%AC%E1%80%90%E1%80%BA%E1%80%9B%E1%80%91%E1%80%AC%E1%80%B8
ဟွန်မာနက်
ဟွန်မာနက်(, သည် ကမ္ဘောဒီးယားနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည်။ ဝန်ကြီးချုပ်မဖြစ်မီက ကမ္ဘောဒီးယားတော်ဝင်တပ်မတော်၏ ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်ကာ ကြည်းတပ်၏ စစ်ဦးစီးချုပ်ဖြစ်သည်။ ၎င်း၏ဖခင်သည် ကမ္ဘောဒီးယားနိုင်ငံကို နှစ်(၄၀)​နီးပါး အုပ်ချုပ်ခဲ့သော ဝန်ကြီးချုပ် ဟွန်ဆန် ဖြစ်သည်။ သူသည် ဟွန်ဆန်၏ ဒုတိယအကြီးဆုံးသားဖြစ်သည်။ အစောပိုင်းဘဝနှင့်ပညာရေး ဟွန်မာနက်ကို ၁၉၇၇ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့တွင် ကမ်ပွန်ချန်ပြည်နယ်တွင် ဖွားမြင်ခဲ့သည်။ မာနက်သည် ဖနွမ်းပင်မြို့တွင် ကြီးပြင်းခဲ့ပြီး ပညာသင်ယူခဲ့သည်။ ၁၉၉၅ခုနှစ်တွင် ကမ္ဘောဒီးယားတော်ဝင်တပ်မတော်သို့ ဝင်ရောက်ခဲ့သည်။ ထိုနှစ်တွင်ပင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ရှိ အမေရိကန်စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ကာ ၁၉၉၉ခုနှစ်တွင် ဒီပလိုမာရရှိခဲ့သည်။ ထို့နောက် စီးပွားရေးဘာသာဖြင့် ဘွဲ့ရရှိခဲ့သည်။ ၂၀၀၂ခုနှစ်တွင် နယူးယောက်တက္ကသိုလ်မှ ဘွဲ့လွန်ဘွဲ့ကိုလည်းကောင်း၊ ၂၀၀၉ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ ဘရစ်စတွန်တက္ကသိုလ်မှ ပါရဂူဘွဲ့ကိုလည်းကောင်း ရရှိခဲ့သည်။ စစ်မှုထမ်းခြင်း ဟွန်မာနက်သည် ၁၉၉၅တွင် စစ်တပ်သို့ ဝင်ရောက်ခဲ့ပြီး ထိုနှစ်တွင်ပင် အမေရိကန်သို့ ပညာသွားသင်ခဲ့သည်။ တော်ဝင်ကြည်းတပ်၏ ဒုတိယစစ်ဦးစီးချုပ်နှင့် တော်ဝင်တပ်မတော်၏ ဒုတိယညှိနှိုင်းကွပ်ကဲရေးမှူး ဖြစ်လာပြီး လပိုင်းအကြာ ၂၀၁၁ခုနှစ်တွင် ဗိုလ်ချုပ်ရာထူး ရရှိခဲ့သည်။ ၂၀၁၃ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။ ၂၀၁၈ခုနှစ်တွင် ကြယ်လေးပွင့်အဆင့်ရှိဗိုလ်ချုပ်ကြီးရာထူးဖြင့် တော်ဝင်တပ်မတော်၏ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။ ၂၀၁၈ခုနှစ် ဇွန် ၃၀ရက်နေ့တွင် ရွေးကောက်ပွဲမတိုင်မီ ဖခင်ဖြစ်သူ ဟွန်ဆန်က သားဖြစ်သူကို တပ်မတော်ထိပ်ပိုင်းရာထူးသို့ ခန့်ခဲ့ခြင်းဖြစ်သည်။ ဟွန်ဆန်က ၎င်းအနေဖြင့် နိုင်ငံရေးမှအနားယူခဲ့ခြင်း သို့မဟုတ် သေဆုံးခဲ့ပါက ဟွန်မာနက်ကို နိုင်ငံရေးရာထူး လွှဲအပ်နိုင်ရန် ရည်ရွယ်ခဲ့သည်။ ဟွန်ဆန်က ဟွန်မာနက်ကို အနာဂတ်အတွက် အလားအလာရှိသောခေါင်းဆောင်ဟု ပြောခဲ့သည်။ ၂၀၂၃ခုနှစ် ဧပြီ ၂၀ရက်နေ့တွင် ဗိုလ်ချုပ်ကြီးအဖြစ် တရားဝင် ရာထူးတိုးခြင်းခံခဲ့ရသည်။ နိုင်ငံရေးတာဝန် ၂၀၂၁ခုနှစ် ဒီဇင်ဘာလတွင် ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟွန်ဆန်က သားဖြစ်သူ ဟွန်မာနက်အား ၎င်း၏နေရာကို ဆက်ခံရန်လျာထားကြောင်း ပထမဆုံးကြေညာခဲ့သည်။ ဟွန်မာနက်သည် ဝန်ကြီးချုပ်ရာထူးကို စိတ်အားထက်သန်ကြောင်း မည်သည့်အခါကမှ လူသိရှင်ကြား မထုတ်ဖော်ခဲ့သော်လည်း ဝန်ကြီးများ၊ ပါတီဝင်များ၏ ထောက်ခံမှု ရခဲ့သည်။ သို့သော်လည်း ဟွန်ဆန်က ၂၀၂၈ရွေးကောက်ပွဲမတိုင်မီအထိ ဆက်ခံမည်မဟုတ်ကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။ ၂၀၂၃ရွေးကောက်ပွဲတွင် ဟွန်မာနက်သည် ပထမအဆင့်လွှတ်တော်အမတ်နေရာအတွက် ရွေးကောက်ခံခဲ့ရသည်။ ထိုနေရာသည် ဝန်ကြီးချုပ်လောင်း ဖြစ်ခွင့်ရှိသည်။ စီပီပီပါတီသည် အနိုင်ရခဲ့ပြီး သုံးရက်အကြာတွင် ဝန်ကြီးချုပ်ဟွန်ဆန်က ၎င်းအနေဖြင့် အနားယူမည်ဖြစ်ပြီး သားဖြစ်သူမှာ ဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်ကြောင်း ရုတ်တရက် ကြေညာခဲ့သည်။ ထိုကြေညာချက်ကို နိုင်ငံတကာက ဝေဖန်ခဲ့ကြပြီး ထိန်းချုပ်ထားသော ရွေးကောက်ပွဲများ၊ အတိုက်အခံပါတီနှင့် အတိုက်အခံခေါင်းဆောင်အား နှိပ်ကွပ်ဖမ်းဆီးခြင်းတို့ကို ဝေဖန်ခဲ့ကြသည်။ ၂၀၂၃ခုနှစ် ဩဂုတ်လ (၇)ရက်နေ့တွင် ဘုရင် နိုရိုဒွန် သီဟမုနိက ဟွန်မာနက်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း တရားဝင်အမိန့်ထုတ်ပြန်ခဲ့သည်။ ဩဂုတ်လ (၂၂)ရက်နေ့တွင် အစိုးရအဖွဲ့အသစ် စတင်တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ဟွန်မာနက်၏အစိုးရအဖွဲ့တွင် လူငယ်များ ပါဝင်လာ​သော်လည်း ၎င်းတို့သည် အနားယူကြမည့် ဝန်ကြီးများနှင့် ​ခေါင်း​ဆောင်များ၏ သားသမီးများ၊ ​ဆွေမျိုးသားချင်းများ ဖြစ်ကြသည်။ဟွန်ဆန်၏အငယ်ဆုံးသား ဟွန်မာနီသည်လည်း ဝန်ကြီးဖြစ်လာခဲ့သည်။ ဟွန်မာနက်သည် ဝန်ကြီးချုပ်ဖြစ်ပြီး နှစ်ပတ်အကြာတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ ကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အာဆီယံနှင့် မိတ်ဖက်နိုင်ငံတကာခေါင်းဆောင်များကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။ သူသည် ဝန်ကြီးချုပ်ဖြစ်ပြီး တစ်လအတွင်း အာဆီယံထိပ်သီးအစည်းအ​ဝေး၊ တရုတ်နိုင်ငံသို့ နိုင်ငံ​တော်အဆင့်ခရီးစဉ်၊ ကုလသမဂ္ဂ အ​ထွေ​ထွေညီလာခံများသို့ သွား​ရောက်ရမည်ဖြစ်သည်။ အာဆီယံထိပ်သီးအစည်းအဝေးအပြီးတွင် ဟွန်ဆန်က ၎င်း၏သားသည် ဝန်ကြီးချုပ်အဖြစ် ပြည်တွင်းရောပြည်ပမှာပါ မျှော်မှန်းထားသည်ထက် ပို၍ကောင်းမွန်စွာလုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံနှင့် ဆက်စပ်နိုင်ငံများမှ ခေါင်းဆောင်များ၊ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်၊ စက်တင်ဘာလနှောင်းပိုင်းတွင် ကျင်းပမည့် ကုလသမဂ္ဂညီလာခံအတွက် ပြင်ဆင်နေမှုများကို အားရကြောင်း ပြောကြားခဲ့သည်။ ပုဂ္ဂိုလ်ရေးဘဝ ဟွန်မာနက်သည် ပစ်ချ် ချာမိုနီနှင့် လက်ထပ်ခဲ့သည်။ ကိုးကား သက်ရှိထင်ရှားပုဂ္ဂိုလ်များ ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ်များ
https://my.wikipedia.org/wiki/%E1%80%9F%E1%80%BD%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%80%E1%80%BA
အောင်ကြည်ညွန့်
ဦးအောင်ကြည်ညွန့် သည် မကွေးတိုင်းဒေသကြီး၊ အမှတ် (၆) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမတ် ဖြစ်သည်။ လက်ရှိတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်ပြီး ကြားကာလ ပြည်ထောင်စုလွှတ်တော်၏ ဥက္ကဋ္ဌ ဟုလည်း ယူဆလို့ရသည်။ ကိုးကား အမျိုးသားလွှတ်တော်အမတ်များ မွေးဖွားခုနှစ် မသိရှိရသူများ (သက်ရှိထင်ရှားပုဂ္ဂိုလ်များ) သက်ရှိထင်ရှားပုဂ္ဂိုလ်များ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%8A%E1%80%BA%E1%80%8A%E1%80%BD%E1%80%94%E1%80%B7%E1%80%BA
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်သည် ၂၀၁၆ ခုနှစ် ​ဖေ​ဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ ကျင်းပခဲ့​သော အမျိုးသားလွှတ်​တော်သက်တမ်းဖြစ်သည်။ ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။ ထို​နေ့တွင် စတင်ကျင်းပရန် ဇန်နဝါရီ ၆ ရက်တွင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့သည်။ ရွေးကောက်ခံ လွှတ်တော်အမတ်များ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှ ‌ရွေးကောက်ခံ လွှတ်တော်အမတ်များ စာရင်း စုစုပေါင်း ကိုးကား အမျိုးသားလွှတ်တော်
https://my.wikipedia.org/wiki/%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%20%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%9C%E1%80%BD%E1%80%BE%E1%80%90%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
ဆေထာ ထဝီဆင်
ဆေထာ ထဝီဆင်(, ) သည် ထိုင်းနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ်ဖြစ်သည်။ ၎င်းသည် ဝန်ကြီးချုပ်ဖြစ်မလာမီက အိမ်ခြံမြေသူဌေးတစ်ဦးဖြစ်သည်။ ထိုင်းနိုင်ငံတွင် ၂၀၁၄ခုနှစ်၌ တပ်မတော်မှအာဏာသိမ်းယူပြီး ဝန်ကြီးချုပ်ဖြစ်လာသော ပရာယွတ်ချန်အိုချာသည် ၂၀၂၃ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် နိုင်ငံရေးမှ အနားယူခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်အသစ်ရွေးချယ်ခြင်း အရှုပ်များကြားမှ ဆေထာထဝီဆင်သည် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ သူသည် ထိုင်းနိုင်ငံတွင် အကြီးမားဆုံးသော အိမ်ခြံမြေကုမ္ပဏီဖြစ်လာမည့် Sansiri ကုမ္ပဏီကို ၁၉၈၈ခုနှစ်၌ ပူးတွဲတည်ထောင်ခဲ့သည်။ သူသည် ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ယုံကြည်စိတ်ချရသူလည်းဖြစ်သည်။ ဘဝအစနှင့် ပညာရေး ထဝီဆင်ကို ၁၉၆၂ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် ဘန်ကောက်မြို့ရှိ ကြွယ်ဝချမ်းသာသော မိသားစုတွင် မွေးဖွားခဲ့သည်။ တစ်ဦးတည်းသောသားဖြစ်သည်။ ထဝီဆင်သည် ထိုင်းနိုင်ငံတွင် ကြွယ်ဝချမ်းသာသော တရုတ်-ထိုင်းအနွယ် လူချမ်းသာမိသားစု (၅)စုနှင့် သွေးချင်းဆက်စပ်သည်။ ဘန်ကောက်မြို့တွင် အခြေခံပညာ သင်ယူခဲ့ပြီး ချုလာလောင်ကွန်းတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာဘွဲ့ ရရှိခဲ့သည်။ ထို့နောက် အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက် စက်မှုတက္ကသိုလ်မှ စီးပွားရေးဘွဲ့ ရရှိခဲ့သည်။ ထို့နောက် ကယ်လီဖိုးနီးယားပြည်နယ် Claremont Graduate University မှ အမ်ဘီအေဘွဲ့ ရရှိခဲ့သည်။ စီးပွားရေးသမားဘဝ ၁၉၈၆ခုနှစ်တွင် ဘွဲ့ရခဲ့ပြီးနောက် အမေရိကန်ကုမ္ပဏီတစ်ခုတွင် လက်ထောက်မန်နေဂျာ ဖြစ်ခဲ့သည်။ ၁၉၈၈ခုနှစ်တွင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီဖြစ်သော Sansiri ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့သည်။ ၎င်း၏ဦးဆောင်မှုအောက်တွင် ကုမ္ပဏီသည် ကြီးထွားလာခဲ့သည်။ ၎င်း၏ကုမ္ပဏီသည် ကိုဗစ် ၁၉ ရောဂါကာလမှာပင် ဆက်လက်လည်ပတ်နေခဲ့သည်။ ၂၀၂၀ပြည့်နှစ်တွင် ထိုင်းနိုင်ငံသမိုင်းတွင် အကြီးမားဆုံးသော မြေဝယ်ယူမှုကို ပြုလုပ်ခဲ့သည်။ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲဥပဒေအရ ၂၀၂၃ခုနှသ်တွင် သူသည် သူ၏ရှယ်ယာများကို သမီးဖြစ်သူထံ လွှဲပေးခဲ့သည်။ နိုင်ငံရေးသမားဘဝ ၂၀၂၃ ရွေးကောက်ပွဲ ဆေထာ ထဝီဆင်သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်မောင်နှမဖြစ်သော သက်ဆင်၊ ယင်လပ်တို့နှင့် အလွန်ရင်းနှီးသည်။ ၂၀၂၂ခုနှစ် နိုဝင်ဘာလတွင် ထဝီဆင်က ၎င်းအနေဖြင့် ၂၀၂၃ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သည်။ ၂၀၂၃ခုနှစ် ဧပြီလ (၅)ရက်နေ့တွင် ထဝီဆင်သည် ဖွေ့ထိုင်းပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ် သက်ဆင်၏သမီးဖြစ်သော ပေထုံတန်နှင့်အတူ ရွေးချယ်ခံခဲ့ရသည်။ မေလ ရွေးကောက်ပွဲအပြီးတွင် ဖွေ့ထိုင်းပါတီသည် ရှေ့သို့ချီပါတီပြီးနောက် ဒုတိယအများဆုံး အနိုင်ရခဲ့သည်။ ၂၀၁၄ခုနှစ်ကတည်းက ဝန်ကြီးချုပ်ဖြစ်လာသော ပရာယွတ်ချန်အိုချာသည် နိုင်ငံရေးမှအနားယူပြီဟု ကြေညာခဲ့သည်။ အနိုင်ရအတိုက်အခံပါတီများသည် ပေါင်းစည်းပြီး ညွန့်ပေါင်းဖွဲ့ခဲ့ကြသည်။ လွှတ်တော်တွင် ရှေ့သို့ချီပါတီ၏ ခေါင်းဆောင် ပီတာအား ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းသော်လည်း ရှုံးနိမ့်ခဲ့သည်။ ထို့နောက် ပီတာသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဆိုင်းငံ့ခံခဲ့ရပြီး ရှေ့သိုပြာတီက ဝန်ကြီးချုပ်လောင်းနေရာအား ဖွေ့ထိုင်းပါတီသို့ နေရာပေးခဲ့သည်။ ဩဂုတ်လတွင် ထဝီဆင်သည် ထိုင်းနိုင်ငံ၏ အယောက် (၃၀)မြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ဝန်ကြီးချုပ်ဖြစ်လာခြင်း ၂၀၂၃ခုနှစ် ဩဂုတ်လ ၂၂ရက်နေ့တွင် ပါလီမန်က ဆေထာ ထဝီဆင်ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်အတည်ပြုခဲ့သည်။ ၂၃ရက်နေ့တွင် ဘုရင်လောင်ကွန်းက ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာလ (၅)ရက်နေ့တွင် ဆာထာ ထဝီဆင်နှင့် အစိုးရအဖွဲ့သည် ဘန်ကောက်မြို့ရှိ ဒူဆစ်နန်းတော်တွင် ဘုရင်၏ရှေ့မှောက်၌ ကျမ်းသစ္စာဆိုခဲ့ကြသည်။ ၎င်းသည် ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးတာဝန်ကို ပူးတွဲတာဝန်ယူထားပြီး အစိုးရအဖွဲ့တွင် နိုင်ငံရေးပါတီ (၆)ခုမှ ဝန်ကြီး (၃၄)ယောက်ပါဝင်သည်။ ကိုးကား ထိုင်းနိုင်ငံ ဝန်ကြီးချုပ်များ ၁၉၆၂ မွေးဖွားသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ
https://my.wikipedia.org/wiki/%E1%80%86%E1%80%B1%E1%80%91%E1%80%AC%20%E1%80%91%E1%80%9D%E1%80%AE%E1%80%86%E1%80%84%E1%80%BA
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့်ရှိ ကော်မတီဖြစ်သည်။ကော်မတီသည် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးရသည့် လုပ်ငန်းအား အဓိက ဆောင်ရွက်သည်။ကော်မတီကို ဗိုလ်ချုပ်ကြီး မြထွန်းဦး က ဦးဆောင်သည်။ သမိုင်းကြောင်း စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဂယက်ကြောင့် နိုင်ငံအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း များ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးထက် အဆမတန် မြင့်တက်သွားခဲ့၍ ကုစားနိုင်ရန် ဖွဲ့စည်းခြင်းဖြစ်သည်။၂၀၂၂ ခုနှစ် ဧပြီ ၄ရက်တွင် စတင်ဖွဲ့စည်းသည်။ ကော်မတီ(၂၀၂၂-လက်ရှိ) လုပ်ငန်းတာဝန်များ နိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများက လိုအပ်သည့် စက်ပစ္စည်းများ၊ လုပ်ငန်းသုံးယာဉ်ယန္တရားများ၊ ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သည့် အသုံးအဆောင်များနှင့် ကုန်ကြမ်းပစ္စည်းများစသည်တို့ တင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊ ပြည်သူအများ စားဝတ်နေရေးအတွက် လိုအပ်သည့် စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပြည်တွင်း၌ဝယ်ယူရရှိနိုင်ခြင်းမရှိသည့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ အစရှိသည်တို့ ဝယ်ယူတင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊ နိုင်ငံသားများ လူမှုရေးကိစ္စအလို့ငှာ ပြည်ပသို့သွားရောက်ဆေးဝါးကုသခြင်း၊ ပညာရေးကိစ္စများအတွက် သွားရောက်ခြင်းနှင့် ဘာသာရေးကိစ္စများအတွက် သွားရောက်ခြင်း စသည်တို့အတွက် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊ အထွေထွေဆိုင်ရာပစ္စည်းများ ပြည်ပမှတင်သွင်းခြင်း၊ ပြည်ပသို့ချေးငွေနှင့် အတိုးများပြန်လည်ပေးဆပ်ခြင်း၊ ဝန်ဆောင်ခများပေးချေခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အမြတ်ငွေများ ပြန်လည်လွှဲပို့ခြင်းစသည့် ကိစ္စများတွင် အသုံးပြုရန် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊ လူမှုအသုံးအဆောင် ဇိမ်ခံပစ္စည်းများ တင်သွင်းမှုအတွက် မဖြစ်မနေတင်သွင်းရန် လိုအပ်မှုအပေါ် နိုင်ငံခြားသုံးငွေစိစစ်ခွင့်ပြုပေးခြင်း၊ နိုင်ငံအတွင်းရှိ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေးအပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများအတွက် နိုင်ငံခြားသုံးငွေ လည်ပတ်မှုဆိုင်ရာကိစ္စရပ်များအား ကြီးကြပ်ကွပ်ကဲခြင်း။ ကိုးကား မြန်မာနိုင်ငံ၏ နိုင်ငံရေး မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့အစည်းများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%81%E1%80%BC%E1%80%AC%E1%80%B8%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%84%E1%80%BD%E1%80%B1%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%80%E1%80%BC%E1%80%95%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%80%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%90%E1%80%AE
စောမြရာဇာလင်း
ဒေါ်စာမြေရာဇာလင်း သည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်ပြီး ၂၀၂၃ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ပါတီဥက္ကဋ္ဌတာဝန်ကို ရယူလိုက်ပြီး ပါတီကို ပြန်လည်ဖွဲ့စည်းသည်။ ဒေါ်စောမြရာဇာလင်းသည် သူ့သဘောနှင့်သူ ပါတီကို ပြန်လည်ဖွဲ့စည်းခြင်းဖြစ်သည်ဟု ပါတီအတွင်းရေးမှူး ခိုင်ကျော်ခိုင်က ဆိုသည်။ ဒေါ်စောမြရာဇာလင်းသည် ပါတီစည်း မျဉ်းစည်းကမ်းများအား ချိုးဖောက်ခြင်းကြောင့် ပါတီမှ ယာယီ ထုတ်ပယ်ကြောင်း မတ်လ ၂၁ ရက်နေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ထုတ်ပြန်ခဲ့သည်။ ကိုးကား မြန်မာ့နိုင်ငံရေးသမားများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မွေးဖွားခုနှစ် မသိရှိရသူများ (သက်ရှိထင်ရှားပုဂ္ဂိုလ်များ)
https://my.wikipedia.org/wiki/%E1%80%85%E1%80%B1%E1%80%AC%E1%80%99%E1%80%BC%E1%80%9B%E1%80%AC%E1%80%87%E1%80%AC%E1%80%9C%E1%80%84%E1%80%BA%E1%80%B8
ဇီးကုန်းမြို့၊ ကန့်ဘလူမြို့နယ်
ဇီးကုန်းမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် အတွင်း တည်ရှိသည်။ ရွှေဘို-မြစ်ကြီးနား ကားလမ်း၏ အနောက်ဘက် (၅)မိုင်အကွာတွင်တည်ရှိသည်။ မြို့အဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးရုံး၊ တိုက်နယ်ပြည်သူ့ဆေးရုံ၊ အထကနှင့်အမက ကျောင်းများလဲတည်ရှိသည်။ ရှေးယခင် ရထားလမ်းဖောက်လုပ်ကတည်းက ယနေ့တိုင် ထန်းတပင်ဘူတာ တည်ရှိသည်။ ‌မြေဒူးမြို့မှသည် ရွှေဘိုမြို့ရှိ မဟာနန္ဒာကန်အထိ မူးမြစ်လည်း တည်ရှသည်။ ဇီးကုန်းမြို့တွင် စည်ပင်သာယာဈေးလည်းရှိသည်။ ဇီးကုန်းမြို့ကို ရန်ကြီးအောင်၊ ရန်နိုင်အေး၊ အောင်သိဒ္ဓိ၊ ချမ်း‌အေးသာယာ၊ နဂါး‌ပေါ်၊ လက်ဆည် ဟူ၍ ရပ်ကွက်ကြီး (၆)ခုဖြင့် ဖွဲ့စည်းထားသည်။ အရှေ့ဘက်တွင် မြန်မာသက္ကရာဇ် (၉၉၉) ခုနှစ်ကတည်ခဲ့သော ထန်းတပင်မြို့ဟောင်းတည်ရှိသည်။ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%87%E1%80%AE%E1%80%B8%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%81%8A%20%E1%80%80%E1%80%94%E1%80%B7%E1%80%BA%E1%80%98%E1%80%9C%E1%80%B0%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များစာရင်း
ပထမအကြိမ် အမျိုးသားလွှတ်တော် ၂၀၁၀ ခုနှစ် အထွေအထွေရွေးကောက်ပွဲ ၂၀၁၀ ခုနှစ် အထွေအထွေရွေးကောက်ပွဲရလဒ်အရ ရန်ကုန်တိုင်းဒေသကြီး၏ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ လစ်လပ်သော အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ မရှိပါ။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ၂၀၁၅ ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲ ရလဒ်အရ ရန်ကုန်တိုင်းဒေသကြီး၏ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ လစ်လပ်သော အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ မရှိပါ။ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ လစ်လပ်သော အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ မရှိပါ။ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ မဲဆန္ဒနယ်အပြောင်းအလဲ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲ၏ မဲဆန္ဒနယ်သတ်မှတ်ချက်တွင် အပြောင်းအလဲများရှိသည်။ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ရှိ လှိုင်သာယာမြို့နယ်ကို အရှေ့ပိုင်းနှင့် အနောက်ပိုင်း မြို့နယ် (၂)ခုအဖြစ် ခွဲခြားပြီးနောက်၊ ယခင် မဲဆန္ဒနယ် အမှတ်(၁၁) မှ အမှတ်(၄) သို့ ပြောင်းထားသည်။ ဆိပ်ကမ်းမြို့နယ်ကို နှစ်ပိုင်းခွဲ၍ လမ်းမတော်နှင့် ဗိုလ်တထောင်မြို့နယ်သို့ ထည့်သွင်းလိုက်သည်။ ကိုးကား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BE%20%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%9C%E1%80%BD%E1%80%BE%E1%80%90%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%BA%E1%80%85%E1%80%AC%E1%80%B8%E1%80%9C%E1%80%BE%E1%80%9A%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%85%E1%80%AC%E1%80%9B%E1%80%84%E1%80%BA%E1%80%B8
ခိုင်ရဲခိုင်
ခိုင်ရဲခိုင် သည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ၏ ဥက္ကဋ္ဌ တစ်ဦး ဖြစ်သည်။ ၁၉၇၄ ခုနှစ် ဇွန်လ ၁ ရက်နေ့ ကရင်ပြည်နယ်တွင် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် ကို ခိုင်မိုးလင်းက ဦးဆောင်တည်ထောင်ခဲ့ပြီး စစ်ဦးစီးချုပ်နှင့် ဥက္ကဋ္ဌ တာဝန်တို့ကိုယူခဲ့ကာ ခိုင်ရဲခိုင် က ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၇၆ ခုနှစ် ဇွန်လနောက်ဆုံးအပတ်တွင် ခိုင်မိုးလင်း၊ ခိုင်ဘကျော်၊ ခိုင်ရဲခိုင်နှင့် ခိုင်နီလင်းတို့ဦးဆောင်ပြီး အင်အား (၁၂၀)ကျော်တို့က "မိုးလင်းရာဇာစစ်ကြောင်း" ဟုအမည်ပေးကာ ကရင်ပြည်နယ်မှ ရခိုင်ပြည်နယ်သို့ ခရီးထွက်ရာတွင် ကရင်ပြည်၊ ကရင်နီပြည်၊ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းမြောက်၊ ကချင်၊ ချင်းတွင်းမြစ်၊ နာဂတောင်တန်း စသည့်တောတောင်အထပ်ထပ်ကို ဖြတ်ကျော်ခဲ့ပြီးနောက် ၁၉၇၇ ခုနှစ် ဖေဖော်ဝါရီလတွင် ချင်းပြည်သို့ ရောက်ရှိခဲ့သည်။ မဆလအစိုးရက "မြရတနာစစ်ဆင်ရေး"ဖြင့် ဖြိုခွင်းခဲ့ရာ ၁၉၇၇ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ခိုင်ရဲခိုင် အပါအဝင် ၅၂ ဦး ဖမ်းဆီးခံခဲ့ရသည်။ နိုင်ငံတော်ပုန်ကန်မှုဖြင့် ခိုင်ရဲခိုင်အပါအဝင် ၇ ဦးအား သေဒဏ်ချမှတ်ခံခဲ့ရသည်။ ၁၉၈၃ ဦးနေဝင်း လက်ထက် သံဃဂိုဏ်းပေါင်းစုံဖွဲ့စည်းခြင်းအောင်မြင်မှု အထိမ်းအမှတ်အဖြစ် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ကိုးကား သက်ရှိထင်ရှားပုဂ္ဂိုလ်များ မွေးဖွားခုနှစ် မသိရှိရသူများ (သက်ရှိထင်ရှားပုဂ္ဂိုလ်များ) မြန်မာ့နိုင်ငံရေးသမားများ ရခိုင် တိုင်းရင်းသားများ
https://my.wikipedia.org/wiki/%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%B2%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ သည် မြန်မာနိုင်ငံ၏ ဥပဒေပြုရေး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များမှ ရန်ကုန်တိုင်းဒေသကြီးအတွက် သတ်မှတ်ထားသော မဲဆန္ဒနယ်များ ဖြစ်သည်။ မဲဆန္ဒနယ် အမှတ် ၁ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်စသဖြင့် မြို့နယ်ပေါင်း သုံးခု ပါဝင်သည်။ အနိုင်ရ ကိုယ်စားလှယ်မှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ဒေါ်ခင်ဝိုင်းကြည် ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်စသဖြင့် မြို့နယ်ပေါင်း သုံးခု ပါဝင်သည်။ အနိုင်ရ ကိုယ်စားလှယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဒေါက်တာဌေးကြွယ် ဖြစ်သည်။ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)တွင် တိုက်ကြီးမြို့နယ်နှင့် လှည်းကူးမြို့နယ်ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ ယခင်ရွေးကောက်ပွဲမှ နယ်မြေကို ပြင်ဆင်သတ်မှတ်လိုက်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၂/၂၀၂၁)အရ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲရလဒ်များ ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်။ မဲဆန္ဒနယ် အမှတ် ၂ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် သာကေတမြို့နယ်စသဖြင့် မြို့နယ်ပေါင်း သုံးခု ပါဝင်သည်။ အနိုင်ရ ကိုယ်စားလှယ်မှာ ပြည်ထောင်စုပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဦးညွန့်တင် ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် နှစ်ခု ပါဝင်သည်။ ယခင်က သာကေတမြို့နယ် ပါဝင်ခဲ့သော်လည်း မဲဆန္ဒနယ်အမှတ် (၄) သို့ ပြောင်းလဲသတ်မှတ်လိုက်သည်။ အနိုင်ရ ကိုယ်စားလှယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးဌေးဦး ဖြစ်သည်။ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)တွင် ထန်းတပင်မြို့နယ်၊ မှော်ဘီမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ဖြင့် ပြောင်းလဲဖွဲ့စည်းထားသည်။ ယခင် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ဤမြို့နယ်သုံးခုကို မဲဆန္ဒနယ်အမှတ်(၉) အဖြစ် သတ်မှတ်ထားခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၂/၂၀၂၁)အရ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲရလဒ်များ ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်။ မဲဆန္ဒနယ် အမှတ် ၃ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)တွင် တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်စသဖြင့် မြို့နယ်ပေါင်း သုံးခု ပါဝင်သည်။ အနိုင်ရ ကိုယ်စားလှယ်မှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ဦးဖုန်းမြင့်အောင် ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၃)တွင် တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်တို့ဖြင့် မြို့နယ်ပေါင်း (၄)ခု ဖွဲ့စည်းထားသည်။ ယခင် ၂၀၁၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် မြို့နယ် (၃)ခုသာ ရှိခဲ့ပြီး၊ တာမွေမြို့နယ်ကို မဲဆန္ဒနယ်အမှတ်(၄) မှ အမှတ်(၃) သို့ တိုးချဲ့ဖွဲ့စည်းလိုက်သည်။ အနိုင်ရ ကိုယ်စားလှယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဒေါက်တာမြတ်ညဏစိုး ဖြစ်သည်။ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၃)တွင် မင်္ဂလာဒုံမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ဖြင့် ဖွဲ့စည်းထားသည်။ ယင်းမြို့နယ်နှစ်ခုသည် မဲဆန္ဒနယ်အမှတ် (၁၀)၏ သတ်မှတ်နယ်မြေ ဖြစ်ခဲ့သည် ယခင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲက သတ်မှတ်ခဲ့သော တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်တို့ကို မဲဆန္ဒနယ်အမှတ်(၅) သို့ ရွေ့ပြောင်း ဖွဲ့စည်းလိုက်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၂/၂၀၂၁)အရ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်များ ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်။ မဲဆန္ဒနယ် အမှတ် ၄ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၄)တွင် တာမွေမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒေါပုံမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်စသဖြင့် မြို့နယ်ပေါင်း ငါးခု ပါဝင်သည်။ အနိုင်ရ ကိုယ်စားလှယ်မှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ဒေါက်တာမြတ်ညဏစိုး ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၄)တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်တို့ဖြင့် မြို့နယ်ပေါင်း (၅)ခု ဖွဲ့စည်းထားသည်။ ယခင် ၂၀၁၀ ခုနှစ်အထွေထွေရွေးကောက်ပွဲမှ တာမွေမြို့နယ်အစား သာကေတမြို့နယ်ကို ပေါင်းထည့်လိုက်ပြီး တာမွေမြို့နယ်ကို မဲဆန္ဒနယ်အမှတ်(၄) မှ အမှတ်(၃) သို့ ပြောင်းလဲ ဖွဲ့စည်းလိုက်သည်။ အနိုင်ရ ကိုယ်စားလှယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးသန်းစိုး(ခ)သန်းစိုး (ဘောဂဗေဒ) ဖြစ်သည်။ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၄)တွင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တို့ဖြင့် ဖွဲ့စည်းထားသည်။ မဲဆန္ဒနယ်အမှတ်(၄) ဖြစ်ခဲ့သော မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်အုပ်စုကို မဲဆန္ဒနယ်အမှတ်(၈) သို့ ရွေ့ပြောင်း စည်းလိုက်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၂/၂၀၂၁)အရ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်များ ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်။ ကိုးကား ဆက်လက်ဖတ်ရှုရန် မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅ တွင် အနိုင်ရရှိသူများ စာရင်း မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲ၊ ၂၀၂၀ တွင် အနိုင်ရရှိသူများ စာရင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%20%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%9C%E1%80%BD%E1%80%BE%E1%80%90%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%20%E1%80%99%E1%80%B2%E1%80%86%E1%80%94%E1%80%B9%E1%80%92%E1%80%94%E1%80%9A%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
မြင့်နောင်
ဦးမြင့်နောင် (၁၉၆၀ ဖွား) သည် အလုပ်သမားဝန်ကြီးဌာန၏ ၃၆ဦးမြောက်ဝန်ကြီး ဖြစ်သည်။ ထိုတာဝန်ကို ၂၀၂၃ ဩဂုတ်၃ ရက်တွင် စတင်ထမ်းဆောင်သည်။သူသည် ယခင်က တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်အထိတာဝန်ထမ်းခဲ့ပြီး သံအမတ်ကြီးအဖြစ်လည်း ဆယ်စုနှစ်တစ်ခု ထမ်းဆောင်ခဲ့သူဖြစ်သည်။ တပ်မတော်သားဘဝ သူသည် စစ်တက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်သည်။တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်အထိတာဝန်ထမ်းဆောင်ခဲ့သည်။တပ်မတော်အစိုးရလက်ထက် တပ်မတော်သားအဖြစ်တာဝန်ထမ်းဆောင်စဉ် ကရင်ပြည်နယ် စစ်ဆင်ရေး အတွင်း ဒေသခံများ အိုးအိမ်ထွက်ပြေး စွန့်ခွာစေသည့် အမှုတွင် တာဝန်ရှိသူတဦးဟု KHRD(Karen Human Rights Group)က စွပ်စွဲသည်။ သူ့ကို တောင်အာဖရိက အခြေစိုက် Mail and Guardian သတင်းစာက ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအပေါ် ပါဝင်နှိမ်နင်းခဲ့သူတစ်ဦးဟု ၂၀၁၁ ခုနှစ်က ဖော်ညွှန်းသည်။ သံအမတ်ကြီးဘဝ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် တပ်မတော်မှ ဗိုလ်မှူးချုပ်အဆင့်ဖြင့် အငြိမ်းစားယူပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သံအမတ်ကြီးရာထူးနှင့် ၂၀၁၁ ခုနှစ်တွင် ကူးပြောင်းသည်။ထိုနှစ်ထဲမှာပင် တောင်အာဖရိကဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်ခန့်အပ်ခံရသည်။ ယင်းနောက် အီတလီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် နောက်ဆုံးတာဝန်ထမ်းဆောင်ကာ ၂၀၂၀ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ပြောင်းရွှေ့လာပြီး သက်ပြည့်အငြိမ်းစားယူသည်။ ကန့်ကွက်ခံရမှုများ တောင်အာဖရိကနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ခန့်အပ်ခံရစဉ် ၎င်း၏ လူ့အခွင့်အရေး ချိုးဖောက်မှု နောက်ကြောင်းများ စုံစမ်းဖော်ထုတ်ပေးရန် အရပ်ဘက်လူမှုအဖွဲ့အစည်းများအပါအဝင် တောင်အာဖရိကနိုင်ငံ အတိုက်အခံပါတီ တို့က တောင်းဆိုခြင်းပြုခဲ့ကြသည်။သံအမတ်ကြီးအဖြစ် လက်မခံရန်လည်း ကန့်ကွက်မှုလည်း ကြုံခဲ့ရသည်။ အလုပ်သမားဝန်ကြီးဖြစ်လာပုံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအား အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ၂၀၂၃ ဩဂုတ် ၃ရက်တွင် ခန့်အပ်သည်။ ရရှိသည့်ဘွဲ့များ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ဝဏ္ဏကျော်ထင်ဘွဲ့ အပ်နှင်းသည်။ ကိုးကား မြန်မာနိုင်ငံ ဝန်ကြီးများ မြန်မာ စစ်ဖက်ဆိုင်ရာ လူပုဂ္ဂိုလ်များ မြန်မာ သံအမတ်ကြီးများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%84%E1%80%B7%E1%80%BA%E1%80%94%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
ခြံ(မြေ)၊
ခြံ သည် အဆောက်အဦ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အဆောက်အအုံနှင့် ချက်ချင်းကပ်လျက် မြေဧရိယာဖြစ်သည်။ အလုံပိတ် သို့မဟုတ် ဖွင့်နိုင်သည်။ စကားလုံးသည် ဥယျာဉ် ဟူသော စကားလုံးကဲ့သို့ တူညီသော ဘာသာစကား အရင်းမြစ်မှ ဆင်းသက်လာကာ တူညီသော အဓိပ္ပါယ်များစွာ ရှိသည်။ အများအားဖြင့် သီးခြားအသုံးပြုမှု သို့မဟုတ် တည်ဆောက်မှုအမျိုးအစားနှင့် ချိတ်ဆက်ထားသော ဆင်းသက်လာသော စကားလုံးများစွာရှိသည်။ အချို့က ရှေးရိုးဆန်သည် သို့မဟုတ် ယခုအသုံးပြုမှုနည်းသွားနိုင်သည်။ ထိုကဲ့သို့သောစကားလုံးများ၏ဥပမာများမှာ- ဝင်း ၊ စပါးကျီ ၊ ဟင်းလင်းပြင် ၊ သင်္ချိုင်းကုန်း ၊ ဘုရားကျောင်းဝင်း ၊ အုတ်ကျင်း ၊ ထောင်ခြံ ၊ မီးရထား ၊ အမှိုက်ကျင်း ၊ တဲအိမ် ၊ နှင့် တံခါးခြံ။
https://my.wikipedia.org/wiki/%E1%80%81%E1%80%BC%E1%80%B6%28%E1%80%99%E1%80%BC%E1%80%B1%29%E1%81%8A
အက်တမ်၏ အချင်းဝက်
ဓာတုဒြပ်စင် တစ်ခု၏ အက်တမ်အချင်းဝက် သည် ၎င်း၏ အက်တမ် အရွယ်အစားကို တိုင်းတာခြင်းဖြစ်ပြီး များသောအားဖြင့် နျူကလိယ ၏အလယ်ဗဟိုမှ အပြင်ဘက်ဆုံး သီးခြားဖြစ်နေသော အီလက်ထရွန် ဆီသို့ရှိသော ပျမ်းမျှ သို့မဟုတ် သိသာသောအကွာအဝေးဖြစ်သည်။ အပြင်ဖက်နယ်နိမိတ်သည် ကောင်းစွာပုံဖော်မရသော ထင်ရှားစွာရှိနေသောအရာတစ်ခုမဟုတ်သောကြောင့်၊ အက်တမ်အချင်းဝက်၏ မတူညီသော အဓိပ္ပါယ်ဖွင့်ဆိုချက်များ အမျိုးမျိုးရှိသည်။ အက်တမ်အချင်းဝက်၏ ကျယ်ပြန့်စွာအသုံးပြုနေသော အဓိပ္ပါယ်ဖွင့်ဆိုချက် လေးခုမှာ- Van der Waals radius ၊ ionic radius ၊ metallic radius နှင့် covalent radius တို့ဖြစ်သည်။ ပုံမှန်အားဖြင့်၊ ၎င်းတို့၏ အချင်းဝက်ကို သီးခြားတိုင်းတာရန်အတွက် အက်တမ်များကို သီးခြားခွဲထုတ်ရန် ခက်ခဲခြင်းကြောင့်၊ အက်တမ်အချင်းဝက်အား ဓာတုဗေဒအရ ပေါင်းစပ်ထားသော အခြေအနေတွင် တိုင်းတာသည်။ သို့ရာတွင် သီအိုရီဆိုင်ရာ တွက်ချက်မှုများသည် သီးခြားအက်တမ်များကို ထည့်သွင်းစဉ်းစားသောအခါ ပိုမိုရိုးရှင်းပါသည်။ ပတ်ဝန်းကျင်၊ စူးစမ်းလေ့လာမှုနှင့် အခြေအနေတို့အပေါ် မှီခိုမှုများသည် အဓိပ္ပါယ်များစွာကို ဖြစ်ပေါ်စေသည်။ အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါ်မူတည်၍ ဝေါဟာရသည် condensed matter တွင်ရှိသော အက်တမ်များ၊ မော်လီကျူး များတွင် covalenty bonding ၊ သို့မဟုတ် ionized နဲ့excited states များတွင် သက်ရောက်နိုင်သည်။ ၎င်းတန်ဖိုးကို စမ်းသပ်တိုင်းတာမှုများမှတစ်ဆင့် သို့မဟုတ် သီအိုရီဆိုင်ရာ မော်ဒယ်များမှ တွက်ချက်နိုင်သည်။ အချင်းဝက်၏တန်ဖိုးသည် အက်တမ်၏အခြေအနေနှင့် contextအပေါ် မူတည်ပါသည်။ အီလက်ထရွန်များသည် တိကျသောပတ်လမ်းများ သို့မဟုတ် ပြတ်သားစွာသတ်မှတ်ထားသော အပိုင်းအခြားများမရှိပါ။ ယင်းအစား၊ ပြတ်ပြတ်သားသား ဖြတ်တောက်ခြင်းမရှိဘဲ နျူကလိယမှ ရွေ့လျားသွားသောအခါတွင် ၎င်းတို့၏ နေရာများကို ဖြစ်နိုင်ခြေ ဖြန့်ဝေမှုများ အဖြစ် ဖော်ပြရပါမည်။ ၎င်းတို့ကို အက်တမ်ပတ်လမ်းကြောင်းများ သို့မဟုတ် electron cloudsအဖြစ် ရည်ညွှန်းသည်။ ထို့အပြင်၊ condensed matterနှင့် မော်လီကျူးများ၊ အက်တမ်များ၏ electron clouds များသည် များသောအားဖြင့် အတိုင်းအတာတစ်ခုအထိ ထပ်နေလေ့ရှိပြီး အချို့သော အီလက်ထရွန်များသည် အက်တမ်နှစ်ခု သို့မဟုတ် ထို့ထက်ပိုသော ကျယ်ဝန်းသည့် ဧရိယာတစ်ခုအပေါ်တွင် သွားလာနေနိုင်သည်။ အဓိပ္ပါယ်ဖွင့်ဆိုချက်အများစုအောက်တွင် သီးခြားကြားနေအက်တမ်များ၏ အချင်းဝက်သည် 30 မှ 300 pm (တစ်မီတာ၏ ထရီလျံယံ ) အကြား သို့မဟုတ် 0.3 နှင့် 3 ångströms အကြားဖြစ်သည်။ ထို့ကြောင့်၊ အက်တမ်တစ်ခု၏အချင်းဝက်သည် ၎င်း၏နျူကလိယ၏အချင်းဝက် (1-10 fm ) ထက် အဆ10000ဆပိုကြီးပြီး အလင်း ၏ လှိုင်းအလျား ထက် 1/1000ဆ နည်းသည် (400-700 nm )။ ရည်ရွယ်ချက်များစွာအတွက်၊ အက်တမ်များကို စက်လုံးများအဖြစ် ပုံသွင်းနိုင်သည်။ ၎င်းသည် အကြမ်းဖျင်း အနီးစပ်ဆုံးမျှသာဖြစ်သော်လည်း၊ အရည်များနှင့် အစိုင်အခဲများ၏သိပ်သည်းဆ၊ molecular seives မှတစ်ဆင့် အရည်များ ပျံ့နှံ့ခြင်း ၊ပမာဏဆိုင်ရာ ရှင်းလင်းချက်များနှင့် ခန့်မှန်းချက်များကို ပေးစွမ်းနိုင်ပြီး အရည်များနှင့် အစိုင်အခဲများ ၊ ပုံဆောင်ခဲ များတွင် အက်တမ်နှင့် အိုင်းယွန်းများနေရာချထားခြင်း နှင့် အရွယ်အစားနှင့် မော်လီကျူး ပုံသဏ္ဌာန်းများ ကဲ့သို့သောဖြစ်စဉ်များတွင် ပမာဏဆိုင်ရာ ရှင်းလင်းချက်များနှင့် ခန့်မှန်းချက်များကို ပေးစွမ်းနိုင်သည် ကိုးကား အက်တမ်များ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%80%E1%80%BA%E1%80%90%E1%80%99%E1%80%BA%E1%81%8F%20%E1%80%A1%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%9D%E1%80%80%E1%80%BA
Pop
ပေါ့ပ်ဂီတသည် အမေရိကနှင့် ယူကေတွင် ၁၉၅၀ နှစ်လယ်ပိုင်းများအတွင်း ၎င်း၏ခေတ်မီပုံစံမှအစပြုသည့် လူကြိုက်များသောဂီတအမျိုးအစားတစ်ခုဖြစ်သည်။ 1950 နှင့် 1960 ခုနှစ်များအတွင်း၊ ပေါ့ပ်ဂီတသည် Rock and Roll နှင့် လူငယ်ဆန်သောပုံစံများကို လွှမ်းမိုးထားသည်။ ရော့ခ်နှင့် ပေါ့ပ်ဂီတသည် ၁၉၆၀ ပြည့်လွန်နှစ်များနှောင်းပိုင်းအထိ အကြမ်းဖျင်း တစ်ထပ်တည်းကျန်ရှိနေခဲ့ပြီး၊ ထို့နောက်တွင် ပေါ့ပ်သည် ပိုမိုစီးပွားဖြစ်၊ ပေါ်ပင်ဖြစ်ပြီး အသုံးပြုရနိုင်သော ဂီတနှင့် ဆက်စပ်လာသည်။ ပေါ့ပ်ဂီတ၏ အကြောင်းရင်းများကို ခွဲခြားသတ်မှတ်ရာတွင် အများအားဖြင့် ထပ်ခါတလဲလဲ သံပြိုင်များနှင့် အချိတ်များ၊ အခြေခံဖော်မတ်ဖြင့် ရေးသားထားသော သီချင်းတို (အတိုမှ အလတ်အရှည်) သီချင်းများနှင့် အလွယ်တကူ ကပြနိုင်သည့် စည်းချက် သို့မဟုတ် တေးသွားများ ပါဝင်ပါသည်။ ပေါ့ပ်ဂီတများစွာသည် ရော့ခ်၊ မြို့ပြ၊ အက၊ လက်တင်နှင့် နိုင်ငံတို့ကဲ့သို့သော အခြားစတိုင်များမှ အစိတ်အပိုင်းများကို ငှားရမ်းပါသည်။ လူကြိုက်များသော တေးဂီတ နှင့် ပေါ့ပ်ဂီတ ဟူသော ဝေါဟာရများကို ယခင် က ပိုမိုတိကျစွာ ဖော်ပြသော်လည်း လူကြိုက်များပြီး ကွဲပြားသော စတိုင်များစွာ ပါဝင်သည့် ဂီတအားလုံးကို တိကျစွာ ဖော်ပြသော်လည်း၊ မှတ်တမ်းဇယားများတွင် ပေါ်နေသည့် တေးဂီတအများစုကို ပေါ့ပ်ဂီတဟု ယူဆသော်လည်း အမျိုးအစားကို ဇယားဂီတနှင့် ခွဲခြားထားသည်။ အဓိပ္ပါယ်ဖွင့်ဆိုချက် David Hatch နှင့် Stephen Millward တို့က ပေါ့ပ်ဂီတကို "ပေါ်ပြူလာ၊ ဂျက်ဇ်နှင့် ကျေးလက်ဂီတတို့မှ ခွဲခြားနိုင်သော ဂီတအဖွဲ့" အဖြစ် ဖော်ပြကြသည်။ Pete Seeger ၏ အဆိုအရ ပေါ့ပ်ဂီတသည် "ရိုးရာဂီတနှင့် အနုပညာဂီတ နှစ်ခုလုံးကို ဆွဲဆောင်နိုင်သော ပရော်ဖက်ရှင်နယ်ဂီတ" ဖြစ်သည်။ ဂီတသုတေသီ David Boyle က ပေါ့ပ်ဂီတသည် လူတစ်ဦးကို မီဒီယာများမှ ထိတွေ့ဖူးသည့် မည်သည့်ဂီတအမျိုးအစားအဖြစ်မဆို ဖော်ပြခဲ့သည်။ လူအများစုသည် ပေါ့ပ်ဂီတသည် တစ်ခုတည်းသောဇယားများသာဖြစ်ပြီး ဇယားဂီတအားလုံး၏ ပေါင်းစုမဟုတ်ဟု လူအများစုက ယူဆကြသည်။ တေးဂီတဇယားများတွင် ဂန္ထဝင်၊ ဂျက်ဇ်၊ ရော့ခ်နှင့် ဆန်းသစ်သောသီချင်းများ အပါအဝင် ရင်းမြစ်အမျိုးမျိုးမှ သီချင်းများ ပါရှိသည်။ ဂီတအမျိုးအစားတစ်ခုအနေနှင့်၊ ပေါ့ပ်ဂီတသည် သီးခြားစီတည်ရှိနေပြီး ဖွံ့ဖြိုးတိုးတက်လာသည်ကို မြင်တွေ့ရသည်။ ထို့ကြောင့်၊ "ပေါ့ပ်ဂီတ" ဟူသောအသုံးအနှုန်းကို အားလုံးအကြိုက်တွေ့စေရန် ဒီဇိုင်းထုတ်ထားပြီး ရော့ခ်ဂီတကို "လူကြီးများအတွက် အယ်လ်ဘမ်အခြေခံဂီတ" အဖြစ် ဆန့်ကျင်ဘက်ဖြစ်သော "ဆယ်ကျော်သက်များအတွက် ရည်ရွယ်သော တစ်ကိုယ်ရေအခြေခံဂီတ" အဖြစ် သတ်မှတ်လေ့ရှိသော သီးခြားအမျိုးအစားတစ်ခုကို ဖော်ပြရန်အတွက် အသုံးပြုနိုင်သည်။ . Pop ဂီတသည် ဝေါဟာရ၏ အဓိပ္ပါယ်နှင့်အတူ စဉ်ဆက်မပြတ် ပြောင်းလဲနေသည်။ ဂီတစာရေးဆရာ Bill Lamb ၏အဆိုအရ လူကြိုက်များသောဂီတကို "မြို့ပြလူလတ်တန်းစားများ၏ အရသာနှင့် စိတ်ဝင်စားမှုအရှိဆုံးဖြစ်သော 1800 ခုနှစ်များအတွင်း စက်မှုထွန်းကားလာကတည်းက ဂီတ" ဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။ "ပေါ့ပ်သီချင်း" ဟူသော ဝေါဟာရကို 1926 ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး "လူကြိုက်များသော ဆွဲဆောင်မှုရှိသော သီချင်းတစ်ပုဒ်" ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ Hatch နှင့် Millward သည် 1920 ခုနှစ်များအတွင်း အသံသွင်းခြင်း၏သမိုင်းတွင် ဖြစ်ရပ်များစွာကို နိုင်ငံ၊  blues နှင့် hillbilly music အပါအဝင် ခေတ်ပေါ်ပေါ့ပ်ဂီတလုပ်ငန်း၏ မွေးဖွားမှုအဖြစ် ရှုမြင်နိုင်သည်ဟု ညွှန်ပြပါသည်။ The New Grove Dictionary of Music and Musicians ၏ ဝဘ်ဆိုက်အရ၊ "ပေါ့ပ်ဂီတ" ဟူသော ဝေါဟာရသည် 1950 ခုနှစ်များအလယ်ပိုင်းတွင် ဗြိတိန်မှအစပြုခဲ့ပြီး Rock and Roll နှင့် ၎င်းအပေါ်လွှမ်းမိုးခဲ့သော လူငယ်ဂီတပုံစံများအကြောင်း ဖော်ပြချက်အဖြစ် "ပေါ့ပ်ဂီတ" ဟူသည်မှာ၊ အထောက်အထားမဲ့။ ဂီတ၏အောက်စဖို့ဒ်အဘိဓာန်က ဖော်ပြသည်မှာ ပေါ့ပ်၏ "အစောပိုင်းအဓိပ္ပာယ်ဖွင့်ဆိုချက်သည် ကျယ်ပြန့်သောပရိသတ် [...] ကို 1950 ခုနှစ်များနှောင်းပိုင်းမှစတင်၍ ဖျော်ဖြေပွဲများကို နှစ်သက်စေသော်လည်း၊ ပေါ့ပ်သည် ပုံမှန်အားဖြင့် ဂန္ထဝင်မဟုတ်သောဂီတ[ic] ၏ အထူးအဓိပ္ပာယ်ရှိပါသည်၊၊ The Beatles၊ Rolling Stones၊ ABBA စသည်ဖြင့် အနုပညာရှင်များက သီဆိုထားသည့် သီချင်းများ။" Grove Music Online မှလည်း "[...] 1960 ခုနှစ်များအစောပိုင်းတွင်၊ [အသုံးအနှုန်း] 'ပေါ့ပ်ဂီတ' သည် Bat music [အင်္ဂလန်] နှင့် ဝေါဟာရအသုံးအနှုန်းဖြင့် ယှဉ်ပြိုင်ခဲ့ပြီး US တွင် ၎င်း၏လွှမ်းခြုံမှု (ယခုကဲ့သို့) ထပ်နေပါသည်၊ 'Rock and Roll' ၏"။ 1967 ခုနှစ်ခန့်မှစတင်၍ "pop music" ဟူသောအသုံးအနှုန်းသည် ဝေါဟာရနှစ်ခုလုံးအတွက် ယေဘူယျအဓိပ္ပာယ်ပေးသော ကဏ္ဍတစ်ခုဖြစ်သည့် ရော့ခ်ဂီတဟူသောအသုံးအနှုန်းကို ဆန့်ကျင်ရာတွင် ပိုမိုအသုံးပြုလာခဲ့သည်။ ရော့ခ်သည် စစ်မှန်မှုနှင့် လူကြိုက်များသော တေးဂီတဖြစ်နိုင်ခြေကို ချဲ့ထွင်ရန် လိုလားနေသော်လည်း ပေါ့ပ်သည် ပိုမိုစီးပွားဖြစ်၊ ပေါ်ပင်ဖြစ်ပြီး အသုံးပြုနိုင်မည်ဖြစ်သည်။ ဗြိတိန်ဂီတပညာရှင် Simon Frith ၏အဆိုအရ ပေါ့ပ်ဂီတသည် "လုပ်ငန်းမဟုတ်ဘဲ အနုပညာကိစ္စတစ်ရပ်အနေဖြင့်" ထုတ်လုပ်ထားပြီး "လူတိုင်းအတွက် ဆွဲဆောင်ရန်" ဒီဇိုင်းထုတ်ထားသော်လည်း "မည်သည့်နေရာမှ လာမည်မဟုတ်ပါ၊ မည်သည့်အရသာကိုမှ အမှတ်အသားပြုခြင်းမရှိပါ"။ Frith က ၎င်းသည် "အမြတ်အစွန်းနှင့် စီးပွားဖြစ်ဆုလာဘ်မှလွဲ၍ မည်သည့်ထူးခြားသောရည်မှန်းချက်မှ တွန်းအားမပေးခဲ့ဘဲ၊ ဂီတအသုံးအနှုန်းအရ ၎င်းသည် ရှေးရိုးဆန်သည်" ဟု ထပ်လောင်းပြောကြားခဲ့သည်။ ၎င်းသည် "အထက်မှ ပံ့ပိုးပေးသော (အသံသွင်းကုမ္ပဏီများ၊ ရေဒီယို ပရိုဂရမ်မာများနှင့် ဖျော်ဖြေတင်ဆက်သူများ) မှ ပံ့ပိုးပေးသည်... Pop သည် ကိုယ်တိုင်ပြုလုပ်သည့် ဂီတမဟုတ်သော်လည်း ပရော်ဖက်ရှင်နယ် ထုတ်လုပ်ပြီး ထုပ်ပိုးထားသည် Frith ၏အဆိုအရ ပေါ့ပ်ဂီတ၏ဝိသေသလက္ခဏာများသည် ယဉ်ကျေးမှုခွဲတစ်ခု သို့မဟုတ် အယူဝါဒတစ်ခုထက် ယေဘုယျပရိသတ်ကို ဆွဲဆောင်ရန် ရည်ရွယ်ချက်နှင့် တရားဝင် "အနုပညာ" အရည်အသွေးများထက် လက်မှုပညာကို အလေးပေးခြင်းဖြစ်သည်။ ထို့အပြင် Frith သည် ပေါ့ပ်ဂီတ၏ ခွဲခြားသိမြင်နိုင်သော ဝိသေသလက္ခဏာ သုံးခုဖြစ်သည့် ပေါ့ပါးသောဖျော်ဖြေမှု၊ စီးပွားဖြစ်လိုအပ်ချက်များနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ခွဲခြားသတ်မှတ်ခြင်းတို့ကိုလည်း ပေးဆောင်ပါသည်။ ပေါ့ပ်ဂီတသည် ပေါ့ပါးသောဖျော်ဖြေမှုနှင့် နားထောင်ရလွယ်ကူသော အစဉ်အလာမှ ပေါက်ဖွားလာခဲ့သည်။ ပေါ့ပ်ဂီတသည် ရိုးရာ၊ ဘလူးစ်၊ ကန်းထရီးနှင့် ရိုးရာကဲ့သို့သော အခြားဂီတအမျိုးအစားများထက် ရှေးရိုးဆန်သည်။ ပေါ့ပ်သီချင်းများစွာတွင် တော်လှန်ရေး၊ အတိုက်အခံ သို့မဟုတ် နိုင်ငံရေးအကြောင်းအရာများ မပါဝင်ဘဲ၊ အချစ်နှင့် ဆက်ဆံရေးကို ပိုမိုအာရုံစိုက်သည်။ ထို့ကြောင့် ပေါ့ပ်ဂီတသည် ၎င်း၏ ပရိသတ်များကို လူမှုရေးအရ စိန်ခေါ်ခြင်း မဟုတ်ဘဲ နိုင်ငံရေး တက်ကြွမှုကို မဖြစ်ပေါ်စေပါ။ ပေါ့ပ်ဂီတ၏ အဓိကရည်ရွယ်ချက်မှာ ဝင်ငွေဖန်တီးရန်ဖြစ်ကြောင်း Frith က ပြောကြားခဲ့သည်။ ဒါဟာ လူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုရဲ့ ကြားခံတစ်ခု မဟုတ်ပါဘူး။ ယင်းအစား၊ ပေါ့ပ်ဂီတသည် ကိုယ်ပိုင်ဆန္ဒ၏သဘောသဘာဝကို ဖြည့်ဆည်းပေးပြီး နားထောင်သူများအတွက် နှစ်သက်စေမည့် cliche personalities၊ stereotypes နှင့် melodrama တို့ဖြင့် ချက်ချင်းစာနာမှုရရှိရန် ကြိုးပမ်းသည်။ အများစုမှာ ပေါ့ပ်ဂီတသည် ဓာတ်ပြားကုမ္ပဏီများအတွက် ဝင်ငွေမည်မျှရှိသည်ကို အကြောင်းပြုပါသည်။ ဂီတပညာရှင် Timothy Warner က ပေါ့ပ်ဂီတသည် ပုံမှန်အားဖြင့် တိုက်ရိုက်တင်ဆက်မှုထက် အသံသွင်းခြင်း၊ ထုတ်လုပ်ခြင်းနှင့် နည်းပညာအပေါ် အလေးပေးကြောင်း ပြောကြားခဲ့သည်။ တိုးတက်သော တိုးတက်မှုများထက် ရှိပြီးသား လမ်းကြောင်းများကို ထင်ဟပ်ရန် သဘောထား၊ ကခုန်အားပေးရန် သို့မဟုတ် ကခုန်ခြင်းဆန်သော စည်းချက်များကို အသုံးပြုသည်။ ပေါ့ပ်ဂီတ၏ အဓိက ကြားခံသည် ယေဘုယျအားဖြင့် နှစ်မိနစ်ခွဲမှ သုံးမိနစ်ခွဲကြား အရှည်ရှိသော သီချင်းဖြစ်ပြီး ယေဘုယျအားဖြင့် တသမတ်တည်းနှင့် သိသာထင်ရှားသော စည်းချက်ဆိုင်ရာ ဒြပ်စင်၊ ပင်မရေစီးကြောင်းစတိုင်နှင့် ရိုးရှင်းသော ရိုးရာဖွဲ့စည်းပုံဖြင့် အမှတ်အသားပြုထားသည့် သီချင်းဖြစ်သည်။ လူကြိုက်များသောသီချင်းများစွာ၏ဖွဲ့စည်းပုံမှာ ပိုဒ်တစ်ပိုဒ်နှင့် သံပြိုင်ဖြစ်ပြီး၊ ရိုးရှင်းသောနားတွင်ကပ်စေရန် ဒီဇိုင်းထုတ်ထားသည့် သီချင်း၏အပိုင်းအဖြစ် သံပြိုင်ဆိုသည်အိမ်အပြင်မှာ သီချင်းနားထောင်ပါ။ 1980 ခုနှစ်များအစောပိုင်းတွင် ပေါ့ပ်တေးဂီတ၏ အရောင်းမြှင့်တင်မှုသည် "အမြင်အာရုံဆွဲဆောင်မှုအားကောင်းသော Michael Jackson နှင့် Madonna ကဲ့သို့သော အနုပညာရှင်များကို နှစ်ခြိုက်စေသည့် MTV ကဲ့သို့သော တေးဂီတရုပ်သံလိုင်းများ ထွန်းကားလာခြင်းကြောင့် များစွာအကျိုးသက်ရောက်ခဲ့သည်။ တေးသွားများစွာကို အသံသွင်းခြင်း (၁၉၆၀ ခုနှစ်များ) နှင့် ဒစ်ဂျစ်တယ်နမူနာများ (၁၉၈၀ ခုနှစ်များအတွင်း) ပေါ့ပ်ဂီတကို ဖန်တီးခြင်းနှင့် အသေးစိတ်ပိုင်းခြားခြင်းအတွက် နည်းလမ်းများအဖြစ်လည်း အသုံးပြုခဲ့သည်။ 1960 ခုနှစ်များအလယ်ပိုင်းတွင် ပေါ့ပ်ဂီတသည် ၎င်း၏နားဆင်သူများအကြား လူထုဟောပြောချက်ကို လှုံ့ဆော်ပေးသည့် အသံများ၊ စတိုင်များနှင့် နည်းစနစ်အသစ်များဆီသို့ ထပ်ခါတလဲလဲ တီးခတ်မှုများ ပြုလုပ်ခဲ့သည်။ "progressive" ဟူသော စကားလုံးကို မကြာခဏအသုံးပြုခဲ့ပြီး သီချင်းတိုင်းနှင့် သီချင်းတိုင်းသည် နောက်ဆုံးမှ "တိုးတက်မှု" ဖြစ်မည်ဟု ယူဆခဲ့ကြသည်။ တေးဂီတဝေဖန်ရေးဆရာ Simon Reynolds ရေးသားသည်။1967 မှအစပြု၍ "တိုးတက်သော" ပေါ့ပ်နှင့် "အစုလိုက်အပြုံလိုက်/ဇယား" ပေါ့ပ်တို့ကြားတွင် ပိုင်းခြားမှုရှိမည်ဖြစ်ပြီး၊ ယေဘုယျအားဖြင့် ယောက်ျားလေးနှင့်မိန်းကလေး၊ လူလတ်တန်းစားနှင့် အလုပ်သမားလူတန်းစားအကြား ခြားနားမှုလည်း တည်ရှိမည်ဖြစ်သည်။ 20 ရာစု၏နှောင်းပိုင်းတစ်ဝက်တွင် အနုပညာနှင့် ပေါ့ပ်ဂီတကြား နယ်နိမိတ်များ ပိုမိုမှုန်ဝါးလာကာ အမေရိကန်ယဉ်ကျေးမှုတွင် ကြီးမားသောလမ်းကြောင်းတစ်ခု ပါဝင်သည်။ 1950 နှင့် 1970 ခုနှစ်များအကြားတွင် ပေါ့ပ်နှင့်အနုပညာဆိုင်ရာ ငြင်းခုံမှုများရှိခဲ့သည်။ ထိုအချိန်မှစ၍ အချို့သော တေးဂီတထုတ်ဝေမှုများသည် ဂီတ၏တရားဝင်မှုကို လက်ခံယုံကြည်ကြပြီး၊ "ပေါ်ပြူလာဝါဒ" ဟုရည်ညွှန်းသည့် ခေတ်ရေစီးကြောင်းကို လက်ခံယုံကြည်လာခဲ့သည်။ ပုံသဏ္ဌာန်ဆင့်ကဲပြောင်းလဲမှု  1960 ခုနှစ်များ ဗြိတိန်ကျူးကျော်မှု သည် Beatles  (ပုံပါ 1964) ကဲ့သို့သော ဗြိတိသျှ လုပ်ရပ်များဖြင့် အမေရိကန် ဇယားများ နစ်မြုပ်သွားသည့် ကာလကို အမှတ်အသားပြုခဲ့သည်။ ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုတစ်လျှောက်တွင် ပေါ့ပ်ဂီတသည် အခြားလူကြိုက်များသော ဂီတအမျိုးအစားများမှ လွှမ်းမိုးမှုကို စုပ်ယူခဲ့သည်။ အစောပိုင်းပေါ့ပ်ဂီတသည် ဂျာမန် Schlager နှင့် French Chanson တို့နှင့် ပေါင်းစပ်ထားသည့် အမေရိကန်ရိုးရာပေါ့ပ်ဂီတကို ဆွဲဆောင်ထားသော်လည်း ဥရောပနိုင်ငံများ၏ ပေါ့ပ်များနှင့် နှိုင်းယှဉ်ပါက မူလက Tin Pan Alley တေးရေး၊ Broadway ပြဇာတ်ရုံနှင့် ရှိုးတီးလုံးများမှ လွှမ်းမိုးမှုများကို အလေးပေးခဲ့သည်။ အမျိုးအစားသည် ဂန္ထဝင်၊ ကျေးလက်၊ ရော့ခ်၊ နိုင်ငံ၊ အီလက်ထရွန်းနစ်တေးဂီတနှင့် အခြားလူကြိုက်များသည့် အမျိုးအစားများမှ ဩဇာလွှမ်းမိုးမှုများ ပိုမိုတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ပိုမိုထင်ရှားလာသည်။ 2016 ခုနှစ်တွင်၊ Scientific Reports လေ့လာမှုတစ်ခုမှ 1955 နှင့် 2010 ခုနှစ်အတွင်း မှတ်တမ်းတင်ထားသော လူကြိုက်များသော တေးဂီတ 464,000 ကျော်ကို စစ်ဆေးသော လေ့လာမှုတစ်ခုအရ 1960 ခုနှစ်များ ပေါ့ပ်ဂီတနှင့် နှိုင်းယှဉ်ပါက ခေတ်ပေါ်ပေါ့ပ်ဂီတသည် သေးငယ်သော pitch တိုးတက်မှုများ၊ ပျမ်းမျှ အသံပမာဏ ပိုမိုများပြားပြီး၊ ကွဲပြားသော တူရိယာနှင့် အသံသွင်းနည်းပညာများကို အသုံးပြုထားသည်ကို တွေ့ရှိခဲ့သည်။ သစ်သားမျိုးစိတ် နည်းပါးသည်။ သိပ္ပံနည်းကျအမေရိကန်အဖွဲ့မှ John Matson က ၎င်းသည် "ယခင်က ပေါ့ပ်ဂီတသည် "ပိုမိုကောင်းမွန်သည်" သို့မဟုတ် ယနေ့ခေတ်ထိပ်တန်းအရာ 40 ထက် ပို၍ကွဲပြားကြောင်း လူကြိုက်များသည့် သရုပ်ပြလေ့လာချက်ကို ထောက်ခံပုံရသည်။ သို့သော်လည်း လေ့လာမှုသည် မျိုးဆက်တစ်ခုစီတွင် ပေါ့ပ်ကို လုံးလုံးလျားလျား ကိုယ်စားပြုခြင်းမဟုတ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
https://my.wikipedia.org/wiki/Pop
ထွန်းအုံ
ဦးထွန်းအုံ သည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လက်ရှိ ပြည်ထောင်စုဝန်ကြီးဖြစ်သည်။ ၂၀၂၃ စက်တင်ဘာလ ၂၅ရက်ကစပြီး ထိုတာဝန်ထမ်းဆောင်သည်။ ယင်းမတိုင်ခင်က သူသည် တပ်မတော်သားဟောင်းတစ်ဦးဖြစ်ခဲ့ပြီး၊အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်ခဲ့သည်။ထို့အပြင် စစ်ကောင်စီလက်ထက် သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန တို့တွင် ဒုတိယဝန်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သေးသည်။ ဝန်ထမ်းဘဝ သူသည် အလုပ်သင်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၁) ဆင်းဖြစ်သည်။ ဝန်ကြီး ဦးအောင်နိုင်ဦး နှင့် အပါတ်စဉ် တူသည်။ တပ်မတော် တွင် ၁၉၈၁ ခုနှစ်ကစပြီး ၂၀၀၇ အထိ စစ်မှုထမ်းခဲ့သည်။ယင်းနောက် ၂၀၀၇ တွင် စစ်ဘက် မှ အရပ်ဘက် ယဉ်ကျေးမှုဝန်ကြီးဌာန သို့ ညွှန်ကြားရေးမှူးအဆင့်ဖြင့် ပြောင်းရွှေ့သည်။သူသည် တက္ကသိုလ်ပါမောက္ခ တစ်ဦးအဖြစ်ပါ တာဝန်ထမ်းခဲ့သည်။ ၂၀၁၅ ဒီဇင်ဘာ ၁၀ရက်နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ဒုတိယပါမောက္ခချုပ်(စီမံ) တာဝန်မှ ယင်းဝန်ကြီးဌာန အနုပညာဦးစီးဌာန သို့ ညွှန်ကြားရေးမှူးချုပ် အဖြစ် အစမ်းခန့်အပ်ခံရပြီး သမ္မတဦးထင်ကျော် လက်ထက် ၂၀၁၆ ဒီဇင်ဘာ ၁၃ ရက်တွင် ၎င်းအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန ၏ ညွှန်ကြားရေးမှူးချုပ် အဖြစ် အတည်ပြုခန့်အပ်သည်။ ၂၀၁၇ ဇူလိုင် ၂၈ ရက်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၏ အမြဲတမ်းအတွင်းဝန်ဖြစ်လာသည်။ ထိုတာဝန်ကို စစ်တပ်က အာဏာသိမ်းပြီးသည့် နောက်ပိုင်းကာလအထိ တာဝန်ထမ်းခဲ့သည်။ ဝန်ကြီးဘဝ သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၁ ဧပြီလ ၂၃ ရက် တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် ခန့်အပ် တာဝန်ပေးသည်။ ၂၀၂၂ မေလ ၂ရက်နေ့တွင် ထိုဝန်ကြီးဌာနမှ နေ၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်သည်။ ၂၀၂၃ စက်တင်ဘာ ၂၅ရက်တွင် ဦးထွန်းအုံသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သည်။ ကိုးကား ၁၉၆၁ မွေးဖွားသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာနိုင်ငံ ဝန်ကြီးများ မြန်မာ စစ်ဖက်ဆိုင်ရာ လူပုဂ္ဂိုလ်များ
https://my.wikipedia.org/wiki/%E1%80%91%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%A1%E1%80%AF%E1%80%B6
နှာမောင်းမီးရထား
နှာမောင်းမီးရထား () သည် ဘရာဇီး အန်နီမေရှင်းရုပ်မြင်သံကြားစီးရီးဖြစ်သည်။ ၎င်းကို ၇ ဧပြီလ ၂၀၁၁ ခုနှစ်တွင် တီဗွီ ကူလတူရာနှင့် တီဗွီ ဘရာဇီး ရုပ်သံလိုင်း တွင် ထုတ်လွှင့် ပြသခဲ့သည်။ ဇာတ်ကောင်များ အဓိကဇာတ်ကောင်များ ဂါဂျာ (၊ ) အဝါရောင်အိန္ဒိယဆင်တစ်ကောင်။ အက်ဒွာဒာ တမန်ဒူးအာ ဘန်ဒီရာ အီး ဆီးလ်ဗား "ဒူဒါ" (၊ ) သက်သတ်လွတ်အနီရောင်ပုရွက်ဆိတ်စားကောင်တစ်ကောင်။ ခြဘုရင်မ (၊ ) အစိမ်းရောင်ခြတစ်ကောင်။ ကက်ပတိန် (၊ ) မျက်စိအကာပါသော အစိမ်းရောင်ခြတစ်ကောင်။ ဂျူနီယာ (၊ ) အစိမ်းရောင်ခြတစ်ကောင်။ သူသည် ခြဘုရင်မ၏အသိဉာဏ်ရှိသောသားဖြစ်သည်။ ဆရာကြီးလင်းတ (၊ ) ခရမ်းရောင်လင်းတတစ်ကောင်။ အခြားဇာတ်ကောင်များ ဂျာကာရီနာ (၊ ) စိမ်းပြာရောင်မိကျောင်းတစ်ကောင်။ အပိုင်းများ ရာသီ ၁ O Estrangeiro O Grande Rudinei O Mistério de Meia-Treta A Ilha de Búfalos Na Boca do Sapo Um Dia de Inseto Rédeas da Paixão El Duderino Chinchila e Alpaca Vizinhos das Estrelas Estação Fim do Mundo Incidente em Varginha Machu Picchu ရာသီ ၂ Bela e Banguela Jornada Indigesta Bicho Monarca Baratocracia Fenômeno Astral Prima Minha Ouvindo Vozes Selvagem Hic, Hic, Hurra! Desengordamento Mamute Monocelha Inimizade Colorida Festa no Cé ရာသီ ၃ Rima Bolada Panda Amarelo Mistério do Mingau Wasabi Taturana Show Silêncio, Por Favor Sem Título Deserto Esquecido Vamp Duda Acne Júnior Máquinas Voadoras Pelotão Lobinho Pon-te Que-bra-da Amor Predador Carruagem Mística Morango e Chocolate Rejuvelhescer Moeda Banana Besouro Hércules Criando Planta Simbora Praia! Fundo Profundo Ilhas Galápagos Natal Encalhado Guerreiros de Dudadriel Manual de Roteiro ရုပ်ရှင် ၎င်း၏ နောက်ဆက်တွဲ ဇာတ်ကားဖြစ်သည့် နှာမောင်းမီးရထား - ရုပ်ရှင် ကို ၂၀၂၂ ခုနှစ်တွင် ထပ်မံရိုက်ကူးဖြန့်ချိခဲ့သည်။ ကိုးကား ပြင်ပလင့်ခ် ဘလော့ဂ် Cake Entertainment ပေါ်ရှိ နှာမောင်းမီးရထား ဘရာဇီး ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ ပေါ်တူဂီဘာသာ တီဗွီဇာတ်လမ်းတွဲ အစီစဉ် ကာတွန်းရုပ်သံဇာတ်လမ်းတွဲများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%BE%E1%80%AC%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%AE%E1%80%B8%E1%80%9B%E1%80%91%E1%80%AC%E1%80%B8